နူးညံ့တဲ့ သစ်တော်သီး
Vol. 14 Ch. 199
ဟန်ရီ ဆက်ပြီး ပြောလိုက်သည်။
“ကျွန်တော်တို့ စစ်တပ်က ခင်ဗျား....ကိုယ်တိုင်ရှေ့ထွက်တာကို သဘောမတူဘူး... ဒါက အလွန်အန္တရာယ်များလွန်းတယ်... ကျွန်တော်တို့ စစ်တပ်နဲ့ညှိနှိုင်းဖို့ အကြံပြုလိုပါတယ်....ရလဒ်ကောင်းတွေ ရရှိမှာပါ....”
ဟန်ရီ၏ စကားကို လက်မြှောက်ပြီး လျူယောင် ဖြတ်ပြောလိုက်သည်။
“ကျွန်တော်က သူတို့သတ်မှတ်ထားတဲ့အကောင့်ထဲကိုမေရိကန်ဒေါ်လာ သန်း ၁၀၀ လွှဲပေးဖို့ ကတိပြုပြီးသွားပြီ....ကျွန်တော်မှာ တစ်ခုတည်းသော တောင်းဆိုချက်သာ ရှိတာ်...ပိုက်ဆံရရှိပြီးတဲ့နောက်မှာ...သူတို့ကစည်းကမ်းတွေကို လိုက်နာပြီး ကျွန်တော့်သင်္ဘောနဲ့ ....အဖွဲ့သားတွေကို ချက်ချင်းပြန်လွှတ်ပေးဖို့ ....အဲဒီပင်လယ်ဓားပြတွေအပေါ်ကို စစ်တပ်က ......ဖိအားနည်းနည်းပေးစေချင်ပါတယ်..... "
“ဒါကတော့ ပြဿနာမရှိပါဘူး....”
ဟန်ရီက သဘောတူလိုက်သည်။
သူက လျူယောင်တို့သုံးယောက်ကို အန္တရာယ်နှင့် ရင်ဆိုင်တွေ့စေလိုခြင်း မရှိချင်ပေ။ သူ ဒီအန္တရာယ်ကို ကောင်းကောင်းသိသည်။
လျူယောင်တို့သုံးယောက်တည်းဆိုတာ ထား၊ သူ့ရဲ့ အထူးတပ်ဖွဲ့ဝင်များအားလုံး စေလွှတ်ခဲ့လျှင်ပင် ဒီဓားပြများကို အနိုင်ရရန် အခွင့်အလမ်းမရှိပေ။
ဒီပင်လယ်ဓားပြများကို ကိုင်တွယ်ရ လွယ်ကူနေလျှင် သူတို့ကို နှစ်ပေါင်းများစွာ ကြာအောင် တည်ရှိနေခဲ့မှာမဟုတ်ပေ။
“မစ္စတာလျူ....ခင်ဗျားတို့ သုံးယောက် အဲဒီ့ပင်လယ်ဓားပြတွေနဲ့ တိုက်ရိုက်ထိတွေ့တာကို မလုပ်ဖို့ ကျွန်တော် အကြံပြုနေတာပါ....ဒါက အရမ်းအန္တရာယ်များတယ်....”
လျူယောင် ဖြည်းညှင်းစွာ ပြန်ပြောလိုက်သည်။
“ဒီပင်လယ်ဓားပြတွေက ....ကျွန်တော့်ဆီကနေ ဒေါ်လာ သန်း ၁၀၀ ယူသွားတယ်...ဒါကို မေ့လိုက်ပါ....ကျွန်တော်က ....သူတို့ကို ဒီပိုက်ဆံရဲ့... နှစ်ဆပြန်အန်ထွက်လာအောင် ....လုပ်မယ်....နောင်တ ....ဆိုတဲ့စကားလုံးကို ဘယ်လိုရေးရလဲဆိုတာကို သူတို့ကို သိစေရမယ်.....”
ဟန်ရီ ခေါင်းခါပြီး သဘောမတူစွာ ပြောလိုက်သည်။
“ဒါပေမဲ့ သူတို့နဲ့ယှဉ်ရင် ခင်ဗျားတို့သုံးယောက်က အဆင့်မတူဘူး...ခင်ဗျားတို့က...အဲ့ဒီ့....ပင်လယ်ဓားပြတွေကို..... မယှဉ်နိုင်ဘူး..."
“ကျွန်တော်တို့ကို သူတို့နဲ့ မယှဉ်နိုင်ဘူးလို့ …ဘယ်သူက....ပြောလဲ....”
