← Chapters

[ထာဝရကပ်ဘေး]

Vol. 73 Ch. 1158

[ထာဝရကပ်ဘေး]

Vol. 73 Ch. 1158

အပြာနက် အလင်းနှင့် ခရမ်းရောင် ကြယ်အလင်းတို့ဖြင့် ရောယှက်နေသော တောက်ပမှု တဖြည်းဖြည်း ငြိမ်းသွားပြီး ပုံရိပ်နှစ်ခု အဖြစ်သို့ တဖြည်းဖြည်း ပြန်လည် ပြောင်းသွားခဲ့သည်။

မျက်စိ သုံးလေးမှီတ် အတွင်းမှာပင် ချန်လွေ့နှင့် အက်ဘက်ဒွန်တို့သည် လျှပ်စီးလက်သလို အရှိန်ဖြင့် အကြိမ်ကြိမ် တိုက်မိခဲ့ကြသည်။ အထူးတိုက်ကွက်များ အရှိန်အဝါများ မရှိသော်လည်း နှစ်ယောက်လုံး၏ ချပ်ကာမှ အက်ကွဲကြောင်းများ ကျယ်လာခဲ့သည်။ အချို့ ဒဏ်ရာများမှာ သွေးထွက်နေဆဲ ဖြစ်ပြီး အန္တရာယ် အတိုင်းအတာကို ပြသနေလေသည်။ အကယ်၍ တစ်ယောက်ယောက် သတိမထားမိလျှင် သေစေနိုင်သော တိုက်ကွက် တစ်ခုကို လက်ခံရနိုင်လောက်ပေသည်။

ခုနက အနီးကပ် တိုက်ခိုက်ခြင်းတွင် သူတို့ နှစ်ဦးစလုံးက အချင်းချင်း အတိုင်းအတာ တစ်ခုအထိ နားလည် သွားကြလေသည်။ အက်ဘက်ဒွန်၏ တိုက်ခိုက်မှုမှာ ထူးဆန်းပြီး စဉ်းလဲကာ ချန်လွေ့၏ တိုက်ခိုက်မှုမှာမူ ရိုးရှင်း၏။ သူတို့တွင် လုံးဝဆန့်ကျင်ဘက် ဖြစ်သော ပုံစံများ ရှိနေသည်။ သူတို့နှစ်ဦးစလုံးတွင် ထိန်းချုပ် ခံထားရသည့် မသက်မသာ ခံစားချက်တစ်ခု ရှိနေ၏။

“မင်းက ငါ ထင်ထားတာထက် ပိုပြီး ကိုင်တွယ်ရ ခက်တယ်။” ထိုသို့ပြောပြီး အပြာနက်ရောင် အတောင်ပံ ၆စုံသည် တဖြည်းဖြည်း ပြန့်ကားလာပြီး ဓားမြှောင် ကဲ့သို့သော လက်သည်း ၁၀ချောင်းသည် အက်ဘက်ဒွန်၏ ရင်ဘတ် အရှေ့တွင် ကြက်ခြေခတ် ထားလိုက်သည်။ သူက ပါးစပ်မှ ပြောနေသော်လည်း ပြိုင်ဘက် အပေါ် ချုပ်ကိုင်ထားသော အကြည့်မှာ လုံးဝ မလျော့သွားခဲ့ပေ။

“ခင်ဗျားလည်း အတူတူပဲ။” ချန်လွေ့က အက်ဘက်ဒွန်ကို အနီးကပ် စိုက်ကြည့်နေရင်း နောက်တစ်ကြိမ် တိုက်ခိုက်ရန် အခွင့်အရေး တစ်ခုကို ရှာဖွေနေလေသည်။

မျိုးနွယ် - ကြယ်ကြွေတမန်

စွမ်းအားအကဲဖြတ်မှု - SSSS+

ခန္ဓာအမျိုးအစား - SSSS+

ခွန်အား - SSSS+

စိတ်ဝိညာဉ် - SSSS+

အမြန်နှုန်း - SSSS

ဂုဏ်သတ္တိ - ဝိညာဉ်မျက်လုံး၊ ကပ်ရောဂါ၊ ချေမှုန်းခြင်း၊ ပျက်စီးခြင်း၊ သေခြင်းဆင့်ခေါ်ခြင်း။

