မင်းတို့ရဲ့ ဆရာမ ဆိုတော့ ကိုယ့်ရဲ့ဆရာမပဲပေါ့
Vol. 65 Ch. 971
လုချန်း၏ စကားကို ကြားသောအခါ လီချင်ရို့ ခစ်ခနဲ ရယ်မောလိုက်သည်။ ထို့နောက် သူမကိုင်ထားသော စာကို လုချန်းထံသို့ ကမ်းပေးလိုက်၏။
သို့သော်လည်း လုချန်းက စာကို မယူဘဲ ရယ်မောကာ
“ကိုယ် အရင်ကတည်းက ပြောပြီးသားပဲလေ။ မင်းတို့ကို ယုံကြည်တယ်လို့။ ဒါက မင်းတို့ရဲ့ ဆရာမက ပေးတဲ့စာပဲ။ ကိုယ်က ဘယ်လိုလုပ် ဖတ်လို့ဖြစ်မှာလဲ။”
လီချင်ရို့က သူမ၏ ခေါင်းကို အနည်းငယ် စောင်းငဲ့ကာ လုချန်းကို အဓိပ္ပာယ်ပါသော အကြည့်ဖြင့် ကြည့်လိုက်သည်။
“ရှင်က ပိုပိုပြီး ဟန်ဆောင်ကောင်းလာတာပဲ။ စိတ်ထဲမှာတော့ ဖတ်ချင်နေတာ မဟုတ်လား။ ရှင်သာ စာထဲက အကြောင်းအရာတွေကို မသိချင်ဘူးဆိုရင် ဒီကို လာမှာတောင် မဟုတ်ဘူး။”
ထို့နောက် လီချင်ရို့က စာထဲမှ အကြောင်းအရာများကို လုချန်းထံ တိုက်ရိုက် ပြောပြလိုက်သည်။
“ဆရာမက စာထဲမှာ အကြောင်းကြားထားတယ်။ မြူခိုးမှော်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်က ကျွန်မနဲ့ ကျန်းဝမ်ကို ကျင့်ကြံဖော် မယားတွေအဖြစ် အသုံးချချင်နေတယ်တဲ့။ မြူခိုးဒေသရဲ့ တားမြစ်ချက်တွေ ပျောက်ကွယ်သွားတာနဲ့ ဂိုဏ်းချုပ်က ကျွန်မတို့အပေါ် လှုပ်ရှားမှာဆရာမက စိုးရိမ်နေတယ်။ ဒါကြောင့် ကျွန်မတို့ကို ပုန်းခိုဖို့ နေရာတစ်ခုရှာပြီး ဘယ်တော့မှ လူရှေ့မထွက်ဖို့ ပြောထားတာ။”
လီချင်ရို့၏ စကားကို ကြားသောအခါ လုချန်း အနည်းငယ် မှင်တက်သွားသည်။ မည်သို့ပင်ဆိုစေ ဝူကျန်းဝမ်နှင့် လီချင်ရို့တို့သည် မြူခိုးမှော်ဂိုဏ်း၏ တပည့်များ ဖြစ်ကြသည်။ နှစ်ဦးစလုံးသည် အကြီးအကဲတစ်ဦး၏ တိုက်ရိုက်တပည့်များလည်း ဖြစ်၏။ ဒါတောင် ဂိုဏ်းချုပ်က သူတို့နှစ်ဦးကို ကျင့်ကြံဖော်မယားများအဖြစ် အသုံးချရန် အမှန်တကယ် စီစဉ်နေတာလား။
မြူခိုးမှော်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် နတ်ဆိုးကျင့်စဉ်ကျင့်ကြံသူတစ်ဦးသာ ဖြစ်ရမည်။
ဒါပေမဲ့ ဝူကျန်းဝမ်နှင့် လီချင်ရို့တို့ ဘယ်လို ထူးခြားချက်တွေ ရှိနေလို့လဲ။
အခြားသူတွေကို မရွေးပဲ သူတို့နှစ်ဦးကို ဂိုဏ်းချုပ်က အဘယ်ကြောင့် စိတ်ဝင်စားရသနည်း။
