စကားများနေဖို့ ပျင်းတယ်..ပိုက်ဆံမရှိရင် လူသတ်မယ်
Vol. 14 Ch. 202
ဇာဝါဟီရီ၏ ဘေးနားမှာတဲ့ရှိတဲ့ ခေါင်းဆောင်အချို့လည်း ရယ်မောလိုက်ကြသည်။
“သူတို့က သေမင်းကို ရှာနေတာပဲ...လူသုံးယောက်တည်းနဲ့တောင် ငါတို့ဆီကို လာရဲသေးတယ်...”
“ဟုတ်တယ်...ငါလောင်းရဲတယ်...သေနတ်သံက မိနစ်အနည်းငယ်အတွင်း ရပ်သွားလိမ့်မယ်...”
“ငါလည်းလောင်းရဲတယ်...၃ မိနစ်တောင် ကြာမှာမဟုတ်ဘူး...."
လေထုက ပေါ့ပါးနေပြီး သူတို့ နည်းနည်းပျော်ရွှင်နေကြသည်။ ဇာဝါဟီရီပင် အလေးအနက်မထားပေ။ လူသုံးယောက်တည်းရှိတယ်ဟု ကြားတဲ့အခါ သူ ဂရုမစိုက်တော့ပေ။
ဒါက သူ့ရဲ့ဌာနချုပ်ဖြစ်သည်။
လွန်ခဲ့သော နှစ်နှစ်အတွင်း အစိုးရတပ်များက ဒီနေရာကို နှစ်ကြိမ်တိုက်ခိုက်ရန် ရောက်လာခဲ့ကြသေးသည်။သို့သော်လည်းအချည်းနှီးသာဖြစ်ခဲ့ရသည်။
ဒီနေရာကို လုံးဝ မထိုးမဖောက်နိုင်ပေ။ သူတို့တွင် လူ ၃၀၀ ကျော်ရှိရုံသာမက လက်နက်များလည်း အပြည့်အစုံရှိနေကြသည်။
အမျိုးမျိုးသော တိုက်ခိုက်ရေးရိုင်ဖယ်များ၊ ဘာဇူကာများ၊ သံချပ်ကာကားများနှင့် တင့်ကားများပါ ရှိနေပြီး အလွန်ဘေးကင်းသည်ဟု ထင်ရသည်။
ဒါပေမဲ့
လျူယောင်လို သတ်ဖြတ်ခြင်းရဲ့ နတ်ဘုရားကို ဘယ်သူမှ မယှဉ်နိုင်ပေ။
သူ၏စူပါအာရုံခံစားမှု့မှာ အပြည့်အဝ ပွင့်နေပြီး မီတာ ၅၀၀ အတွင်းရှိ အရာအားလုံးကရှင်းလင်းနေသည်။
လူဘယ်နှစ်ယောက်ရှိတယ် ထိုလူများက ဘယ်ကနေလာကြတာကို သိရုံသာမက သံချပ်ကာကားများနှင့် တင့်ကားများရှိနေတာကိုလည်း သိနေသည်။
“သတိထား...ကားနှစ်စီးလာနေတယ်"
မလှမ်းမကမ်းတွင်ရှိတဲ့ ကျိန့်ကန်းနဲ့ ဟီကျန်းတို့အား သတိပေးရန် အသံကျယ်ကျယ်ဖြင့် လျူယောင် အော်ပြောလိုက်သည်။
တစ်ချိန်တည်းမှာပင် လျူယောင်ရဲ့ လက်ထဲက ဓားဖြင့် နောက်ထပ်နှစ်ယောက်ကို သတ်လိုက်သည်။
ကားနှစ်စီးက သူတို့သုံးယောက်ရဲ့ အမြင်အာရုံထဲတွင် ပေါ်လာပြီး ကားတစ်စီးစီရဲ့နောက်နှင့် ဘေးတွင် ပင်လယ်ဓားပြအများအပြား ရှိနေကြသည်။
သူတို့အားလုံးက လက်နက်များကို ကိုင်ဆောင်ထားကြပြီး အချို့မှာ ဘာဇူကာများကိုပင် သယ်ဆောင်ထားကြသည်။
ကားတစ်စီးစီပေါ်တွင် ကြီးမားတဲ့ စက်သေနတ်တစ်လက်ရှိနေသည်။
ဟိန်းထွက်နေတဲ့ သေနတ်ပြောင်းက လျူယောင်ဘက်ကို ဦးတည်နေသည်။
