← Chapters

ညစာစားပွဲအတွင်း အရေးပေါ်အခြေအနေ

Vol. 73 Ch. 1153

ညစာစားပွဲအတွင်း အရေးပေါ်အခြေအနေ

Vol. 73 Ch. 1153

ကြောက်မက်ဖွယ်ရာ မိုးပျံနယ်မြေ၏ စမ်းသပ်ချက်က နောက်ဆုံးတွင် ပြီးဆုံးသွားပြီ ဖြစ်သည်။ ထိုကဲ့သို့ အထူး လေ့ကျင့်မှုတွင် လူတိုင်း ရလဒ်အချို့ကို ရရှိခဲ့ကြ၏။ ပါ့ဂ်လီအိုက နောက်ဆုံးတွင် သူ၏ ၂နှစ်တာ အဆင့်ကို ဖောက်ထွက်ရန် ဆန္ဒပြည့်ဝခဲ့ပြီး လာလာလိုလီကို အမီ လိုက်ကာ နတ်ဘုရားတစ်ပိုင်း အဆင့် အလယ်ပိုင်းသို့ ရောက်ရှိခဲ့သည်။

ဆရာသခင် အဆိပ်နဂါး အဆင့်တက် သွားသော်လည်း အရေးတကြီး ခံစားမှုမှာ အနည်းငယ်မျှပင် မမှေးမှိန် သွားခဲ့ပေ။ အကြောင်းမှာ အစ်ဇဘယ်လာသည် နတ်ဘုရားတစ်ပိုင်းသို့ အောင်မြင်စွာ ရောက်ရှိခဲ့ပြီး အနီးကပ်လိုက်နေ၍ပင်။ သူ့ကို မည်သည့် အချိန်တွင် အမီလိုက် မည်ကို မည်သူမှ အာမမခံနိုင်ပေ။ လာလာရီယာက သူနှင့် တူညီသော အဆင့်တွင် ရှိနေသော်လည်း မိန်းမချင်း စိတ်ဝင်စားသော လိုလီက ဖိုက်သွန်ထံမှ ဂရုတစိုက် လမ်းညွှန်မှုကို ရရှိခဲ့သည်။ သူက နတ်ဘုရားတစ်ပိုင်း အဆင့် စွမ်းအားကို အသုံးပြုရာတွင် သူ့ထက် များစွာ သာလွန်သည်။ သူက လျှို့ဝှက် ပညာရပ် များစွာကိုလည်း သင်ယူခဲ့သည်။ သူက မိုးကြိုး ကောက်ရိုက်တုတ်ကို အသုံးမပြုလျှင် နိုင်နိုင်ခြေ မရှိသေးပေ။

လက်ရှိ ဆွေမျိုးအုပ်စုတွင် နတ်ဘုရား တစ်ပိုင်းအဆင့်သို့ ရောက်ရှိသူ လေးဦး ရှိသည်။ ကတ်သရင်း၊ လာလာရီယာ၊ ပါ့ဂ်လီအိုနှင့် အစ်ဇဘယ်လာတို့ပင်။

အစ်ဇဘယ်လာ၏ ကြယ်နှစ်ပွင့် ဆင့်ကဲ ပြောင်းလဲခြင်းကို နားလည် သဘောပေါက်မှုမှာ ပါ့ဂ်လီအိုထက်ပင် စောခဲ့သည်။ စူပါစနစ်၏ စွမ်းအားကို အားကိုး၍ စစ်မှန်သော တိုင်းပြည်ကို သူ နားလည်သဘောပေါက် သွားခဲ့သည်မှာ အတော်ကြာပြီ ဖြစ်သည်။ သူ နတ်ဘုရား တစ်ပိုင်းအဆင့်သို့ ဖောက်ထွက်နိုင်ရန်မှာ အချိန်သာ လိုတော့၏။

အခြားလူတိုင်း၏ စွမ်းအားသည်လည်း အထိုက်အလျောက် တိုးတက်လာခဲ့သည်။ အကြိုးစားဆုံးဖြစ်သော ဆမ်မြူရယ်က နောက်ဆုံး အထူးအဆင့်သို့ ဝင်ရောက် နိုင်ခဲ့သည်မှာ သတိပြုစရာပင်။

