← Chapters

ဆိုမာလီယာသို့...

Vol. 14 Ch. 197

ဆိုမာလီယာသို့...

Vol. 14 Ch. 197

"သူဋေး မသွားပါနဲ့လား..."

ကျိုးယန် အလျင်စလိုပြောလိုက်သည်။

"ဒါက. အရမ်းဆိုးသွမ်းတဲ့ ဆိုမာလီယာလေ "

လျူယောင် အေးအေးဆေးဆေး ပြန်ဖြေလိုက်သည်။

"စိတ်မပူပါနဲ့... ငါ အဆင်ပြေမှာပါ... ငါ့အတွက် ဒူဘိုင်းသွားမဲ့.... လေယာဉ်လက်မှတ်သုံးစောင် ဘွတ်ကင်လုပ်ပေးပြီးတော့ ..ကျိန့်ကန်းနဲ့ဟီချန်းကို ....ခေါ်လိုက်..."

" သ...သူဋေး "

ကျိုးယန် နောက်ထပ်ပြောရန် ကြိုးစားနေသည်။

လျူယောင် လက်ဝှေ့ယမ်းလိုက်ကာ သူ့စကားကို ဖြတ်လိုက်ပြီး စိတ်သက်သာရာရစွာ ပြန်ဖြေလိုက်သည်။

"စိတ်မပူပါနဲ့.... ငါ့ မှာ ကိုယ်ပိုင်ဆုံးဖြတ်ချက်ရှိပါတယ်....မင်း... ငါ နဲ့ ...ဆက်သွယ်နေဖို့ပဲ... လိုတယ်..."

ကျိုးယန် လက်လျောကာ သက်ပြင်းချလိုက်ပြီး ခေါင်းကိုအသာအယာခါယမ်းသည်။

သူဋေး၏ ဆုံးဖြတ်ချက်ကို သူ ပြောင်းလဲနိုင်မည်မဟုတ်ပေ။ သူ စိတ်ထဲကနေ ဘုရားသခင်ကိုသာ ဆုတောင်းနိုင်တော့သည်။

"ဘာမှမဖြစ်ပါစေနဲ့ ...သူဋေး ဘေးကင်းစွာပြန်လာပါစေ..." လို့ပဲ သူ မျှော်လင့်မိသည်။

ခဏအကြာတွင် ကျိန့်ကန်းနဲ့ဟီချန်းတို့ အတူတူဝင်လာကြသည်။

"သူဋေး..."

"သူဋေး.... ကျွန်တော်တို့ကို ခေါ်တာလား...."

လျူယောင် ခေါင်းညိတ် ပြန်ဖြေ လိုက်သည်။

"အင်း...အရင်ထိုင်ကြဦး... မင်းတို့ရဲ့အမြင်တွေကို ငါမေးစရာရှိတယ်...."

"ဟုတ်ကဲ့... ပြောပါ...သူဋေး...."

ဆိုမာလီယာပင်လယ်ဓားပြများ ပြန်ပေးဆွဲခံရသည့်အကြောင်းကို လျူယောင် အတိုချုပ်ရှင်းပြလိုက်သည်။ သူတို့နှစ်ဦးလုံးက အံ့ဩမှု့များမပြကြပေ။

သူတို့ ဒီအကြောင်းကို သိနှင့်ပြီးသား ဖြစ်ပုံရသည်။

လျူယောင် ဆက်ပြောလိုက်သည်။

"ဒီပင်လယ်ဓားပြတွေက အမေရိကန်ဒေါ်လာ သန်း ၁၀၀ ပြန်ပေးငွေတောင်းထားတယ်.....အဲ့ဒါ. ငါကိုယ်တိုင် ဆိုမာလီယာကို သွားမလို့ပဲ...."

အခု မင်းတို့ရဲ့အမြင်တွေကို မေးနေတာ.... ငါနဲ့အတူလိုက်ခဲ့မယ်ဆိုရင် အမေရိကန်ဒေါ်လာ ၂ သန်းဆုကြေးရလိမ့်မယ်... မလိုက်ချင်ဘူးဆိုရင်လည်း ငါ အပြစ်မတင်ပါဘူး...."

"ဘာ...."

"သူဋေး ...ကိုယ်တိုင် ဆိုမာလီယာကို သွားမှာ ..."