ကျိန့်ကန်းက ပထမဆုံး မကျေနပ်ပဲ ဝင် ပြောလိုက်သည်။
အရင်တုန်းက သူဟာ စစ်သားများ၏ ဘုရင်တစ်ပါးဖြစ်သည်။ အထူးတပ်ဖွဲ့မှ အနားယူပြီးနောက် မျိုးရိုးဗီဇပြောင်းဆေးသောက်ပြီးနောက်တွင် သူ၏ခွန်အားနှင့် ကိုယ်ကာယစွမ်းအားများမှာ သိသိသာသာ တိုးတက်လာပြီး စွမ်းရည်များကလည်း မယုံနိုင်စရာ တိုးတက်နေခဲ့သည်။
ကျိန့်ကန်းကို ဟန်ရီ ကြည့်လိုက်သည်။
“ညီလေး.....မင်းလည်း ...စစ်သားဟောင်းဖြစ်ခဲ့ပုံရတယ်.....”
ကျိန့်ကန်းနဲ့ဟီကျန်းတို့က တစ်ချိန်တည်းမှာပင် မတ်တပ်ရပ်၍ တိကျသောပုံစံနဲ့ အလေးပြုပြီး အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည် ။
“ကျိန့်ကန်း ဟီကျန်း " အရှေ့တောင်စစ်ဒေသ.... အထူးစစ်ဆင်ရေး....လန်ယာ .....တပ်ရင်းမှ တပ်ကြပ်ဟောင်းဖြစ်ပါတယ်....”
ဟန်ရီက အလေးပြန်ပြုပြီး အသံကျယ်ကျယ်ဖြင့် ပြန်ပြောလိုက်သည် ။
“ရေတပ်ဖလပ်ဂွန် ....တပ်မဟာက ...လျှပ်စီး အထူးစစ်ဆင်ရေးအဖွဲ့မှ.... ဟန်ရီ...ဖြစ်ပါတယ်”
" ဝိုး စစ်သားဘုရင် သုံးယောက်ပဲ "
ဟန်ရီ ဆက်ပြောလိုက်သည် ။
“ခင်ဗျားတို့နှစ်ယောက်က ...အနားယူထားတဲ့ အထူးတပ်ဖွဲ့ဝင်တွေ ...ဖြစ်နေလိမ့်မယ်လို့... မမျှော်လင့်ထားခဲ့ဘူး...ဒါပေမဲ့ မာကာ အဖွဲ့အစည်းနဲ့ ရင်ဆိုင်ရရင်တော့...ခင်ဗျားတို့ရဲ့ ...အင်အားက အားနည်းနေတုန်းပဲ......"
ကျိန့်ကန်း သဘောမတူပဲ ပြန်ပြောလိုက်သည်။
“ဒီစကားကို...ကျွန်တော် မယုံဘူး.... ကျွန်တော်တို့ ဘယ်လောက်တောင် .....အစွမ်းထက်လဲဆိုတာ ခင်ဗျား.....သိအောင်.... လက်ရည်စမ်းကြည့်ကြမလား...."
“ကောင်းပြီလေ....လက်ရည်စမ်းကြတာပေါ့...”
ဒီကိစ္စနဲ့ပတ်သက်ပြီး ဘယ်သူ့ကိုမှ ဟန်ရီမယုံကြည်ပေ။
သူတို့နှစ်ယောက် အခန်းထဲတွင် အသင့် အနေအထားယူလိုက်ကြသည်။ ကံကောင်းထောက်မစွာဖြင့် လျူယောင်က ကျယ်ဝန်းသော အခန်းတွင် တည်းခိုနေခဲ့ခြင်းပင် ။ ဒါက ဧည့်ခန်းဖြစ်သော်လည်း နေရာမှာ ကျယ်ဝန်းလှသည်။
ကျိန့်ကန်းနဲ့ဟန်ရီ နှစ်ယောက်စလုံး စတင် တိုက်ခိုက် ခဲ့ကြသည်။
တိုက်ပွဲက အတော်လေးမြန်မြန် ဖြစ်ပျက်နေပြီး မြန်မြန်ဆန်ဆန်ပဲ ပြီးဆုံးသွားသည်။
နှစ်ကွက် သုံးကွက် အတွင်းမှာပင် ဟန်ရီ လုံးဝ ရှုံးနိမ့်သွားတော့၏။
မြေပြင်မှ ထရပ်ပြီးနောက် ဟန်ရီ ချီးကျူးကာ ပြောလိုက်သည် ။
“တကယ်ပဲ...ကောင်းကင်ရဲ့အထက်မှာ...ကောင်းကင်တစ်ခု ရှိနေတာပဲ.. ကျွန်တော် နည်းနည်း.... ပေါ့ပေါ့ဆဆဖြစ်ခဲ့တယ်.... ဒီလောက် အစွမ်းထက်တဲ့လူတွေ ....ကမ္ဘာမှာရှိလိမ့်မယ်လို့ ....ကျွန်တော် တစ်ခါမှ မတွေးထားခဲ့ဘူး...."
