← Chapters

ဟုတ်တယ်..ငါပဲ..

Vol. 14 Ch. 204

ဟုတ်တယ်..ငါပဲ..

Vol. 14 Ch. 204

ရှေ့ဆုံးမှာတော့ အလွန်အင်အားကြီးပြီး သန်မာတဲ့ လူမည်းတစ်ယောက် ဦးဆောင်လာခဲ့သည်။

သူက အလ်-ရှာဘတ်ရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ဝက်ဝံကြီး လို့ အမည်ပြောင်ပေးထားကြသည်။

သူ့မျက်နှာမှာ ရက်စက်ကြမ်းကြုတ်တဲ့အသွင်အပြင် ရှိနေတာက

‘ငါနဲ့ ရန်စဖို့ မလွယ်ဘူး’

လို့ တခြားသူတွေကို ပြောနေသလိုပါပဲ။

သူတို့ ဝင်လာတာနဲ့ လျူယောင်တို့ သုံးယောက်ကို ဧည့်ခန်းထဲမှာ တွေ့လိုက်ရသည်။

နှစ်ဖက်စလုံး ရပ်တန့်သွားကြသည်။

လျူယောင်တို့သုံးယောက် ရပ်တန့်သွားတာက တစ်ဖက်လူက သူတို့လမ်းကို ပိတ်ဆို့၍ ရပ်တန့်ဖို့ အတင်းအကျပ် ခိုင်းခံလိုက်ရတာပင်။

ဒါရှုံး ၊ ဝက်ဝံကြီး နဲ့ သူရဲ့လူတွေ ရပ်တန့်သွားရတာက လျူယောင်တို့သုံးယောက်ကို တွေ့ရှိပြီး မှတ်မိသွားလို့ပဲပါပဲ ။

တံခါးဝကနေ လက်နက်အပြည့်အစုံနဲ့ လူအုပ်စု က ရန်လိုတဲ့ဟန်ပန်နဲ့ လာခဲ့ကြသည်။ ဒါရှုံး၏ ပစ်မှတ်က လျူယောင် ဖြစ်သည်။

သူက လျူယောင်ကို ခဏလောက် ထိုင်ခိုင်းဖို့ ဖိတ်ခေါ်ချင်ပေမဲ့ လူငယ်ပါတီ ခေါင်းဆောင်က ဒေါသထွက်နေခဲ့တာကြောင့် ယဥ်ကျေး မနေတော့ပေ။

“ ခဗျားက Universal က လျူယောင်လား...”

ဒါရှုံး အင်္ဂလိပ်လို မေးလိုက်သည်။

တစ်ဖက်လူမှာ ပြင်ဆင်လာပြီး သူ့ကို ပစ်မှတ်ထားတာကို လျူယောင် ချက်ချင်းသိလိုက်သည်။ပြီးခဲ့တဲ့ နေ့လယ်ပိုင်းက မာကာအဖွဲ့အစည်း ပြိုလဲခဲ့တာနဲ့ သက်ဆိုင်နေရမည်။

“ဟုတ်တယ်...ငါပဲ...”

ဒါရှုံးက ရိုင်းစိုင်းကြမ်းကြုတ်ပြီး သူ့နဲ့အတူ လက်နက်ကိုင် ၁၂ ယောက်ကို ခေါ်လာခဲ့ပေမဲ့လျူယောင်ကတော့ အေးဆေး တည်ညိမ်နေသည်။

သူ့ရဲ့ ကိုယ်ရေးအချက်အလက်ကို အတည်ပြုပြီးနောက် ဒါရှုံးက မာနကြီးစွာ ပြောလိုက်သည်

“ဒါဆိုရင် ကျေးဇူးပြုပြီး ငါတို့နဲ့အတူ လိုက်ခဲ့ပါ... ငါတို့ခေါင်းဆောင်က မင်းကို တွေ့ချင်နေတယ်...”

“ဟက်”

လျူယောင် တစ်ချက်ရယ်ကာပြောလိုက်သည် ။

“မင်းတို့ခေါင်းဆောင်က လူမိုက်ပဲ...သူက...ငါနဲ့... တွေ့ချင်တိုင်း တွေ့လို့ရမယ်လို့ ...ထင်နေတာလား..စိတ်မကောင်းပါဘူး....ငါ့မှာ အချိန်မရှိဘူး...ငါတို့ အခုပဲ အပြင်ထွက်ပြီး ဈေးဝယ်တော့မလို့....”