အန္တရာယ်အဆင့် - မြင့်မား

ရုတ်တရက် ထူးဆန်းသောအပြုံးတစ်ခု အက်ဘက်ဒွန်၏ မျက်နှာတွင် ပေါ်လာပြီး အပြာနက် မျက်လုံးများက အနည်းငယ် စတင် တောက်ပလာသည်။

ချန်လွေ့၏ မျက်လုံးများထဲတွင် အက်ဘက်ဒွန်၏ ပုံရိပ် တဖြည်းဖြည်း ဝေဝါးလာခဲ့သည်။ ပုံရိပ်များစွာ ရှိနေပုံ ရသော်လည်း အနီးကပ် ကြည့်လိုက်ရာ ပုံရိပ် တစ်ခုတည်းသာ ရှိနေသည်။

“သွေးပူလေ့ကျင့်ခန်းက ပြီးတော့မယ်။ ပျော်စရာက အခုမှစတာ။” အက်ဘက်ဒွန်၏ ကြောက်မက်ဖွယ် ရယ်သံများ ကြားထဲတွင် ပုံရိပ်များက ချန်လွေ့၏ ဝေဝါးသော အမြင်အာရုံတွင် နောက်တစ်ကြိမ် တိုးပွားလာခဲ့သည်။ ၎င်းမှာ ယခင်တစ်ခေါက်ထက် ပိုများ၏။

ယခုတွင် ‘ဝေဝါးမှု’က ဝိညာဉ်ကိုပင် တုန်ခါသွားစေပုံ ရနေသည်။ အကြိမ်ကြိမ် ထပ်ခါတလဲလဲ ဖြစ်ပြီးနောက်တွင် အရပ် ၄မျက်နှာ၌ တိုက်ခိုက်ရေး အနေအထား အမျိုးမျိုး ရှိနေသော အက်ဘက်ဒွန်များ ရှိနေ၏။ အရေအတွက်က ဆက်လက် တိုးလာပြီး ရုတ်တရက် ဒါဇင်များစွာ သို့မဟုတ် ရာပေါင်းများစွာ ကိုယ်ပွားများ ရှိလာခဲ့လေသည်။

ချန်လွေ့က စိတ်ကို အစွမ်းကုန် စုစည်းလိုက်ရာ အက်ဘက်ဒွန် အားလုံး ပျောက်ကွယ်သွားကြောင်း တွေ့လိုက်၏။ သူက ရေတွက်၍ မရနိုင်သော အပြာနက် အတောင်ပံများဖြင့် ရစ်ပတ်ခြင်းကို ခံထားနေရသည်။ အတောင်ပံတိုင်းက ဓားကဲ့သို့ ချွန်ထက်သော ‘လက်သည်း’ တစ်ခု ဖြစ်နေသည်။

ချန်လွေ့ မတုံ့ပြန် နိုင်ခင်မှာပင် ကောင်းကင်နေရာအနှံ့မှ အတောင်ပံများ ရောယှက်ကာ ပတ်သွားပြီး ချန်လွေ့၏ နောက်ကျောမှ ကြယ်အတောင်ပံများက သူ့ကို အကာအကွယ် လိပ်ခုံး တစ်ခုကဲ့သို့ ချက်ချင်းပင် ရစ်ပတ်လိုက်လေသည်။ အတောင်ပံများက ကြယ်တောင်ပံများနှင့် တိုက်မိသွားရာ ရေတွက်၍ မရနိုင်သော မီးပွားများ ထွက်ပေါ်လာခဲ့၏။

အပြာနက်တောင်ပံများက အလွန်ပင် ကြီးမားသော အခင်းအကျင်း တစ်ခုကဲ့သို့ ဖြစ်နေပြီး အထူး အရှိန်မြန်စွာဖြင့် လည်ပတ်နေသည်။ ကြယ်တောင်ပံများ ဖိအားကို ပို၍ပို၍ ခံစားလာရပြီး အက်ကြောင်းများ စတင်ပေါ်လာခဲ့သည်။