သူတို့နှစ်ဦးစလုံး တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြပြီး သူဋေးက ဒီဆုံးဖြတ်ချက်မျိုး ချလိမ့်မယ်ဆိုတာ ဘယ်တုန်းကမှ သူတို့ မတွေးခဲ့မိကြပေ။

ကျိန့်ကန်းက စိုးရိမ်စွာ ပြောလိုက်သည်။

"သူဋေး.... ခင်ဗျားကိုယ်တိုင် ဆိုမာလီယာကိုသွားတာ အရမ်းအန္တရာယ်များတယ်... တခြားကိစ္စတွေရှိတယ်ဆိုရင် ခင်ဗျားအစား ကျွန်တော်တို့သွားပေးမယ်...."

"ဟုတ်တယ်...ကန်းအိုနဲ့ ကျွန်တော် အတူတူသွားမယ်... ခင်ဗျားသွားဖို့မလိုဘူး...." ဟီချန်းကလည်း ဝင် ပြောလိုက်သည်။

လျူယောင် ခဏတာစိတ်သက်သာရာရသွား၏။

ဒီလူတွေကို သူမှားယွင်း ပြီး မမြင်ခဲ့ပေ။

ဒီလိုအန္တရာယ်များတဲ့အလုပ်မျိုးကို သူတို့နှစ်ယောက်တကယ်ကို အလုအယက်လုပ်ချင်နေတာ။

လျူယောင် ကျေနပ်စွာ ပြန်ဖြေလိုက်သည်။

"ဟုတ်ပြီ...မင်းတို့နှစ်ယောက် လိုက်ချင်တယ်ဆိုရင်တော့..... အဲ့ဒါအတည်ပဲ... မင်းတို့အားလုံးပြင်ဆင်ထား...ငါတို့ ဒီညထွက်ခွာမယ်....."

"သူဋေး.... ခင်ဗျား တကယ်ပဲ ကိုယ်တိုင်သွားတော့မှာလား...."

ကျိန့်းကန်း မယုံကြည်နိုင် ဖြစ်ကာ ထပ်မေးလိုက်သည်။

လျူယောင် ပြုံးပြီး ပြန်ဖြေလိုက်သည်။

"ဘာလို့လဲ....ငါ့ကို မယုံလို့လား...အရည်အချင်းပိုင်းမှာတော့ ...မင်းတို့နှစ်ယောက်က ငါ့နောက်မှာ အများကြီးကျန်သေးတယ်... မင်းတို့နှစ်ယောက်ပေါင်းတိုက်ရင်တောင်..... ငါ့ကို ယှဉ်နိုင်မှာမဟုတ်ဘူး...."

"ဒီ... ဒီ... ဒါက မဖြစ်နိုင်ဘူး..."

ကျိန့်ကန်းနဲ့ဟီချန်းတို့ နှစ်ဦးစလုံး ခေါင်းကို တစ်ပြိုင်နက်တည်း ခါယမ်းလိုက်ကြသည်။

သူတို့နှစ်ဦးက အငြိမ်းစားယူထားသော အထူးတပ်ဖွဲ့ဝင်များဖြစ်ကြပြီး ရိုးရိုးသားသား ပြောရရင် လူခုနစ်ယောက် ရှစ်ယောက်ကို ကိုင်တွယ်ဖြေရှင်းရာတွင် ပြဿနာမရှိပေ။သူဋေးကတော့ ဘယ်လိုကြည့်ကြည့် သူတို့ အမြင်တွင် အားနည်းနေပုံရသည်။

"ဘာလဲ...မယုံလို့လား...."

"အမှန်ပဲ...သူဋေး....ကျွန်တော်တို့ တကယ်မယုံဘူး"

လျူယောင် ထရပ်လိုက်ပြီး စိန်ခေါ်လိုက်သည်။

"ငါ့ ရုံးခန်းက အတော်လေးကျယ်တယ်... မင်းတို့နှစ်ယောက်ပေါင်းတိုက်ရင်တောင် တစ်မိနစ်လောက်ခံနိုင်မလား...."

"ဘာလဲ....တစ်မိနစ်လား..."

