← Chapters

မင်း... စကားတွေ ဆက်မပြောနဲ့

Vol. 65 Ch. 968

မင်း... စကားတွေ ဆက်မပြောနဲ့

Vol. 65 Ch. 968

ယွမ်ရှန်ရှန်၏ စကားကို ကြားသောအခါ လုချန်း အနည်းငယ် ပြုံးလိုက်သည်။ ထို့နောက် သူ၏ လက်ကို မြှောက်ကာ ယွမ်ရှန်ရှန်၏ လက်ကို ဆုပ်ကိုင်လိုက်ပြီး သူမ၏ ခရမ်းရောင် မျက်လုံးများထဲသို့ စိုက်ကြည့်ကာ

“လေးစားရပါသော ဆရာမ။ စိတ်ချပါ။ ဘယ်သူမှ ဆရာမကို ကျွန်တော့်ဘေးကနေ ခေါ်သွားနိုင်မှာ မဟုတ်ဘူး။”

လုချန်း၏ မျက်နှာပေါ်မှ လေးနက်သော အမူအရာကို မြင်သောအခါ ယွမ်ရှန်ရှန်၏ စိတ်နှလုံးသားထဲ တုန်ခါမှုတစ်ခု ဖြစ်ပေါ်သွားသည်။ ထို့နောက် သူမ၏ ခန္ဓာကိုယ်သည်လည်း အချို့သော ခံစားမှုများကို စတင်ခံစားလာရသည်။ ယွမ်ရှန်ရှန်၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေကို ခံစားမိသောအခါ သူ၏ စကားများက သူမ၏ နှလုံးသားထဲသို့ နက်ရှိုင်းစွာ ရောက်ရှိသွားပြီဖြစ်ကြောင်း လုချန်း သိလိုက်သည်။

ယွမ်ရှန်ရှန်၏ အသားအရေသည် ပန်းနုရောင်သန်းနေပြီး အေးစက်မှုကြားမှ ရှက်ရွံ့မှု အရိပ်အယောင်ဖြင့်

“မင်းရဲ့ လက်ရှိအစွမ်းနဲ့ဆိုရင် လျှို့ဝှက်လဝန်းနန်းတော်နဲ့ ယှဉ်ပြိုင်ဖို့ စွမ်းရည်မရှိသေးဘူးလို့ ငါစိုးရိမ်တယ်။”

လုချန်းက ပြုံး၍

“အချိန်တန်လို့ ကျွန်တော် သူတို့ကို တကယ် မယှဉ်နိုင်ဘူးဆိုရင် ကျွန်တော်က ဆရာမနဲ့ ဇနီးမယားတွေကို နတ်လှေနဲ့ ခေါ်သွားပြီး ဒီကမ္ဘာကနေ အတူတူ ထွက်သွားမယ်။”

“ကျွန်တော်တို့ ပိုပြီး ဝေးလံခေါင်ဖျားတဲ့ ကမ္ဘာတစ်ခုကို သွားကြမယ်။ အဲ့ဒီမှာတောင် သူတို့က ကျွန်တော်တို့ကို ရှာတွေ့နိုင်ဦးမယ်ဆိုတာကို ကျွန်တော် မယုံကြည်ဘူး။”

လုချန်း၏ စကားကို ကြားပြီးနောက် ယွမ်ရှန်ရှန် ခဏခန့် စဉ်းစားလိုက်သည်။ သူတစ်ကယ် ပြောနေသည်ဟု သူမ ခံစားလိုက်ရသည်။ အကယ်၍ သူတို့ ဤနေရာအထိ အမှန်တကယ် ခြေရာခံရပါက လုချန်း၏ နတ်လှေဖြင့် သူတို့ ဤကမ္ဘာမှ လွတ်မြောက်နိုင်သေးသည်။

ထို့ပြင်…

မည်သို့ပင်ဆိုစေ လုချန်းသည် မဟာဧကရာဇ်တစ်ပါး၏ သားတော် ဖြစ်သည်။ ထို့ကြောင့် လျှို့ဝက်လဝန်းနန်းတော်၏ တပည့်များ ဤနေရာသို့ ရောက်လာလျှင်ပင် လုချန်း ရှိနေသဖြင့် မဆင်မခြင် ပြုမူဝံ့မည် မဟုတ်ပေ။