သေးငယ်သော ကျည်ဆံများက ခန္ဓာကိုယ်ရဲ့ ကာကွယ်မှု့ကို မပျက်စီးပေမဲ့ စက်သေနတ်ကြီးမှ ကျည် သို့မဟုတ် ဒုံးကျည်ပစ်လောင်ချာများကို လျူယောင် အတော်လေး ကြောက်သည်။
စက်သေနတ်ကြီးနှစ်လက်က သူ့ကို ပစ်ခတ်နေတာကို မြင်တဲ့အခါ လျူယောင် အမြန်ရွေ့လျားကာအတားအဆီးနောက်ကို တစ်ချက်တည်းရောက်သွားပြီးနောက် လက်ပစ်ဗုံးတစ်လုံးကို ထုတ်လိုက်သည်။
“ဒက် ဒက် ဒက်”
စက်သေနတ်ကြီးများမှ မရေတွက်နိုင်တဲ့ ကျည်ဆံများ ရောက်လာကြသည်၊ လျူယောင်အား ခေါင်းပင်မဖော်နိုင်အောင် ထုထောင်းနေ သလိုပင်။
အတားအဆီးနောက်တွင် ပုန်းအောင်းနေရင်း လက်ပစ်ဗုံးနှစ်လုံးကို လေးကိုင်းပုံစံ ပစ်လိုက်ပြီး အဖွင့်ကားနှစ်စီးပေါ်ကိုတစ်လုံးပြီးတစ်လုံး ကျရောက်ကာ ကျယ်လောင်တဲ့ ပေါက်ကွဲသံများဖြင့် ပေါက်ကွဲကုန်သည်။
" အုန်း...."
" ဝုန်း... ဝုန်း.."
" အား...ငါ့လက်..ငါ့လက်…."
ကားပေါ်မှာရှိတဲ့ စက်သေနတ်ကြီးမှာ ချို့ယွင်းသွားပြီး ပတ်ဝန်းကျင်ရှိ မှာရှိနေတဲ့ ပင်လယ်ဓားပြအချို့လည်း ထိခိုက်ကုန်ကာ အော်ဟစ်နေကြသည်။
လျူယောင်က အဓိက တိုက်ခိုက်ပြီး ကျိန့်ကန်းနဲ့ဟီကျန်းတို့က အကူများဖြစ်နေသည်။
သူတို့၏ အချိန်ကိုက် တိုက်ခိုက်မှု့များက အလွန်အားကောင်းလှသည်။ လက်ပစ်ဗုံးပေါက်ကွဲသံများ ထွက်ပေါ်လာတာနှင့် အော်ဟစ်သံများ လိုက်လာပြီး သူတို့လက်ထဲရှိ တိုက်ခိုက်ရေးရိုင်ဖယ်များဖြင့် စတင်ပစ်ခတ်တော့သည်။
လျူယောင် သူ့ရဲ့ဘေးရှိ ပင်လယ်ဓားပြအလောင်းပေါ်တွင် လက်ပစ်ဗုံးနှစ်လုံးကို တွေ့၍ ၎င်းတို့ကို ယူကာ ထပ်ပစ်လိုက်သည် ။
အော်ဟစ်သံများ ထပ်ထွက်လာပြန်သည်။
ထိုစက်သေနတ်ကြီးနှစ်လက်ရဲ့ ခြိမ်းခြောက်မှု့မရှိတော့တဲ့အခါ လျူယောင်က ကန္တာရလင်းယုန် နဲ့ပြေးထွက်သွားပြီး တစ်ချက်ပြီးတစ်ချက်ပစ်နေသည် ။ကျည်ကဒ်တစ်ကဒ် ကုန်သွားတာနှင့် နောက်တစ်ကဒ် အစားထိုးလိုက်သည်။
ကျည်ကဒ် သုံးခု ဆက်တိုက်ပစ်ပြီးနောက် မြေပြင်ပေါ်တွင် အလောင်းပုံသာ ကျန်တော့သည်။
လျူယောင် သေနတ်ထဲမှ ကျည်ကဒ်ကို အမြန်အစားထိုးလိုက်ပြီး မြေပြင်ပေါ်မှာရှိတဲ့ RPGဒုံးကျည်ပစ်လောင်ချာများကို အလွန်မြန်တဲ့ အမြန်နှုန်းဖြင့် ကောက်ယူလိုက်ကာ အော်ပြောလိုက်သည်။
“သံချပ်ကာကားတစ်စီး...တင့်ကားနှစ်စီးလာနေတယ်...သတိထားကြ...”
