← Chapters

နောက်ထပ် ရေအောက်ချောက်

Vol. 14 Ch. 207

နောက်ထပ် ရေအောက်ချောက်

Vol. 14 Ch. 207

" ခွမ်း "

လက်အောက်ငယ်သား တစ်ယောက်၏ အစီရင်ခံစာကို နားထောင်ပြီးနောက် ဖန်ခွက်ကို သေသပ်လှပစွာ မူလာတူး ခွဲပစ်လိုက်ပြီး ဒေါသများဟာ သူ့နှလုံးသားထဲကနေ တိုးလာခဲ့သည်။

ဘာအမှားအယွင်းမှ မရှိစေရန် စေလွှတ်လိုက်တဲ့ အဖွဲ့က ဒီလို ဖြစ်သွားလိမ့်မယ်လို့ သူလုံးဝမထင်ထားခဲ့ပေ။

စုစုပေါင်း အမြန်သွားမော်တေည်ဘုတ် ၄ စီးနဲ့ အထူးတပ်သား ၂၀ ကျော်ရှိခဲ့ပေမဲ့ တစ်ယောက်မှ ပြန်မလာခဲ့ပေ။

“သူတို့အားလုံး....ဖျက်ဆီးခံလိုက်ရပြီလား....”

“ဘယ်သူကမှ ငါ့ကို ဘာဖြစ်နေလဲဆိုတာ မပြောနိုင်တော့ဘူးလား...ငါ.xxx..”

ဘေးနားမှ အခြားဓားပြခေါင်းဆောင်ငယ်များကကြောက်လန့်တကြားဖြစ်နေကြပြီး မတော်တဆ မထိမိစေရန် အသက်ပင် ရဲရဲ မရူဝံ့ကြပေ။

ခဏအကြာတွင် ခေါင်းဆောင်တစ်ဦးက ပြောလိုက်သည်။

“သူဋေး...ကျွန်တော်တို့ရဲ့ သတင်းအချက်အလက်တွေအရ ...ဒီနှစ်ရက်အတွင်း...Universal ကုမ္ပဏီက နောက်ထပ်သင်္ဘောတစ်စီး ....အေဒင်ပင်လယ်ကွေ့ကို ဖြတ်သွားပါလိမ့်မယ်... ကျွန်တော်တို့ အဲဒီသင်္ဘောကနေ စတင်ပြီး ပြန်ပေးဆွဲနိုင်ပါတယ်...အဲဒီနောက်မှာ.....ဒီကုမ္ပဏီဆီကနေ အမေရိကန်ဒေါ်လာ သန်း ၁၀၀....မဟုတ်ဘူး...သန်း ၂၀၀ တောင်းခံနိုင်ပါတယ်.....”

ခေါင်းဆောင် မူလာတူးက ဒေါသတကြီး ဖြတ်ပြောလိုက်သည်။

“မဟုတ်ဘူး...သန်း ၂၀၀ က အရမ်းနည်းလွန်းတယ်...ငါ အမေရိကန်ဒေါ်လာ ၁ ဘီလီယံလိုချင်တယ်...မာကာ အဖွဲ့အစည်းကနေ ....သူတို့ယူထားတဲ့ အမေရိကန်ဒေါ်လာ ၁ ဘီလီယံလုံးကို....ငါ... ပြန်လိုချင်တယ်...”

“အမေရိကန်ဒေါ်လာ ၁ ဘီလီယံလား...”

