← Chapters

သခင်ရေ..အကုန်မသာပေါ်ကုန်ပါဘီ..

Vol. 14 Ch. 206

သခင်ရေ..အကုန်မသာပေါ်ကုန်ပါဘီ..

Vol. 14 Ch. 206

လျူယောင် ချက်ချင်းပဲ အိမ်မွေးတိရစ္ဆာန်ထိန်းချုပ်ရေးချပ်ပြားကိုဖွင့်ကာ တတိယအမြင်ဖြင့် ကြည့် လိုက်သည်။

လိပ်ကြီးကို ဗဟိုပြုကာ မီတာ ၁၀၀၀ အတွင်းရှိ အခြေအနေကို လျူယောင် ရှင်းရှင်းလင်းလင်း မြင်နိုင်ခဲ့သည်။

“ကျစ်... အရာအားလုံးက HD ပဲ...”

ထိုချပ်ပြားပေါ်တွင် ဒါကို ချဲ့၍ကြည့်ရှုနိုင်ပြီး ကြည့်ရှုထောင့်ကိုလည်း လျူယောင် ချိန်ညှိနိုင်သည်။

လိပ်ကြီး ကို ရှင်းလင်းစွာမြင်ရပြီး သူနှင့် မီတာ ၁၀၀ သို့မဟုတ် ၂၀၀ ခန့်သာဝေးတဲ့ ကွန်တိန်နာသင်္ဘောနှင့် အမြန်သွားမော်တော်ဘုတ် ၄ စီးကိုလည်း လျူယောင် မြင်လိုက်ရသည်။

ထိုအမြန်သွားမော်တော်ဘုတ်များက ဟွန်ဒါကို ဝန်းရံထားပြီး ကြောင်နှင့် ကြွက်ကစားသကဲ့သို့ သင်္ဘောကို ပတ်နေကြသည်။

အမြန်သွားမော်တော်ဘုတ်တစ်စီးစီတွင် ပင်လယ်ဓားပြများစွာရှိနေပြီး သူတို့အားလုံးက လက်နက်များ ကိုင်ဆောင်ထားကြသည်။

ပထမတစ်ချက်ကြည့်လိုက်ရုံ စနစ်တကျရှိပြီး သူတို့မှာ ကောင်းမွန်တဲ့ လက်နက်ကိရိယာများတပ်ဆင်ထားသည့် ပင်လယ်ဓားပြအဖွဲ့ဖြစ်ကာ အကြီးစားပင်လယ်ဓားပြအဖွဲ့အစည်းတစ်ခုရဲ့ အဖွဲ့ဝင်များဆိုတာ ထင်ရှားလှသည်။

“ဒါက ဆိုမာလီယာ အလ်-ရှာဘတ်ရဲ့ လှုံ့ဆော်မှု့ကြောင့် ဖြစ်ရမယ်.....”

“သူတို့ XX, ငါ ထွက်သွားတာနဲ့ ဒီပင်လယ်ဓားပြတွေက ငါတို့သင်္ဘောကို ခိုးယူဖို့ စိတ်ကူးထားခဲ့ကြတာပဲ....”

“ လိပ်ကြီး.... စုစုပေါင်း ပင်လယ်ဓားပြ အမြန်သွားမော်တော်ဘုတ် ၄ စီးရှိတယ်... သူတို့အားလုံးကို နစ်မြှုပ်ပစ်လိုက်...အဲဒီပင်လယ်ဓားပြတွေကို တစ်ယောက်မှ မကျန်စေနဲ့....”

