← Chapters

အစီအရင် ကျိုးပေါက်ခြင်း၊ မီယွင်မြို့ တောင့်မခံနိုင်တော့ပြီ။

Vol. 7 Ch. 99

အစီအရင် ကျိုးပေါက်ခြင်း၊ မီယွင်မြို့ တောင့်မခံနိုင်တော့ပြီ။

Vol. 7 Ch. 99

တစ်လခွဲကြာပြီးနောက်။

ကျိုးစွေ့၊ ကျိပင်းယွီ၊ မုဇီယန်နှင့် ရှားကျင်းယန်တို့သည် မြေအောက်စခန်းတွင် ကျင့်ကြံနေဆဲဖြစ်ပြီး ပြီးပြည့်စုံသောပုံမှန်ဘဝကို ဖြတ်သန်းနေကြသည်။

သူတို့၏ဘဝသည် မြေအောက်စခန်းတွင်သာ ကန့်သတ်ထားသော်လည်း၊ မည်သည့်အနှောင့်အယှက်ပေးသူမရှိဘဲ ရိက္ခာအပြည့်အစုံဖြင့် အတော်ပင် သက်တောင့်သက်သာရှိနေသည်။

မှန်ပေသည်၊ ချီသန့်စင်ခြင်းအဆင့်(၈)သို့ တက်လှမ်းပြီးနောက် ကျိုးစွေ့၏ ကျင့်ကြံမှုတိုးတက်နှုန်းမှာ သိသိသာသာ နှေးကွေးသွားသည်။

ထိုသို့ဆိုလျှင်ပင်၊ သူသည် အားမလျော့ဘဲ နေ့စဉ် အပြင်းအထန် ကျင့်ကြံအားထုတ်ခဲ့သည်။

ဝုန်း…။

ထိုအခိုက်အတန့်တွင် မြေပြင်တစ်ခုလုံး ရုတ်တရက် ပြင်းထန်စွာတုန်ခါသွားကာ၊ မြေအောက်၌ပင် အားပြင်းသော တုန်ခါမှုအားခံစားလိုက်ရသည်။

မြေကြီးထဲနက်ရှိုင်းသောနေရာရှိ ဝိညာဉ်ကြောများသည် ကြောက်မက်ဖွယ်ကောင်းစွာ တဝီဝီမြည်ဟည်းရင်း တုန်ခါလာသည်။

"ဘာတွေဖြစ်နေတာလဲ..."

"ငလျင်လား.. မြေငလျင်များ လှုပ်သွားတာလား..."

ရုတ်တရက် ကျိပင်းယွီနှင့်အခြားသူများမှာ သူတို့၏ကျင့်ကြံမှုမှ လန့်နိုးလာကြပြီး၊ ဘာတွေဖြစ်ပျက်နေသည်အား ရေရေရာရာမသိဘဲ တုန်လှုပ်နေကြသည်။

သူတို့၏မျက်လုံးများအားလုံး တစ်ပြိုင်နက်ပင် ကျိုးစွေ့ထံသို့ လှည့်သွားကြသည်။

"မဖြစ်နိုင်တာ... မီယွင်မြို့ရဲ့ ဒုတိယအဆင့်ငွေလရောင်အစီအရင် ကျိုးပေါက်သွားပြီ..."

ကျိုးစွေ့၏ မျက်လုံးများ ပြူးကျယ်သွားသည်။

သူကျင့်ကြံနေစဥ်အတွင်း တစ္ဆေမိစ္ဆာဂိုဏ်းမှ သူလျှိုများက မြို့စောင့်ကင်းလှည့်တပ်ဖွဲ့ထဲသို့ ခိုးဝင်လာခဲ့ကြောင်း သူ၏ကိုယ်ပွားထံမှ သတင်းစကားတစ်ခုကို ချက်ချင်းပင် လက်ခံရရှိလိုက်သည်။

အဆိပ်သင့်နေသော်လည်း ထိုသူလျှိုများအားလုံးမှာ အသေခံစစ်သားများဖြစ်ရာ၊ ကိုယ့်အသက်ကိုယ် လုံးဝ ဂရုမစိုက်ကြချေ။

