ထူးဆန်းတဲ့ ငါးဖြူကြီး
Vol. 14 Ch. 208
"လခွမ်း..ဒါက ကြီးမားတဲ့ငါးဖြူတစ်ကောင်ပဲဟ....."
အကြေးခွံများအားလုံးက ဖြူဖွေးနေပြီး အရောင်အဆင်းမရှိပေ။ မျက်လုံးများက အံ့ဩစရာကောင်းလောက်အောင် သေးငယ်ပြီး ပါးစပ်မှာ အလွန်အမင်းကြီးမားကာ ခန္ဓာကိုယ်ထက်ပင် ပိုကြီးနေသည်။ခန္ဓာကိုယ် အချိုးအစားများက လုံးဝ မမျှတပေ။
သူ့ ပါးစပ်ထဲတွင် ကြီးမားတဲ့ အစွယ်များနဲ့ ပြည့်နေပြီး လူများကို ကြောက်ရွံ့တုန်လှုပ်စေနိုင်သည်။
ခန္ဓာကိုယ်က မီတာ ၃၀ ကျော်ရှည်ပြီး အလေးချိန်မှာ တန် ၂၀၀ ကျော် သေချာပေါက်ရှိလိမ့်မည်။
" လိပ်ကြီး" ထိုမျှကြီးမားတဲ့ ငါးဖြူကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။
အရင်က အဲ့လို ကြီးမားတဲ့ငါးဖြူမျိုးကို လိပ်ကြီး တွေ့ဖူးခဲ့သည်။များစွာသေးငယ်ပြီး အကြီးဆုံးက ဆယ်မီတာခန့်ရှည်ကာ တန် ၂၀ မှ ၃၀ အထိသာ အလေးချိန်ရှိသည်။
လိပ်ကြီး အာရုံစိုက်မှု့ အားလုံးကို စုစည်းထားပြီး လုံးဝ လျှော့မတွက် ရဲပေ။
သူက တကယ့်ပြိုင်ဘက်တစ်ဦးနှင့် ရင်ဆိုင်နေရပြီး ဒီကောင်ကြီး အကိုက်ခံရပါက. မသေနိုင်ပေမဲ့ ဒဏ်ရာတော့ရသွားလိမ့်မည်။
ဒီထူးဆန်းတဲ့ငါးဖြူက အလွန်ရက်စက်လှသည်။
သူ့ အမြီးကို တစ်ချက်ရိုက်ခတ်လိုက်ပြီး လိပ်ကြီးဆီကို ပါးစပ်ဖွင့်ကာ ကိုက်ရန် အပြေးအလွား လာနေသည်။
“ဟေ့ကောင်... ငါ့လို အဖိုးကြီးကို ဒီလောက်တောင် ခြိမ်းခြောက်ရဲလား....”
“ငါတောင် လှုပ်ရှားမှု့မလုပ်ရသေးဘူး... မင်းက ငါ့ဆီ အရင်ပြေးလာရဲတယ်ပေါ့....."
လိပ်ကြီး ကဒေါသထွက်သွားပြီး ပြောလိုက်သည်။
လိပ်ကြီး အနည်းငယ်ရှောင်လိုက်ရုံဖြင့် ငါးဖြူကြီးရဲ့ အကိုက်ကို ရှောင်ရှားနိုင်ခဲ့ပြီး အလွန်လျင်မြန်တဲ့အရှိန်နဲ့ ထူးဆန်းတဲ့ငါးဖြူကိုလှံဖြင့် ထိုးထည့်လိုက်သည်။
ထူးဆန်းတဲ့ငါးဖြူက သူ့အမြီးကို ရိုက်လိုက် ကာ ထိုအားက အလွန်ကြီးမားသလို အလွန်ပေါ့ပါးနေသည်။
လိပ်ကြီးရဲ့ထိုးချက်က ထင်ရှားစွာပင် မအောင်မြင်ခဲ့ဘဲ ထို ငါးဖြူက ရှောင်လိုက်နိုင်သည်။
ထူးဆန်းတဲ့ငါးဖြူကြီးက နောက်တစ်ကြိမ် ပြေးလာခဲ့သည်။ သူ့ရဲ့ ကြီးမားတဲ့ ပါးစပ်ကြီးက ကားကြီးတစ်စီးကို မြိုချနိုင်တဲ့အထိ သူ့ရဲ့ကိုက်အားကို သံသယဖြစ်စရာ မလိုပေ။
“လခွမ်း...အရှိန်က... မြန်တယ်...ဟ”
လိပ်ကြီးရှောင်ရန်အချိန်မရဘဲ အကိုက်ခံရ နီးပါးဖြစ်သွားသည်။
သူ ဒါကို တားဆီးရန် ဧရာမလှံကို ရှေ့တွင် ထားရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိပါ။
" ဗြောင်း...""
