← Chapters

ဒေါ်လေးရှေ့မှာ အဲ့ဒီမှန်ကို မသုံးသင့်ဘူး

Vol. 65 Ch. 973

ဒေါ်လေးရှေ့မှာ အဲ့ဒီမှန်ကို မသုံးသင့်ဘူး

Vol. 65 Ch. 973

လေထဲတွင် ပျံဝဲနေသော အချိန်နှင့်နေရာ ကြည့်မှန်ကို မြင်ရင်း ထိုရတနာပစ္စည်းကို အသုံးပြုကာ သန့်ရှင်းသော နဂါးနက် နယ်မြေမှ လက်အောက်ခံများနှင့် ဆက်သွယ်ရန် လုချန်း မစောင့်နိုင်တော့ပေ။

ချက်ချင်းပင် အချိန်နှင့်နေရာ ကြည့်မှန်ထဲသို့ သူ၏ စိတ်ဝိညာဉ်စွမ်းအားများ ဆက်တိုက်ထည့်သွင်းလိုက်၏။ ထိုမှန်သည် အစွမ်းထက်သော လုပ်ဆောင်ချက်များ ရှိသော်လည်း အသုံးပြုနိုင်ရန် အနည်းငယ် အားစိုက်ရသည်။

၎င်းသည် ရတနာပစ္စည်းတစ်ခု ဖြစ်သည့်အလျောက် ကြီးမားသော စိတ်ဝိညာဉ်စွမ်းအား ပမာဏ လိုအပ်သည်။ ထို့ကြောင့် အချိန်နှင့်နေရာ ကြည့်မှန်ကို အသုံးပြုလိုက်ရာ လုချန်း၏ အားအင်များကုန်ခမ်းလုနီးပါး ဖြစ်သွား၏။

လုချန်း၏ကိုယ်ထဲမှ စိတ်ဝိညာဉ်စွမ်းအား ကုန်ခမ်းလုနီးပါး ဖြစ်နေချိန်တွင် ကံကောင်း‌ ထောက်မစွာဖြင့် အချိန်နှင့်နေရာ ကြည့်မှန်က ထျန်းယွမ်ကမ္ဘာကို ရှာတွေ့သွားသည်။ ထို့နောက် ၎င်းက သန့်ရှင်းသော နဂါးနက် နယ်မြေ၏ မြင်ကွင်းကို ထုတ်လွှင့်ပြသလိုက်၏။

……….

ထိုအခိုက်အတန့်၌။

သန့်ရှင်းသော နဂါးနက် နယ်မြေ။

ခန်းမဆောင်အတွင်း၌ ယင်ကျန်းယဲ့သည် အကြီးအကဲတစ်ဦးထံမှ အစီရင်ခံချက်ကို နားထောင်နေသည်။

လုယန်ဟွာသည် လျှို့ဝှက်လဝန်း နန်းတော်သို့ လူများစေလွှတ်ခဲ့ကြောင်း အကြီးအကဲက အစီရင်ခံနေခြင်းဖြစ်သည်။ သူက နန်းတော်သခင်အား ထျန်းချန်ကမ္ဘာ၏ ကြယ်တာရာမြေပုံ တည်နေရာအမှတ်အသားများကို ပေးအပ်ရန် တောင်းဆိုခဲ့သည်။ ထိုစကားကို ကြားသောအခါ ယင်ကျန်းယဲ့ အတွေးနက်ထဲသို့ ကျရောက်သွားသည်။

လုယန်ဟွာနှင့် လုချန်းကြားမှ ဆက်ဆံရေးကို သူတို့ မသိပေ။ သို့သော် ဤလုယန်ဟွာက နတ်ဝိညာဉ်ခန္ဓာတစ်ခုတည်းကိုသာ ပစ်မှတ်ထားနေခြင်း မဟုတ်ဟု သူ အမြဲခံစားနေရသည်။