ချန်လွေ့အတွက် အကြီးမားဆုံးမှာမူ အလောင်း အောက်လမ်း ပညာရှင် ဂူရာဒန်ပင် ဖြစ်သည်။ ယခုတစ်ကြိမ်တွင် ဂူရာဒန်က ကြယ်နှစ်ပွင့် ဆင့်ကဲ ပြောင်းလဲခြင်းကို သဘောပေါက်သွားပြီး စူပါစနစ်၏ ‘သေခြင်းတရားနတ်ဘုရား’ ဖြစ်ရုံတင်မက ချန်လွေ့၏ စွမ်းအားကို များစွာ တိုးမြှင့်ပေးခဲ့သည်။ အထူးသဖြင့် [ကြယ်စုံနတ်ဘုရားမြင်ကွင်း]ကို ဖြစ်၏။ သို့သော် ၎င်းမှာ အကြီးမားဆုံး အံ့ဩစရာ မဟုတ်ခဲ့။ စစ်မှန်သော အံ့ဩစရာမှာ ဂူရာဒန်သည် ဥပဒေသ အပိုင်းအစ၏ နက်နဲမှုကို အဖြေရှာနိုင်ခဲ့ခြင်းပင်။ သူက သေခြင်းတရား နတ်ဘုရား၏ ယုံကြည်မှု စွမ်းအားဖြင့် ဥပဒေသ အပိုင်းအစနှင့် ဆင်တူသော စွမ်းအင်ဖြစ်တည်မှုတစ်ခုကို ဖန်တီးနိုင်ခဲ့လေသည်။ ဖန်တီးလိုက်သော ပမာဏမှာ အတော် များပြားလှသည်။

ရေကန်ပြာ တောင်တန်း ကြယ်မြို့၏ စမ်းသပ်မှုနှင့် သုံးသပ်ချက် အပြီးတွင် ဂူရာဒန် ပြုလုပ်သော စွမ်းအင် ဖြစ်တည်မှုက အမြင့်ဆုံး အဆင့် စည်းမျဉ်းစွမ်းအင်သို့ ပြောင်းနိုင်ကြောင်း အတည်ပြုပြီး ဖြစ်သည်။ ‘အရည်အသွေး’ နှင့် ‘အရေအတွက်’မှာ စစ်မှန်သော ဥပဒေသအပိုင်းအစထက် နိမ့်သော်လည်း အယုံကြည်ရဆုံးသော စည်းမျဉ်းစွမ်းအင် အရင်းအမြစ် တစ်ခုကို ပံ့ပိုးပေးခြင်းနှင့် ညီမျှပေသည်။ ဂူရာဒန်နှင့် ချန်လွေ့တို့ မသေဆုံးသရွေ့ သူတို့က အဆုံးမဲ့ စည်းမျဉ်းစွမ်းအင်များ ထုတ်နိုင်ပေသည်။

ဆိုလိုသည်မှာ ကြယ်မြို့က ထိန်းချုပ်မှု အရေအတွက်၏ အထက်ကန့်သတ်ချက် အတွင်း၌ အထူးအဆင့် ယူနစ်များကို အဆက်မပြတ် ထုတ်လုပ်နိုင်ခြင်းပင်။ စွမ်းအင် အလွန်အမင်း သုံးစွဲသော အမြောက်ကြီး သုံးလက်သည်လည်း အပြင်းထန်ဆုံး စွမ်းအားကို ထုတ်ဖော် နိုင်ပေမည်။

ထိုအချိန်မှစ၍ ချန်လွေ့၏ ကြယ်မြို့မှ အရှုပ်ထွေးဆုံး အဆင့်မြင့် စွမ်းအင် ပြဿနာ နောက်ဆုံးတွင် အောင်မြင်စွာ ပြေလည်ပြီ ဖြစ်သည်။ ကြောက်မက်ဖွယ် မိုးပျံနယ်မြေတွင် ရရှိခဲ့သော ဥပဒေသ အပိုင်းအစနှင့် ဥပဒေသ သလင်းကျော် စက်လုံးများကိုမူ ချန်လွေ့ စုထားခဲ့သည်။ အနည်းဆုံးတော့ အနာဂတ်တွင် ၎င်းကို လူအချို့ စွမ်းအားများကို လျင်မြန်စွာ တိုးမြှင့်ရာတွင် အသုံးပြု နိုင်ပေသည်။ မှန်ပေသည်။ ထိုတိုးတက်မှု လမ်းတွင် အချို့ ‘ဘေးထွက်ဆိုးကျိုးများ’ ရှိသည်။ ဥပမာအားဖြင့် အထူးအဆင့် ပြီးနောက် တိုင်းပြည်အဆင့်ကို ဖောက်ထွက်ရန် ပိုမိုခက်ခဲခြင်း စသည်တို့ ဖြစ်သည်။ သို့တိုင်အောင် သာမန်လူများအတွက်၊ အထူးသဖြင့် တဘဝလုံး အထူးအဆင့်သို့ မဖောက်ထွက် နိုင်သူများအတွက် ၎င်းက ဆူပူအုံကြွမှုနဲ့ စစ်ပွဲကို ဖြစ်စေနိုင်သော ရတနာတစ်ခုဆိုသည်မှာ သေချာသည်။

