← Chapters

အက်ဘက်ဒွန်

Vol. 73 Ch. 1156

အက်ဘက်ဒွန်

Vol. 73 Ch. 1156

“မင်း မုဆိုးမဖြစ်ဖို့ ဒီလောက်တောင် စိတ်ပိုင်းဖြတ်ထားတာလား။” ချန်လွေ့ ပျောက်ကွယ်သွားပြီးနောက် ရိုင်ဇန်က သမီးဖြစ်သူကို စူးရှသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ “မင်းကိုယ်တိုင် ဆက်ခ်ရက်တောင်မှာ နှစ်ပေါင်းများစွာ နေခဲ့တာ။ မင်းရဲ့ယောက်ျားက ဘယ်လို ရန်သူတွေကို ရင်ဆိုင်ရတော့မယ် ဆိုတာ သေချာ သိသင့်တယ်။”

“မုဆိုးမတွေကို အကြိုက်ဆုံး ဖြစ်တဲ့ မျိုးမစစ်ကောင် တစ်ယောက် ရှိတယ်။ ဒါပေမဲ့ ကံဆိုးတာက သူ ဒီမှာ မရှိတာပဲ။ အဲဒီ ကောက်ကျစ်တဲ့ လူသားကတော့ မင်း နှစ်သောင်းနဲ့ချီ သေသွားရင်တောင်မှ အဲဒီကောင်က ကျန်းမာ ပျော်ရွှင်ပြီး အသက်ရှင်နေဦးမှာပဲ။” ပျင်းရိသော အသံတစ်ခု ထွက်ပေါ်လာသည်။ ၎င်းမှာ စွမ်းအားကို ‘ချေဖျက်’ ပြီးသွားသော ပါ့ဂ်လီအိုပင်။

ထိုစဉ်က ရိုင်ဇန် တစ်ဦးတည်းကပင် မှော်ဆရာခံတပ်တွင် ပါ့ဂ်လီအို၊ ဇိုလာနှင့် ချန်လွေ့ကို အနိုင်ယူခဲ့သည်။ နောက်ပိုင်း ပါ့ဂ်လီအိုက သွေးရောင်အင်ပါယာ၏ သိုင်းပညာ ပြိုင်ပွဲတွင် ပါဝင်ခဲ့သည်။ နှစ်ဦးလုံး တစ်ယောက်နှင့်တစ်ယောက် မစိမ်းကြပေ။ ရိုင်ဇန်က ပါ့ဂ်လီအိုထံမှ ခပ်ရေးရေး အငွေ့အသက်ကို အာရုံခံမိရာ သူက တိတ်တဆိတ် အံ့ဩသွားသည်။ “သူ့မှာ လွတ်မြောက်ဖို့ နည်းလမ်း တစ်ခုခု ရှိလို့လား။”

“မင်းရဲ့သတင်း အရမ်းနောက်ကျနေပြီ ရိုင်ဇန်။” အဆိပ်နဂါးက လက်ချောင်းကို လှုပ်ခါလိုက်သည်။ “‘အနားယူ’ပြီးတော့ မင်းရဲ့ စိတ်နဲ့ အမြင်အာရုံတွေတောင် အားနည်းသွားတာလား။ စေတန် ဘယ်လောက်ပဲ အစွမ်းထက် နေပါစေ၊ သူက နတ်ဘုရား-ယောင် ထဲမှာပဲ ရှိနေသေးတာယ်။ နတ်ဘုရား တစ်ပါး မဖြစ်သေးဘူးလေ။ ဟုတ်တယ်မလား။”

“မင်း ဘာကို ပြောတာလဲ။” ရိုင်ဇန် မျက်မှောင်ကြုတ်လိုက်သည်။

“ငါသိတဲ့ နတ်ဘုရား-ယောင် အထွတ်အထိပ် အဆင့်က စေတန်အပြင် နောက်ထပ် လေးယောက် ရှိသေးတယ်။ လူသားလောက သိဒ္ဓိကျောင်းတော်ရဲ့ ကောင်းကင်တမန်တွေဖြစ်တဲ့ မိုက်ကယ်၊ ဂေဘရီယယ်နဲ့ ရာဖယ်ရယ်၊ ပြီးတော့ မိစ္ဆာမျက်ဆံစွမ်းအားနဲ့ မသေနိုင်ခြင်းရှိတဲ့ နတ်ဆိုးဘုံက ဆာရီရယ်။ လွန်ခဲ့တဲ့ ၃နှစ်လောက်က ဆာရီရယ် ချန်လွေ့ရဲ့ လက်ထဲမှာ သေသွားခဲ့ပြီ။ လွန်ခဲ့တဲ့ လအနည်းငယ်က အဲဒီကောင် အရူးမ တစ်ယောက်နဲ့ သိဒ္ဓိအလင်းတောင်ဆီကို သွားပြီး အစွမ်းအထက်ဆုံး ကောင်းကင် တမန်သုံးပါးနဲ့ တိုက်ခဲ့တယ်။ ပြီးတော့ သူတို့ဘာမှမဖြစ်ခဲ့သလို ပြန်လာခဲ့တယ်။”