[ကြယ်အစောင့်အရှောက်တောင်ပံ]၏ ကာကွယ်နိုင်စွမ်းက ပုံမှန် ကာကွယ်ရေး ဒိုင်းထက် များစွာသာလွန်ပြီး ပြိုင်ဘက်၏ တိုက်ခိုက်မှုကို တန်ပြန်ရန် အခွင့်အရေး ရှိနေသေးသော်လည်း အက်ဘက်ဒွန်၏ တိုက်ခိုက်မှုက ‘အခင်းအကျင်းကြီး’ လည်ပတ်လာသည်နှင့်အမျှ ပို၍ပို၍ ပြင်းထန်လာခဲ့သည်။ အကယ်၍ သူက ထိုအတိုင်း အနိမ့်ဘက် ဆက်ရှိနေပါက ကြယ်တောင်ပံများ၏ အကာအကွယ်မှာ မကြာခင် ပျက်စီးသွားပေလိမ့်မည်။

သို့သော် ယခုအခါတွင် ဘက်ပေါင်းစုံမှ အတောင်ပံများ ချဉ်းကပ်လာနေ၏။ သူက အက်ဘက်ဒွန်၏ ပုံရိပ်ကို လုံးဝ အာရုံမခံနိုင်နေပေ။

ထိုအခိုက်တွင် ဧရာမ အဖြူရောင် အလင်းစက်လုံး ၇လုံးက အပြာနက် တောင်ပံ အခင်းအကျင်း၌ ပေါ်လာသည်။ ၎င်းတို့ကို အထူး စွမ်းအားတစ်ခုဖြင့် ချိတ်ဆက်ထားလေသည်။ တစ်ချိန်တည်း နီးပါးပင် အလင်းစက်လုံး ၇လုံး ပေါက်ကွဲ ထွက်သွားခဲ့သည်။

ဘုန်း ဘုန်း ဘုန်း...

တောင်ပံ အခင်းအကျင်း ပြိုလဲသွား၏။ အက်ဘက်ဒွန်၏ ပုံရိပ်သည် မီတာ ဆယ်ဂဏန်းခန့် နောက်ဆုတ်သွားသည်။ အတောင်ပံ ၁၂ခု ကျိုးသွားပြီး နေရာလွတ် အနှံ့မှ အပြာနက် အတောင်ပံများလည်း မှေးမှိန် ပျောက်ကွယ်သွားခဲ့သည်။

“ပုန်းတဲ့နေရာကို ဘယ်လိုသိတာလဲ။” အက်ဘက်ဒွန် ထိတ်လန့်သွား၏။ ခုနက [နတ်ဆိုးအတောင်ပံအခင်းအကျင်း]သည် တိုက်ခိုက်ရေးနှင့် ခုခံရေး ပေါင်းစပ်မှု တစ်ခု ဖြစ်သည်။ တိုက်ခိုက်မှုတွင် အကျွမ်းကျင်ဆုံး ‘ပျက်စီးခြင်း’ နက်နဲမှု ပါဝင်သည်။ တိုက်ခိုက် မှုအကြိမ်နှုန်း တိုးတက်လာသည်နှင့်အမျှ စွမ်းအားက တိုးလာလိမ့်မည်။ ခုခံရေးအရ ဆိုလျှင် သူခံစားရသော တိုက်ခိုက်မှုနှင့် ပျက်စီးမှု အခင်းအကျင်း တစ်ခုလုံးမှ မျှဝေခံစား ရပေလိမ့်မည်။