ကျိန့်ကန်း ခေါင်းခါပြီး ပြန်ပြောလိုက်သည်။
“ကျွန်တော်က ဘာမှမဟုတ်ပါဘူး....တကယ့်စွမ်းရည်ရှိတဲ့သူက ကျွန်တော်တို့သူဋေးပဲ...ကျွန်တော်နဲ့ အိုဟယ် နှစ်ယောက်ပေါင်းပြီး သူဋေးကို တိုက်တာ တစ်မိနှစ်တောင် မခံနိုင်ဘူး.....”
" ဘာ..."
" မစ္စတာလျူက ပို အစွမ်းထက်တာလား..."
လျူယောင့်ကို ဟန်ရီ တအံ့တဩကြည့်လိုက်သသည်။
လျူယောင် ပုံစံက. တိုက်ခိုက်နိုင်စွမ်း ရှိပုံ မပေါ် သော်လည်း ဒီလောက် ကြောက်မက်ဖွယ်ကောင်းလိမ့်မည်လို့ သူ လုံးဝမမျှော်လင့်ထားခဲ့ပေ။
“မိုက်တယ်ဗျာ...”
ဒါကြောင့် သူတို့သုံးယောက် မာကာအဖွဲ့အစည်းကို ရန်သွားရှာရဲတာကို ဟန်ရီ မအံ့ဩတော့ပေ။
လျူယောင် ပြောလိုက်သည်။
“ကပ္ပတိန်ဟန်....ခင်ဗျားအနေနဲ့ မာကာအဖွဲ့အစည်းနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တချို့....ဥပမာ - သူတို့ရဲ့ အဖွဲ့အစည်းတည်ဆောက်ပုံ...ခေါင်းဆောင်က ဘယ်သူလဲ... သူတို့ရဲ့ဌာနချုပ်က ဘယ်မှာလဲ ...စတာတွေကို ပေးနိုင်မလား...."
ဟန်ရီ ခေါင်းညိတ်ပြလိုက်သည်။
မာကာအဖွဲ့အစည်း၏ အခြေအနေများကို သူတို့သုံးယောက်ထံ မိတ်ဆက်ပေးရန် သူ စတင်လိုက်သည်။
........
မာကာအဖွဲ့အစည်း၏ရဲ့ဌာနချုပ်.....
သူတို့၏ ခေါင်းဆောင်အချို့က အစည်းအဝေးတစ်ခုလုပ်နေကြပြီး လေထုမှာ ပေါ့ပါးပြီး နွေးထွေး နေပုံရသည်။
မာကာအဖွဲ့အစည်းရဲ့ အကြီးဆုံးခေါင်းဆောင် ဇာဝါဟီရီမှာ ပျော်ရွှင်နေပုံရသည်။
“မိတ်ဆွေတို့....ကျွန်တော်တို့ Universal ကနေ တောင်းခဲ့တဲ့ ....အမေရိကန်ဒေါ်လာ.... သန်း ၁၀၀ က... ကျွန်တော်တို့ အကောင့်ထဲကို ရောက်လာပါပြီ.....”
ထိုလူ စကားသံဆုံးတာနဲ့ ဝမ်းမြောက်ဝမ်းသာနဲ့ ပျော်ရွင်သော အသံများ ဆူညံသွားသည်။
“ကောင်းလိုက်တာ...ကျွန်တော်တို့က ၂ ရက်အတွင်း ....ဒေါ်လာ သန်း ၁၀၀ ရလိုက်ပြီ.... ဒါက ကျွန်တော်တို့လုပ်ခဲ့တဲ့အလုပ်တွေထဲမှာ အသက်အသာဆုံးပဲ....”
“ဒီ Universal က တကယ့်ကို နူးညံ့တဲ့သစ်တော်သီးပဲ...သူတို့က ပိုက်ဆံကို ဒီလောက် အလွယ်တကူ ပေးလိမ့်မယ်လို့ မမျှော်လင့်ထားမိဘူး.... "
“အနာဂတ်မှာ သူတို့ရဲ့ သင်္ဘောတွေပေါ် ....ပိုအာရုံစိုက်ဖို့ ကျွန်တော် ...အကြံပြုချင်ပါတယ်...ဘာလို့လဲဆိုတော့... သူတို့ဆီကနေ ပိုက်ဆံရဖို့က အရမ်းလွယ်ကူတယ်လေ...ဟားဟားဟား...."