“ဒီကိစ္စက ခင်ဗျား ထိန်းချုပ်လို့မရဘူး၊ ငါတို့နဲ့အတူ လိုက်ခဲ့”

ဒါရှုံးက ရက်စက်စွာ ပြုံးပြီး သူ့ရဲ့လက်ကြီးနဲ့ လျူယောင်ကို ဖမ်းဆွဲရန် ထုတ်လိုက်သည်။

မည်သူသိမည်နည်း ။ အံ့ဩစရာကောင်းတဲ့ မြင်ကွင်းတစ်ခု ဖြစ်ပျက်ခဲ့သည်။

ဒါရှုံး၏ မျက်နှာက နီရဲနေပြီး သူ့ရဲ့ခွန်အားအားလုံး အသုံးပြုခဲ့တာကို လျူယောင်က လုံးဝ မလှုပ်တာကို တွေ့လိုက်ရသည်။

"ဘာလဲဟ...ဒီလူက လုံးဝမလှုပ်ဘူး... ပြီးတော့...အရမ်း...ပေါ့ပါးနေတဲ့ပုံပဲ "

လျူယောင်က ဒါရှုံးရဲ့လက်ကို ဆုပ်ကိုင်ပြီး အသာလေး တွန်းလိုက်သည်။ ဒါရှုံး မီတာအတော်များများ နောက်ပြန်ဆုတ်သွားပြီး မြေကြီးပေါ်ကို ထိုင်ကျလုနီးပါး ဖြစ်သွားသည်။

သူ့ရဲ့လက်အောက်ငယ်သားတွေက နောက်ဆုံးမှာ သတိဝင်လာပြီး သူတို့ရဲ့သေနတ်တွေကို လျူယောင်တို့သုံးယောက်ဆီ ချိန်ထားလိုက်ကြသည်။

ကျိန့်ကန်းနဲ့ ဟီကျန်းတို့ရဲ့ တုံ့ပြန်မှု့ကလည်း နှေးကွေးခြင်းမရှိပေ။ သူတို့ရဲ့ပစ္စတိုနှစ်လက်ကို ဒါရှုံးနဲ့ သူရဲ့အဖွဲ့ဆီ ချိန်ထားလိုက်သည်။.

ရုတ်တရက်ဆိုသလို ဓားများက ကျိုးလုနီးပါးဖြစ်နေပြီး တင်းမာတဲ့အခြေအနေက အထွဋ်အထိပ်ကို ရောက်ရှိသွားသည်။

မည်သည့်အချိန်တွင်မဆို သေနတ်ကျည်ဆံများကမတော်တဆ ထွက်နိုင်ခြေရှိနေပေသည်။

ဟိုတယ်ဝန်ထမ်းတွေက အော်ဟစ်ပြီး ထိတ်လန့်စွာ ထွက်ပြေးခဲ့ကြပြီး ဧည့်ခန်းတစ်ခုလုံးမှာ လျူယောင်နဲ့ ဒါရှုံးတို့သာ ကျန်ခဲ့သည်။

သေနတ် ၁၀ လက်ကျော်နဲ့ ရင်ဆိုင်နေရပေမဲ့ လျူယောင်က ဘယ်လိုမှ ထိတ်လန့်ခြင်းမရှိပေ။ဒီ သေနတ်တွေက လျူယောင့် အတွက်တော့ မီးချောင်း ၁၀ ချောင်းကျော်သာ ဖြစ်နေသလိုပင်။

ရုတ်တရက် လျူယောင် လှုပ်ရှားလိုက်သည်။

သူ့ရဲ့ အမြန်နှုန်းက အဆုံးစွန်ထိ ရောက်သွားပြီး အရိပ်တစ်ခုလိုပါပဲ။

" အား.. "

"သေပါဘီဗျ..."

ဆိုတဲ့အသံ ထွက်ပေါ်လာပြီးနောက် ဒါရှုံးရဲ့ လက်အောက်ငယ်သား များ မတုံ့ပြန်နိုင်သေးခင်မှာပဲ သူတို့အားလုံး မြေပြင်ပေါ်ကိုလဲကျပြီး အော်ဟစ်နေကြသည်။

သူတို့လက်ထဲက လက်နက်တွေကတော့ ဧည့်ခန်းရဲ့တစ်ဖက်ကို ရောက်နေတာကြောင့် ဒါရှုံး အံ့ဩစွာ ပါးစပ် ဟောင်းလောင်းပွင့်နေခဲ့သည်။

“ဒါ...ဒါ...ဒါ....”

