← Chapters

လက်တုံံ့ပြန်ခြင်း

Vol. 14 Ch. 200

လက်တုံံ့ပြန်ခြင်း

Vol. 14 Ch. 200

သင်္ဘောသားတစ်ယောက်က မျက်ရည်များ ပိုးပိုးပေါက်ပေါက်ကျကာ ငိုကြွေးတော့သည်။

ရှောင်ကျူး ထိတ်လန့်တုန်လှုပ်စွာ အသံကျယ်ကျယ်နဲ့ အော် ပြောလိုက်သည်။

“သူတို့က ငါတို့ကို သတ်ဖို့လာတာဖြစ်ရမယ်... သူတို့က ငါတို့ကို သတ်ဖို့လာတာပဲ...”

အစက လူတိုင်းကို ကပ္ပတိန်ဝေကျန်းရှန် နှစ်သိမ့်ပေးခဲ့ပေမဲ့ အခုတော့ သူကိုယ်တိုင် ကြောက်ရွံစိတ်ဝင်နေ၏။

သူလည်း သာမန်လူတစ်ယောက်ဖြစ်ပြီး သေရမှာကို အလွန်ကြောက်သည်လေ။

ထိုဓားပြများက အချုပ်အခန်းတံခါးကို ဖွင့်လိုက်ကြသည်။

ထိုဓားပြခေါင်းဆောင်က အခန်းထဲသို့ ဝင်လာပြီး အဖွဲ့သားများကို ရွံရှာစွာ ကြည့်လိုက်ကာ ဒေါသတကြီး အော်ပြောလိုက်သည် ။

"မင်းတို့...ကယ်တင်ခံရလို့ ကံကောင်းတယ်မှတ်... Universal ဆီက အမေရိကန်ဒေါ်လာ သန်း ၁၀၀ ရွေးငွေရောက်လာပြီ....အခု...မင်းတို့ လွတ်လပ်သွားပြီမို့လို့.... ဒီနေရာကနေ ချက်ချင်းထွက်သွားကြစမ်း.."

စကားပြောပြီးနောက် ထိုခေါင်းဆောင်က သူ့လူများကို ဦးဆောင်ကာ အခန်းအပြင်သို့ ထွက်သွားခဲ့သည်။

သင်္ဘောပေါ်ရှိ လက်နက်ကိုင်များအားလုံးကိုလည်း ခေါ်သွားကြသည်။

“ဘာတွေဖြစ်နေတာလဲ...”

အဖွဲ့သားအချို့က အင်္ဂလိပ်စကားကို နားမလည်ကြပဲ အချို့ကသာ အကြမ်းဖျင်းနားလည်လိုက်ကြသော်လည်း မသေချာပေ။

လူတိုင်း ခေတ္တမျှ ထိတ်လန့်သွားကြသည်။

“ငါတို့ကို...သတ်ဖို့လာတာ မဟုတ်ဘူးလား..."

ဘာကြောင့် သူတို့ တစ်ချိန်လုံး အဆက်မပြတ် စကားပြောသွားပြီးနောက် ဒီဓားပြများက.....ကုန်းပတ်ပေါ်ရှိ လက်နက်ကိုင်အနည်းငယ်နှင့်အတူ ထွက်သွားရတာလဲ။

"တကယ်ပဲ....ဘာတွေဖြစ်နေတာလဲ...."

ကပ္ပတိန်တစ်ဦးအနေဖြင့် ဝေကျန်းရှန်က သူတို့ပြောတာကို သေချာပေါက် နားလည်ခဲ့သော်လည်း ဒီအပြောင်းအလဲကြီးအား သဘောပေါက်ရန် အချိန်အတော်ကြာခဲ့သည်။

သူတို့က ဓားစာခံများကို သတ်ရန်ရောက်လာတာလို့ သူ အစက ထင်ခဲ့မိသည်။သို့သော် ခေါင်းဆောင်က ထွက်သွားနိုင်တယ်ဟု ပြောခဲ့သည် ။

ခဏအကြာတွင် ဝေကျန်းရှန်းက အသံကျယ်ကျယ်ဖြင့် ဝမ်းသာအားရ ပြောလိုက်သည် ။

“ငါတို့ ကယ်တင်ခံလိုက်ရပြီ....ငါတို့ ကယ်တင်ခံလိုက်ရပြီကွ ကုမ္ပဏီက အမေရိကန်ဒေါ်လာ သန်း ၁၀၀ ပြန်ရွေးငွေပေးလိုက်ပြီတဲ့....ငါတို့ လွတ်လပ်ပြီ...ဟေး...ငါတို့. ဒီကနေ...ထွက်သွားလို့ရပြီကွ...”