သူတို့ လှပမှု သက်သက်တော့ကြောင့်တော့ မဖြစ်နိုင်ပေ။ သူတို့တွင် ဂိုဏ်းချုပ်ကို စိတ်ဝင်စားစေသည့် ထူးခြားသော ခန္ဓာကိုယ်ဖွဲ့စည်းပုံကဲ့သို့ အထူးအရာတစ်ခုခု ရှိရပေမည်။
ထို့နောက် ဝူကျန်းဝမ်နှင့် လီချင်ရို့တို့ကို
လုချန်း နောက်တစ်ကြိမ် ကြည့်လိုက်သည်။ သူတို့၏ နောက်ဆုံးအချက်အလက်များသည် ယခင်နှင့် များစွာ ကွာခြားမှုမရှိကြောင်း သူ သတိပြုမိလိုက်၏။ စနစ်ကလည်း သူတို့တွင် ရှိနိုင်သည့် မည်သည့် ထူးခြားသော ခန္ဓာကိုယ်ဖွဲ့စည်းပုံကိုမှ ဖော်ပြမထားချေ။
သူတို့တွင် ထူးခြားသော ခန္ဓာကိုယ်ဖွဲ့စည်းပုံ မရှိပါက မြူခိုးမှော်ဂိုဏ်း၏ ဂိုဏ်းချုပ်က အဘယ်ကြောင့် သူတို့ကို စိတ်ဝင်စားရသနည်း။ ဂိုဏ်းချုပ်ကလည်း ကာမဂုဏ် လိုက်စားသူတစ်ဦး ဖြစ်နိုင်ပါသလော။
ထားလိုက်တော့....
ထိုသို့သော အတွေးများက အဓိပ္ပာယ်မရှိပေ။
ထိုအခိုက်အတန့်တွင် လုချန်း၏ လက်က လီချင်ရို့၏ ခန္ဓာကိုယ်ပေါ်တွင် လျှောက်သွားနေသည်။ သူက
“တစ်ယောက်ယောက်က ကိုယ့်ရဲ့ ချစ်သူလေးကို မျက်စိကျနေတာကိုး။ ဒါဆိုရင် အချိန်တန်တဲ့အခါ မြူခိုးမှော်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်နဲ့ သေသေချာချာ တွေ့ဆုံရတော့မှာပေါ့။”
ထိုသို့ ပြောပြီးနောက် လုချန်း၏ အကြည့်က မြေပြင်ပေါ်တွင် ဒူးထောက်နေသော မြူခိုးမှော်ဂိုဏ်းမှ အမျိုးသမီးတပည့်များထံသို့ ကျရောက်သွားသည်။
“ချင်ရို့။ ဒီကောင်မလေးတွေနဲ့ ပတ်သက်ပြီး မင်း ဘာလုပ်ဖို့ စီစဉ်ထားလဲ”
လုချန်း၏ စကားကို ကြားသောအခါ မြူခိုးမှော်ဂိုဏ်းမှ အမျိုးသမီးတပည့်များ ထိတ်လန့်တုန်လှုပ်သွားကြပြီး သူတို့၏ ခေါင်းများကို လျင်မြန်စွာ ငုံ့လိုက်ကြသည်။
လီချင်ရို့က
“သူတို့က ကျွန်မ ဆရာမရဲ့လူတွေပါ။ ကျွန်မက သူတို့ကို အစေခံမိန်းကလေးတွေအဖြစ် ဆက်ထားဖို့ စီစဉ်ထားတယ်။ မင်းကြီး ဘယ်လိုထင်လဲ။”
လီချင်ရို့ သူတို့၏ အသက်ကို သတ်ရန် စီစဉ်မထားပေ။ သို့သော် နန်းတော်သည် နောက်ဆုံးတွင် လုချန်း၏ နယ်မြေဖြစ်သောကြောင့် သူမ၏ သဘောဖြင့် ဆုံးဖြတ်ချက်များ မချနိုင်ပေ။