ကျိန့်ကန်းနဲ့ဟီကျန်းတို့ကလည်း အံ့ဩဖွယ်ကောင်းသော တုံ့ပြန်မှု့များနှင့် ကောင်းမွန်တဲ့ လေ့လာနိုင်စွမ်းရှိကြသည်။
သူတို့လည်း သံချပ်ကာကားများနှင့် တင့်ကားနှစ်စီး ချဉ်းကပ်လာတာကို တွေ့ခဲ့ကြပြီးဖြစ်သည်။ သူတို့နှစ်ယောက် အလျင်အမြန် ရွေ့လျားပြီး လျင်မြန်စွာ လိမ့်သည်။ အတားအဆီးနောက်ကို ချက်ခြင်းရောက်သွားကာ ခေတ္တပုန်းအောင်းလိုက်ကြသည်။
လျူယောင်ကတော့ ကြောင်ရိုင်းကဲ့သို့အဆောက်အအုံတစ်ခုရဲ့ ခေါင်မိုးပေါ်ကို နှစ်ချက်သုံးချက်ပြေးယုံဖြင့် ရောက်ရှိသွားပြီး သူ့ရဲ့ရှေ့ရှိ သံချပ်ကာကားကို RPG ဒုံးပစ်လောင်ချာနဲ့ ချိန်လိုက်သည်။
“ဘုန်း”
ပစ်မှတ်ကို ထိသွားခဲ့သည်။
သံချပ်ကာကားများနဲ့ တင့်ကားများက စက်သေနတ်ကို ကာနိင်ပေမဲ့ ဒုံးပစ်လောင်ချာကိုတော့ ကြောက်ကြသည်။
မျက်စိတစ်မှိတ်အတွင်းမှာ သံချပ်ကာကားများနှင့် တင့်ကားများအားလုံး ဖျက်ဆီးခံလိုက်ရပြီး ကျိန့်ကန်းနဲ့ ဟီကျန်းတို့ ပေါ်လာကာ ပြင်းထန်စွာ ပစ်ခတ်တော့သည်။
ဇာဝါဟီရီ တစ်ခုခုမှားနေပြီဟု ခံစားလိုက်ရသည်။ ဆယ်မိနစ်ကျော်သွားပြီ ဘာကြောင့် ပစ်ခတ်သံများ မရပ်သေးတာလဲ မရပ်သေးရုံသာမက အဆောက်အအုံ နားကို ပို၍ ပို၍ နီးကပ်လာပုံရသည်။
ထိုသို့တွေးနေစဥ် အစည်းအဝေးခန်း တံခါးကို တွန်းဖွင့်လိုက်ကာ ခေါင်းဆောင်ငယ်တစ်ဦးက ထိတ်လန့်တကြား အော်ပြောလိုက်သည်။
“ခေါင်းဆောင်...မြန်မြန်ပြေးပါ... ကျွန်တော်တို့လူတွေ အားလုံးနီးပါး သေကုန်ပြီ...အဲဒီသုံးယောက် ဝင်လာပြီ...”
“ဘာ”
" မဖြစ်နိုင်တာ..."
“ဘုရားရေ...ငါတို့မှာ လူ ၃၀၀ ကျော်ရှိနေတာကို..”
သို့သော် သူတို့ ထွက်ပြေးရန် အချိန်မရမှီအစည်းအဝေးခန်းမရဲ့ တံခါးအပြင်ဘက်မှ သေနတ်သံများ ထွက်ပေါ်လာပြီးနောက် အရှေ့တိုင်းသား မျက်နှာနဲ့လူသုံးယောက်က အပြင်မှ ဝင်လာကြသည်။
“မလှုပ်နဲ့”
“မလှုပ်နဲ့”
ကျိန့်ကန်းနဲ့ ဟီကျန်းတို့တွင် တိုက်ခိုက်ရေးရိုင်ဖယ်တစ်လက်စီရှိပြီး သူတို့ရဲ့ သေနတ်ပြောင်းမည်းများကို အစည်းအဝေးခန်းမရှိ လူတိုင်းထံ ချိန်ထားကြသည်။ လျူယောင်က ကန္တာရလင်းယုန်သေနတ် ကို ကိုင်၍ လျှောက်လာကာ အင်္ဂလိပ်လို မေးလိုက်သည်။
“ဇာဝါဟီရီက ဘယ်သူလဲ....”
