သုံးယောက်တည်း
Vol. 14 Ch. 201
လျူယောင်၏ အမြန်နူန်းက လေပြင်းတိုက်ခတ်သလိုပင်။
ကျားသစ်ရဲ့အရှိန်က တစ်နာရီလျှင် ကီလိုမီတာ ၁၂၀ ကျော်ရှိပြီး လျူယောင်ရဲ့အရှိန်မှာမူ ညာဘက်က ကုန်းမြင့်ကို ပြေးသွားတဲ့ အမြန်နူန်းမှာ ထို ကျားသစ်ထက် ပိုမြန်နေပုံ ပေါ်သည်။
ကျိန့်ကန်း အံ့အားသင့်နေသည်။
“သူဋေးဆိုတာ ဒါမျိုးပေါ့.... အံ့ဩစရာကောင်းတယ်...တကယ့်ကို အံ့ဩစရာကောင်းတာပဲ..”
မျိုးရိုးဗီဇပြောင်းဆေးကို သောက်ပြီးနောက် နှစ်ယောက်လုံးက သေးငယ်တဲ့ စူပါလူသားကဲ့သို့ ဖြစ်လာကြသည်။
၁၀၀ မီတာကို ၇ စက္ကန့်အတွင်း သူတို့ အလွယ်တကူ ပြေးနိုင်သည်။ထိုအမြန်နှုန်းက အလုံအလောက်မြန်တယ်လို့ သူတို့ ထင်ခဲ့ကြသည်။ သို့သော် လျူယောင်၏ အမြန်နူန်းက သူတို့နှစ်ဦးစလုံးကို တုန်လှုပ်စေခဲ့သည်။
မီတာ ၁၀၀၀ ခန့်အကွာအဝေး တစ်ဝက်ကျော် ခန့်ကို လျူယောင် မျက်စိတစ်မှိတ်အတွင်း ရောက်သွားခဲ့ပြီး မီတာနှစ်ရာသုံးရာခန့်သာ ကျန်တော့သည်။ ကုန်းမြင့်ငယ်ပေါ်ရှိပင်လယ်ဓားပြများက နောက်ဆုံးတွင် လျူယောင်ကို တွေ့သွားကြသည်။
“အို အလ္လာဟ်အရှင်မြတ်...အဲ့ဒါ ဘာကြီးလဲ...”
လျူယောင်၏ ပုံသဏ္ဌာန်ကို မြင်ရတဲ့ စက်သေနတ်ကိုင်က ထိတ်လန့်သွားပြီး ပါးစပ် ဟသွားသည်။ထိုလူက သစ်သားရုပ်ထုလို ရပ်နေပြီး သေနတ်ပစ်ရန် လုံးဝမေ့နေတော့သည်။
နှစ်ရာသုံးရာ မီတာအကွာအဝေးကို ရောက်ရှိရန် လျူယောင် အချိန်အများကြီး ယူမည်မဟုတ်ပေ။
" ဇွက် "
" အား..."
သူ၏ လက် မြှောက်လိုက်တာနဲ့ ဓားတစ်ချက်.သန့်ရှင်းပြီး သပ်ရပ်သည်။
စက်သေနတ်ကိုင်ရဲ့ လည်ပင်းရှိ သွေးလွှတ်ကြော ပြတ်သွားပြီး ငွေမလိုချင်သကဲ့သို့ သွေးပမာဏများစွာ ပန်းထွက်လာသည်။
" ဖောက်..ဖောက်..ဖောက်.."
ကျန်နေတဲ့လူများက တုန်လှုပ်နေပြီး ဘယ်လိုမှတုံ့ပြန်ခြင်းနိုင်မရှိပေ။လျူယောင် လက်များကို အထက်အောက်လှုပ်ရှားလိုက်သည် ပင်လယ်ဓားပြ စုစုပေါင်း ငါးယောက်မှာ တစ်ယောက်ပြီးတစ်ယောက် အလောင်းများ ဖြစ်သွားကြသည်။
လျူယောင် သူ့လက်ထဲက ဓားကို ခါးတွင်ချိတ်ထားတဲ့ ဓားအိမ်ထဲကို ထည့်လိုက်ပြီး အသစ်ဖြစ်နေတဲ့ M60 စက်သေနတ်ကို ကောက်ယူလိုက်ပြီး မီတာရာနှင့်ချီ ဝေးတဲ့ ကုန်းမြင့်ငယ်ဆီကို ပြေးသွားတော့သည်။
ကျိန့်ကန်းနဲ့ဟီကျန်းတို့က ကျောက်တုံးကြီးတစ်ခုရဲ့ နောက်တွင် ပုန်းအောင်းနေကြသည်။
ထိုမြင်ကွင်းကို မြင်တဲ့အခါ သူတို့ ထပ်မံ အံ့အားသင့်သွားကြသည်။
သူဋေး ဖြစ်သည်နှင့်အညီ တစ်မိနစ်အတွင်း ညာဘက်ရှိ ကုန်းမြင့်ငယ်ပေါ်မှ ဓားပြများအားလုံးကို ရှင်းလင်းလိုက်သည်။
“စွမ်းလိုက်တာ..."