လျူယောင် ဒေါသတကြီး အမိန့်ပေးလိုက်သည်။

" ဟွန်ဒါ " သင်္ဘောပေါ်တွင် သင်္ဘောသားများအားလုံးနီးပါးက ထိတ်လန့်တကြားဖြစ်နေကြသည်။

သူတို့က ဆိုမာလီယာ ပင်လယ်ဓားပြများနှင့် ရင်ဆိုင်နေရသည်။ အချို့လူများရဲ့ မျက်လုံးများတွင် စိတ်ပျက်အားငယ်မှုများရှိနေပြီး သူတို့့စိတ်ထဲတွင် အတွေးတစ်ခုသာရှိနေသည်။

" ပြီးပြီ... ပြီးပြီ...ငါတို့တော့သွားပြီ.... "

ကပ္ပတိန် လူယင်ဝူလည်း ဝမ်းနည်းစိတ်များ ခံစားနေရသည်။

“ဒီပင်လယ်ဓားပြတွေ မကြာခင် သင်္ဘောပေါ်ရောက်လာတော့မယ်....”

“လွန်ခဲ့တဲ့ ရက်အနည်းငယ်က "တုန်ရှင်း "သင်္ဘောလိုပဲ ပင်လယ်ဓားပြတွေရဲ့ ပြန်ပေးဆွဲခြင်းကို ငါ တို့ပါ ထပ်ပြီးခံရတော့မှာလား....”

ထိုသို့ ဝေဒနာခံစားနေရင်း ရုတ်တရက် သူ့ဘေးနားမှ သင်္ဘောသားတစ်ဦးက အသံကျယ်ကျယ်နဲ့ အော်ပြောလိုက်သည်။

“ကပ္ပတိန်... ကြည့်ပါဦး...အဲဒီမှာ ဘာတွေဖြစ်နေတာလဲ...မသိဘူး....”

ထိုစကားကို ကြားတဲ့ အခါ သူကပတ်ပတ်လည်ကို လှည့်ကြည့်လိုက်သည်။

ထိုသို့သော အရာတစ်ခု ဖြစ်လိမ့်မယ်ဟု မမျှော်လင့်ထား၍ ချက်ချင်း သူ့မျက်နှာပေါ်တွင် အံ့အားသင့်သွားတဲ့ ပုံပေါ်လာသည်။

“အဲ့ဒီ့ ပင်လယ်ဓားပြအမြန်သွားမော်တေည်ဘုတ်က ဘာဖြစ်သွားတာလဲ.... ကောင်းကောင်းမွန်မွန်ရှိနေတာကို...ဘာလို့မှောက်သွားတာလဲ....ဟ...”

“ဒါက တကယ်...မှောက်သွားတာပဲ..ဟားဟား..”

အမြန်သွားလှေက ခုတော့ ဇောက်ထိုးဖြစ်နေပြီး သင်္ဘောပေါ်ရှိ ပင်လယ်ဓားပြများအားလုံး ရေထဲကို ကျသွားကြသည်။ သူတို့တွင် အသက်ကယ်ပစ္စည်းမပါတဲ့အပြင် အသက်ကယ်အင်္ကျီများပင် ဝတ်မထားကြပေ။

“ကြည့်ပါဦး....သူတို့ မော်တော်ဘုတ်တွေထဲက တစ်စီး....ထပ်မှောက်သွားပြန်ပြီ....."

“... ဘာလို့....မှောက်ကုန်တာလဲ...”

“မိုက်တယ်...ဒီပင်လယ်ဓားပြတွေမော်တော်ဘုတ်တွေ... မှောက်ကုန်ပြီ....ကြည့်ရတာ အရမ်းအရသာရှိလိုက်တာဗျာ..."

ထိုကဲ့သို့သော မြင်ကွင်းကို မြင်တဲ့အခါ မူလက မျှော်လင့်ချက်မဲ့ပြီး ဝမ်းနည်းနေတဲ့ သင်္ဘောသားများ ပျော်ရွှင်သွားကြသည်။

ပင်လယ်ဓားပြအမြန်သွားမော်တော်ဘုတ် ၃ စီးရှိနေသေးသည်။

“ဘုရားသခင်ကူညီတော်မူပါ...ကျန်နေတဲ့ အမြန်မော်တော်ဘုတ် ၃ စီးပါ မှောက်ပါစေ....”

