ဆိုမာလီယာ ပင်လယ်ဓားပြ
Vol. 14 Ch. 196
နောက်တစ်နေ့တွင်.....
သင်္ဘောသားများအားလုံး သတိအနေအထားဖြင့်ရှိနေကြသည်။
ပြင်ဆင်မှု့ များကလည်း နေရာကျသည်။
ဖိအားမြင့်ရေသေနတ်များ ပြင်ဆင်ထားရုံသာမက ပင်လယ်ဓားပြတိုက်ဖျက်ရေးအတွက် တာယာကြိုးဆူးများကို သင်္ဘောရဲ့ဘေးဘက်တွင် တပ်ဆင်ထားပြီး ကင်းစခန်းများကိုပါ ထပ်ထည့်ကာ ပင်လယ်ရေပြင်ရှိ အခြေအနေကို အချိန်မရွေး စောင့်ကြည့်ရန်ဖြစ်သည်။
Universal ကုန်တင်သင်္ဘောက အေဒင်ပင်လယ်ကွေ့၏ ကျယ်ပြောသော ပင်လယ်ပြင်တွင် အမြန်နှုန်းဖြင့် ခုတ်မောင်းနေပြီး အရာအားလုံးတည်ငြိမ်နေပုံရသည်။
နေ့လယ် ၁၀ နာရီ....
သင်္ဘောသားများ နေ့လယ်စာ စားပြီးချိန် တွင် အရေးပေါ်အချက်ပေးသံမြည်လာခဲ့သည်။
" ဘော်..."
"ဘာတွေဖြစ်နေတာလဲ"
သင်္ဘောကပ္ပတိန်က ကျယ်လောင်စွာ အော်မေးလိုက်သည်။
"ကပ္ပတိန်...ကျွန်တော်တို့ ကင်းသမားက အမြန်မောင်းလာတဲ့ စက်လှေသုံးစီးကို တွေ့လိုက်တယ်တဲ့....သူတို့က ပင်လယ်ဓားပြအဖွဲ့ဖြစ်နိုင်တယ်..."
"ဘာ...."
"ပင်လယ်ဓားပြများနဲ့ ထိပ်တိုက် ရင်ဆိုင်ရပြီလား "
ကပ္ပတိန်ဝေကျန်းရှန်း၏ မျက်နှာအမူအရာက ပြောင်းလဲသွားသည်။ အေဒင်ပင်လယ်ကွေ့ရေပြင်တွင် ခုတ်မောင်းနေစဉ် လူတိုင်း မဖြစ်ချင်ဆုံးအရာမှာ ပင်လယ်ဓားပြများနှင့် ရင်ဆိုင်ရခြင်းပဲဖြစ်သည်။
ဒီ အေဒင်ပင်လယ်ကွေ့၏ ရေပြင်ထဲမဝင်မှီက ကပ္ပတိန်ဝေကျန်းရှန်း ထိုကိစ္စကို စိုးရိမ်နေခဲ့သည်။
"မြန်မြန်လုပ်.... ငါတို့ရဲ့ ကမ်းခြေစောင့်တပ်ဖွဲ့ကို ခေါ်ပြီး အကူအညီတောင်းလိုက်...."
"ငါတို့ရဲ့ အစောင့်တပ်ဖွဲ့က အနီးအနားမှာရှိပြီး အချိန်မှီရောက်လာပါစေလို့ မျှော်လင့်ပါတယ်....မဟုတ်ရင် အန္တရာယ်ရှိပြီး လက်နက်မဲ့သင်္ဘောသားတွေက... အဲ့ဒီပင်လယ်ဓားပြတွေကို ယှဉ်နိုင်မှာမဟုတ်ဘူး...."
" ဘုရားရေ.. ပင်လယ်ဓားပြတွေလား..."