အခြားခေါင်းဆောင်များ ခဏတာ မှင်သက်သွားကြသည်။

သူတို့ခေါင်းဆောင်က အမေရိကန်ဒေါ်လာ ၁ ဘီလီယံ တောင်းရဲလိမ့်မယ်ဟု သူတို့ တကယ်ပင် မထင်မှတ်ထားခဲ့ပေ။

သူတို့က နောက်တစ်ကြိမ် ကြိုးစားရန် အဆင်သင့်ဖြစ်နေကြသည်။

နှစ်ရက်ကြာပြီးနောက် Universal ကုမ္ပဏီမှ ကြီးမားတဲ့ ကုန်တင်သင်္ဘော " ရှီတိုင် " ကို ပြန်ပေးဆွဲဖို့ စီစဥ်ခဲ့ကြသည်။

လက်ရှိတွင် တန် ၁၀၀၀၀၀ ကျော် တင်ဆောင်နိုင်တဲ့ ထို ဧရာမသင်္ဘော " ရှီတိုင် "က အိန္ဒိယသမုဒ္ဒရာတွင် ရွက်လွှင့်နေပြီး နှစ်ရက်အတွင်း အေဒင်ပင်လယ်ကွေ့ကို ဖြတ်သန်းတော့မှာပဲ ဖြစ်သည် ။

“မန်စူရ်...ဒီကိစ္စကို မင်းတာဝန်ယူလိုက်...."ငါ တို့ရဲ့ စစ်သင်္ဘောတွေနဲ့ သွားနိုင်တယ်...ဒါကြောင့် ဘာမှမမှားဖို့ သေချာအောင်လုပ်စမ်း....”

“ဟုတ်ကဲ့ပါ….ခေါင်းဆောင်...”

မန်စူရ်က အသံကျယ်ကျယ်ဖြင့် ပြန်ဖြေလိုက်သည်။

သူက အလ်-ရှာဘတ်ရဲ့ အရေးကြီးတဲ့ ခေါင်းဆောင်တစ်ဦးဖြစ်ပြီး မူလာတူးရဲ့ တစ်ဦးတည်းသော လက်ရုံးဖြစ်သည်။

Universal ၏ " ရှီတိုင် "အတွက် သူတို့ ငွေအများအပြား သုံးစွဲခဲ့ကြတာလို ပြောနိုင်ပေသည်။

မန်စူရ်ကိုတောင် ကိုယ်တိုင်စေလွှတ်ခဲ့ရပြီး ။သူတို့နိုင်ငံမှ ဝယ်ယူထားတဲ့ ဒုတိယလက်သစ်စစ်သင်္ဘောတစ်စီးကိုပါ စေလွှတ်ခဲ့ကြသည်။

.......

ပင်လယ်အောက်တွင်တော့ လိပ်ကြီး က အမဲလိုက်နေသည်။

ဒါက အိန္ဒိယသမုဒ္ဒရာဖြစ်ပြီး ရေအနက် မီတာ ၂၀၀၀ ကျော် အနက် ကို လိပ်ကြီး ရောက်ရှိနေသည်။ဒီနေရာက. အေဒင်ပင်လယ်ကွေ့မှ ရေမိုင် ၁၀၀၀ ခန့်ကွာဝေးသည်။ လိပ်ကြီးက အိန္ဒိယသမုဒ္ဒရာတွင် အမဲလိုက်ရတာကို နှစ်သက်သည်။

ပစိဖိတ်သမုဒ္ဒရာတွင် မတွေ့ရှိရတဲ့ ငါးကြီးများစွာကို ထိုနေရာတွင် တွေ့ရှိခဲ့သည်လေ။

ခေါင်းကြီးပြီး အရွယ်အစားကလည်း အလွန်ကြီးမားကာ ငါးတစ်ကောင်စီက အနည်းဆုံး ကီလိုဂရမ် ထောင်ပေါင်းများစွာ အလေးချိန်ရှိသည်။

လိပ်ကြီး ဖမ်းမိဖူးတဲ့ အကြီးဆုံးငါးက ဆယ်မီတာကျော်ရှည်ပြီး ဆယ်တန်ကျော် အလေးချိန်ရှိသည်။

တစ်ကောင်တည်းနှင့်ပင် သူက ဗိုက်ဝနိုင်သည်။ ဒီလို အရသာရှိ တဲ့ အစားအစာကို သူ အရမ်း နှစ်သက်သည်။