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလ်။” ရိုင်ဇန် တုန်လှုပ်သွားပြီး လွှတ်ခနဲ ပြောလိုက်၏။

ရိုင်ဇန် အံ့ဩသည်မှာ မထူးဆန်းပေ။ သွေးရောင်အင်ပါယာ၏ သိုင်းပြိုင်ပွဲတွင် ချန်လွေ့က နတ်ဘုရားတစ်ပိုင်း အဆင့် လာလာရီယာကို အနိုင်ယူခဲ့ပြီးနောက် လွှမ်းမိုးသော အဟုန်ဖြင့် ဗိုလ်လုပွဲသို့ တက်လှမ်းခဲ့သည်။ တစ်ချိန်တည်းမှာပင် ရိုင်ဇန်က အကြိုဗိုလ်လုပွဲ မတိုင်မီတွင် လာလာရီယာ၏ အလွယ်တကူ အနိုင်ယူခြင်းကို ခံခဲ့ရသည်။ စွမ်းအား အဆင့်မှာ ထင်ရှားလှပေသည်။ ရိုင်ဇန်၏ လက်ရှိ စွမ်းအားဖြင့် သူသည် ထိုစဉ်က ချန်လွေ့၏ ပြိုင်ဘက် မဟုတ်ခဲ့ပေ။ ချန်လွေ့၏ စွမ်းအားလည်း နှစ်များ တလျှောက် တိုးတက်လာနိုင်ကြောင်းကို မျှော်လင့်ခဲ့သော်လည်း ထိုအဆင့်သို့ ခုန်တက်သွားမည်ဟု မထင်ထားခဲ့ပေ!

နတ်ဘုရား-ယောင်! နတ်ဘုရား-ယောင် အထွတ်အထိပ် အဆင့်! သူက စေတန်နဲ့ အဆင့်တူက အစွမ်းထက် ပုဂ္ဂိုလ် ဖြစ်နိုင်တဲ့ ဆာရီရယ်ကိုတောင် သတ်ခဲ့တယ်!

“ဘယ်လိုလုပ် မဖြစ်နိုင် ရမှာလဲ။” ဆရာသခင် အဆိပ်နဂါးက ဘဝ၏ အနိမ့်အမြင့်များဖြင့် ခေါင်းခါလိုက်သည်။ “ငါ့ကို အခု နတ်ဘုရားတစ်ပိုင်းအဆင့် အလယ်အလတ် အဆင့်လို့ မကြည့်နဲ့။ နှိုင်းယှဉ်တာက ဒေါသပဲ ဖြစ်စေနိုင်မှာ။ အဲဒီကောင်နဲ့ သူ့ရဲ့ မိန်းမတွေရှေ့မှာ ငါက ဦးညွှတ်ပြီး တပည့်တစ်ယောက် ဖြစ်ရုံပဲ တတ်နိုင်တယ်။ အဲဒီမှာ နလန်ထူနေတဲ့ အရူးမ... အမ်.. ဇိုလာ၊ သူရဲ့စွမ်းအားက နတ်ဘုရား-ယောင် အလယ်အလတ်မှာ၊ ပြီးတော့ ကတ်သရင်းကလည်း လွန်ခဲ့တဲ့ ၃နှစ်က နတ်ဘုရားတစ်ပိုင်း အဆင့် အထွတ်အထိပ်ကို ရောက်ခဲ့တယ်။ အခု သူက နတ်ဘုရား-ယောင်ရဲ့ တစ်ဆို့မှုကို ထိတွေ့နေလောက်ပြီ။ ချန်လွေ့ အခု သွားကယ်မယ့်သူက စေတန်နဲ့အတူ လိုက်လာတဲ့ သူရဲ့ လိုက်လံသတ်ဖြတ်တာ ခံရလောက်အောင် အရည်အချင်း ရှိတဲ့ ကြောက်စရာ အရူးမ တစ်ယောက်ပဲ။ သူရဲ့ စွမ်းအားကို မင်း စိတ်ကူးကြည့်လို့ ရနိုင်တယ်။ ပြောရရင်... ဟမ့် ဟမ့် အဲဒီ အရူးမက ကောက်ကျစ်တဲ့ လူသားနဲ့ ဇာတ်လမ်း ရှိနိုင်တယ်။”