ချန်လွေ့ ယခင်တစ်ခေါက် အဲလစ်ကို တရားဟောခဲ့စဉ်က မင်းသမီးလေးက များများစားစား ဂရုမစိုက်ပုံရသော်လည်း သူက နောက်ဆုံးတွင် မိမိကိုယ်ကို ထိန်းချုပ်ခဲ့သည်။ မင်းသမီးလေးသည် မြေခွေးမတစ်ဦး၏ ဗျူဟာကို အသုံးပြု၍ လက်ရှိ မိသားစုကြီး အများအပြားကို ဖိနှိပ်ခြင်း၊ ပံ့ပိုးခြင်းနှင့် စာနာခြင်းတို့ကို ပြုလုပ်ခဲ့သည်။ ၎င်းမှာ မိသားစု ပြဿနာများကြောင့် မဟုတ်ဘဲ နိုင်ငံရေး လိုအပ်ချက်များကြောင့်ပင်။ ထိုသို့ လှုပ်ရှားမှု အပြီးတွင် အမှောင်လ နယ်မြေ၌ အစီအမံ ‘အသစ်’ များစွာကို အကောင်အထည် ဖော်ဆောင် ပေါင်းစပ် လိုက်သောအခါ အုပ်ချုပ်သူ အသစ်၏ စစ်မှန်သော ဂုဏ်သတင်း ဖြည်းညှင်းစွာ ပုံပေါ်လာခဲ့သည်။

မည်သို့ပင် ဖြစ်စေကာမူ အဲလစ်သည် တိတ်ဆိတ်စွာ ထိုင်နေနိုင်သူ တစ်ဦး မဟုတ်ပေ။ တစ်ချိန်တည်းမှာပင် သူ၏ အမိန့်ကြောင့် ဂျိုအန်နာ၊ ဆမ်မြူရယ်နှင့် အခြားသူများက အလွန်စွမ်းဆောင်နိုင်ရာ အဆင့်အတန်း တည်ငြိမ် သွားပြီးနောက် မင်းသမီးလေးက ‘ကြီးကြပ်သူ’ တစ်ဦး အဖြစ် အလွယ်တကူ ရောက်လာသည်။ အချို့သော အဓိက ဆုံးဖြတ်ချက်များမှ လွဲ၍ ကျန်အရာများကို ဂျိုအန်နာနှင့် အခြား သူများထံသို့ လွှဲအပ်လိုက်သည်။ ဘာပဲဖြစ်ဖြစ် သူတို့တွေက အစ်ကို့ရဲ့ လူတွေပဲ။ အဲဒါကြောင့် သူတို့က လုံးဝ ယုံကြည်ရတယ်။ (ဟွန့် ဟွန့် မင်းသမီး ဖြစ်တဲ့ငါလည်း မကြာခင် အစ်ကို့လူ ဖြစ်လာရမယ်...)