“ငါ အိပ်မက်မက်နေတာ ဖြစ်ရမယ်.... ကမ္ဘာပေါ်မှာ ဒီလောက်အစွမ်းထက်တဲ့လူ ဘယ်မှာရှိမှာလဲ...”

သူ သတိပြန်ဝင်လာဖို့ အချိန်အတော်ကြာခဲ့သည်။မျက်နှာက ဖြူဖတ်ဖြူလျော်ဖြစ်သွားပြီး လျူယောင်က ပစ္စတို နဲ့ ချိန်ထားတာ တွေ့တော့ သူ့ရဲ့ လက်နှစ်ဖက်ကို မြှောက်ချင်လုနီးပါး ဖြစ်သွားသည်။

လျူယောင်က ပြောလိုက်သည်။

“ရုတ်တရက် ငါ မင်းတို့ခေါင်းဆောင်ကို ပိုစိတ်ဝင်စားသွားပြီ...လာ.. သွားမယ်.....ငါတို့ကို အဲဒီနေရာကို ခေါ်သွား....”

စကားပြောပြီးနောက် လျူယောင် ဟိုတယ်အပြင်ကို ဦးဆောင် ထွက်လာခဲ့ပြီး ဒါရှုံးတို့ပိုင်တဲ့ ကားတစ်စီးထဲ ဝင်ထိုင်လိုက်သည်။ သူ့နောက်က ကျိန့်ကန်းနဲ့ ဟီကျန်းတို့လည်း လိုက်ပါလာကြသည်။

ဒါရှုံးကတော့ ကြောင်သွားပြီ ရေရွတ်နေမိသည်။

“ဘာတွေဖြစ်နေတာလဲ....”

“ရုတ်တရက် ဘာကြောင့်...သူက... ငါတို့ခေါင်းဆောင်ကို တွေ့ချင်တယ်လို့ ကိုယ်တိုင်တောင်းဆိုလိုက်တာလဲ....ဒီလူက အင်အားကြီးတယ်ဆိုပေမဲ့ မကြောက်တာလား....သေမှာကို မကြောက်ဘူးလား.....”

ဒါရှုံး နားမလည်နိုင်တော့ပေ။ခဏအကြာမှာ သူရဲ့လူတွေကို လက်နက်တွေ ကောက်ခိုင်းပြီး ဟိုတယ်ကနေ ကားထဲကို တစ်စီးပြီးတစ်စီးဝင်ကာ ဒီနေရာကနေ ထွက်ခွာလာခဲ့ကြသည်။

လမ်းတစ်လျှောက်မှာတော့ ဘယ်သူမှ စကားတစ်ခွန်းတောင် မပြောခဲ့ကြပေ။

ဒီယာဉ်တန်းက လမ်းမတွေ၊ လမ်းကြားတွေကို ဖြတ်ပြီး မိနစ် ၂၀ ကနေ ၃၀ လောက်ကြာပြီးနောက် အဆောက်အအုံတစ်ခုရဲ့ ရှေ့မှာ ရပ်တန့်သွားသည်။

ဒါက ယာယီနေရာသာ ဖြစ်ပြီး အလ်-ရှာဘတ်ရဲ့ ဌာနချုပ် မဟုတ်နိုင်တာက သိသာလှသည်။

ပါးနပ်တဲ့ယုန်မှာ ကျွင်းသုံးပေါက်ရှိတယ်ဆိုတဲ့အတိုင်း ဘယ်သူမှ လူငယ်ပါတီရဲ့ ဌာနချုပ် ဘယ်မှာရှိမှန်း မသိကြပေ။ သူတို့ခေါင်းဆောင်ရဲ့တည်နေရာက. ဘယ်မှာလည်း ပို၍ပင် သေချာ မသိကြပေ။