နောက်ဆုံးစကားက အဆိပ်နဂါး လုံးဝ ဖန်တီးထားခြင်း ဖြစ်သော်လည်း ၎င်းတွင် ပါဝင်သော သတင်း အချက်အလက် ပမာဏက ရိုင်ဇန်ကို တုန်လှုပ်စွာဖြင့် စကားမဲ့သွားစေရန် လုံလောက်ပေသည်။ သူ တစ်ချိန်က ပါ့ဂ်လီအို၊ ဇိုလာနှင့် ကတ်သရင်းတို့ကို အစပိုင်း အနိုင်ယူ ခဲ့သည်ကို အသာထား၊ ယခု အင်အား အနည်းဆုံး ဖြစ်သော ပါ့ဂ်လီအိုပင်လျှင် သူ မော့ကြည့်နေရသည့် အမြင့်သို့ တက်လှမ်းသွားပြီ ဖြစ်သည်။

ရိုင်ဇန် ခဏတာ တိတ်ဆိတ်သွားပြီး ခေါင်းကို မော့လိုက်ကာ ကောင်းကင်ကို စိုက်ကြည့်နေသည်။ သူ့ကို မျက်လုံး တစ်စုံက စိုက်ကြည့်နေသည့်အလားပင်။ မင်းက ငါ့ထက် ပိုဝေးဝေးရောက်မှာပဲ။ ဟုတ်လား။

“သွားစရာ ခရီးလမ်း အရှည်ကြီး ရှိနေသေးတယ်။” ရိုင်ဇန် သူ့ကိုယ်သူ တိုးတိုးလေး ရေရွတ်လိုက်ပြီး တစ်ဖနီကို ကြည့်ကာ အခန်းမှ ထွက်သွားခဲ့သည်။

အမှောင်မီးဖို။

စေတန်၏ စွမ်းအားအောက်တွင် မူလ မန်မွန် တော်ဝင်မိသားစု၏ ထိုလျှို့ဝှက် နယ်မြေက သီးခြား လောကတစ်ခု ဖြစ်လာခဲ့သည်။

အမှောင်ကောင်းကင်ရှိ တိမ်နက်များ နောက်ကွယ်မှ အနီရောင် လျှပ်စီးများ လင်းလက်နေသည့်အလား အနီရောင် အလင်းတန်းတစ်ခု ရှိနေလေသည်။ မြေကြီးသည် အနက်ရောင် ဖြစ်နေပြီး ကြောက်မက်ဖွယ်ကောင်းသော အပူချိန် မြင့်မားမှုကို ထုတ်လွှတ်နေသော်လည်း မယုံနိုင်လောက်အောင်ပင် လူများကို လုံးဝ ဆန့်ကျင်ဘက် အေးစက်သည့် ခံစားချက်မျိုး ပေးနေသည်။

အဝေးမှ ကောင်းကင်က ပြင်းထန်စွာ တုန်ခါနေသည်။ ဧရာမ အင်အားနှစ်ခု အဆက်မပြတ် ဖြတ်ကျော် တိုက်ခိုက် နေကြသည်။ မျက်လုံး နှစ်လုံးက အင်အား နှစ်ခု၏ ရင်ဆိုင် တိုက်ခိုက်နေခြင်းကို တည်ငြိမ်စွာ ကြည့်ရှုနေ၏။ သူက လောကတစ်ခုလုံးနှင့် ပေါင်းစပ်နေပုံရပြီး လူများကို သူ၏တည်ရှိမှုအား သတိမထား မိလုနီးပါး ဖြစ်နေစေသည်။

ပြင်းထန်သော ထိခိုက်မှုတွင် လေထဲမှ အင်အား နှစ်ခု နောက်တစ်ကြိမ် ခွဲထွက် သွားကြပြန်သည်။

ဖိုက်သွန်က အနည်းငယ် မောဟိုက် နေသည်။ တစ်ကိုယ်လုံး အနက်ရောင် အငွေ့များ ထွက်နေပြီး အနီရင့်ရောင် ချပ်ကာကို ဝတ်ဆင်ထားသည်။ သူ၏ မျက်နှာတွင် ချွန်ထက်သော ဓားသွားဖြင့် ထိထားသော သွေးစွန်းရာ အနည်းငယ် ရှိနေ၏။ ဒဏ်ရာများအနီးမှ ရေတွက်၍ မရနိုင်သော သွေးကြောမျှင်များက အနည်းငယ် ဖောင်းနေပြီး ပင့်ကူအိမ်များ ကဲ့သို့ပင် ပျံ့နှံ့နေလေသည်။ ၎င်းတို့က မျက်နှာတစ်ဝက်ကို ချက်ချင်း ဖုံးသွားပြီး သူ့ကို အထူးသဖြင့် ခက်ထန်နေစေ၏။

