← Chapters

ကန္တာရလင်းယုန် သေနတ်

Vol. 14 Ch. 198

ကန္တာရလင်းယုန် သေနတ်

Vol. 14 Ch. 198

"သူဋေး... ပင်လယ်ဓားပြတွေက ကျွန်တော်တို့ကို ထပ်ဆက်သွယ်လာတယ်...သူတို့က ၇၂ နာရီကို သဘောမတူဘူး...ကျွန်တော်တို့ကို ၆ နာရီပဲ အချိန်ပေးတယ်...အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကို ၆ နာရီအတွင်း မရောက်ရင် ကျွန်တော်တို့ရဲ့ဝန်ထမ်းတစ်ဦးကို သတ်ပစ်မယ်လို့ ပြောတယ်...."

ကျိုးယန် ဒေါသထွက်ကာ ပြောလိုက်သည်။

လျူယောင်၏ ရင်ထဲတွင် ဒေါသများ ပွက်လောရိုက်သွားသည်။

"မ xxxတွေ ""

ဒီကျိန်စာသင့်တဲ့ပင်လယ်ဓားပြတွေကို အကုန်လုံးသတ်ပစ်ချင်ပေမဲ့ သူ၏ရင်ထဲမှ ဒေါသကို ဖိနှိပ်ထားပြီး လျူယောင် ညွှန်ကြားလိုက်သည်။

"သူတို့သတ်မှတ်ထားတဲ့အကောင့်ထဲကို ၆ နာရီအတွင်း ငွေလွှဲပေးနိုင်တယ်... ဒါပေမဲ့ တစ်ခုရှိတယ်... သူတို့ငွေလက်ခံရရှိပြီးနောက်မှာ ငါတို့ရဲ့သင်္ဘောနဲ့ ဝန်ထမ်းတွေကို ချက်ချင်းလွှတ်ပေးရမယ်ဆိုတာ ...သေချာပြောလိုက်ပါ...."

"သူဋေး...တကယ်ပဲ သူတို့ကို ဒေါ်လာ သန်း ၁၀၀ ပေးလိုက်မှာလား...."

လျူယောင် ချက်ခြင်း အဖြေ ပေးလိုက်သည်။

"ပေးလိုက်ပါ.... ငါတို့ရဲ့ဝန်ထမ်းတွေ ဘေးကင်းစွာထွက်ခွာနိုင်သရွေ့ ငွေက တန်ပါတယ်...သူတို့.... ငါ့ကို အကြိမ်ပေါင်းများစွာ ...ပြန်ပေးဆပ်စေရမယ်....."

လက်ရှိတွင် ဝန်ထမ်းများက သူတို့ လက်ထဲတွင်ရှိနေတာကြောင့် လျူယောင်အနည်းငယ် ကြောက်ရွံ့နေသည်။

ဝန်ထမ်းများ ဘေးကင်းစွာ ထွက်ခွာသွားတာနှင့် နောက်ဆံတင်းစရာ မလိုတော့ပေ။

ပင်လယ်ဓားပြအဖွဲ့ကိုရှာပြီး ပြင်းပြင်းထန်ထန်တိုက်ခိုက်ကာ စိတ်ထဲမှဒေါသကို ထုတ်ဖော်ပစ်လိုက်မည်။

ဖုန်းခေါ်ဆိုမှု့ကို ဖြေကြားပြီးနောက် လျူယောင် လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။

"သွားကြစို့... ခဏနေဖို့ ဟိုတယ်တစ်လုံးရှာကြစို့..."

လေဆိပ်ထွက်ပေါက်ပတ်ဝန်းကျင်က အတော်လေးစည်ကားသည်။

လက်နက်ရောင်းချသူများ၊ သုံးဘီးဆိုင်ကယ်များငှားရမ်းခြင်းအမျိုးမျိုးနှင့် တက္ကစီအချို့ရှိသည်။ ပို၍ပင်ချဲ့ကားသည်မှာ အချို့လူများက လက်နက်များပွင့်ပွင့်လင်းလင်းကိုင်ဆောင်ထားကြပြီး AK-47 ရိုင်ဖယ်သေနတ်ကို ပုခုံးပေါ်တွင်ပတ်ထားသည်။

"ဒီနေရာက တကယ်ကိုရှုပ်ပွနေတာပဲ ..."