လျူယောင်က ဘာကြောင့် ရုတ်တရက် လူငယ်ပါတီရဲ့ ခေါင်းဆောင်နဲ့ တွေ့ချင်ရတာလဲ။

အကြောင်းရင်းက ရိုးရှင်းပါတယ် "ဒီလူတွေကို လက်စားချေဖို့ မစဉ်းစားရန်နဲ့... အနာဂတ်မှာ Universal ရဲ့ သင်္ဘောတွေကို ပြန်ပေးဆွဲဖို့ မစဉ်းစားနဲ့ ..."ဆိုတာကို သတိပေးဖို့ပဲ ဖြစ်သည်။

အဆောက်အအုံ၏ရှေ့တွင် လက်နက်ကိုင်အချို့ က အစောင့်အဖြစ် ရပ်နေကြပြီး လုံခြုံရေးကို တင်းတင်းကျပ်ကျပ် ချထားတာကို တစ်ချက်ကြည့်လိုက်တာနဲ့ သိသာသည်။ ကျိန့်ကန်းနဲ့ဟီချန်းတို့က သတိရှိနေပြီး လျူယောင်နဲ့အတူ ဝင်သွားဖို့ ပြင်ဆင်နေကြသည်။

ဒါရှုံးရဲ့လူတွေက သူတို့နှစ်ယောက်ကို တားလိုက်ကာ လျူယောင်တစ်ယောက်တည်းကိုပဲ ဝင်ခွင့်ပြုလိုက်သည်။

လျူယောင် စူပါအာရုံခံစားမှု့နဲ့ စစ်ဆေးလိုက်တဲ့အခါ ဒီအဆောက်အအုံထဲမှာ လူ ၁၀၀ လောက်ရှိပြီး ဒီလူတွေက လက်နက်အပြည့်အစုံနဲ့ ဖြစ်နေကြပေမဲ့ သူ့အပေါ် ခြိမ်းခြောက်မှု့တော့ မရှိပေ။

“မင်းတို့ ငါ့ကို အပြင်မှာ စောင့်နေကြ...စိတ်မပူနဲ့....ငါ ဘာမှမဖြစ်ဘူး....”

ဒီလိုရှင်းပြပြီးနောက် ဒါရှုံးနဲ့တခြားသူတွေနဲ့ အတူ အဆောက်အအုံထဲ လျူယောင် ဝင်လာခဲ့သည်။ တတိယထပ်ကို ရောက်တဲ့အခါ ဧည့်ခံခန်းလို ကြီးမားတဲ့အခန်းထဲမှာ သူ ထိုင်လိုက်သည်။

သူ့ဘေးနားတွင် လက်နက်ကိုင်တွေ မရှိသလို လျူယောင် ပုံစံက အေးအေးဆေးဆေး ဖြစ်နေသည်။

ခဏအကြာမှာတော့ လူမည်းပုံစံ လူလတ်ပိုင်းအရွယ်လူတစ်ယောက်က လူအုပ်ကြီးနဲ့အတူ ဝင်လာခဲ့သည်။ဒီလူက ဆိုမာလီယာ အလ်-ရှာဘတ်ရဲ့ ခေါင်းဆောင် မူလာတူးဖြစ်ပြီး အားကောင်းတဲ့လက်နက်ကိုင်အဖွဲ့ကို ဖွဲ့စည်းထားကာ ဆိုမာလီယာမှာ ရှိတဲ့ ပင်လယ်ဓားပြအဖွဲ့အများစုကို ထိန်းချုပ်ထားသူလည်း ဖြစ်သည်။

မူလာတူးရဲ့ မျက်နှာက အေးစက်နေပြီး ပို၍ပင် လေးနက်နေသည်။

ဆိုဖာပေါ်မှာ ထိုင်လိုက်ပြီး သူ့ရဲ့ ဩဇာခံဟန်ပန်နဲ့ ပြောလိုက်သည်။

“ခင်ဗျားက Universal ရဲ့သူဋေးလျူယောင်ပဲ....ဟုတ်တယ်မလား...”

“ဟုတ်တယ်.... ငါက လျူယောင် .....မင်းက လူငယ်ပါတီရဲ့ ခေါင်းဆောင်ဖြစ်ရမယ်.....”

