← Chapters

သေခြင်းတရား နတ်ဘုရားနှင့် စည်းမျဉ်းစွမ်းအင်

Vol. 73 Ch. 1152

သေခြင်းတရား နတ်ဘုရားနှင့် စည်းမျဉ်းစွမ်းအင်

Vol. 73 Ch. 1152

“ဒီဆားဖုတ် ခရမ်းသစ်ကြားသီးစေ့က ကျွန်မ ဒီတစ်ခေါက် အရိပ်စိမ်းနယ်မြေ ကုန်စည်ပြပွဲမှာ ရွေးလာခဲ့တဲ့ ကုန်ပစ္စည်း အသစ်ပါ။” အဲလစ်က သရေစာအိတ် အနည်းငယ်ကို ထုတ်ယူပြီး နောက်ထပ် တစ်အိတ်ကို အက်ဒီလိုင်းအား ပေးလိုက်သည်။ “အားလုံးပဲ မြည်းကြည့်ကြပါ။”

အက်ဒီလိုင်း မြည်းစမ်းကြည့်လိုက်ပြီး အံ့ဩစွာဖြင့် ပြောလိုက်လေသည်။ “ကောင်းတာပဲ။ အဲလစ်။”

“တကယ် ကောင်းတယ်။” အသီနာက ခေါင်းညိတ်လိုက်သည်။

“ဆက်ပြီး စားချင်နေတုန်းပဲ။” ခီရာက ပုံမှန်အားဖြင့် ထိုသို့သော သရေစာမျိုး စားရသည်ကို ကြိုက်နှစ်သက်ပြီး သူက တစ်ခါတည်းဖြင့် အိတ်တစ်ဝက်ကို ကုန်သွားစေသည်။ “ဒါကြောင့် ချန်လွေ့ ဒီလောက် အများကြီး စားရတာကို ကြိုက်နေတာပဲ။ ငါတို့ရဲ့မင်းသမီးလေးက အရိပ်စိမ်း နယ်မြေကို ခရီးထွက်ရတာ တကယ် ဒုက္ခများမှာပဲ။”

အစေခံကဝေမလေးက အမှောင်လကို စွန့်ခွာရန် တွန့်ဆုတ်ခြင်း မရှိဘဲ ထိုဆားဖုတ်ခရမ်း သစ်ကြားသီးစေ့ကို ဝယ်ရန် အရိပ်စိမ်း နယ်မြေသို့ သွားရောက်ခဲ့သော လော့ဒ် ဖြစ်သူ အဲလစ်၏ တကယ့် ရည်ရွယ်ချက်ကို ဖော်ထုတ်လိုက်သည်။ အဲလစ် မျက်နှာ နီရဲသွားပြီး ပြန်လည်၍ ချေပလိုက်သည်။ “ဆရာမ ဇိုလာလည်း ကြိုက်တယ်လေ။”

“ကံဆိုးချင်တော့ ချန်လွေ့က ပါ့ဂ်လီအိုနဲ့ တခြားသူတွေကို လေ့ကျင့်ဖို့ ကြောက်မက်ဖွယ်ရာ မိုးပျံနယ်မြေဆီကို ခေါ်သွားတာပဲ။ ဇိုလာက ဖိုက်သွန်ရဲ့ တိုင်းပြည်မှာ တံခါးပိတ် လေ့ကျင့်ဖို့ သွားခဲ့တယ်။” အသီနာက အဲလစ်၏ အတွေးများကို သိပြီး ပြုံးလိုက်သည်။ “သူတို့ထဲက ဘယ်သူမှ အခုချက်ချင်း မမြည်းပေးနိုင်ဘူး။”

“အင်း...” အဲလစ်၏ စိတ်အခြေအနေ အနည်းငယ် ကျဆင်းသွားသည်။ ယခု တစ်ကြိမ်တွင် သူသည် စိတ်လှုပ်ရှားစွာ ပြန်လည် ပြေးလာခဲ့သော်လည်း ချန်လွေ့ မရှိခဲ့ပေ။ “ဒါပေမဲ့ လူတိုင်းကြိုက်တာ ကောင်းပါတယ်လေ။ အထူးသဖြင့် သော်သော်ပေါ့။”

ဘေးမှ သော်သော်က သူ၏ လက်ထဲမှ အနည်းငယ်ကို စားပြီးဖြစ်နေကာ စကား စလိုက်သည်။ “အစ်မ အဲလစ်။ သမီး စားချင်သေးတယ်။”

