ပင်လယ်ဓားပြ စစ်သင်္ဘော
Vol. 14 Ch. 209
"သခင်ရေ.....ကျနော့်...ရှေ့က....သင်္ဘောတစ်စင်းကို ပင်လယ်ဓားပြတွေ ဝိုင်းထားတာ တွေ့ရတယ်.....အဲဒီသင်္ဘောက အခြေအနေသိပ်မကောင်းဘူးဗျ....”
လိပ်ကြီးက အရင် လျူယောင်ကို ဆက်သွယ်လိုက်သည်။
တတိယအမြင်မှတဆင့် အခြေအနေကို လျူယောင် အမြန်ဆုံးသိရှိသွားတဲ့ အခါ အေးစက်စက်ပြုံးကာ ပြောလိုက်သည် ။
“ကိုယ်နဲ့မဆိုင်တဲ့ကိစ္စတွေ ၀င်မပါနဲ့...ဘေးကနေ အရသာခံကြည့်ရအောင်....”
လျူယောင်လည်း သဘောကောင်းတဲ့သူတော့မဟုတ်ပေ။
ရီရှန်း သမုဒ္ဒရာရေကြောင်းပို့ဆောင်ရေးအဖွဲ့က သူ့ရဲ့လုပ်ငန်းကို ပစ်မှတ်ထားခဲ့တာကြောင့် ဖြစ်သည်။
ရီရှန်းရဲ့သင်္ဘောကို ပင်လယ်ဓားပြများဝိုင်းထားတာကို တွေ့တဲ့အခါ လျူယောင် သွားရောက်ကယ်ဆယ်ပေးမည်မဟုတ်ပေ။ ရီရှန်းအပေါ်ထားရှိတဲ့ ဒေါသက အပြည့်အ၀မပျောက်သေးတာကြောင့်ပင်။
ရီရှန်းကို ပြဿနာမရှာတာကပင် ကောင်းကင်ဘုံအရှင်ကို ပူဇော် ပသရာ ကျနေသည်။ ထိုလူတို့ကို သူ ဘယ်လိုမှ ကယ်ဆယ်ပေးမည်မဟုတ်ပေ။
ထိုဖြစ်ရပ်ကို ပြပွဲတစ်ခုကြည့်ရှုနေတယ်လို့သာ လျူယောင် သဘောထားလိုက်တော့သည်။
ယခုအချိန်တွင်တော့ သိပ်ကြည့်စရာမလိုတော့ပေ။
ပင်လယ်ဓားပြများက လုပ်ငန်း ကျွမ်းကျင်သူများဖြစ်တာ ထင်ရှားလှသည်။ ရီရှန်းရဲ့သင်္ဘောကြီးကို ဝိုင်းရံပြီးနောက် မိနစ်ပိုင်းအတွင်း သင်္ဘောကုန်းပတ်ပေါ်သို့ ပင်လယ်ဓားပြများက အောင်မြင်စွာ တက်ရောက်သွားကြသည်။
လက်နက်အပြည့်အစုံနဲ့ ပင်လယ်ဓားပြ ဆယ်ယောက်ကျော်ခန့်က သင်္ဘောပေါ်တက်ရောက်ပြီးနောက်တွင် သင်္ဘောကို အမြန်ဆုံး ပြန်ပေးဆွဲနိုင်ခဲ့ကြသည်။ထို ပင်လယ်ဓားပြများက သင်္ဘောရဲ့ လမ်းကြောင်းနှင့် အရှိန်ကိုပါ ပြောင်းလဲပစ်လိုက်သည်။
ရီရှန်းသင်္ဘောပေါ်ရှိ သင်္ဘောသားအားလုံးက အကျဉ်းသားများဖြစ်သွားကြပြီး တစ်နေရာတည်းတွင် စောင့်ကြည့်ခြင်းခံကြရသည်။
“လိပ်ကြီး... မင်းသွားလို့ရပြီ...ပျော်စရာတွေပြီးသွားပြီ....”
“အိုခေဘာ....သခင်...”