" အမေ့ရေကယ်ပါ... ကျွန်တော်...မသေချင်သေးဘူး... "
သင်္ဘောပေါ်ရှိ ဝန်ထမ်းများက ထိတ်လန့်နေကြသည်။
ကပ္ပတိန်ဝေကျန်းရှန်းက ပင်လယ်ဓားပြများကို ရင်ဆိုင်ရန် လူတိုင်းကို တည်ညိမ်အောင်နေဖို့ ညွှန်ကြားလိုက်သည်။
မိနစ်အနည်းငယ်အတွင်း ပင်လယ်ဓားပြ၏ စက်လှေများက " တုန်ရှင်း " သင်္ဘောကို ဝိုင်းရံလိုက်ပြီး ပင်လယ်ဓားပြများစွာက AK-47 ကို ကိုင်ဆောင်ကာ သင်္ဘောကို ပစ်ခတ်လိုက်ကြသည်။
ကျည်ဆံများက သင်္ဘောတစ်ခုလုံးတွင် မီးပွားများလို ပျံဝဲသွားစေပြီး ကျည်ဆံတစ်ထောင့်က ကပ္ပတိန်ဝေကျန်းရှယ်၏ နား မှ ကပ်ပြီးဖြတ်သွားသည်။
သင်္ဘောသားအချို့မှာ ထိုသို့သောတိုက်ပွဲအပြီးတွင် ဖြူဖတ်ဖြူလျော်ဖြစ်ကာ တုန်ယင်နေကြသည်။
ဝန်ထမ်းငယ်တစ်ဦးက "ဝူး " ဟူသော အသံဖြင့် ကြောက်လန့်တကြား အော်ငိုနေသည်။
"ကပ္ပတိန်.... ပင်လယ်ဓားပြတွေ သင်္ဘောပေါ်တက်တော့မယ်..."
ဝေကျန်းရှန်းက ဖိအားမြင့်ရေသေနတ်ကို ကိုယ်တိုင်ယူကာ သင်္ဘောပေါ်တက်ရန် ကြိုးစားနေသော ပင်လယ်ဓားပြများဆီသို့ ပစ်လိုက်ပြီး ထိုဓားပြများကို ရေနှင့်ဆေးချရန် ကြိုးစားခဲ့သည်။
ပင်လယ်ဓားပြများက ကျည်ဆံအနည်းငယ်ပစ်လိုက်ရာ ကျည်ဆံတစ်ထောင့်က ကပ္ပတိန်ဝေကျန်းရှန်း၏ လက်မောင်းကို ထိမှန်သွားပြီး အသားတစ်ဖဲ့ကို ယူသွားခဲ့သည်။ အနည်းငယ်ပိုထိခဲ့လျှင် သူ့ရဲ့ လက်မောင်းက အသုံးမဝင်တော့ပေ။
ကပ္ပတိန်ဝေကျန်းရှန်း၏ လက်မောင်းမှ သွေးများစီးကျနေသည်။
"ကပ္ပတိန်... ခင်ဗျား ဒဏ်ရာရသွားပြီ..."
ဝန်ထမ်းတစ်ဦးက အော်လိုက်သည်။
ကပ္ပတိန်ဝေကျန်းရှန်းက ဒါကို လုံးဝဂရုမစိုက်ပေ။ ဒီအချိန်တွင် သူတို့ ဆက်လက်အသက်ရှင်ရမည် ဆိုတာ သူရှင်းရှင်းလင်းလင်းသိသည်။
ကြာကြာခံနိုင်လေ မျှော်လင့်ချက်ပိုရှိလေပဲ ဖြစ်သည်။ အစောင့်တပ်ဖွဲ့ ရောက်ရှိလာတဲ့အထိ ဆက်လက်တည်မြဲနိုင်လျှင် ငါတို့ လွတ်မြောက်လိမ့်မည်။
ထိုအရာကို တွေးခြင်းက အလွန်ပင် စိတ်ကူးယဉ်ဆန်လှသည်။
ရှင်းရှင်းလင်းလင်းပင် ပင်လယ်ဓားပြအဖွဲ့မှာ အတွေ့အကြုံကြွယ်ဝသော ရာဇဝတ်သားများဖြစ်ကြပြီး ဆယ်မိနစ်မပြည့်မီတွင် သင်္ဘောပေါ်သို့ တက်ရောက်လာကြသည်။
AK-47 ကိုင်ဆောင်ထားသော ပင်လယ်ဓားပြတစ်ယောက်က သင်္ဘောပေါ်သို့ ပထမဆုံးတက်ရောက်လာတဲ့အခါမှာတော့ သံသယဖြစ်စရာမရှိတော့ပေ။ သင်္ဘောသား၂၀ ခန့်က ပင်လယ်ဓားပြများ၏ ဖမ်းဆီးခြင်းကိုခံရပြီး အတူတူစု ထားခံရသည်။
"တုန်ရှင်း "သင်္ဘောကိုလည်း ပင်လယ်ဓားပြများက ထိန်းချုပ်ထားပြီးလမ်းကြောင်းကို ပြောင်းလဲကာ ဆိပ်ကမ်းတစ်ခုကို မောင်းနှင်နေသည်။
........