"ဟုတ်တယ်... ခန္ဓာကိုယ်မှာ လက်နက်နဲ့မြို့ပတ်ပြီး လျှောက်သွားတာက သာမန်ကိစ္စတစ်ခုလို ဖြစ်ပုံရတယ်...."

ကျိန့်ကန်းနဲ့ဟီချန်းတို့ အံ့ဩစွာဖြင့်ပြောလိုက်ကြသည်။

လျူယောင် ပြုံးပြီး မေးလိုက်သည်။

"မင်းတို့...သေနတ် ကိုင်ကြည့်ချင်လား.."

" သေချာပေါက် ကိုင်ချင်တာပေါ့..သူဋေး.."

နှစ်ဦးစလုံးက စစ်တပ်မှအငြိမ်းစားယူပြီးနောက် သေနတ်ကို ထပ်မံမကိုင်ဖူးတော့ပေ။ သူတို့ လက်များက ကြာမြင့်စွာအချိန်တည်းက ယားယံနေသည်။

"သူဋေး....ဆိုလိုတာက... ကျွန်တော်တို့အတွက် လက်နက်တချို့ဝယ် ပေးတော့မို့လား..."

လျူယောင် လက်ဝှေ့ယမ်းပြီး ပြန်ဖြေလိုက်သည်။

"သေချာပေါက်...လက်နက်တချို့မပါဘဲ ဘယ်လိုလုပ်မလဲ..."

အရှေ့တွင် ဖောက်သည်များစောင့်နေသော တက္ကစီတစ်စီးကိုမြင်ရ၍ လျူယောင် သူတို့နှစ်ဦးကို ကားနားသို့ခေါ်သွားပြီး အင်္ဂလိပ်လို ယဥ်မောင်းအား ပြောလိုက်သည်။

"ကျွန်တော်တို့ကို လက်နက်ဆိုင်ကိုခေါ်သွားပေးပါ"

တက္ကစီဒရိုင်ဘာက ခေါင်းညိတ်ပြသည်။

တစ်ချိန်တည်းမှာပင် သူက လျူယောင်တို့သုံးဦးကို လျှို့ဝှက်စွာကြည့်ကာ စိတ်ထဲကနေ တွေးနေသည်။

"ဒီလူတွေက ဘယ်သူတွေလဲဟ...သူတို့ လေယာဉ်ပေါ်ကဆင်းတာနဲ့ လက်နက်တွေ....တန်းဝယ်တာပဲ..."

လျူယောင်နဲ့အခြားသူများကို ရန်မစရဲကြောင်း သူ သိပြီးနောက် သူက ရိုင်းစိုင်းသောစကားများ မပြောရဲတော့ဘဲ လျူယောင်တို့သုံးဦးကို ဒေသခံလက်နက်ဆိုင်တစ်ဆိုင်သို့ ရိုးရိုးသားသားပို့ပေးလိုက်သည်။

ဆိုမာလီယာတွင် တစ်နှစ်ပတ်လုံး ပြည်တွင်းစစ်ဖြစ်နေပြီး နေ့တိုင်းလိုလိုတိုက်ခိုက်နေကြသည်။

စီးပွားရေးမှာ အခြေခံအားဖြင့် ပြိုလဲသွားပြီဖြစ်သော်လည်း လမ်းမများပေါ်တွင် အမျိုးမျိုးသောလက်နက်ဆိုင်များကို တွေ့ရပေသည်။

လျူယောင် ဒေါ်လာ ၁၀၀ တန်ငွေစက္ကူကို ထုတ်ယူပြီး ဒရိုင်ဘာကို ပေးလိုက်သည်။

"ဒီမှာစောင့်နေ....ငါတို့ ဟိုတယ်ကိုသွားရဦးမယ်..."

"ဒေါ်လာ ၁၀၀ လား..."

