← Chapters

ဆရာမက ဘာကြောင့် ရှာခိုင်းလိုက်တာလဲ

Vol. 65 Ch. 970

ဆရာမက ဘာကြောင့် ရှာခိုင်းလိုက်တာလဲ

Vol. 65 Ch. 970

လုချန်းသည် နဂါးနက်မြို့တော်တွင် ယွမ်ရှန်ရှန်နှင့် အတန်ကြာ အတူတကွ ကျင့်ကြံနေခဲ့ပြီး‌နောက် သူမကို ရန်ခရိုင်သို့ ပြန်ခေါ်သွားခဲ့သည်။

ယွမ်ရှန်ရှန်ကတော့ လုချန်းနှင့်အတူ ပြန်မလိုက်ချင်ခဲ့ပေ။ နဂါးနက်မြို့တော်၌ နေသည်ဖြစ်စေ၊ ရန်ခရိုင်၌ နေသည်ဖြစ်စေ သူမအတွက်တော့ အတူတူပင် ဖြစ်သည်။ အားလုံးက ကမ္ဘာတစ်ခုတည်းမှာ ရှိနေသည် မဟုတ်ပါလား။ လုချန်းက သူမနှင့် ကျင့်ကြံလိုလျှင် နတ်လှေဖြင့် ရန်ခရိုင်မှ နဂါးနက်မြို့တော်သို့ ချက်ချင်း လာနိုင်သည်။

တကယ်တော့ သူမ ပြန်မသွားချင်သည့် အဓိကအကြောင်းရင်းမှာ လုချန်း၏ ဇနီးမယားများအားလုံး ရန်ခရိုင်တွင် ရှိနေသောကြောင့် ဖြစ်သည်။ ခင်ပွန်းတစ်ယောက်ကို အခြားအမျိုးသမီးများနှင့် မျှဝေသုံးစွဲရသည်ကို သူမ မကြိုက်ပေ။ အနည်းဆုံးတော့ လုချန်း သူတို့နှင့် အတူရှိနေသည်ကို သူမ မျက်စိရှေ့တွင် မမြင်လိုပေ။

လုချန်းကို သူမတစ်ယောက်တည်းနှင့် မယှဉ်နိုင်မှန်း ရှင်းလင်းစွာ သိထားသော်လည်း သူမ၏နှလုံးသားထဲတွင် သူ့အပေါ် ပိုင်ဆိုင်လိုစိတ်က ပြင်းထန်နေဆဲ ဖြစ်သည်။

သို့သော် နောက်ဆုံး၌ လုချန်းက မဆုတ်မနစ် တိုက်တွန်းသောအခါ ယွမ်ရှန်ရှန်လည်း သူ့ကို မလွန်ဆန်နိုင်တော့ပဲ သူနှင့်အတူ ရန်ခရိုင်သို့ ပြန်ရန်သာ ရွေးချယ်ခဲ့ရသည်။ ခေါင်းမာသောတပည့် လုချန်းကို ယွမ်ရှန်ရှန်တစ်ယောက် မည်သို့မှ မတတ်နိုင်တော့ပဲ သူ့နောက်သို့သာ လိုက်ခဲ့ရ၏။

ရန်ခရိုင်သို့ ပြန်ရောက်သောအခါ လက်လွှတ်စပယ်နေတတ်သော ဆိုင်ရှင်တစ်ဦးကဲ့သို့

လုချန်း ပြုမူပြန်သည်။ သူက အုပ်ချုပ်ရေးကိစ္စအားလုံးနီးပါးကို ကျူးကဲ့ကျုံကောင်းထံ လွှဲအပ်ထားပြီး သူကိုယ်တိုင်ကမူ နေ့စဉ် ကျင့်ကြံခြင်းကိုသာ အာရုံစိုက်နေခဲ့သည်။ ထို့အပြင် ချူးယုချင်၏ ရင်သွေးကမ္ဘာကို ပျိုးထောင်ရာ၌လည်း ကူညီပေးခဲ့သည်။

ချူးယုချင်၏ အတွင်းမှ ရင်သွေးကမ္ဘာ ရင့်ကျက်လာသည့်အခါ စနစ်ထံမှ မည်သို့သော ဆုလာဘ်များ ရရှိမည်ကို သူ အလွန် သိချင်နေမိသည်။

……..