သူ စကားပြောနေရင်း တစ်ကြိမ်မှ မျက်ရည်မကျခဲ့သော ဒီလူက ရုတ်တရက် မျက်ရည်များ ပိုးပိုးပေါက်ပေါက်ကျလာတော့သည်။

လူတိုင်းက ဘာဖြစ်ပျက်ခဲ့သည်ကို နောက်ဆုံးတွင် နားလည်သွားကြသည်။

လူအချို့က ကပ္ပတိန်ဝေကျန်းရှန်ကဲ့သို ငိုကြွေးကြပြီး အချို့မှာမူ မငိုဘဲ ရယ်မောနေကြသည် ။

" ငါ မသေတော့ဘူး...ငါ မသေတော့ဘူး...ငါ ကယ်တင်ခံရပြီ " ဟုသာ တစ်တွတ်တွတ် ရေရွတ်နေကြသည်။

ထိုအခြေအနေဟာ အနည်းဆုံး ဆယ်မိနစ်ခန့် ဆက်ဖြစ်နေခဲ့သည်။

ကပ္ပတိန်ဝေကျန်းရှန်က ပထမဆုံး မျက်ရည်များ သုတ်လိုက်ပြီး အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်သည်။

“အားလုံးပဲ...မငိုကြနဲ့တော့..ရယ်မနေကြနဲ့...အမြန်ဆုံး အလုပ်ပြန်ဝင်ကြ...ငါတို့ ဒီနေရာကနေ ထွက်ခွာရမယ်...."

ထိုသို့ အော်လိုက်သဖြင့် လူများစွာ သတိပြန်ဝင်လာကြသည်။

“ဟုတ်တယ်...ကျွန်တော်တို့.. ပထမဦးစားပေးက ဒီနေရာကနေ အမြန်ဆုံးထွက်သွားဖို့ပဲ...”

ပင်လယ်ဓားပြများ စိတ်ပြောင်းသွားခဲ့ရင် သူတို့ထွက်သွားချင်လျှင်လည်း ထွက်သွားနိုင်တော့မည် မဟုတ်ပေ။

မကြာမီတွင် အဖွဲ့သားများက သူတို့ရဲ့ သင်္ဘောထဲသို့ ဝင်ရောက် လာကြကာ ခဏအကြာတွင် ကုန်တင်သင်္ဘော ‘တုန်ရှန်း " က ဆိပ်ခံတံတားမှ ဖြည်းဖြည်းချင်း ထွက်ခွာသွားတော့သည်။

ဝေကျန်းရှန်က ကပ္ပတိန်အခန်းထဲတွင် ရပ်ပြီး ဖန်သားပြင်မှတစ်ဆင့် ဆိပ်ခံတံတားပေါ်ရှိ လက်နက်ကိုင်များကို ကြည့်၍ ဆိပ်ကမ်းမှာ ပို၍ ပို၍ ဝေးကွာသွားတာကို တွေ့ရတဲ့အခါ သူ့ စိတ်ထဲကနေ တွေးနေမိသည်။

“...ဒီတစ်ခေါက်တော့ ကုမ္ပဏီကို ကျေးဇူးတင်ရမယ်...ပင်လယ်ဓားပြတွေက အမေရိကန်ဒေါ်လာ သန်း ၁၀၀ တောင် တောင်းခဲ့ကြတယ်....သူဋေးက တုံ့ဆိုင်းခြင်းမရှိပဲ...ပိုက်ဆံပေးခဲ့တာ...ငါတို့ ဒီလိုကောင်းတဲ့သူဋေးမျိုးရတာ...အရမ်း ကံကောင်းတယ်... နှမြောတွန့်တိုတတ်တဲ့သူဋေးမျိုးဆိုရင်... လူတိုင်း...သေသွားနိုင်တယ်....”