လုယန်ဟွာက လူတစ်ယောက်ကို စေလွှတ်လိုက်မှသာ အခြေအနေက ပြောင်းလဲနိုင်သည်။

ထိုအခိုက်အတန့်တွင် လုချန်းက ယွမ်ရှန်ရှန်၏ မျက်လုံးများထဲသို့ စိုက်ကြည့်ကာ

“ရှန်။ အနာဂတ်မှာ ဘာပဲဖြစ်ဖြစ် မင်းကိုယ့်ကို ဘယ်တော့မှ ထားသွားမှာ မဟုတ်ဘူး မဟုတ်လား။”

လုချန်း၏ မျက်လုံးများထဲမှ နူးညံ့မှုကို မြင်သောအခါ ယွမ်ရှန်ရှန်၏ နှလုံးသားထဲမှ ရေခဲတောင်သည် လုံးဝ အရည်ပျော်သွားသည်။ သူမ တစ်စုံတစ်ခုကို သိလိုက်သည်။ သူမ၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ် နှစ်မျိုးစလုံးသည် ဤပုန်ကန်တတ်သော တပည့်၏ လုံးလုံးလျားလျား သိမ်းပိုက်ခြင်းကို ခံလိုက်ရပြီ ဖြစ်သည်။

သို့သော်လည်း ယွမ်ရှန်ရှန်က အေးစက်စွာပင် တုံ့ပြန်သည်။

“အဲ့ဒါက အနာဂတ်မှာ မင်းရဲ့ ပြုမူပုံပေါ်မှာ မူတည်တယ်။ မင်းက ငါ့ကို ကျင့်ကြံဖော်မယားတစ်ယောက်လို ဆက်ဆံရင် ငါက မင်းဆီကနေ ထွက်ပြေးဖို့ နည်းလမ်းတစ်ခု ရှာနေဦးမှာပဲ။”

ယွမ်ရှန်ရှန်၏ အဖြေကို ကြားသောအခါ လုချန်း ခပ်ရေးရေး ပြုံးလိုက်သည်။ သူမ ထိုသို့ ပြောသော်လည်း ယွမ်ရှန်ရှန်သည် လွန်ခဲ့သော ရက်အနည်းငယ်က သူ့ကို ကျင့်ကြံရန် တိုက်တွန်းနေခဲ့သည်။

တစ်ခါတစ်ရံ သူ နဂါးဖီးနစ်ယင်ယန်ကျင့်စဉ်ကို အသုံးမပြုလိုသည့်အခါများတွင်ပင် ယွမ်ရှန်ရှန်က ကျင့်စဉ်ကို တက်ကြွစွာ လည်ပတ်စေခဲ့သည်။ ထိုသို့ဖြင့် သူ၏ အစွမ်းသတ္တိကို တိုးတက်စေခဲ့သည်။

ကျင့်ကြံဖော်မယားအဖြစ် အဆက်ဆံ မခံလိုဟု သူမ၏ ပါးစပ်က အမြဲပြောနေသော်လည်း ဒါက သူမ ခေါင်းမာနေခြင်းသာ ဖြစ်သည်။ တကယ်တော့ သူမ၏ တန်ဖိုးကို လုချန်းအား ပြသလိုသည်။ ထို့ကြောင့် လုချန်းက သူမနှင့် စုံတွဲကျင့်စဉ် ကျင့်ရန် မလိုလားလျှင်ပင် သူမကိုယ်တိုင် စတင်ပေလိမ့်မည်။

ဟုတ်ပါသည်။ စုံတွဲကျင့်စဉ်နှင့် တစ်စုံတစ်ယောက်ကို ကျင့်ကြံဖော်မယားအဖြစ် အသုံးပြုခြင်းကြားတွင် ကွာခြားချက်ရှိသည်။ ဒုတိယတစ်ခုသည် တစ်ဖက်တည်းကိုသာ အကျိုးပြုပြီး စုံတွဲကျင့်စဉ်မှာမူ နှစ်ဖက်စလုံး၏ အစွမ်းသတ္တိကို မြှင့်တင်ပေးနိုင်သည်။