နှစ်ဦးစလုံးက မကျေနပ်မှု့များပြသကြသည်။

ထို့နောက် သူတို့သုံးဦး ရုံးခန်းထဲတွင် တိုက်ခိုက်ကြိုက်ရာ မမျှော်လင့်ဘဲ သူတို့နှစ်ဦး ပေါင်းလိုက်သည့်တိုင် တစ်မိနစ်ပင် မခံနိုင်ခဲ့ကြပေ။

ဒါက လျူယောင် သနားညှာတာမှုရှိတာကြောင့်ဖြစ်ပြီး သူ့ ရဲ့ အင်အားအကုန်ကို လုံးဝအသုံးမပြုခဲ့ပေ။

သူတို့နှစ်ဦးသား ကြမ်းပြင်မှထရပ်လာပြီး ခေါင်း အဆက်မပြတ် ညိတ်ကာ ပြိုင်တူ ပြန်ဖြေလိုက်ကြသည်။

"ယုံသွားပါပြီ...ယုံသွားပါပြီ...သူဋေး "

သူဋေး က တကယ်ပဲ အစွမ်းထက်လှသည်။ သူတို့နှစ်ဦးစလုံးက သူဋေးအတိုက်အခိုက် ဒီလောက် ကောင်းလိမ့်မယ်လို့ အိပ်မက်ပင် မမက်ဖူးကြပေ။

လျူယောင် ထိုင်ချလိုက်ပြီး အံဆွဲထဲမှ မျိုးရိုးဗီဇပြောင်းဆေးရည်ပုလင်းနှစ်ပုလင်းကို ထုတ်ယူကာ ပြောလိုက်သည်။

"မင်းတို့ရဲ့ခွန်အားက နည်းနည်းအားနည်းတယ်... ဒါတွေက မျိုးရိုးဗီဇဆေးရည်ပြောင်းဆေးနှစ်ပုလင်းပဲ... ဒါကိုသောက်ပြီးရင် မင်းတို့ရဲ့ခွန်အားက အနည်းဆုံး နှစ်ဆတိုးလာလိမ့်မယ်...."

"ဘာ...မျိုးရိုးဗီဇပြောင်းဆေးလား..."

"ဒီမျိုးရိုးဗီဇပြောင်းဆေးက တကယ်ရှိတာလား...."

သူတို့နှစ်ဦး ခဏတာ ချိတုံချတုံဖြစ်နေကြပြီး လျူယောင်၏ ရှေ့တွင် တစ်ပုလင်းစီကို သောက်လိုက်ကြသည်။

နှစ်ဦးစလုံးရဲ့စိတ်ထဲတွင် သူဋေးက သူတို့ကို လုံးဝအန္တရာယ်မပြုနိုင်ကြောင်း သိထားကြသည်။

မျိုးရိုးဗီဇပြောင်းဆေးရည်သောက်ပြီးနောက် သူတို့နှစ်ဦး ရုံးခန်းမှ အတူထွက်သွားကာ ဆိုမာလီယာသို့သွားရန်အတွက် သက်ဆိုင်ရာကိစ္စများကို ပြင်ဆင်ခဲ့ကြသည်။

အိမ်မွေးတိရိစ္ဆာန်ချပ်ပြားကို လျူယောင် ကြည့်ပြီး တစ်ဦးစီအား ခွန်အား၊ လျင်မြန်မှု့နှင့် ခန္ဓာကိုယ်ကြံ့ခိုင်မှု့တို့တွင် အမှတ် ၂၀၀ စီ ပေးလိုက်သည်။ ဘာကြောင့် အမှတ် ၁၀၀ မဟုတ်ဘဲ အမှတ် ၂၀၀ စီလဲ။

ချန်းဟူအား စွမ်းရည်အမှတ်များပေးခဲ့စဉ်က ခွန်အား၊ လျင်မြန်မှု့နှင့် ခန္ဓာကိုယ်ကြံ့ခိုင်မှုတို့တွင် အမှတ် ၁၀၀ စီရရှိခဲ့သည်။

ဒီ ဆိုမာလီယာ ခရီးစဉ်က အန္တရာယ်များနှင့်ပြည့်နှက်နေတာကြောင့် သူတို့နှစ်ဦးကို စွမ်းရည်သုံးခုစလုံးတွင် အမှတ် ၂၀၀ စီပေးခြင်းက ပို၍စိတ်ချရမည်ဟု လျူယောင်ခံစားမိသည်။

ချန်းဟူအတွက်တော့ အမှတ် ၁၀၀ ဆိုရင်ပဲ သူ့ကို အားကစားပြိုင်ပွဲများတွင် ပါဝင်ရန် လုံလောက်ပေသည်။