“ဒေါ်လေးလို့ ခေါ်ပါဆို။” အဲလစ်က ကလေးမလေး၏ အကျင့်ဖြစ်နေသော အမှားများကို ပြင်ဆင်ပေးလိုက်သည်။ သူက အိတ်နှစ်အိတ် ယူပြီး သော်သော်ထံ ပေးလိုက်၏။

“နားလည်ပါပြီ။ အစ်မ အဲလစ်။” သော်သော်၏ အခေါ်အဝါ အသုံးပြုမှုမှာ ‘မပြောင်းလဲနိုင်’သေးပေ။ သူ ရုတ်တရက် စဉ်းစားလိုက်ပြီး အိတ်တစ်အိတ်ကို သိမ်းလိုက်သည်။ “ဖေဖေက စားရတာ ကြိုက်တယ်။ ဒီအိတ်က ဖေဖေ့အတွက် ချန်ထားတာ။”

“သော်သော်က လိမ္မာတာပဲ။” ခီရာက သော်သော်ကို ချီလိုက်ပြီး သော်သော်၏ ကျစ်ဆံမြီးကို ချစ်ခင်စွာ ထိလိုက်သည်။ “သော်သော်ရဲ့ ဖေဖေက သူ့သမီးကို အချစ်ဆုံးလို့ ပြောတာ ဒါကြောင့်ကိုး။”

“စိတ်မပူနဲ့ သော်သော်။ ဒေါ်လေး အဲလစ်မှာ အများကြီး ရှိသေးတယ်။” အဲလစ်က အိတ်ကြီး တစ်လုံးကို ထုတ်ယူလိုက်သည်။ “ဒါက သော်သော်ရဲ့ ဖေဖေ့အတွက်။”

“‌ဟုတ်!” သော်သော်က ခါးကိုင်းပြီး အဲလစ်နှင့် ခီရာကို နောက်တစ်ကြိမ် နမ်းလိုက်၏။ ရုတ်တရက် ကလေးက ခီရာ၏ လက်မောင်းထဲမှ ထရပ်လိုက်ပြီး [ကြယ်ဂိတ်]၏ ပုံမှန်လားရာသို့ ပျံသန်း သွားခဲ့သည်။

“ဖေဖေ!”

သော်သော်တွင် မီးဇာမဏီ အမာရွတ် နှင့်အတူ အထူး အာရုံခံစားမှုတစ်ခု ရှိပြီး ချန်လွေ့ ရောက်ရှိလာသည်ကို အမြဲတမ်း ချက်ချင်း အာရုံခံနိုင်သည်။

အသေအချာပင် ချန်လွေ့၏ ပုံရိပ်က လူတိုင်း၏ အမြင်အာရုံထဲသို့ ပေါ်ထွက် လာခဲ့သည်။ အသီနာနှင့် အခြားသူများ အားလုံး ထရပ်လိုက်ကြ၏။

“ပြန်လည် ကြိုဆိုပါတယ်။” ခီရာက သူ့ကို ဖျော်ရည်တစ်ခွက် ပေးလိုက်သည်။

“ပြန်လာပါပြီ။” ချန်လွေ့ ဖျော်ရည်ကို သောက်လိုက်သည်။ “အဲဒီနေရာက ကိုယ့်ကို အကျိုးကျေးဇူး များများစားစား မပေးခဲ့ဘူး။ သူတို့ကို ခေါ်သွားရုံပဲ။ အစောကြီးကတည်းက ထွက်သွားလို့ ရပါတယ်။ ဂူရာဒန်မှာ လေ့ကျင့်ရေး ပြဿနာ ရှိနေလို့ ဒီနေ့မှ ပြန်လာခဲ့တာ။”

“ပြန်လာတာ အချိန်ကိုက်ပဲ။” အသီနာ ရယ်လိုက်သည်။ “အဲလစ်က...”

“ဖေဖေ ဒါစား။” သော်သော်က ချန်လွေ့၏ ပါးစပ်ထဲသို့ သစ်ကြားသီး တစ်လုံးကို ထည့်ပေးပြီး ဖြစ်သည်။

“ဒါက ဆားဖုတ်လား။ ဒါ ဖေဖေ့ရဲ့ အကြိုက်ဆုံးပဲ။” ချန်လွေ့ သော်သော်၏ ခေါင်းကို သပ်ပေးလိုက်၏။ “ကျေးဇူးပါ။ သော်သော်။”

“ဒါက အဲလစ် ရှင့်အတွက် အရိပ်စိမ်း နယ်မြေကနေ ဝယ်ခဲ့တာ။” အသီနာ၏ စကားများက အဲလစ်၏ မျက်လုံးများကို လက်သွားစေပြီး ကျေးဇူးတင်သော အကြည့်တစ်ခုဖြင့် ကြည့်လိုက်သည်။