ဤအချိန်တွင် ယွမ်ရှန်ရှန်က လုချန်း၏ မျက်လုံးများထဲသို့ ကြည့်ကာ မေးလိုက်သည်။

“မင်းက ဒီကမ္ဘာကို စမ်းသပ်မှုတွေ တွေ့ကြုံခံစားဖို့ လာခဲ့တာလား”

လုချန်းက

“ဟုတ်ပါတယ်။မှန်တယ်”

ယွမ်ရှန်ရှန်က စပ်စုစွာဖြင့် ဆက်လက်၍ “မဟာဧကရာဇ်တစ်‌ယောက်ရဲ့ သားတော်တစ်ယောက်ဖြစ်ပြီးတော့ ဘာဖြစ်လို့ ဒီလို အဆင့်နိမ့်တဲ့ ကမ္ဘာတစ်ခုကို စမ်းသပ်မှုအတွက် လာခဲ့ရတာလဲ။”

လုယန်ဟွာနှင့် လုချန်းသည် ညီအစ်ကိုများ ဖြစ်ကြသည်။ လုယန်ဟွာ သူ၏ စမ်းသပ်မှုများအတွက် ရွေးချယ်ခဲ့သော ကမ္ဘာများအားလုံးသည် အဆင့်မြင့် ကျင့်စဉ်ကမ္ဘာများ ဖြစ်ကြသည်။ သို့သော် လုချန်းမှာမူ စိတ်ဝိညာဉ်စွမ်းအင် ရှားပါးသော ဤကမ္ဘာသို့ စေလွှတ်ခြင်း ခံခဲ့ရသည်။

စိတ်ဝိညာဉ်စွမ်းအင်မရှိသော ကမ္ဘာတစ်ခုတွင် ကျင့်ကြံခြင်းက စမ်းသပ်မှုအတွက် ဘယ်လိုရလဒ် ရရှိနိုင်မည်နည်း။

ဒါကို စမ်းသပ်မှုဟုပင် ခေါ်ဆို၍ မရတော့ပေ။ ၎င်းမှာ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် ပိုတူသည်။ စိတ်ဝိညာဉ်စွမ်းအားကို လွယ်ကူစွာ အသုံးပြုနိုင်သူတစ်ဦးအား ထိုစွမ်းရည်ကို ရုတ်တရက် နှုတ်သိမ်းပြီး ဤအတိုင်း နှစ်ပေါင်းများစွာ နေထိုင်ရန် မျှော်လင့်ခြင်းသည် ညှဉ်းပန်းနှိပ်စက်ခြင်းနှင့်သာ တူညီသည်။

လုချန်းက ယွမ်ရှန်ရှန်၏ လည်တိုင်ကို ညင်သာစွာ ပွတ်သပ်လိုက်ပြီး

“ဒါက ရှန်ယွဲ့မင်းဆက်ရဲ့ လျှို့ဝှက်ချက်တချို့နဲ့ ပတ်သက်နေတယ်။”

ယွမ်ရှန်ရှန်က ချက်ချင်းပင်

“ဒါဆို မင်း မပြောတာ ပိုကောင်းတယ်”

လုချန်းက

“ မစပ်စုချင်ဘူးလား”

ယွမ်ရှန်ရှန်က အေးစက်စွာဖြင် “တစ်ခါတလေမှာ ပိုသိလေလေ ပိုပြီး အန္တရာယ်များလေလေပဲ။”

ထိုအချိန်တွင် ယွမ်ရှန်ရှန် တစ်စုံတစ်ခုကို သတိရသွားပြီး ဆက်မေးလိုက်သည်။

“မင်း ဘယ်တော့ ချန်ယွမ်ကမ္ဘာကို ပြန်ဖို့ စီစဉ်ထားလဲ။”

လုချန်းက

“ကျွန်တော် ဧကရာဇ် မဖြစ်မချင်း ပြန်သွားမှာ မဟုတ်ဘူး။”

ထိုသို့ ကြားသောအခါ ယွမ်ရှန်ရှန်၏ နှလုံးသားထဲတွင် တုန်လှုပ်မှုတစ်ခု ခံစားလိုက်ရသည်။

