လက်လွှတ်မခံသင့်သော ရှားပါးရတနာ၊ ငါက ကျင့်ကြံခြင်းလောကရဲ့လွီပုဝေ။
Vol. 7 Ch. 102
"ချီးဘဲ.. ဘယ်ကောင် လုမိသားစုရဲ့ ဘဏ္ဍာတိုက်ကို လုယက်သွားတာလဲ... အပ်တိုတစ်ချောင်းတောင် မချန်ခဲ့ဘူး...”
ထိုအခိုက်အတန့်တွင် ကျင့်ကြံသူတစ်ဦးသည် လုအိမ်တော်သို့ဝင်ရောက်လာပြီး ချက်ချင်းပင် မိုးမွှန်အောင် ကျိန်ဆဲတော့သည်။
သူသည် မူလက မီယွင်မြို့ ကျိုးပေါက်သွားသောကြောင့်၊ လုအိမ်တော်သို့ ဝင်ရောက်ပြီး ကြီးကျယ်သောလုယက်မှုအား ကျူးလွန်နိုင်မည်ဟု ထင်ခဲ့သည်။
သို့သော် သူလုအိမ်တော်သို့ ရောက်ရှိသောအခါ ထိုနေရာသည် လုံးဝလူသူကင်းမဲ့နေလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။
ဘဏ္ဍာတိုက်အတွင်း၌ပင် ဘာမှမကျန်တော့ပေ။
ဤသည်မှာ ကြွက်တစ်ကောင် စပါးကျီထဲသို့ ဝင်ရောက်ခြင်းထက်ပင် ပိုဆိုးသည်။
"ရတနာတစ်ခုမှ ချန်မထားရုံတင်မကဘူး... လုအိမ်တော်တစ်ခုလုံးကိုတောင် မီးရှို့သွားသေးတယ်.. အဲ့ဒီခွေးမျိုးက ငါတို့အတွက် အရိုးအရင်းလေးတောင် ချန်မထားခဲ့ဘူး...ချီးလိုဘဲ.." နောက်ထပ်ကျင့်ကြံသူတစ်ဦးက ဒေါသဖြင့် အံကြိတ်လိုက်သည်။
သူတို့သည် လုအိမ်တော်သို့ ပထမဆုံးရောက်ရှိသူများထဲတွင် ပါဝင်သော်လည်း၊ ထိုနေရာသို့ သူတို့ထက်စောရောက်ပြီး လုအိမ်တော်ရှိရတနာအားလုံးကို လုယက်သွားသော လျှို့ဝှက်ဆန်းကြယ်သည့်ကျင့်ကြံသူကိုမူ သူတို့ မယှဉ်နိုင်ခဲ့ပေ။
ဤသို့ဖြင့် သူတို့သည် လက်ဗလာဖြင့်သာ လှည့်ပြန်ရတော့မည် ဖြစ်၏။
"ဒါက အပြင်လူရဲ့ လက်ချက်လို့ ငါမထင်ဘူး... ဖြစ်နိုင်တာက လုမိသားစုကိုယ်တိုင် ဒီလိုဖန်တီးခဲ့တာပဲ..."
သို့သော် တစ်စုံတစ်ယောက်ကမူ ဤသို့မဟုတ်ဟု ယူဆလိုက်သည်။ သူတို့၏မျက်လုံးများ တောက်ပလာသည်။
"မီယွင်မြို့က ကျိုးပေါက်ခါစပဲ ရှိသေးတယ်... တခြားသူတွေအားလုံး ကိုယ့်အသက်ကိုယ်ကယ်နိုင်ဖို့ ထွက်ပြေးရင်း အလုပ်များနေကြတယ်.. ဘယ်သူကမှ လုအိမ်တော်ကို တိုက်ခိုက်ဖို့ စဉ်းစားမိမှာမဟုတ်ဘူး..."