ထိုကဲ့သို့ ပြီးပြည့်စုံလုနီးပါး ဖြစ်သော ပုံစံတွင် ဖြစ်နိုင်ခြေရှိသော ချို့ယွင်းချက် သို့မဟုတ် ‘အခင်းအကျင်းဗဟိုချက်’မှာ သူ၏ ကိုယ်ပိုင်အနေအထား ဖြစ်သည်။ ထို့ကြောင့် သူက မိမိကိုယ်ကို ဖုံးကွယ်ရန် ဝိညာဉ်မျက်လုံး ပါရမီကို အသုံးပြုခဲ့ပြီး ရန်သူက သူ့ကို မထောက်လှမ်းနိုင်စေရန် အနေအထား ဆက်တိုက် ပြောင်းနေ၏။ မမျှော်လင့်ဘဲ ထိုရန်သူက သူ၏ လျို့ဝှက် ပညာရပ်ကို တစ်ချက် ကြည့်ရုံဖြင့် သိမြင်သွားခဲ့၏။ ပို၍ ကြောက်မက်ဖွယ် ကောင်းသည်မှာ အလင်းစက်လုံး ၇လုံး ပေါက်ကွဲမှုမှ ထုတ်လွှတ်လိုက်သော ပျက်စီးခြင်း စွမ်းအားက [နတ်ဆိုး အတောင်ပံ အခင်းအကျင်း] ပျက်စီးခြင်း နက်နဲမှုထက် ပို၍ သန့်စင်နေခြင်းပင်!

“ခင်ဗျားကို သိမြင်ဖို့က မခက်ပါဘူး။ ကျုပ်မှာ အနည်းဆုံး နည်းလမ်းနှစ်ခု ရှိတယ်။” ချန်လွေ့၏ စကားများက စိတ်ပိုင်းဆိုင်ရာ ဗျူဟာ ဖြစ်သော်လည်း ကြွားဝါနေခြင်းမဟုတ်။ [သရုပ်ခွဲမျက်လုံး] အပြင် ပြိုင်ဘက်ဝိညာဉ်၏ လှည့်စားခြင်း မခံရစေရန် မိစ္ဆာမျက်ဆံကို သုံးနိုင်ပြီး ရန်သူ၏ စစ်မှန်သော တည်နေရာကို ထိရောက်စွာ ဆုံးဖြတ်နိုင်၏။

အက်ဘက်ဒွန်၏ မျက်လုံးများက ကျဉ်းမြောင်းသွားသည်။ ဝိညာဉ်မျက်လုံး ပိုင်ဆိုင်ထားရာ ချန်လွေ့၏ စကားက ကြွားဝါနေခြင်း မဟုတ်ကြောင်းကို သူက ခံစားမိသည်။ ဒီရန်သူက အတော်လေး ခြိမ်းခြောက်မှု ရှိနေတယ်။ ငါ သူ့ကို အစွမ်းကုန် ဖယ်ရှားပစ်ရမယ်!

အက်ဘက်ဒွန်က လက်ကို ဆန့်ပြီး ရွတ်ဆိုလိုက်သည်။ မူလ မှောင်မိုက်သော ကောင်းကင်က ပို၍ မှောင်မိုက်လာသည်။ ကောင်းကင်မှ တောက်ပနေသော တိမ်များ ပျောက်သွားပြီး ဖျော့တော့သော ကြယ်အလင်းရောင် အနည်းငယ်နှင့်အတူ အပြာနက်သို့ ပြောင်းလဲသွားခဲ့သည်။

ထိုသို့သော ကြယ်အလင်းရောင်သည် [ဓူဝံကြယ်ခရမ်း အသွင်ပြောင်းခြင်း]၏ တောက်ပမှုနှင့် လုံးဝကို ကွဲပြားသည်။ ၎င်းက ထူးဆန်းနေ၏။

ပတ်ဝန်းကျင်မှ မြေပြင်သည် အဆုံးမဲ့ အပျက်အစီးများနှင့် သင်္ချိုင်းများဖြင့် ပြည့်နှက်သွားသည်။ ၎င်းကို ဖိနှိပ်မှု ရှိသော အမှောင်ထုဖြင့် လွှမ်းခြုံထား၏။ အေးစက်သော လေက အဆက်မပြတ် တဝီဝီမြည်နေပြီး မြေကြီးတစ်ခုလုံးမှာ သက်ရှိလက္ခဏာ လုံးဝ မပြပေ။ ၎င်းက သက်မဲ့ ဖြစ်နေပြီး ဖျက်ဆီးခံခဲ့ရသော ဖိုက်သွန်၏ [ကြမ္မာဆိုးကပ်ဘေးတိုင်းပြည်]နှင့် အနည်းငယ် ဆင်တူသော်လည်း ၎င်းမှာ [ကြမ္မာဆိုးကပ်ဘေးတိုင်းပြည်]ထက် ပို၍ပင် ကြောက်မက်ဖွယ်ကောင်းသည်။