"တုန်ရှင်း "သင်္ဘောက အပြည့်အဝ အရှိန်ဖြင့် ရွက်လွှင့်နေပြီး တဖြည်းဖြည်း ဝေးကွာသွားတော့၏။

မိနစ် ၃၀ မှ ၄၀ ခန့် ရွက်လွှင့်ပြီးနောက် တစ်စုံတစ်ယောက်က အံ့အားသင့်စွာ အော်ပြောလိုက်သည်။

“ကပ္ပတိန်...ကြည့်ပါဦး...ဟိုမှာ... ကျွန်တော်တို့နိုင်ငံရဲ့ စစ်သင်္ဘော...”

အဝေးတွင် Type 054 ဒုံးကျည် ဖရီးဂိတ်စစ်သင်္ဘောတစ်စီး လျင်မြန်စွာ ရောက်လာပြီးနောက် အေဒင်ပင်လယ်ကွေ့မှတစ်ဆင့် တုန်ရှန်းသင်္ဘောကို အစောင့်အရှောက်လိုက်ပေးခဲ့သည်။

ထိုစစ်သင်္ဘောပေါ်ရှိ ရင်းနှီးသောအလံကို တွေ့လိုက်ရသောအခါ ကပ္ပတိန်ဝေကျန်းရှန် နောက်ဆုံးတွင် လုံးဝ စိတ်သက်သာရာရသွားသည်။

.......

နေ့လယ်ခင်းတွင်.....

တုန်ရှင်းသင်္ဘော ဘေးကင်းစွာ ထွက်ခွာသွားပြီဖြစ်ကြောင်း နဲ့ သင်္ဘောသားများကလည်း သူတို့ကို စစ်သင်္ဘောများရဲ့ အစောင့်အရှောက်ဖြင့် အေဒင်ပင်လယ်ကွေ့မှတစ်ဆင့် ဖြတ်သန်းသွားတာကို သိ၍ သူ့ စိတ်ထဲတွင် မည်သည့် ချင့်ချိန်စရာမှ မရှိတော့ပေ။

“ငါတို့ အလုပ်လုပ်ဖို့ အချိန်တန်ပြီ...လက်နက်နဲ့ ပစ္စည်းတွေကို စစ်ဆေးကြ...”

လျူယောင် သူ့ရဲ့ ကန္တာရ လင်းယုန်သေနတ် ဓား၊ ကျည်ကဒ် အနည်းငယ်နှင့် သူသယ်ဆောင်ရန် လိုအပ်သည့် လက်ပစ်ဗုံးများကို စစ်ဆေးလိုက်သည်။

ကျိန့်ကန်းနဲ့ ဟီကျန်းတို့တွင်မူ လက်နက်နှင့် ပစ္စည်းများ ပိုမိုပါဝင်လာပြီးပစ္စတိုများ၊ နည်းဗျူဟာဓားများ၊ လက်ပစ်ဗုံးများအပြင် တိုက်ခိုက်ရေး ရိုင်ဖယ်များကိုလည်း နှစ်ယောက်သား သယ်ဆောင်ခဲ့ကြသည်။

သူတို့နှစ်ယောက်စလုံးက နည်းဗျူဟာကျောပိုးအိတ်တစ်လုံးစီကိုလည်း သယ်ဆောင်ထားကြပြီး၊ အိတ်များတွင် ကျည်ဆံများစွာ၊ ကျည်ကဒ်များနှင့် လက်ပစ်ဗုံးများ၊ အရေးပေါ်ဆေးအိတ်များပါ ပါဝင်ပေသည်။

လျူယောင်၏ တောင်းဆိုချက်အရ ကျည်ကာဂျာကင်နဲ့ သံခမောက်တို့ကိုလည်း နှစ်ယောက်သား ဝတ်ဆင်ထားကြသည်။

“သူဋေး... ကျွန်တော်တို့ စစ်ဆေးပြီးပါပြီ...သွားဖို့အဆင်သင့်ဖြစ်ပါပြီ.....”

လျူယောင် ထရပ်လိုက်ပြီး ကန္တာရလင်းယုန်ကို သေနတ်အိတ်ထဲ ထည့်လိုက်ကာ လက်ဝှေ့ယမ်းပြီး ပြောလိုက်သည် ။

“သွားမယ်...အဲဒီပင်လယ်ဓားပြတွေကို ဒုက္ခ ပေးပြီး....သူတို့ကို သင်ခန်းစာပေးကြစို့.....”