သင်္ဘောသားများ ဆုတောင်းခဲ့ကြသည်။

ဆုတောင်းနေစဥ်မှာပဲ အခြားအမြန်သွားမော်တော်ဘုတ်တစ်စီး မှောက်သွားပြန်သည်။ အကွာအဝေးမှာ အနည်းဆုံး မီတာ သုံးလေးရာ ရှိတာကြောင့် လူတိုင်းက ရှင်းရှင်းလင်းလင်း မမြင်နိုင်ခဲ့ပေ။

ဓားပြားများ၏ အမြန်သွားမော်တော်ဘုတ်များက ရုတ်တရက် ဇောက်ထိုးဖြစ်သွားပြီး သင်္ဘောပေါ်မှ ပင်လယ်ဓားပြများက ပင်လယ်ရေထဲတွင် ကူးခတ်နေကြသည်။

ထိုအရာအားလုံးက လိပ်ကြီးကြောင့်ပဲ ဖြစ်သည်။

အမှန်ပါပဲ ခုနက မီတာ ၅၀ ရှိတဲ့ဧရာမလှံဖြင့် လိပ်ကြီး အသာအယာထိလိုက်သည်။ မော်တော်ဘုတ်လေးက ဇောက်ထိုးဖြစ်သွားပြီးနောက် နောက်ထပ်တစ်စီးကိုလည်း လက်ဝါးနဲ့ရိုက်လှဲလိုက်သည်။

ရေပေါ်တွင် ကူးခတ်နေတဲ့ ပင်လယ်ဓားပြများကို မြင်တဲ့ အခါ လိပ်ကြီးက တစ်ဦးပြီးတစ်ဦး ဆွဲချလိုက်ပြီး ဓားပြတစ်ဦးကိုပင် စားရန် ပါးစပ်ဖွင့်လိုက်သည်။ ၎င်းက အရသာမကောင်းဘူးလို့ လိပ်ကြီး ခံစားရ၍ ပြန်ထွေးထုတ်လိုက်သည်။

အမြန်သွားမော်တေည်ဘုတ် ၂ စီးပေါ်မှ ပင်လယ်ဓားပြများက မှင်သက်နေပြီး သူတို့စိတ်ထဲတွင် မေးခွန်းတစ်ခုသာ ရှိနေသည်။

"ဘာတွေဖြစ်နေတာလဲ... ဒါက အရမ်းကောင်းနေတာကို.... ဘာလို့မှောက်သွားတာလဲ..."

“ဒီလိုအရာမျိုး....ငါ...တစ်ခါမှ မကြုံဖူးဘူး...”

ရေထဲကို ကျသွားတဲ့ ပင်လယ်ဓားပြများကို မြင်တဲ့ အခါ သူတို့က ဦးစွာ လူများကို ကယ်တင်ချင်ကြသည်။သူတို့ရှေ့တွင်ရှိသော ဟွန်ဒါ ကုန်သင်္ဘောကို ဂရုမစိုက်နိုင်ကြတော့ပေ။

အမြန်သွားမော်တော်ဘုတ်တစ်စီးက လူများကို ကယ်တင်ရန် အမြန် မောင်းသွားခဲ့သည်။

ထို မော်တော်ဘုတ် က မီတာဆယ်ဂဏန်းလောက် မသွားရသေးခင်မှာပဲ ချက်ချင်း ဇောက်ထိုးဖြစ်သွားပြန်သည်။

"အိုး ဘုရားရေ....."