မဟာဧကရာဇ်တစ်ပါး ဖြစ်ပြီးမှ ပြန်သွားမှာလား။

အဘယ်ကြောင့် သူ မဟာဧကရာဇ်တစ်ပါး ဖြစ်သည်အထိ စောင့်ဆိုင်းပြီးမှ ပြန်ရမည်နည်း။

လုချန်းသည် ရှန်ဝူဧကရာဇ်၏ သားဖြစ်ပြီး ဤကမ္ဘာတွင် သူ၏ စမ်းသပ်မှုများကို ပြီးမြောက်ပြီးနောက် ပြန်သွားနိုင်သင့်သည်။ မဟာဧကရာဇ်တစ်ပါး ဖြစ်သည်အထိ စောင့်ဆိုင်းရန် မလိုအပ်ပေ။

ထို့နောက် ဤကမ္ဘာရှိ လုချန်း၏ အဖြစ်အပျက်များကို ယွမ်ရှန်ရှန် သတိရသွားသည်။

ဖြစ်နိုင်သည်မှာ လုချန်းနှင့် ရှန်ဝူဧကရာဇ်တို့ ဆက်ဆံရေးသည် သူနှင့် သူ၏ဖခင် ဆွမ်ဧကရာဇ်နှင့် ဆက်ဆံရေးကဲ့သို့ ဖြစ်နေနိုင်မည်။

လုချန်းက ဧကရာဇ်ဖြစ်လာပြီးမှ ရှန်ဝူဧကရာဇ်၏ လက်ထဲမှ ထိုရာထူးကို တိုက်ရိုက် လုယူရန် ရည်ရွယ်နေခြင်း ဖြစ်နိုင်ခြေများသည်။

ဤကမ္ဘာတွင် သူ လျှောက်လှမ်းခဲ့သော လမ်းကို လုချန်း တစ်ဖန် ပြန်လည် လျှောက်လှမ်းရပေလိမ့်မည်။

သို့သော်လည်း တစ်ဖက်တွင်မူ ရှန်ဝူဧကရာဇ်သည် ဆွမ်ဧကရာဇ် မဟုတ်ချေ။ သူ့ကို လွယ်ကူစွာ ဖြုတ်ချနိုင်မည် မဟုတ်ပေ။ လုချန်းနောက်သို့ လိုက်ခြင်းသည် သူမ ထင်ထားသည်ထက် များစွာ ပို၍ အန္တရာယ်များကြောင်း ထွက်ပေါ်လာခဲ့သည်။

ဟုတ်ပါသည်။ သူမသည် ဤပုန်ကန်တတ်သော တပည့်နောက်သို့ လိုက်ရန် ဆုံးဖြတ်ပြီးသား ဖြစ်သည်။ သူသည် သူမကို ကဏ္ဍတိုင်းတွင် စေ့စေ့စပ်စပ် ဝါးမြိုခဲ့ပြီး ဖြစ်သည်။ ယခု သူက သူမကို မောင်းထုတ်လျှင်ပင် သူမ ထွက်ခွာသွားမည် မဟုတ်ချေ။

ဤအချိန်တွင် လုချန်း အနည်းငယ် ငုံ့လိုက်ပြီး သူ၏ ကိုယ်ပိုင်ကိစ္စကို ဆက်လက်လုပ်ဆောင်နေသည်။ ယွမ်ရှန်ရှန်လည်း သူမ၏ ငွေသွားများကို ကိုက်ခဲထားပြီး အသံမထွက်စေရန် ကြိုးစားနေစဉ်တွင် လုချန်းက

“လေးစားရပါသော ဆရာမ။ ကျွန်တော် အဲ့ဒီ ပန်းနီရထားအကြောင်းကို တော်တော်လေး သိချင်တယ်။ ကျွန်တော့်ကို အဲ့ဒီအကြောင်း ပြောပြနိုင်မလား။”

မုယန်စီနှင့် လျှိုချင်းချိုတို့ နှစ်ဦးစလုံး လျှို့ဝှက်ဆန်းကြယ်သော ပန်းနီရထားကြောင့် ဤလောကသို့ ရောက်ရှိလာခဲ့ကြောင်း သူ သိခဲ့ရသည်။ ယခု ယွမ်ရှန်ရှန်ကလည်း ထို ပန်းနီရထားကြောင့်ပင် ဤကမ္ဘာသို့ ရောက်ရှိလာခဲ့ကြောင်း ထွက်ပေါ်လာသည်။