“အဲလစ်က အရိပ်စိမ်း နယ်မြေကို သွားခဲ့တာလား။” ချန်လွေ့ တစ်ခုခုကို တွေးမိသွားပြီး ပြောလိုက်သည်။ “ဒါက စိတ်ပျက်စရာ ဖြစ်နိုင်ပေမယ့်... အဲလစ်၊ မင်းက အခု အမှောင်လရဲ့ လော့ဒ်ပဲ။ မင်းရဲ့ လှုပ်ရှားမှုတိုင်းက နယ်မြေရဲ့ အာရုံစိုက်မှု အောက်မှာ ရှိနေတယ်။ ဒါကြောင့် မင်း အရင်ကလို မဆင်မခြင် သွားချင်တဲ့နေရာ သွားလို့ မရတော့ဘူး။”

“အိုး...” အဲလစ် တုံ့ပြန်လိုက်ပြီး သူ၏ ခေါင်းကို ငုံ့လိုက်သည်။ အသီနာက အဲလစ်၏ မျက်လုံးများ အနည်းငယ် နီရဲနေသည်ကို မြင်တွေ့လိုက်ရသည်။ သူ စကားပြောရန် ပြင်လိုက်စဉ်မှာပင် ချန်လွေ့က ရုတ်တရက် အနည်းငယ် ထိတ်လန့်သွားပြီး အထူး အခြေအနေသို့ ရောက်သွားကြောင့် တွေ့လိုက်ရ၏။

ချန်လွေ့ ထိုသို့ ဖြစ်တတ်သည်မှာ ပထမဆုံးအကြိမ် မဟုတ်ပေ။ အသီနာ ချက်ချင်း နားလည်သွားသည်။ ခီရာက အမြန်ဆုံး တုံ့ပြန်လိုက်ပြီး သော်သော်ကို ချန်လွေ့၏ လက်မောင်းများထဲမှ ချီလိုက်၏။ အယ်ဒီလိုင်းက အဲလစ်ကို ဘေးသို့ခေါ်သွားပြီး စကားအနည်းငယ် နှစ်သိမ့်ပေးခဲ့သည်။

ချန်လွေ့၏ တုံ့ပြန်မှုမှာ ပုံမှန်အတိုင်း စူပါစနစ်ကြောင့်ပင်။ အာရုံခံစားမှုမှ တုန်ခါမှုများအရ စူပါစနစ်သည် နတ်ဘုရားတစ်ပါးကို နောက်တစ်ကြိမ် ဖန်တီးလိုက်ပြီ ဖြစ်သည်။

သူ၏ အသိစိတ်က ကြယ်စင်စု နတ်ဘုရားကျောင်းသို့ ဝင်ရောက်သွားပြီး ယုံကြည်မှု မျှော်စင်ဆီသို့ ချက်ချင်း ရောက်လာခဲ့သည်။

ယုံကြည်မှု မျှော်စင်၏ အရှေ့တွင် ဗာရိုနီကာအပြင် အနက်ရောင်ဝတ်ရုံဖြင့် ဖုံးလွှမ်းထားသော လျှို့ဝှက်ဆန်းကြယ် ပုံရိပ်တစ်ခု ရှိနေသည်။

“ဂူရာဒန်။” ချန်လွေ့က နတ်ဘုရား အသစ် ဖြစ်လာမည့်သူကို ခပ်ရေးရေး ကြိုတင်ခန့်မှန်းထားပြီး ဖြစ်သော်လည်း ဝတ်ရုံခြုံထားသော ပုံရိပ်ကို မြင်ရာတွင် တိတ်တဆိတ် အံ့ဩနေဆဲ ဖြစ်သည်။

“သခင်!” ဂူရာဒန်၏ အသံက မထိန်းချုပ်နိုင်သော စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည်။ သူက ချန်လွေ့အား နက်ရှိုင်းစွာ ဦးညွှတ်လိုက်သည်။ ထိုသို့ လေးစားမှုက ယခင်ကထက် ပိုသော စိတ်ရင်းမှန်ဖြင့် ဖြစ်သည်။

“မယုံနိုင်စရာပဲ။ မြန်လိုက်တာ။” ချန်လွေ့၏ အံ့ဩမှုမှာ သူ၏ နှလုံးသား အောက်ခြေမှလာခြင်း ဖြစ်လေသည်။ သူ ကြောက်မက်ဖွယ်ရာ မိုးပျံနယ်မြေမှ ထွက်ခွာပြီး အမှောင်လ နေအိမ်သို့ ပြန်မရောက်ခင် နှစ်ရက် အလိုတွင် ဂူရာဒန်က အထူး ပြုလုပ်ထားသော ‘လှောင်အိမ်’တစ်ခုသို့ ဝင်ရောက်ခဲ့သည်။