လုယန်ဟွာသည် ထျန်းယွမ်ကမ္ဘာတွင် ရှိနေစဥ်အတွင်း မယုံနိုင်လောက်အောင် လျင်မြန်စွာ အင်မားကြီးမားလာခဲ့သည်။ နှစ်တစ်ရာမပြည့်မီပင် သူသည် အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာခဲ့၏။

သန့်ရှင်းသော နဂါးနက် နယ်မြေသည်

ထျန်းယွမ်ကမ္ဘာရှိ အခြားအင်အားစုများနှင့် မတူပေ။ သူတို့သည် သူတို့၏ကမ္ဘာအပြင်မှ ကမ္ဘာများအကြောင်း အနည်းငယ်သာ သိထားကြ၏။ ထို့ကြောင့် လုယန်ဟွာ၏ တိကျသော ဇစ်မြစ်ကို သူတို့ မသိသော်လည်း သူ အင်ပါယာ နိုင်ငံတော်တစ်ခုခုမှ လာတာဖြစ်နိုင်ကြောင်းတော့ သူတို့ ခန့်မှန်းနိုင်ကြသည်။

သူတို့၏သခင်လည်း အင်ပါယာ နိုင်ငံတော်တစ်ခုမှ လာသည်ကို ယင်ကျန်းယဲ့ ကောင်းစွာသိသည်။ ထို့ပြင် သူတို့နှစ်ဦးစလုံးတွင် ‘လု’ ဟူသော မျိုးရိုးနာမည် ရှိ၏။ ဤအချက်များက လုယန်ဟွာသည် သူတို့၏သခင်နှင့် ဆက်စပ်မှုရှိနိုင်သည်ဟု ညွှန်ပြနေသည်။

လုယန်ဟွာကဲ့သို့ အလွန်အင်အားကြီးသော ပုဂ္ဂိုလ်တစ်ဦးက ထျန်းချန်ကမ္ဘာ၏ တည်နေရာကို သိရှိသွားပါက လုချန်းအတွက် ဒုက္ခများ ယူဆောင်လာမည် မဟုတ်ပါလား။

ယင်ကျန်းယဲ့ အတွေးနက်နေစဥ် ရုတ်တရက် သူ့အား တစ်စုံတစ်ယောက်က စောင့်ကြည့်နေသကဲ့သို့ ခံစားလိုက်ရသည်။ ထိုခံစားချက်က သူ့အတွက် အလွန်ရင်းနှီးသော်လည်း ချက်ချင်းပင် သတိထားလိုက်သည်။

“ဘယ်သူလဲ။”

နောက်တစ်ခဏတွင် ခန်းမဆောင်ကြီးအတွင်း၌ ပုံရိပ်တစ်ခု ပေါ်လာ၏။ ထိုပုံရိပ်သည် အနည်းငယ် ဝေဝါးနေသည်။ သို့သော် တစ်ချက်ကြည့်ရုံဖြင့် လုချန်းမှန်း ယင်ကျန်းယဲ့သည် သိလိုက်သည်။

လုချန်းဖြစ်နေသည်ကို မြင်သောအခါ ယင်ကျန်းယဲ့ အလွန်ဝမ်းသာသွား၏။ သူ၏ စိတ်ကို တည်ငြိမ်အောင် ပြန်ထိန်းပြီးနောက် ကြမ်းပေါ်တွင် စိတ်အထက်သန်စွာ ဒူးထောက်လိုက်သည်။ ခန်းမဆောင်ထဲမှ အကြီးအကဲများနှင့် အခြားသူများလည်း တညီတညွတ်တည်း ဒူးထောက်လိုက်ကြ၏။

“သခင်ကြီး ပြန်ကြွလာတာကို ကြိုဆိုပါတယ်။”

လုချန်းက ခပ်အေးအေးပင်

“ထကြပါ”