လုချန်းက ချက်ချင်း အဖြေမပေးပဲ အမျိုးသမီးများ၏ သစ္စာစောင့်သိမှုကို စစ်ဆေးကြည့်လိုက်သည်။ သူတို့၏ သစ္စာစောင့်သိမှုသည် အလွန်မြင့်မားပြီး အနိမ့်ဆုံးမှာ ရှစ်ဆယ်ဖြစ်ကြောင်း တွေ့လိုက်ရ၏။
သူတို့ကို နန်းတော်တွင် ထားရှိခြင်းက ပြဿနာကြီးကြီးမားမား ဖြစ်မည်မဟုတ်ပေ။
ခဏခန့် စဉ်းစားပြီးနောက် လုချန်းက
“အဆင်ပြေပါတယ်”
လုချန်း သဘောတူသည်ကို မြင်သောအခါ အမျိုးသမီးတပည့်များက တညီတညွတ်တည်း
“မင်းကြီးကို ကျေးဇူးတင်ပါတယ်။မိဖုရားလီကို ကျေးဇူးတင်ပါတယ်။ မိဖုရားဝူကို ကျေးဇူးတင်ပါတယ်။”
ထို့နောက် လုချန်းက
“ကောင်းပြီ။ မင်းတို့အားလုံး အခု သွားလို့ရပြီ။”
ထို့နောက် မြူခိုးမှော်ဂိုဏ်း၏ အမျိုးသမီးတပည့်များ ထရပ်ကာ
“ဟုတ်ကဲ့ပါ မင်းကြီး”
ထို့နောက် အထူးကိုယ်ရံတော်များ၏ အစောင့်အကြပ်ဖြင့် အဆောင်မှ ယာယီ ထွက်ခွာသွားကြသည်။
သူတို့ ထွက်ခွာသွားပြီးနောက် ကလေးချီထားသော ဝူကျန်းဝမ်က စကားစလိုက်သည်။
“မင်းကြီး။ မြူခိုးဒေသရဲ့ တားမြစ်ချက်တွေ ပျောက်ကွယ်သွားတဲ့အခါ ကျွန်မတို့ရဲ့ ဆရာမဆီကို အရင်ဆုံး စာတစ်စောင်ရေးပြီး သူ့ကို စည်းရုံးကြည့်ဖို့ ခွင့်ပြုနိုင်မလား။”
ဝူကျန်းဝမ်၏ အမြင်အရ သူတို့၏ ဆရာမတွင် ကိုယ်ပိုင်ရပ်တည်ချက် ရှိသည်။ မြူခိုးမှော်ဂိုဏ်း၏ မမှန်ကန်သော ပြုမူမှုများကို သူမက အတော်ကြာကတည်းက ငြီးငွေ့နေလောက်ပြီ ဖြစ်သည်။
အကယ်၍ သူတို့ စုဟန်ယန်ကို စည်းရုံးပြီး ရှနိုင်ငံတော်ဘက်သို့ ခေါ်ဆောင်နိုင်ပါက ရှနိုင်ငံအတွက် အစွမ်းထက်သော ရန်သူတစ်ဦး လျော့နည်းသွားမည်။ ထို့ပြင် အင်အားတစ်ခုပါ ထပ်တိုးရရှိမည် ဖြစ်သည်။
စုဟန်ယန်၏ အစွမ်းသည် ဟန်ယွမ်ခိုင်လောက် မကြီးသော်လည်း သူ့ကို တားဆီးထားနိုင်ဖို့က သူမအတွက် ပြဿနာ မရှိပေ။
ဝူကျန်းဝမ်၏ စကားကို ကြားပြီးနောက်
လုချန်းသည် ခဏခန့် စဉ်းစားလိုက်သည်။ ထို့နောက်
“မင်းတို့ရဲ့ ဆရာမက ဒီကို လာဖို့ သဘောတူပါ့မလား။”
လီချင်ရို့က
“အဲ့ဒါက ပြောရခက်တယ်။ သူက မြူခိုးမှော်ဂိုဏ်းရဲ့ နည်းလမ်းတွေကို စိတ်ပျက်နေခဲ့တာကြာပြီ။ ဒါပေမဲ့ သူက အမြဲတမ်း မြူခိုးဒေသမှာပဲ သွားစရာနေရာမရှိပဲ နေခဲ့ရတယ်။”
လုချန်းက