“လူတွေက နိုးထခြင်း မရှိဘဲနဲ့ လောကမှာ နေထိုင်ကြတယ်။ သူတို့တွေ နိမ့်ကျစွာနဲ့ သေဆုံးတာ ပိုကောင်းတယ်။”

အက်ဘက်ဒွန်၏ လက်ထဲ ထူးဆန်းသော ခရာတစ်ခု ရှိနေသည်။ သီဆိုနေသကဲ့သို့ ထင်ရသော ခရာသံက ကောင်းကင်မှ ထွက်ပေါ်လာသည်။ ၎င်းက နတ်ဘုရား ကဲ့သို့ပင် မမြင်နိုင်ဘဲ မခန့်မှန်းနိုင်ပေ။ သူက အမှောင်ထုထဲသို့ နောက်တစ်ကြိမ် ပေါင်းစပ် ဝင်ရောက်သွားခဲ့ပြန်သည်။

ချန်လွေ့က ဝိညာဉ်မှ ပြင်းထန်သော ဖိအားကို ရှင်းလင်းစွာ ခံစားလိုက်ရသည်။ သူ၏ခန္ဓာကိုယ်ထဲမှ ကြယ်စွမ်းအားသည် ရွှံ့နွံထဲတွင် ပိတ်မိနေသကဲ့သို့ ဖြနေစ်ပြီး ပုံမှန် စီးဆင်းနိုင်ခြင်း မရှိနေပေ။ ခရာ ရွတ်ဆိုခြင်း အဆုံးသတ်သွားသည့် အခိုက်တွင် ကောင်းကင်က ရုတ်တရက် လင်းထိန်သွားပြီး ဖျော့တော့သော အပြာရောင် ကြယ်တစ်လုံး ချန်လွေ့ထံသို့ တဝီဝီနှင့် ရောက်လာ၏။ အမြန်နှုန်းနှင့် စွမ်းအားမှာ အလွန်အမင်း အံ့ဩဖွယ် ကောင်းလှပေသည်။

ထိုသို့ အဆင့်တူ တိုက်ခိုက်မှုနှင့် ခုခံမှုတွင် ကမ္ဘာမြေပေါ်မှ သာမန်လူများ ကျည်ဆန်တစ်တောင့် ရင်ဆိုင်ရသကဲ့သို့ ဖြစ်ပြီး အသက်ရှင်သန်ရန် အခွင့်အရေး လုံးဝနီးပါး မရှိနိုင်ပေ။

“[လေလိုမြန်ဆန်]!” ချန်လွေ့က အမြန်နှုန်း အရှိန်အဝါကို ချက်ချင်းပင် အသက်သွင်းလိုက်လေသည်။ လှုပ်ရှားမှု အမြန်နှုန်းကို များစွာ တိုးမြှင့်ပေးသော အရိပ်လေပြေဖိနပ်၏ [လေလွင့်ပြေး] စွမ်းရည်နှင့် ပေါင်းစပ်လိုက်ပါက သူသည် ထိုအခိုက်မှာပင် ကြယ်၏ တိုက်ကွက်ကို ရှောင်တိမ်းလိုက်သည်။ ပြင်းထန်သော တုန်ခါမှု အပြီးတွင် ကြီးမားလှသော ဧရာမ ချိုင့်တစ်ခုက မြေပြင်ပေါ်တွင် ပေါက်ကွဲထွက်သွားလေသည်။

ချက်ချင်းဆိုသလိုပင် ကောင်းကင်က ကြယ်အလင်းရောင်များဖြင့် တစ်ခုပြီး တစ်ခု လင်းထိန်သွားပြီး ရေတွက်၍ မရနိုင်သော ဥက္ကာခဲများက ကောင်းကင်၌ တွယ်နေသော အထူးဧရာမ ဥက္ကာခဲမိုး မှော်ပညာကဲ့သို့ပင် အောက်ဘက်သို့ ပြုတ်ကျလာခဲ့သည်။ တိုက်ခိုက်မှုများ၏ အမြန်နှုန်းနှင့် အတိုင်းအတာမှာ အလွန် အံ့ဩဖွယ်ကောင်းလှသည်။