ရန်ခရိုင်။

နန်းတွင်း။

လုချန်း ချူးယုချင်၏ အဆောင်၌ လေ့ကျင့်နေစဉ် အစေခံတစ်ဦး၏ အသံကို ကြားလိုက်ရသည်။

“အရှင်မင်းကြီး။ တပ်မှူးချင်က မြူခိုးမှော်ဂိုဏ်းက သူလျှိုတချို့ကို ဖမ်းမိထားပါတယ်။ သူတို့ရဲ့အဆိုအရ မြူခိုးမှော်ဂိုဏ်းရဲ့ အကြီးအကဲက သူတို့ကို မိဖုရားဝူနဲ့ မိဖုရားလီတို့ကို ရှာဖွေဖို့ စေလွှတ်လိုက်တာလို့ ဆိုပါတယ်။”

ထိုစကားကို ကြားသောအခါ လုချန်းလည်း လုပ်လက်စအမှုကို ရပ်လိုက်ပြီး သိချင်စိတ်ဖြင့် မေးလိုက်သည်။

“မြူခိုးမှော်ဂိုဏ်းရဲ့ အကြီးအကဲ ဟုတ်လား။”

အစေခံက ဆက်လက်၍

“သူလျှိုတွေရဲ့ ထွက်ဆိုချက်အရ အကြီးအကဲဆိုတာ မိဖုရားခေါင်ဝူနဲ့ မိဖုရားလီတို့ရဲ့ ဆရာ ဖြစ်ပါတယ်။”

ခဏခန့် စဉ်းစားပြီးနောက် လုချန်းက

“အဲ့ဒီသူလျှိုတွေကို မိဖုရားခေါင်ဝူနဲ့ မိဖုရားလီတို့ဆီ ခေါ်သွားခိုင်းလိုက်။ သူတို့ ဘာပြောမလဲဆိုတာ ကြည့်ရအောင်။ ငါ နောက်က လိုက်လာခဲ့မယ်”

“အမိန့်တော်အတိုင်းပါ။”

ညွှန်ကြားချက်များ ပေးပြီးနောက် ကုတင်ပေါ်တွင် လဲလျောင်းနေကာ ချူးယုချင်ထံသို့ အာရုံပြန်စိုက်လိုက်သည်။ မျက်လုံးများ ဝေဝါးစွာဖြင့် သူမက လုချန်းကို ကြည့်ကာ

“ချန်းလေး။ ဒီရင်သွေးကမ္ဘာနဲ့ ကျင့်စဉ်ကျင့်သူတွေရဲ့ ကမ္ဘာအသေးစားတွေကြားမှာ ဘာကွာခြားချက်ရှိလဲ။”

လုချန်းက

“ကျွန်‌တော်လည်း မသိဘူး။ ဒေါ်လေးရဲ့ ရင်သွေးကမ္ဘာ အပြည့်အဝ ရင့်ကျက်သွားမှပဲ အသေးစိတ်ကို နားလည်နိုင်လိမ့်မယ်”

လုချန်းကိုယ်တိုင်လည်း စနစ်က သူ၏ဇနီးများကို ရင်သွေးကမ္ဘာများ ပျိုးထောင်ခိုင်းသည့် အကြောင်းရင်းမှန်ကို သိချင်နေခဲ့သည်။ ဒါက သူ၏မျိုးဆက်ကို ပိုမိုပျံ့နှံ့စေရန်ဟု စနစ်က ဆိုသော်လည်း သူကတော့ ဒါတကယ့် အကြောင်းရင်း မဟုတ်ဟု အမြဲ ခံစားနေရသည်။

ရင်သွေးကမ္ဘာများမှ မွေးဖွားလာသော သတ္တဝါများသည် သူနှင့် သွေးသားတော်စပ်ခြင်း လုံးဝမရှိပေ။ သူတို့ကို သူ၏မျိုးဆက်ဟု သတ်မှတ်နိုင်ပါမည်လော။

သို့သော် ယခုအချိန်တွင် များများစားစားတွေးနေခြင်းက အသုံးမဝင်ပေ။ ပထမဆုံး ရင်သွေးကမ္ဘာ ရင့်ကျက်လာမှသာ သူ အသေးစိတ်ကို သိရှိနိုင်မည် ဖြစ်သည်။ ထိုသို့တွေးကာ လုချန်း ရှေ့သို့ကိုင်းလိုက်ကာ ချူးယုချင်၏ နှုတ်ခမ်းများကို နမ်းရှိုက်လိုက်ပြီး လက်ရှိအလုပ်ကိုသာ အာရုံစိုက်လိုက်တော့သည်။