ထို‘လှောင်အိမ်’က ရှေးမှော်စာများ၏ နက်နဲမှုများဖြင့် ပြုလုပ်ထားသော်လည်း အခြေခံ စွမ်းအားမှာ ဂူရာဒန်အတွက် သေစေနိုင်ဆုံးသော နိဗ္ဗာန်စွမ်းအားပင်။ မည်သည့် အထူးတိုက်ခိုက်မှု မရှိလျှင်ပင် အထဲမှ အလောင်းအောက်လမ်းပညာရှင် ဝိညာဉ်ကို အဆက်မပြတ် နှိပ်စက်မှုကို ခံစားစေရန် လုံလောက်၏။

သို့သော် လွန်ခဲ့သော ရက်အနည်းငယ်က သူ လက်ခံရရှိခဲ့သော [ကောင်းကင်ကုသ]နှင့် နှိုင်းယှဉ်လျှင် ယုတ်စွအဆုံး ဆာလဖျူရစ် အက်ဆစ်ဖြင့် လောင်းချခြင်း ခံရသကဲ့သို့ ဝမ်းနည်းဖွယ် အော်ဟစ်ခဲ့လေသည်။

‘လှောင်အိမ်’ထဲတွင် နောက်ထပ် ကြောက်မက်ဖွယ်ရာ ဂုဏ်သတ္တိ တစ်ခုလည်း ရှိနေသေးပြီး အဆက်မပြတ် ကျုံ့ဝင်ခြင်းပင်။ ၎င်း အကန့်အသတ်သို့ ကျုံ့ဝင်သွားသည်နှင့် ဂူရာဒန်၏ ခန္ဓာ လုံးဝပျက်စီးသွားမည်ဖြစ်ပြီး သူ၏ဝိညာဉ် ပြန်လည် ပြုပြင်၍ မရနိုင်အောင် ပျက်စီးသွားပေလိမ့်မည်။ ဂူရာဒန်က [ကောင်းကင်ကုသ]ကို အသည်းအသန် လက်ခံနေစဉ်မှာပင် သူ၏ ဝိညာဉ်က အတော်အတန် ပျက်စီးမှုကို ခံစားခဲ့ရပြီး ဖြစ်ကာ ဝါးမျိုလိုက်သော လေလွင့် ဝိညာဉ်များ၏ စွမ်းအားက မကြာခဏ တိုက်ခိုက်စ ပြုလာသည်။ အကယ်၍ သူက ပြင်းထန်စွာ ဒဏ်ရာရသွားပြန်လျှင် ကြိုတင်၍ ပေါက်ကွဲထွက်ပြီး သူ၏ ဝိညာဉ်ကို လုံးဝ ဆုံးရှုံးကာ စစ်မှန်သော လေလွင့်ဝိညာဉ် ဖြစ်သွားပေလိမ့်မည်။

ထိုအရာမှာ ဂူရာဒန် ကိုယ်တိုင် ပြောခဲ့ခြင်း ဖြစ်သည်။ တစ်ချိန်က ကျော်ကြားခဲ့သော အမှောင်ဒြပ်စင် မှော်ပညာရှင်တွင် ‘အကုန်ရင်း’ ဟူသော ခိုင်မာမှုတစ်ခုရှိပြီး ၎င်းမှာ ပျက်စီးမည့် အန္တရာယ်ကိုပင် အရဲစွန့်ကာ မိမိကိုယ်ကို အလောင်း အောက်လမ်းပညာရှင်အဖြစ် ပြောင်းလဲခဲ့စဉ်က ထင်ရှားပေသည်။

ဂူရာဒန်၏ အမြင်တွင် အကယ်၍ သူသာ သေခြင်းတရား၏ စစ်မှန်သော အဓိပ္ပာယ်ကို နားမလည်လျှင် ကိုယ်ပိုင် အသိစိတ် ပျောက်ကွယ်သွားရန်အတွက် အနှေးနှင့်အမြန်ပင်။ ထို့ကြောင့် သူက အစွမ်းကုန် ထုတ်သုံးခဲ့သည်။ တကယ် ရှုံးနိမ့်ခဲ့ပါက ကံကြမ္မာကို လက်ခံရမည် ဖြစ်သည်။

ဂူရာဒန်ထံမှ ထွက်ပေါ်လာသော အငွေ့အသက်အရ အသည်းအသန် လောင်းကြေးထပ်ခဲ့ခြင်းမှာ အသေအချာ အောင်မြင်ခဲ့လေသည်။