လူတိုင်း မတ်တပ်ရပ်ပြီးနောက် ယင်ကျန်းယဲ့က စိတ်လှုပ်ရှားစွာဖြင့်

“သခင်ကြီး နောက်ဆုံးတော့ ပြန်လာခဲ့ပြီပဲ။ ကျွန်တော်တို့ သခင်ကြီးကို နှစ်တစ်ထောင်ကျော် ရှာဖွေခဲ့ကြတာပါ။”

ထိုစကားများကို ကြားသောအခါ လုချန်း မှင်တက်သွား၏။ သူ၏အမြင်တွင် သန့်ရှင်းသော နဂါးနက် နယ်မြေသည် စနစ်က ဆုချီးမြှင့်ခဲ့သော အင်အားစုတစ်ခုသာ ဖြစ်သည်။ သူနှင့် အထူးဆက်ဆံရေးတစ်ခုခု ရှိလိမ့်မည်ဟု သူ မသိခဲ့ပေ။

လုချန်းက လည်ချောင်းရှင်းလိုက်ပြီးနောက်

“ကျွန်တော်ကအခု ထျန်းချန်ကမ္ဘာရဲ့ ဧကရာဇ်ဖြစ်နေပြီ။ ခင်ဗျားတို့ကို ရတနာပစ္စည်း တစ်ခုကနေတစ်ဆင့် စကားပြောနေတာ။ အချိန်က သိပ်မရှိတော့ စကားတွေ အများကြီး မပြောတော့ဘူး။”

“ခင်ဗျားတို့ ထျန်းချန်ကမ္ဘာရဲ့ တည်နေရာကို အမြန်ရှာပြီး အဲ့ဒီကို လူလွှတ်ရမယ်။”

ယင်ကျန်းယဲ့က ချက်ချင်းပင် ပြန်ဖြေသည်။ “သခင်ကြီး။ ထျန်းချန်ကမ္ဘာနဲ့ ပတ်သက်တဲ့ သတင်းတွေ ကျွန်တော်တို့ ရထားပြီးပါပြီ။ လျှို့ဝှက်လဝန်း နန်းတော်ရဲ့ တပည့်တွေက ထျန်းချန်ကမ္ဘာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ လျှို့ဝှက်လဝန်းနန်းတော်က ကြယ်တာရာမြေပုံကို ပေးဖို့ သဘောတူလိုက်တာနဲ့ ကျွန်တော်တို့ မကြာခင်မှာပဲ ထျန်းချန်ကမ္ဘာကို လူလွှတ်နိုင်မှာပါ။”

ယင်ကျန်းယဲ့က လျှို့ဝှက်လဝန်းနန်းတော်အကြောင်း ပြောသည်ကို ကြားသောအခါ လုချန်း ယွမ်ရှန်ရှန်ကို ချက်ချင်းတွေးမိလိုက်၏။ လျှို့ဝှက်လဝန်းနန်းတော်သည် ထျန်းချန်ကမ္ဘာကို ရှာဖွေရန် လူများစေလွှတ်ခဲ့သည်မှာ မှန်သည်။ သို့သော် သူတို့သည် ပြဿနာအချို့နှင့် ကြုံတွေ့ခဲ့ရသောကြောင့် ထျန်းချန်ကမ္ဘာသို့ မဝင်ရောက်နိုင်ခဲ့ခြင်း ဖြစ်နိုင်သည်။

သို့သော် လျှို့ဝှက်လဝန်းနန်းတော်မှ လူများက ထျန်းချန်ကမ္ဘာကို ရှာဖွေတွေ့ရှိခဲ့ပြီးဖြစ်သောကြောင့် ထျန်းချန်ကမ္ဘာသည် လျှို့ဝှက်လဝန်းနန်းတော်နှင့် ရင်ဆိုင်ရရန် မကြာတော့ပေ။