နှစ်ယောက်သား အလွန်လေးစားနေကြသည်။
တစ်ချိန်တည်းမှာပင် သူတို့လည်း စမ်းကြည့်ရန် စိတ်အားထက်သန် လာခဲ့သည်။
သူဋေး၏ စွမ်းဆောင်ရည်က အလွန်အံ့ဩစရာကောင်းတာကြောင့် သူတို့နှစ်ယောက်လည်း စွမ်းရည်များကို ပြသပြီး ဒီပင်လယ်ဓားပြများကို သတ်လိုကြသည်။
ဓားပြများနဲ့ အကွာအဝေးက မီတာအနည်းငယ်သာရှိပြီး ဆယ်စက္ကန့်အတွင်း လျူယောင် ကုန်းမြင့်ငယ်ပေါ်သို့ ရောက်သွားသည်။
ထိုနေရာမှ ပင်လယ်ဓားပြအချို့ နောက်ဆုံးတွင် လျူယောင်ကို တွေ့ရှိသွားကြပြီးစက်သေနတ်ကိုင်က လျူယောင်အားစတင် ပစ်ခတ်တော့သည်။
" ဒက်...ဒက်...ဒက်... "
လျူယောင်က မြန်နေပြီး Z ပုံသဏ္ဌာန်ရွေ့လျားနေတာကြောင့် စက်သေနတ်ကိုင် ပစ်လိုက်တဲ့ ကျည်ဆံများအားလုံး လွဲချော်သွားကြသည်။ရှောင်နေရင်းဖြင့် လျူယောင်က တုံ့စိုင်းခြင်းမရှိပေ။
" ဘမ်း...ဘမ်း...ဘမ်း..."
" အား....."
သူ့ လက်ထဲမှ စက်သေနတ်ဖြင့် အနည်းငယ်ပစ်လိုက်ရာ ကျည်ဆံ အကုန် ထိမှန်ကုန်သည်။
ကုန်းမြင့်ငယ်လေးပေါ်ရှိ ပင်လယ်ဓားပြများအားလုံးသေဆုံးသွားကြပြီး တစ်ယောက်မျှ မကျန်တော့ပေ။
" ရှပ်...ရှပ်..ရှပ်.."
“အပြေးအလွှား လာသံများ ”
ဒီသေနတ်သံများက ပင်လယ်ဓားပြဌာနချုုပ်မှာ ရှိတဲ့ ပင်လယ်ဓားပြ များကို နှိုးဆွလိုက်ကြောင်း လျူယောင် သိသည်။
ထို့ကြောင့် သူ ဂရုမစိုက်တော့ဘဲ စစ်အခြေစိုက်စခန်းဆီကို ဦးတည်သွားတော့သည်။
စက်သေနတ်ကို သယ်ဆောင်ကာ ပြေးရင်းပစ်နေခြင်းက အခြားသူများအတွက် ထိန်းချုပ်ရန် မဖြစ်နိုင်ပေ။
သေချာတာပေါ့ ဒါက လျူယောင် လုပ်နိုင်သည်။စက်သေနတ်ကို ကိုင်ကာ ပြေးရင်းပစ်နေသည်။
ကျိန့်ကန်းနဲ့ ဟီကျန်းတို့ရဲ့ တုံ့ပြန်မှု့မှာလည်း နှေးကွေးခြင်းမရှိပေ ။ သူတို့ ကျောက်တုံးနောက်မှ ချက်ချင်း ပြေးထွက်လာပြီး စစ်အခြေစိုက်စခန်းထဲသို့ ပြေးဝင်သွားကြသည်။
သူ့ရဲ့ အလွန်အစွမ်းထက်တဲ့ ခွန့်အားကိုသိထား၍ လျူယောင် ဒီလို တည်တည်ငြိမ်ငြိမ်ဖြင့် ရိုင်းစိုင်းနိုင်ခြင်း ဖြစ်သည်။
ပင်လယ်ဓားပင်လယ်ဓားပြ အခြေစိုက်စခန်း၏ ဂိတ်ဝတွင် ဘယ်ညာ စက်သေနတ်နှစ်လက်နှင့်ဆို မီတာ ၂၀၀ ခန့် ဝေးသည်။ လျူယောင် လက်ပစ်ဗုံးနှစ်လုံးကို တစ်လုံးပြီးတစ်လုံး ပစ်ချလိုက်သည်။
" ဝုန်း..ဝုန်း..."