ဖိုက်သွန်၏ မျက်နှာချင်းဆိုင်တွင် ဆံပင်အနက် ခပ်တိုတိုနှင့် အမျိုးသား တစ်ဦး ရှိနေသည်။ သူ၏မျက်လုံးက အပြာနက် အလင်းရောင် တောက်ပနေပြီး သူ၏ ကိုယ်ပေါ်မှ ချပ်ကာသည်လည်း အပြာနက်ကို အဓိကအဖြစ် ရှိနေသည်။ လက်ချောင်း ၁၀ချောင်းတွင် တစ်ပေခွဲ ရှည်သော လက်သည်းများ ရှိနေသည်။ ၎င်းတို့က ဓားသွားကဲ့သို့ အေးစက်စက် အလင်းရောင်ဖြင့် တောက်ပနေ၏။ ဖိုက်သွန်၏ မျက်နှာမှ ဒဏ်ရာများမှာ ထိုလက်သည်းချွန်များကြောင့် ဖြစ်ခဲ့ခြင်း ဖြစ်လေသည်။

ဖိုက်သွန်၏ မျက်လုံးများ လက်ခနဲ ဖြစ်သွားသည်။ အပြာရောင် အငွေ့များက သူ၏ မျက်နှာပေါ်ရှိ သွေးစွန်းရာများမှ ထွက်ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်ထဲမှ ပြင်ပ အင်အားကို ဖယ်ရှားလိုက်သည်။ မျက်နှာပေါ်မှ မူမမှန်သော ပျံ့နှံ့မှုလည်း လျင်မြန်စွာ ပျောက်ကွယ်သွား၏။ “ရှင့်ရဲ့ ကပ်ရောဂါ စွမ်းအားက ကျွန်မကို ဘာမှ လုပ်မရဘူး။ အက်ဘက်ဒွန်။”

“ဟုတ်ပါတယ်။ ဒါပေမဲ့ မင်းရဲ့ အဆိပ် စွမ်းအားလည်း ငါ့ကို ဘာမှမလုပ်နိုင်ဘူး။ ဆာရီရယ်ရဲ့ ကြမ္မာဆိုး ကပ်ဘေး စွမ်းအားနဲ့တောင်မှပဲ။” အက်ဘက်ဒွန် အမည်ရှိ ထိုအမျိုးသားက ကြောက်စရာ ကောင်းလောက်အောင် ပြုံးလိုက်သည်။ “ငါ မင်းကို ဒီလောက်နှစ်တွေ အများကြီး မတွေ့ခဲ့ရဘူး။ မင်း ငါ့ကို တကယ်ပဲ အံ့ဩစေခဲ့တယ်။ မင်းမှာ ဝိညာဉ်ပဲ ကျန်တော့တယ်လို့ ထင်ခဲ့တာ။ ဒါပေမဲ့ မမျှော်လင့်ဘဲ မင်း အံ့ဩစရာကောင်းတဲ့ ခန္ဓာကိုယ် တစ်ခုကို ရှာတွေ့ခဲ့တယ်။ ဒီလို အစွမ်းထက်တဲ့ အနီးကပ်တိုက်ခိုက်ရေး စွမ်းရည်ကို ငါတောင် ကြောက်မိတယ်။ ပိုပြီးတော့ အံ့ဩစရာကောင်းတာက မင်း ဆာရီရယ်ကို တကယ် အနိုင်ယူပြီး သူ့စွမ်းအားကို ဝါးမျိုခဲ့တာပဲ။ ဒါပေမဲ့ ကံဆိုးချင်တော့ သူ့ရဲ့ မိစ္ဆာမျက်ဆံကို မင်း မရခဲ့တာပဲ။ ဒါကြောင့် မင်း ငါ့ရဲ့ ဝိညာဉ်မျက်လုံးနဲ့ မယှဉ်နိုင်ဘူး။ ငါတို့ရဲ့ ပါရမီတွေက တစ်ယောက်နဲ့တစ်ယောက် တန်ပြန် သက်ရောက်မှု ရှိတယ်။ ငါ တစ်ယောက်တည်းဆိုရင်တော့ မင်းကို နိုင်မယ်လို့ မသေချာဘူး။ ကံဆိုးချင်တော့ အခုက တစ်ယောက်နဲ့ နှစ်ယောက် ဖြစ်နေတယ်။ ပြီးတော့ ဒါက ဒီလို နေရာမှာ ဖြစ်နေတာဆိုတော့ မင်းမှာ အနိုင်ရနိုင်ခြေ မရှိဘူး။”