ချန်လွေ့က ၎င်းအပေါ် အတော်လေး အကူအညီမဲ့နေသည်။ ကံကောင်းစွာဖြင့် အမှောင်လတွင် ခိုင်မာသော အခြေခံ အုတ်မြစ် ရှိနေပြီး အဓိက အာဏာမှာ သူ၏ ကိုယ်ပိုင်လူများ၏ လက်ထဲတွင် ရှိနေ၏။

အမှောင်လနယ်မြေ၏ အုပ်ချုပ်သူ ပြောင်းရခြင်း တကယ့်အကြောင်းရင်းမှာ ဝေးလ်စ်မိသားစုကို ပစ်မှတ်ထားခြင်း မဟုတ်ဘဲ အသီနာက မိခင်လောင်း တစ်ဦးအဖြစ် အာရုံစိုက်လိုပြီး နယ်မြေ အရေးကိစ္စများကို မစောင့်ရှောက်နိုင်ရာ သူက နုတ်ထွက်ရန် စာတင်ခဲ့သည်။ ရှီရာ၏ တစ်ဦးတည်းသော ညီမတော်၊ အင်ပါယာ၏ ပထမဆုံးမင်းသမီးအနေဖြင့် အဲလစ်က ကြယ်ကြွေတမန်အင်ပါယာနှင့် နတ်ဆိုးဘုံ၏ အကြီးဆုံး နယ်မြေကို လွှဲပြောင်းယူရန် အသိအမှတ်ပြုခံရသည့် အကောင်းဆုံး ကိုယ်စားလှယ်လည်း ဖြစ်ပေသည်။

ထိုသို့ ပြောသော်လည်း အကယ်၍ အခြားတစ်ယောက်ယောက် နယ်မြေကို လွှဲပြောင်းရယူပါက ရှီရာကို အသာထား။ ထိုနယ်မြေကို ဖွံ့ဖြိုးတိုးတက်စေခဲ့သော ချန်လွေ့ပင် သဘောတူမည် မဟုတ်ပေ။

ရှီရာ အဲလစ်ကို အမှောင်လတွင် ထားသည့် နောက်ထပ် အကြောင်းရင်းမှာ ညီမဖြစ်သူ၏ နှလုံးသားက လွန်ခဲ့သော နှစ်များစွာ ကတည်းက ချန်လွေ့ အပေါ်တွင် ချည်နှောင်ထားပြီး ဖြစ်ပြီး မည်သို့သော အခါမှ မတုန်လှုပ်ခဲ့ပေ။ ၎င်းမှာ ရိုးရှင်းသော၊ မသဲမကွဲသော ‘နှစ်သက်မှု’ မဟုတ်တော့။ အင်ပါယာ၏ ပထမ မင်းသမီးတစ်ဦး အနေဖြင့် လက်ထပ်ထိမ်းမြားခြင်းက အင်ပါယာ၏ အကျိုးစီးပွားကို အကျိုးပြုရန် ကံကြမ္မာ ပါလာပြီး ရေတွက်၍ မရနိုင်သော လက်ထပ်ခွင့်တောင်းသူများ ရှိသော်လည်း ရှီရာက အဲလစ်ကို အတင်းအကျပ် မလုပ်ခဲ့ပေ။ သူက ရှားပါးသော ပျော်ရွှင်မှု တစ်ခုကို ခံစားခဲ့ပြီး ဖြစ်ရာ အချစ်ဆုံးညီမကို ဆန္ဒအတိုင်း အကောင်အထည်ဖော်ခွင့် အဘယ်ကြောင့် မပေးရမည်နည်း။

ယောက်ျားတစ်ယောက်ရဲ့ သလင်းကျောက် အရွယ်အစားကတော့ ... လိုအပ်တဲ့ အခါကျရင် ငါက ဆက်ပြီး အပြစ်တင် ရှုပ်ချပြီးတော့ တုံ့ဆိုင်းနေမှာ မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် ဒါက အဲဒီလူရဲ့ အမှားပဲ။

သို့နှင့် ရှီရာက ချန်လွေ့အား သွယ်ဝိုက်သော စကား တစ်ခွန်းကို ပြောခဲ့၏။ “အဲလစ်က မငယ်တော့ဘူး။”

ထိုစကားက ဧကရီအရှင်မ တစ်ပါးနှင့် အစ်မ တစ်ယောက်၏ သဘောထားကို အပြည့်အဝ ပြသခဲ့လေသည်။ အမှန်မှာ အဲလစ်သည် လိုလီလေး တစ်ယောက်နှင့် တူနေပြီး သူ၏စရိုက်က လုံးဝ မကြီးပြင်း လာပုံရသည်။ သို့သော် သူ၏အသက်မှာ အမှန်တကယ်တွင် လိုလီ တစ်ယောက် မဟုတ်တော့ပေ။

