တစ်ခုခုတော့ မှားနေပြီ
Vol. 14 Ch. 210
ဖန်ယီက သူ့ရဲ့ လက်ရှိနေရာကနေ အနီးတွင်ရှိတဲ့ စစ်သင်္ဘောကို ကြည့်လိုက်ရာ သူ ကြည့်လေလေ တစ်ခုခု မှားနေပီလို့ ခံစားရလေလေ ဖြစ်သည်။
စစ်သင်္ဘောပေါ်မှ မော်တော်ဘုတ်နှစ်စီးကို ချလိုက်ပြီး ထိုမော်တော်ဘုတ်တစ်စီးစီတွင် လက်နက်ကိုင် ခုနစ်ဦး၊ ရှစ်ဦးရှိတာကို တွေ့တဲ့အခါတွင် သူ့ရဲ့နှလုံးသား မှာ မရှင်းလင်းဘဲ တုန်လှုပ်သွားခဲ့သည်။
ဘာတွေဖြစ်နေလဲဆိုတာကို နောက်ဆုံးတွင် သူ နားလည်သွားခဲ့သည်။
အဲ့တာက အကာကွယ်ပေးတဲ့ စစ်သင်္ဘောမဟုတ်ပဲပင်လယ်ဓားပြအဖွဲ ဖြစ်နေသည်။
သူတို့ရဲ့ရည်ရွယ်ချက်က "ရှီထိုင်"ကို ပြန်ပေးဆွဲတာဖြစ်နိုင်လောက်သည်။
ချက်ခြင်းပင် ကပ္ပတိန်ဖန်ယီ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
“သူတို့က ပင်လယ်ဓားပြတွေ....ပင်လယ်ဓားပြအဖွဲ့တစ်စုပဲ...အရှိန်အပြည့်နဲ့ မောင်း... အရှိန်မြှင့်ကျ... မြန်မြန်...မြန်မြန်...မြန်မြန်....လုပ်ဟ....”
ကပ္ပတိန် ဖန်ယီက
“မြန်မြန်”
ဆိုတဲ့ စကားလုံးကို သုံးကြိမ်ဆက်တိုက် အော်ခဲ့ရာဘယ်လောက် စိတ်ပူပန်နေတာကို ပြသနေသည်။
ကပ္ပတိန်၏ အော်ဟစ်သံများကို ကြားတဲ့အခါတွင် အခြား သင်္ဘောသားများ တုန်လှုပ်သွားကြသည်။
လူတိုင်း နောက်ဆုံးတွင် နားလည်သွားကာ ဒါ သံသယဖြစ်စရာမလိုပဲ ပင်လယ်ဓားပြအဖွဲ့တစ်စု ဖြစ်တယ် ဆိုတာကိုပင်။
ထို့အပြင် ဒီလူတွေက စစ်သင်္ဘောကို မောင်းနှင်နေတဲ့ ပင်လယ်ဓားပြအဖွဲ့တစ်စု ဖြစ်ပြီး သင်္ဘောကို ပြန်ပေးဆွဲရန် မော်တော်ဘုတ်များကို ချလိုက်ခြင်းဖြစ်သည်။
"ရှီထိုင် "က အရှိန်မြှင့်၍ အရှိန်အပြည့်ဖြင့် မောင်းပြေးတော့သည်။
သင်္ဘောပေါ်မှ ဒီဇယ်အင်ဂျင်နှစ်လုံးမှာ အမြင့်ဆုံးစွမ်းအင်ကို ထုတ်ပေးနေပြီး တွန်းကန်အား ပန်ကာက အရှိန် အမြင့်ဆုံးကို ရောက်ရှိသွားကာ အရှိန်အပြည့်ဖြင့် စတင်ရွက်လွှင့်တော့သည်။
ထိုပင်လယ်ဓားပြအဖွဲ့က စိတ်မပူပုံပေါ်သည်။
စစ်သင်္ဘောပေါ်မှ မန်ဆုရ်က အရှိန်မြှင့် မောင်းနှင်နေတဲ့ "ရှီထိုင်"ကို မြင်တဲ့အခါ သူက စိတ်မပူဘဲ ပျော်ရွှင်စွာ ရယ်မောလိုက်သည်။
" ဟား..ဟား...ပြေးနေတာ...ဘယ်လောက်ချစ်ရာကောင်းလဲ...ကြည့်ကြစမ်း..."