“ဘမ်း..."
ပင်လယ်ဓားပြခေါင်းဆောင်တစ်ဦးရဲ့ခေါင်းကို သေနတ်ထိမှန်ကာ မြေပြင်ပေါ် လဲကျသွားသည်။
လျူယောင် ဆက်ပြောလိုက်သည်။
“လက်တွေ လူပ်မနေကြနဲ့... ဒီလူ့လိုပဲ အဆုံးသတ်သွားလိမ့်မယ်....”
တကယ်တော့ ထိုခေါင်းဆောင်က သေနတ်ယူရန် ကြိုးစားခဲ့ပေမဲ့ ခေါင်းကို ပစ်ခြင်းသာခံလိုက်ရသည်။
ဇာဝါဟီရီအပါအဝင် လူအများရဲ့ မျက်နှာများက ဖြူဖတ်ဖြူလျော် ဖြစ်ကုန်ကြသည်။
“ခင်ဗျားတို့ ဘယ်သူတွေလဲ.... ဘယ်သူက ခင်ဗျားတို့ကို ဒီကို စေလွှတ်လိုက်တာလဲ...”
လျူယောင်က ထို ဝ နေတဲ့လူသေလိုလူက ဇာဝါဟီရီ ဖြစ်ရမယ်လို့ သိလိုက်သည်။
ကန္တရလင်းယုန် ကို သူ့ခေါင်းသို့ ချိန်ထားပြီး ဖြည်းညှင်းစွာ ပြောလိုက်သည်။
“ငါက Universal ရဲ့သူဋေး...လျူယောင်ပဲ...လွန်ခဲ့တဲ့ နာရီအနည်းငယ်က.....မင်း...ငါတို့ဆီကနေ... အမေရိကန်ဒေါ်လာ... သန်း ၁၀၀ ကို ခြိမ်းခြောက်ယူခဲ့တာလေ....မမှတ်မိဘူးလား....”
“ Universal ရဲ့ သူဋေးလား..."
ဇာဂါဟီရီ မှာမူ ထုံပေပေဖြစ်နေသည်။
ဇာဝါဟီရီရဲ့ ခေါင်းကို သေနတ်နဲ့ချိန်ထားပြီး လျူယောင် ဖြည်းညှင်းစွာ ပြောလိုက်သည်။
“ခင်ဗျားက ....ကျုပ်တို့သင်္ဘောကို ပြန်ပေးဆွဲပြီး အမေရိကန်ဒေါ်လာ.... သန်း ၁၀၀ ကို ခြိမ်းခြောက်တောင်းခဲ့တယ်....ခင်ဗျား...ဘာပြောချင်လဲ...”
“ဘာပြောရမလဲ.....”
“ကျွန်တော် ဘာပြောနိုင်သေးလို့လဲ...”
သူ့ခေါင်းကို တစ်စုံတစ်ယောက်က သေနတ်ဖြင့် ချိန်ထားသည်လေ။
“ကျွန်တော်တို့ကို ခွင့်လွှတ်ပေးပါ....ကျွန်တော် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကို ခင်ဗျားဆီ အခု ပြန်ပေးပါ့မယ်...ခင်ဗျား ပိုက်ဆံကို အခုပဲ လွှဲယူနိုင်ပါတယ်....”
အစည်းအဝေးစားပွဲပေါ်တွင် လက်ပ်တော့များ ရှိနေကြသည်။
ထိုလက်ပ်တော့ပေါ်တွင် ငွေလွှဲပြောင်းမှု့များကို လုပ်ဆောင်နိုင်ပေသည်။
“ကျုပ်တို့ကို... ဒေါ်လာ သန်း ၁၀၀ ပြန်ပေးမယ်ပေါ့....”
"ဟား..ဟား..ဟား.."