ချန်လွေ့က မင်းသမီးလေး အတွေးကို ကောင်းစွာ သိသည်။ နှစ်များတလျှောက် သူ လုံးဝ လျစ်လျူရှုခဲ့သည်ဟု ဆိုလျှင် လိမ်လည်ရာ ကျပေလိမ့်မည်။ ထို့ကြောင့် သူက ကတိတစ်ခုကို ပေးခဲ့သော်လည်း ပြဿနာမှာ... ထိုသေးငယ်သော ခန္ဓာကိုယ်ပင်။ သူက နှစ်များစွာကြာ ကောင်းကင် ပညာရေးကို လက်ခံခဲ့ရာ မလွှဲရှောင်သာသော အပြစ်ရှိစိတ် တစ်ခု ဖြစ်လာခဲ့သည်။

မီးစင်ကြည့် ကတာပေါ့...

“အစ်ကို...” အဲလစ်က စိတ်လွင့် နေသော အကြည့်နှင့် ဖြစ်နေသော ချန်လွေ့ကို ကြည့်လိုက်ပြီး သူ၏ ပေါင်မုန့် မျက်နှာကို ဒေါသတကြီး ဖောင်းလိုက်၏။ “ဒီပေါင်းထားတဲ့ အနီစက်ငါးကို ကိုယ်တိုင် ခက်ခက်ခဲခဲ လုပ်ခဲ့တာ။ ဘာလို့ တူကို အကြာကြီး ကိုင်ထားပြီး တစ်ကိုက်တောင် မစားရသေးတာလဲ။”

“ဘာလို့လဲဆို အဲဒီတူက ကိုင်ရတာ အရမ်း ခက်လို့ပဲ။ ဓားတစ်ချောင်းထက် ပိုပြီး‌တော့တောင် ခက်သေးတယ်။” ရိုမန် သက်ပြင်းချလိုက်ပြီးနောက် ရှေ့မှ ဝါးတူ နှစ်ချောင်းကို ကြည့်လိုက်လေသည်။ “ခေါင်းဆောင် ဘယ်လိုလုပ် ဒီလောက် ကောင်းကောင်း သုံးနိုင်လဲဆိုတာ ငါ မသိဘူး။ တို့ဟူးတောင် ညှပ်နိုင်တယ်။”

“ရိုမန်လေး။ ဒါက မခက်ပါဘူး။” အစ်ဇဘယ်လာက ပဲအနည်းငယ်ကို တူဖြင့် ညင်သာစွာ ညှပ်ယူလိုက်ပြီး ပါးစပ်ထဲသို့ ထည့်လိုက်သည်။

“ပြဿနာက အရည်အချင်းပဲ။” ဒေလီယာ ခေါင်းခါပြီး ပေါင်းထားသော ဝက်နံရိုး တစ်ဖဲ့ကို ယူကာ အသီနာ၏ ပန်းကန်ထဲသို့ ထည့်ပေးလိုက်သည်။ “အသီနာ ဒါကိုများများစား၊ ကလေးက အာဟာရလိုတယ်။”

အသီနာက ပြုံးရင်းနှင့် ခေါင်းညိတ် လိုက်သည်။ “အင်း...”

“ဒေါ်လေး အသီနာ၊ ဒါစား...” သော်သော်က ငါးအသားလုံး တစ်တုံးကို ညှပ်ယူပြီး အသီနာ၏ ပါးစပ်နားသို့ ဂရုတစိုက် ခွံ့ပေးလိုက်သည်။

“သော်သော်က လိမ္မာလိုက်တာ၊ ဒေါ်လေးက သမီးကို အချစ်ဆုံးပဲ။” အသီနာက ပါးစပ်ဟကာ ငါးအသားလုံးကို ယူပြီး သော်သော်၏ မျက်နှာလေးကို ချစ်ခင်စွာ ထိလိုက်သည်။

သော်သော်လေး တူသုံးနိုင်သည်ကို မြင်ရာ ရိုမန် လုံးဝ ရှုံးနိမ့်သွားလေသည်။

ထိုအခါမှ ချန်လွေ့သည် သတိ ပြန်လည်လာပြီး တူကို ဆန့်တန်းကာ အဲလစ် ယူလာသော ပေါင်းထားသည့် အနီစက်ငါးကို တစ်လုပ် အကြီးကြီး မြည်းစမ်းပြီးနောက် ခေါင်းညိတ်လိုက်၏။ “ကောင်းလိုက်တာ။ အဲလစ်ရဲ့အဆင့်က ပိုပိုပြီးတော့ မြင့်လာပြီ။”

အဲလစ် တိတ်တဆိတ် ဂုဏ်ယူနေစဉ် ငါးအကြိုက်ဆုံးဖြစ်သော မစ်-နဂါးနက် ပြေးဝင်လာသည်။ “ကျွန်မ မြည်းမယ်!”

