'ချစ်ခြင်းမေတ္တာကူ' နောက်တစ်ကြိမ်ဆင့်ကဲပြောင်းလဲခြင်း၊ ဆွဲဆောင်မှု တိုးလာခြင်း။
Vol. 7 Ch. 96
"ဝိညာဉ်အရက်က တကယ်ကို အစွမ်းထက်တာပဲ..."
ကျိုးစွေ့သည် ချီသန့်စင်ခြင်းအဆင့်(၈)သို့ ချိုးဖျက်ဝင်ရောက်ခြင်း၏ ခံစားချက်ကို အရသာခံနေ၏။ သူသည် ယခင်က ချီသန့်စင်ခြင်းအဆင့်(၇)၏ပြီးပြည့်စုံသောအခြေအနေသို့ ရောက်ရှိခဲ့ပြီး၊ ဝိညာဉ်အရက်၏စွမ်းအားဖြင့်သာ နောက်ဆုံးအဆင့်တက်ခြင်းကို ပြုလုပ်နိုင်ခဲ့သည်။
ဝိညာဉ်အရက်သည် ဆေးလုံးအများစုထက်ပင် ပို၍အသုံးဝင်သည်ဟု ဆိုနိုင်သည်။
မည်သို့ပင်ဖြစ်စေ၊ ဆေးလုံးများသည့် ဆေးအဆိပ်သင့်နိုင်သည့်အန္တရာယ် အမြဲရှိသည်။
ဆေးလုံးများ အလွန်အကျွံသောက်သုံးပါက ခန္ဓာကိုယ်တွင် ဆေးအဆိပ်များ စုပုံလာပြီး၊ ဆေးယဉ်ပါးလာသည့်ပြဿနာလည်း ရှိ၏။
ထို့ကြောင့် ဆေးလုံးအမျိုးအစားတူကို အလွန်အကျွံ မသောက်သုံးသင့်ပေ၊ သို့မဟုတ်လျှင် ၎င်းတို့၏အာနိသင်မှာ ပို၍ပို၍ လျော့ကျသွားပေလိမ့်မည်။
သို့သော် ဝိညာဉ်အရက်မှာမူ ကွဲပြားသည်။
ဝိညာဉ်အရက်ကို သောက်သုံးပြီးနောက် ဘေးထွက်ဆိုးကျိုးများ မရှိသလောက်ပင်ဖြစ်ပြီး၊ ၎င်းသည် သန့်စင်သောစွမ်းအင်အဖြစ်သို့ ပြီးပြည့်စုံစွာ ပြောင်းလဲနိုင်သည်။
ထို့ကြောင့် ၎င်းသည် ကျင့်ကြံသူများစွာအကြားတွင် လူကြိုက်များသော ဖြည့်စွက်စိတ်ဝိညာဉ်ပစ္စည်းတစ်ခု ဖြစ်သည်။
၎င်း၏အရေးပါမှုသည် ဝိညာဉ်ကျောက်တုံးနှင့် ယှဉ်ပြိုင်နိုင်ပြီး၊ ဝိညာဉ်ကျောက်တုံးများကို တိုက်ရိုက်ပင် အစားထိုးနိုင်သည်။
သို့သော် ဝိညာဉ်အရက် ဖော်စပ်ခြင်းမှာ လွယ်ကူသောအလုပ်မဟုတ်ပေ၊ ၎င်းမှာ အလွန်ပင် ကုန်ကျစရိတ်များသည်။
ထို့သို့ဖြင့်၊ ဈေးကွက်တွင် ရရှိနိုင်သော ဝိညာဉ်အရက်ပမာဏမှာ အတော်ပင် ရှားပါးပြီး၊ ရွေးချယ်ခံကျင့်ကြံသူအနည်းငယ်သာ သောက်သုံးနိုင်သည့်အခြေအနေကို ဖြစ်စေသည်။