"အဲ့ဒီအချိန်တုန်းက လုအိမ်တော်မှာ လက်နက်အပြည့်အစုံနဲ့ ချီသန့်စင်ခြင်းနှောင်းပိုင်းအဆင့် ကျင့်ကြံသူတွေမှအများကြီး.. အခြေတည်အဆင့်ကျင့်ကြံသူတစ်ဦးကိုယ်တိုင် မလှုပ်ရှားသရွေ့ကတော့... ဒီလောက်များတဲ့ လုမိသားစုအကြီးအကဲတွေကို ဒီလောက်မြန်မြန်ချေမှုန်းဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး..”
"ခက်တာက အခြေတည်အဆင့်ကျင့်ကြံသူတွေဆိုတာ အများကြီးမရှိဘူး... သူတို့က လုအိမ်တော်ကို ရောက်နိုင်စရာအကြောင်းမရှိသလို.. သာမန်ကျင့်ကြံသူတွေကလည်း လုမိသားစုကို မယှဉ်နိုင်ဘူး... ဒီတော့ လုမိသားစုက ဒါကို သူတို့ကိုယ်တိုင်ဖန်တီးခဲ့တာပဲ... “
“ဖြစ်နိုင်ခြေအရမ်းများတယ်လို့ ငါထင်တယ်.. သူတို့ရဲ့ရည်ရွယ်ချက်က လုမိသားစုဘေးဒုက္ခကြုံတွေ့ခဲ့ရပြီး သူတို့ရဲ့ရတနာတွေကို တခြားတစ်ကိုယ်တော်ကျင့်ကြံသူတွေလုယက်သွားခဲ့တာ ကြာပြီလို့ ငါတို့ကို ယုံကြည်စေချင်တာပဲ... ဟင်းဟင်း... ဒါပေမဲ့ တကယ်တမ်းမှာတော့ သူတို့က သူတို့ရဲ့ရတနာတွေကို အစောကြီးကတည်းက တိတ်တဆိတ် ယူဆောင်သွားခဲ့ပြီးသားပေါ့... ဟဟ"
ဤစကားများ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် အခြားကျင့်ကြံသူများမှာ ရုတ်တရက် ဉာဏ်အလင်းပွင့်သွားကာ ချက်ချင်းပင် နားလည်သွားကြသည်။
သူတို့ထဲမှ တစ်ဦးမျှ အရူးများမဟုတ်ကြပေ။ သူတို့သည် အဓိကအချက်ကို ချက်ချင်းပင် နားလည်သဘောပေါက်သွားကြသည်။
"ဒီလိုကိုး.. ဘယ်သူက ငါတို့ထက် ပိုမြန်နိုင်မှာလဲလို့ ငါတွေးနေတာ..."
"ဟဟ.. ဒါက လုမိသားစုရဲ့လှည့်ကွက်ပဲ... သူတို့တွေ လုယက်ခံရပါတယ်ပေါ့... တကယ်တော့ သူတို့က လုမိသားစုမျိုးဆက်တွေကို ရတနာတွေနဲ့ ထွက်ပြေးဖို့ အမိန့်ပေးပြီးသားနေမယ်..."
"ဒါက လုမိသားစုရဲ့ ရွေ့ကွက်ပဲ... ဟားဟား... နှစ်ပေါင်းရာချီခဲ့တဲ့ မိသားစုဆိုတဲ့အတိုင်း.. တော့်တော့်ကို ဉာဏ်များကြတာပဲ..”
"ကျန်နေသေးတဲ့ လုမိသားစုဝင်တွေကို ချက်ချင်းရှာကြ... လုမိသားစုရဲ့ ရတနာတွေက သူတို့နဲ့အတူ ရှိကိုရှိရမယ်.. ငါတို့ သူတို့ကို အလွတ်ပေးလို့ မဖြစ်ဘူး...”
"ခွေးမသားတွေ ငါတို့ လှည့်စားခံရတော့မလို့... လုမိသားစုဝင်တွေက တကယ်ကို အကြံများပြီးတော့ ကောက်ကျစ်ကြတာပဲ..."