ဒရိုင်ဘာက အလွန်ပျော်သွားပြီး ဈေးအကြီးဆုံးဖောက်သည်နှင့် တွေ့ဆုံကြောင်းသိသွား၍ သဘောတူကာ အလျင်အမြန် ခေါင်းညိတ်လိုက်သည်။

လျူယောင်တို့သုံးဦး လက်နက်ဆိုင်ထဲသို့ ဝင်သွားကြသည်။

ဒီဆိုင်က မသေးဘဲ အမျိုးမျိုးသောလက်နက်များရှိသည်။ ကျိန့်ကန်းနဲ့ဟီချန်းတို့ကလည်း သူတို့ရဲ့မျက်နှာများပေါ်တွင် ထင်ရှားတဲ့ပျော်ရွှင်မှု့ကို ပြသကြပြီး ချက်ချင်းပင် လက်နက်များကို ရွေးချယ်လိုက်ကြသည်။

လျူယောင် ကန္တာရလင်းယုန်သေနတ် အမျိုးအစားကို ရွေးချယ်လိုက်သည်။ ထိုသေနတ်အမျိုးအစားက အစွမ်းထက်၏။

၎င်းတွင် နောက်ပြန်ဆောင့် တွန်းအားများစွာလည်းရှိသည်။ သို့သော် လျူယောင်အတွက် နောက်ပြန်ဆောင့်အားမှာ အစွမ်းထက်သော်လည်း ပြဿနာမဟုတ်ပေ။

ကန္တာရလင်းယုန် အပြင် လျူယောင်က ကမ္ဘာကျော်ဓားဖြစ်သော KA-BAR ကိုလည်း ရွေးချယ်ခဲ့သည်။

ကျိန့်ကန်းနဲ့ဟီချန်းတို့ကလည်း ကောင်းမွန်သောလက်နက်အချို့ကို ရွေးချယ်ခဲ့ကြသည်။ ဥပမာ- ပစ္စတို၊ ဓားရှည်နှင့် Y နိုင်ငံလုပ် L85A3 တိုက်ခိုက်ရေးရိုင်ဖယ်တစ်လက်စီတို့ကို ရွေးချယ်ကြသည်။

ထိုရိုင်ဖယ်မှာ ကျည်တစ်ကဒ်လျှင် ကျည် ၃၀ ပါဝင်သော NATO ကျည်ဆန်များကို ဆက်တိုက် ပစ်ခတ်နိုင်သည်။

လိုအပ်သောလက်နက်များနှင့် ကျည်ဆန်များကိုဝယ်ယူရန်အတွက် လျူယောင်က ဒေါ်လာထောင်ပေါင်းများစွာ သုံးစွဲခဲ့ပြီး သူတို့တစ်ဦးစီတိုင်း လက်ပစ်ဗုံးအချို့ကိုလည်း ရွေးချယ်ခဲ့ကြသည်။

သူတို့သုံးဦး ထိုလက်နက်များဖြင့် တက္ကစီထဲသို့ ထပ်မံဝင်ရောက်လာပြီး ဒေသခံဟိုတယ်ကောင်းကောင်းတစ်ခုတွင် ခေတ္တနေထိုင်ကြသည်။

ဟိုတယ်သို့ရောက်ရှိပြီးနောက် လျူယောင် ပြောလိုက်သည်။

"ငါ...ကောလိပ်မှာ စစ်ရေးလေ့ကျင့်တုန်းက... သေနတ်ကို ပထမဆုံးအကြိမ်ကိုင်ဖူးတာကလွဲလို့ ...တကယ့်သေနတ်ကို ထိတွေ့ဖူးတာ ဒါ ဒုတိယအကြိမ်ပဲ.... သွားကြစို့...ဒီသေနတ်ကို စမ်းပစ်ကြည့်ဖို့ နေရာရှာကြစို့..."

ကျိန့်ကန်းနဲ့ဟီချန်းတို့က တစ်ယောက်ကိုတစ်ယောက် အံ့ဩစွာကြည့်နေကြ၏။

သူဋေးက သေနတ်ကို လက်တွေ့တွင် မကိုင်ဖူးကြောင်း ပေါ်လွင်နေသည်။

လျူယောင် ဟိုတယ်ကိုသွားပြီး ဂျစ်ကားတစ်စီး ငှားခဲ့သည်။ နေ့စဉ်ငှားရမ်းခမှာ အမေရိကန်ဒေါ်လာ ၂၀၀ ဖြစ်သည်။