“သူ မြူခိုးမှော်ဂိုဏ်းကို မကျေနပ်ရင်တောင်မှ ဂိုဏ်းကို ဒီလောက် လွယ်လွယ်နဲ့ သစ္စာဖောက်မှာ မဟုတ်ဘူး။ အခုလက်ရှိမှာ မြူခိုးမှော်ဂိုဏ်းက မြူခိုးဒေသမှာ အင်အားအကြီးဆုံး အဖွဲ့အစည်းပဲ။ သူ့အတွက် ဂိုဏ်းနဲ့အတူနေတာက ထွက်သွားတာထက် အကျိုးအမြတ်တွေ အများကြီး ပိုရတယ်။”
ဝူကျန်းဝမ် တစ်စုံတစ်ခု ပြောတော့မည် အပြုတွင် လုချန်းက ဆက်ပြောလိုက်သည်။
“ဒါပေမဲ့ မင်းတို့ အရင်ဆုံး ကြိုးစားကြည့်လို့ရတယ်။ သူ့ကို မြူခိုးမှော်ဂိုဏ်းကနေ ထွက်ခွာဖို့ စဉ်းစားလာအောင် အရင်လုပ်လိုက်။ သူ ကိုယ့်ရဲ့ နတ်လှေကို မြင်လိုက်တာနဲ့ စစ်မြေပြင်မှာတောင် စိတ်ပြောင်းပြီး ဘက်ပြောင်းသွားနိုင်တယ်။”
လုချန်း၏ စကားကို ကြားပြီးနောက် ဝူကျန်းဝမ်က
“ဒါဆိုရင် ကျွန်မတို့ရဲ့ ဆရာမကိုယ်စား မင်းကြီးကို အရင်ဆုံး ကျေးဇူးတင်ပါတယ်။”
လုချန်းက ပြုံးကာ
“ဘာကို ကျေးဇူးတင်ရမှာလဲ။ မင်းတို့က ကိုယ့်ရဲ့ ချစ်သူလေးတွေပဲလေ။ ပြီးတော့ သူက မင်းတို့ရဲ့ ဆရာဖြစ်မှတော့ ကိုယ်ရဲ့ ဆရာလည်း ဖြစ်သွားတာပေါ့”
လုချန်း၏ စကားကို ကြားသောအခါ ဝူကျန်းဝမ်နှင့် လီချင်ရို့တို့တုန်လှုပ်သွားကြသည်။ လုချန်း ပြောသည့်အရာတွင် တစ်ခုခု ထူးဆန်းနေသည်ဟု သူတို့ အမြဲ ခံစားနေရသည်။
လုချန်း၏ ကိုယ်ပိုင်ဆရာမ သူ၏ လက်ထဲတွင် လုံးလုံးလျားလျား ဝါးမြိုခံလိုက်ရပုံကို တွေးမိသောအခါ သူတို့ သံသယဝင်မိကြသည်။ လုချန်းက သူတို့၏ ဆရာမ အပေါ်တွင်လည်း ထိုသို့သော အတွေးများ ရှိနေတာလား။
အမှန်တကယ်လည်း သူတို့၏ ဆရာမ အလွန်လှပပြီး နတ်သမီး အငွေ့အသက်များ ထွက်ပေါ်နေတတ်သည်။ အကယ်၍ လုချန်းသာ သူမကို မြင်ခဲ့ပါက သူမသည်လည်း လုချန်း၏ မိဖုရားများထဲမှ တစ်ဦး ဖြစ်လာနိုင်ခြေရှိသည်။
လုချန်း နောက်ထပ် စကားပြောတော့မည် အပြုတွင် အမျိုးသမီး အထူးကိုယ်ရံတော်တစ်ဦး အဆောင်၏ ဝင်ပေါက်တွင် ပေါ်လာသည်။
“မင်းကြီး။ သတင်းအသစ် ရောက်ပါတယ်။ မြူခိုးဒေသကပါ။”
ထိုသို့ ကြားသောအခါ လုချန်းက လီချင်ရို့နှင့် ဝူကျန်းဝမ်တို့အား
“ကိုယ်ရဲ့ ချစ်သူလေးတို့။ ကိုယ့်မှာကိစ္စတွေ ရှိနေလို့ မင်းတို့နဲ့ အဖော်မပြုနိုင်တော့ဘူး”
ဝူကျန်းဝမ်က
“မင်းကြီး။ လုပ်စရာရှိတာ သွားလုပ်ပါ”