လိပ်ကြီးက Universal အဖွဲ့ပိုင် ရှီထိုင် သင်္ဘောရှိရာ ရေပြင်ဆီသို့ သွားနေသည်။ ထိုနေရာနှင့် အကွာအဝေးမှာ ရေမိုင်တစ်ရာခန့်သာ ရှိတော့သည်။
နာရီဝက်အတွင်း လိပ်ကြီးက သင်္ဘောဘေးကို ရောက်ရှိလာခဲ့သည်။
လိပ်ကြီးက ရေအောက်တွင် မီတာအနည်းငယ်ခန့်အကွာမှနေပြီး ရှီထိုင်သင်္ဘောကို အေဒင်ပင်လယ်ကွေ့ဖြတ်ပြီးတဲ့ အထိ ပို့ဆောင်ပေးနေသည်။
..........
ရီရှန်းအဖွဲ့တွင်.....
အစီရင်ခံစာကို ကြားလိုက်ရတဲ့အခါ လော့မောင့်ယွမ် ..ထိတ်လန့်သွားခဲ့သည်။
သူ့တို့ အဖွဲ့ပိုင် တန်ချိန် တစ်သိန်းခွဲ အလေးချိန်ရှိတဲ့ သင်္ဘောတစ်စင်းကို ပင်လယ်ဓားပြများက ပြန်ပေးဆွဲသွားလိမ့်မယ်လို့ လော့မောင်ယွမ် လုံးဝမတွေးထားခဲ့မိပေ။
“ငါ....ဘယ်လိုလုပ်ရမလဲ....”
သူ အလောတကြီး လှည့်ပတ်သွားလာနေသည်။
သူ၏ လက်အောက်ငယ်သားတစ်ဦးက ပြောလိုက်သည်။
“သူဋေး....လွန်ခဲ့တဲ့ရက်အနည်းငယ်က Universal အဖွဲ့ပိုင် ' တုံရှင်း ' သင်္ဘောကို ဆိုမာလီယာပင်လယ်ဓားပြများက ပြန်ပေးဆွဲသွားခဲ့ပြီး အမေရိကန်ဒေါ်လာ သန်း ၁၀၀ တောင်းဆိုခဲ့ပါတယ်”
လော့မောင်ယွမ် ထိုကိစ္စကို ကြားဖူးသည်။
" အဲ့တာ...ဘာဖြစ်လို့လဲ..."
လော့မောင်ယွမ် တွေဝေစွာ မေးလိုက်သည် ။
ထိုလက်အောက်ငယ်သားက ပြန်ဖြေလိုက်သည်။
“ Universalအဖွဲ့က အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကို ပေးခဲ့ပြီး 'တုံရှင်း သင်္ဘောကို လုံခြုံစွာ ပြန်ရခဲ့တယ်လို့ ကြားပါတယ်...သူဋေး..”
သူ ထပ်မံအကြံပေးလိုက်သည်။
“သူဋေး...ကျွန်တော်တို့လည်း ဒီလိုအခြေအနေနဲ့ ရင်ဆိုင်နေရတာပါ...ရွေးချယ်စရာမရှိပါဘူး...ဒီပင်လယ်ဓားပြတွေ ကျွန်တော်တို့ကို ဆက်သွယ်လာဖို့ပဲ စောင့်ရပါတော့မယ်...သူတို့တောင်းတဲ့ ပြန်ပေးငွေက အရမ်းမများဖို့ပဲ မျှော်လင့်ပါတယ်....”
ထိုသို့ကြားရတဲ့အခါ လော့မောင်ယွမ် အကူအညီမဲ့သလို ခံစားလိုက်ရသည်။
တစ်ချိန်တည်းမှာပင် သူ့ ရင်ထဲတွင် နာကျင်မှု့များ ခံစားလိုက်ရပြီး ဒီတစ်ကြိမ်တွင် အများအပြား သွေးထွက်သံယိုဖြစ်ဖွယ်ရှိတယ်ဟု ခန့်မှန်းရသည်။ တကယ်လို့သာ ဒီပင်လယ်ဓားပြများက အမေရိကန်ဒေါ်လာ သန်း ၁၀၀ တောင်းခဲ့ရင် ရီရှန်းအဖွဲ့တစ်ခုလုံးရဲ့ အင်အားကို ထိခိုက်စေနိုင်သည်။
ယခုအချိန်တွင် သူတို့လက်ထဲမှာ ဒီလောက် များပြားတဲ့ ငွေကြေးများမရှိပေ။ ထိုမျှများပြားတဲ့ ငွေများကို စုဆောင်းရန် အလွန်ခက်ခဲပေလိမ့်မည်။
Universal အဖွဲ့ပိုင် ရှီထိုင်သင်္ဘောပေါ်တွင် ကပ္ပတိန်ဖန်ယီက မှန်ပြောင်းကို ကိုင်ကာ ပင်လယ်ရေပြင် အခြေအနေကို စိုးရိမ်တဲ့ မျက်နှာ နဲ့ ကြည့်ရှုနေခဲ့သည်။
သင်္ဘောသားတစ်ယောက်က ပြောလိုက်သည်။
“ကပ္ပတိန်.... ဒီလောက်သတိထားနေစရာမလိုပါဘူး.... အေဒင်ပင်လယ်ကွေ့ကနေ... ဖြတ်သန်းသွားတဲ့ ....သင်္ဘောတစ်စင်းကို.... ပင်လယ်ဓားပြတွေ ပြန်ပေးဆွဲတာက... ဖြစ်တောင့်ဖြစ်ခဲ ကိစ္စလေးပါဗျာ...."