သူတို့သုံးဦး ဟိုတယ်မှ ကားမောင်းထွက်လာကာ ကျေးလက်ဒေသဘက် ဦးတည်သွားခဲ့ကြသည်။

မြို့မှထွက်ခွာပြီးနောက် အပြင်ဘက်တွင် လူသူလေးပါးမရှိ၊ ဘာမှမရှိချေ။

သူတို့သုံးဦးသား ဝေးလံခေါင်သီသော သဲကန္တာရ တစ်နေရာကိုရှာပြီး ထိုနေရာတွင် သေနတ်ပစ်လေ့ကျင့်ခန်းစတင်ကြသည်။

လျူယောင်က ကန္တာရ လင်းယုန်ကို မည်သို့အသုံးပြုရမည်ကို ကျွမ်းကျင်ပြီးနောက် လေ့ကျင့်ပစ်ခတ်ဖို့ စတင်လိုက်သည်။ သူ့ရှေ့ မီတာ ၅၀ အကွာ၌ လက်သီးအရွယ်ကျောက်တုံးတစ်တန်း ကို ထားထားသည်။

ကျောက်တုံးတစ်တုံးကို ပစ်မှတ်ထားပြီး ပထမဆုံးအကြိမ် လျူယောင် ပစ်ခတ်လိုက်ချိန်တွင် ကျိန့်ကန်းနဲ့ဟီချန်းတို့က ဘေးကနေ ကြည့်နေကြသည်။

"ဒိုင်း..."

လျူယောင် ပစ်မှတ်ကို ချိန်ပစ်လိုက်သော်လည်း လွဲချော်သွားသည်။

ကျိန့်ကန်းနဲ့ဟီချန်းတို့ တစ်ယောက်ကိုတစ်ယောက် တိတ်တိတ်ဆိတ်ဆိတ်ကြည့်လိုက်ပြီးနောက် နှစ်ဦးသား အနည်းငယ်ပြုံးလိုက်ကြသည်။

သူဋေးက. တကယ် မလိမ်ခဲ့ပေ။ သူက လူသစ် တစ်ယောက်လို ဖြစ်နေသည်။

" ဒိုင်း..."

ဒုတိယအကြိမ်ပစ်ခတ်မှု့ကလည်း လွဲချော်သွားပြန်သည်။

တတိယအကြိမ်...

စတုတ္ထအကြိမ်....

ပထမပစ်ခတ်မှု့က အနည်းငယ် လွဲချော်သွားပြီး ကျည်ဆံခုနစ်တောင့်ပါ ကျည်ကဒ်တွင် ကျည်ဆန်တစ်တောင့်သာ ကျန်တော့သည်။

ထိုကျည်ဆန်က နောက်ဆုံးတွင် ပစ်မှတ်ကို ထိမှန်သွားပြီး မီတာ ၅၀ အကွာရှိ လက်သီးအရွယ်ကျောက်တုံးမှာ တစ်ချက်တည်း ပေါက်ကွဲသွားသည်။

ကျည်ကဒ်ကို ကို ကျည်ပြန်ဖြည့်ပြီးနောက် လျူယောင် ဆက်လက်ပစ်ခတ်နေသည်။

" ဒိုင်း...ဒိုင်း..ဒိုင်း "

" ဖုန်း...ဖုန်း...ဖုန်း "

ကျည်ဆံများက ပစ်မှတ်ကို ထိမှန်သွားပြီး ဝေးကွာသောနေရာမှ ကျောက်တုံးများ တစ်လုံးပြီးတစ်လုံး ပေါက်ကွဲသွားကြသည်။

ကျိန့်ကန်းနဲ့ဟီချန်းတို့နှစ်ဦးသား အံ့ဩစွာဖြင့် တစ်ယောက်ကိုတစ်ယောက်ကြည့်နေကြသည်။

"ဒါက ငါတို့သူဋေးပဲကွ..."

လျူယောင်၏ ပစ်ခတ်မှု့က ရုတ်တရက် အလွန်ကျွမ်းကျင်လာသည်။

လျူယောင်က လိပ်ကြီး၏ စွမ်းအင် နှင့် မျှဝေထားတာကြောင့် လျင်မြန်မူ့ နှင့် ခွန့်အားမှာ သာမာန် လူများ နှင့် နိူင်းယှဥ်လို့မရပေ။

ကျည်ကဒ် အနည်းငယ်ပစ်ခတ်ပြီးနောက် လျူယောင် ချိန်ပစ်ရန် မလိုတော့ပေ။ သူက ရိုးရိုးလေးပစ်ခတ်ရုံဖြင့် ပစ်မှတ်ကို မကြာခဏထိမှန် နေသည်။

"ကောင်းပြီ....ရပြီ... သွားကြမယ်...ပြန်သွားကြစို့...."