လက်ပစ်ဗုံးနှစ်လုံးမှာ လေထဲတွင် ရှည်လျားသောမျဉ်းကွေးနှစ်ခုကို ဆွဲပြီးနောက် စက်သေနတ်နှစ်လတ်ဘေးတွင်တိကျကျ ထိမှန်ပြီး ကျယ်လောင်စွာ ပေါက်ကွဲသွားတော့သည်။
ဒီလုပ်ဆောင်ချက်ကတော့ တခြားဘယ်သူမှ မလုပ်နိုင်ပေ။
“မီတာ ၂၀၀ တောင်ဝေးတာကို...”
“ပြီးတော့ ဒီလောက်တောင် တိကျတာလား...”
နောက်မှလိုက်လာတဲ့ ကျိန့်ကန်းနဲ့ဟီကျန်း တို့၏ မျက်လုံးများပြူးကျယ်ကုန်ကြသည်။
လျူယောင်က ရှေ့သို့ တဟုန်ထိုးပြေးသွားနေပြီး ကျိန့်ကန်းနဲ့ ဟီကျန်းတို့က မီတာ ၁၀၀ သို့မဟုတ် ၂၀၀ ခန့် နောက်ကျ ကျန်နေခဲ့သည်။
လျူယောင် စစ်အခြေစိုက်စခန်းထဲသို့ အပြေးဝင်သွား ချိန် သူတို့နှစ်ယောက်က ဂိတ်ပေါက် နီးနားမှာရောက်နေသည်။
ထိုအချိန်တွင် စစ်အခြေစိုက်စခန်းတစ်ခုလုံး ပေါက်ကွဲသွားပြီဖြစ်သည်။
ပင်လယ်ဓားပြအများအပြား လက်နက်များကို ကိုင်ဆောင် ပြီးရဲရင့်စွာ ရှေ့သို့တိုးလာကြသည်။
လျူယောင်က ဂိတ်ဝကို အပြေးဖြတ်သွား တာနဲ့ ပင်လယ်ဓားပြအနည်းဆုံး သုံးဆယ်မှ လေးဆယ်အထိ ရင်ဆိုင်လိုက်ရသည်။
သူတို့အားလုံးက AK-47 တိုက်ခိုက်ရေးရိုင်ဖယ်များ ကိုင်ထားကြပြီး သူတို့ထဲမှ တစ်ဦးက RPG ဒုံးကျည်ပစ်လောင်ချာကို သယ်ဆောင်ထားသည်။
“ဒက် ဒက် ဒက် "
လျူယောင်ရဲ့လက်ထဲမှ စက်သေနတ်မှာမီးတောက်များ ထွက်လာပြီး သေနတ်ပစ်နှုန်းက အမြန်ဆုံးသို့ ရောက်ရှိလာသည်။
ကျည် ၂၀၀ ပါသော သေနတ်ခါးပတ်မှာ လျင်မြန်စွာ တိုလာပြီး ကျည်ခွံများကမြေပြင်အနှံ့ ပျံ့နှံ့ကုန်ကြသည်။
ဘာပဲဖြစ်ဖြစ် ပင်လယ်ဓားပြတွေက အရမ်းများနေတာပဲကိုး။
ကျည်ဆံအချို့က လျူယောင်ရဲ့ကိုယ်ကို ထိမှန်နေသည်။ တတိယအဆင့် လိပ်ခွံနည်းပညာမှာ အံ့ဩဖွယ်ကောင်းတဲ့ ကာကွယ်မှုရှိတာကြောင့် ပင်လယ်ဓားပြများ၏ AK-47 ကျည်ဆံများက ထို ကာကွယ်မှု့ကိို လုံးဝ မဖြတ်နိုင်ပေ။
လျူယောင် ကျည်ဆံထိမှန်တယ် ဟုသာ ခံစားရပြီး နာကျင်မှု့ ကို မခံစားရပေ။
ထိုကျည်ဆံများက ကာကွယ်မှု့ကို မဖောက်နိုင်ကြောင်း သိ၍ လျူယောင် ထိုမျှ ရဲရင့်ရန် သတ္တိရှိခဲ့ခြင်း ဖြစ်သည်။
လူ ၁ ယောက်က ပင်လယ်ဓားပြ ဒါဇင်ပေါင်းများစွာနှင့် ယှဉ်ဆိုင် နေခြင်းပဲ ဖြစ်သည်။
ကျည်ကဒ် ၂၀၀ ပါ ကျည်ဆံများ အမြန်ကုန်သွားပြီး ပင်လယ်ဓားပြ ဆယ်ဦးပင် မကျန်တော့ပေ။ လျူယောင် လက်ထဲက စက်သေနတ်ကို လွှတ်ပစ်လိုက်ပြီး ကန္တာရလင်းယုန်ကို ထုတ်ကာ စတင်ပစ်ခတ်တော့သည်။
“ဘမ်း... ဘမ်း... ဘမ်း..."