ကပ္ပတိန်ဖန်ယီ ခေါင်းခါပြီး ပြန်ပြောလိုက်သည် ။
“သတိထားမှ....သင်္ဘောတစ်စင်းကို နှစ်ပေါင်းတစ်ထောင် ...မောင်းနှင်နိုင်မှာ... သတိထားခြင်းက ဘယ်တော့မှ မမှားဘူး...အားလုံးကို သတိထားဖို့ မှာထားလိုက်..ငါတို့... နောက်.. ရေမိုင်တစ်ရာအကွာဆို...အေဒင်ပင်လယ်ကွေ့ ရေပိုင်နက်ထဲကို ရောက်တော့မယ်...."
ထိုသို့ပြောလိုက်တဲ့အခါ သင်္ဘောသားအချို့ကအကြောင်းမဲ့ တုန်လှုပ်လာကြသည်။
လူငယ်သင်္ဘောသားတစ်ဦးရဲ့ နဖူးမှာ ချွေးစေးများကျနေပြီး မျက်နှာပျက်နေသည်။
သူ့ဘေးမှာရှိတဲ့ သက်ကြီးသင်္ဘောသားတစ်ဦးက နှစ်သိမ့်ပေးလိုက်သည် ။
“ရှောင်ကျောင်း ဒီလောက် တုန်လှုပ်မနေပါနဲ့...ဒီလမ်းကြောင်းကို... ငါအနည်းဆုံး အကြိမ် ၃၀ ကနေ ၄၀ လောက် သွားဖူးတယ်... တစ်ခါမှ ပင်လယ်ဓားပြနဲ့ မကြုံဖူးဘူး...မကြောက်ပါနဲ့... စိတ်ကိုလျှော့ပါကွာ....”
ထိုအခါမှ ရှောင်ကျောင်း အနည်းငယ် စိတ်သက်သာရာရသွားသည်။
ရှောင်ကျောင်းလို စိုးရိမ်ပူပန်နေတဲ့သင်္ဘောသားတစ်ဦးတည်းမဟုတ်ဘဲ အနည်းဆုံး သင်္ဘောသားအချို့က စိုးရိမ်မှု့များကို ထုတ်ဖော်ပြောဆိုနေကြသည်။
အချို့ကမူ ဆုတောင်း နေကြသည်။
“ဘုရားသခင်...ကျွန်တော်တို့ကို ကောင်းချီးပေးတော်မူပါ... အေဒင်ပင်လယ်ကွေ့ကို ချောမွေ့စွာ ဖြတ်သန်းနိုင်ပါစေ...”