ထိုပန်းနီရထား ဘယ်အရာလဲဆိုတာကို

လုချန်း အလွန် သိချင်လာသည်။ ၎င်းက အဘယ်ကြောင့် သူတို့ကို ဤကမ္ဘာသို့ ခေါ်ဆောင်လာခဲ့သနည်း။

လုချန်း၏ စကားကို ကြားပြီးနောက် ယွမ်ရှန်ရှန်က သူမ၏ ပါးစပ်ကို ဖွင့်ကာ မောဟိုက်စွာဖြင့်

“ငါ... ငါ ပန်းနီရထားအကြောင်း သိပ်မသိဘူး...”

“အဲ့ဒီတုန်းက အဲ့ဒါကို မှော်ရတနာတစ်ခု ဖြစ်နိုင်တယ်လို့ပဲ ထင်ခဲ့တယ်။ ဒါကြောင့် ငါအဲ့ဒီနောက်ကို လိုက်သွားခဲ့ပြီးတော့ ဒီကမ္ဘာကို တိုက်ရိုက် ပို့ဆောင်ခံလိုက်ရတာပဲ။”

ထိုပန်းနီရထားက စနစ်နှင့် တစ်စုံတစ်ရာ ပတ်သက်မှု ရှိနိုင်လားဟု လုချန်း တွေးတောမိသည်။ မဟုတ်ပါက ပန်းနီရထားသည် မုယန်စီနှင့် လျှိုချင်းချိုတို့၏ ကမ္ဘာများတွင်လည်း အဘယ့်ကြောင့် သီးခြားစီ ပေါ်ပေါက်ခဲ့ရမည်နည်း။ သူတို့သုံးဦးစလုံးသည် မတူညီသော ကမ္ဘာများမှ ဖြစ်ကြသော်လည်း သူတို့အားလုံး ထိုပန်းနီရထားနှင့် တွေ့ဆုံခဲ့ကြသည်။

လုချန်း အတွေးထဲ နစ်မြောနေစဉ်တွင် သူ၏ ခန္ဓာကိုယ်က အနည်းငယ်ထိန်းချုပ်မှု လွတ် လာသည်။ ယွမ်ရှန်ရှန်က လျင်မြန်စွာပင်

“ပုန်ကန်တတ်တဲ့တပည့်၊ မင်း... မင်းက မင်းရဲ့ဆရာမကို သတ်မလို့ ကြိုးစားနေတာလား…”

လုချန်း သတိပြန်ဝင်လာပြီး ယွမ်ရှန်ရှန်ကို ပြုံးပြလိုက်ကာ

“လေးစားရတဲ့ ဆရာမ။ ကျွန်တော်တို့ရဲ့ ကံကြမ္မာက ကောင်းကင်ဘုံက သတ်မှတ်ပေးထားပုံရတယ်။ ဖြစ်နိုင်တာက တန်ခိုးရှင်တစ်ပါးက ဆရာမကို ကျွန်တော့်နား တမင်တကာ ခေါ်လာခဲ့တာ ဖြစ်လိမ့်မယ်။ ဒါမှ ဆရာမက ကျွန်တော့်ရဲ့ အမျိုးသမီး ဖြစ်လာနိုင်မှာပေါ့။”

ယွမ်ရှန်ရှန်က အံကြိတ်ကာ

“မင်း... မရပ်မနား စကားတွေ ဆက်မပြောနဲ့…”

မကောင်းဆိုးဝါးဆန်စွာ ပြုံးရင်း လုချန်းက “ကောင်းပြီလေ။ကျွန်တော် စကားမပြောတော့ဘူး။”

သူစကားဆုံးသည်နှင့် လုချန်းလည်း ယွမ်ရှန်ရှန်၏ နှုတ်ခမ်းများကို တစ်ဖန် နမ်းလိုက်သည်။