သုံးယောက်သား တံခါးအပြင်သို့ ထွက်လာကြပြီး ဂျစ်ကားကို မောင်းလာခဲ့ကြသည်။

ဟန်ရီထံမှ ရရှိခဲ့သော အချက်အလက်များအရ မာကာအဖွဲ့အစည်း၏ ဌာနချုပ် တည်နေရာကို လျူယောင် သိနေခဲ့ပြီးဖြစ်သည်။

၎င်းသည် မူလက အစိုးရစစ်တပ်ရဲ့ စစ်အခြေစိုက်စခန်းတစ်ခုဖြစ်ပေမဲ့ ယခုအခါတွင် ပင်လယ်ဓားပြများရဲ့ ခံတပ်ဖြစ်နေသည်။

မြို့မှ ထွက်ခွာပြီးနောက် သူတို့ ဂျစ်ကားကို ကီလိုမီတာ ၁၀၀ ကျော် မောင်းနှင်ခဲ့သည်။

စစ်အခြစိုက်စခန်းနဲ့ နီးလာသောအခါ ဒေသစံတော်ချိန် ညနေ ၅ နာရီ ရှိနေပြီး နောက် နှစ်နာရီကြာလျှင် မှောင်တော့မည် ဖြစ်သည်။

သူတို့ရဲ့ရှေ့တွင် စစ်ဆေးရေးဂိတ်တစ်ခု ရှိနေပြီး လက်နက်ကိုင် ၁၂ ဦးခန့်ရှိနေသည်။

ထိုလူတွေက ဂျစ်ကား ချဉ်းကပ်လာတာကို မြင်သောအခါ ရပ်တန့် ကာ စစ်ဆေးခွင့်ပေးရန် အချက်ပြလိုက်ကြသည်။

ဟီကျန်း မကျေမနပ် ပြောလိုက်သည် ။

“လုံခြုံရေးက တကယ်ကို တင်းကျပ်တာပဲ...ဒီနေရာက သူတို့ဌာနချုပ်နဲ့ အနည်းဆုံး သုံးလေးကီလိုမီတာ ဝေးတာကို... စစ်ဆေးရေးဂိတ်တွေ ထားထားကြတယ်......”

“စောင့်နေ.... အတင်းအဓမ္မဖြေရှင်းရလိမ့်မယ်...သူတို့ကို တုံ့ပြန်ဖို့ အချိန်မပေးနဲ့....”

လျူယောင် ညွှန်ကြားလိုက်သည်။

“ဟုတ်ကဲ့...”

ကျိန့်ကန်းနဲ့ ဟီကျန်းတို့က ခေါင်းညိတ်လိုက်ကြသည်။

သူတို့ ကားကို မီတာ နှစ်ရာသုံးရာ ခန့် ရှေ့သို့မောင်းသွားပြီး စစ်ဆေးရေးဂိတ်ရှေ့တွင် ရပ်လိုက်သည်။ AK 47 ကိုင်ဆောင်ထားသော ပင်လယ်ဓားပြ အချို့က စစ်ဆေးရန် ရောက်လာခဲ့ပြီး ကျန်လူများက အစောင့်အဖြစ် ရှိနေကြသည်။

ထိုလက်နက်ကိုင်များက ကားထဲတွင် အရှေ့တိုင်းသား သုံးယောက်ကို တွေ့ရ၍ သူတို့အားလုံး အံ့အားသင့်သွားကြသည်။

လျူယောင် လျင်မြန်စွာ တုံ့ပြန်လိုက်သည်။ ကန္တာရလင်းယုန် ကို ထုတ်၍ ဆက်တိုက်ပစ်ခတ်လိုက်သည်။

" ဘမ်း..ဘမ်း...ဘမ်း...."

