← Chapters

တာအိုလက်တွဲဖော်များ အပြန်အလှန်ဖြည့်တင်းခြင်း၊ နှစ်ဝက်ကြာကျင့်ကြံပြီးနောက် သက်တမ်းတိုးခြင်း။

Vol. 7 Ch. 91

တာအိုလက်တွဲဖော်များ အပြန်အလှန်ဖြည့်တင်းခြင်း၊ နှစ်ဝက်ကြာကျင့်ကြံပြီးနောက် သက်တမ်းတိုးခြင်း။

Vol. 7 Ch. 91

နှစ်ဝက်ကြာပြီးနောက်။

တစ္ဆေမိစ္ဆာဂိုဏ်းမှ ကျင့်ကြံသူတစ်စု သေဆုံးသွားသောအခါ ကျန်ရှိနေသော သူလျှိုများမှာ သိသိသာသာ ငြိမ်သက်သွားခဲ့သည်။

အကြောင်းမှာ သူတို့သည်လည်း အင်မော်တယ်ရှားဂိုဏ်းက သူတို့ကို ချောင်းမြောင်းလုပ်ကြံမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။

ယင်းက မီယွင်မြို့အတွက် ယာယီတည်ငြိမ်မှုကို ပေးစွမ်းခဲ့ပြီး ယခင်ကကဲ့သို့ ပရမ်းပတာ မဖြစ်တော့ပေ။

ထို့အတွက်ကြောင့် ကျိုးစွေ့သည် ရိုးရှင်းအေးချမ်းသောဘဝကို ဖြတ်သန်းနိုင်ခဲ့သည်။

ကျင့်ကြံခြင်းနှင့် ဆေးဖော်စပ်ခြင်း၊ ဆေးဖော်စပ်ခြင်းနှင့် ကျင့်ကြံခြင်း။

ထိုကိစ္စရပ်နှစ်ခုဖြင့်ပင် ဘဝက ငြီးငွေ့ဖွယ်စည်းချက်အတိုင်း သွားနေ၏။ သို့သော် ၎င်းမှာ ရိုးရှင်းပြည့်စုံကာ နှစ်သိမ့်ဖွယ်ကောင်းလှသည်။

ထိုအခိုက်အတန့်တွင် ခြံဝင်းအတွင်း၌။

ဖောင်း...

ကျိုးပဲ့သံနှင့်အတူ ကျောက်တုံးတစ်တုံးသည် ကျိုးစွေ့၏လက်ချက်ဖြင့် ချက်ချင်းပင် အစိတ်စိတ်အမွှာမွှာ ကြေမွသွားပြီး သူ၏အားကောင်းသော ခွန်အားကို ပြသနေသည်။

"ယောက်ျား.. ရှင့်ရဲ့ခွန်အားက တကယ်ကို တိုးလာတာပဲ.. ဒီရုပ်ခန္ဓာသန့်စင်ခြင်းပညာရဲ့ အကျိုးသက်ရောက်မှုက အံ့ဩစရာကောင်းချက်ပဲ..."

ရှားကျင်းယန်သည် လှပသောမျက်လုံးလေးများက အပြူးသားဖြစ်ကာ အံ့အားသင့်နေသည်။ မည်သို့ပင်ဖြစ်စေ၊ သူမ့ယောက်ျား၏ခွန်အားသည် ယခင်က ဤမျှမကြီးမားခဲ့ပေ၊ နှစ်ဝက်အတွင်း ဖြစ်ပေါ်လာသောအပြောင်းအလဲမှာ အမှန်တကယ်ပင် မယုံနိုင်စရာဖြစ်သည်။

"ဟားဟား.. ဒါတွေအားလုံးက ရုပ်ခန္ဓာသန့်စင်ခြင်းပညာကြောင့်ပါပဲ.. ပြီးတော့ မင်းတို့ရဲ့ ကာယကြံ့ခိုင်မှုတွေလည်း အများကြီး တိုးတက်လာတယ် မဟုတ်ဘူးလား...”