ရှီထိုင်သင်္ဘောမှ ရေမိုင် ဆယ်မိုင်ခန့်အကွာတွင် စစ်သင်္ဘောတစ်စင်းက အရှိန်ပြင်းပြင်းဖြင့် မောင်းနှင်နေသည်။
ဒါက ဆိုမာလီယာမှ အယ်လ်-ရှာဘတ် နှင့် သက်ဆိုင်တဲ့ ပင်လယ်ဓားပြစစ်သင်္ဘောတစ်စင်းပဲ ဖြစ်သည်။
သူတို့က တခြားနိုင်ငံမှ ဒုတိယသုံးပြီးသား စစ်သင်္ဘောကို ဈေးကြီးပေးဝယ်ယူထားခြင်းဖြစ်ရာ အဆင့်မြင့်ရေဒါများ တပ်ဆင်ထားတဲ့ ဒုံးကျည်ဖျက်စစ်သင်္ဘောလည်း ဖြစ်သည်။
ပင်လယ်ဓားပြတစ်ဦးက အသံကျယ်ကျယ်ဖြင့် အစီရင်ခံလိုက်သည်။
“အကြီးအကဲ... ကျွန်တော်တို့ ....ပစ်မှတ်ကို....တွေ့ပါပြီ....ဦးတည်ရာက အရှေ့တောင်ဘက်ဖြစ်ပြီး အကွာအဝေးက ရေမိုင် ၂၂ မိုင်ပါ.... "
မန်ဆာက လက်ထဲမှ မှန်ပြောင်းကိုချလိုက်ကာ လက်ဝှေ့ယမ်းပြီး ကျယ်လောင်စွာပြောလိုက်သည်။
“အမိန့်ပေးလိုက်...ပစ်မှတ်ဆီကို အရှိန်အပြည့်နဲ့ သွားဖို့....”
စစ်သင်္ဘောက အရှိန်နှစ်ဆတိုးလာကာ ရှီထိုင်သင်္ဘောရှိရာကို မောင်းနှင် လာခဲ့သည်။
စစ်သင်္ဘောပေါ်ရှိ လက်နက်ကိုင်အဖွဲ့ဝင်များက. စိတ်အားထက်သန်နေကြသည်။
ဒီတစ်ကြိမ် သူတို့ရဲ့တာဝန်က ရိုးရှင်းလှသည်။ Universal အဖွဲ့ရဲ့ ကုန်တင်သင်္ဘော ရှီထိုင်ကို ပြန်ပေးဆွဲပြီး အမေရိကန်ဒေါ်လာ သန်း ၁၀၀၀ အထိ ပြန်ပေးငွေတောင်းရန်သာဖြစ်သည်။
မကြာမှီ…
မန်ဆာက အဝေးတွင် မောင်းနှင်နေတဲ့ ကုန်တင်သင်္ဘော ရှီထိုင်ကို မှန်ပြောင်းဖြင့် မြင်ရတဲ့အခါ အလွန်ဝမ်းသာသွားတော့သည်။
တာဝန်က အောင်မြင်တော့မယ်လို့ သူ ယုံကြည်နေသည်။
“ခေါင်းဆောင်...မော်တော်ဘုတ်ကို ချလိုက်တော့မယ်...ကျွန်တော်တို့ သွားမယ်....”
မန်ဆာ ခေါင်းကို အသာအယာခါယမ်းလိုက်သည်။
“စိတ်မပူနဲ့...သူတို့ ထွက်ပြေးနိုင်မှာမဟုတ်ဘူး... ပိုနီးလာအောင်လုပ်...သူတို့နဲ့ ပိုနီးလာမှ ပြောတာပေါ့....အဖွဲ့တစ်နှင့် အဖွဲ့နှစ်တို့ အသင့်ပြင်ထား....”
သူတို့က ပင်လယ်ဓားပြများမဟုတ်ဘဲ အယ်လ်-ရှာဘတ်ရဲ့ အထူးတပ်ဖွဲ့ဝင်များဖြစ်ပြီး ဒီတစ်ကြိမ်တော့ ပင်လယ်ဓားပြများအဖြစ် သရုပ်ဆောင် ထားကြခြင်းဖြစ်သည်။
အကွာအဝေးက ပိုမိုနီးကပ်လာသည်။
ရှီထိုင်သင်္ဘောပေါ်မှ လူများက စစ်သင်္ဘောကို နောက်ဆုံးတွင် တွေ့သွားကြပြီး အချို့က အသံကျယ်ကျယ်ဖြင့် သတိပေးလိုက်သည်။
“ကပ္ပတိန်....ဟိုမှာ... ကျွန်တော်တို့ဆီကို အရှိန်အပြင်းနဲ့ ဦးတည်လာနေတဲ့ စစ်သင်္ဘောတစ်စင်းရှိတယ်....”