သေနတ်သံများ ထွက်ပေါ်လာသည်။

ကျိန့်ကန်းနဲ့ဟီကျန်းတို့ကလည်း တုံ့ပြန်မှု့ နှေးကွေးခြင်းမရှိပေ။ သူတို့တစ်ယောက်စီက ပစ္စတိုများ ကိုင်ထားကြပြီး ပစ်လိုက်ကြသည်။ ပင်လယ်ဓားပြ ၁၂ ဦးခန့်က ပစ္စတိုသုံးလက်၏ နီးနီးကပ်ကပ် ပစ်ခတ်မှု့အောက်တွင် တုံ့ပြန်ရန် အချိန်ပင်မရလိုက်ဘဲ သေဆုံးသွားကြသည်။

ပစ်ခတ်နေစဉ်တွင် လျူယောင် မည်သည့်ခံစားချက်မှ မခံစားရပေ။ ပစ်ပြီးနောက် သွေးများထွက်နေသော ရုပ်အလောင်းများကို ကြည့်သောအခါ သူ အနည်းငယ် စိတ်မသက်မသာဖြစ်ပြီး အထူးသဖြင့် အန်ချင်သလို ခံစားနေရသည်။

လျူယောင် လျင်မြန်စွာ လက်ဝှေ့ယမ်းပြလိုက်သည် ။

“မောင်း....ဆက်သွားကြမယ်..."

ခဏအကြာမှ လျူယောင် နေလို့ ပိုကောင်းလာသည် ။ ပို၍ ရှေ့နည်းနည်းမောင်းလျင် ပင်လယ်ဓားပြများရဲ့ ဌာနချုပ်ကို ရောက်တော့မည်။ အဝေးရှိ ပြန့်ပြူးသော ကန္တာရ အလယ်တွင် စစ်အခြေစိုက်စခန်း တစ်ခု ရှိနေသည်။

"ကား ရပ်လိုက်..."

ပို၍ ရှေ့ဆက်မောင်းပါက. သူတို့ အဖမ်းခံရနိုင်သည်။

ကားကို လမ်းဘေးသို့ မောင်းချလိုက်ပြီး သုံးယောက်သား ကားပေါ်မှ ဆင်းလိုက်ကြသည်။

စစ်အခြေစိုက်စခန်း၏ နှစ်ဖက်စလုံးတွင် သေးငယ်သော ကုန်းမြင့်တစ်ခုရှိပြီး တစ်ဖက်စီတွင် စက်ဝိုင်းပုံ ခံတပ်တစ်ခုရှိတာကို လျူယောင် မြင်နေရပြီဖြစ်သည်။

လျူယောင်နှင့် လိပ်ကြီးက စွမ်းရည်များ မျှဝေထားကြတာကြောင့် ၊ သူတို့နှစ်ဦးစလုံးတွင် အမြင်စွမ်းအား ရှိကြသည်။

သူ့မျက်လုံးများက မှန်ပြောင်းကဲ့သို့ဖြစ်ပြီး ကုန်းမြင့်ငယ်နှစ်ခုပေါ်ရှိ သဲအိတ်များနှင့် စက်သေနတ်များကို ရှင်းရှင်းလင်းလင်း မြင်ရသည်။

ထိုကုန်းမြင့်ငယ်နှစ်ခုပေါ်ရှိ စစ်သွေးကြွများကို သူတို့ ပထမဦးစွာ ဖြေရှင်းရမည် ဖြစ်သည်။

လျူယောင် အမိန့်ပေးလိုက်သည်။

“မင်းတို့နှစ်ယောက် ယာယီပုန်းဖို့ နေရာရှာထားလိုက်.... ငါက ကုန်းမြင့်ငယ်နှစ်ခုပေါ်က လူတွေကို ကိုင်တွယ်လိုက်မယ်....”

စကားသံဆုံးတာနှင့် ညာဘက်ရှိ ကုန်းမြင့်ငယ်ဆီသို့ လျူယောင် တဟုန်ထိုးပြေးတက်သွားသည်။

ကျိန့်ကန်းနဲ့ ဟီကျန်းတို့ စကားပြောရန် ပြင်ဆင်နေကြသည်။ ဒါပေမဲ့ ကုန်းမြင့်ငယ်နှစ်ခုပေါ်ရှိလူများကို သူတို့လက်သို့ လွှဲပေးလိုက်ပြီး လျူယောင် တဟုန်ထိုး ပြေးထွက်သွားတာကို မြင်တဲ့အခါ နှစ်ယောက်သား ထိတ်လန့်သွားကာ သူတို့ရဲ့နှုတ်ခမ်းဖျားသို့ ရောက်လာတဲ့စကားလုံးများကို မြိုချလိုက်ရတော့သည်။

“ဘုရားရေ...”

“အဲ့ဒါ ငါတို့သူဋေးလား...."

“ဒီ လူပ်ရှားမူ့က... အရမ်းမြန်တာပဲ...”

All Chapters