ဖိုက်သွန်က ခေါင်းခါလိုက်လေသည်။ “အကြွင်းမဲ့ဆိုတာတွေ မရှိဘူး။ ကျွန်မ ကံဆိုးနေပြီလို့လး မထင်ဘူး။”

“မင်းက လက်တွေ့ကို အသိအမှတ် မပြုနိုင်တဲ့ လူတစ်ယောက် မဟုတ်ဘူး။ ငါတို့က မိတ်ဆွေဟောင်းတွေပါ။ မင်း အညံ့ခံဖို့ ရွေးချယ်မယ် ဆိုရင်တော့ အဲဒီခင်မင်မှုနဲ့...”

“ကျွန်မတို့မှာ ခင်မင်မှု ရှိတယ် ဟုတ်လား။” ဖိုက်သွန်က မထီမဲ့မြင် ပြုံးလိုက်သည်။ “ကျွန်မ မှတ်မိတာတော့ မကောင်းတဲ့ ရည်ရွယ်ချက်တွေရှိတဲ့ ယောက်ျားတစ်ယောက်ရဲ့ မျက်လုံးတွေ ကျွန်မကြောင့် ဖောက်ထုတ်ခံရလုနီးပါး ဖြစ်ခဲ့တာပဲ။”

“ယောက်ျားတွေက တစ်ခါတစ်ရံ အလှတရားနဲ့ စွဲဆောင်ခံရတာက မလွှဲမရှောင်သာပါပဲ။” အက်ဘက်ဒွန်က ဂရုမထားဘဲ ပြောလိုက်သည်။ “မင်းရဲ့ ခန္ဓာကိုယ်က အခု ပိုပြီး ဆွဲဆောင်မှုရှိပုံပဲ။ ဝိညာဉ် ပါရမီတစ်ခု အနေနဲ့ ငါ့ကို အဆွဲဆောင်ဆုံးက မင်းရဲ့ ဝိညာဉ်ပဲ။ မင်းမှာ အထူးဝိညာဉ် ပေါင်းစပ်ခြင်း စွမ်းရည်ရှိတယ်ဆိုတာ ခံစားမိတယ်...”

“ရှင် အရှက်မရှိတာကို မအံ့ဩမိဘူး။ ဒါပေမဲ့ နတ်ဘုရားနဲ့ အနီးစပ်ဆုံးလို့ အမြဲထင်နေတဲ့ လူတစ်ယောက်က မာနကို စွန့်လွှတ်ပြီး လူနည်းစုကို လူများစုနဲ့ အနိုင်ကျင့်လိမ့်မယ်လို့ ကျွန်မ မမျှော်လင့်ထားခဲ့ဘူး။” ဖိုက်သွန်က အက်ဘက်ဒွန်ကို ကြားဖြတ်ပြောလိုက်ပြီး အဝေးမှ တိုက်ပွဲကို ကြည့်ရှုနေသော စေတန်ကို မထီမဲ့မြင် ကြည့်လိုက်သည်။ စေတန်နှင့် အက်ဘက်ဒွန်တို့က သူကို ယခင်က လိုက်လံဖမ်းဆီးစဉ် သူတို့က စေတန်၏ တိုင်းပြည်ငယ်လောကရှိရာ အနောက်ဘက်သို့ တမင်တကာ အတင်းအကျပ် ဖိအားပေးခဲ့ကြသည်။

ထိုတိုင်းပြည်တွင် ဖိုက်သွန်၏ စွမ်းအားက အတိုင်းအတာ တစ်ခုအထိ ဖိနှိပ်ခြင်းခံထားရလေသည်။ စေတန်က လှုပ်ရှားခြင်း မပြုလျှင်ပင် အဝေးမှ တိုက်ပွဲကို ကြည့်ရှုနေရုံဖြင့် သူ့ကို အာရုံ ပျံ့လွင့်စေပြီး အစွမ်းအထက်ဆုံးစွမ်းအား မထုတ်ဖော်နိုင်စေရန် လုံလောက်သည်။