ထိုတစ္ဆေမိစ္ဆာဂိုဏ်း သူလျှိုများသည် အစီအရင်ဗဟိုချက်တစ်ခုထဲသို့ အတင်းအကျပ် ဝင်ရောက်ကာ ကြီးမားသောပျက်စီးမှုကို ဖြစ်စေခဲ့သည်။

ရလဒ်အနေဖြင့် ဒုတိယအဆင့်ငွေလရောင်အစီအရင်သည် တစ်ခဏအတွင်း မတည်ငြိမ်ဖြစ်သွားသည်။

အင်မော်တယ်ရှားဂိုဏ်းမှ ကျင့်ကြံသူများကိုသာ အခွင့်အရေးပေးခဲ့ပါက၊ သူတို့သည် အစီအရင်ကို ပြန်လည်ပြုပြင်နိုင်ခဲ့ပေလိမ့်မည်။

သို့သော် သတင်းရရှိပြီးနောက် တစ္ဆေမိစ္ဆာဂိုဏ်းကျင့်ကြံသူများသည် ချက်ချင်းလှုပ်ရှားလိုက်ကြပြီး၊ အခြေတည်အဆင့် မိစ္ဆာကျင့်ကြံသူခြောက်ဦးက တစ်ပြိုင်နက်တည်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

ဒုတိယအဆင့် အစီအရင်တစ်ခုလုံးသည် ချက်ချင်းပင် ကျိုးပျက်ကာ လုံးဝပြိုကျသွားသည်။ တစ္ဆေမိစ္ဆာဂိုဏ်းကို တားဆီးထားခဲ့သော မထိုးဖောက်နိုင်သည့် အတားအဆီးမှာ တစ်ခဏအတွင်း ကွဲကြေသွားသည်။

ထို့နောက် တစ္ဆေမိစ္ဆာဂိုဏ်း၏တပ်များက အင်အားအလုံးအရင်းဖြင့််မြို့ထဲသို့ တိုက်ရိုက် ဝင်တိုက်ကြတော့သည်။

၂နှစ်ကျော်ကြာ တောင့်ခံခဲ့သော မီယွင်မြို့သည် နောက်ဆုံးတွင် ခုခံနိုင်စွမ်းမရှိတော့ပေ။

ထိုအချိန်တွင် မီယွင်မြို့တစ်မြို့စလုံး ကမောက်ကမဖြစ်နေတော့သည်။

မီယွင်မြို့၏ ဒုတိယအဆင့်အစီအရင်သည် ဤအချိန်တွင် ကျိုးပေါက်သွားလိမ့်မည်ဟု မည်သူမျှ မျှော်လင့်မထားခဲ့သလို၊ မည်သူမျှ ကြိုတင်ပြင်ဆင်ထားခြင်းလည်း မရှိကြပေ။

ကျင့်ကြံသူများစွာသည် တုန်လှုပ်ချောက်ချားသွားကာ ဘာလုပ်ရမှန်းမသိ ဖြစ်နေတော့သည်။

"ဟားဟား...နောက်ဆုံးတော့ မီယွင်မြို့ရဲ့ လိပ်ခွံကြီး ကွဲသွားပြီ...”

"ငါတို့ တိုက်ခိုက်နေခဲ့တာ ၂နှစ်ကျော်ခဲ့ပြီ... ဒီတစ်ခါ အင်မော်တယ်ရှားဂိုဏ်း ဘယ်လိုလွတ်မြောက်နိုင်မလဲဆိုတာ ကြည့်လိုက်ရတာပေါ့....”

"အကုန်လုံးကိုသတ်ကြစမ်.... ရှိသမျှကို အကုန်သိမ်းကြ.. သုံးရက်လုံးလုံး အစုလိုက်အပြုံလိုက် သတ်ဖို့ အထက်က အမိန့်ပေးထားတယ်...သတ်....”

"အရင်ဆုံး လုမိသားစုအိမ်တော်ကြီးကို သွား... အဲ့ဒါ အချမ်းသာဆုံးနေရာပဲ...."