ဖန်ယီ အမြန်ဆုံး ကြည့်လိုက်တဲ့အခါ စစ်သင်္ဘောဖြစ်နေတာ အမှန်ပင်။သင်္ဘောက ၁.၅ ရေမိုင်ခန့်အကွာတွင် ရှိနေသေးရာ ဘယ်နိုင်ငံက စစ်သင်္ဘောဖြစ်တာ ကိုတော့ ရှင်းရှင်းလင်းလင်းမသိရသေးပေ။
“ဒါ....အစောင့်လိုက်ပေးတဲ့ စစ်သင်္ဘောဖြစ်လိမ့်မယ်.... ဒီနေရာမှာ.... ဒီလိုစစ်သင်္ဘောမျိုးတွေ့တာ.... မထူးဆန်းဘူး... စိုးရိမ်မနေကြနဲ့....စစ်သင်္ဘောက အစောင့်လိုက်ပေးတာက.... ငါတို့အတွက် ကောင်းတဲ့အရာပဲ....လုံခြုံရေးအဆင့်က အများကြီး တိုးလာတာပဲ....”
ပြောပြီးတဲ့အခါ သူ့မျက်နှာက တဖြည်းဖြည်း အေးအေးဆေးဆေး ဖြစ်သွားတော့သည်။ သူ့ ရင်ထဲမှာ ရှိနေတဲ့ စိုးရိမ်စိတ်များလည်း နောက်ဆုံးတွင် ပြေပျောက်သွားသည်။
မည်သည့်နိုင်ငံမှဖြစ်စေ စစ်သင်္ဘောတစ်စင်းက အစောင့်လိုက်ပါပေးခြင်းက ပိုမိုစိတ်ချရတယ်လို့ သူယုံကြည်သည်။ ပင်လယ်ဓားပြများက. ဒီ စစ်သင်္ဘောကို မြင်တဲ့အခါ ထွက်ပြေးကြလိမ့်မည်။
ကပ္ပတိန်ဖန်ယီအပါအဝင် လူအများအပြားဟာ စစ်သင်္ဘောက အစောင့်လိုက်ပါပေးတယ်လို့သာ ယူဆပြီးနောက် စိတ်အေးလက်အေးဖြစ်သွားကြသည်။
အချို့ကမူ စစ်သင်္ဘောကို စူးစမ်းရန်ပင် လှည့်ပတ်ကြည့်ရှုနေကြသည်။
“အဲဒီစစ်သင်္ဘောက မြန်လိုက်တာ...."
ထိုစစ်သင်္ဘောက လေနှင့်လှိုင်းများ စီးနင်းလိုက်ပါလာသလိုပင် အရှိန်ပြင်းပြင်းနဲ့ ချဉ်းကပ်လာနေသည်။
ခဏအကြာတွင် စစ်သင်္ဘောက ရှီထိုင်သင်္ဘောနဲ့ မီတာ နှစ်ရာ သို့မဟုတ် သုံးရာခန့်အကွာတွင် ရောက်ရှိလာတာကြောင့် မှန်ပြောင်းမပါဘဲ မျက်လုံးနှင့်ပင် ထိုစစ်သင်္ဘောရဲ့ အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
အဲ့တာက ဒုတိယအသုံးပြုပြီးသား စစ်သင်္ဘောဖြစ်ပြီး ဟောင်းနေတာ သိသာလှသည်။
ထူးဆန်းတာက စစ်သင်္ဘောပေါ်က လူများ အားလုံးနီးပါး အသားမည်းသူများဖြစ်ကြကာ အဝတ်အစားပုံစံ အမျိုးမျိုးကို ဝတ်ဆင်ထားကြသည်။
အချို့က စစ်ဝတ်စုံဝတ်ထားပြီး အချို့ကတော့သာမန်အဝတ်အစားများကိုသာ ဝတ်ဆင်ထားကြသည်။
သူတို့အားလုံးရဲ့ လက်ထဲတွင် သေနတ်များ ကိုင်ဆောင်ထားကြပြီး အများစုမှာ AK-47 အမျိုးအစားများ ဖြစ်ကြသည်။
ပို အံ့အားသင့်စရာကောင်းသည်မှာ ထိုလူများက စစ်သင်္ဘောပေါ်မှ မော်တော်ဘုတ်နှစ်စင်းကို ချလိုက်ကြတာပဲ ဖြစ်သည်။
မော်တော်ဘုတ်တစ်စင်းစီတွင် အနည်းဆုံး လူခုနစ်ဦး သို့မဟုတ် ရှစ်ဦးပါပြီး အားလုံးက လက်နက်များ ကိုင်ဆောင်ထားကြသည်။
“မဟုတ်ဘူး..... ဒါ....မူ... မမှန်ဘူး...”