အနာဂတ်တွင် သူပြန်လာသည့်အခါ နောက်ထပ် အမှတ် ၁၀၀ သို့မဟုတ် အမှတ် ၂၀၀ လျူယောင် ပေးနိုင်သည်။

ကျိန့်ကန်းက သူ၏ ခရီးဆောင်အိတ်ကို ရိုးရှင်းစွာထုပ်ပိုးခဲ့သည်။

သူက ချန်းဟူနဲ့လည်း အလွန်ကောင်းမွန်သော ဆက်ဆံရေးရှိတာကြောင့် ချန်းဟူနဲ့ ဖုန်းပြောလိုက်သည်။ ခဏတာစကားပြောပြီးနောက် မျိုးရိုးဗီဇပြောင်းဆေး အကြောင်းကို ကျိန့်ကန်း မေးလိုက်သည်။

"ချန်းအို...သူဋေးက ငါ နဲ့ ဟီချန်းကို ဒီနေ့ မျိုးရိုးဗီဇဆေးပြောင်းဆေး ....တစ်လုံးစီပေးတယ်....မင်းလည်း ဒီဆေးကိုသောက်ဖူးလား...."

"သေချာပေါက်ပါပဲ" ချန်းဟူ ပြန်ပြောလိုက်သည်။

"ငါက ဒီမျိုးရိုးဗီဇပြောင်းဆေး သောက်ခဲ့လို့ ဒီလောက်အစွမ်းထက်လာတာ ....ငါ..အခုဆိုရင် အားကစားပြိုင်ပွဲအမျိုးမျိုးမှာ ကမ္ဘာ့စံချိန်တွေကို အလွယ်တကူချိုးနိုင်ပြီလေ...."

"ကန်းအို....မင်းနဲ့ဟီချန်းက ကံကောင်းတာပဲ....ဒီမျိုးရိုးဗီဇပြောင်းဆေးကိုသောက်ပြီးရင် ခွန်အားဖြစ်စေ၊ တုံ့ပြန်မှု့အမြန်နှုန်းဖြစ်စေ၊ ကိုယ်ခန္ဓာကြံ့ခိုင်မှု့ဖြစ်စေ အများကြီးတိုးတက်လာတာ ...မင်းတို့... ဖြည်းဖြည်းချင်းသိလာလိမ့်မယ်.... မင်းတို့ကို စူပါလူသားလို့ပြောရင်တောင် ချဲ့ကားပြီး ပြောတာ.... မဟုတ်ဘူး...."

"သူဋေးက.... မင်းတို့ကို... မျိုးရိုးဗီဇပြောင်းဆေးသောက်ဖို့ ခွင့်ပြုတာက.... သူ ....မင်း...တို့ကို ကောင်းကောင်းဆက်ဆံတာပဲ....မင်းတို့ ....သူဋေးအပေါ်သစ္စာရှိရမယ်....မျိုးရိုးဗီဇပြောင်းဆေးရဲ့လျှို့ဝှက်ချက်ကိုလည်း ထိန်းသိမ်းထားရမယ်.... ဒီတစ်ခါ ဆိုမာလီယာကိုသွားတဲ့အခါ သူဋေးရဲ့ဘေးကင်းရေးကို .....မင်းတို့ ...ကာကွယ်ပေးရမယ်နော်...."

ချန်းဟူ သေချာ ရှင်းပြခဲ့သည်။

ထို ဖုန်းခေါ်ဆိုမှုကို ပြုလုပ်ပြီးနောက် ကျိန့်ကန်း ရဲ့ စိတ်ထဲတွင် တုန်လှုပ်ချောက်ချားနေသည်။ သူ ပို၍အစွမ်းထက်လာမည့်နေ့တစ်နေ့ရှိလာမယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့မိပေ။သူ ခုချိန်ကစပြီး သူဋေး အပေါ်သစ္စာရှိမယ်လို့ လျှို့ဝှက်စွာဆုံးဖြတ်လိုက်သည်။

.........

ညနေခင်းတွင်.....