ကျိုးစွေ့က ဂုဏ်ယူစွာဖြင့် ရယ်မောလိုက်သည်။

ဤနှစ်ဝက်အတွင်း သူ၏ကာယကြံ့ခိုင်မှုမှာ အများဆုံး တိုးတက်ခဲ့သည်။

‘နဂါးဆင်ကူ’၏စွမ်းအားကြောင့် သူသည် တစ်လတစ်ကြိမ် ရုပ်ခန္ဓာကို အားကောင်းစေနိုင်ပြီး၊ နှစ်ဝက်အတွင်း သူ၏ရုပ်ခန္ဓာမှာ ခြောက်ကြိမ်တိုင်တိုင် မြှင့်တင်ခြင်းခံခဲ့ရသည်။

လက်ရှိတွင် သူ၏ခွန်အားမှာ ကီလိုဂရမ်သုံးသောင်းကျော်လွန်နေပြီဖြစ်သည်။

ချီသန့်စင်ခြင်းအထွတ်အထိပ်ရှိ ရုပ်ခန္ဓာကျင့်ကြံသူတစ်ဦးပင်လျှင် ကာယကြံ့ခိုင်မှုသက်သက်ဖြင့် သူ့ကို ယှဉ်နိုင်မည်မဟုတ်ပေ။

ဤအတိုင်းဆက်သွားပါက သူ၏ခန္ဓာကိုယ်သည် သူ၏ကျင့်ကြံမှုထက်စော၍ အခြေတည်အဆင့်ကို စတင်နိုင်ပေလိမ့်မည်။

ဤသည်မှာ ပိုင်ရှင်ဖြစ်သူထံသို့ ကောင်းကင်နှင့်မြေပြင်ပင် တုန်လှုပ်သွားစေနိုင်လောက်သည့် ပြောင်းလဲမှုများကို ယူဆောင်လာပေးသော ‘နဂါးဆင်ကူ’၏စွမ်းအားပင် ဖြစ်၏။

ဇနီးသုံးဦးမှာ ထိုပြာင်းလဲမှုကို အသိဆုံးဖြစ်သည်။

မည်သို့ပင်ဖြစ်စေ၊ ကျိုးစွေ့၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံနှင့် ခွန်အားမှာ ယခင်က သာမန်မျှသာ ဖြစ်သည်။

သို့သော် ယခုမူ သူသည် သူ၏ခန္ဓာကိုယ်ကို ဆယ်စုနှစ်ပေါင်းများစွာ သန့်စင်နေခဲ့သကဲ့သို့ ဖြစ်နေပြီး အပြောင်းအလဲမှာ ကြီးမားလှသည်။

သူတို့သည် ဤယောက်ျား၏ ခွန်အားကို အပြည့်အဝ တွေ့ကြုံခံစားခဲ့ရသည်။

မှန်ပေသည်၊ 'ချစ်ခြင်းမေတ္တာကူ'၏ စွမ်းအားကြောင့် သူတို့သည်လည်း အကျိုးကျေးဇူးအပြည့်အဝ ရရှိခဲ့ကြသည်။

သူတို့သည်လည်း ကျိုးစွေ့ထံမှ လျှို့ဝှက်ဆန်းကြယ်သော သွေးစွမ်းအင်တစ်စွန်းတစ်စကို ရရှိခဲ့ကြသည်။ တိုးတက်မှုအတိုင်းအတာမှာ ကျိုးစွေ့နှင့် မနှိုင်းယှဉ်နိုင်သော်လည်း၊ ၎င်းမှာ သူတို့အတွက် တွေးပင်မကြည့်နိုင်သော အကျိုးကျေးဇူးတစ်ခု ဖြစ်သည်။

သူတို့၏ ကာယကြံ့ခိုင်မှုမှာလည်း သိသိသာသာ တိုးတက်လာပြီး၊ သူတို့၏ခွန်အားမှာ အနည်းဆုံး ကီလိုဂရမ်သုံးထောင် ကျော်လွန်သည်။