အေးစက်သော နတ်သမီးလည်း ခုခံနိုင်စွမ်း မရှိခဲ့ပေ။

ဒါတွေက ကောင်းကင်ပြောင်းလဲခြင်းကျောက်တုံးနှင့် ပတ်သက်နေခြင်း ဟုတ်မဟုတ် သူ မသိရပေ။ သို့သော် အခုတော့ ဒါတွေ အရေးမကြီးတော့ဟု သူခံစားလိုက်ရသည်။ မည်သို့ပင်ဆိုစေ သူ မျိုးပွားခြင်း မပြုသရွေ့ သူ၏ ကံကြမ္မာနှင့် သွေးမျိုးစက်စွမ်းအားများ သူထံမှ နှုတ်ယူခြင်း ခံရမည် မဟုတ်ပေ။

ဤအချိန်တွင် ယွမ်ရှန်ရှန်ကတော့ သူမ ရူးသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူမသည် ယောက်ျားများနှင့် ပေါင်းဖက်ခြင်းကို ဘယ်သောအခါကမှ မမွေ့လျော်ခဲ့ပေ။ ယောက်ျား ကျင့်စဉ်ကျင့်ကြံသူများ မည်မျှပင် ချောမောခန့်ညားသည်ဖြစ်စေ ထူးချွန်သည်ဖြစ်စေ သူမစိတ်မဝင်စားခဲ့ပေ။

သို့သော် ယခု ဤပုန်ကန်တတ်သော တပည့်၏ လက်ထဲသို့ ကျရောက်ပြီးနောက် သူမကိုယ်သူမ ညံ့ဖျင်းစေခဲ့သည်။ သူမသည် ထိုကိစ္စကို ရက်ပေါင်းများစွာကြာအောင် ပြုလုပ်နေခဲ့မိသည်။

ယွမ်ရှန်ရှန် သူမဘာသာသူမ ညင်သာစွာ သက်ပြင်းချလိုက်သည်။

ကောင်းပြီ။ ဆိုးကျိုးများ မရှိသောကြောင့် ဒါကို သူမ၏ ပုံမှန် ကျင့်ကြံမှု အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် မှတ်ယူလိုက်လျှင်လည်း ဖြစ်ပေမည်။

ထိုအတွေးဖြင့် ယွမ်ရှန်ရှန် သူမ၏ အခြားသော အတွေးအားလုံးကို ဘေးဖယ်ထားလိုက်ပြီး လုချန်းနှင့်အတူ ကျင့်ကြံခြင်းတွင် အာရုံစိုက်လိုက်တော့သည်။

……..

မြူခိုးဒေသ။

မီးတိမ်တိုက်နန်းတော် အပြင်ဘက်။

ယခုအခိုက်အတန့်တွင် များပြားလှသော မိုးပျံလှေများ ပေါ်ပေါက်လာပြီး မီးတိမ်တိုက်နန်းတော်ကို လုံးဝ ဝန်းရံထားသည်။

မြူခိုးဒေသ၏ အဓိက အင်အားစုကြီး သုံးခုသည် မီးတိမ်တိုက်နန်းတော်တွင် စုဝေးနေကြသည်။

မီးတိမ်တိုက်နန်းတော် အတွင်းတွင်လည်းလှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။ ထိုအခိုက်အတန့်တွင် မီးတိမ်တိုက်နန်းတော်၏ သခင်ဖြစ်သူ ကဲယွမ်ကျိုး သူ၏ ကျင့်ကြံခန်းမှ ထွက်ပေါ်လာကာ သူ၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာသော စွမ်းအားများဖြင့် ပတ်ဝန်းကျင်ရှိ မြူများအားလုံးကို ကွဲလွင့်သွားစေသည်။

အဓိက အင်အားစုကြီး သုံးခု၏ ခေါင်းဆောင်များ ရောက်ရှိလာသည်ကို မြင်သောအခါ ကဲယွမ်ကျိုး၏ မျက်နှာ မည်းမှောင်သွားသည်။

“ဂိုဏ်းချုပ်ဟန်၊ ဂိုဏ်းချုပ်ကျိ၊ ဂိုဏ်းချုပ်ကျန်း ခင်ဗျားတို့ သုံးယောက် မီးတိမ်တိုက်နန်းတော်ကို ဘာကိစ္စနဲ့ ရောက်လာကြတာလဲလို့ မေးခွင့်ပြုပါ။”