တစ်ချိန်တည်းမှာပင် ဝူကျန်းဝမ်နှင့် လီချင်ရို့တို့သည် အဆောင်တစ်ခုတွင် ထိုင်၍ ညနေခင်း လက်ဖက်ရည် သောက်နေကြသည်။ ဝူကျန်းဝမ်က သူမ၏လက်ထဲမှ ကလေးကို ချော့မြှူရင်း လီချင်ရို့နှင့် မြူခိုးဒေသအကြောင်း စကားစမြည် ပြောဆိုနေကြသည်။

လီချင်ရို့က

“မြူခိုးမှော်ဂိုဏ်းက ဒီကို တပည့်အဖွဲ့ သုံးဖွဲ့နီးပါး လွှတ်ပြီးသွားပြီ။ အခုအချိန်ထိ ဆရာမက ငါတို့ကို ရှာဖို့ ဘယ်သူ့ကိုမှ မလွှတ်သေးတာတော့ တစ်မျိုးကြီးပဲ။”

ဝူကျန်းဝမ်က လက်ထဲမှ ကလေးငယ်ကို ညင်သာစွာ ချော့မြူရင်း

“မင်းကြီးက မတော်တဆများ ဆရာမ လွှတ်လိုက်တဲ့ တပည့်တွေကို သတ်မိသွားတာ ဖြစ်နိုင်မလား။”

သူတို့၏ဆရာမ မြူခိုးဒေသသို့ တပည့်များ စေလွှတ်လျှင် မြူခိုးမှော်ဂိုဏ်း၏ တပည့်များနှင့်အတူ လိုက်ပါလာစေမည်မှာ သေချာသည်။ ထိုအခါ ဆရာမ စေလွှတ်လိုက်သောသူများသည် မြူခိုးမှော်ဂိုဏ်းနှင့် ရောနှောနေပေလိမ့်မည်။ လုချန်း၏ အမြင်တွင်တော့ သူတို့သည် ရန်သူများ ဖြစ်သွားလိမ့်မည်။

လုချန်းက မြူခိုးမှော်ဂိုဏ်း၏ တပည့်များစွာကို ချေမှုန်းခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် သူတို့ထဲမှ အချို့သည် သူတို့ဆရာမ စေလွှတ်လိုက်သောသူများ ဖြစ်ကောင်းဖြစ်နိုင်သည်။

ဝူကျန်းဝမ်၏ မှန်းဆချက်ကို ကြားသောအခါ လီချင်ရို့က ညင်သာစွာ ဟွန်းခနဲ အသံပြုလိုက်သည်။ ထို့နောက်

“အဲ့ဒါတော့ မသေချာဘူး။ အဲ့ဒီလူက သူတို့ထဲမှာ ဆရာမ လွှတ်လိုက်တဲ့သူတွေ ပါမှန်းသိပေမဲ့ သူက ငါတို့ကို မယုံဘူးလေ။ ဒါကြောင့် ဆရာမ လွှတ်လိုက်တဲ့သူ အကုန်လုံးကို တမင်သတ်ပစ်လိုက်တာလည်း ဖြစ်နိုင်တာပဲ။”

လီချင်ရို့ ထိုစကားပြောသည်ကို ကြားသောအခါ ဝူကျန်းဝမ်က ပြုံးလိုက်သည်။

“ချင်ရို့။ နင်ဒီရက်ပိုင်း မင်းကြီးအပေါ် တော်တော်လေး မကျေမနပ်ဖြစ်နေပါလား။ သူပြန်ရောက်လာကတည်းက နင့်ဆီကို လာမတွေ့လို့များလား။”

လီချင်ရို့က ခပ်ပေါ့ပေါ့ပင်

“ဘာမကျေနပ်စရာရှိလို့လဲ။ သူက အမြဲတမ်း အဲ့လိုလူစားမျိုးပဲဟာ။ ဒီလိုကိစ္စတွေက သူ့အတွက် မဆန်းပါဘူး။”