သူ့ရဲ့ လက်အောက်ငယ်သားများ အားလုံးလည်း အလားတူပင် အားလုံး ပျော်ရွှင်စွာ ရယ်နေကြသည်။
မော်တော်ဘုတ်နှစ်စီးက ရှီထိုင်နောက်ကို လိုက်နေပြီး စပိဘုတ်ပေါ်မှ လက်နက်ကိုင်များက
“မင်းတို့ ထွက်ပြေးလို့မရဘူး”
ပြောပြီး ပျော်ရွှင်စွာ ရယ်မောလိုက်ကြသည်။
လိပ်ကြီးက "ရှီထိုင်"သင်္ဘောရဲ့နောက်ကို ကပ်လိုက်နေခဲ့ပြီး အကွာအဝေးကမီတာ ၂၀၀ ခန့်သာ ရှိသည်။
“သခင်... ကျွန်တော် လုပ်ပစ်ရတော့မလား..."
ဒီအခြေအနေကို မြင်တဲ့အခါ လိပ်ကြီးက လျူယောင့်ဆီက ညွှန်ကြားချက် တောင်းခံလိုက်သည်။
“လုပ်တာပေါ့...ပထမဆုံး သူတို့ရဲ့ စစ်သင်္ဘောကို ဆန်ခါအဖြစ်...ကျိုးပဲ့အောင်လုပ်..လုံးဝ မသနားနဲ့”
လျုယောင် အလွန်အမင်း ဒေါသထွက်နေခဲ့သည်။
ထိုသို့ ဖြစ်တာကို စဉ်းစားစရာပင်မလိုပေ။ ဒီတစ်ကြိမ်လည်း မူလာတူးက ထပ်မံ စီစဉ်ညွှန်ကြားခဲ့တာမှာ သေချာသည် ။ စစ်သင်္ဘောကိုပင် စေလွှတ်ခဲ့သည်။
"ဒါကြောင့် ...မင်းရဲ့ စစ်သင်္ဘောက ဒီပင်လယ်ပြင်ထဲမှာပဲ ရှိနေစေရမယ်...."
လိပ်ကြီး အလွန်ပျော်ရွှင်သည်။
ပြီးခဲ့တဲ့ အကြိမ်က ရိီရှန်း အဖွဲ့ရဲ့ သင်္ဘောများကို ထိုးဖောက်ခဲ့ရာ တစ်ကြိမ်လျှင် အများဆုံး ငါးကြိမ်သာ ထိုးရလို့ မပျော်ခဲ့ရပေ။ ယခုတော့ သူ အားရပါးရ လုပ်ရတော့မည်။
အဲ့တုန်းက ဧရာမလှံ အရှည်က မီတာ ၂၀ ရှိပြီး အလေးချိန် ၁၇ တန်ခန့်ရှိသည်။
ဒီတစ်ခါတော့ အရှည် မီတာ ၅၀ ရှိကာ အလေးချိန် တန် ၈၀ ခန့် ရှိတဲ့ ဧရာမလှံကြီးပဲ ဖြစ်သည်။
လိပ်ကြီး ချက်ချင်း စိတ်ပါလာပြီး သူ့ရဲ့ဧရာမလှံနဲ့ စစ်သင်္ဘောရဲ့အောက်ခြေကို ပြေးသွားကာ ထိုးထည့်လိုက်သည်။
"ဒုန်း..."