သူတို့သည် နူးညံ့သိမ်မွေ့သော အလှပဂေးများဖြစ်သော်လည်း သူတို့၏ခွန်အားမှာ အံ့ဩဖွယ်ကောင်းလှသည်။

သံသယဖြစ်ဖွယ်မရှိ ကျိုးစွေ့၏ ကျင့်ကြံမှုမှာ အဆများစွာ တိုးတက်လာခဲ့သည်။ ယခင်က သူ၏ကြင်ဖော်များက သူ့အား အကူအညီပေးခဲ့သည်။

သို့သော် ယခုအခါ ကျိုးစွေ့က သူ၏ဇနီးသုံးဦးကို ကြီးမားသော အကူအညီများ ပေးစွမ်းခဲ့သည်။

အမှန်တကယ်တွင် ကာယကြံ့ခိုင်မှုတိုးတက်ခြင်းက အနာဂတ် အခြေတည်အဆင့်အတွက် အကျိုးကျေးဇူးများစွာကို ပေးစွမ်းသည်။

အနည်းဆုံးအားဖြင့် သူတို့သည် ချီနှင့်သွေး စမ်းသပ်မှုကို သေချာပေါက် အောင်မြင်ပေလိမ့်မည်။

"ဟုတ်တယ်.. ယောက်ျားနဲ့ တူနှစ်ကိုယ်ကျင့်ကြံခြင်းက ကျွန်မတို့ရဲ့ ကာယကြံ့ခိုင်မှုကိုလည်း တိုးတက်စေတယ်.. ကျွန်မတို့ ခန္ဓာကိုယ်သန့်စင်ခြင်းပညာရပ်ကို မကျင့်ကြံခဲ့ပေမဲ့.. ကျွန်မတို့ခန္ဓာကိုယ်ထဲက ချီနဲ့သွေးက လွန်ခဲ့တဲ့နှစ်ဝက်ထက် အများကြီး ပိုအားကောင်းနေပြီ...”

"ငါတို့သာ ဒီလိုဆက်ပြီး တိုးတက်နေမယ်ဆိုရင် အခြေတည်အဆင့်ရဲ့ ပထမဆုံး အတားအဆီးကို သေချာပေါက် ကျော်ဖြတ်နိုင်မှာပဲ..."

မုဇီယန်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

သူမသည်လည်း သူမ၏ခန္ဓာကိုယ်အတွင်းရှိ ချီနှင့်သွေး၏ သက်ဝင်လှုပ်ရှားမှုကို ခံစားနိုင်သည်။

တူနှစ်ကိုယ်ကျင့်ကြံခြင်း တစ်ကြိမ်စီတွင် ရရှိသော စွမ်းအားမှာ များပြားလှသည်မဟုတ်သော်လည်း အကြိမ်ရေမှာ မြင့်မားသည်။ အချိန်ကြာလာသည်နှင့်အမျှ တိုးတက်မှုအတိုင်းအတာမှာ အမှန်တကယ်ပင် အံ့အားသင့်ဖွယ်ကောင်းလှသည်။

"ယောက်ျား.. ရှင့်ကျင့်ကြံမှုကလည်း ချီသန့်စင်ခြင်းအဆင့်(၈)ကို ရောက်ခါနီးပြီမဟုတ်လား..."

ကျိပင်းယွီက စူးစမ်းစွာ မေးလိုက်သည်။

"ဟုတ်တယ်.. ငါ ချီသန့်စင်ခြင်းအဆင့်(၈)ကို ရောက်ခါနီးနေပြီ..."