ရုံးခန်းထဲတွင်.....
လျူယောင် အစီရင်ခံစာတစ်ခုကို ကြည့်နေသည်။ အစီရင်ခံစာထဲတွင် ကုန်တင်သင်္ဘောကြီးတစ်ခုစီ၏ အခြေအနေ ဥပမာ- မည်သည့်ကုန်ပစ္စည်းများ တင်ဆောင်ထားသည် မည်သည့်နေရာသို့သွားနေသည်၊ ယခုမည်သည့်နေရာတွင်ရှိသည်ကို ရှင်းရှင်းလင်းလင်းဖော်ပြထားသည်။
" ဝုန်း.."
ထိုအချိန်တွင် တံခါးခေါက်ခြင်းကိုပင် မပြုပဲ ရုတ်တရက် ရုံးခန်းတံခါး တွန်းဖွင့်ဝင်လိုက်သံကို လျူယောင် ကြားလိုက်ရသည်။
ကျိုးယန်က စိုးရိမ် ပူပန်နေပုံရပြီး ကျယ်လောင်စွာ အော်လိုက်သည်။
"သူဋေး.... အရေးကြီးတဲ့ကိစ္စတစ်ခု ဖြစ်သွားပြီ... ကျွန်တော်တို့ရဲ့... ကွန်တိန်နာတင်သင်္ဘော 'တုန်ရှင်း' ကို ပင်လယ်ဓားပြတွေက ပြန်ပေးဆွဲသွားပြီ...."
"ဘာ..."
လျူယောင် တုန်လှုပ်သွားသည်။
ထိုအရာမျိုးကို မကြာမီ သို့မဟုတ် နောက်ပိုင်းတွင် ဖြစ်ပေါ်လာနိုင်တာကို သူသိသော်လည်း တကယ်ရင်ဆိုင်ရတဲ့အခါ လျူယောင်ရဲ့ တုံ့ပြန်မှု့က အလွန်ပြင်းထန်နေသေးသည်။
"အခု ဘယ်လိုအခြေအနေလဲ... ငါတို့ရဲ့သင်္ဘောပေါ်က ဝန်ထမ်းတွေရော ဘယ်လိုအခြေအနေရှိလဲ.."
ကျိုးယန် ချက်ခြင်း ပြန်ဖြေလိုက်သည်။
"ကျွန်တော်တို့ ရရှိတဲ့ သတင်းအချက်အလက်က အကန့်အသတ်ရှိနေတယ်...ဝန်ထမ်းတွေကတော့ လောလောဆယ်အန္တရာယ်မရှိသေးဘူး...."
ဝန်ထမ်းများ အန္တရာယ်မရှိသေးသဖြင့် လျူယောင် စိတ်သက်သာရာရသွားသည်။ လူ့အသက်နှင့်နှိုင်းယှဉ်လျှင် မည်သည့်အရာမဆို အရေးမကြီးပေ။
"သူဋေး... မကြာခင်မှာပဲ ပင်လယ်ဓားပြတွေက ကျွန်တော်တို့ကို ပြန်ရွေးငွေတောင်းဖို့ ဆက်သွယ်လာနိုင်တယ်... အဲ့ဒီအခါ ကျွန်တော်တို့ ဘာလုပ်ရမလဲ...." ကျိုးယန် ထပ်မံအစီရင်ခံလိုက်သည်။
ကျိုးယန်ကို ညွှန်ကြားချက်အချို့ပေးပြီး သူထွက်သွားတာကို ကြည့်ပြီးနောက် လျူယောင်ရဲ့မျက်နှာမှာ တဖြည်းဖြည်းအေးစက်လာသည်။
ဒီပင်လယ်ဓားပြများက တကယ်ပင် ဆရာကြီးယောင် ကို ရန်စရဲသည်။
" သူတို့ကို သေခြင်းဆိုတဲ့စကားလုံး...ဘယ်လိုရေးရမယ်ဆိုတာ သိအောင် ငါလုပ်ပေးမယ်..."