“ဒီ‘လောက’ကနေ ကြိုဆိုပါတယ်။ သေခြင်းတရားနတ်ဘုရား။” ဗာရိုနီကာက ဂူရာဒန်အား ဦးညွှတ်လိုက်သည်။

ဂူရာဒန် ခုနက ကြယ်စင်စု နတ်ဘုရားကျောင်းတွင် ပေါ်လာရာ သူသည် ဗီရိုနီကာ၏ လမ်းညွှန်မှုဖြင့် ယုံကြည်မှု မျှော်စင်သို့ ဝင်ရောက်ကာ သေခြင်းတရားနတ်ဘုရား ဖြစ်လာခဲ့၏။ အလောင်း အောက်လမ်းပညာရှင်သည် ငတုံး တစ်ယောက် မဟုတ်ပေ။ သူက ဗာရိုနီကာ၏ အမည်ကို အခြားသူများထံမှ ကြားဖူးပြီး သူသည် ‘မဒမ်’များထဲမှ တစ်ဦး ဖြစ်ကြောင်း သိသည်။ သူက အလျင်အမြန် ပြန်ဦးညွှတ်လိုက်သည်။

အမှန်မှာ ဗာရိုနီကာ၏ ပါးနပ်မှုနှင့် စူပါစနစ်၏ ‘လောက’နှင့် ရင်းနှီးမှုဖြင့် နတ်ဘုရားမ ဖြစ်လာရန်မှာ ပြဿနာ မဟုတ်ပေ။ သူက သူ၏ဝိညာဉ်နှင့် လုံးဝကိုက်ညီသော အလင်းဒြပ်စင် ခန္ဓာ မတွေ့ရှိ သေးရုံသာ ဖြစ်သည်။ သူက ဖိုက်သွန်၏ လျှို့ဝှက် ပညာရပ်ကို ကျွမ်းကျင်လျှင်ပင် ပြန်ရှင်သန်နိုင်မည် မဟုတ်ပေ။ ထိုထဲတွင် သေးငယ်သော ဆန္ဒတစ်ခုလည်း ရှိနေပေသေးသည်။ ပြန်ရှင်သန်ပြီးနောက် ချန်လွေ့အတွက် ‘ဖန်တီးခြင်း’ ကလေး တစ်ယောက်ကို မွေးဖွားပေးရန်ပင်။

ဒုတိ ယအနေဖြင့် စူပါစနစ်တွင် နတ်ဘုရားများ ပို၍ပို၍ များပြားလာပြီး ယုံကြည်မှုက အချင်းချင်း မလွှဲရှောင်သာ သက်ရောက်ပြီး ထိခိုက်နိုင်ပေသည်။ နတ်ဘုရားတိုင်းတွင် သက်ဆိုင်ရာ နတ်ဝင်သည် ရှိကြသော်လည်း ခြုံငုံလျှင် အမြင့်ဆုံး နတ်ဝင်သည် သူ မရှိပါက ဖရိုဖရဲ အမျိုးမျိုးကို ဖြစ်ပေါ်စေနိုင်၏။

စူပါစနစ်၏ ယုံကြည်မှု ရှုထောင့်မှ ကြည့်လျှင် ဗာရိုနီကာက အခြား မည်သည့်နတ်ဘုရားထက်မဆို အရေးပါမှု မလျော့ပါးပေ။

“သိပ်ကောင်းတယ်။ သေခြင်းတရား နတ်ဘုရား။” ချန်လွေ့သည် ဂူရာဒန်၏ ဝတ်စုံကို ကြည့်လိုက်သည်။ “ခင်ဗျားက တံစဉ်တစ်ချောင်းနဲ့ တွဲလိုက်ရင် ပိုပြီး ခန့်ညားသွားမှာ။”

“အဲဒီ အနီးကပ် တိုက်ခိုက်ရေး လက်နက်က ကျုပ်အတွက် အသုံးမဝင်ဘူး။ ကျုပ်က မှော်ပညာ လေ့ကျင့်သူ တစ်ယောက်ဆိုတာကို သခင် မေ့သွားတာလား။ တောင်ဝှေးက ကျုပ်အတွက် ပိုပြီး သင့်တော်တယ်။” ဂူရာဒန်က လောက ကူးပြောင်းလာသူ၏ စနောက်မှုကို နားမလည်ခဲ့ပေ။

ချန်လွေ့က နားလည်မှု လွဲနေခြင်းကို ပခုံးတွန့်လိုက်သည်။ “ကောင်းပြီလေ။”