ကျိုးစွေ့က ခေါင်းညိတ်လိုက်ပြီး သူ၏အချက်အလက်ပြမျက်နှာပြင်ကို ကြည့်လိုက်သည်။ လွန်ခဲ့သောနှစ်ဝက်နှင့် နှိုင်းယှဉ်ပါက အံ့ဩဖွယ်အပြောင်းအလဲများအား မြင်တွေ့ရပေသည်။

[ ပိုင်ရှင် - ကျိုးစွေ့၊ ကျင့်ကြံမှု - ချီသန့်စင်ခြင်းအဆင့်(၇) (တိုးတက်မှု ၉၉%)၊ သက်တမ်း - ၂၂ (၂၁၀နှစ်) ]

[ ပင်ကိုယ်ပါရမီ - သတ္တမအဆင့်စိတ်ဝိညာဉ်အမြစ် (၇၅%) ]

[ ဓားသိုင်းပညာ - ပထမအဆင့် ထိပ်တန်းအဆင့် (၉၅%) ]

[အဆောင်ပညာ - ပထမအဆင့် ထိပ်တန်းအဆင့် (၉၅%)]

[ အစီအရင်ပညာ - ပထမအဆင့် ထိပ်တန်းအဆင့် (၃၅%) ]

[ ဆေးဖော်စပ်ပညာ - ပထမအဆင့် ထိပ်တန်းအဆင့် (၉၉%) ]

[ နတ်ဆိုးအသွင်ပြောင်းပညာရပ် - အသေးစားအောင်မြင်မှုအဆင့် (၄၅%) ]

[ ဓာတ်ငါးပါး ဆေးဖော်စပ်ပညာရပ် - အသေးစားအောင်မြင်မှုအဆင့် (၄၀%) ]

[ မီးလုံးပညာ - မဟာဆရာသခင်အဆင့် (၃%)၊ လေဓားသွားပညာ - ကျွမ်းကျင်အဆင့်၊ ရွှေအလင်းပညာ - ကျွမ်းကျင်အဆင့်၊ ရေခဲနှင်းပညာ - ကျွမ်းကျင်အဆင့်၊ နွေလေမိုးပညာ - ကျွမ်းကျင်အဆင့်၊ လျှပ်စီးဆင့်ခေါ်ခြင်းပညာ - ကျွမ်းကျင်အဆင့်၊…]

[ 'ချစ်ခြင်းမေတ္တာကူ' - အဆင့်နှစ် အလယ်အလတ်အဆင့်၊ 'ကိုယ်ပွားကူ' - အဆင့်တစ် ထိပ်တန်းအဆင့်၊ 'အရက်ကူ' - အဆင့်တစ် ထိပ်တန်းအဆင့်၊ 'ရွှေစားကူ' - အဆင့်တစ် ထိပ်တန်းအဆင့်၊ 'စာအုပ်ကူ' - အဆင့်တစ် ထိပ်တန်းအဆင့်၊ 'အိပ်မက်ဝိညာဉ်ကူ' - အဆင့်တစ် ထိပ်တန်းအဆင့်၊ 'နဂါးဆင်ကူ' - အဆင့်တစ် အလယ်အလတ်အဆင့်။ ]

နှစ်ဝက်တာကာလအတွင်း ကြိုးစားပမ်းစားကျင့်ကြံခြင်း၊ လက်တွဲဖော်များ၏အကူအညီ၊ ဆေးလုံးများ၏အကူအညီနှင့် နဂါးဆင်ကူ၏အကူအညီတို့ဖြင့် သူ၏ကျင့်ကြံမှုသည် ချီသန့်စင်ခြင်းအဆင့်(၇)၏အထွတ်အထိပ်သို့ နီးကပ်လာခဲ့သည်မှာ သံသယဖြစ်စရာမလိုချေ။ သူသည် ချီသန့်စင်ခြင်းအဆင့်(၈)နှင့် ခြေတစ်လှမ်းအလိုသို့ ရောက်နေပြီဖြစ်သည်။

၎င်းမှာ သူ့အတွက် အကန့်အသတ်ဖြစ်မည်မဟုတ်ဟု ခံစားမိပြီး မကြာမီအချိန်အတွင်း ချိုးဖျက်နိုင်ပေလိမ့်မည်။

မှန်ပေသည်၊ ကျင့်ကြံမှုအပြင် အံ့ဖွယ်အကောင်းဆုံးမှာ သူ၏သက်တမ်း တိုးလာခြင်းဖြစ်၏။

နဂါးဆင်ကူ၏ လစဥ်သန့်စင်ပေးမှုကြောင့် သူ၏သက်တမ်းကန့်သတ်ချက်မှာ သိသိသာသာ တိုးလာခဲ့သည်။