ချန်လွေ့က အမြန်နှုန်း အရှိန်အဝါကို စီးဆင်းစေပြီး အစွမ်းကုန် ရှောင်ခဲ့သည်။ မိနစ် အနည်းငယ်မှာပင် အမြန်နှုန်းကို သုံးဆမြှင့်သည့် [မီးပွား] နှစ်ခုစလုံး ကုန်သွားခဲ့ရာ ဆက်လက် ရှောင်တိမ်း ခုခံရင်း ထိခိုက်မှု အနည်းဆုံး ဖြစ်စေရန် ထင်ယောင်မှားနတ်ဆိုးဒိုင်းနှင့် [လေခန္ဓာ] တွဲဖက်၍ အသက်သွင်းခဲ့ရလေသည်။

([လေခန္ဓာ] - သူက ပြိုင်ဘက်၏ တိုက်ခိုက်ရေး စွမ်းအားကို အသုံးချ၍ နောက်သို့ လျှောသွားနိုင်ပြီး ပျက်စီးမှုကို များစွာ လျှော့ချနိုင်ပေသည်။ အကျိုး သက်ရောက်မှုမှာ ၁၀မိနစ် ဖြစ်သည်။)

ချန်လွေ့က အရေးနိမ့်ပြီး ရှောင်တိမ်း နေခြင်း မဟုတ်ပေ။ [သရုပ်ခွဲမျက်လုံး]က အမှောင်ထုထဲတွင် ပုန်းအောင်းနေသော အက်ဘက်ဒွန်၏ ပုံရိပ်ကို တွေ့ရှိထားပြီး ဖြစ်သည်။ သူ၏ပုံရိပ်က ချက်ချင်းပင် ခရမ်းနီရောင် အလင်းတန်း တစ်ခုကို တစ်ချိန်တည်း ပစ်လွှတ်လိုက်သော ပုံရိပ် သုံးခုအဖြစ်သို့ ပြောင်းလဲ သွားခဲ့သည်။ ခရမ်းရောင် အလင်းတန်း သုံးခုသည် အက်ဘက်ဒွန်၏ စစ်မှန်သော ခန္ဓာကို ပိတ်လှောင်ထားသည့် သီးခြား တြိဂံ နေရာလွတ် တစ်ခုကို ဖွဲ့စည်းလိုက်၏။

ထို့နောက် ကောင်းကင်နေရာ အနှံ့မှ ပြုတ်ကျလာသော ဥက္ကာခဲမိုးတွင် ‘တြိဂံ’ ရုတ်တရက် ကြေမွသွားခဲ့လေသည်။ ပျက်စီးခြင်းနှင့် ဖန်တီးခြင်းစွမ်းအားတို့၏ ပေါင်းစပ်မှုက အရာအားလုံးကို ပျက်စီး စေနိုင်သော ကြောက်မက်ဖွယ် စွမ်းအား တစ်ခု အဖြစ် ပေါက်ကွဲထွက်သွားသည်။

[ရှုထောင့်ဖျက်ဆီးခြင်း]!

အက်ဘက်ဒွန် ရှောင်တိမ်းရန် အချိန် မရှိတော့ပုံ ရသည်။ သူ၏ ခန္ဓာကိုယ်က ကြေမွသွားသော ‘လေဟာနယ်’ထဲတွင် စုတ်ပြဲ၍ ပျောက်ကွယ် သွားခဲ့သည်။ ဥက္ကာခဲမိုးသည်လည်း တဖြည်းဖြည်း ရပ်တန့်သွား၏။

အက်ဘက်ဒွန်ကို အောင်မြင်စွာဖြင့် ‘သတ်ဖြတ်’နိုင်ခဲ့ပုံရသော်လည်း ချန်လွေ့ မျက်မှောင်ကြုတ်လိုက်လေသည်။ အက်ဘက်ဒွန်၏ အချက်အလက်များက [သရုပ်ခွဲမျက်လုံး]တွင် ပျောက်ကွယ် သွားသော်လည်း ထိုရန်သူ မသေဆုံး ရုံသာမက သူ၏ အငွေ့အသက်ကလည်း ပို၍ ကြောက်စရာ ကောင်းလာကြောင်း သူ သေသေချာချာ ခံစားမိလိုက်သည်။

[ရှုထောင့်ဖျက်ဆီးခြင်း]က အက်ဘက်ဒွန်ကို မသတ်နိုင်ခဲ့ဘူး!