“အများကြီး မစားနဲ့နော်။” အဲလစ်က ဝင့်ကြွားလျက် ပြောလိုက်သည်။ “ဒါကို အစ်ကို့အတွက် အထူး လုပ်ထားတာ။ ကြိုက်တယ်ဆို နောက်တစ်ခါ မင်းသမီး စံအိမ်ကို သွားတဲ့အခါ နင့်အတွက် ကိုယ်တိုင် လုပ်ပေးမယ်။”

“အတော်လေး လတ်ဆတ်တဲ့ပုံပဲ။” မစ်-နဂါးနက် မြည်းစမ်းရန် တစ်ကိုက် ကိုက်လိုက်ပြီး ရုတ်တရက် မျက်မှောင် ကြုတ်လိုက်သည်။ “ခဏနေဦး။ ဘာလို့ နောက်ကျောက အသားက ဒီလောက် မာနေတာလဲ... ဒါက မကျက်သေးတာ အသေအချာပဲ။ အဲလစ်!”

“မဖြစ်နိုင်ဘူး!” အဲလစ် ထိတ်လန့် သွားခဲ့သည်။ သူက တူဖြင့် အလျင်အမြန် ထိုးကြည့်လိုက်သည်။ အသေအချာပင် ငါးအသားက အပေါ်ယံတွင်သာ နူးညံ့ပြီး အတွင်းမှ အသားမှာမူ နီရဲပြီး မာကျော နေလေသည်။ ၎င်းမှာ အမှန်တကယ်ပင် မကျက်သေးပေ။

“ဒါက အပူချိန်ကြောင့်ပါပဲ။ အဆင်ပြေ ပါတယ်။ ရှေ့က အရသာ တကယ် ကောင်းတယ်။ မြည်းစမ်းကြည့်ကြည့်။ အဲလစ်က ဒါကို အချစ်နဲ့ လုပ်ထားတာ။” အဲလစ်၏ ဝမ်းနည်းသော မျက်နှာကို မြင်ရာ ချန်လွေ့က သူ၏ခေါင်းကို ထိလိုက်သည်။ “အင်း အချဉ်ရည် နည်းနည်း ထည့်ပြီးတော့ ခဏလောက် ပေါင်းလိုက်ရင် ဘယ်လိုလဲ။ ဒါဆိုရင် သေချာပေါက် ပိုကောင်းလာလိမ့်မယ်။”

“အင်း!” အဲလစ်၏ နှလုံးသားထဲတွင် နွေးထွေးသွားသည်။ သူက ပန်းကန်ကို ပျော်ရွှင်စွာ မီးဖိုချောင်သို့ သယ်ဆောင် သွားခဲ့သည်။

“ဦးလေး။ ခင်ဗျားရဲ့ ကလေးမလေး တစ်ယောက်ကို ချော့တဲ့ လှည့်ကွက်က တူကျွမ်းကျင်မှုလောက် ကောင်းတာပဲ။” ရိုမန်က မျက်လုံးများကို ညှစ်လိုက်သည်။ “အချိန်ရရင် ကျွန်တော့်ကို လှည့်ကွက် တချို့ သင်ပေးပါလား။”

မင်း တစ်မိနစ်လောက် ဒုက္ခမရှာရင် သေသွားမှာလား။ ချန်လွေ့သည် ရိုမန်ကို တိုက်ရိုက် လျစ်လျူရှုလိုက်၏။

“ကျုပ်လည်း သင်ချင်တယ်။ ကျုပ်ရဲ့ စံနှုန်းက ခင်ဗျားထက်ကို ပိုကြီးတဲ့ မောင်းမဆောင် တည်ဆောက်ဖို့ပဲ။” လာလာလိုလီလည်း မျက်စိတစ်ဖက်ကို မှိတ်ပြလိုက်သည်။ “တကယ်လို့ အဲဒါ တကယ် အသုံးဝင်တယ်ဆိုရင် ကျုပ်ရဲ့ အဖိုးတန် ခန္ဓာကိုယ်ကို စတေးပြီး ခင်ဗျားနဲ့အတူ ‘အဲဒီဟာ’ လုပ်ဖို့အတွက် စဉ်းစားပေူနိုင်တယ်။ အိုဟိုဟိုဟိုဟို...”