ကျယ်လောင်တဲ့ အသံတစ်ခု ထွက်ပေါ်လာပြီး ထူဆန်းတဲ့ငါးဖြူဘီလူးရဲ့ ကြီးမားသောပါးစပ်က ဧရာမလှံကို ပြင်းထန်စွာ ကိုက်မိသည်။
လိပ်ကြီးဆီ ကြီးမားတဲ့ အင့်အားတစ်ခု ရောက်ရှိလာတာကို ခံစားလိုက်ရပြီး လက်ထဲမှ ဧရာမလှံကို လက်လွတ်လုနီးပါးဖြစ်သွားသည်။
“ ခရက်...ခရက်...ခရက်...."
ထိုထူးဆန်းတဲ့ ငါးဖြူရဲ့ ပါးစပ်ကြီးထဲတွင် သွားအချို့ ကျိုးသွားပြီး ဧရာမလှံကတော့ မထိခိုက်ခဲ့ပေမဲ့ လှံမျက်နှာပြင်ပေါ်တွင် သွားရာအချို့ ပေါ်လာသည်။
“ဟားဟား...ဒီကောင်... သွားတော်တော်ကျိန်းလောက်တယ်...”
သွားများဖြင့် သံမဏိကို ကိုက်ချလိုက်တဲ့ ခံစားချက်ကို တွေးကြည့်ပါက ပါးစပ်တစ်ခုလုံး ကျိန်းနေလိမ့်မယ်ဟု ခန့်မှန်းရသည်။
ဒါပေမဲ့ ငါးဖြူက ရုတ်တရက်ဆုတ်ခွာသွားပြီး မီတာ ၂၀၀ ခန့်အကွာကို ရောက်ရှိသွားကာ လိပ်ကြီးနဲ့ ဒေါသတကြီး ထိပ်တိုက်ရင်ဆိုင်လိုက်သည်။
သူက ပြေးချင်ပေမဲ့ အနည်းငယ်ကြောက်ရွံ့နေသည်။
လိပ်ကြီး ရဲ့ တိုက်ခိုက်ရေးစွမ်းရည်က ထိုထူးဆန်းတဲ့ငါးဖြူထက် ပိုမိုမြင့်မားပေသည်။
“ ဘာလဲ...ခွန်အားနဲ့ ထိပ်တိုက်ရင်ဆိုင်မလို့လား...”
“ငါ က... အဲ့လိုမျိုးမှကြိုက်တာ...လာခဲ့..."
လိပ်ကြီးက ဧရာမလှံကို လက်နက်အဖြစ် အသုံးပြု ကာ ရုတ်တရက် အရှိန်မြှင့်လိုက်သည်။
အရှိန်က အလွန်လျင်မြန်သဖြင့် နောက်ခံပုံရိပ်တစ်ခုလို ဖြစ်နေသည် ။ ထူးဆန်းတဲ့ငါးဖြူကြီးက ရှောင်ရန်ပင် အချိန်မရခဲ့ပေ။
“ဘုန်း..."