ကျန်နေသေးတဲ့ အမြန်သွားမော်တော်ဘုတ်ပေါ်မှ ပင်လယ်ဓားပြများက ကြောက်လန့်တကြားနဲ့ ဖြူဖတ်ဖြူလျော်ဖြစ်သွားကြသည်။

သူတို့က ပင်လယ်နတ်ဘုရားကို ဒေါသထွက်စေမိပြီလားလို့ စိတ်ထဲတွင် တွေးလိုက်ကြသည်။

"ဟွန်ဒါ "သင်္ဘောပေါ်တွင်တော့ ပျော်ရွှင်သောအသံများ ဆူညံသွားလေသည်။

“ဟားဟား...အဲဒီပင်လယ်ဓားပြတွေ ပြီးပြီ....”

“ဘုရားသခင်က ကျွန်တော့်မျက်စိကို ဖွင့်ပေးခဲ့တယ်...ဒီလိုအလှည့်အပြောင်းမျိုး ဖြစ်လာမယ်လို့ မမျှော်လင့်ထားခဲ့ဘူး...."

သင်္ဘောသားတစ်ယောက်က အားရပါးရ ပြောလိုက်သည်။

“ခုနက အရမ်းကြောက်ခဲ့တာ... ဒီပင်လယ်ဓားပြတွေက ကျွန်တော်တို့ကို ပြန်ပေးဆွဲလိမ့်မယ်လို့ ထင်ခဲ့မိတာဗျာ....”

လူတိုင်း ပျော်ရွှင်နေကြစဥ် သူတို့က အသက်ဘေးမှလွတ်မြောက်အောင် ပြေးလွှားနေတဲ့ အမြန်သွားမော်တော်ဘုတ်ကို ကြည့်လိုက်ကြပြီး သင်္ဘောသားအချို့ က အော်လိုက်ကြသည်။

“အဲဒီ့မော်တော်ဘုတ်ကို ထွက်ပြေးခွင့်မပေးနဲ့...မှောက်သွားတာ အကောင်းဆုံးပဲ...”

တကယ်ပဲ အံ့ဩဖွယ်ကောင်းတဲ့ မြင်ကွင်းတစ်ခု ထပ်ဖြစ်လာခဲ့သည်။

အမြန်သွားမော်တော်ဘုတ်က မီတာ သုံးရာမှ ငါးရာခန့်အထိ ထွက်ပြေးပြီးနောက် ရှင်းပြလို့မရတဲ့ အကြောင်းကြောင့် ဇောက်ထိုးဖြစ်သွားကာ သင်္ဘောပေါ်ရှိ ပင်လယ်ဓားပြများအားလုံး ရေထဲကို ကျသွားကြသည်။

“ဟားဟား...နောက်ဆုံးတစ်စီးလည်း မှောက်သွားပြီ...”

“ မှောက်သွားတာကို....ကျွန်တော်... ကိုယ်တိုင်မြင်ခဲ့တာ...တကယ်ပျော်စရာကောင်းတယ်ဗျာ....”

ဟွန်ဒါသင်္ဘောပေါ်တွင် ဝမ်းနည်းမှု့များ မရှိတော့ဘဲ ပျော်ရွှင်မှု့နှင့် ပေါ့ပေါ့ပါးပါးဖြစ်နေကြပြီး သင်္ဘောသားများအားလုံး ဘေးဥပဒ်မှလွတ်မြောက်ခဲ့တဲ့ ပေါ့ပါးမှု့ကို ခံစားလိုက်ရသည်။

မူလက သူတို့ စိတ်ပျက်အားငယ်နေခဲ့ကြပေမဲ့ ယခုတော့ ထိုကဲ့သိုသော ခံစားချက်မျိုး မရှိတော့ပေ။

စုစုပေါင်း ပင်လယ်ဓားပြ အမြန်သွားမော်တော်ဘုတ် ၄ စီးရှိပြီး သူတို့အားလုံး မှောက်သွားကြသည်။

ထိုပင်လယ်ဓားပြ ၂၀ မှ ၃၀ ခန့်က ပြီးသွားပြီဖြစ်သည်။ ဒီနေရာကနေဆို အနီးဆုံးကုန်းမြေနဲ့ အနည်းဆုံး ရေမိုင် တစ်ရာခန့် ဝေးကွာနေသည်။

ထိုမျှလောက်ဝေးသော အကွာအဝေးနဲ့အသက်ကယ်ပစ္စည်းမပါဘဲ ကူးခတ်နေပါက သူတို့အားလုံး ပင်ပန်းနွမ်းနယ်ပြီးနောက် ရေနစ်သေဆုံးကြလိမ့်မည် ဖြစ်သည်။

“ကပ္ပတိန်... ကြည့်ပါအုံး....”