ကျင့်ကြံသူအားလုံးသည် မိမိတို့အချင်းချင်း အသည်းအသန် ဆွေးနွေးကြပြီး ကျယ်လောင်စွာ ကျိန်ဆဲနေကြတော့သည်။
သူတို့သည်လည်း ဤခန့်မှန်းချက်မှာ အလွန်ပင် ကျိုးကြောင်းဆီလျော်သည်ဟု ခံစားမိကြသည်။ အကယ်၍ အပြင်လူများ ရှိခဲ့လျှင်ပင်၊ လုမိသားစုအကြီးအကဲများကို အနိုင်ယူနိုင်ခြေ အလွန်နည်းပါးပြီး သူတို့၏အမြန်နှုန်းမှာ ထိုမျှ မြန်ဆန်နိုင်မည်မဟုတ်ပေ။
ထို့ကြောင့် ဤအရာအားလုံးသည် လုမိသားစုကိုယ်တိုင် ဖန်တီးခြင်းမှလွဲ၍ အခြားဖြစ်နိုင်ခြေများ လုံးဝမရှိသလောက်ပင် ဖြစ်သည်။
ချက်ချင်းဆိုသလို၊ ကျင့်ကြံသူအများအပြားသည် လုမိသားစုချန်ထားခဲ့သော ရတနာများကို ရရှိနိုင်ရန် လုမိသားစုကျင့်ကြံသူများကို ရှာဖွေဖို့ရာ လူစုခွဲလိုက်ကြတော့သည်။
ထိုအချိန်၌ မြေအောက်စခန်းတွင် ဘေးကင်းလုံခြုံစွာရှိနေသော ကျိုးစွေ့သည် မီယွင်မြို့တွင် ဖြစ်ပျက်နေသမျှ အရာအားလုံးကို ပျော်ရွှင်စွာ စောင့်ကြည့်နေသည်။
မြို့တစ်မြို့လုံးမှာ လုံးဝကို ပရမ်းပတာဖြစ်နေသည်။
အင်မော်တယ်ရှားဂိုဏ်း၊ တစ္ဆေမိစ္ဆာဂိုဏ်း၊ မိသားစုကြီးအမျိုးမျိုးနှင့် တစ်ကိုယ်တော်ကျင့်ကြံသူများသည် ရုန်းရင်းဆန်ခတ် တိုက်ခိုက်နေကြသည်။
နေရာတိုင်းတွင် ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားနေသည်။
မှန်ပေသည်၊ ဤသည်မှာ ကျိုးစွေ့နှင့် မည်သို့မျှ မသက်ဆိုင်ပေ။ သူသည် မီးအလောင်ခံရမည်ကို စိုးရိမ်စရာမလိုဘဲ မြစ်တစ်ဖက်ကမ်းမှ မီးလောင်မှုအား စောင့်ကြည့်နေသည့်နှယ် ဖြစ်၏။
သူလုပ်ရမည့်အရာမှာ ဤမငြိမ်မသက်မှု ပြီးဆုံးသည်အထိ တိတ်တဆိတ် စောင့်ဆိုင်းနေရန်သာ ဖြစ်သည်။
ဤသည်မှာ မြေအောက်စခန်းတစ်ခုအား ကြိုတင်တည်ဆောက်နိုင်ခဲ့သည့် သူ၏ကြိုတင်မြော်မြင်နိုင်မှုပင် ဖြစ်သည်။
သူသာ မြေအောက်စခန်းကို မတည်ဆောက်နိုင်ခဲ့ပါက၊ တစ္ဆေမိစ္ဆာဂိုဏ်းကျင့်ကြံသူများက သူ့ကို ရှာဖွေတွေ့ရှိမည်ကို စိုးရိမ်သောကြောင့် ထွက်ပြေးနေရသော ထိုလူအုပ်ထဲတွင် သူပါဝင်သွားနိုင်ပေသည်။
"ဟင်..”