ထျန်းချန်ကမ္ဘာသို့ ရောက်ရှိလာမည့်

လျှို့ဝှက်လဝန်းနန်းတော် တပည့် ပထမအသုတ် မည်မျှအင်အားကြီးမည်ကိုလည်း လုချန်း မသေချာပေ။ အကယ်၍ သူတို့သာ အလွန်အင်အားကြီးပါက နတ်လှေဖြင့် ထျန်းချန်ကမ္ဘာမှ ထွက်ပြေးရမည့် အခြေအနေ ဆိုက်ရောက်လာမည်ကို သူ စိုးရိမ်နေသည်။

ထိုသို့တွေးလျက် လုချန်းက

“လျှို့ဝှက်လဝန်းနန်းတော်က လူတွေ ထျန်းချန်ကမ္ဘာကို ရောက်လာဖို့ ဘယ်လောက်ကြာမလဲဆိုတာ ချက်ချင်းစုံစမ်းပါ။ ပြီးတော့

ထျန်းချန်ကမ္ဘာကို ရှာဖွေတွေ့ရှိခဲ့တဲ့ ပထမအသုတ်တပည့်တွေရဲ့ အင်အားက ဘယ်လောက်ရှိလဲဆိုတာပါ စုံစမ်းပါ။”

ယင်ကျန်းယဲ့က ဦးညွှတ်လျက်

“ဟုတ်ကဲ့ပါ သခင်ကြီး။”

ခဏစဉ်းစားပြီးနောက် လုချန်းက

“လုယန်ဟွာရဲ့ လှုပ်ရှားမှုတွေအကြောင်း ခင်ဗျားတို့ ဘာသိလဲ။”

ထိုမေးခွန်းကြောင့် ယင်ကျန်းယဲ့၏ နှလုံးခုန်သံ တစ်ချက်ရပ်သွား၏။ လုယန်ဟွာနှင့် သူတို့၏သခင်ကြားတွင် ဆက်ဆံရေးတစ်ခုခု ရှိမရှိ သူတို့ ခန့်မှန်းနေခဲ့ကြသည်။ လုယန်ဟွာက သူတို့၏သခင်ကို ဒုက္ခပေးမည်ကိုလည်း အနည်းငယ် စိုးရိမ်နေခဲ့ကြ၏။

ယခုအခါ သူတို့၏သခင်က ဤလူအကြောင်း တိုက်ရိုက်မေးမြန်းလာသည်။ ဤသည်က သူတို့၏သခင်နှင့် လုယန်ဟွာ အမှန်တကယ် ဆက်စပ်မှုရှိသည်ကို အတည်ပြုလိုက်သကဲ့သို့ ဖြစ်သွားသည်။ သို့သော် ထိုဆက်ဆံရေးသည် မိတ်ဆွေလား ရန်သူလား ဆိုတာကတော့ မသေချာပေ။

ယင်ကျန်းယဲ့က ချက်ချင်းပင်

“သခင်ကြီး။ ကျွန်တော်တို့ လုယန်ဟွာနဲ့ ပတ်သက်တဲ့ သတင်းအချို့ မကြာသေးခင်က ရထားပါတယ်။ သူက လျှို့ဝှက်လဝန်းနန်းတော် ထျန်းချန်ကမ္ဘာရဲ့ တည်နေရာ သိထားတာကို ကြားပြီး လျှို့ဝှက်လဝန်းနန်းတော်ကို အဲ့ဒီတည်နေရာ ပေးအပ်ဖို့ အတင်းအကျပ် ဖိအားပေးခဲ့ပါတယ်”

ယင်ကျန်းယဲ့၏ စကားကို ကြားသောအခါ လုချန်း မျက်မှောင်ကြုတ်လိုက်၏။ လုယန်ဟွာက ယွမ်ရှန်ရှန်ကို ပစ်မှတ်ထားနေသလား သူ မသေချာပေ။ သို့မဟုတ် လုယန်ဟွာက သူ ထျန်းချန်ကမ္ဘာတွင် ရှိနေသည်ကို သိနှင့်ပြီးဖြစ်၍ သူ့ကို ဒုက္ခပေးရန် တစ်စုံတစ်ယောက်ကို စေလွှတ်လိုနေတာလား။