သူသည် ချီသန့်စင်ခြင်းအဆင့်(၇)တွင်သာ ရှိနေသေးရာ၊ ပုံမှန်အားဖြင့် နှစ်၁၅၀ အထိသာ အသက်ရှည်နိုင်သော်လည်း သူ၏သက်တမ်းမှာ နှစ် ၂၁၀ သို့ ရောက်ရှိနေပြီဖြစ်သည်။

ဤသည်မှာ ကြောက်မက်ဖွယ်ကောင်းသော သက်တမ်း ဖြစ်သည်။

သာမန် အခြေတည်အဆင့် ကျင့်ကြံသူများပင်လျှင် အများဆုံး နှစ် ၂၅၀ အထိ အသက်ရှည်သော်လည်း၊ ကျိုးစွေ့မှာမူ နှစ် ၂၁၀ အထိ အသက်ရှည်နေပြီဖြစ်ရာ၊ ၎င်းမှာ ကျင့်ကြံသူများစွာ၏ မနာလိုဝန်တိုခြင်းကို သေချာပေါက် ခံရပေလိမ့်မည်။

ဤသည်မှာ ကျိုးစွေ့၏ ဘဝအဆင့်အတန်းသည် သာမန်လူသားများ၏ ပုံမှန်အဆင့်ကို ကျော်လွန်စပြုနေပြီဖြစ်ကြောင်းကိုလည်း သက်သေပြသည်။

တကယ်တော့ ချီသန့်စင်ခြင်းအဆင့်ရှိ သာမန်သားရဲတစ်ကောင်၏သက်တမ်းသည် ထိုအဆင့်တူ လူသားတစ်ဦးထက် ကျော်လွန်ပြီး၊ ထိုသားရဲများသည် နှစ်ရာပေါင်းများစွာ သို့မဟုတ် ထောင်ပေါင်းများစွာပင် အသက်ရှည်ကြသည်။

ဤသည်မှာ မျိုးစိတ်အမျိုးမျိုးအကြား သက်တမ်းကွာခြားမှုပင် ဖြစ်၏။

မျိုးစိတ်၏အဆင့်အတန်းမြင့်မားလေ၊ ၎င်း၏သဘာဝသက်တမ်း ရှည်လျားလေဖြစ်သည်။

နဂါးဆင်ကူ၏ သန့်စင်ခြင်းနှင့်ကောင်းချီးပေးခံရခြင်းက ကျိုးစွေ့၏ဘဝအဆင့်အတန်းကို တိုးတက်စေသည်။

ထို့ကြောင့် သူသည် သာမန်လူသားတစ်ဦး၏ သက်တမ်းကန့်သတ်ချက်ကို အလွယ်တကူ ချိုးဖျက်နိုင်ခဲ့သည်။ အကြောင်းမှာ သူသည် သာမန်လူသားတစ်ဦး မဟုတ်တော့သောကြောင့် ဖြစ်၏။

"မဟုတ်မှလွဲရော... ငါသာ နဂါးဆင်ကူရဲ့ သန့်စင်ခြင်းကို ဆက်ပြီးခံယူနေမယ်ဆိုရင် ကျင့်ကြံမှုမှာ အဆင့်မတက်နိုင်ရင်တောင် နှစ်ရာပေါင်းများစွာ ဒါမှမဟုတ် ထောင်ပေါင်းများစွာတောင် အလွယ်တကူ အသက်ရှည်နိင်တယ်လို့ ဆိုလိုချင်တာလား...”