လုချန်းလည်း များများစားစား မပြောတော့ပဲ ချက်ချင်းပင် အလင်းအရိပ်ကို အသုံးပြုကာ နန်းတွင်းစာကြည့်တိုက်သို့ တိုက်ရိုက်သွားလိုက်သည်။
လုချန်း နန်းတွင်းစာကြည့်တိုက်သို့ ရောက်သောအခါ ချင်ယူရှန်နှင့် တန်ခိုးရှင် တစ်သောင်းဂိုဏ်းမှ တပည့်အနည်းငယ်သည် စောင့်ဆိုင်းနေကြပြီ ဖြစ်သည်။ လုချန်း ရုတ်တရက် ပေါ်လာသည်ကို မြင်သောအခါ လူတိုင်း အလျင်အမြန် ဂါရဝပြုလိုက်ကြသည်။
“မင်းကြီးကို ဂါရဝပြုပါတယ်။ မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ။”
လုချန်းက ခပ်အေးအေးပင်
“ထုံးတမ်းတွေ ထားလိုက်ပါ။ မြူခိုးဒေသမှာ အခြေအနေ ဘယ်လိုရှိလဲ။”
တန်ခိုးရှင် တစ်သောင်းဂိုဏ်းမှ တပည့်တစ်ဦးက ချက်ချင်းပင် စာတစ်စောင်ကို လုချန်းထံသို့ ကမ်းပေးလိုက်သည်။
“မင်းကြီး။ ဒါက ဂိုဏ်းချုပ်ဆီက စာပါ”
“အခု မြူခိုးဒေသက အင်အားစုအားလုံးက အဓိက အင်အားစုကြီး သုံးခုထဲ ခိုလှုံသွားပါပြီ။ အခု အင်အားစုကြီး သုံးခု ထိပ်တိုက်ရင်ဆိုင်ရမယ့် အခြေအနေဖြစ်လာပါတယ်။”
လုချန်းလည်း စာကို ယူကာ ဂရုတစိုက် ဖတ်ရှုလိုက်သည်။
စာထဲတွင် ကျိဟုန်ဝမ် ရေးသားထားသော အကြောင်းအရာကို မြင်သောအခါ လုချန်း အတွေးထဲ နစ်မြောသွားသည်။ ယခု အဓိက အင်အားစုကြီး သုံးခုက မြူခိုးဒေသကို ခွဲဝေယူထားသည်။ ဒါက အခြေအနေကောင်းတစ်ခုဟု ထင်ရသည်။
မြူခိုးဒေသရှိ ကန့်သတ်ချက်များ အပြီး မြူခိုးမှော်ဂိုဏ်းနှင့် လင်ဟူဂိုဏ်းကို ဖြေရှင်းပြီးပါက နောက်ဆက်တွဲ ကိစ္စများစွာကို ရှောင်ရှားနိုင်လိမ့်မည်။ ထိုအင်အားစုနှစ်ခုနှင့် ဆက်နွယ်နေသော အခြားအင်အားစုများသည်လည်း သဘာဝအတိုင်း လက်နက်ချကြလိမ့်မည်။
ဟုတ်ပါသည်။ ယေဘုယျအားဖြင့် အင်အားစုများလေလေ ထျန်းချန်ကမ္ဘာနှင့် ရှနိုင်ငံတော်အတွက် ပိုကောင်းလေလေ ဖြစ်သည်။ အင်အားစုများ များပြားခြင်းက အကျိုးစီးပွားဆိုင်ရာ အငြင်းပွားမှုများကို ပိုမိုဖြစ်ပေါ်စေသည်။ ထိုအခါ ရှနိုင်ငံတော်သည် အင်အားစုအမျိုးမျိုးကြားမှ ကွဲလွဲမှုများကို အသုံးချ၍ သွေးခွဲနိုင်ပေမည်။