...
ထိုခေါင်းဆောင်များက ပျော်ရွှင်နေကြသည် ။သူတို့ အလွန် ဂုဏ်ယူလျက်ရှိနေသည်။
အမေရိကန်ဒေါ်လာ သန်း ၁၀၀ ရောက်ရှိလာခြင်းက သူတို့အား စိတ်ကြွဆေးတစ်လုံး ထိုးပေးလိုက်သကဲ့သို့ပင်။
ဇာဝါဟီရီ လက်မြှောက်၍ ဖိချလိုက် ပြီးမူလက ဆူညံနေသော အခန်းဟာ တိတ်ဆိတ်သွားသည်။ လူတိုင်းက သူ့ကို ကြည့်နေကြသည်။ ဒီပုံစံကို ကြည့်ခြင့်ဖြင့် ဇာဝါဟီရီ အလွန်အားကောင်းတာကို တွေ့မြင်နိုင်သည်။
ဇာဝါဟီရီ စိတ်ကျေနပ်စွာ ခေါင်းညိတ်ပြီး အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
“တကယ်တော့.. မင်းတို့ထင်သလောက် အဆင်မပြေခဲ့ဘူး.... ငါ..... အစက ....၂၄ နာရီအတွင်း ပိုက်ဆံရောက်ဖို့ .....တောင်းခဲ့တာ.... ဒါပေမဲ့ သူတို့က....နှောင့်နှေးခဲ့ကြတယ်...နာရီ ၄၀ နီးပါးလောက်ကြာမှ...ရခဲ့တာ....”
“မိတ်ဆွေများ....ငါတို့...အမေရိကန်ဒေါ်လာ သန်း ၁၀၀ စုစုပေါင်းရရှိထားပြီးပါပြီ... ညပိုင်းမှာ အားလုံးက ပျော်ပွဲရွှင်ပွဲ ကျင်းပပြီး လုံးဝအနားယူသင့်တယ်..."
ခေါင်းဆောင်တစ်ဦးက ဝင်ပြောလိုက်သည်။
“သူဋေး.... သင်္ဘောနဲ့ ဓားစာခံ ၂၀ ရော ဘယ်လိုလုပ်မလဲ....”
ဇာဝါဟီရီ ခဏ တွေဝေသွား၏။
သူရဲ့ ကြမ်းတမ်းသော စရိုက်နှင့်ဆိုလျှင် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ရရှိခဲ့လျှင်ပင် အဖွဲ့သားတစ်ယောက် သို့မဟုတ် နှစ်ယောက်ကို သတ်၍ နာမည်ကောင်းယူမည် ဖြစ်သည်။
ခဏလောက် တွေဝေပြီးနောက် သူ ဖြည်းညှင်းစွာ ပြောလိုက်သည် ။
“ငါတို့ ....အမေရိကန်ဒေါ်လာ သန်း ၁၀၀ ရရှိပြီးဖြစ်တဲ့အတွက်..... သင်္ဘောနဲ့ လူအားလုံးကို လွှတ်ပေးလိုက်......”
ဆိပ်ကမ်းတစ်ခုတွင်.......