သေနတ်သံများ ထွက်ပေါ်လာကာ ကျည်ဆံများက သွေးများကို ဖြာကျစေသည်။
ကျည်ကဒ် တစ်ကဒ်မှ ကျည် ၇ တောင့် ကုန်သွားပြီးနောက် မတ်တပ်ရပ်နိုင်တဲ့ ပင်လယ်ဓားပြများ သိပ်မရှိတော့ပေ။
လျူယောင် ကျည်ကဒ်ကို အမြန်ပြောင်းလိုက်သည်။ ထိုအချိန်တွင် ကျိန့်ကန်းနဲ့ဟီကျန်းတို့လည်း ရောက်လာကြသည်။
တိုက်ခိုက်ရေးရိုင်ဖယ်သံများ ထွက်ပေါ်လာပြီးနောက် နေရာအနှံ့အပြားမှ ပင်လယ်ဓားပြအလောင်းများကို မြင်ရတဲ့ အခါ နှစ်ယောက်သား လေးစားမှု့ဖြင့် လျူယောင့်ကို ထပ်မံကြည့်နေကြသည်။
သူဋေးက အလွန်အစွမ်းထက်ပေသည်။ ထိုပင်လယ်ဓားပြအများအပြားကို သူတစ်ဦးတည်းဖြင့် အကုန် ဖယ်ရှားလိုက်သည်။
လျူယောင် ဒဏ်ရာရခြင်း ရှိမရှိ ကျိန့်ကန်း မေးတော့မည်လုပ်နေစဉ် နောက်ထပ် ပင်လယ်ဓားပြများ အစုလိုက်အပြုံလိုက် ရောက်လာတာကို သူချက်ချင်း သတိပြုမိ လိုက်သည်။
သူတို့အားလုံးက AK-47 များ ကိုင်ထားတာ ဖြစ်ပြီး အရေအတွက်ကတော့ ယခင်အကြိမ်ထက် ပိုများသည်။
ကျိန့်ကန်း လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး နေရာမှ ချက်ချင်းလိမ့်ပြီး ကျောက်တုံးတစ်ခုရဲ့နောက်တွင် ပုန်းလိုက်သည် ဟီကျန်းလည်း အလားတူပင်။
လျူယောင်ကတော့ လက်ပစ်ဗုံးတစ်လုံးကို ထုတ်ယူ၍ လူအုပ်ထဲသို့ တိုက်ရိုက်ပစ်ထည့်လိုက်သည်။ လက်ပစ်ဗုံးမှာ လူအုပ်ထဲတွင် ပြင်းထန်စွာ ပေါက်ကွဲသွားပြီး အော်ဟစ်သံများ ထွက်ပေါ်လာတော့သည်။
" ဝုန်း..."
" အား...အား.."