လီချင်ရို့ စကားဆုံးသည်နှင့် အထူးကိုယ်ရံတော် ယူနီဖောင်းဝတ် အမျိုးသမီးစစ်သည်တစ်ဦး အဆောင်တွင်းသို့ ဝင်လာသည်။

“မိဖုရားဝူနဲ့ မိဖုရားလီတို့ကို ဂါရဝပြုပါတယ်။”

အထူးကိုယ်ရံတော်ကို မြင်သောအခါ လီချင်ရို့က သိချင်စိတ်ဖြင့်

“ ဘာကိစ္စရှိလို့လဲ”

အထူးကိုယ်ရံတော်က

“လွန်ခဲ့တဲ့ရက်အနည်းငယ်က အထူးကိုယ်ရံတော်တွေက မြူခိုးမှော်ဂိုဏ်းက သူလျှိုတချို့ကို ဖမ်းမိခဲ့ပါတယ်။ သူတို့ရဲ့အဆိုအရ သူတို့ဟာ မိဖုရားတို့ရဲ့ ဆရာမက စေလွှတ်လိုက်တဲ့ တပည့်တွေပါတဲ့။ မင်းကြီးက အဲ့ဒီသူလျှိုတွေကို မိဖုရားတို့ဆီ ခေါ်လာဖို့ ကျွန်မကို ညွှန်ကြားလိုက်ပါတယ်”

ထိုစကားကို ကြားသောအခါ လီချင်ရို့နှင့် ဝူကျန်းဝမ်တို့ နှစ်ဦးစလုံး အံ့အားသင့်သွားကြ၏။ သူတို့ ဆရာမထံမှ လူများ ရောက်မလာခြင်းအကြောင်းကို ယခုလေးတင် ဆွေးနွေးနေခဲ့ကြသည် မဟုတ်ပါလား။ အခုတော့ အထူးကိုယ်ရံတော် တစ်ယောက်က ဆရာမ၏ တပည့်များ ရောက်လာသည်ဟု ဆိုနေသည်။

လီချင်ရို့က ချက်ချင်းပင်

“အဲ့ဒီလူတွေ အခုဘယ်မှာလဲ။ သူတို့ကို ဒီကိုခေါ်ခဲ့။”

အထူးကိုယ်ရံတော်က

“ခဏစောင့်ပေးပါ။ သူတို့ ဒီကိုလာနေပါပြီ”

မကြာမီပင် အထူးကိုယ်ရံတော် အများအပြားစောင့်ကြပ်ပြီး အဝတ်ကြမ်းများ ဝတ်ဆင်ထားသော အမျိုးသမီးအချို့ကို လီချင်ရို့နှင့် ဝူကျန်းဝမ်တို့ရှေ့သို့ ခေါ်လာသည်။ ထိုအမျိုးသမီးများအားလုံး လှပကြသော်လည်း သူတို့၏ အဝတ်အစားများမှာ ဆင်းရဲနွမ်းပါးသော သာမန်လူများကဲ့သို့ ဖာထေးပြုပြင်ထားသည်။

လီချင်ရို့နှင့် ဝူကျန်းဝမ်တို့ကို မြင်သောအခါ ထိုအမျိုးသမီးများ အလွန်အမင်း ဝမ်းသာသွားကြ၏။ အကျဉ်း‌ထောင်ထဲတွင် သူတို့သေဆုံးရတော့မည်ဟု ထင်ခဲ့ကြသည်။ ဝူကျန်းဝမ်နှင့် လီချင်ရို့တို့ကို တွေ့နိုင်လိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားခဲ့ကြပေ။ ယခု ဝူကျန်းဝမ်နှင့် လီချင်ရို့ ရှိနေသောကြောင့် သူတို့တွင် ကယ်တင်ခံရရန် မျှော်လင့်ချက် ရှိလာသည်။

ဤအခိုက်အတန့်တွင် ထိုအမျိုးသမီးများက လျင်မြန်စွာပင်

“အစ်မတဝူနဲ့ အစ်မလီတို့ကို နှုတ်ဆက်ပါတယ်။”

ဝူကျန်းဝမ်က ထိုအမျိုးသမီးများကို အကဲခတ်လိုက်ပြီး

“မင်းတို့ ရုပ်တွေက ရင်းနှီးသလိုပဲ”