မီတာ ၂၀၀၀ ကျော်နက်တဲ့ ပင်လယ်အောက်ကြမ်းပြင်မှာတော့ မည်းမှောင်နေကာ လိပ်ကြီးရဲ့ စူပါအာရုံခံနိုင်စွမ်း မီတာ ၅၀၀ အချင်းဝက် အတွင်းရှိ အရာအားလုံးကို ရှင်းလင်းစွာ သိနိုင်လေသည်။

သူက ပစ်မှတ်ကို ရှာဖွေရင်း ဖြည်းဖြည်းချင်း ကူးခတ်နေသည်။

“လခွမ်း...ပင်လယ်အောက်ခြေက မည်းမှောင်ပြီး အေးစက်နေတယ်ကွာ...”

တစ်ခါတစ်ရံတွင် လင်းလက်နေတဲ့ ပင်လယ်သတ္တဝါများရှိပြီး တစ်ခါတစ်ရံတွင် ကြီးမားတဲ့ အရိပ်မည်းကြီးတစ်ကောင် ရေကူးသွားတာကို အာရုံခံနိုင်သည်။

“ဟေး... နောက်ထပ်ကြီးမားတဲ့တစ်ကောင် ငါ့ ရှေ့မှာ ပေါ်လာပြန်ပြီ....”

လိပ်ကြီး၏ အရှိန် က နှေးကွေးသွားပြီး ပိုသတိထားလာသည်။

ဘာကြောင့်လည်းဆိုတော့ သူ့ ရှေ့တွင်ရှိနေတဲ့ အကောင်က. အရွယ်အစားကြီးပြီး တန်ချိန်အားဖြင့်လည်း မနိမ့်ကျတဲ့အပြင် အလွန်ထူးဆန်းတဲ့ ပုံသဏ္ဌာန်လည်းရှိတာကြောင့်ဖြစ်သည်။

မင်းက ဒါကို ငါးဟု ခေါ်နိုင်သည်။ ဒါပေမယ့် ထိုငါးက. ဧရာမခြေသည်း ၂ ခု ရှိနေသည်။အဲ့ဒါတွေက ဧရာမကင်းခြေများလိုဖြစ်ပြီး ၎င်းက အရာအားလုံးကို ကြေမွသွားစေနိုင်တာကို သံသယဖြစ်ဖွယ်မရှိပေ။

“ဒါက ဧရာမဂဏန်းတစ်ကောင်လို့... ပြောနိုင်ပေမဲ့ ငါးတစ်ကောင်နဲ့ ပိုတူတယ်ဟ....”

ဒီငါးကြီးက မျက်နှာလေးဖက်ရှိပြီး အလွန်ထူးဆန်းတဲ့ ပုံသဏ္ဌာန်ရှိတဲ့ အကောင်ဖြစ်သည်။

ထိုငါးထူဆန်းက လိပ်ကြီးကို တွေ့ရှိ သွားခဲ့ပုံရသည်။

သူ ချက်ချင်းပင် ရေကူးလာပြီး မီတာ တစ်ရာခန့်အကွာမှ လိပ်ကြီး ကို အလွန်သတိကြီးစွာဖြင့် ကြည့်နေသည်။

ဖြစ်နိုင်တာက လိပ်ကြီးကို နောက်ယှက်ရန်မလွယ်ကူကြောင်း မြင်ခဲ့လို့ ဖြစ်နိုင်သည်။

လိပ်ကြီးလည်း ရပ်လိုက်ပြီး ထိုငါး ကို ကြည့်နေသည်။

ကြီးမားတဲ့ သတ္တဝါနှစ်ကောင်က မီတာ ၂၀၀၀ ကျော်အနက်တွင် ထိပ်တိုက်ရင်ဆိုင်နေကြ၏။

“တစ်မိနစ်.. နှစ်မိနစ်..သုံးမိနစ်...”