ရေထဲကို ကျသွားသော ပင်လယ်ဓားပြအချို့က "ဟွန်ဒါ "သင်္ဘောဆီကို အသည်းအသန် ရေကူးလာနေကြပြီး အကူအညီတောင်းချင်နေကြသည်။

လူယင်ဝူက ဒါကို မြင်ခဲ့သော်လည်း မမြင်ချင်ယောင်ဆောင်ကာ အသံကျယ်ကျယ်နဲ့ အော်ပြောလိုက်သည်။

“သူတို့ကို ဂရုမစိုက်နဲ့... အရှိန်မြှင့်ပြီး ဒီကနေ ထွက်သွားကြစို့....."

“ဟဲဟဲ...”

“ဒီလူတွေက .... ငါ တို့ကိုလည်း ပြန်ပေးဆွဲချင်သေးတယ်...အခုကျ တော့ ကယ်တင်ခိုင်းချင်နေပြန်ပြီ.... ဒါက အရမ်းကောင်းတဲ့ စိတ်ကူးပဲ...ဒါပေမဲ့... ငါ သူတို့ကို မကယ်တင်ချင်ဘူး...."

လူယင်ဝူ သူ့ဒေါသကို ဖြေလျှော့ကာ စိတ်ထဲကနေ တွေးလိုက်သည်။

.......

လေယာဉ်ပေါ်တွင်.....

လျူယောင် တတိယအမြင်မှတဆင့် အံ့သြဖွယ်ကောင်းတဲ့ တိုက်ရိုက်ထုတ်လွှင့်မှု့ကို ကြည့်ခဲ့ပြီး ဒီ အဖြစ်အပျက်က အလွန်ပျော်စရာကောင်းကာစိတ်သက်သာရာရတယ်လို့ ခံစားလိုက်ရသည်။

“အင်း....ဒီမူလာတူး က ပင်လယ်ဓားပြအဖွဲ့တစ်ဖွဲ့ကို ...ငါတို့ရဲ့ "ဟွန်ဒါ " ကုန်တင်သင်္ဘောကို ပြန်ပေးဆွဲဖို့ လှုံ့ဆော်ခဲ့တာ...အခုတော့...ဘာတတ်နိုင်သေးလဲ..."

ထိုအချိန် လိပ်ကြီး၏ အသံက သူ့ စိတ်ထဲကနေ ထွက်ပေါ်လာခဲ့သည်။

“သခင်ရေ..ဒီ.ပင်လယ်ဓားပြ အမြန်သွားမော်တော်ဘုတ် ၄ စီးလုံး မသာပေါ်ကုန်ပါဘီ ”

“ကောင်းတယ်...စွမ်းဆောင်ရည်က ကောင်းတယ်...မင်း... လုပ်တာ သပ်သပ်ရပ်ရပ်ပဲ...” လျူယောင် ချီးကျူးလိုက်သည်။

“သခင်...ကျွန်တော့်ကို နောက်ဘာလုပ်စေချင်လဲ...”