ထိခတ်သံ တစ်ခုနဲ့အတူ မီတာ ၅၀ ရှည်တဲ့ ဧရာမလှံက အလွယ်တကူပင် 10 မီတာ ထက်မနည်း ထိုးဖောက်သွားခဲ့ရာ စစ်သင်္ဘောရဲ့ ကုန်းပတ်ကိုပင် ထိုးဖောက်လုနီးပါး ဖြစ်သွားခဲ့သည်။
လိပ်ကြီး ကြောင်အသွားပြီး သူ့ လက်ထဲတွင်ရှိတဲ့ ဧရာမလှံက အရင်အကြိမ် အသုံးပြုခဲ့တဲ့ လှံနဲ့ တူညီတော့ခြင်းမရှိတော့တာကို သတိရသွားသည်။ဒီလှံက ပိုမိုကြီးမားပြီး လေးလံတဲ့ ဧရာမလှံဖြစ်သည်လေ။
"ဒုန်း..."
ဒုတိယအသံတစ်ခုက စစ်သင်္ဘောရဲ့အောက်ခြေမှ ထွက်ပေါ်လာသည်။
ဒီတစ်ကြိမ်မှာတော့ ဧရာမလှံက စစ်သင်္ဘောကို တိုက်ရိုက်ထိုးဖောက်သွားခဲ့ရာ လှံထိပ်က စစ်သင်္ဘောရဲ့ ကုန်းပတ်မှ ထိုးထွက်လာခဲ့သည်။
"ဝိူး..ပျော်စရာကောင်းလိုက်တာ....ငါကြိုက်တယ်.."
လိပ်ကြီး ပို စိတ်အားထက်သန်လာပြီး သူ့လက်ထဲမှာ ရှိတဲ့ ဧရာမလှံကို အသုံးပြုပြီးသင်္ဘောရဲ့ အောက်ခြေတွင် ကြီးမားတဲ့ အပေါက်များကို တစ်ပေါက်ပြီး တစ်ပေါက် ဖောက်လိုက်သည်။
အကြိမ်ရေများလာတော့ ဧရာမလှံက ကုန်းပတ်မှ တိုက်ရိုက်ထွက်လာကာ စစ်သင်္ဘောကို အပေါ်အောက် ထိုးဖောက်သွားခဲ့သည်။
လိပ်ကြီးက ပျော်ရွှင်စွာ ထိုးနေစဉ်တွင် စစ်သင်္ဘော ထဲမှ လူများက ကြောက်ရွံ့တုန်လှုပ်နေသည်။
သူတို့အလွန်ထိတ်လန့်နေကာ ကြက်နှင့်ခွေးများလို ရောနှောခုန်ပေါက်နေကြသည်။
ပထမဆုံး အသံတစ်ခုကို ကြားရချိန်တွင် မန်ဆုရ် တုန်လှုပ်သွားခဲ့ပြီး ချက်ချင်းပင် အသံနက်ဖြင့် အော် မေးလိုက်သည်။
“ဘာတွေဖြစ်နေတာလဲ....”
သူ့လက်အောက်ငယ်သားများက အဖြေပေးရန် အချိန်မရမှီ ဒုတိယ အသံ ထပ်မံထွက်ပေါ်လာခဲ့ပြီး ထို့နောက်တွင် သူတို့က မယုံနိုင်စရာကောင်းတဲ့ မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။
အနည်းဆုံး အချင်း 50 စင်တီမီတာ ရှိပြီး ချွန်ထက် ကြီးမားတဲ့ သံချောင်းတစ်ချောင်းက ကုန်းပတ်ပေါ်တွင် အဝိုင်းပုံအပေါက်တစ်ခု ကျန်ခဲ့ကာ သင်္ဘောရဲ့ အောက်ခြေကို ထိုးဖောက်သွားခဲ့သည်။
ပင်လယ်ရေများစွာက စစ်သင်္ဘောထဲကို ဒလဟော ဝင်လာခဲ့ကြသည်။
စစ်သင်္ဘောပေါ်ရှိလူတိုင်း ကြောင်ပြီးကြည့်နေကြသည်။
အချိန်အကြာကြီးကြာပြီးမှ စစ်သင်္ဘောတွင် အပေါက် ခုနစ်၊ ရှစ်၊ သို့မဟုတ် ကိုး၊ ဆယ်ခု ထိုးခံရတဲ့အခါ. ထိုလူများ တစ်ဦးပြီးတစ်ဦး တုံ့ပြန်ခဲ့ကြသည်။
" အား...ဘာကြီးလဲ....ဆင်းကြ...ဆင်းကြ....ရေထဲ...မြန်မြန်...ခုန်ဆင်းကြ...ဟ.."