ဒါက သူ့အတွက် လုံးဝသတင်းကောင်း မဟုတ်ပေ။ လုချန်း မျက်မှောင်ကြုတ်လျက် စကားမပြောပဲ နေသည်ကို မြင်သောအခါ လုယန်ဟွာနှင့် လုချန်းတို့ကြားမှ ဆက်ဆံရေးမှာ ရန်ဘက်ဖြစ်ကြောင်း ယင်ကျန်းယဲ့ သိလိုက်သည်။

ယင်ကျန်းယဲ့က ချက်ချင်းပင်

“သခင်ကြီး။ ကျွန်တော်တို့ လုယန်ဟွာကို တားဆီးဖို့ နည်းလမ်းတစ်ခု ရှာရပါမယ်။ သူ့ကို…”

ယင်ကျန်းယဲ့ စကားမဆုံးမီမှာပင် လုချန်းက ဖြတ်ပြောလိုက်သည်။

“မလိုပါဘူး။ လုယန်ဟွာက ဧကရာဇ်ကြီးတစ်ပါးရဲ့ သားတော်ဖြစ်ပြီး အာဏာအများကြီးကို ထိန်းချုပ်ထားတယ်။ သန့်ရှင်းသော နဂါးနက် နယ်မြေက ကိုယ့်အင်အားကို ထိန်းသိမ်းဖို့ ဦးစားပေးသင့်တယ်။ မလွဲမရှောင်သာ အခြေအနေမျိုး မဟုတ်ရင် လုယန်ဟွာနဲ့ ပဋိပက္ခဖြစ်တာကို ရှောင်သင့်တယ်။”

သန့်ရှင်းသော နဂါးနက် နယ်မြေသည် စနစ်က လုချန်းအား ပေးအပ်ခဲ့သော အင်အားစုတစ်ခု ဖြစ်သည်။ သူကိုယ်တိုင် အသုံးမပြုမီမှာပင် လုယန်ဟွာကဲ့သို့ ဧကရာဇ်ကြီးတစ်ပါး၏ သားတော်ကြောင့် ပျက်စီးသွားမည်ကို သူ အလိုမရှိပေ။

လုချန်း၏ စကားကို ကြားသောအခါ ယင်ကျန်းယဲ့က ချက်ချင်းပင်

“ဟုတ်ကဲ့။ ကျွန်တော် နားလည်ပါတယ်။”

လုချန်းက

“စကားမစပ်။ လုယန်ဟွာက အခု ထျန်းယွမ်ကမ္ဘာမှာပဲ ရှိသေးလား။”

ယင်ကျန်းယဲ့က

“လုယန်ဟွာက နတ်ဘုရားပြောင်းလဲခြင်းနယ်ပယ်အဆင့်ကို ရောက်သွားပြီးနောက်ပိုင်း ထျန်းယွမ်ကမ္ဘာက ထွက်ခွာသွားခဲ့ပါတယ်။ ဒါပေမဲ့ သူက ဒီနေရာမှာ ရှန်ဝူမင်းဆက်ကို တည်ထောင်ခဲ့ပါတယ်။ အခု ထျန်းယွမ်ကမ္ဘာရဲ့ အာဏာအားလုံးက ရှန်ဝူမင်းဆက်ရဲ့ စီမံခန့်ခွဲမှုအောက်မှာ ရှိနေပါတယ်။”

လုယန်ဟွာ ချန်ယွမ်ကမ္ဘာသို့ ပြန်သွားပုံရသည်ဟု လုချန်း စိတ်ထဲတွင် တွေးလိုက်၏။ ဒါက လုံးဝသတင်းကောင်း မဟုတ်ပေ။