ကျိုးစွေ့အတွက်မူ သာမန်အရက်ကို ဝိညာဉ်အရက်အဖြစ်သို့ ပြောင်းလဲပေးနိုင်သော အံ့ဖွယ်ပိုးကောင်ဖြစ်သည့်၊ 'အရက်ကူ'ကဲ့သို့သောအရာကို ရရှိခြင်းမှာ သဘာဝတရား၏ နိယာမများကို ဆန့်ကျင်သော စွမ်းရည်တစ်ခုဖြစ်ပြီး အမှန်တကယ် မယုံနိုင်ဖွယ်ဖြစ်သည်။
ယခုအချိန်အထိ သူသည် 'အရက်ကူ'က ဤအရာကို မည်သို့ပြုလုပ်နိုင်သည်အား မသိပေ။ ၎င်းမှာ ဗလာမှ တစ်စုံတစ်ခုကို ဖန်တီးခြင်း သို့မဟုတ် ကျောက်တုံးကို ရွှေအဖြစ်သို့ ပြောင်းလဲခြင်းနှင့် တူညီသည်။
သို့သော် သူသည် ၎င်းကို အတင်းအကျပ်နားလည်ရန် ကြိုးစားဖို့ ရည်ရွယ်ချက်မရှိဘဲ၊ ဤစွမ်းရည်ကို 'အရက်ကူ'၏ သဘာဝလက်ဆောင်အဖြစ် သတ်မှတ်ထားသည်။
မည်သို့ပင်ဖြစ်စေ၊ လောကတွင် ရှင်းပြ၍မရနိုင်သော အရာများစွာ ရှိနေပြီး၊ ၎င်းသည်လည်း ခြွင်းချက်မဟုတ်ပေ။
"ပထမအဆင့်ဝိညာဉ်အရက်က ဒီလောက်အစွမ်းထက်နေရင်... ငါသာ ဒုတိယအဆင့်ဝိညာဉ်အရက်ကို ဖော်စပ်နိုင်ခဲ့လို့ကတော့.. မိုးပေါ်တောင် ပျံတက်သွားမလားပဲ...”
"ဒုတိယအဆင့်ဝိညာဉ်အရက်ရဲ့ တန်ဖိုးက ဆယ်ဆထက်မနည်း တိုးလားမှာပဲ..."
ကျိုးစွေ့က သူ၏မေးစေ့ကို ပွတ်သပ်လိုက်သည်။
'အရက်ကူ'၏ အဆင့် ဆက်လက်မြင့်တက်လာသည်နှင့်အမျှ၊ ၎င်းယခုဖော်စပ်နိုင်သော ဝိညာဉ်အရက်၏အဆင့်မှာ ပထမအဆင့် ထိပ်တန်းသို့ ရောက်ရှိနေပြီဖြစ်သည်။
သို့သော် သူသာ ဒုတိယ်အဆင့်ဝိညာဉ်အရက်ကို ဖော်စပ်လိုပါက 'အရက်ကူ်သည် အဆင့်နှစ်သို့ တက်လှမ်းရန် လိုအပ်ပေလိမ့်မည်။
ယခုအချိန်တွင်မူ 'အရက်ကူ'တွင် တက်လှမ်းမည့် လက္ခဏာများ မပြသေးပေ။
သို့သော် သူ၏လက်ရှိအခြေအနေအတွက် ပထမအဆင့်ဝိညာဉ်အရက်သည် လုံလောက်သည်ထက် ပိုနေသည်။
ဝှစ်...