Universal ၏ ကုန်တင်သင်္ဘောက ထိုနေရာတွင် နှစ်ရက်ကြာ ဆိုက်ကပ်ထားခဲ့သည်။
ဆိပ်ခံတံတားတစ်ခုလုံးကို လုံခြုံရေးတင်းတင်းကျပ်ကျပ် ချထားပြီး လက်နက်ကိုင်များစွာက ဆိပ်ခံတံတားတွင် ကင်းလှည့်နေကြသည်။ AK-47 ကိုင်ဆောင်ထားသော လက်နက်ကိုင်များက အနည်းဆုံး ၁၀ ဦးမှ ၁၂ ဦးခန့် သင်္ဘောပေါ်တွင် ရှိနေကြသည်။
Universal အဖွဲ့သား အယောက် ၂၀ ကို အခန်းတစ်ခန်းထဲတွင် စုထားခဲ့သည်။ ဖန်သားပြင်မှတစ်ဆင့် ကုန်းပတ်ပေါ်၌ မတ်တပ်ရပ်နေသော လက်နက်ကိုင်များကို မြင်နိုင်ရုံသာမက တံခါးဝတွင် ရပ်နေသည့် လက်နက်ကိုင်နှစ်ဦးကိုလည်း မြင်နိုင်သည်။
အခန်းထဲတွင် လေထုက မှိုင်းညို့နေပြီး ဝမ်းနည်းစရာ ကောင်းနေသည်။
အစပိုင်းတွင် အဖွဲ့သားအချို့က ငိုခဲ့ကြသော်လည်း ယခုအခါတွင် သူတို့က ငိုခြင်းကို ရပ်တန့်ခဲ့ကြသည် ။သူတို့ရဲ့ မျက်လုံးများက ဗလာဖြစ်နေပြီး မျက်နှာကျက်ကို တွေတွေလေး စိုက်ကြည့်နေကြသည်။
ကပ္ပတိန် ဝေကျန့်းရှန်က လူတိုင်းကို အချိန်ပြည့်နှစ်သိမ့်ပေးနေဆဲဖြစ်သည်။ သူလည်း အလားတူ စိတ်ပျက်အားငယ်မှု့ကို ခံစားနေရသော်လည်း လူတိုင်းကို ယုံကြည်မှု့ပေးရန် မမေ့ခဲ့ပေ။
“ရှောင်ကျူး ...ငါတို့ ကုမ္ပဏီကို ယုံကြည်ရမယ်... သူဋေးက... ငါတို့ကို သေချာပေါက် ရွေးပေးမှာပါ... ငါတို့...ဘာမှ မဖြစ်ပါဘူး..."
“ဝူး...ဝူး...”
" ကျွန်တော် မသေချင်သေးဘူး..."
"ကျွန်တော် ငယ်ငယ်လေး...ရှိသေးတာ..."
လူငယ်အဖွဲ့သားတစ်ဦးဖြစ်သည့် ရှောင်ကျူးက ထပ်မံ ငိုခဲ့ပြီး သူရဲ့ ဘေးမှ ရှောင်ရှဲ ကလည်း မျက်လုံးများက ဗလာဖြစ်နေပြီး လုံးဝမျှော်လင့်ချက်မဲ့နေသည်။
သူရဲ့တစ်ကိုယ်လုံးတွင် ဝိညာဉ်မရှိတော့ သလိုမျိုး ရုပ်အလောင်းတစ်ခုကဲ့သို့ပင် ဖြစ်နေသည်။
ရုတ်တရက် အဖမ်းခံရတဲ့ လူများစွာက ရုန်းရင်းဆန်ခတ်ဖြစ်သွားကြသည်။
အခန်းတစ်ခန်းလုံးတွင် ကြောက်ရွံ့မှု့များချက်ချင်း ပြည့်နှက်သွားကာ အော် ငို နေကြသည်။
လူအချို့၏ မျက်လုံးများက ဗလာဖြစ်နေပြီး အသက်မဲ့နေခဲ့သည် ။ထိုအချိန်တွင် သူတို့ ရုတ်တရက် အကြည့်တစ်ခု ရရှိကြသည်။ထို အကြည့်က သူတို့အားလုံးကို ကြောက်ရွံ့မှု့နှင့် ထိတ်လန့်မှု့ ကို ဖြစ်ပေါ်စေခဲ့သည်။
ဖန်သားပြင်မှတစ်ဆင့် ကုန်းပတ်ပေါ်သို့ လူများစွာ တက်လာတာကို သူတို့ မြင်လိုက်ရတာကြောင့်ပင်။ သူတို့အားလုံးက လက်နက်ကိုင် ဓားပြများဖြစ်ကြသည်။
သူတို့ထဲမှ တစ်ယောက်က ခေါင်းဆောင်ဖြစ်တာကို ပထမတစ်ချက်ကြည့်ရုံဖြင့် သိသာသော လူမည်းတစ်ဦးဖြစ်၏။
ထိုခေါင်းဆောင်က အနည်းဆုံး လူရှစ်ယောက်ကို ခေါ်ဆောင်လာပြီးအခန်းဆီသို့ ဦးတည်လာနေသည်။
ထိုမြင်ကွင်းကို မြင်လိုက်တဲ့အခါ ကပ္ပတိန်ဝေကျန်းရှန်၏ ရင်ထဲတွင် တုန်လှုပ်သွားပြီး သူ့မျက်နှာတွင် သိသာထင်ရှားသော စိတ်ပျက်အားငယ်မှု့များ ပေါ်လာတော့သည်။
“ပြီးပြီ...ပြီးပြီ...ငါတို့တော့... သွားပြီ..”