လျူယောင်၊ ကျိန့်ကန်းနဲ့ဟီချန်းတို့က ရိုးရှင်းသောခရီးဆောင်အိတ်များဖြင့် ဟွာဟိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာကြပြီး ဒေသစံတော်ချိန် ည ၈:၀၀ နာရီတွင် ဒူဘိုင်းကိုသွားမည့် အပြည်ပြည်ဆိုင်ရာလေယာဉ်ပေါ်သို့ တက်ခဲ့ကြသည်။

သုံးဦးစလုံး ပထမတန်းစား ထိုင်ခုံ တွင်ရှိနေကြသည်။

ကျိန့်ကန်း ပျော်ရွှင်စွာဖြင့် ပြောလိုက်သည်။

"ငါ့ ဘဝမှာ ....ပထမတန်းစား ....လေယဥ်စီးနိုင်မယ့်နေ့တစ်နေ့ရှိမယ်လို့... မထင်ခဲ့မိဘူးကွာ..."

ဟီချန်းကလည်း ခေါင်းညိတ်ထောက်ခံပြီး ပြန်ပြောလိုက်သည်။

"ငါတို့က ...သူဋေးရဲ့ကံကြမ္မာနောက်ကို လိုက်နေတာ... ငါလည်း ပထမတန်းစားထိုင်ခုံမှာ... တစ်ခါမှမထိုင်ဖူးဘူး... ဘယ်လိုဖြစ်မယ်ဆိုတာ မသိဘူး...."

ထိုနှစ်ဦးပြောတာကိုကြားရတဲ့အခါ လျူယောင်ပျော်ရွှင်စွာပြုံးလိုက်သည်။

ဒီ ဆိုမာလီယာခရီးစဉ်က အခြားသူများအတွက် အန္တရာယ်ပြည့်နှက်နေပုံရသော်လည်း သူတို့သုံးဦးအတွက်မူ ဖိအားကို မရှိသလို ဖြစ်နေသည်။ ဒါ က အားလပ်ရက်အပန်းဖြေခရီးထွက်သကဲ့သို့ပင်။

ဒူဘိုင်းမြို့ကို သူတို့ရောက်လာပြီးနောက် ညဉ့်နက်နေပြီဖြစ်သည်။

သူတို့သုံးဦး ဒူဘိုင်းတွင် ခေတ္တနေထိုင်ရန်အတွက် ကြယ်ငါးပွင့်ဟိုတယ်တစ်ခုကို ရှာလိုက်ကြသည်။ နောက်နေ့မနက်စောစောတွင် သူတို့က ဒူဘိုင်းမှ ဆိုမာလီယာ၏ အကြီးဆုံးမြို့ဖြစ်သော မိုဂါဒစ်သို့ လေယာဉ်ပြောင်းစီးကြသည်။

သူတို့ လေယာဉ်ပေါ်မှ ဆင်းသည်နှင့် အလွန်ပြင်းထန်ပြီး ထူးခြားသော မြင်ကွင်းနဲ့ ကြိုဆိုခြင်းခံရသည်။

လေဆိပ်က ပျက်စီးနေ၏။

လေဆိပ်ပတ်ဝန်းကျင်ကိုကြည့်လိုက်လျှင် အဆောက်အအုံများက ယေဘုယျအားဖြင့် နိမ့်နေကာ ဆင်းရဲသားရပ်ကွက်နဲ့တူသည်။ သူတို့သုံးဦး ခရီးဆောင်အိတ်များဖြင့် လေဆိပ်မှ ထွက်လာပြီးနောက် ပို၍ပင် ထူးခြားလာသည်။

နိုင်ငံက မည်မျှပင် သာယာဝပြောစေကာမူ ဒီမြို့မှာတော့ စစ်ပွဲကြောင့် နောက်ကျကျန်နေကာဆင်းရဲနွမ်းပါးနေသည်။

လမ်းများကလည်း ပျက်စီးနေပြီး အဆောက်အဦးများက နိမ့်နေကာ အချို့အဆောက်အဦးဆိုရင် ဗုံးကြဲခံထားရပုံရသည်။

" တီ...တီ...တီ.."

လေဆိပ်မှထွက်လာပြီး ပတ်ဝန်းကျင်ကို အနီးကပ်ကြည့်ရှုရန် အချိန်မရမှီလျူယောင်၏ ဖုန်း မြည်လာခဲ့သည်။

လျူယောင် ဖုန်းထုတ်ပြီး နံပါတ်ကို ကြည့်လိုက်ရာ ကျိုးယန် ဆက်တာပဲ ဖြစ်သည်။

All Chapters