ထိုအတွေးများဖြင့်၊ ချီသန့်စင်ခြင်းအဆင့်(၈)တွင် သူ၏ကျင့်ကြံမှုကို ခိုင်မာစေပြီးနောက် ကျိုးစွေ့သည် သူ၏တရားထိုင်ခန်းမှ ထွက်လာခဲ့သည်။
ထိုအချိန်တွင် ကျိပင်းယွီ၊ ရှားကျင်းယန်နှင့် မုဇီယန်တို့သည် နေ့လယ်စာ ပြင်ဆင်ပြီးခါစဖြစ်သည်။ စားပွဲပေါ်တွင် ဟင်းလျာအမျိုးမျိုး၊ ဝိညာဉ်အရက်များနှင့် ရှားပါးသော အရသာရှိသည့်အစားအစာအမျိုးမျိုးတို့ဖြင့် ပြည့်နှက်နေသည်။
မီယွင်မြို့၏ လက်ရှိအခြေအနေများတွင် ဤသည်မှာ အလွန်ပင် ဇိမ်ကျသော စားသောက်ပွဲတစ်ခုဟု ယူဆနိုင်ပေသည်။
မီယွင်မြို့တွင် စားနပ်ရိက္ခာများရှားပါးလာပြီး ကျင့်ကြံသူများစွာမှာ အလွန်ဆင်းရဲသဖြင့် အသားငါးစားသုံးရန် ဝေးစွ၊ မြေကြီးစားရလုနီးပါးပင် ဖြစ်နေသည်။
"ဟယ်... ယောက်ျား.. ရှင် ချီသန့်စင်ခြင်းအဆင့်(၈)ကို တက်လှမ်းသွားပြီလား..."
ထိုအခိုက်တွင် ကျိပင်းယွီသည် ကျိုးစွေ့၏အရှိန်အဝါကို အာရုံခံမိပြီး ချက်ချင်းပင် ဝမ်းသာသွားသည်။
"ဟားဟား.. ကံကောင်းစွာနဲ့ပဲ ငါ့ရဲ့ကျင့်ကြံမှုက အထွတ်အထိပ်ကို ရောက်ရှိသွားတော့.. အခုလေးပဲ ချောချောမွေ့မွေ့ ချိုးဖျက်နိုင်ခဲ့တယ်...”
ကျိုးစွေ့က နှိမ့်ချစွာ ပြန်ဖြေသည်။
သူသည် နိမ့်ချရန်မှလွဲ၍ အခြားရွေးချယ်စရာမရှိပေ။ သူသည် ဝိညာဉ်အရက်များစွာ၊ ဆေးလုံးများစွာနှင့် သူ့တာအိုလက်တွဲဖော်များ၏အကူအညီများအပြင် အရင်းအမြစ်မြောက်များစွာကို သုံးစွဲခဲ့ရသည်မဟုတ်လော။
သူသာ ချိုးဖျက်ဝင်ရောက်နိုင်ခြင်းမရှိသေးပါက၊ တိုဖူးတစ်တုံးဖြင့် မိမိကိုယ်ကိုသတ်သေခြင်းက ပို၍ကောင်းပေလိမ့်မည်။
"ယောက်ျား.. ရှင်ကတော့လေ တကယ်ကို အံ့ဩစရာပဲ... ကျွန်မ ရှင့်နဲ့ ပထမဆုံးတွေ့တုန်းက ချီသန့်စင်ခြင်းအဆင့်(၁)မှာပဲ ရှိသေးတယ်... ဘယ်လောက်ကြာသေးလို့လဲ... အခု ရှင်က ချီသန့်စင်ခြင်းအဆင့်(၈)ကို ရောက်နေပြီ...”
ရှားကျင်းယန်သည် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။ "မကြာခင်မှာ ရှင်ရဲ့ကျင့်ကြံမှုက ကျွန်မတို့ထက်တောင် သာသွားတော့မှာကို ကျွန်မစိုးရိမ်တယ်... အဲ့ဒီအချိန်ကျရင် ကျွန်မတို့က ရှင့်ကို အများကြီး အကူအညီပေးနိုင်တော့မှာ မဟုတ်ဘူး...”