ချန်လွေ့က လာလာရီယာကိုလည်း လျစ်လျူရှုလိုက်ရာ သူ၏ စိတ်ထဲတွင် အစ်ဇဘယ်လာ၏ ရယ်သံ ထွက်ပေါ် လာခဲ့သည်။ “ရှင် လာလာရီယာနဲ့ ဘယ်တုန်းက ငြိသွားတာလဲ။ ရှင်တို့ ‘အဲဒီဟာ’ ဘယ်နှစ်ခေါက် လုပ်ပြီးပြီလဲ။ ရှင်က လျှို့ဝှက်ချက်တွေ ကောင်းကောင်း ထိန်းသိမ်း နိုင်တာပဲ။ ကျွန်မတို့တောင် မသိဘူး။”

ထိုအရာမှာ စူပါစနစ် နတ်ဘုရား၏ အထူး လုပ်ဆောင်ချက်များထဲမှ တစ်ခု ဖြစ်သော [နှလုံးသားစကားပြောခြင်း] ဖြစ်သည်။ သူတို့က စိတ်ခေါ်ဆိုမှု အခြေအနေကို ဖွင့်နိုင်ပြီး အကွာအဝေး တစ်ခုအတွင်း၌ အချင်းချင်း ဆက်သွယ် ပြောဆိုနိုင်ပေသည်။ အခြား မည်သူမျှ သိနိုင်မည် မဟုတ်ပေ။

ထိုသို့ စိတ်ခေါ်ဆိုမှု အခြေအနေက ရိုးရှင်းသော ‘သီးသန့်စကားပြော’ တစ်ခု မဟုတ်ဘဲ ‘ပလက်ဖောင်း’ တစ်ခုနှင့် ညီမျှပေသည်။ ချန်လွေ့၏ အထူး ခွင့်ပြုချက်ဖြင့် လူအများအပြား တစ်ချိန်တည်းတွင် စကားပြောနိုင်၏၊ အခြားလောကမှ သီးသန့် စကားပြော ချန်နယ် တစ်ခုကဲ့သို့ပင်။

ခီရာ၏ အသံလည်း ထွက်လာသည်။ “ဝမ်းနည်းစရာပဲ... သိပ်မကြာခင်က ကျွန်မတို့ ချစ်ကြည်နူးနေတုန်း ပုံစံတွေ အများကြီး ပြောင်းခဲ့တာတောင်မှ ရှင့်ကို စိတ်ဓာတ် တက်ကြွအောင် မလုပ်နိုင်တာ ဒါကြောင့်ကိုး။”

ချန်လွေ့ ပြောစရာစကား မဲ့သွားသည်။ ‘စိတ်ဓာတ်မတက်ကြွနိုင်ဘူး’က ဘာကို ဆိုလိုတာလဲ။ ငါ တစ်ညကို အများကြီး ပြီးခဲ့တာထားဦး။ မင်းလို ကဝေမလည်း အကြိမ် အများကြီး ဝိညာဉ်လွင့်ခဲ့တာပဲ။ ဘယ်လိုလုပ် ဒီလို အရှက်မဲ့တဲ့ စကားတွေ ပြောနိုင်ရတာလဲ။

“ရှင် လာလာရီယာကို ရန်စခဲ့ရင် ဘာလို့ အဲလစ်ကို ဒီလောက်ကြာအောင် စောင့်ခိုင်းထားရတာလဲ။” အသီနာက သက်ပြင်းချလိုက်၏။ “စိတ်ပျက်စရာပဲ။”

“ယောက်ျားတွေအားလုံးက ဒီလောက် လောဘ ကြီးကြတာလား။ မိန်းမတွေကိုပဲ ကြိုက်တဲ့ လာလာရီယာတောင်မှလား။ နောက်ပိုင်း အိုလီဖီးရက်စ်ကို သတိထားဖို့ ပြောထားရတော့မယ်ထင်တယ်။”

“ရင်းနီ၊ အသီနာ၊ ငါ ကြားတာကတော့ ပင်လယ်သေမှာ ဟယ်လင် အပြင်ကို အရင်က ဘေးချင်းယှဉ် တိုက်ခိုက်ခဲ့ဖူးတဲ့ မိတ်ဆွေ တစ်ယောက် ရှိသေးတယ်တဲ့။ အက်ဒီလိုင်းရဲ့ အစ်မ ထင်တယ်။ သူ့ရဲ့ နာမည်က ဘာပါလိမ့်...”