လျူယောင် အားရပါးရ ရယ်လိုက်သည်။
ဇာဝါဟီရီက အရမ်းဖြူစင်လွန်းတယ် သို့မဟုတ် သူ့နောက်ကွယ်မှာရှိတဲ့ ဆိုမာလီယာ လူငယ်ပါတီကဥာဏ် အရမ်းကောင်းတာလား လျူယောင် မသိတော့ပေ။
လျူယောင် ခေါင်းကို အနည်းငယ်ယမ်းလိုက်ကာ ပြန်ပြောလိုက်သည်။
“ဒါက ဒီလောက်မရိုးရှင်းဘူး...."
သူ့ဘေးမှာရှိတဲ့ ခေါင်းဆောင်တစ်ဦးက အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်သည်။
“ဒါဆို ခင်ဗျား ဘာလိုချင်သေးလဲ...ကျွန်တော်တို့အားလုံးကို သတ်ပစ်ပြီး ခဗျားရဲ့ ရူးသွပ်တဲ့ လက်စားချေမှု့ကို လုပ်မလို့လား....”
" ဒိူင်း...."
“ဘုန်း...."
လျူယောင် လက်မြှောက်၍ ပစ်လိုက်သည် ။
“ဒီလူက လုံးဝ အခြေအနေကို မမြင်ဘူး...အခု ခင်ဗျားက စင်းတီတုံးပေါ်က ငါးပဲ”
ဒီတစ်ချက်ပစ်ခတ်မှု့ က အတော်လေး အားကောင်းလှသည်။
အခြားခေါင်းဆောင်များရဲ့ ရင်ထဲတွင် တုန်လှုပ်သွားကြသည်။ လျူယောင်က မျက်တောင်မခတ်ဘဲ လူသတ်နိုင်တဲ့ လူတစ်ယောက်ဖြစ်ကြောင်း သူတို့ သိလိုက်ကြသည်။
နောက်ထပ်တစ်ချက်က သူတို့ကို ထိမှန်နိုင်တာပင် ဖြစ်နိုင်သည်။
လျူယောင်က အလောင်းဖြစ်သွားတဲ့ ခေါင်းဆောင်ကိုပင် မကြည့်ဘဲ ဇာဝါဟီရီရဲ့ ခေါင်ကို သေနတ်ဖြင့် ထပ်ချိန်ထားသည် ။
“ဒေါ်လာ သန်း ၁၀၀ က နည်းလွန်းတယ်...ဒေါ်လာ ၁ ဘီလီယံ....တစ်ပြားမှ မလျော့စေရဘူး...”
“ကျွန်တော်တို့မှာ အဲဒီလောက် ပိုက်ဆံမရှိပါဘူး...”
“ ဘမ်း..."
လျူယောင် လက်မြှောက်၍ ပစ်လိုက်ရာ နောက်ထပ်ခေါင်းဆောင်တစ်ဦးရဲ့ ခေါင်းကို ထိမှန် ပြန်သည်။
“စကားများနေဖို့ ပျင်းတယ်... ပိုက်ဆံမရှိရင် လူသတ်မယ်....”
ဇာဝါဟီရီရဲ့ နဖူးတွင် ချွေးများ ပိုမိုထွက်လာပြီး ကြောက်ရွံ့စွာ တောင်းပန်နေသည်။
“ကျွန်တော် ပိုက်ဆံလွှဲပေးပြီးရင် ကျွန်တော်တို့ကို လွှတ်ပေးပါ... ကျေးဇူးပြုပြီး”
ဒီလို ကြမ်းတမ်းတဲ့ ပင်လယ်ဓားပြခေါင်းဆောင်က တကယ်တော့ သေရမှာကို ကြောက်နေသည်။
ဇာဝါဟီရီရဲ့ ခေါင်းကို လျူယောင် သေနတ်နဲ့ချိန်ထားကာ ပြောလိုက်သည်။
“စကားအပိုတွေမပြောနဲ့...ပိုက်ဆံကို အမြန်လွှဲပေး...နှောင့်နှေးနေရင် ငါက ဈေးထပ်တိုးမယ်...”
ဇာဝါဟီရီ ရိုးသားစွာ ငွေလွှဲပေးဖို့အတွက် လက်ပ်တော့ကွန်ပျူတာပေါ်တွင် တုန်တုန်ချိချိ လုပ်ဆောင်နေပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ ၁ ဘီလီယံကို Universal ၏ အကောင့်တစ်ခုသို့ လွှဲပြောင်းပေးခဲ့သည်။