ထိုအခိုက်အတန့်တွင် ကျိုးစွေ့၏စိတ် လှုပ်ရှားသွားသည်။ သူ၏ကိုယ်ပွားတစ်ခုက လုအိမ်တော်ထဲမှ အနီးအနားရှိ မှောင်မိုက်သောလမ်းကြားတစ်ခုသို့ တိတ်တဆိတ်ပျံထွက်လာပြီး၊ ထွက်ပြေးလွတ်မြောက်နိုင်ရန် ကြိုးပမ်းနေပုံရသည့် လှပသောပုံရိပ်တစ်ခုအား ရုတ်တရက် သတိထားမိလိုက်သည်။
ထိုပုံရိပ်သည် ချီသန့်စင်ခြင်းအဆင့်ကို ကျော်လွန်သော အားကောင်းသည့် အခြေတည်အဆင့်အရှိန်အဝါအား သိသိသာသာပင် ထုတ်လွှတ်နေသည်။ သို့သော် ၎င်းအရှိန်အဝါသည် တည်ငြိမ်မှုမရှိဘဲ အချိန်မရွေးငြိမ်းသေနိုင်သည့် မီးတောက်တစ်ခုအလား ဖြစ်နေသည်။
"ဘာတွေဖြစ်နေတာလဲ... မီယွင်မြို့မှာ နောက်ထပ် အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက် ရှိနေတာလား..."
"အိုး.. ဟုတ်သားပဲ.. မီယွင်မြို့မှာ အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက် ရှိသေးပုံပဲ.. ဒါပေမဲ့ သူက အင်မော်တယ်ရှားဂိုဏ်းက..."
"အင်မော်တယ်ရှားဂိုဏ်းက ဂိုဏ်းသခင်ငယ် လန်ယွဲ့ရှီများလား... ဒါပေမဲ့ အဲ့ဒီမိန်းမ အခြေအနေဆိုးရွားနေပုံပဲ..."
ကျိုးစွေ့က သူ၏မေးစေ့ကို ပွတ်သပ်လိုက်သည်။
ယခင်က သူရရှိခဲ့သော သတင်းအချက်အလက်များကို သူ ချက်ချင်းပင် ပြန်လည်အမှတ်ရလိုက်သည်။
မီယွင်မြို့တွင် အခြေတည်အဆင့်ကျင့်ကြံသူနှစ်ဦးသာ ရှိသည်။
တစ်ဦးမှာ လုမိသားစု၏ ဘိုးဘေးဖြစ်သူ လုဟုန်ရန်ဖြစ်သည်။
နောက်တစ်ဦးမှာ အင်မော်တယ်ရှားဂိုဏ်း၏ ဂိုဏ်းသခင်ငယ် လန်ယွဲ့ရှီဖြစ်သည်။
သို့သော် လုဟုန်ရန်သည် အခြေတည်အဆင့်မိစ္ဆာကျင့်ကြံသူများကို ဆန့်ကျင်တိုက်ခိုက်ရန် သူ၏အသက်ကို စွန့်စားခဲ့ပြီး တိုက်ပွဲမှာ မပြီးဆုံးသေးရာ ရလဒ်ကို မသိရသေးချေ။
တစ်ဖက်တွင် လန်ယွဲ့ရှီသည်လည်း အခြေတည်အဆင့်ကျင့်ကြံသူတစ်ဦးဖြစ်သည်။
သို့သော် သူမသည် လုဟုန်ရန်နှင့်အတူ တိုက်ပွဲမဝင်ခဲ့ရာ ၎င်းမှာ သူမ၌ ကျန်းမာရေးပြဿနာတစ်ခုခု ရှိရမည်ကို ဆိုလိုပေသည်။
လန်ယွဲ့ရှီသာ တိုက်ပွဲတွင်ပါဝင်ခဲ့ပါက ထိုအခြေတည်အဆင့်မိစ္ဆာကျင့်ကြံသူများ တောင့်ခံနိုင်မည်မဟုတ်ပေ။
"ဒီမိန်းမက တစ္ဆေမိစ္ဆာဂိုဏ်းကျင့်ကြံသူတစ်ယောက်ရဲ့ ချောင်းမြောင်းတိုက်ခိုက်မှုကို ခံခဲ့ရပြီး အပြင်းအထန် အဆိပ်သင့်ခဲ့တယ်လို့ ကောလာဟလတွေ ထွက်နေတယ်... သူ့အသက်က သေရေးရှင်ရေး ဖြစ်နေတယ်ဆိုပဲ...”