ကျိုးစွေ့၏ မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာတစ်ခု ပေါ်လာသည်။

သို့သော် ၎င်းမှာ လုံးဝပုံမှန်သာဖြစ်၏။ လစဥ်သန့်စင်မှုသည် သူ၏ခွန်အားနှင့် ခန္ဓာကိုယ်၏ ကြီးမားသောဆင့်ကဲပြောင်းလဲမှုကို အမြဲတစေ ဖြစ်ပေါ်စေသည်။ ကျင့်ကြံခြင်းမရှိဘဲနှင့်ပင် သူသည် အလိုလို ဆင့်ကဲပြောင်းလဲနေဦးမည်ဖြစ်သည်။

သူသည် နတ်နဂါးတစ်ကောင်အဖြစ်သို့ တဖြည်းဖြည်း ကြီးထွားလာသော နဂါးငယ်တစ်ကောင်အလား ခံစားရသည်။

အချိန်ကြာလာသည်နှင့်အမျှ သူ၏ခွန်အားမှာ ပို၍အားကောင်းလာရုံသာရှိသည်။

"ရှင် ချီသန့်စင်ခြင်းအဆင့်(၈)ကို တက်လှမ်းဖို့ ဒီလောက်နီးကပ်နေလိမ့်မယ်လို့ ထင်မထားမိဘူး.. ရှင်သာ ဒီအတိုင်း ဆက်ပြီးကျင့်ကြံနေမယ်ဆိုရင် အသက်သုံးဆယ်မတိုင်ခင်မှာ အခြေတည်အဆင့်ကို ကြိုးစားနိုင်လောက်တယ်..."

"ဒီလိုတိုးတက်မှုအရှိန်မျိုးကို အဲ့ဒီဂိုဏ်းတွေရဲ့ပင်မတပည့်တွေတောင် ယှဉ်နိုင်မယ်မထင်ဘူး..."

"အင်မော်တယ်ရှားဂိုဏ်းက ကန်းများနေသလားမသိ.. ဒီလောက်အလားအလာရှိတဲ့ ကျင့်ကြံသူတစ်ယောက်ရဲ့ ပါရမီကို သူတို့ဘယ်လိုလုပ် မမြင်နိုင်ရတာလဲ..."

ကျိပင်းယွီ သက်ပြင်းချလိုက်သည်။

သူမသည် ကျိုးစွေ့၏ ချီသန့်စင်ခြင်းအဆင့်(၁)မှ အဆင့်(၇)ထိ တဖြည်းဖြည်းတိုးတက်လာမှုအား တွေ့မြင်ခဲ့ရသည်။ သူ၏တိုးတက်မှုအရှိန်မှာ မယုံနိုင်လောက်အောင် မြန်ဆန်လှသည်။

ကောင်းကင်အဆင့် စိတ်ဝိညာဉ်အမြစ် ကျင့်ကြံသူတစ်ဦး၏ ကြီးထွားနှုန်းနှင့် နှိုင်းယှဉ်လျှင်ပင် များစွာကွာခြားမည်မဟုတ်ပေ။

"ဒါက လျှောက်ရမယ့်ခရီးရှည်ကြီးရဲ့ ပထမခြေလှမ်းတစ်ခုလောက်ပါပဲ..ဘာမှ ထူးခြားမနေပါဘူး.. တစ်စုံတစ်ယောက်က ဘယ်လောက်ပဲ ပါရမီရှိရှိ.. လမ်းတစ်ဝက်မှာ ကျဆုံးသွားတဲ့ ဥပမာတွေ ရေတွက်လို့တောင် မရဘူး.. ငါတို့ သတိကြီးကြီးထားဖို့ လိုတယ်...”

ကျိုးစွေ့သည် သတိကြီးတတ်ပြီး နှိမ့်ချနေမြဲဖြစ်ကာ မာနတစ်စွန်းတစ်စမျှ မပြပေ။

ကောင်းကင်အဆင့် စိတ်ဝိညာဉ်အမြစ်ကျင့်ကြံသူတစ်ဦးဖြစ်လျှင်ပင်၊ ချီသန့်စင်ခြင်းအဆင့်တွင် သေဆုံးသွားသူအချို့ ရှိသည်။ ထို့ကြောင့် မိမိ၏အတိုင်းအတာကို မသိသောပါရမီရှင်တစ်ဦးသည် အဆုံးသတ်တွင် ဘာမျှတန်ဖိုးမရှိချေ။

All Chapters