“သခင်။ ကျုပ် မထွက်သွားခင် အရေးကြီးတဲ့ အရာတစ်ခု တင်ပြစရာ ရှိပါတယ်။”

“ဘာလဲ။” ဂူရာဒန်၏ လေးနက်မှုက ချန်လွေ့၏ အာရုံကို ဆွဲဆောင် လိုက်သည်။

“ဥပဒေသ အပိုင်းအစ အကြောင်းပါ။ သခင်က ကျုပ်ကို ကြောက်မက်ဖွယ်ရာ မိုးပျံနယ်မြေထဲ ပထမဆုံး အကြိမ် ခေါ်သွားတုန်းက လေလွင့်ဝိညာဉ်တွေနဲ့ ဥပဒေသ အပိုင်းအစတွေရဲ့ အကြောင်းကို ကျုပ်က သုတေသန လုပ်နေခဲ့တယ်။ ဘာလို့ လေလွင့်ဝိညာဉ် ပျောက်ကွယ် သွားပြီးတော့ ဥပဒေသ အပိုင်းအစတွေ ကျန်ခဲ့ရတာလဲ။ ဒီလိုမျိုး ဖန်တီးမှုမှာ ကျပန်း ဖြစ်စဉ်တွေ အများကြီး ရှိတယ်။ လေလွင့်ဝိညာဉ်တိုင်း အပိုင်းအစတွေကို ထုတ်လုပ်မှာ မဟုတ်ဘူး။ ဒီအတွက် ကျုပ်က လျှို့ဝှက် မသေမျိုး ပညာရပ်ကို သုံးပြီးတော့ ကိုယ့်ကိုယ်ကိုယ် လေလွင့် ဝိညာဉ်အဖြစ် ပြောင်းဖို့ စွန့်စားခဲ့တယ်။ ဒီနေ့ သေခြင်းတရားရဲ့ အဓိပ္ပာယ်ကို နားလည် သဘောပေါက်ပြီးတဲ့တော့ သခင်ရဲ့ ‘လောက’ ကနေ ‘သေခြင်း’နဲ့ ဆက်စပ်တဲ့ ကြီးမားတဲ့ ယုံကြည်မှုကို ရပြီးတော့မှ ကျုပ် လျို့ဝှက်နက်နဲမှုကို နားလည်သွားခဲ့တယ်။”

ချန်လွေ့သည် ဂူရာဒန် လေလွင့် ဝိညာဉ် အဖြစ်သို့ ပြောင်းလဲရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ အမှန်တွင် ထိုသို့ သုတေသနအတွက် ဖြစ်ကြောင်းကို သိရှိသွားခဲ့သည်။ ပြောရမည်ဆိုလျှင် ပညာရပ်ဆိုင်ရာ သုတေသနတွင် ဂူရာဒန်နှင့် ဇိုလာတို့တွင် တူညီသော စွဲလမ်းမှုရှိသည်။ အကယ်၍ ထိုလောက၌ အသိပညာနှင့် ပညာရပ် နတ်ဘုရားများ ရှိခဲ့ပါက နတ်မိမယ်နဂါးနှင့် အလောင်း အောက်လမ်းပညာရှင်တို့ သေချာပေါက် စစ်မှန်သော ယုံကြည်သူ ဖြစ်ပေလိမ့်မည်။

“လျို့ဝှက်နက်နဲမှု ဟုတ်လား။” ချန်လွေ့၏စိတ် လှုပ်ရှားသွားလေသည်။

“ဥပဒေသအပိုင်းအစက သေသွားတဲ့ ဝိညာဉ်ရဲ့ ကျန်ရစ်တဲ့ ယုံကြည်မှုရဲ့ အနှစ်သာရ ဖြစ်နိုင်တယ်။” ဂူရာဒန်၏ ဝတ်ရုံထဲမှ တောက်ပသော အနီရောင် အလင်းက ပို၍ပို၍ တောက်ပလာ၏။ “ကျုပ် အခု သဘောပေါက်ထားတဲ့ သေခြင်းတရားလမ်းစဉ်နဲ့ ဒီ‘လောက’ရဲ့ ကြီးမားတဲ့ ‘သေခြင်းတရား’ ယုံကြည်မှု စွမ်းအားနဲ့ ပေါင်းစပ်လိုက်ရင် ကျုပ် အလားတူ စည်းမျဉ်းစွမ်းအင် ဖြစ်တည်မှု တစ်ခုကို တိုက်ရိုက် ဖန်တီးနိုင်တယ်။ ဒါပေမဲ့ စွမ်းအင်ပြင်းအားနဲ့ သန့်စင်မှု အရဆိုရင် စစ်မှန်တဲ့ ဥပဒေသ အပိုင်းအစ တစ်ခုထက်တော့ နိမ့်ကျမယ်။ ပြီးတော့ တကယ်လို့ ဒါကို တစ်ယောက်ယောက်ရဲ့ စွမ်းအားကို တိုးမြှင့်ဖို့ သုံးမယ်ဆိုရင် သက်ရောက်မှု အများကြီး ပိုဆိုးမှာ။”