"အဲ့ဒီကောလာဟလက အမှန်ဖြစ်နိုင်မလား..."
ကျိုးစွေ့၏ မျက်လုံးများ တောက်ပသွားသည်။
သူသည် လုမိသားစုကျင့်ကြံသူများစွာ၏ မှတ်ဉာဏ်များမှ ဤသတင်းအချက်အလက်များကို စုဆောင်းခဲ့သည်ဖြစ်ရာ၊ လန်ယွဲ့ရှီနှင့်ပတ်သက်သော သတင်းအချက်အလက်အချို့ကိုလည်း သိရှိခဲ့သည်။
ဤအမျိုးသမီးသည် တကယ့်ပါရမီရှင်တစ်ဦးဖြစ်သည်။ သူမသည် အသက်၈၀သာ ရှိသေးသော်လည်း အခြေတည်အဆင့်အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်သည်။
ပထမတန်းစားစိတ်ဝိညာဉ်အမြစ် ပင်ကိုယ်ပါရမီ။
သူမသည် ရွှေအမြုတေအဆင့်သို့ တက်လှမ်းရန် ခြေတစ်လှမ်းအလိုတွင်သာ ရှိသည်။
သူမသာ တစ္ဆေမိစ္ဆာဂိုဏ်း၏တိုက်ခိုက်ခြင်းကို မခံခဲ့ရပါက ယခုအခါ ရွှေအမြုတေဆရာသခင်တစ်ဦးပင် ဖြစ်နေနိုင်ပေသည်။
"ဒါက အခွင့်အရေးတစ်ခု ဖြစ်နိုင်တယ်..."
"ငါသာ ဒီမိန်းမဆီမှာ 'ချစ်ခြင်းမေတ္တာကူ'ကို ပျိုးထောင်နိုင်ခဲ့ရင်.. ငါ့မှာ အခြေတည်အဆင့်လက်တွဲဖော်တစ်ယောက် လက်ဝယ်ရှိသွားမှာ မဟုတ်ဘူးလား...”
"ဒါဆိုရင် အခြေတည်ဆေးလုံးနဲ့ အဆင့်နှစ်ယောင်သားရဲအမြုတေတွေ့ကို အလွယ်တကူ ရနိုင်သွားမှာမဟုတ်ဘူးလား...”
"ပြီးတော့ သူက အဆိပ်သင့်နေတာပဲ ရှိတယ်.. သေခါနီးနေတာမှ မဟုတ်တာ...”
"ငါသာ သူ့ခန္ဓာကိုယ်ထဲက အဆိပ်ကို ကုသနိုင်ခဲ့ရင်... ငါ့မှာ ပြီးပြည့်စုံတဲ့ အခြေတည်အဆင့် တိုက်ခိုက်ရေးအင်အားတစ်ခု ရှိသွားမှာပဲ..."
ထိုအတွေးဖြင့် ကျိုးစွေ့ ချက်ချင်းပင် ရင်ခုန်သွားသည်။ ဤသည်မှာ သူ့အတွက် စစ်မှန်သောအခွင့်အရေး ဖြစ်နိုင်သည်ဟု ခံစားမိသည်။
“လုမိသားစုရဲ့ ကြွယ်ဝမှုဆိုတာ အလကား... ဒီမိန်းမနဲ့ယှဉ်ရင် စကားထဲထည့်ပြောဖို့တောင် မတန်ဘူး...”