ခုနစ်မိနစ် သို့မဟုတ် ရှစ်မိနစ်ကြာပြီးနောက် လိပ်ကြီးက ဧရာမလှံဖြင့် အရှိန်မြှင့်ရန် ကြိုးစားပြီး ဘယ်လောက်စွမ်းအားရှိတာကို သိရန်ကြိုးစားပေမဲ့ ထိုငါးက ဦးစွာ ရေကူးထွက်သွားခဲ့သည်။

ငါးရဲ့စိတ်ထဲတွင် ထိုသို့တွေးနေဖွယ်ရှိသည်။

“ကြောက်စရာကောင်းလိုက်တာ...ဒါက ဘယ်ကလာတာလဲ....ဒါကို...ငါ... မထိရဲဘူး...ငါ ပထမဦးဆုံး ရှောင်ထွက်လိုက်တာပဲ...ကောင်းမယ်.... "

ထိုငါးတဖြည်းဖြည်း ထွက်ခွာသွားတာကို လိပ်ကြီး ကြည့်နေပြီး အသာအယာ နှာမှုတ်လိုက်သည်။

“မင်းက ပညာရှိလို့ပေါ့...မဟုတ်ရင် ငါ အရှိန်မြှင့်လိုက်တာနဲ့ မင်းမသေလောက်ပေမဲ့ ပြင်းပြင်းထန်ထန်တော့.... ဒဏ်ရာရမှာပဲ...”

ထိုကောင်ကြီး ထွက်သွားပြီးနောက် ဧရာမလှံတစ်လက်နဲ့ ပင်လယ်အောက်ခြေတွင် လိပ်ကြီး ဖြည်းဖြည်းချင်း ကူးခတ်နေသည်။

သူရှာဖွေနေတဲ့ ပစ်မှတ်က ငါးဖြူကြီးဖြစ်ပြီး ဆယ်မီတာကျော်ရှည်ကာ တန် ၂၀ ကျော်အလေးချိန်ရှိတဲ့ ဒီ ငါးကို သူပိုနှစ်သက်ပေသည်။

“အဓိကက အရသာကောင်းတာပဲ....”

အကောင်းကြိုက်သမားတစ်ဦးအနေဖြင့် အစားအစာအတွက် ကြိုးစားရတာက တန်ဖိုးရှိလှသည်။ လိပ်ကြီး ဖြည်းဖြည်းချင်း ရေကူးပြီး ထို အကောင်ကို ကြိုးစားရှာဖွေနေသည်။

အခြားပင်လယ်သတ္တဝါများက အတော်အတန်ကြီးမားပေမဲ့ လိပ်ကြီးက လျစ်လျူရှုထားပြီး သူတို့ကလည်း လိပ်ကြီးကို ဒုက္ခပေးရန် အခြေခံအားဖြင့် မလုပ်ရဲကြပေ။

လိပ်ကြီးမှာ ကြီးမားပြီး တန်ချိန်လည်း များသည်။ ခန္ဓာကိုယ်အပြည့်သံချပ်ကာကို ဝတ်ထားကာ မီတာ ၅၀ ရှည်တဲ့ ဧရာမလှံကို ကိုင်ဆောင်ထားတာမို့ သူ့ကို နောက်ယှက်ရန်မလွယ်ကူကြောင်း သိကြသည်။

အချို့ ပင်လယ်သတ္တဝါများက လိပ်ကြီး ကို တွေ့ရှိတဲ့အခါ တစ် ကောင်ပြီးတစ် ကောင်ရှောင်ကြဉ်သွားကြသည်။

" အမငီး... ဒီဘီလူးကောင်ကြီးက...ဘယ်ကရောက်လာတာလဲ...ပြေးကြဟေ့..ပြေးနိုင်မှ...လွတ်မယ်ဟ..."