သူမ၏ခံစားချက်မှာ ရှုပ်ထွေးနေသည်။
သူမ၏ကိုယ်ပိုင်ကျင့်ကြံမှုမှာ အခြေခံအားဖြင့် ချီသန့်စင်ခြင်းအဆင့်(၉)၏ ပြီးပြည့်စုံသောအခြေအနေသို့ ရောက်ရှိနေသော်လည်း၊ သူမယောက်ျား၏တိုးတက်မှုနှင့် နှိုင်းယှဉ်လျှင် သူမသည် ခရုတစ်ကောင်၏အရှိန်ဖြင့်တိုးတက်နေသည့်အလား ခံစားရပေသည်။
ဤအတိုင်းသာ ဆက်သွားပါက၊ သူမယောက်ျားက အခြေတည်အဆင့်သို့ ရောက်ရှိသွားချိန်တွင် သူမသည် ချီသန့်စင်ခြင်းအဆင့်(၉)တွင်ပင် ပိတ်မိနေနိုင်သေးသည်။
"မင်းဘာအဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ..."
"ဘာအကူအညီတုံး... ငါတို့က ဒီလမ်းစဉ်ပေါ်ကလက်တွဲဖော်တွေလေ... အကူအညီရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ မင်းတို့က ငါ့ရဲ့ဇနီးတွေပဲ...”
"မင်းတို့ အရင်က ငါ့ကိုကူညီခဲ့တုန်းကရော... တစ်ခုခုပြန်ရပါစေလို့ မျှော်လင့်ဖူးလို့လား...”
"အရင်က ခက်ခဲတဲ့လမ်းတွေကို ဖြတ်ကျော်ဖို့ မင်းတို့ ငါ့ကို ကူညီခဲ့တယ်... အခုကစပြီး မင်းတို့ကို ကာကွယ်မယ့်သူက ငါပဲပေါ့ကွာ....”
"အခုကစပြီး ငါတို့က အခြေတည်အဆင့်နဲ့ ရွှေအမြုတေအဆင့်ကို ရောက်ဖို့ ကြိုးစားရုံတင်မကဘူး... အင်မော်တယ်ဖြစ်တဲ့အထိ အတူတကွ တက်လှမ်းပြီး နတ်ဘုရားစုံတွဲတွေ ဖြစ်လာကြမယ်...."
ကျိုးစွေ့က ယုံကြည်မှုအပြည့်ဖြင့်ပြောလိုက်သည်။ သူသည် သူ၏လက်တွဲဖော်သုံးဦးနှင့်အတူ လာမည့်အနာဂတ်အတွက် အလေးအနက် ကတိပြုလိုက်သည်။
၎င်းမှာ ပင်ကိုယ်အသိစိတ်၏ အလိုလိုတုံ့ပြန်မှုတစ်ခုဖြစ်သည်။
"ယောက်ျားရယ်..."
သူ၏စကားကို ကြားသောအခါ ကျိပင်းယွီ၊ မုဇီယန်နှင့် ရှားကျင်းယန်တို့သည် ကျိုးစွေ့ကို မျက်ရည်များအဝဲသားဖြင့် ကြည့်လိုက်ကြသည်။ သူတို့၏နှလုံးသားအတွင်းပိုင်းတွင် နေခြည်နွေးနွေးအောက်တွင် ရေချိုးနေရသကဲ့သို့ နွေးထွေးမှုတစ်ခု ဖြစ်ပေါ်လာသည်။
အမှန်တကယ်ပင် သူတို့၏ယောက်ျားသည် သူမတို့နှင့်အတူ အေးအတူ၊ပူအမျှ ခံစားလိုပေသည်။
အခြားယောက်ျားများသာဖြစ်ခဲ့ပါက သူတို့သည် အခက်အခဲများကြုံတွေ့ရချိန်တွင် သူတို့၏ဇနီးများကို စွန့်ပစ်သွားနိုင်ပေသည်။
သို့သော် ယခုအခါ သူတို့၏ယောက်ျားသည် အင်မော်တယ်ဖြစ်တည်မှုသို့ သွားရာခရီးတွင် သူတို့ကို အတူတကွ ခေါ်ဆောင်သွားရန်ပင် စဉ်းစားနေသည်။
ကျိုးစွေ့အပေါ် သူတို့ခံစားရသော အချစ်သည် ပိုမိုပြင်းထန်လာပြီး သူတို့ ထိန်းချုပ်နိုင်စွမ်းမရှိသလောက်ပင် ဖြစ်နေသည်။
“ဘာရယ်....”