လုယန်ဟွာသည် မဟာ ဧကရာဇ်ကြီးတစ်ပါး၏ သားတော် ဖြစ်သည်။ သူ ချန်ယွမ်ကမ္ဘာ ပြန်သွားခြင်းက ပိုမိုများပြားသော အရင်းအမြစ်များကို စုစည်းနိုင်သည်ဟု ဆိုလိုသည်။ အကယ်၍ သူသာ လုချန်းကို ဒုက္ခပေးရန် အမှန်တကယ် ရည်ရွယ်ပါက အင်အားကြီးသော တပ်ဖွဲ့တစ်ခုကို စေလွှတ်လိုက်နိုင်၏။ ထိုတပ်ဖွဲ့သည် လုချန်းတစ်ယောက်တည်း ဖြေရှင်းနိုင်သည်ထက် ပိုနေပေလိမ့်မည်။

မဟုတ်ပါ။ ထိုင်စောင့်နေပြီး ပျက်စီးခြင်းကို စောင့်မျှော်နေ၍ မဖြစ်ပေ။ ယင်ကျန်းယဲ့ကို ထျန်းချန်ကမ္ဘာသို့ တစ်စုံတစ်ယောက်အား အရေးပေါ် စေလွှတ်ခိုင်းရန် အချိန်တန်ပြီဖြစ်သည်။

လုချန်းက

“လုယန်ဟွာရဲ့လူတွေ မရောက်ခင် ထျန်းချန်ကမ္ဘာကို တစ်ယောက်ယောက် လွှတ်ဖို့ နည်းလမ်းရှာပါ။”

ယင်ကျန်းယဲ့က

“အမိန့်အတိုင်းပါ သခင်ကြီး”

လုချန်းက

“နောက်ပြီး ကျွန်တော်က မင်းဆက်တစ်ခု တည်ထောင်ထားပြီ။ ဒါကြောင့် ဒီနေ့ကစပြီး ကျွန်တော့်ကို သခင်ကြီးလို့ မခေါ်သင့်တော့ဘူး။”

ယင်ကျန်းယဲ့လည်း လုချန်း၏ ရည်ရွယ်ချက်ကို ချက်ချင်းနားလည်သွားပြီး

“ဟုတ်ကဲ့ပါ မင်းကြီး”

ဟု ပြင်ပြောလိုက်သည်။

ယင်ကျန်းယဲ့နှင့် အခြားသူများ၏ အမြင်တွင် သူတို့၏သခင်ကဲ့သို့ အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ဦးသည် သာမန်မင်းဆက်တစ်ခု တည်ထောင်ရုံဖြင့် ကျေနပ်နေမည် မဟုတ်ပေ။

သူတို့သခင် မင်းဆက်တည်ထောင်ရခြင်း၏ ရည်မှန်းချက်မှာ စကြာဝဠာ အင်ပါယာတစ်ခု တည်ထောင်ရန် ဖြစ်နိုင်သည်။ သို့သော် တဖြည်းဖြည်း လူထူထပ်လာသော ဤစကြဝဠာတွင် အင်ပါယာတစ်ခု တည်ထောင်ခြင်းသည် ကြီးမားသော စိန်ခေါ်မှုတစ်ခု ဖြစ်သည်။

ထိုသို့ပြုလုပ်ပါက အခြားအင်ပါယာနိုင်ငံတော်များ၏ ဝိုင်းရံတိုက်ခိုက်မှုကို ရင်ဆိုင်ရပေမည်။ ထို့ကြောင့် အသစ်တည်ထောင်သော အင်ပါယာတစ်ခုသည် မိမိကိုယ်ကို ဖျက်ဆီးလိုခြင်းမရှိပါက အစကတည်းက ထိုသို့ ကြေညာ၍ မရပေ။

ထိုအခိုက်တွင် လုချန်း၏ ပုံရိပ် တုန်ခါလာ၏။ လုချန်း၏ ကိုယ်ထဲမှ စိတ်ဝိညာဉ်စွမ်းအားလည်း ကုန်ခမ်းလုနီးပါး ဖြစ်နေသည်။ သူက အမြန်ပင်