လျူယောင် ဒေါသထွက်စွာ တွေးရင်း လိပ်ကြီးကို ဆက်သွယ်လိုက်သည်။
"လိပ်ကြီး... မင်း အခု ဘယ်မှာလဲ... ငါတို့ အလုပ်လုပ်တော့မယ်..."
ဒီရက်တွေမှာ လိပ်ကြီးဘဝက အလွန် သာယာ နေပြီးအေးအေးဆေေဆးရှိနေခဲ့သည်။
သူက နေရာတိုင်းသို့ လှည့်လည်သွားလာပြီး အဝေးဆုံးရောက်ဖူးသည်မှာ တောင်ပစိဖိတ်သမုဒ္ဒရာဖြစ်သည်။အိန္ဒိယသမုဒ္ဒရာသို့ပင် သူ တစ်ကြိမ်သွားဖူး၏။
"အိုခေဘာသခင်...ကျွန်တော်..အခု.. ယန်နိုင်ငံရဲ့ တောင်တရုတ်ပင်လယ်မှာ အိပ်နေပါတယ်... ကျွန်တော့်ရဲ့ တာဝန်က ဘာလဲသာ ပြောလိုက်ပါ...သခင်"
လုပ်စရာရှိသည်ကိုကြားသောအခါ လိပ်ကြီးရဲ့ စိတ်ဓာတ်မှာ တက်ကြွလာသည်။
"မင်း အရင်ဆုံး အေဒင်ပင်လယ်ကွေ့ကို ကူးခတ်ပြီး အဆင်သင့်စောင့်နေ ပြီးရင် မင်းကို အလုပ်ပေးမယ်..."
အေဒင်ပင်လယ်ကွေ့၏ ခန့်မှန်းခြေတည်နေရာကို လျူယောင် ပြောပြလိုက်သည်။
လိပ်ကြီးက တုံ့ဆိုင်းမနေဘဲ ချက်ခြင်း ပြန်ဖြေလိုက်သည်။
"စိတ်မပူပါနဲ့သခင်...နှစ်ရက်အတွင်း ကျွန်တော် အဲ့ဒီကိုရောက်ပါမယ်..."
လိပ်ကြီးရဲ့ ရေမိုင် ၂၀၀ ကျော်အရှိန်ဖြင့် နှစ်ရက်ပင်ကြာမည်မဟုတ်ပေ။ နှစ်ရက်ဆိုသည်မှာ ကြားတည်းတွင် စားခြင်းနှင့် အနားယူခြင်းတို့လည်း ပါဝင်သည်။
လိပ်ကြီး သူ့ရဲ့ဧရာမလှံကိုကိုင်ဆောင်ကာ အေဒင်ပင်လယ်ကွေ့ ရေပြင်သို့ဦးတည်ကာ ကူးခတ်လာခဲ့သည်။
" ဒေါက် ဒေါက် ဒေါက်.."
နာရီအနည်းငယ်အကြာတွင် ကျိုးယန်က ရုံးခန်းတံခါးကို ထပ်မံခေါက်ပြီး လျူယောင်၏ ရုံးခန်းထဲ ဝင်လာကာ အစီရင် ခံလိုက်သည်။
"သူဋေး...ကျွန်တော်တို့ နောက်ထပ်သတင်းအချက်အလက်အချို့ကို သိရှိရပါတယ်... စစ်တပ်ကနေ မျှဝေထားတဲ့ သတင်းအချက်အလက်အရတော့ ကျွန်တော်တို့ရဲ့ ကွန်တိန်နာတင်သင်္ဘော 'တုန်းရှင်း' ကို ပြန်ပေးဆွဲသွားတာက ဆိုမာလီယာပင်လယ်ဓားပြတွေဖြစ်ပါတယ်…”
"ဒါက.. တကယ့်ကို... နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ဆိုမာလီယာပင်လယ်ဓားပြတွေပါပဲ..."
ကျိုးယန် ဆက်လက်အစီရင်ခံလိုက်သည်။
"ဒီပင်လယ်ဓားပြအဖွဲ့က ကျွန်တော်တို့ကို အခုပဲ ဆက်သွယ်လာပြီး အမေရိကန်ဒေါ်လာ သန်း ၁၀၀ တောင်းတယ်... အဲ့ဒီငွေကို သူတို့သတ်မှတ်ထားတဲ့အကောင့်ထဲကို ၂၄ နာရီအတွင်း လွှဲပြောင်းပေးဖို့ တောင်းဆိုထားပါတယ်….."