ကျည်အပြည့်ဖြည့်ထားသော ကန္တာရလင်းယုန်ဖြင့် လျူယောင် ရှေ့ကို တဟုန်ထိုး ပြေးသွားပြီး အစုလိုက်အပြုံလိုက် ရောက်လာတဲ့ ပင်လယ်ဓားပြများကို ပြင်းထန်စွာ ပစ်ခတ်လိုက်သည် ။တစ်ချက်ချင်းပစ်ပြီး တစ်ချက်မျှ မလွဲချော်ပေ။
နောက်ထပ် ကျည်ဆံတစ်တောင့်က လျူယောင့်ရဲ့ ကိုယ်ကို ထိမှန်သွားသည်။
သို့သော်လည်း ကာကွယ်နိုင်စွမ်းရှိနေဆဲဖြစ်သည်။
AK-47 ကဲ့ ကျည်ဆံများက အလုံအလောက် အားကောင်းခြင်းမရှိပေ။ သူ့ရဲ့ ကာကွယ်မှု့ကို ဖောက်ထွင်းလိုပါက အနည်းဆုံး အကြီးစား ကျည်ကာဖောက် ကျည်ဆံများ လိုအပ်သည်။
ကျည်ကဒ်တစ်ခု ကုန်သွားပြီးနောက် လျူယောင် ပင်လယ်ဓားပြအုပ်စုထဲကို ရောက်သွားပြီဖြစ်သည်။
ကန္တာရလင်းယုန် ကို အသုံးမပြုတော့ဘဲ သူ့ရဲ့ဓားကို ထုတ်လိုက် ကာ တစ်ကြိမ်လျှင် တစ်ယောက်စီ ရှင်းပစ်လိုက်သည်။ ထိုနည်းလမ်းက ပိုထိရောက်သည်။
ကျိန့်ကန်းနဲ့ ဟီကျန်းတို့ရဲ့ မျက်လုံးများ ပြူးကျယ်နေကြသည်။ ဒါက လုံးဝ မထိုးဖောက်နိုင်ခြင်းပဲ
"သူဋေး ဘယ်လိုလုပ်လိုက်တာလဲဟ ..."
ဒါက သိပ္ပံနည်းကျ လုံးဝမဖြစ်နိုင်ပေ။
ကျည်ဆံအများအပြား လျူယောင်ကို ထိမှန်ကုန်တာ သူတို့ မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ကြသည်။ သို့သော် လျူယောင်က ဘာမှမဖြစ်ခဲ့ပေ ။ယခုမူ သူက လူအုပ်ထဲတွင် ဓားတစ်လက်ဖြင့် လေးဘက်လေးတန်ကို သတ်ဖြတ်နေသည်။
ခဏတာ ရပ်နေပြီးနောက် နှစ်ယောက်သား တစ်ယောက်ပြီးတစ်ယောက် တုံ့ပြန်လိုက်ကြသည်၊
ကျောက်တုံးနောက်တွင် ပုန်းနေကြပြီး ပင်လယ်ဓားပြများကို ရံဖန်ရံခါ ပစ်ခတ်သတ်ဖြတ်နေကြသည်။
.........
ပင်လယ်ဓားပြ စစ်အခြေစိုက်စခန်းရှိ သုံးထပ်တိုက် အဆောက်အအုံတစ်ခု.....
အစည်းအဝေးခန်းမထဲတွင် ဇာဝါဟီရီနှင့် အရေးကြီးတဲ့ ခေါင်းဆောင်အချို့ ရှိနေကြသည်။အမေရိကန်ဒေါ်လာ သန်း ၁၀၀ ရောက်ရှိနေပြီဖြစ်၍ သူတို့က ညပိုင်းတွင် ပျော်ပွဲရွှင်ပွဲ ကျင်းပရန် စဉ်းစားနေကြသည်။
" ဒက် ဒက် ဒက်... "
ရုတ်တရက်ဆိုသလို အပြင်ဘက်မှ ပြင်းထန်တဲ့ သေနတ်သံများ ထွက်ပေါ်လာခဲ့သည်။
ဇာဝါဟီရီ တုန်လှုပ်သွားပြီး ဘာဖြစ်နေလဲဟု မေးတော့မည့်အချိန်တွင် ခေါင်းဆောင်ငယ်တစ်ဦးက ချက်ချင်းရောက်လာပြီး သတင်းပို့လိုက်သည်။
“ခေါင်းဆောင်....ရန်သူဝင်လာပါတယ်....”
ဇာဝါဟီရီက ချက်ခြင်း ပြန်မေးလိုက်သည်။
“တစ်ဖက်မှာ လူဘယ်နှစ်ယောက်ရှိလဲ....အခု...အခြေအနေက ဘယ်လိုလဲ....”
ခေါင်းဆောင်ငယ်က ပြန်ပြောလိုက်သည်။
" သုံးယောက်တည်းပါ..."
ဇာဝါဟီရီ လက်ဝှေ့ယမ်းလိုက်ပြီး သူ ဆက်နားမထောင် ချင်တော့ပေ။
တစ်ဖက်ရန်သူက သုံးယောက်တည်းသာရှိသည်။
ဒီနေရာတွင် လူပေါင်း ၃၀၀ ကျော်ရှိနေသည်လေ။