နောက်ထပ် မိနစ် ၂၀ မှ ၃၀ ခန့်အကြာ ကူးခတ်ပြီးနောက် ရေမိုင် တစ်ဒါဇင်ခန့်အကွာတွင် ရေအောက်က ပိုမိုပြန့်ပြူးလာကြောင်း လိပ်ကြီးတွေ့ရှိခဲ့သည်။

ထူးဆန်းသော ကျောက်တုံးများက ညီညာမူ့မရှိတော့ဘဲ ပုံမှန်ပင်လယ်အောက်ပိုင်းလွင်ပြင်တစ်ခုဖြစ်ပုံရသည်။

လိပ်ကြီး ရေမိုင်အတော်ကြာ ကူးခတ်ပြီးနောက် အရှေ့ဘက်တွင် ဒေါင်လိုက်နီးပါးဖြစ်နေတဲ့ ဧရာမရေအောက်ချောက်တစ်ခုက သူ့ရဲ့ ရှေ့တွင် ရှိနေလေသည်။

လိပ်ကြီး ရပ်လိုက်ပြီး စိတ်ထဲကနေ တွေးလိုက်၏။

“ပြီးခဲ့တဲ့တစ်ကြိမ်က ဂူအမ်အနီးက ရေအောက်ချောက်ထဲမှာ ဧရာမ သရဲရေခူတွေ အများကြီးရှိတယ်....ဒီရေအောက်ချောက်ထဲမှာရော ဘာရှိမှာလဲ...."

“ ငါ...ဒီ... ရေအောက်ချောက်ထဲကို ဆင်းသွားပြီး ကြည့်ရမလား....”

“ဝင်ရမလား...မဝင်ရဘူးလား...”

လိပ်ကြီး ခန စဥ်းစားပြီးနောက် ရေအောက်ချောက်ထဲကို ကူးဝင်သွားပြီး အနက်ပိုင်းသို့ ဦးတည်သွားခဲ့သည်။

ရေအနက်က မီတာ ၂၀၀၀ ကျော်မှ မီတာ ၃၀၀၀ သို့၊ ထို့နောက် မီတာ သုံးထောင့်ငါးရာသို့ ရောက်ရှိသွားသည်။

“လေးထောင်မီတာ....”

ထိုအနက်ရောက်တော့ လိပ်ကြီး ဆက်မဆင်းသွားတော့ပေ။ ပြင်းထန်တဲ့ ရေဖိအားက သူ့ကို အလွန်အမင်း မသက်မသာဖြစ်စေခဲ့သည်။

နောက်ထပ် မီတာ နှစ်ရာ သို့မဟုတ် သုံးရာ ဆက်ဆင်းရတာက သူ့ရဲ့ကန့်သတ်ချက်ဖြစ်နိုင်သည်။

“ဟာ..မည်းမှောင်ပြီး အေးစက်နေတာပဲ...”

“မီးရောင်ဘယ်မှာလဲ... မီးရောင်ဘယ်မှာလဲ...”

“ဒါက ....ငါ့ကို...အရမ်းမသက်မသာဖြစ်စေတယ်.."

မီတာ ၄၀၀၀ အနက်တွင် လိပ်ကြီးက ဆက်လက်စူးစမ်းချင်စိတ်မရှိတော့ဘဲ အပေါ်ကို ပြန်ကူးတက်ရန် ပြင်ဆင်နေသည်။

လိပ်ကြီး အပေါ်ကို မီတာ ရာဂဏန်းအနည်းငယ် ရေကူးအပြီး မီတာ ၃၃၀၀ မှ ၄၀၀ အနက်တွင် အလွန်ကြီးမားတဲ့ အကောင်ကြီးကို တွေ့လိုက်ရတာကြောင့် ရပ်တန့်လိုက်သည်။

အခြားတစ်ဖက်ကလည်း လိပ်ကြီး ကို တွေ့ရှိသွားပြီး လျင်မြန်စွာ ရေကူးလာနေသည်။

All Chapters