ဟန်ယွမ်ခိုင်က ပြုံးကာ

“အင်အားစုကြီး သုံးခု စုဝေးကြမှတော့ တရားမျှတမှုကို ရှာဖွေဖို့ကလွဲပြီး ဘာဖြစ်နိုင်ဦးမှာလဲ။”

ကဲယွမ်ကျိုး၏ အမူအရာသည် ညှိုးငယ်သွားသည်။ အင်အားစုကြီး သုံးခုသည် မီးတိမ်တိုက်နန်းတော်သို့ တရားမျှတမှုကို ရှာဖွေရန် စုဝေးနေကြတာလား။

ဟာသပဲ။

မီးတိမ်တိုက်နန်းတော်က အင်အားစုကြီး သုံးခုကို ဘယ်တုန်းက ဒုက္ခ ပေးခဲ့ဖူးလို့လဲ။

ခဏလေး...

ထိုအခိုက်အတန့်တွင် ကဲယွမ်ကျိုး တစ်စုံတစ်ခုကို သဘောပေါက်သွားပုံရသည်။ မီးတိမ်တိုက်နန်းတော်သည် အာကာသ အက်ကွဲကြောင်းကို လူတိုင်း အသုံးပြုနိုင်ရန် အင်အးကြီးသုံးစုကို ဖိအားပေးရန် ဦးဆောင်ခဲ့သည်။ သူတို့က ထိုကိစ္စအတွက် အငြိုးအတေးထားပြီး မီးတိမ်တိုက်နန်းတော်ကို လက်စားချေရန် ကြံစည်နေကြခြင်းဖြစ်သည်။

ဒါ အတော်လေး ဖြစ်နိုင်ခြေရှိသည်။

ထိုသို့ ထည့်သွင်းစဉ်းစားပြီးနောက် ကဲယွမ်ကျိုးက

“ကျွန်တော်တို့အားလုံးက မြူခိုးဒေသရဲ့ အဖွဲ့ဝင်တွေပဲ။ အာကာသ အက်ကွဲကြောင်းကို အားလုံး မျှဝေသုံးစွဲသင့်တာက အမှန်တရားပဲ။ ခင်ဗျားတို့က အာကာသ အက်ကွဲကြောင်း ကိစ္စကြောင့် ဒီကို ရောက်လာပြီး မီးတိမ်တိုက်နန်းတော်ကို ချေမှုန်းဖို့ ဆုံးဖြတ်မယ်ဆိုရင်တော့ နောက်ပိုင်းမှာ မြူခိုးဒေသရဲ့ အင်အားစုအားလုံးက ခင်ဗျားတို့ အင်အားစုကြီး သုံးခုကို ပူးပေါင်း တိုက်ခိုက်လာမှာကို မကြောက်ဘူးလား။”

ဟန်ယွမ်ခိုင်က

“ကျွန်တော် ပြောတဲ့ တရားမျှတမှုက အဲ့ဒီအကြောင်း မဟုတ်ပါဘူး။”

ထိုသို့ ကြားသောအခါ ကဲယွမ်ကျိုး အံ့အားသင့်သွားသော်လည်း ဟန်ယွမ်ခိုင်၏ စကားကို သူ မယုံကြည်ပေ။

ဟန်ယွမ်ခိုင်က

“ကျွန်တော်တို့ ရရှိထားတဲ့ သတင်းအချက်အလက်တွေအရ မီးတိမ်တိုက်နန်းတော်က နတ်ဆိုးကျင့်ကြံသူတွေကို လက်ခံထားတယ်။ သူတို့က နတ်ဆိုးကျင့်စဉ်တွေကို ကျင့်ကြံနေပြီး များပြားလှတဲ့ နတ်ဆိုးကျင့်စဉ် နည်းစနစ်တွေကို ပိုင်ဆိုင်ထားတယ်။”

“ဒါ့‌ကြောင့် ကျွန်တော်တို့ အင်အားစုကြီး သုံးခုက မြူခိုးဒေသရဲ့ ရောဂါတစ်ခုဖြစ်တဲ့

မီးတိမ်တိုက်နန်းတော်ကို ချေမှုန်းဖို့ ဒီနေ့ စုဝေးကြတာပဲ။”