ကြောက်လန့်တကြား အော်ဟစ်သံများလည်း နေရာတိုင်းတွင် ပဲ့တင်ထပ်ခဲ့သည်။
ထိုပင်လယ်ဓားပြများက အသက်ကယ်အင်္ကျီများကိုပင် မဝတ်ဆင်နိုင်ကြဘဲ ထိတ်လန့်တကြား ပင်လယ်ထဲ ခုန်ဆင်းကြတော့သည်။
ထိုနေရာမှ အခြေအနေကို မော်တော်ဘုတ်နှစ်စီးပေါ်မှာရှိတဲ့ လက်နက်ကိုင်များရဲ့ အာရုံကို လျင်မြန်စွာ ဆွဲဆောင်ခဲ့သည်။ သူတို့က ပါးစပ်အဟောင်းသားဖြစ်နေပြီး ခုထိ ဘာဖြစ်နေလဲဆိုတာကို နားမလည်နိုင်တော့ပေ။
" ဒါ...တော်ပီဒိုနဲ့...ပစ်ခတ်ခံရတာလား..."
"မဖြစ်နိုင်ဘူး... ပေါက်ကွဲမှု့ လုံးဝမရှိဘူးလေ "
ထိုပင်လယ်ဓားပြများက စစ်သင်္ဘောကို အံ့အားသင့်တဲ့ မျက်နှာများဖြင့် စိုက်ကြည့်နေကြသည်။
ရှီထိုင်ပေါ်မှ သင်္ဘောသားများကလည်း တစ်ခုခုတော့ မှားနေတာကို သတိပြုမိခဲ့သည်။ သူတို့က ပထမတွင် အလွန်စိုးရိမ်ပူပန်နေကြပြီး ပင်လယ်ဓားပြများက ပြန်ပေးဆွဲခံရမှာကို စိုးရိမ်ခဲ့ကြပေမဲ့ အခု မတူတော့ပေ။
လူများစွာက အံ့အားသင့်ခဲ့ကြကာ ဘာတွေဖြစ်နေလဲဆိုတာကို နားမလည်နိုင်ဖြစ်ကြသည်။
“ဟေး...ကြည့်ပါအုံး...အဲ့ဒီစစ်သင်္ဘောပေါ်က ပင်လယ် ဓားပြတွေ..... ပင်လယ်ထဲကို အသည်းအသန် ....ခုန်ချနေကြတယ်....”
“သူတို့ပုံစံကိုကြည့်ရတာ.... ထိတ်လန့်တကြားနဲ့ သူတို့ရဲ့ ....အသက်တွေ....ရှင်သန်ဖို့ ...ပြေးနေကြသလိုပဲ.....”