လျူ ယောင် ခန စဥ်းစားပြီး ပြန်ဖြေလိုက်သည်။

“မင်း...ဟွန်ဒါ ကုန်တင်သင်္ဘော နောက် လိုက်သွားပြီး ...အေဒင်ပင်လယ်ကွေ့ရေပိုင်နက်ကနေ အပြင်ကိုရောက်တဲ့အထိ ...အစောင့်အရှောက်လုပ်ပေးလိုက်... တာဝန်ပြီးသွားရင် ...အေဒင်ပင်လယ်ကွေ့ အနီးနားမှာရှိတဲ့ ရေပိုင်နက်မှာ ခဏ နေပေးပါအုံး....”

“ဟုတ်ကဲ့ပါ...သခင်... ပြဿနာမရှိပါဘူး”

လိပ်ကြီး ချက်ခြင်း သဘောတူလိုက်သည်။

နောက်လာမည့် ဆယ်ရက် သို့မဟုတ် နှစ်ဆယ် သုံးဆယ်ရက်အထိပင် အေဒင်ပင်လယ်ကွေ့ရေပိုင်နက်မှာ လိပ်ကြီး ရှိနေလိမ့်မည်ဟု ခန့်မှန်းရသည်။

သူ့ မှာ အဓိကတာဝန် ၂ ခုရှိပြီး တစ်ခုက Universal သင်္ဘောများကို အစောင့်အရှောက်လုပ်ရန်ဖြစ်ပြီး နောက်တစ်ခုက လျူယောင် အမိန့်ပေးပါက အေဒင်ပင်လယ်ကွေ့မှ ပင်လယ်ဓားပြများကို ပစ်မှတ်ထားတိုက်ခိုက်ရန် ဖြစ်သည်။

ဒီပင်လယ်ဓားပြအချို့ကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းမှာ မူလာတူးကို အနည်းငယ်သင်ခန်းစာပေးရန်ဖြစ်သည်။

ဒီလူက ကတိမတည်ခဲ့လို့ သူ့အတွက် တန်ဖိုးကြီးကြီးမားမား ပေးဆပ်ရမည်ဖြစ်သည်။

အချိန်ကွာခြားမှု့ကြောင့် လျုယောင် နဲ့ အဖွဲ့သားများက ဟွာဟိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်တဲ့အချိန်မှာ ညဉ့်နက်နေခဲ့သည်။

ညဥ့်နက်နေပေမဲ့ ကားများစွာက သူတို့ကို ကြိုဆိုရန် လေဆိပ်မှာ ရောက်နေကြသည်။

ကျိုးယန်၊ ဟူဂျွန်းရှီ နှင့် အခြားသူများအားလုံးမှာ လေဆိပ်အပြင်ဘက်တွင် စောင့်ဆိုင်းနေကြကာ သူတို့သုံးဦး လေဆိပ်မှ ထွက်လာတာနဲ့ချက်ချင်းပင် ပျော်ရွှင်စွာဖြင့် လာရောက်နှုတ်ဆက်ကြ၏။

“သူဋေး..."

“အစ်ကို ယောင်....”

လျူယောင် လူတိုင်းကို ကြည့်ကာ ပြုံးလိုက်ပြီး ပြန် ဖြေလိုက်သည်။

“လူစုလူဝေးနဲ့ လာစရာမလိုဘူးလို့... ပြောခဲ့တာတောင်... ခင်ဗျားတို့အားလုံး လာကြမယ်လို့ မမျှော်လင့်ထားဘူး.....”

ဟူဂျွန်းရှီက ဝမ်းသာအားရ ပြောလိုက်သည်။

“အစ်ကိုယောင်.... ကျွန်တော်တို့က....အောင်ပွဲခံ ကြိုဆိုဖို့ လာတာပါ.... အကိုက ဆိုမာလီယာကိုသွားပြီး အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ရခဲ့တယ်လေ.... ကျွန်တော်တို့ အားကျလွန်းလို့ လေဆိပ်ကို လာကြိုရမှာပေါ့....”

လျူယောင် ရယ်ပြီး လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။

“လာ..... ဒါဆို ကားထဲဝင်ကြ....သွားကြမယ်...”

All Chapters