ဟန်ယွမ်ခိုင်၏ စကားကို ကြားသောအခါ

ကဲယွမ်ကျိုး လှောင်ရယ်ရယ်လိုက်သည်။

“နတ်ဆိုးကျင့်စဉ် ကျင့်ကြံသူတွေကို လက်ခံထားတယ်ဟုတ်လား။ အဲ့ဒါက တော်တော်လေးကြီးတဲ့ စွပ်စွဲချက်ကြီးပဲ။”

“ ဂိုဏ်းချုပ်ဟန်။ ခင်ဗျားတို့ မီးတိမ်တိုက်နန်းတော်ကို ဖျက်ဆီးချင်ရင် တိုက်ရိုက်သာ ပြောလိုက်ပါ။ ဒီလောက် လူကြီးလူကောင်း ဟန်ဆောင်နေဖို့ မလိုပါဘူး။”

“ဒါပေမဲ့ ခင်ဗျားတို့ အင်အားစုကြီး သုံးခုက အားကောင်းပေမဲ့ မီးတိမ်တိုက်နန်းတော်ကို ချေမှုန်းဖို့က အဲ့ဒီလောက် လွယ်မှာ မဟုတ်ဘူး။”

ထိုသို့ဆိုပြီးနောက် ကဲယွမ်ကျိုးက

“မီးနဂါးမဟာနည်းဗျူဟာပုံစံ ပေါ်ထွက်လော့”

ဟု အော်ဟစ်လိုက်သည်။

နောက်တစ်ခဏတွင် မီးတိမ်တိုက်နန်းတော် တစ်ခုလုံးအား မီးနီရောင် ဒိုင်းကာတစ်ခုဖြင့် ဖုံးလွှမ်းသွားသည်။

ထိုမြင်ကွင်းကို မြင်သောအခါ ဟန်ယွမ်ခိုင်က ကျိဟုန်ဝမ်နှင့် ကျန်းဟုန်ရယ်တို့အား

“ဂိုဏ်းချုပ်ကျိ၊ ဂိုဏ်းချုပ်ကျန်း၊ အခု ကျွန်တော်တို့အလှည့်ပဲ။ ခင်ဗျားတို့နှစ်ယောက်လုံး အစွမ်းကုန် ကြိုးစားပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ မီးတိမ်တိုက်နန်းတော်ရဲ့ မီးနဂါးမဟာနည်းဗျူဟာပုံစံက သာမန် နည်းဗျူဟာပုံစံ မဟုတ်ဘူး။”

ကျန်းဟုန်ရယ်က ထောက်ခံလိုက်သည်။

“ဟုတ်တယ်”

ကျိဟုန်ဝမ်က စကားနှင့် တုံ့ပြန်ခြင်းမရှိပဲ သူ၏ လက်ကို မြှောက်လိုက်ရာ ပတ်ဝန်းကျင်မှ စိတ်ဝိညာဉ်စွမ်းအင်များ သူ၏ ရှေ့တွင် စတင် စုစည်းလာသည်။

ကျိဟုန်ဝမ်က နည်းဗျူဟာပုံစံကို ချိုးဖျက်ရန် ပြင်ဆင်နေပြီဖြစ်သည်ကို မြင်သောအခါ ဟန်ယွမ်ခိုင်နှင့် ကျန်းဟုန်ရယ်တို့လည်း အချိန်မဆွဲတော့ပဲ သူတို့၏ ပြင်ဆင်မှုများကို ချက်ချင်း စတင်လိုက်ကြသည်။

ထိုစဉ် ကြီးမားသော မီးနဂါးတစ်ကောင်သည် မီးတိမ်တိုက်နန်းတော်၏ နည်းဗျူဟာပုံစံမှ ကောင်းကင်သို့ ပျံတက်သွားပြီး သူတို့ သုံးဦးထံသို့ တည့်တည့် ဦးတည်လာသည်။

ထိုအရာကို မြင်သောအခါ ဂိုဏ်းချုပ်သုံးဦး လည်း နှောင့်နှေးမနေတော့ပဲ အတူတကွ လှုပ်ရှားလိုက်ကြသည်။

ကောင်းကင်ခွဲလက်ဝါး...

မြေခွဲသိုင်းကွက်....

တိမ်ဖောက်ဓားသိုင်း.....

All Chapters