“သိပ်ကောင်းတယ်!” ချန်လွေ့ အလွန် ဝမ်းသာသွားသည်။ သူက ကြယ်မြို့ အတွက် လိုအပ်သော ‘စည်းမျဉ်းစွမ်းအင်’ ကို ချက်ချင်း တွေးမိလိုက်ပြီး ၎င်းမှာ ယခုအခါ ဥပဒေသ အပိုင်းအစ၏ အရေးအကြီးဆုံး အသုံးပြုမှု ဖြစ်သည်။

စည်းမျဉ်း စွမ်းအင်သည် ကြယ်မြို့မှ အမြင့်ဆုံးအဆင့် စွမ်းအင် ဖြစ်သည်။ အမြောက်ကြီးသုံးခု၏ ‘အထူး ဆင့်ကဲ ပြောင်းလဲခြင်း’ ဖြစ်စေ၊ အထူးအဆင့် သက်ရှိများ ဖန်တီးခြင်း ဖြစ်စေ၊ ‘စည်းမျဉ်းစွမ်းအင်’ အများအပြား လို၏။ ယခင်က ၎င်းကို လေလွင့်ဝိညာဉ်များကို အမဲလိုက်ပြီး ဥပဒေသ အပိုင်းအစကို ပြောင်းလဲခြင်းဖြင့်သာ ရရှိနိုင်ခဲ့သည်။ လေလွင့် ဝိညာဉ်များကို အမဲလိုက်၍ ဥပဒေသ အပိုင်းအစများ ရရှိရန် အခွင့်အရေးမှာ အလွန် နည်းပါးသည်။ ချန်လွေ့ အဖွဲ့၏ လေ့ကျင့်ရေးကာလ အတွင်း လေလွင့် ဝိညာဉ်များ၏ အရေအတွက် လျော့နည်းလာပုံ ရသည်။ ထိုအတိုင်း ဆက်သွားပါက ၎င်းသည် နောက်ဆုံးတွင် ကုန်ဆုံးသွားပေလိမ့်မည်။

ယခု သေခြင်းတရား၏ စစ်မှန်သော အဓိပ္ပာယ်ကို နားလည် သဘောပေါက်ပြီး နောက်တွင် ဂူရာဒန်သည် စူပါစနစ်၏ သေခြင်းတရား နတ်ဘုရား ယုံကြည်မှုကို အသုံးပြု၍ သူ၏ကိုယ်ပိုင် စည်းမျဉ်း စွမ်းအင်ကို အမှန်တကယ် ဖန်တီးနိုင်ပြီ ဖြစ်သည်။ သန့်စင်မှုမှာ စစ်မှန်သော ဥပဒေသ အပိုင်းအစထက် နိမ့်ကျလျှင်ပင် စည်းမျဉ်း စွမ်းအင် အများအပြားသို့ ပြောင်းလဲနိုင်မည် ဖြစ်သည်။ ၎င်းမှာ ထိုနည်းလမ်း အလုပ်ဖြစ်သရွေ့ ကြယ်မြို့ စွမ်းအင် အကျပ်အတည်းက လုံးဝကို ပြီးပြည့်စုံသော ဖြေရှင်းနည်း တစ်ခုကို ရှာဖွေတွေ့ရှိလိုက်ခြင်းပင်။

“အင်း။ အသစ်ရထားတဲ့ ယုံကြည်မှုနဲ့ အသက် စွမ်းအားကို ရင်းနှီးအောင်လုပ်။ ပြီးရင် မူလ မသေမျိုး တိုင်းပြည်ကို ဒီ‘လောက’ရဲ့ သေခြင်းတရား နတ်ဘုရား တိုင်းပြည်နဲ့ ပေါင်းစပ်ဖို့ ကြိုးစားကြည့်။ ဖိုက်သွန်က ဒီအပိုင်းမှာ အတွေ့အကြုံ အ‌တော်လေး ရှိတယ်။ နားမလည်ရင် သူ့ကို အကူအညီ တောင်းလို့ရတယ်။ ပြီးရင် ခင်ဗျားနဲ့ ကျုပ် ရေကန်ပြာ တောင်တန်းကို သွားပြီး ဖန်တီးလိုက်တဲ့ စည်းမျဉ်း စွမ်းအင် ဖြစ်တည်မှုက ရှေးဟောင်း အဂ္ဂိရတ် အဖွဲ့အစည်းရဲ့ အထူး စွမ်းအင်အဖြစ် ပြောင်းလဲနိုင်မလား ဆိုတာကို စမ်းကြည့်ရမယ်။”