ဧရာမလှံက ထူးဆန်းတဲ့ငါးဖြူရဲ့ ပါးစပ်ကြီးကို ဖြတ်ကာ သွားအချို့ကို ချိုးပြီးနောက်အမြီးက ဖောက်ထွက်လာခဲ့သည်။
“ငါ..တစ်ချက်တည်းနဲ့ သတ်ပစ်လိုက်ပြီ...ဟားဟား..”
မီတာ ၅၀ ရှည်တဲ့ ဧရာမလှံက ငါးဖြူကြီးကို သကြားလုံးဟင်းသီးဟင်းရွက်များလို ထိုးဖောက်လိုက်တာကို လိပ်ကြီး ခဏတာ ဂုဏ်ယူနေသည်။
ဧရာမလှံပေါ်တွင် ထိုးထားတဲ့ ငါးဖြူကို ကြည့်ရင်း လိပ်ကြီးက ရေရွတ်လိုက်သည်။
“ငါ...ဒီရေအောက်ချောက်ထဲကထွက်ဖို့ အချိန်ရောက်ပြီ...ဒီနေရာက အရမ်းအန္တရာယ်များတယ်...ဒီလို ထူးဆန်းတဲ့ ငါးဖြူမျိုး နောက်ထပ်တစ်ကောင်...နှစ်ကောင်လောက် ရှိနေရင် အရမ်းဒုက္ခရောက်လိမ့်မယ်....”
ထိုသို့ ပြောပြီးနောက်လိပ်ကြီးက ရေအောက်ချောက်ထဲမှ အရှိန်မြှင့်ကာ ကူးထွက်လာခဲ့သည်။
ဘာကြောင့်လည်းဆိုတော့ သူ့ရဲ့ စူပါအာရုံခံနိုင်စွမ်းတွင် ထူးဆန်းတဲ့ ငါးဖြူအများအပြား ရေကူးလာနေတာကို အာရုံခံနိုင်ခဲ့လို့ပဲ ဖြစ်သည်။
ဒီတစ်ကောင်လောက် မကြီးမားပေမဲ့ တန် ၁၀၀ ခန့်ရှိတဲ့ ထူးဆန်းတဲ့ငါးဖြူအချို့ ရှိနေသေးသည်။
လိပ်ကြီးက လိမ္မာပါးနပ်ကာ ရေအောက်ချောက်မှ အမြန်ထွက်ခွာလာသည်။
ဘာမှမစဉ်းစား တော့ပဲ လိပ်ကြီးက တစ်ခါတည်း ,မိုင်ရာပေါင်းများစွာ ရေကူးခဲ့ပြီးနောက် မီတာ ၁၀၀၀ ကျော်အနက်ရှိ ပြန့်ပြူးတဲ့ ပင်လယ်အောက်ကြမ်းပြင်တွင် ရပ်လိုက်ပြီး ဧရာမလှံပေါ်တွင် ထိုးထားတဲ့ ငါးဖြူကြီးကို ကြည့်လိုက်သည်။
“အရသာရှိလောက်မယ်..."
“ငါ့ အတွက် အကြိမ်အတော်များများ စား ဖို့ လုံလောက်တယ်..."
လိပ်ကြီးက ဒီထူးဆန်းငါးဖြူ၏ အရသာ ကို ပြောနိုင်သည်။
ယခင်က တန် ၁၀ သို့မဟုတ် ၂၀ သာရှိတဲ့ငါးဖြူကို ဖမ်းမိခဲ့ပေမဲ့ သူ့ရှေ့မှာရှိတဲ့ ကောင်ကတော့ တန် ၂၀၀လောက် ရှိသည်။
လိပ်ကြီး စတင်စားသောက်တော့သည်။ဒီကောင်ကြီးက အလွန်အရသာရှိတာကြောင့် သူ့ စိတ်ကို ပျော်ရွှင်စေခဲ့သည်။
“ဒီလိုငါးမျိုးကိုသာ...ငါ.... နေ့တိုင်းစားနိုင်ရင် ကောင်းမွန်တဲ့ ဘဝတစ်ခုကို ရရှိသွားလိမ့်မယ်ကွာ...”