အရှုပ်ထွေးဆုံး အရာမှာ စေတန်က ဘာမှမလုပ်ဘဲ နေနေခြင်း မဟုတ်ပေ။ အက်ဘက်ဒွန် သူနှင့် တိုက်ခိုက်နေစဉ် သူက အရှိန်အဝါ ပျံ့နှံ့စေပြီး အနီးအနားမှ နေရာလွတ်ကို လုံးဝ ချိပ်ပိတ်ထားပြီး ဖြစ်သည်။ ထို့အပြင် ဒုက္ခပေးသော အချိန်အရှိန်အဝါနှင့် ပေါင်းစပ်လိုက်လျှင် အောင်မြင်စွာ ထွက်ပြေးလွတ်မြောက် နိုင်ခြေမှာ သုညနီးပါးပင်။

ဖိုက်သွန် စကားပြောရင်း စိတ်ထဲတွင် လျင်မြန်စွာ တွက်ချက်နေခဲ့လေသည်။ ဆက်ခ်ရက်တောင်အပြင်ကို စေတန်မှာ ဒုတိယ တိုင်းပြည်ငယ် တစ်ခု တကယ် ရှိနေတာပဲ။ ဒီအချိန် တစ်လျှောက်လုံး ဝှက်ထားခဲ့တဲ့ ဒီတိုင်းပြည်ငယ်က ဆာရီရယ်ကို ဆန့်ကျင်တိုက်ခိုက်ဖို့ လုပ်ထားတဲ့ စေတန်ရဲ့ အရန်အစီအစဉ် တစ်ခု ဖြစ်လောက်တယ်။

စေတန်ဖြစ်စေ၊ အက်ဘက်ဒွန်ဖြစ်စေ သူတို့က စွမ်းအားအရ ဖိုက်သွန်ထက် မနိမ့်ကျ။ အထူးသဖြင့် အက်ဘက်ဒွန်၏ စွမ်းအားက သူ့ကို ပို၍ထိခိုက်စေနိုင်၏။ ယခု ထိုကဲ့သို့သော တိုက်ပွဲသည် အသေအချာပင် သူ၏ စွမ်းအားကို ကုန်ဆုံးစေသည်။ သူတို့က သူကို တစ်ချက်တည်း ဖမ်းဆီးရန် အနိမ့်ဆုံး တန်ဖိုးကိုသာ ပေးဆပ်လိုကြသည်။

တစ်ခုတည်းသော မျှော်လင့်ချက်မှာ ဝိညာဉ်မှ သတင်းစကား လက်ခံရရှိသော ချန်လွေ့ လာကယ်ဆယ်ရန်ပင် ဖြစ်၏။ အသိစိတ်က ‘လောက’ထဲမှ ဝိညာဉ် အစအနနှင့် ပေါင်းစပ်လျှင် မူလခန္ဓာသည် မသိစိတ် အခြေအနေ၌ ရှိနေမည် ဖြစ်ရာ စကားသုံးခွန်းကပင် သူ့ကို ကြီးမားသော တန်ရာတန်ကြေးကို ပေးဆပ်စေခဲ့သည်။ အကယ်၍ ထိုအချိန်က သူ၏ ကိုယ်ပိုင် [ကြမ္မာဆိုးကပ်ဘေးတိုင်းပြည်]တွင် မရှိခဲ့ပါက အပြင်းအထန် ဒဏ်ရာရသွား ပေလိမ့်မည်။

“ငါ လုပ်ချင်တာတွေ အကုန်လုံးက ငါ့ရဲ့နှလုံးသား အပေါ်မှာပဲ အခြေခံတယ်။ မင်း ငါ့ကို ဘာလုပ်ရမယ် ဆိုတာကို ပြောပိုင်ခွင့်မရှိဘူး။ ပြီးတော့ ငါ့မာနက နားလည်နိုင်တာထက် သာလွန်တယ်။” စေတန်က ဖိုက်သွန်၏ မျက်လုံးများကို လျစ်လျူရှုစွာ တည့်တည့်ကြည့်လိုက်၏။ “တကယ်တော့ ဒီလိုအချိန်ဆွဲနေရတာက အဓိပ္ပာယ်မရှိဘူး။ နဂါးမိတ်ဆွေတောင်မှ အက်ဘက်ဒွန်ရဲ့ ကပ်ရောဂါလှောင်အိမ်နဲ့ ချုပ်နှောင်ခံထားရတယ်။ ကိုယ့်ကိုယ်ကို ဖျက်ဆီးပစ်ဖို့ မရွေးချယ်ရင် အဖမ်းခံရပြီး ပျက်စီးခြင်းစာအုပ် နောက်ဆုံးစာမျက်နှာ လွှဲပြောင်းပေးဖို့ပဲ တတ်နိုင်မယ်။”