သူမသည် အင်မော်တယ်ရှားဂိုဏ်း၏ ဂိုဏ်းသခင်ငယ်ဖြစ်ပြီး၊ နာမည်ကောင်းရှိသော ဂိုဏ်းတစ်ခုမှ နတ်သမီးတစ်ပါးဖြစ်ကာ၊ အင်မော်တယ်ရှားဂိုဏ်း၏ နောက်တက်မည့်ဂိုဏ်းချုပ်ပင် ဖြစ်နိုင်သေးသည်။
သူသာ သူမကို လက်ထပ်နိုင်ခဲ့ပါက၊ အင်မော်တယ်ရှားဂိုဏ်းတစ်ခုလုံးကို တင်တောင်းပစ္စည်းအဖြစ် လက်ခံရရှိခြင်းနှင့် ညီမျှပေလိမ့်မည်။
အင်မော်တယ်ရှားဂိုဏ်းမှ ထိုရွှေအမြုတေအဆင့်ကျင့်ကြံသူနှစ်ဦး သေဆုံးသွားပြီးနောက်တွင်၊ အင်မော်တယ်ရှားဂိုဏ်းသည် သူ၏အပိုင် ဖြစ်လာပေလိမ့်မည်။
အင်မော်တယ်ရှားဂိုဏ်းက လုပ်ခဲ့သောအရာများအပေါ် သူဒေါသထွက်နေပြီး ၎င်းကို ဖျက်ဆီးလိုစိတ်ပင်ရှိသော်လည်း၊ အခွင့်အရေးရလျှင်မူ အင်မော်တယ်ရှားဂိုဏ်းကို ထိန်းချုပ်ရန် မည်သူက မလိုချင်ဘဲနေမည်နည်း။
သူ၏ယခင်ဘဝကဲ့သို့ပင်၊ လူတိုင်းက Tencent နှင့် Alibaba ကဲ့သို့သော ကုမ္ပဏီများကို သွေးစုပ်ဖုတ်ကောင်များဟု ခေါ်ဆိုကာ ကျိန်ဆဲကြ၏။
သို့သော် သူတို့သာ ထိုကုမ္ပဏီများကို ထိန်းချုပ်နိုင်ပြီး ရှယ်ယာအများစုကို ပိုင်ဆိုင်နိုင်ခဲ့ပါက၊ ၎င်းမှာ လုံးဝကွဲပြားခြားနားသော ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပေလိမ့်မည်။
ထိုကျိန်ဆဲမှုများသည် အကျိုးအမြတ်၏တစ်စိတ်တစ်ပိုင်းကို သူတို့ မရရှိနိုင်သောကြောင့်သာ ဖြစ်သည်။
“ရှားပါးရတနာဆိုတာ သိမ်းဆည်းရကျိုးနပ်တယ်.. သိမ်းဆည်းထိုက်တယ်.. ဟဲဟဲ..”
ကျိုးစွေ့သည် သူသည် ကျင့်ကြံခြင်းလောက၏လွီပုဝေဖြစ်သည်ဟု ခံစားလိုက်ရသည်။
ယခင်က လွီပုဝေသည် ချင်ရှီဟွမ်ကို ပံ့ပိုးကူညီခြင်းဖြင့် သာမန်ကုန်သည်တစ်ဦးအဖြစ်မှ၊ ချင်မင်းဆက်၏ အမတ်ချုပ်ကြီး ဖြစ်လာခဲ့သည်။ သူသည် မြင့်မားသောအဆင့်အတန်းကို ရရှိခဲ့သည်။
ယခုအခါ၊ သူသည် အင်မော်တယ်ရှားဂိုဏ်း၏ ဂိုဏ်းသခင်ငယ်ဖြစ်သော လန်ယွဲ့ရှီကို အားကိုးကာ အင်မော်တယ်ရှားဂိုဏ်း၏အကြီးအမှုးဖြစ်လာရန် ကြိုးပမ်းတော့မည် ဖြစ်၏။
ဤသည်မှ ဒဏ္ဍာရီမဟုတ်လျှင် ဘယ်အရာဖြစ်မည်နည်း။
အဆင့်နိမ့်စိတ်ဝိညာဉ်အမြစ်ရှိသူတစ်ဦးသည် ရွှေအမြုတေအဆင့်ဂိုဏ်းသို့ မဝင်ရောက်နိုင်ဟု မည်သူပြောသနည်း။ ဂိုဏ်းချုပ်အလှလေးအား လက်ထပ်လိုက်ရုံသာ မဟုတ်ပါလော။