“မင်းတို့ အားလုံး လမ်းချော်နေကြပြီ။ ကိုယ်က တကယ်ပဲ လာလာရီယာနဲ့ ဘာမှ မပတ်သက်ပါဘူး...”

ချန်လွေ့ ခေါင်းကိုက်လာခဲ့လေသည်။ လက်တွေ့တွင် ဇနီးမယား သုံးဦး၏ လှောင်ပြောင်မှုများကို ကြည့်ရင်း သူက အဖွဲ့လိုက် လှည့်စားခံလိုက်ရကြောင်း သူ သိသွားခဲ့ပြီး ချွေးစေးများကို သုတ်လိုက် မိသည်။ သို့သော် ကံကောင်းစွာပင် သူက ဇနီးများအတွက်သာ ‘သီးသန့်စကားပြော’ ခွင့်ပြုချက်ကို ဖွင့်ထားခဲ့သည်။ အကယ်၍ အခြား သူများကို ထပ်ထည့်လိုက်ပါက သူ၏ခေါင်း သေချာပေါက် ပေါက်ကွဲသွား ပေလိမ့်မည်။

ထိုအခိုက် အသံတစ်ခု သူ၏စိတ်ထဲသို့ နောက်တစ်ကြိမ် ရောက်ရှိလာခဲ့သည်။ “ချန်လွေ့! ချန်လွေ့!”

ထပ်ပြီးတော့လား။ ချန်လွေ့က လျစ်လျူရှုရန် ပြင်လိုက်စဉ် ရုတ်တရက် ထိုအသံနှင့် ပတ်သက်၍ တစ်စုံတစ်ခု လွဲချော်နေသည်ဟု ခံစားလိုက်ရသည်။ ဒါက ဖိုက်သွန်လား။

ဖိုက်သွန်က ဇိုလာနဲ့ သွေးရောင် အင်ပါယာရဲ့ [ကြမ္မာဆိုး ကပ်ဘေး တိုင်းပြည်]မှာ လေ့ကျင့်နေတာမလား။

ဒါနဲ့ ဖိုက်သွန်က ဒီမောင်းမဆောင်ရဲ့ သီးသန့် စကားပြော ‘ချန်နယ်’ထဲကို ဘယ်လို ဝင်လာနိုင်တာလဲ။

အကွာအဝေးရော၊ လုပ်ပိုင်ခွင့်အရရော မဖြစ်နိုင်ဘူး...

မဟုတ်ဘူး။ ဒါက ကြယ်စင်စု နတ်ဘုရားကျောင်းကနေ ဖြစ်ရမယ်!

ဒါက ‘နတ်ဘုရားဖြစ်လာပြီး’တော့ ခွဲထွက်သွားတဲ့ ဝိညာဉ် အသိစိတ်ရဲ့ အစအနပဲ!

“ချန်လွေ့!”

ခေါ်သံ နောက်တစ်ကြိမ် ထွက်လာရာ ချန်လွေ့က စဉ်းစားမနေဘဲ ကြယ်စင်စု နတ်ဘုရားကျောင်းထဲသို့ ဝင်ရောက် လိုက်သည်။

ဖိုက်သွန်၏ အသံက ကြယ်စင်စု နတ်ဘုရားကျောင်း၏ အဓိကခန်းမတွင် စိုးရိမ်တကြီး ပေါ်လာခဲ့သည်။ သူက စကားသုံးခွန်းသာ ချန်ထားခဲ့ပြီးနောက် ပျောက်ကွယ်သွားခဲ့၏။

“[ပျက်စီးကိန်းကပ်ဘေးတိုင်းပြည်]ကို လာခဲ့။ အင်အားကြီး ရန်သူတစ်ယောက်နဲ့ တွေ့နေတယ်!”

“ပါ့ဂ်လီအိုကိုပါ ခေါ်လာခဲ့!”

“မြန်မြန်!”

All Chapters