စောစောက စကားပြောခဲ့သော အမျိုးသမီးက အလျင်အမြန်ပင်

“အစ်မဝူ။ ကျွန်မတို့အားလုံးက ယွင်ဟိုင်တောင်ထွတ်က တပည့်တွေပါ။ အရင်က တွေ့ဖူးကြပါတယ်။”

ဝူကျန်းဝမ်က

“သြော်။ဒီလိုကိုး။ ဒါဆို ဘာလို့ မင်းတို့က ဒီလိုဝတ်စားထားကြတာလဲ။”

ဝူကျန်းဝမ်၏ မေးခွန်းကြောင့် ထိုအမျိုးသမီးများ ခဏခန့် မှင်တက်သွားကြသည်။ ခဏအကြာတွင် အမျိုးသမီးတစ်ဦးက

“ကျွန်မတို့ ထျန်းချန်ကမ္ဘာကို ရောက်ရောက်ချင်းမှာပဲ ရှနိုင်ငံတော်က မြူခိုးဒေသက ကျင့်စဉ်ကျင့်သူအားလုံးကို ချေမှုန်းလိုက်ပြီလို့ ကြားခဲ့ရပါတယ်။”

“သူတို့က မြူခိုးဒေသက ကျင့်စဉ်ကျင့်သူတွေကို ဆက်ဖမ်းနေတုန်းပဲတဲ့။ ကျွန်မတို့မှာ ဒီလိုမျိုး ရုပ်ဖျက်ရုံကလွဲပြီး တခြားနည်းလမ်းမရှိခဲ့ပါဘူး။”

လီချင်ရို့က

“မင်းတို့မှာ ထူးခြားတဲ့ ရုပ်ရည်နဲ့ သာမန်လောကီနဲ့မတူတဲ့ အငွေ့အသက်တွေ ရှိတယ်။ ဆင်းရဲတဲ့အိမ်က မိန်းကလေးတွေ မဟုတ်တာ ထင်ရှားတယ်။ ဒီလို စုတ်ပြဲနေတဲ့ အဝတ်အစားတွေ ဝတ်ထားတာက တကယ်တော့ မင်းတို့ကို ပိုပြီး သံသယဖြစ်စရာ ကောင်းစေတယ်။”

ထိုစကားများကြောင့် သူတို့ အလွန်အမင်း ရှက်ရွံ့သွားကြ၏။ အမျိုးသမီးတစ်ဦးက

“အစ်မလီ ပြောတာမှန်ပါတယ်။ ကျွန်မတို့ သေသေချာချာ မစဉ်းစားမိခဲ့ပါဘူး။”

လီချင်ရို့က

“ ဆရာမက ဘာကြောင့် မင်းတို့ကို ငါတို့နှစ်ယောက်ဆီ လွှတ်လိုက်တာလဲ။”

လီချင်ရို့ စကားဆုံးသည်နှင့် အမျိုးသမီးတစ်ဦးက စာနှစ်စောင်ကို ထုတ်ယူလိုက်သည်။

“ဆရာမက ဒီစာနှစ်စောင်ကို အစ်မတို့ဆီ ပို့ပေးခိုင်းလိုက်ပါတယ်။ ပြီးတော့ အစ်မတို့ အမြန်ဆုံး ပုန်းခိုဖို့နေရာရှာပြီး ဘယ်တော့မှ ပြန်မထွက်လာဖို့ သတိပေးခိုင်းလိုက်ပါတယ်။”

ထိုစကားများကို ကြားသောအခါ လီချင်ရို့နှင့် ဝူကျန်းဝမ်တို့ အံ့အားသင့်သွားကြ၏။ သူတို့၏ဆရာမက သူတို့ကို ပုန်းရှောင်ခိုင်းလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။ မြူခိုးဒေသတွင် တစ်စုံတစ်ခု ဖြစ်‌နေပြီလား ။

လီချင်ရို့ လက်ဝှေ့ယမ်းလိုက်ရာ စာနှစ်စောင် သူမနှင့် ဝူကျန်းဝမ်တို့၏ လက်ထဲသို့ ပျံသန်းရောက်ရှိသွား၏။ ထို့နောက် စုဟန်ယန်ထံမှ သူတို့ တစ်ဦးချင်းအတွက် ရေးထားသော စာများကို ဖွင့်၍ စူးစိုက် ဖတ်ရှုလိုက်ကြသည်။