“ဒါက တော်တော်လေး အံ့ဩစရာ ကောင်းတဲ့ အဆုံးသတ် တိုက်ကွက် တစ်ခုပဲ။ ကံဆိုးချင်တော့ သေခြင်းတရား နယ်မြေထဲမှာ ငါကလွဲပြီး ဘယ်သူမှ သေခြင်းတရားကို မထိန်းချုပ်နိုင်ဘူး။” အက်ဘက်ဒွန်၏ အသံက အဘက်ဘက်မှ ထွက်ပေါ်လာသည်။ ချန်လွေ့က သတိ ပြန်ဝင်လာခဲ့သည်။ ဒါက ထူးခြားတဲ့ တိုင်းပြည် အရှိန်အဝါတစ်ခု ဖြစ်မယ်။ [ရှုထောင့်ဖျက်ဆီးခြင်း]ရဲ့ စွမ်းအား အကုန်လုံးက ထူးဆန်းတဲ့ နေရာလွတ် စွမ်းအားကြောင့် လမ်းလွှဲတာ ခံလိုက်ရတယ်။ ဒီတိုင်းပြည်က တကယ် မရိုးရှင်းဘူး။

ရုတ်တရက် ချန်လွေ့တွင် ပို၍ပင် အန္တရာယ်ရှိသော နိမိတ် တစ်ခုကို အာရုံခံမိပြီး မြေပြင်ပေါ်မှ ဥက္ကာခဲမိုးကြောင့် ပေါက်ထွက်သွားသော ချိုင့်များမှ အနက်ရောင် အငွေ့များ ထွက်ပေါ်လာခဲ့ကာ ကြောက်မက်ဖွယ် အငွေ့အသက်တစ်ခု ပျံ့နှံ့လာခဲ့သည်။ ချန်လွေ့က အဝေးမှ စိတ်ဝိညာဉ်ဖြင့် အာရုံခံမိရာ သွေးများ အေးခဲသွားသကဲ့သို့ ခံစားလိုက်ရသည်။ ထိုသို့အေးစက်သော စွမ်းအားက ဝိညာဉ်ထဲသို့ပင် ထိုးဖောက် ဝင်ရောက်လာခဲ့သည်။

မကြာသေးမီက ဂူရာဒန် နတ်ဘုရား တစ်ပါး ဖြစ်လာသည်ကို မျက်မြင် ကိုယ်တွေ့ ကြုံတွေ့ခဲ့ရသော ချန်လွေ့က ထိုစွမ်းအားနှင့်မစိမ်းတော့ပေ။

သေခြင်းတရား!

ဂူရာဒန် ပိုင်ဆိုင်သော သေခြင်းတရား စွမ်းအားက ကြယ်စင်စုမှ ရေတွက်၍ မရနိုင်သော ယုံကြည်မှုများဖြင့် စုစည်း ဖွဲ့စည်းထားသည်။ အက်ဘက်ဒွန်ထက် ပို၍ သန့်စင်ပြီး သန့်ရှင်း၏။ အကယ်၍ ဂူရာဒန်က အက်ဘက်ဒွန် အဆင့်သို့ ရောက်ရှိနိုင်ပါက ‘သေခြင်း’ တစ်ခုတည်း အရဆိုလျှင် သူသည် အက်ဘက်ဒွန်ကို သေချာပေါက် ကျော်လွန်ပေလိမ့်မည်။ သို့သော် ယခု ဂူရာဒန်နှင့် အက်ဘက်ဒွန် အကြား ကွာဟချက်မှာ မိုင်ထောင်ပေါင်း များစွာ ကွာဝေးသကဲ့သို့ ဖြစ်နေရာ နှိုင်းယှဉ်၍ မရနိုင်ပေ။