"အင်မော်တယ်ရှားဂိုဏ်းက ကျင့်ကြံသူတွေကို သတ်ကြ... သူတို့က ဂိုဏ်းကျင့်ကြံသူတွေဆိုတော့ အဝဆုံးသိုးတွေပဲ ငါ့ကောင်တို့....”

"ဝိညာဉ်ကျောက်တုံးတွေ... ဆေးလုံးတွေ... စိတ်ဝိညာဉ်ဆေးပင်တွေ... အားလုံးငါ့ဟာပဲ... ငါ့ဆီက လာလုမယ် မကြံနဲ့...ဟားဟား..”

တစ္ဆေမိစ္ဆာဂိုဏ်းမှ ကျင့်ကြံသူအများအပြားသည် အော်ဟစ်ရယ်မောနေကြပြီး၊ သူတို့၏မျက်နှာများမှာ ရက်စက်ကြမ်းကြုတ်မှုများနှင့်အတူ စိတ်လှုပ်ရှားမှုများအပြည့် ဖြစ်နေကြသည်။

မီယွင်မြို့အတွင်းရှိ ကျင့်ကြံသူများစွာကို မြင်သောအခါ သူတို့၏မျက်လုံးများမှာ ဆူဖြိုးသော သိုးတစ်အုပ်ကို ကြည့်နေသကဲ့သို့ အသက်ရှူမြန်ကာ မျက်လုံးများနီရဲသွားကြသည်။

သူတို့အတွက် ဤအချိန်သည် ရိတ်သိမ်းချိန်၊ ချမ်းသာမည့်အခွင့်အရေးပင် ဖြစ်၏။

ဤသို့သော အခွင့်အရေးများမှာ မကြာခဏမရနိုင်ပေ။

"သွားပြီ.. အကုန်ပြီးသွားပြီ... တစ္ဆေမိစ္ဆာဂိုဏ်းကျင့်ကြံသူတွေ ငါတို့ကို ဝင်တိုက်နေပြီ...”

"ချီးတဲ့မှ.. တစ္ဆေမိစ္ဆာဂိုဏ်း... သူတို့က ငါတို့အစီအရင်ကို ဖျက်ဆီးဖို့ တကယ်ကို သူလျှိုတွေ ထည့်ထားတာပဲ...”

"တွေ့သမျှလူတိုင်းကို စစ်မှုမထမ်းခိုင်းဖို့ ငါမင်းတို့ကို မပြောခဲ့ဘူးလား.... ချီး... အခုကြည့်စမ်း... သူလျှိုတွေအများကြီး ရောဝင်လာတော့ ငါတို့ ဒုက္ခရောက်ရပြီ... ချီးလိုပဲ...”

"အဲ့ဒီသူလျှိုတွေက သေမှာကိုတောင်မကြောက်ဘဲ အစီအရင်ကို ချိုးဖျက်ဖို့လုပ်မယ်လို့ ဘယ်သူက ထင်ထားမှာလဲဟ... ချီးတဲ့မှ... အဲ့ဒီမိစ္ဆာကျင့်ကြံသူတွေက သောက်ရူးတွေပဲ...”

"သူတို့အားလုံးက တစ္ဆေမိစ္ဆာဂိုဏ်းရဲ့ အသေခံတပ်သားတွေ... သူတို့ကို သေလို့မရရှင်လို့မရအောင်ထိ နှိပ်စက်ညှင်းပန်းထားကြတာ... ချီးကို သေမှာကြောက်နေမလားကွ.. ငါတို့တော့ ဒီတစ်ခါ သေပြီ..”

"ဒီမိစ္ဆာကျင့်ကြံသူတွေ ဒီလောက်ရက်စက်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး.. သူတို့က လူသားတွေမဟုတ်ဘူး...."

"ချီးတဲ့မှ.. သောက်စကားများနေတယ်.. ပြေးဟ... ပြေး....”