စာပါအကြောင်းအရာများကို ဖတ်ရှုပြီးသောအခါ သူတို့ အဖြစ်မှန်ကို သိရှိသွားကြသည်။ ဟန်ယွမ်ခိုင်က သူတို့နှစ်ဦးကို စွမ်းအင်စုပ်ယူခံအဖြစ် အသုံးချလိုသောကြောင့် ဆရာမက သူတို့ကို ပုန်းရှောင်ခိုင်းခဲ့ခြင်း ဖြစ်သည်။

အကယ်၍ အရင်ကသာဆိုလျှင် သူတို့နှစ်ဦးအနည်းငယ် စိုးရိမ်မိကြပေလိမ့်မည်။ သို့သော် ယခု သူတို့နှစ်ဦးစလုံးအတွက် ယောက်ျားတစ်ယောက်ရှိနေပြီ ဖြစ်သည်။ လုချန်းသည် သူတို့၏ အကြီးမားဆုံး အားကိုးရာ ဖြစ်နေ၏။ စာပါအကြောင်းအရာကို ဖတ်ရှုပြီးသည့်တိုင် သူတို့၏ စိတ်နှလုံးများ လှုပ်ရှားခြင်း မရှိခဲ့ပေ။

လီချင်ရို့က အမျိုးသမီးများကို တစ်ချက်ဝေ့ကြည့်လိုက်သည်။ ထို့နောက်

“ဆရာမက မင်းတို့ကို တပည့်အဖြစ် လက်ခံမယ်လို့ ပြောထားတယ်။ ငါ မင်းတို့ကို အခက်တွေ့အောင် မလုပ်ဘူး။ မင်းတို့ ပြန်ချင်တယ်ဆိုရင် ချက်ချင်းထွက်သွားနိုင်တယ်။”

ထိုသို့ကို ကြားသော်လည်း ထိုအမျိုးသမီးများ ထွက်ခွာမသွားကြပေ။ ထိုအစား သူတို့က ချက်ချင်း ဒူးထောက်လိုက်ကြသည်။

“အစ်မလီ၊ အစ်မဝူ ကျွန်မတို့ အစ်မတို့ကို အလုပ်အကျွေးပြုချင်ပါတယ်။”

ဤကမ္ဘာတွင် ရှနိုင်ငံတော်နှင့် ဆွမ်ဧကရာဇ်၏ အကြောင်းများစွာကို သူတို့ သိရှိလာခဲ့ကြသည်။ ထို့ပြင် နတ်လှေကိစ္စကိုလည်း ကြားသိခဲ့ရသည်။ ကြားရုံသာမက လုချန်း နောက်ဆုံးအကြိမ် ပြန်လာစဉ်က သူ၏ နတ်လှေကိုလည်း မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ကြသည်။

ဤမျှကြီးမားသော နတ်လှေကို မြင်လိုက်ရခြင်းက ဆွမ်ဧကရာဇ်၏ ထူးခြားသော အဆင့်အတန်းကို အတည်ပြုပေးခဲ့သည်။ သူတို့သည် လူမိုက်များ မဟုတ်ကြပေ။

မြူခိုးမှော်ဂိုဏ်းတွင် နေ့စဉ် ကြောက်ရွံ့စွာ နေထိုင်ရမည့်အစား ရှနိုင်ငံတော်သို့ ဝင်ရောက်ခြင်းက ပို၍ကောင်းသည်။ အထူးသဖြင့် သူတို့၏ အစ်မကြီးများက ဆွမ်ဧကရာဇ်၏ မိဖုရားဖြစ်နေကြသည်။ ဒါက သူတို့အတွက် အကောင်းဆုံးအခွင့်အရေး ဖြစ်သည်။

အမျိုးသမီးများ ချက်ချင်း ဒူးထောက်လိုက်သည်ကို မြင်သောအခါ လီချင်ရို့က ခပ်ဖွဖွ ပြုံးလိုက်ပြီး

“မင်းတို့ တော်တော်ပါးနပ်ကြတာပဲ။”

စုဟန်ယန်၏ စာထဲတွင် ဤအမျိုးသမီးများက ပြန်သွားရန် ဆန္ဒရှိပါက သူတို့ကို ရှင်းလင်းပစ်ရန် ဖော်ပြထား၏။ ထိုသို့ပြုလုပ်ခြင်းဖြင့် ဝူကျန်းဝမ်နှင့် လီချင်ရို့တို့၏ တည်နေရာကို မည်သူမှ သိနိုင်တော့မည် မဟုတ်ပေ။