ဖိုက်သွန်က သူ၏ မျက်လုံးများကို လှိမ့်လိုက်၏။ “ရှင်တို့က ဆာရီရယ်ဆီကို ပူးပေါင်း ဆောင်ရွက်မှု တစ်ခုခုအတွက် လာခဲ့တာပဲ။ ဘာလို့ ရှင်တို့က ကျွန်မကို သေရင်သေ၊ မဟုတ်ရင် အညံ့ခံ ခိုင်းရတာလဲ။ ကျွန်မမှာ ပျက်စီးခြင်း စာအုပ်ရှိနေတာကို ဘာလို့ ကျွန်မက ပူးပေါင်းဆောင်ရွက်သူ မဖြစ်နိုင်ရမှာလဲ။ ရှင်က ကျွန်မကို အက်ဘက်ဒွန်နဲ့ ဆာရီရယ်လို ထိန်းချုပ်ဖို့ လှည့်စားဖို့ မလွယ်ဘူးလို့ ထင်နေတာလား။”

“မင်းဒီအချိန်မှာ ငါတို့ရဲ့ဆက်ဆံရေးကို သွေးထိုးနိုင်သေးတယ်။ ဖိုက်သွန် ဆိုတဲ့ အတိုင်းပဲ။” စေတန်က အက်ဘက်ဒွန်ကို ကြည့်လိုက်သည်။ “ငါပဲ ဖြစ်ဖြစ်၊ အက်ဘက်ဒွန်ပဲ ဖြစ်ဖြစ်၊ ဆာရီရယ်ပဲ ဖြစ်ဖြစ် ငါတို့အားလုံးမှာ အတော်အတန် ကြီးမားတဲ့ ရည်မှန်းချက်တွေ ရှိတာကို မငြင်းနိုင်ဘူး။ တစ်နေ့နေ့မှာ ငါတို့ ကြီးမားတဲ့ စွမ်းအားကို ရရှိတဲ့အခါ အချင်းချင်း ဆန့်ကျင်ဘက် ဖြစ်သွားမယ်။ ဒါပေမဲ့ ဘုံရည်မှန်းချက်တွေနဲ့ အကျိုး စီးပွားက အနည်းဆုံးတော့ တစ်နေ့နေ့ ရောက်လာမယ့် မျှော်လင့်ချက်ကို မြင်တွေ့နိုင်စေတယ်။ အဲဒီမတိုင်ခင်မှာ ငါ သူတို့နဲ့ ယုံကြည်ချက်ရှိရှိ ပူးပေါင်း ဆောင်ရွက်နိုင်တယ်။ ပြီးတော့ မင်းကိုတော့... ငါ ‘အန္တရာယ်ရှိတယ်’ လို့ပဲ ဖော်ပြလို့ရတယ်။”

“ဒါကို ချီးကျူးတယ်လို့ မှတ်ရမလား။” ဖိုက်သွန်က နှာခေါင်းရှုံ့ မေးလိုက်သည်။

“အဲဒီလူ တစ်ယောက်တည်းပဲ မင်းကို စိတ်ရောကိုယ်ပါ လိုက်နာစေနိုင်မယ်။ ကံဆိုးချင်တော့ အဲဒီလူ... ဘာပဲဖြစ်ဖြစ် မင်းမှာ ဒီလိုအခွင့်အရေး ဘယ်တော့မှ ရှိတော့မှာ မဟုတ်ဘူး။”

ထိုသို့ပြောပြီးနောက် စေတန်က အေးစက်သော သတ်ဖြတ်လိုသည့် အငွေ့အသက်ကို ထုတ်လွှတ်လိုက်သည်။ “ငါတို့ အဲဒီတုန်းက ကြယ်ကြွေခဲ့သူတွေ ဖြစ်ခဲ့တဲ့အတွက် မင်းကို ရွေးချယ်မှုလုပ်ဖို့ နောက်ဆုံး အခွင့်အရေးတစ်ခု ပေးမယ်။ အညံ့ခံမလား။ ချေမှုန်းခံမလား!”

ဖိုက်သွန် တဖြည်းဖြည်း ခေါင်းခါလိုက်သည်။ “မေးခွန်းတချို့ရဲ့ အဖြေတွေကို ရှင် မသိပါဘူး။ အခု ကျွန်မတို့ ဒီအဆင့်ကို ရောက်နေတော့ အပိုစကားတွေ ပြောစရာမလိုတော့ဘူး။ ကျွန်မ ပျက်စီးသွားရင်တောင်မှ ရှင်တို့ ကြီးမားတဲ့ တန်ကြေးကို ပေးရလိမ့်မယ်။ ပြီးတော့ ပျက်စီးခြင်းစာအုပ်ကို ရှင်တို့ ဘယ်တော့မှ ရနိုင်မှာမဟုတ်ဘူး!”