အင်မော်တယ်ရှားဂိုဏ်းနှင့် လုမိသားစုမှ ကျင့်ကြံသူများစွာသည် သေမင်းအား မြင်တွေ့လိုက်ရသည့်အလား ဖြူဖျော့နေကာ၊ စိတ်ပျက်လက်ပျက်ဖြစ်နေကြသည်။

ဒုတိယအဆင့်အစီအရင်သာ ရှိနေသေးပါက ဤတစ္ဆေမိစ္ဆာဂိုဏ်း ကျင့်ကြံသူများသည် မြို့ထဲသို့ ဝင်ရောက်နိုင်မည်မဟုတ်ပေ။

သို့သော် ယခုအခါ အစီအရင်၏ အကာအကွယ်ကို ဆုံးရှုံးသွားသောကြောင့် သူတို့သည် တံခါးမရှိသော မြို့တစ်မြို့ကဲ့သို့ ကာကွယ်မှုမဲ့နေကြသည်။

ထိုမိစ္ဆာကျင့်ကြံသူများသည် စိတ်အလိုရှိတိုင်း ဝင်ထွက်သွားလာနေကြပြီး၊ မည်သူမျှ သူတို့ကို မတားဆီးနိုင်ပေ။

ဝှစ်… ဝှစ်… ဝှစ်…။

တစ်ခဏအတွင်းမှာပင် သူတို့သည် ထိတ်လန့်တကြား ထွက်ပြေးကြပြီး ယခင်မာနကြီးမှုများ မရှိတော့ပေ။ သူတို့သည် လမ်းများပေါ်တွင် ဦးတည်ရာမဲ့ပြေးနေသာကြွက်များသဖွယ်ဖြစ်နေကာ၊ သူတို့မိဘများက ခြေနှစ်ချောင်းထပ်ပို၍ မွေးဖွားမပေးလိုက်သည့်အတွက်ပင် အပြစ်တင်နေကြတော့သည်။

နှမြောစရာကောင်းသည်မှာ၊ တစ္ဆေမိစ္ဆာဂိုဏ်းကျင့်ကြံသူများသည် အင်မော်တယ်ရှားဂိုဏ်း ကျင့်ကြံသူများကို အစကတည်းက မျက်စိကျနေပြီးသားဖြစ်ရာ ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြသည်မှာ ကြာခဲ့ပြီ ဖြစ်၏။

တစ်ခဏအတွင်းမှာပင် ပြင်းထန်သောတိုက်ပွဲ စတင်တော့သည်။

အဆောင်များ၊ မှော်လက်နက်များ၊ ပညာရပ်များမှာ ထိပ်တိုက်တွေ့ဆုံသွားကြသည်။

မီယွင်မြို့တစ်မြို့လုံး ပြင်းထန်သော တိုက်ပွဲများဖြင့် ပြည့်နှက်နေသည်။

"တစ္ဆေမိစ္ဆာဂိုဏ်းကျင့်ကြံသူတွေ... မင်းတို့အားလုံး ငါ့လက်ထဲမှာ သေရလိမ့်မယ်..."

ထိုအခိုက်တွင် မြို့လယ်ခေါင်မှ ဟိန်းဟောက်သံတစ်ခု ပေါက်ကွဲထွက်လာပြီး၊ မြို့တစ်မြို့လုံး ပဲ့တင်ထပ်သွားကာ မရေမတွက်နိုင်သော လူများ၏ နားစည်များကိုအူထွက်သွားစေတော့သည်။

ကြောက်မက်ဖွယ်ကောင်းသော ပုံရိပ်တစ်ခုက ကောင်းကင်သို့ ပျံတက်သွားပြီး၊ တစ္ဆေမိစ္ဆာဂိုဏ်း၏ အခြေတည်အဆင့်ကျင့်ကြံသူခြောက်ဦးထံသို့ တိုးဝင်သွားသည်။

၎င်းမှာ လုမိသားစုဘိုးဘေးဖြစ်သူ လုဟုန်ရန်မှလွဲ၍ အခြားမည်သူမျှမဟုတ်ပေ။ သူသည် သေခြင်းတရားကို လက်ခံထားပြီးသကဲ့သို့ မည်သည့်ကြောက်ရွံ့မှုမှ မရှိဘဲ၊ ကြောက်မက်ဖွယ်အရှိန်အဝါများကို ထုတ်ဖော်ထားသည်။