ထိုအခိုက်အတန့်တွင် ကျိုးစွေ့သည် သူ့အတွင်းရှိ 'ချစ်ခြင်းမေတ္တာကူ'သည် သက်တောင့်သက်သာရှိသော တဝီဝီမြည်သံတစ်ခု ထွက်ပေါ်လာပြီး၊ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအင်တစ်ခုက ၎င်း၏ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားသည်ကို ချက်ချင်း ခံစားလိုက်ရသည်။ ၎င်း၏အရှိန်အဝါမှာ မျက်စိဖြင့်ပင်မြင်နိင်သောနှုန်းဖြင့် အားကောင်းလာသည်။
ဘွန်း…။
ရုတ်တရက် 'ချစ်ခြင်းမေတ္တာကူ'၏ စွမ်းအားသည် ယခင်ကထက် များစွာအားကောင်းလာပြီး၊ အဆင့်နှစ် အောက်ခြေအဆင့်မှ အဆင့်နှစ် အလယ်အလတ်အဆင့်သို့ တက်လှမ်းသွားပုံရသည်။
"ဘာတွေဖြစ်သွားတာလဲ...”
ကျိုးစွေ့ မျက်တောင်ခတ်လိုက်သည်။ 'ချစ်ခြင်းမေတ္တာကူ’ထံမှ လန်းဆန်းစေသော အရှိန်အဝါတစ်ခု သူ၏ခန္ဓာကိုယ်ထဲသို့ စီးဝင်လာပြီး တစ်ကိုယ်လုံးသို့ ဖြတ်သန်းသွားသည်။
ထိုအခိုက်တွင် ရုပ်ရည်နှင့်အသွင်အပြင်မှာ ပို၍ပင် ပြီးပြည့်စုံလာသည်ကို ခံစားလိုက်ရသည်။
ယခင်က သူသည် သာမန်ရုပ်ရည်သာရှိပြီး လူအုပ်ထဲတွင် အလွယ်တကူ ပျောက်ကွယ်သွားနိုင်သူဖြစ်သည်။
သို့သော် ယခုမူ သူသည် ချောမောသော ယောက်ျားတစ်ဦးအဖြစ်သို့ ဆင့်ကဲပြောင်းလဲလာသည့် လက္ခဏာများ ပြသနေသည်။
သူ၏ရုပ်ရည်မှာ ယခင်ကနှင့် သိသိသာသာ ပြောင်းလဲသွားခြင်းမရှိသော်လည်း သိမ်မွေ့သော ပြောင်းလဲမှုများက သူ့ကို ပို၍ချောမောစေပြီး သူ၏ဆွဲဆောင်မှုမှာ အဆများစွာ တိုးလာသည်။
"ဒီလိုကိုး... ဒါကလည်း 'ချစ်ခြင်းမေတ္တာကူ'ရဲ့ စွမ်းအားတစ်မျိုးပေါ့..."