“အမိန့်အတိုင်းပါ။ ကျုပ် အခုပဲ အရင် ထွက်သွားလိုက်ပါ့မယ်။” ဂူရာဒန် ဦးညွှတ်ပြီး သူ၏ပုံရိပ်က တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။

“ကျွန်မလည်း အလုပ်များတော့မယ်။ ဒီနတ်ဘုရားအသစ်မှာ ချက်ချင်းဖြေရှင်းဖို့ လိုအပ်တဲ့ ပြဿနာတွေ အများကြီး ရှိနေသေးတယ်။” ဗာရိုနီကာ ချန်လွေ့ကို ပြုံးပြလိုက်သည်။ ချန်လွေ့ ခေါင်းညိတ် လိုက်ပြီး စူပါစနစ်မှ ထွက်ခွာသွား၏။

သူ၏ အသိစိတ်က အမှောင်လ နေအိမ်၏ ခန္ဓာကိုယ်သို့ ပြန်လည် ရောက်ရှိသွားပြီး ချန်လွေ့သည် သူ၏ မျက်လုံးများကို အဲလစ်ကို ကြည့်နေ လိုက်သည်။ မင်းသမီးလေး၏ မျက်လုံးက အနည်းငယ် နီရဲနေသော်လည်း သူသည် မှင်တက်နေသောချန်လွေ့ကို ကြည့်နေဆဲ ဖြစ်သည်။

“အဲလစ်။ ငါတို့ ဘယ်မှာ ရပ်သွားတာလဲ။”

“ခေါင်းမာလို့မရဘူးတဲ့...” မင်းသမီးလေးက ခေါင်းကို နောက်တစ်ခါ ငုံ့လိုက်ပြန်သည်။

“ဟုတ်တယ်။ မင်းက မငယ်တော့ဘူး။ မင်းသမီးပဲ ဖြစ်ဖြစ်၊ လော့ဒ်ပဲ ဖြစ်ဖြစ် မင်းရဲ့ စကားတွေနဲ့ အပြုအမူတွေကို သတိထားသင့်တယ်။”

“အိုး...” အဲလစ်က ခေါင်းကို ငုံ့နေသော်လည်း အလွန်ပင် မကျေမနပ် ဖြစ်နေသည်။

“ပြီးတော့...” ချန်လွေ့ ရပ်လိုက်ပြီး အဲလစ်၏ ရှေ့တွင် လျှောက်သွားကာ ခေါင်းကို ချစ်ခင်စွာ တိုထိလိုက်သည်။ “မင်း ဝယ်ခဲ့တာတွေကို ကြိုက်တယ်။ ကျေးဇူးပါပဲ။”

အဲလစ်၏ နားများ ထောင်သွားပြီး သူ၏ မျက်ရည်စက်လက် မျက်လုံးများ ရုတ်တရက် လင်းလက်သွား၏။

“ဒါဆို အစ်ကို... ကျွန်မတို့ မနက်ဖြန် ရေကန်ပြာ တောင်တန်းကို ပျော်ပွဲစား ထွက်ကြရအောင်! ပြီးရင် ကြယ်မြို့ကို တိုက်ခိုက်ဖို့ သွားကြမယ်! ဒါကို ကျွန်မ အတွက် ကျေးဇူးတင် လက်ဆောင်လို့ သဘောထားလိုက်!”

“ပျော်ပွဲစားထွက်မယ်လေ! ဖေဖေ!” သော်သော်လည်း ပျော်ရွှင်စွာဖြင့် လက်ကိုမြှောက်လိုက်သည်။

“အဲ... ကောင်းပြီလေ။”

မဒမ်-လော့ဒ်က အသေအချာပင် ကစားချင် နေသေးသည်။ ချန်လွေ့က သူ ခုနက ဟောကြားခဲ့သော တရားများမှာ ကျွဲပါးစောင်းတီးသလို ဖြစ်သွားခဲ့သည့် အတွက်ကြောင့် အနည်းငယ် ဆွံ့အသွား ခဲ့လေသည်။

ဒါပေမဲ့ ဒီလိုမျိုး အချိန်တွေမှာ ပျော်ဖို့ အရေးအကြီးဆုံးပဲ မဟုတ်လား။

All Chapters