သူတို့သုံးဦးသား ဂျစ်ကားဖြင့် ဟိုတယ်ကိုပြန်လာကြသည်။ ပြန်လာပြီး မကြာမီတွင် တံခါးခေါက်သံကြားရပြီး အရှေ့တိုင်းမျက်နှာပေါက်ရှိသော လူလတ်ပိုင်းတစ်ဦးဝင်လာသည်။

ထိုလူက ပေါ့ပေါ့ပါးပါးဝတ်ဆင်ထားသော်လည်း စစ်သားတစ်ဦးဖြစ်တာကို တစ်ချက်ကြည့်ရုံဖြင့် သိနိုင်သည်။

"မစ္စတာလျူ....မင်္ဂလာပါ..."

"အိုး...ကပ္ပတိန်ဟန်...ခင်ဗျား ပင်ပန်းခဲ့ရတာပဲ..."

နှစ်ဦးသား လက်များကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင် နှုတ်ဆက်လိုက်ကြသည်။

ဟန်ရီက ယန်နိုင်ငံ၏ စစ်တပ်အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး အထူးစစ်ဆင်ရေးအဖွဲ့ရဲ့ ကပ္ပတိန်လည်းဖြစ်သည်။ လျူယောင့်ကို တွေ့ရန် စစ်ဘက်အခြေစိုက်စခန်းတစ်ခုမှ သူ ဒီနေရာသို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။

စစ်တပ်နှင့်ပတ်သက်၍ လျူယောင်က ကြီးမားသောအလှူငွေများ ပေးခဲ့သူတစ်ဦးဖြစ်သည်။ Global အဖွဲ့၏ ကွန်တိန်နာတင်သင်္ဘောကို ပင်လယ်ဓားပြများ ပြန်ပေးဆွဲခြင်း ခံရသောအခါ စစ်တပ်ကလည်း မနေနိုင်တော့ပေ။

စကားအနည်းငယ်ဖလှယ်ပြီးနောက် ဟန်ရီက မလိုအပ်တဲ့ စကားများကို မပြောတော့ဘဲ ဗိုလ်ချုပ်ပေးလိုက်တဲ့ သတင်းအချက်အလက်အချို့အား လျူယောင်ကို မျှဝေလိုက်သည်။

"မစ္စတာလျူ...ဆိုမာလီယာ ပင်လယ်ဓားပြတွေက လက်ရှိ အကြီးဆုံးအဖွဲ့အစည်းလေးခုရှိတယ်...အဲ့ဒါတွေက ပွန့်လန်းအစောင့်တပ်... ကမ်းရိုးတန်းအစောင့်တပ်... မာလ်ကာနဲ့ ဆိုမာလီယာရေတပ်သားတို့ပဲ..."

"သင်္ဘောကို ပြန်ပေးဆွဲသွားတဲ့ ပင်လယ်ဓားပြတွေက မာလ်ကာအဖွဲ့အစည်းနဲ့ ဆက်စပ်နေတယ်... ဒီပင်လယ်ဓားပြအဖွဲ့နောက်ကွယ်မှာ.... ဆိုမာလီယာရဲ့ အကြီးဆုံးအစိုးရ ...မဟုတ်တဲ့စစ်ဘက်အဖွဲ့အစည်းတစ်ခု.... ဖြစ်တဲ့ အယ်လ်ရှာဘာ့ဗ် အဖွဲ့... ရှိနေပါတယ်"

ဟန်ရီ၏ သတင်းအချက်အလက်များကို နားထောင်ပြီးနောက် မည်သည့်ပင်လယ်ဓားပြအဖွဲ့က သူ့ကုန်တင်သင်္ဘောကို ပြန်ပေးဆွဲသွားကြောင်း လျူယောင် နောက်ဆုံးတွင် သိလိုက်ရသည်။

All Chapters