သူတို့ ဆက်နေရန် ရွေးချယ်လိုက်ခြင်းက သူတို့၏အသက်ကို ထိရောက်စွာ ကယ်တင်လိုက်ခြင်း ဖြစ်သည်။ စုဟန်ယန်သည် ဟန်ယွမ်ခိုင်ကဲ့သို့ မဆင်မခြင် သတ်ဖြတ်ခြင်းကို မနှစ်သက်ပါ။ သို့သော် သူမ၏ တပည့်ရင်းများအတွက်ဆိုလျှင် ရက်စက်ရန် အသင့်ရှိနေသည်။ ဤအမျိုးသမီးတပည့်များ သေဆုံးသွားလျှင်ပင် သူမ အနည်းငယ်မျှ နောင်တရမည် မဟုတ်ပေ။

ထိုအခိုက်အတန့်တွင် လီချင်ရို့က

“ဒီနေ့ကစပြီး မင်းတို့ဟာ ငါတို့ဘေးနားက အစေခံတွေပဲ”

ထိုအရာကို ကြားသောအခါ ထိုအမျိုးသမီးများက ချက်ချင်းပင်

“ကျေးဇူးတင်ပါတယ်အစ်မတို့။”

ဝူကျန်းဝမ်က သတိပေးလိုက်သည်။

“နန်းတော်ထဲမှာ မင်းတို့ ငါတို့ကို အစ်မလို့ မခေါ်သင့်တော့ဘူး။ ငါတို့က မင်းကြီးရဲ့ မိဖုရားတွေ ဖြစ်နေပြီ။”

ထိုအမျိုးသမီးများလည်း သူတို့၏ အသုံးအနှုန်းကို ချက်ချင်းပြင်လိုက်ကြသည်။

“ကျေးဇူးတင်ပါတယ် မိဖုရားဝူ နဲ့ မိဖုရားလီ”

အမျိုးသမီးများ ပြင်ဆင်ပြောဆိုပြီးသည်နှင့် ဆောင်အပြင်ဘက်မှ အမျိုးသားတစ်ဦး၏ အသံထွက်ပေါ်လာသည်။

“ချင်ရို့၊ကျန်းဝမ် မင်းတို့ရဲ့ ဆရာမက ဘာသတင်းတွေ ပါးလိုက်လဲ။”

အသံဆုံးသည်နှင့် လုချန်း တံခါးဝမှ လမ်းလျှောက်ဝင်လာသည်။

လီချင်ရို့က ခပ်ဖွဖွ ရယ်မော၍

“မင်းကြီး လုံးဝ စိတ်မဝင်စားဘူးလို့ ကျွန်မ ထင်နေတာ။”

သူတို့နှင့်ပတ်သက်၍ လုချန်း စိတ်မအေးနိုင်ကြောင်း လီချင်ရို့ သိထား၏။ သူမ၏ အမြင်အရ သူတို့၏ဆရာမက မြူခိုးမှော်ဂိုဏ်းနှင့် ပူးပေါင်း၍ ထျန်းချန်ကမ္ဘာတစ်ခုလုံးကို ထိန်းချုပ်ရန် ညွှန်ကြားနေသည်ဟု လုချန်း သံသယရှိနေမည်မှာ သေချာသည်။

ထိုစကားကို ကြားသောအခါ အလင်းအရိပ်ကျင့်စဉ်ဖြင့် လုချန်း လီချင်ရို့၏ နောက်သို့ ရောက်သွားကာ သူမ၏ သွယ်လျသောခါးကို ဖက်လိုက်ပြီး ရယ်မောလိုက်သည်။

“ကိုယ်က ကိုယ့်ရဲ့ မိဖုရားနှစ်ပါးကို ယုံကြည်မှုအပြည့်ရှိပါတယ်။ အရေးကြီးတဲ့ သတင်းတစ်ခုခုသာရှိရင် မင်းတို့က ကိုယ့်သဘောနဲ့ကိုယ် ကိုယ့်ကို လာပြောလိမ့်မယ်လို့ ယုံကြည်တယ်။”

All Chapters