“ကျွန်တော့်ရဲ့ စိတ်ဝိညာဉ်စွမ်းအားက ကုန်တော့မယ်။ ဒီနေ့အတွက် ဒီမှာပဲ ရပ်ရတော့မယ်… ဒီလောက်ပဲ…”

လုချန်း စကားမဆုံးမီမှာပင် သူ၏ပုံရိပ် ထိုနေရာတွင် ပျောက်ကွယ်သွားသည်။

ခန်းမဆောင်ကြီးထဲမှ လုချန်း ပျောက်ကွယ်သွားကို မြင်သောအခါ ယင်ကျန်းယဲ့နှင့် အကြီးအကဲအနည်းငယ်တို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြ၏။ သတိပြန်ဝင်လာသောအခါ ယင်ကျန်းယဲ့က ချက်ချင်းပင်

“ကျုပ်တို့ ဒီလိုမျိုး ထိုင်စောင့်နေလို့မဖြစ်ဘူး။ ကျုပ်ကိုယ်တိုင် လျှို့ဝှက်လဝန်းနန်းတော်ကို သွားပြီး နန်းတော်သခင်ဆီကနေ ထျန်းချန်ကမ္ဘာရဲ့ တည်နေရာကို တောင်းရမယ်။”

သူတို့ ဆက်လက်စောင့်ဆိုင်းနေပါက လုယန်ဟွာစေလွှတ်လိုက်သော လူများ သူတို့ထက်စော၍ ထျန်းချန်ကမ္ဘာသို့ ရောက်ရှိသွားဖွယ်ရှိ၏။ ထိုအရာက သူတို့၏သခင်အတွက် အလွန်အန္တရာယ်များသည်။ သူတို့သခင်ကို ကာကွယ်ရန် တစ်စုံတစ်ယောက်ကို အမြန်စေလွှတ်ရပေမည်။

ဤသို့တွေးလျက် ယင်ကျန်းယဲ့ ခန်းမဆောင်ကြီးထဲမှ ထွက်ခွာသွား၏။ အစပိုင်းတွင် လျှို့ဝှက်လဝန်းနန်းတော်၏ သခင်နှင့် တွေ့ဆုံရန် တရားဝင်တောင်းဆိုချက်တစ်ခု ပေးပို့ခဲ့ပြီးဖြစ်သည်။

သို့သော် လျှို့ဝှက်လဝန်းနန်းတော် သခင်က ငြင်းပယ်ခြင်း၊ သဘောတူခြင်းမရှိပဲ ဘာမှ မတုံ့ပြန်သေးပေ။

……..

ချူးယုချင်သည် ကုတင်ပေါ်တွင် လဲလျောင်းရင်း လုချန်း မှန်ကို ပြောခဲ့သမျှကို ကြားပြီး

မှင်တက်နေသည်။

မည်သို့ပင်ဆိုစေကာမူ သူမသည် ရှန်ဝူ မိဖုရားခေါင်၏ ကိုယ်ပွားဖြစ်ပြီး သူမ၏ မှတ်ဉာဏ်အများစုကို ပိုင်ဆိုင်ထားသည်။ ထို့ကြောင့် ထိုမှန်သည် သာမန်မဟုတ်ကြောင်းကို သူမ ကောင်းစွားသိမြင်နိုင်ပေသည်။

သို့သော် ထိုကဲ့သို့သော မှန်တစ်ချပ် စမ်းသပ်ကမ္ဘာတစ်ခုတွင် အဘယ်ကြောင့် ပေါ်လာသည်ကို သူမ နားမလည်နိုင်ပေ။ ထို့ပြင် လုချန်း၏ ကျင့်ကြံခြင်းအရင်းအမြစ်များ၌ ဤမှန်ပါဝင်နေပါက သူမ၏ ပင်မကိုယ်က ကိုယ်ပွားကို ဤကမ္ဘာသို့ လာခိုင်းမည် မဟုတ်ပေ။