ပင်လယ်ဓားပြများက Universal ကို ဆက်သွယ်နိုင်ခြင်းမှာ အံ့ဩစရာမဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် Universal တွင်ကြေညာထားတဲ့ ဖုန်းနံပါတ်ရှိသောကြောင့်ဖြစ်သည်။
" ဟမ်း..အမေရိကန်ဒေါ်လာ သန်း ၁၀၀ တောင်းတာလား.."
"တကယ့်ခြင်္သေ့ပင်..."
ကျိုးယန်လည်း အလွန်ဒေါသထွက်နေပုံရသည်။
လျူယောင်ရဲ့မျက်နှာက အနည်းငယ်မှောင်သွားသည်။ ပင်လယ်ဓားပြများက တကယ်ပင် ပြောရဲကြသည်။လျူယောင် ခဏတွေးပြီးနောက် ကျိုးယန်ကို ညွှန်ကြားလိုက်သည်။
"သူတို့ကို ပြန်ပြောလိုက်...ငွေပမာဏက အရမ်းများတယ်... ငွေရှာဖို့အတွက် အနည်းဆုံး ၇၂ နာရီလောက်လိုတယ်... ၂၄ နာရီက အရမ်းနည်းလွန်းတယ်ဆိုတာ..."
Universal က အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကို သုံးစွဲနိုင်သည်။
ထိုပင်လယ်ဓားပြအဖွဲ့ကို အချိန်ဆွဲရန်အတွက်သာ လျူယောင် ထိုသို့ပြောလိုက်ခြင်းဖြစ်သည်။
"ဟုတ်ကဲ့ပါ... သူဋေး...ပြောတဲ့အတိုင်း ကျွန်တော် သူတို့ကို ပြန်ပြောလိုက်ပါ့မယ်.."
ထပ်မံစဉ်းစားပြီးနောက် လျူယောင်က ဆိုမာလီယားကို ကိုယ်တိုင်သွားရမည်ဟု ခံစားမိသည်။ သူ့ရဲ့ဒေါသကို ဖော်ထုတ်ပစ်ရမည်။
ဒီခရီးစဉ်အတွင်း သူ့ဒေါသကို ဖော်ထုတ်ရုံသာမက သူ့ရဲ့ဂုဏ်သိက္ခာကိုလည်း ထူထောင်ရမည်။
ပင်လယ်ဓားပြအဖွဲ့ကို သူတို့ရဲ့ခွန်အားကိုပြရန် ၊ အနာဂတ်တွင် Universal မှ သင်္ဘောများကို မတွေးကြရန် နဲ့Universal ဆိုတာ သူတို့ရန်စနိုင်တဲ့ အရာ မဟုတ်ကြောင်း သိစေချင်သည်။
"ကျိုးဥက္ကဋ္ဌ.... ငါ့အတွက် ဒူဘိုင်းကို လက်မှတ်သုံးစောင်ဘွတ်ကင်လုပ်ပေးပါ.."
ပထမဆုံး ဒူဘိုင်းသို့ ပျံသန်းပြီး ထိုနေရာမှ ပြောင်းရွှေ့ကာ ဆိုမာလီယာ၏ အကြီးဆုံးမြို့ဖြစ်သော မိုဂါဒစ်မြို့သို့ ပျံသန်းမည်ဖြစ်သည်။
လျူယောင်ရဲ့ ဆိုလိုရင်းကို ကျိုးယန် ချက်ချင်းနားလည်သွားပြီး စိုးရိမ်ပူပန်စွာ မေးလိုက်သည်။
"သူဋေး...အဲ့ဒီပင်လယ်ဓားပြတွေနဲ့ ကိုယ်တိုင်ကိုယ်ကျ စကားပြောဖို့ စီစဥ်ထားတာလား..."
"ဟုတ်တယ်...ငါ့မှာ ဒီအစီအစဉ်ရှိတယ်...."
လျူယောင် ခေါင်းညိတ် ပြန်ဖြေလိုက်သည်။
"ဘာ..."
ကျိုးယန်၏ မျက်နှာအမူအရာက ထိတ်လန့်စွာ ပြောင်းလဲသွားသည်။