ပတ်ဝန်းကျင်မှ သဘာဝဝိညာဉ်စွမ်းအင်များ လှုပ်ရှားလာပြီး လေမုန်တိုင်းတစ်ခု တိုက်ခတ်နေသည့်နှယ် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းတစ်ခုဖွဲ့စည်းသွားသည်။

ကျင့်ကြံသူအားလုံးသည် ထိုကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါနှင့် စွမ်းအားကို ခံစားမိလိုက်ကြသည်။

၎င်း၏လမ်းတစ်လျှောက် အရာရာအား ဖျက်ဆီးသွားပေလိမ့်မည်။

"ချီးတဲ့မှ... သူက သွေးလောင်ကျွမ်းခြင်းပညာကို သုံးနေတာပဲ.. ဒါက သူ့ရဲ့မှော်စွမ်းအားကို အဆများစွာ ယာယီတိုးစေပေမဲ့ သက်တမ်းကို မြန်မြန်ဆန်ဆန် ကုန်ဆုံးစေတယ်.. ဒီလုအဘိုးကြီး ရူးသွားပြီလား.."

"သူရူးနေတာမဟုတ်ဘူး... ငါတို့ကို သူနဲ့အတူ အပါခေါ်ဖို့ကြိုးစားနေတာဟ... သူ့သက်တမ်းက ဘယ်လိုပဲဖြစ်ဖြစ် ကုန်ခါနီးနေပြီ... အခုမသေသေးရင်တောင် သိပ်မကြာခင်သေမှာပဲလေ..”

"ချီး.. လုအဘိုးကြီး မင်းကများ ငါတို့ကို အပါခေါ်ချင်နေသေးတယ်.. အိပ်မက်မက်မနေနဲ့...ဟမ့်..”

"ဆုတ်ကြ... ချက်ချင်းဆုတ်.. သူ့ကို ထိပ်တိုက်ရင်မဆိုင်နဲ့.. သူ့ချီနဲ့သွေး ကုန်ဆုံးသွားရင် တစ္ဆေအိုကြီးလု သူ့ဘာသာသေသွားလိမ့်မယ်...”

"ခွေးသူတောင်းစား လုအဘိုးကြီး.. မင်းသေဆုံးသွားရုံနဲ့ အရာအားလုံးပြီးသွားပြီလို့ ထင်မနေနဲ့ကွ... မင်းမှာ လုမိသားစုမျိုးဆက်တွေ ရှိနေသေးတယ်... မင်းသေသွားရင်တောင် ငါတို့ တစ္ဆေမိစ္ဆာဂိုဏ်းက သူတို့အားလုံးကို သုတ်သင်ပစ်မယ်..."

အခြေတည်အဆင့်မိစ္ဆာကျင့်ကြံသူများသည် ကြောက်လန့်တကြားဖြစ်သွားကာ ဒေါသထွက်နေကြသည်။ လုဟုန်ရန်သည် ဤမျှရက်စက်ကြမ်းကြုတ်ပြီး မိမိအသက်ကိုပင် စတေးကာ သူတို့ကိုပါဆွဲချရန် ဆန္ဒရှိလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။

သူတို့သည် သူတို့၏အကောင်းဆုံးအချိန်တွင် ရှိနေကြပြီး ရွှေအမြုတေအဆင့်ကျင့်ကြံသူများ ဖြစ်လာရန် မျှော်လင့်ချက်ရှိသေးသည်။ သူတို့သည် လုဘိုးဘေးနှင့်အတူ ပျက်စီးရန် မလိုလားကြချေ။

သူတို့သည် မိစ္ဆာကျင့်ကြံသူများဖြစ်ပြီး ရက်စက်ကြမ်းကြုတ်ကာ ကရုဏာကင်းကြသော်လည်း အရူးများမဟုတ်ကြပေ။ မည်သူမျှ အရှုံးခံရမည့်ကိစ္စအား လုပ်မည်မဟုတ်ချေ။

ဘန်း…ဘန်း…ဘန်….။

ထိုအခိုက်အတန့်တွင် သူတို၏တိုက်ကွက်များ တိုက်မိကြရာ၊ ဒုံးကျည်ဒါဇင်ပေါင်းများစွာ ပေါက်ကွဲသကဲ့သို့ မြေကြီးနှင့်ကောင်းကင်ကို ပြောင်းလဲစေသော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သည်။