“ရှိသမျှအားလုံးကို တစ်နေရာတည်း ပုံအောမယ်ဆိုရင် မထိခိုက်ဘဲ နေနိုင်မှာ မဟုတ်ဘူး ဆိုတာကို မငြင်းနိုင်ပါဘူး။ ဒါပေမဲ့ ငါ မင်းကို သတိပေးချင်တာက...” အက်ဘက်ဒွန်က လျှာကို ထုတ်လိုက်ပြီး သူ၏ လက်သည်းပေါ်မှ သွေးများကို လျက်လိုက်၏။ ၎င်းမှာ စိတ်ပိုင်းဆိုင်ရာ ဖိအားပေးမှုတစ်ခု ဖြစ်၏။ “မင်းရဲ့ နတ်ဘုရား-ယောင်ဘဝကို ဖောက်ခွဲလိုက် ရင်တောင် နောက်ဆုံး အခိုက်အတန့်မှာ မင်းရဲ့ဝိညာဉ်အပိုင်းအစတွေကို စားသုံးဖို့ အခွင့်အရေးရှိသေးတယ်။ အဲဒီအခါကျရင် မင်း တကယ်ပဲ ဒုက္ခရောက်လိမ့်မယ်။ ငါတို့ရဲ့ ပါရမီတွေက အချင်းချင်း တန်ပြန် သက်ရောက်မှု ရှိတယ်လေ။”

ဖိုက်သွန်က နှာခေါင်းရှုံ့လိုက်သည်။ သူ စကား မပြောနိုင်ခင်မှာပင် စေတန်က ရုတ်တရက် မျက်မှောင်ကြုတ်လိုက်၏။ “တစ်ယောက်ယောက် ဝင်လာတယ်!”

ထိုစကားက ဖိုက်သွန်၏ မျက်လုံးကို တောက်ပသွားစေပြီး အက်ဘက်ဒွန်က လက်မခံနိုင်ဘဲ ပြောလိုက်သည်။ “အဲဒီလို အသိတရားမရှိတဲ့ ပုရွက်ဆိတ်မျိုးတွေကို ကြိုက်သလို ဖျက်ဆီးပစ်လိုက်!”

“အမြန်နှုန်းက အတော်လေးမြန်တယ်! ဒီကို တန်းတန်းမတ်မတ် လာနေတာ!”

စေတန်၏ စကားများ ဆုံးသည်နှင့် ခရမ်းရောင် လျှပ်စီးတစ်ခု ကောင်းကင်မှ အနီရင့်ရောင် တိမ်များကို ထိုးဖောက် ဝင်ရောက်လာခဲ့သည်။

အက်ဘက်ဒွန်က အံ့အားသင့်သော အမူအရာကို ပြသခဲ့သည်။ စေတန်က အယ်ကြောင့် ‘အတော်လေးမြန်တယ်’ ဟု သုံးနှုန်းခဲ့သည်ကို သူ နောက်ဆုံးတွင် နားလည်သွားခဲ့လေသည်။ အမြန်နှုန်း တစ်ခုတည်းအရ ဆိုလျှင် သူသည်လျှင် ကြောက်ရွံ့ရပေမည်!

နောက်စက္ကန့်တွင် ပုံရိပ်တစ်ခု သူတို့ သုံးဦး၏ ရှေ့တွင် ပေါ်လာခဲ့သည်။

“မင်းပဲ!” ခရမ်းရောင် ကြယ်အလင်း တောက်ပနေသော ပုံရိပ်ကို စေတန်က မျက်နှာပေါ်တွင် မယုံကြည်နိုင်စွာဖြင့် ကြည့်လိုက်သည်။

တကယ်ပဲ သူပဲ!

ပြီးတော့ ခုနက အမြန်နှုန်းအရဆိုရင်...

ဖိုက်သွန်၏ ရယ်သံ ထွက်ပေါ်လာ၏။ “စေတန်။ အခု ရှင် ကျွန်မ နောက်တစ်ခါ တစ်ယောက်ယောက်နောက်ကို လိုက်ဖို့ အခွင့်အရေး မရှိတော့ဘူးလို့ ပြောတုန်းက ရှင် အဖြေကို မသိဘူးလို့ ကျွန်မ ဘာလို့ ပြောခဲ့လဲဆိုတာကို နားလည်လောက်ပြီ ထင်ပါတယ်...”

All Chapters