အခြားကမ္ဘာများနှင့် ဆက်သွယ်နိုင်သော မှန်တစ်ချပ်သည် ကောင်းကင်အဆင့်ထက်ပင် ကျော်လွန်သော ရတနာပစ္စည်းတစ်ခုဟု မှတ်ယူရမည် ဖြစ်၏။ ထိုကဲ့သို့ တန်ဖိုးကြီးသော ရတနာပစ္စည်းကို လုချန်း တစ်နေရာရာမှ ရရှိခဲ့ခြင်း ဖြစ်ရမည်။

လုချန်းလည်း သတိပြန်ဝင်လာပြီး အချိန်နှင့်နေရာ ကြည့်မှန်ကို သိမ်းဆည်းလိုက်၏။ သူက ချူးယုချင်ကို ပြုံးပြလိုက်ပြီး

“ဒေါ်လေးချူးကို ခုနက လျစ်လျူရှုမိသွားလို့ တောင်းပန်ပါတယ်”

ထိုစကားကို ကြားသောအခါ ချူးယုချင် ညင်သာစွာ သက်ပြင်းချလိုက်ပြီး

“ချန်းလေး။ မင်း ဒေါ်လေးရှေ့မှာ အဲ့ဒီမှန်ကို မသုံးသင့်ဘူး။”

“ဒေါ်လေးရဲ့ပင်မကိုယ်က အဆက်အသွယ်အားလုံးကို ဖြတ်တောက်ပြီး ကံကြမ္မာကိုပါ ဖြတ်တောက်ခဲ့ပေမဲ့ သူက ဒေါ်လေးရဲ့ ခန္ဓာကိုယ်နဲ့ ပေါင်းစည်းနိုင်သေးတယ်။”

“တစ်နေ့နေ့မှာ ဒေါ်လေး သူ့လက်ထဲကို ကျရောက်သွားပြီး သူက အတင်းအကျပ် ပြန်ပေါင်းစည်းပြီး ဒေါ်လေးရဲ့မှတ်ဉာဏ်အားလုံးကို ရယူနိုင်သေးတယ်။ အဲ့ဒီအခါကျရင် မင်းလက်ထဲမှာ အဲ့လိုအရာတစ်ခု ရှိနေတယ်ဆိုတာကို သူ သိသွားလိမ့်မယ်။”

လုချန်းက ပြုံးလျက်

“သူက ဒေါ်လေးနဲ့ ပေါင်းစည်းဖို့ဆိုရင် ဒေါ်လေးရဲ့ အနားကို လာရမှာ မဟုတ်လား။ ဒါပေမဲ့ အခုချိန်မှာ သူ့အတွက် ချန်ယွမ်ကမ္ဘာကနေ ထွက်ခွာဖို့က လွယ်မှာမဟုတ်ဘူး”

ချူးယုချင်က

“သူက လူလွှတ်ပြီး ဒေါ်လေးကို ပြန်ဖမ်းခေါ်သွားလို့လည်း ရတာပဲ။”

လုချန်းက

“သူသာ ဒေါ်လေးကို တကယ်ဖမ်းပြီး ပြန်ခေါ်သွားချင်ရင် ကံကြမ္မာကို ဖြတ်တောက်မှာ မဟုတ်ဘူး။ သူ့အမြင်မှာ ကိုယ်ပွားဖြစ်တဲ့ ဒေါ်လေးက ဘာတန်ဖိုးမှ မရှိတော့ဘူး”

လုချန်း၏ စကားကို ကြားသောအခါ ချူးယုချင် ထိုအကြောင်းအရာကို ဆက်မပြောတော့ပေ။ ထိုအခိုက်တွင် လုချန်းက ချူးယုချင်၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ပြီး စိုးရိမ်တကြီးဖြင့်

“ဒေါ်လေးချူး အခု ဘယ်လိုနေသေးလဲ။”

All Chapters