မူလာတူးက လျူယောင် ဒီမှာရှိနေတာကို တွေ့တဲ့အခါ သူက သခင်လိုဟန်ဆောင်နေတာကြောင့် နည်းနည်း စိတ်မသက်မသာဖြစ်တဲ့အမူအရာအနည်းငယ် ပြလိုက်သည်။

သူ့ရဲ့ လက်အောက်ခံတစ်ဦးက ရှေ့နှစ်လှမ်းတိုးလာပြီး လက်ကိုမြောက်ကာ လျူယောင့်ရဲ့ မျက်နှာကို ရိုက်ချလိုက်သည်။

လျူယောင်ရဲ့ တုံ့ပြန်မှု့ကလည်း အလွန်လျင်မြန်လှသည်။

ဒီနေရာမှာ လျူယောင်က သေနတ်ပစ်ရဲလိမ့်မယ်လို့ ဘယ်သူမှ ထင် မထားပေ။

" ဘမ်း...."

" အား..."

သေနတ်သံ ထွက်ပေါ်လာပြီးနောက် ဘယ်သူမှ လျူယောင် သေနတ် ဘယ်လိုထုတ်လိုက်လဲ မမြင်လိုက်ကြဘူး။ မည်သို့ပင်ဖြစ်စေ မူလာတူးရဲ့ လက်အောက်ငယ်သားကတော့ ခေါင်းကို ကျည်ဆန်ထိမှန်သွားခဲ့သည်။

ခန္ဓာကိုယ်က မြေပြင်ပေါ်ကို လဲကျသွားပြီး ဦးနှောက်တွေ ပွင့်ထွက်ကုန်သည်။

ကျန်လက်နက်ကိုင်တွေက တုံ့ပြန်လိုက်ပြီး သူတို့ရဲ့သေနတ်တွေကို လျူယောင်ဆီ တစ်ယောက်ပြီးတစ်ယောက် ချိန်လိုက်ကြသည်။

လျူယောင်က ဒီသေနတ်ပြောင်းတွေကို မမြင်သလို သူရဲ့ ကန္တာရလင်းယုန်၏ ပြောင်းဝကို မှုတ်လိုက်ပြီးနောက် ဖြည်းညှင်းစွာ ပြောလိုက်သည်။

“မစ္စတာ မူလာတူး....ငါ....ဒီနေ့ ခင်ဗျားဆီ ရောက်လာရတဲ့ အကြောင်းရင်းနှစ်ချက်ရှိတယ်....ပထမအချက်က မာကာအဖွဲ့အစည်းရဲ့ အဆုံးသတ်က ပြီးဆုံးသွားပြီ...လက်စားချေဖို့အတွက် ငါ့ ဆီကို လာဖို့မစဉ်းစားနဲ့....ဒုတိယအချက်က အနာဂတ်မှာ Universal ရဲ့ သင်္ဘောတွေကို ထိဖို့ ...မစဉ်းစားနဲ့....”

မူလာတူး လှောင်ပြောင်လိုက်သည်။

“ငါတို့ မလုပ်ဘူးဆိုရင် ဘာဖြစ်မှာလဲ....”

လျူယောင် ပြုံးလိုက်သည်။

ဒီလူရဲ့ ဉာဏ်ရည်ဉာဏ်သွေးက စိုးရိမ်စရာပဲ။ ငါက မင်းတို့ ငါးယောက်ကို အလေးအနက်မထားဘူးဆိုတာ မမြင်တာလား။ သူက မလုပ်ဘူးလို့တောင် ပြောလိုက်သေးသည်။

လျူယောင်ရဲ့ မျက်နှာက အပြုံးရုတ်တရက် ပျောက်ကွယ်သွားတာကြောင့် တစ်ခုခုမှားနေပြီလို့ မူလာတူး ခံစားလိုက်ရသည်။

လူတိုင်း မတုံ့ပြန်နိုင်သေးခင်မှာပဲ လျူယောင်ရဲ့သေနတ်က မူလာတူးရဲ့ခေါင်းကို ရောက်နေခဲ့သည်။

ဒီလှုပ်ရှားမှု့က အရမ်းမြန်လွန်းလို့ ဘယ်သူမှ တုံ့ပြန်ဖို့ အချိန်မရလိုက်ပေ။

သူတို့က လျူယောင်ကို သေနတ်နဲ့ပစ်ချင်ပေမဲ့ မပစ်ရဲကြပေ။

လျူယောင်၏သေနတ်က သူတို့ ခေါင်းဆောင်ရဲ့ခေါင်းကို ချိန်ထားတာကြောင့် ကျည်ဆန်က မတော်တဆ ခေါင်းဆောင်ကို ထိသွားရင် ဘယ်လိုလုပ်မလဲ......။

All Chapters