သို့သော် အကြံအစည်များနှင့် လှည့်ကွက်များ ဆိုသည်မှာ မိမိ၏ အင်အားက ရန်သူကို တိုက်ရိုက် ချေမှုန်းရန် မလုံလောက်သည့်အခါမှသာ လိုအပ်သည်။ ရှနိုင်ငံတော်တွင် ရန်သူများကို လွှမ်းမိုးနိုင်သည့် အင်အား ရှိနေသဖြင့် ထိုနည်းလမ်းများကို အားကိုးရန် မလိုအပ်တော့ပေ။
မြူခိုးဒေသ၏ ကန့်သတ်ချက်များ ပျောက်သွားရန် နှစ်အနည်းငယ် လိုသေးသည်။ ထို့ကြောင့် အင်းကွက်လက်နက်များ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် သူ၏ အင်အားကို မြှင့်တင်ရန် လုံလောက်သော အချိန်များ ရှိနေသည်။
လုချန်းသည် ယခု မူလအစကမ္ဘာ နယ်ပယ်၏ တတိယအဆင့်တွင် ရှိနေသည်။ သူ၏ လက်ရှိ အင်အားတိုးတက်မှုနှုန်းအရ တစ်နှစ်မပြည့်မီ ယင်ယန်နယ်ပယ်သို့ ဝင်ရောက်နိုင်ပေလိမ့်မည်။ ငါးနှစ်အတွင်း ဥပဒေနိယာမ အလုံးစုံ နယ်ပယ်သို့ အဆင့်သို့ သူဝင်ရောက်နိုင်ဖို့က လုံးဝ ဖြစ်နိုင်ခြေရှိသည်။
ခဏခန့် စဉ်းစားပြီးနောက် လုချန်းက ချင်ယူရှန်နှင့် လင်ဟူဂိုဏ်းမှ တပည့်များအား
“ခင်ဗျားတို့ အလုပ်သွားလုပ်လို့ရပြီ”
လူတိုင်းက တပြိုင်တည်း
“ကျွန်တော်တို့ကို သွားခွင့်ပြုပါ”
မကြာမီမှာပင် ချင်ယူရှန်တို့ စာကြည့်ခန်းမှ ထွက်ခွာသွားကြသည်။ လုချန်းလည်း အခန်းထဲရှိ သူ၏ ထိုင်ခုံတွင် ထိုင်ကာ စနစ်အား
“စနစ်။ ချူးယုချင်ရဲ့ ဗိုက်ထဲက ရင်သွေးကမ္ဘာက ဘယ်တော့ ရင့်ကျက်မှာလဲ။”
စနစ်က
“လက်ရှိ သန္ဓေတည်နှုန်းအရ နှစ်နှစ်ထက် ပိုမကြာပဲ ရင့်ကျက်ပါလိမ့်မယ်။”
လုချန်းက
“ရင်သွေးကမ္ဘာကို ပြုစုပျိုးထောင်ခြင်းအတွက် ဆုလာဘ်က ဘာဖြစ်မလဲဆိုတာ ကြိုသိလို့ရမလား။”
စနစ်က
“စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းပေးပါ”
စနစ်က မပြောပြချင်သည်ကို မြင်သောအခါ လုချန်းသည် နောက်ထပ် မေးမြန်းမနေတော့ပေ။ နှစ်နှစ်သည် သိပ်မကြာလှပေ။ သူ စောင့်လိုက်မည်။
……
အချိန်သည် လျင်မြန်စွာ ကုန်ဆုံးသွားသည်။ နောက်ပိုင်းရက်များတွင် လုချန်းသည် မိဖုရားဆောင်ရှိ သူ၏ ဇနီးမယားများနှင့် အတူ နေ့စဉ် ကျင့်ကြံရင်း အချိန်ကုန်ဆုံးခဲ့သည်။ ဤကျင့်ကြံနည်းတွင် ရေရှည်ဆိုးကျိုးများ ရှိမရှိ လုချန်း မသိပေ။ သို့သော် လက်ရှိတွင်တော့ ဤစုံတွဲကျင့်စဉ်သည် သူ၏ကျင့်ကြံမှုအဆင့်ကို လျင်မြန်စွာ မြှင့်တင်ပေးနေသည်။
……..