ကျိုးစွေ့သည် 'ချစ်ခြင်းမေတ္တာကူ'ထံမှ သတင်းအချက်အလက်အချို့ကို အာရုံခံမိလိုက်သည်။ ဤသည်မှာလည်း ၎င်း၏စွမ်းရည်များထဲမှ တစ်ခုဖြစ်ပြီး ပိုင်ရှင်၏ရုပ်ရည်ကို တိုးတက်စေပြီး ယောက်ျားပီသသော ဆွဲဆောင်မှုကို မြှင့်တင်ပေးနိုင်သည်။
ဤစွမ်းအားကို အမြင့်ဆုံးအထိ မြှင့်တင်နိုင်ခဲ့ပါက မည်သည့်အမျိုးသမီးကိုမဆို သူ့ကို တစ်ချက်ကြည့်ရုံမျှဖြင့် ပိုင်ရှင်အပေါ် အရူးအမူး ချစ်ကြိုက်သွားစေနိုင်သည်။
၎င်းသည် ပိုင်ရှင်ကို ကာဆာနိုဗာတစ်ဦးနှင့် ယှဉ်ပြိုင်နိုင်သောပုဂ္ဂိုလ်တစ်ဦးအဖြစ်သို့ ပြောင်းလဲပေးနိုင်သည်။
[ T.N – Casanova ဆိုတာ အလွယ်ဆိုရင် စော်ကြည်ဘဲပါပဲ။ ]
လှုပ်ရှားမှုတိုင်းသည် အဆုံးမရှိသောဆွဲဆောင်မှုဖြင့် ပြည့်နှက်နေပြီး လူများကို သူ့အပေါ် ချစ်ခင်နှစ်သက်မှု ဖြစ်ပေါ်စေသည်။
ဝန်မခံချင်လျှင်ပင်၊ ဆွဲဆောင်မှုရှိသောလူတစ်ဦးသည် လူ့အဖွဲ့အစည်းတွင် ချောမွေ့စွာ လျှောက်လှမ်းနိုင်သည်မှာ သေချာ၏။
ကမ္ဘာမြေ၏အစွန်းဆုံးသို့ သွားခဲ့လျှင်ပင် သူသည် အခြားသူများထံမှ အကူအညီကို ရရှိနေဦးမည်ဖြစ်သည်။ ၎င်းမှာ ဆွဲဆောင်မှု၏ အရေးပါမှုပင်ဖြစ်သည်။
"စကားချိုချိုလေး နည်းနည်းပြောရုံနဲ့ ငါ့လက်တွဲဖော်တွေရဲ့ အချစ်ကိုပိုတိုးစေပြီး... 'ချစ်ခြင်းမေတ္တာကူ'ရဲ့ ဆင့်ကဲပြောင်းလဲမှုမှာ ကူညီပေးနိုင်တယ်ဆိုတော့... အနာဂတ်မှာ ဒီလိုစကားလုံးတွေ ပိုပြောဖို့ လိုတယ်..."
'ချစ်ခြင်းမေတ္တာကူ' သည် အဆင့်နှစ်အလယ်အလတ်အဆင့်သို့ ရုတ်တရက် အဘယ်ကြောင့် အဆင့်မြှင့်တက်ခဲ့သည်ကို ကျိုးစွေ့ ချက်ချင်း နားလည်သွားသည်။ ၎င်းမှာ ရှားကျင်းယန်၊ ကျိပင်းယွီနှင့် မုဇီယန်တို့နှင့် နက်ရှိုင်းစွာ ဆက်စပ်နေရမည်သာ ဖြစ်၏။
ကျိုးစွေ့အပေါ် သူတို့၏အချစ်မှာ ပို၍နက်ရှိုင်းလာပြီး 'ချစ်ခြင်းမေတ္တာကူ'၏ စွမ်းအားနှင့် အဆင့်ကို သွယ်ဝိုက်သောအားဖြင့် မြှင့်တင်ပေးသည်။
၎င်းမှာ နှစ်ဘက်စလုံး အပြန်အလှန်ဖြည့်စည်းပေးခြင်းပင်ဖြစ်သည်။
"အာ.... ယောက်ျား.. ရှင်ဘာတွေ... ငါတို့ ညစာတောင် မစားရသေးဘူးလေ..."
"ဘယ်သူက ညစာလိုချင်နေလို့လဲ... ငါမင်းတို့ကိုပဲ အရင်စားချင်တယ်.... မင်းတို့က ဘယ်အစားအစာထက်မဆို ပိုအရသာရှိတယ်..."
"ဟင့်... ရှင်... ရှင် လူယုတ်မာကြီး.. အရှက်မရှိဘူး...ဟင့်...”
မကြာမီမှာပင် မြေအောက်နန်းတော်သည် ကြည်နူးဆွတ်ပျံဖွယ် ချစ်တင်းနှောသံများဖြင့် ပဲ့တင်ထပ်သွားတော့သည်။