.သင်္ဘောသားများက ပိုပို များလာခဲ့ပြီး မီတာ နှစ်ရာ သုံးရာ အကွာအဝေးတွင်ရှိတဲ့ စစ်သင်္ဘောကို အံ့အားသင့်စွာ စိုက်ကြည့်ရင်း ပြောနေကြသည်။
ထိုဓားပြများ ကြောက်လန့်တကြား ပြေးနေတာကို မြင်တဲ့အခါ..သင်္ဘောသားများရဲ့ နှလုံးသားများအတွင်းမှ စိုးရိမ်ပူပန်မှု့များနဲ့ တင်းမာမှု့များ အားလုံး ပျောက်ကွယ်သွားခဲ့ပြီး သူတို့တစ်ဦးချင်းစီတိုင်း အားတက်လာကာ ပျော်ရွှင်စွာ ကြည့်နေကြသည်။
“ဟားဟား...သူတို့ ဘာဖြစ်သွားတာလဲ... ဒီလောက် အငြိုးတကြီးနဲ့ သင်္ဘောပေါ်ကနေ ခုန်ချနေကြတာ...”
“ကြည့်ပါဦး....သူတို့ရဲ့ စစ်သင်္ဘော ရေလွှမ်းနေပုံရတယ်....နည်းနည်း စောင်းနေပြီ....”
“ဟုတ်တယ်...စောင်းစပြုနေပြီ....”
"ရှီထိုင်"ပေါ်မှ သင်္ဘောသားများက တဖြည်းဖြည်း ရဲရင့်လာကြပြီး. လည်ပင်းများကို ဆန့်တန်းကာ စိတ်အေးလက်အေး ကြည့်ရှု့ ပြောဆိုနေကြသည်။
ဒီလိုကြည့်ရတာ အလွန်ပျော်စရာကောင်းသည်။
“အိူး. ဖာ့ခ်.... ငါ ဘယ်တုန်းကမှ ဒီလောက်ပျော်စရာကောင်းတာ..... မမြင်ဖူးဘူး...."
“ငါရောပဲ....သူတို့ ထိတ်လန့်နေတာကိုကြည့်ရတာ အရမ်းပျော်ဖို့ကောင်းတာပဲ....ဟားဟား...”
.
အခြေအနေက လုံးဝပြောင်းပြန်လှန်သွားခဲ့ပြီး၊" ရှီထိုင်"သင်္ဘောပေါ်မှ လေထုကလည်း ပြောင်းလဲသွားခဲ့သည်။
လိပ်ကြီးက သင်္ဘောရဲ့အောက်ခြေတွင် အပေါက် ဖောက်ရတာကို အလွန်ပျော်ရွှင်နေပြီး သူ့ရဲ့ ဧရာမလှံဖြင့် စစ်သင်္ဘောကို တစ်ပေါက်ပြီးတစ်ပေါက် ထိုးခဲ့ရာ စစ်သင်္ဘောကို ဆန်ခါအဖြစ်တကယ် ပြောင်းလဲသွားခဲ့သည်။
စစ်သင်္ဘော၏ အောက်ခြေက ဆန်ခါတစ်ခုဖြစ်သွားခဲ့ပြီး အတွင်းပိုင်းမှာ အပိုင်းပိုင်းကွဲကြေသွားခဲ့သည်။
ထိုစစ်သင်္ဘောက သိသာထင်ရှားတဲ့ နှုန်းဖြင့် နစ်မြုပ်သွားတော့သည်။
လိပ်ကြီး ဒါကို ကြည့်ပြီး အလွန်ပျော်ရွှင် နေခဲ့သည်။ အဝေးမှာ ရှိတဲ့ ရော်ဘာမော်တော်ဘုတ်နှစ်စီးကို မြင်တဲ့အခါ ထိုနေရာကို အမြန် ကူးခတ်သွားခဲ့ပြီး ဧရာမလှံနဲ့ တစ်စီး စီကို ပေါ့ပေါ့တန်တန် ထိုးထည်လိုက်သည်။
" ဖောက်...ဖောက်..."
မော်တော်ဘုတ်နှစ်စီးစလုံး ပျက်စီးသွားတာကြောင့် ထိုအပေါ် မှာရှိနေတဲ့ ပင်လယ်ဓားပြများအားလုံး ပင်လယ်ရေထဲကို ကျသွားခဲ့ကြသည်။