လပေါင်းများစွာ ကြာပြီးနောက်။
ပိုင်ချင်းချင်း၏ အဆောင်။
ပိုင်ချင်းချင်းသည် အိပ်ရာပေါ်တွင် ငြိမ်သက်စွာ လဲလျောင်းနေပြီး ကလေးမွေးဖွားရန် စောင့်ဆိုင်းနေသည်။ သူမသည် ငယ်စဉ်ကတည်းက လေ့ကျင့်ပေးခံခဲ့ရသော အရိပ်ကိုယ်ရံတော်တစ်ဦး ဖြစ်သည်။
သူမသည် ဆွမ်ဧကရာဇ်၏ အသုံးချခံ ကိရိယာတစ်ခုလည်း ဖြစ်ခဲ့၏။ တစ်နေ့တွင် ချစ်သူတစ်ဦး ရရှိကာ မိမိခင်ပွန်းအတွက် ကလေးမွေးဖွားပေးရလိမ့်မည်ဟု သူမ ဘယ်တုန်းကမှ မတွေးထင်ခဲ့ဖူးပေ။
ထိုစဉ် ပုံရိပ်တစ်ခုသည် အိပ်ရာဘေးတွင် တိတ်ဆိတ်စွာ ပေါ်လာသည်။ အခန်းထဲတွင် စောင့်ဆိုင်းနေသော ဝမ်းဆွဲသည်များနှင့် အစေခံမိန်းကလေးများက အလျင်အမြန် ဒူးထောက်ကာ ဂါရဝပြုလိုက်ကြသည်။
“ မင်းကြီးကို ဂါရဝပြုပါတယ်။ မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ။”
လုချန်းက အသိအမှတ်ပြုသလို ချောင်းတစ်ချက်ဟန့်ကာ
“ထကြ”
ထို့နောက် လုချန်း အိပ်ရာဘေးတွင် ထိုင်လိုက်သည်။ သူက ပြုံးကာ ပိုင်ချင်းချင်း၏ လက်ကို ကိုင်ပြီး
“ပိုင်။ မင်း မိခင်တစ်ယောက် ဖြစ်တော့မှာဆိုတော့ ပျော်ရဲ့လား။”
ပိုင်ချင်းချင်းက မျက်နှာ အေးစက်စက်ဖြင့် “မင်းကြီး။ ကျွန်မ ပျော်ပါတယ်”
ပိုင်ချင်းချင်း၏ အမူအရာကို မြင်သောအခါ လုချန်းသည် နောက်တစ်ကြိမ် ရယ်မောလိုက်သည်။ ပိုင်ချင်းချင်းသည် အမြဲတမ်းလိုလို ဒီပုံအတိုင်း တသမတ်တည်း ရှိနေတတ်သည်။
ပိုင်ချင်းချင်း ထိုသို့ဖြစ်သည်က အံ့ဩစရာတော့ မဟုတ်ပေ။ ငယ်စဉ်ကတည်းက ခံစားချက်မရှိသော ကိရိယာတစ်ခုအဖြစ် လေ့ကျင့်ပေးခံခဲ့ရသောကြောင့် ဖြစ်သည်။ လုချန်း၏ မိဖုရား ဖြစ်လာပြီးနောက်တွင်ပင် သူမသည် ရင်းနှီးသည့် အခိုက်အတန့်များတွင် ရှက်ရွံ့တတ်သည်မှလွဲ၍ အခြားသော အမူအရာများကို ရှားရှားပါးပါးသာ ပြသတတ်သည်။
လုချန်းက သူ၏ အခြားလက်တစ်ဖက်ကို မြှောက်ကာ ပိုင်ချင်းချင်း၏ မျက်နှာကို ညင်သာစွာ ပွတ်သပ်လိုက်သည်။ သူမက အလိုအလျောက် သူမ၏လက်ကို မြှောက်ကာ ပါးပြင်ကို ပွတ်သပ်နေသော လုချန်း၏လက်ကို ကိုင်လိုက်သည်။ ထို့နောက် လုချန်းနှင့် မျက်လုံးချင်းဆုံလိုက်သည်။
“မင်းကြီးကို ကျေးဇူးတင်ပါတယ်”
ပိုင်ချင်းချင်း၏ ကျေးဇူးတင်စကားကို ကြားသောအခါ လုချန်းသည် အနည်းငယ် အံ့အားသင့်သွားသည်။ ထိုစဉ် ပိုင်ချင်းချင်း၏ နှုတ်ခမ်းများ အနည်းငယ် ကွေးတက်သွား၏။ သူမ၏ မျက်လုံးများ ညင်သာစွာ မှိတ်သွားပြီး နူးညံ့သော အပြုံးတစ်ခုကို ပြသလိုက်သည်။
ပိုင်ချင်းချင်း၏ အပြုံးသည် နွေဦးလေပြေကဲ့သို့ အလွန် နှစ်သိမ့်ဖွယ်ကောင်းသည်။
လုချန်းလည်း ခဏခန့် မှင်တက်သွားသည်။ ထိုရေခဲတမျှအေးစက်သော အလှမယ်၏ အပြုံးကို သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။
လုချန်း စကားပြောတော့မည် အပြုတွင် ပိုင်ချင်းချင်း ရုတ်တရက် မျက်ခုံးတွန့်သွားသည်။ ဖြစ်ပျက်နေသည့်အရာကို လုချန်း ချက်ချင်း သဘောပေါက်ကာ ပိုင်ချင်းချင်းထံသို့ အသက်ဓာတ်စွမ်းအင်များ ချက်ချင်း ပို့လွှတ်လိုက်သည်။