လိပ်ကြီး စိတ်ကူးယဉ်ရင်း စားနေခဲ့သည်။
ငါးတန် ၃၀ အပြည့်စားပြီးနောက် လိပ်ကြီးကျေနပ်စွာ အော်ဟစ်နေသည်။
လိပ်ကြီး ထူးဆန်းတဲ့ငါးဖြူကို စားနေစဥ် ငါးရဲ့ ဗိုက်ထဲတွင် အဆီလို အရာများစွာရှိတာကို တွေ့ရှိခဲ့သည်။ ထို အဆီများမှာ မွှေးကြိုင်ကာ ပို အရသာရှိသည်။
ထို့နောက်တွင် လိပ်ကြီး ဘဝက အလွန်ဂုဏ်ယူစရာကောင်းသွားသည်။
အစားအသောက်အတွက် စိတ်ပူစရာမလိုတော့ပေ။ သူ့တွင် ထူးဆန်းတဲ့ငါးဖြူကို အစာအဖြစ် ရရှိခဲ့သည်လေ။
သူ ဗိုက်ဝတဲ့အခါ အနီးအနားကို ခဏသွားလည်ပြီး တစ်ခါတစ်လေ ထိုရေအောက်ချောက်နက်ထဲကို နက်နက် ရှိုင်းရှိင်း ဝင်သွားခဲ့ သည်။
အမှန်ပါပဲ ဒီလိုကြီးမားတဲ့ ငါးဖြူမျိုး အနည်းငယ်ကို လိပ်ကြီး ထပ်တွေ့ခဲ့ပေမယ့် သူတို့က လိပ်ကြီး မတွေ့ရှိခင် ရှောင်ရှားသွားကြသည်။
ထိုထူးဆန်းတဲ့ငါးဖြူကြီးကို စားပြီးနောက် နောက်ထပ်တစ်ကောင်ကို အမဲလိုက်ရန် လိပ်ကြီး စီစဉ်နေသည်။ ဒီကောင်က. လိပ်ကြီးအတွက် အရမ်းအရသာရှိသည်လေ။
နောက်ထပ်တစ်ကောင်ကို ရေအောက်ချောက်ထဲတွင် အမဲလိုက်ဖို့ လိပ်ကြီး ပြင်ဆင်နေစဥ် လျူယောင် ရဲ့အသံ က သူ့စိတ်ထဲတွင် ထွက်ပေါ်လာခဲ့သည်။
“ လိပ်ကြီးရေ...အလုပ်တစ်ခုရှိတယ်....”
တိရိစ္ဆာန်ထိန်းချုပ်ရေး ချပ်ပြားကို လျူယောင် နေ့စဥ် ဖွင့်ခဲ့ပြီး လိပ်ကြီးရဲ့ အခြေအနေကို တတိယအမြင်မှတဆင့် ကြည့်နေခဲ့သည်။
အစပိုင်းတွင် လျူယောင်က ထိုကြီးမားတဲ့ ငါးဖြူကို မြင်တဲ့ အခါ အနည်းငယ် အံ့အားသင့်သွားသည်။
ဒီငါးတွင် ကြီးမားတဲ့ခေါင်းနဲ့ပါးစပ်ရှိနေသည်။
ထို့နောက် သူ ခဏတာ သက်ပြင်းချလိုက်သည်။ မှော်ဆန်တဲ့ သမုဒ္ဒရာတွင် အံ့ဩဖွယ်ရာများစွာရှိနေပြီး ထိုမျှကြီးမားတဲ့ ငါးဖြူမျိုးမှာ လုံးဝမကြားဖူးတဲ့ အကောင်ဖြစ်သည်။
လိပ်ကြီးရဲ့ လက်ရှိတည်နေရာက အေဒင်ပင်လယ်ကွေ့နဲ့ဆို ရေမိုင် တစ်ထောင်ခန့်ကွာဝေးပေသည်။
“အာ...သခင်....ဘာအလုပ်လဲဆိုတာသာ..... အမိန့်ပေးလိုက်ပါ ခဗျ”
“ငါတို့ရဲ့ သင်္ဘောတစ်စီး....အေဒင်ပင်လယ်ကွေ့ကို ဝင်ရောက်တော့မယ်.... မင်းအဲ့ဒီသင်္ဘော.... ပင်လယ်နီထဲကို ဝင်ရောက်တဲ့အထိ ....အစောင့်အရှောက်လုပ်ပေးပြီး ...ပင်လယ်ဓားပြတွေရဲ့.... ပြန်ပေးဆွဲခြင်းကို မခံရအောင် သေချာ ကာကွယ်ပေးပါ......"