ပတ်ဝန်းကျင်မှ အိမ်များမှာ ချက်ချင်းပင် အစိတ်စိတ်အမွှာမွှာ ကြေမွသွားပြီး အနီးနားရှိ အရာအားလုံး ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲသွားသည်။

မြေကြီးထဲတွင် မီတာရာပေါင်းများစွာနက်သော ကြီးမားသော တွင်းကြီးတစ်ခု ပေါ်လာပြီး ကျောက်တုံးအစအနများ နေရာအနှံ့လွင့်စင်ကာ မီးခိုးလုံးများ ထွက်ပေါ်လာသည်။

...

"ဒါက...”

မြေအောက်စခန်းထဲတွင် ပုန်းအောင်းနေသော ကျိုးစွေ့သည် ထိုအနီးအနားတွင် ပုန်းအောင်းနေသည့် သူ၏ကိုယ်ပွားတစ်ယောက်မှာ ထို့စွမ်းအားကြောင့် ချက်ချင်းဖျက်ဆီးခံလိုက်ရပြီး၊ သတင်းပေးပို့မှုများ ရုတ်တရက်ပြတ်တောက်သွားသည်ကို သတိပြုမိလိုက်သည်။

အခြေတည်အဆင့်ကျင့်ကြံသူများကြားက နောက်ဆက်တွဲတိုက်ပွဲ မည်သို့ဖြစ်လာမည်ကို သူမထောက်လှမ်းနိုင်တော့ချေ။

"ကြောက်စရာကောင်းလိုက်တာ.. ဒါက အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်ရဲ့ စွမ်းအားလား... အကြွင်းအကျန်စွမ်းအင်လှိုင်းတစ်ခုကတင် ငါ့ကိုယ်ပွားတစ်ခုကို ချက်ချင်း ဖျက်ဆီးပစ်လိုက်တယ်..." ကျိုးစွေ့ ကျောရိုးထဲ စိမ့်တက်သွားသည်။

အခြေတည်အဆင့်ကျင့်ကြံသူများ၏ အဆင့်အတန်းကို အဘယ်ကြောင့် ဤမျှ မြင့်မားစွာ လေးစားတန်ဖိုးထားရသည်ကို သူ နောက်ဆုံးတွင် နားလည်သွားသည်။

အခြေတည်အဆင့်ကျင့်ကြံသူတစ်ဦးတည်းက နှစ်တစ်ရာသက်တမ်းရှိ ကျင့်ကြံသူမိသားစုတစ်ခုအတွက် အခြေခံအုတ်မြစ်ကို ချပေးနိုင်သည်။

အကြောင်းမှာ အခြေတည်အဆင့်ကျင့်ကြံသူတစ်ဦး၏ တိုက်ခိုက်ရေးစွမ်းအားမှာ ကြောက်မက်ဖွယ်ကောင်းပြီး၊ လူသားဒုံးကျည်တစ်စင်းနှင့် တူညီသောကြောင့် ဖြစ်သည်။ သူတို့ လှုပ်ရှားမှုတိုင်းတွင် ထုတ်လွှတ်နိုင်သောအင်အားမှာ လူသားတို့၏စိတ်ကူးထက် ကျော်လွန်နေသည်။

အားကောင်းသော အခြေတည်အဆင့်ကျင့်ကြံသူတစ်ဦးသည် သာမန်ပဒေသရာဇ်နိုင်ငံတစ်ခုအား အလွယ်တကူ ချေမှုန်းနိုင်ပေသည်။

ကံကောင်းစွာဖြင့် သူ၏ 'ကိုယ်ပွားကူ'သည် အချိန်မရွေး ကိုယ်ပွားအသစ်တစ်ခုကို ပျိုးထောင်နိုင်သည်။ သို့မဟုတ်လျှင်၊ သူသည် ဤတိုက်ပွဲတွင် ပွဲကြည့်ပရိတ်သတ်တစ်ဦးသာ ဖြစ်ရာ ဆုံးရှုံးရသည်မှာ မတန်ဟု ဆိုရပေလိမ့်မည်။

All Chapters