လျူယောင် ညွှန့်ကြားလိုက်သည်။
“အိုခေဘာ...သခင်..."
လိပ်ကြီး သဘောတူလိုက်၏။
သခင့်ရဲ့အမိန့်က အရေးကြီးတဲ့ အရာဖြစ်ပြီး သံသယဖြစ်စရာမလိုဘဲ လိုက်နာဆောင်ရွက်ရမည်။ ရေအောက်ချောက်ထဲကို သွားပြီး ထူးဆန်းတဲ့ ငါးဖြူအား အမဲလိုက်ရန် စိတ်ကူးကို လိပ်ကြီး ချက်ချင်း မေ့ပစ်လိုက်သည်။
အေဒင်ပင်လယ်ကွေ့ရေပိုင်နက်သို့ လိပ်ကြီး စတင် ကူးခတ်နေသည်။
လိပ်ကြီးက လေးနာရီ သို့မဟုတ် ငါးနာရီအတွင်း ရေမိုင် တစ်ထောင်ကျော်ကို ဆက်တိုက်ကူးခတ်ခဲ့ရာ အနားမယူပေမဲ့ ပင်ပန်းနွမ်းနယ်ခြင်းမရှိပေ။
ရှေ့ ရေမိုင် ၁၀၀ ကျော်အကွာတွင် အေဒင်ပင်လယ်ကွေ့ရေပိုင်နက်ကို စတင်ဝင်ရောက်တော့မည်ဖြစ်သည်။ ရုတ်တရက် လိပ်ကြီး ရပ်လိုက်ပြီး ရှေ့တွင် ဖြစ်ပျက် နေတဲ့ အရာကို စိတ်ဝင်စားစွာ ကြည့်လိုက်သည်။
ရှေ့ ပင်လယ်ပြင်ပေါ်တွင် ကြီးမားတဲ့ သင်္ဘောတစ်စီးရှိပြီး အမြင်အားဖြင့် တန် တစ်သိန်းခွဲ ကျော်ရှိသည်။
သင်္ဘောပေါ်ရှိ ဆိုင်းဘုတ်ကို ကြည့်ခြင်းအားဖြင့် ရီရှန်းအဖွဲ့ မှ ပိုင်ဆိုင်သော ကြီးမားတဲ့ ကွန်တိန်နာသင်္ဘောပဲ ဖြစ်သည်။
ဒီသင်္ဘောက အေဒင်ပင်လယ်ကွေ့နဲ့ ပင်လယ်နီကို ဖြတ်သန်းကာ ဆူးအက်တူးမြောင်းမှတဆင့် ဥရောပကို ခရီးသွားရန် စီစဉ်ထားပုံရသည်။
စိတ်ဝင်စားစရာကောင်းတာက သင်္ဘောကို ပင်လယ်ဓားပြအမြန်သွားမော်တော်ဘုတ်များစွာက ဝန်းရံထားခြင်းပဲ ဖြစ်သည်။
ဒီပင်လယ်ဓားပြများက ရီရှန်းအဖွဲ့၏သင်္ဘောကို ပြန်ပေးဆွဲရန် စီစဉ်နေပုံရသည်။