ထိုချိုင့်များက ကိုင်တွယ်မရနိုင်သော စွမ်းအားဖြင့် ချိတ်ဆက်ထားပုံ ရနေပြီး ထူးဆန်းသော သင်္ကေတများ ဖြစ်လာ၏။ ချန်လွေ့က ၎င်းတို့မှာ ရှေးမှော်စာများ ဖြစ်ကြောင်း တစ်ချက်တည်း ကြည့်ရုံဖြင့် ပြောနိုင်သည်။ အဓိပ္ပာယ်မှာ မရဏ လောကနှင့် ပျက်စီးခြင်းမှ သေခြင်း တရားကို ဆင့်ခေါ်ရန်ပင်။

လက်စသတ်တော့ ခုနက ဥက္ကာခဲမိုး ရည်ရွယ်ချက်က တိုက်ခိုက်ဖို့ မဟုတ်ဘဲ ဆင့်ခေါ်ဖို့ ဖြစ်နေတာပဲ!

“မင်း တစ်ခုခုကို မြင်နိုင်တာပဲ။ မဆိုးဘူး။” အက်ဘက်ဒွန်၏ အသံက နောက်တစ်ကြိမ် ထွက်ပေါ်လာသည်။ ထိုအချိန်တွင် [သရုပ်ခွဲမျက်လုံး]က သူ၏ တည်နေရာကို ပျောက်သွားပြီ ဖြစ်သည်။ သူက [စိစစ်ချက်] ၏ အတိုင်းအတာ အပြင်ဘက် သို့မဟုတ် အထူးနေရာလွတ် တစ်ခုတွင် ပုန်းအောင်းနေလောက်သည်။ “အထူးသဖြင့် မင်းရဲ့ ခုနက အဆုံးသတ် တိုက်ကွက်ကို ချီးကျူးချင်တယ်။ အဲဒီ တိုက်ကွက်သာ မရှိခဲ့ရင် ငါ ဆင့်ခေါ် တံခါးကို ဒီလောက် လွယ်လွယ်ကူကူနဲ့ ဖွင့်နိုင်မှာ မဟုတ်ဘူး။”

မြေပြင်အနှံ့မှ ချိုင့်များ ပိုနက်လာပြီး အဆုံးမဲ့ ချောက်နက်ကြီး တစ်ခုကဲ့သို့ ဖျော့တော့သော အပြာရောင်အလင်းကို ထုတ်လွှတ်နေ၏။ တက်လာသော အနက်ရောင် အငွေ့များက ကောင်းကင် တစ်ခုလုံးကို ဖုံးလွှမ်းသွားပြီ ဖြစ်သည်။ မြေပြင်မှ မှော်စာများသည် တစ်ခုတည်း အဖြစ် ချိတ်ဆက်သွားပြီး အပြာနက် ဧရာမ အပေါက်ကြီးတစ်ခု အဖြစ်သို့ ပေါင်းစပ်သွားလေသည်။

အပေါက်မှ ထွက်ပေါ်လာသော အနက်ရောင် အငွေ့တွင် ရေတွက်၍ မရနိုင်သော လျှို့ဝှက် ဆန်းကြယ်သည့် ပုံရိပ်များ စတင်၍ ပေါ်ပေါက်လာခဲ့သည်။

ချန်လွေ့ မျှော်လင့်ထားသည့်အတိုင်း အရိုးစုများနှင့် တစ္ဆေများ ကဲ့သို့သော သာမန် မသေမျိုးများ မဟုတ်ဘဲ တစ်ခါမှ မမြင်ဖူးခဲ့သော ‘နတ်ဆိုးသားရဲ’ တစ်မျိုး ဖြစ်သည်။

သူတို့က မြင်းတစ်ကောင် အရွယ်ခန့် ရှိနေပြီး လူခေါင်းနှင့် သားရဲခန္ဓာကိုယ်၊ ကောက်ကွေးသော ဆံပင်ရှည်အနက်နှင့် ရွှေရောင်သရဖူကို ဆောင်းထားကြသည်။ အမျိုးသားတစ်ဦး၏ မျက်နှာသွင်ပြင်ကို ဖျော့တော့စွာ မြင်တွေ့နိုင်ပေသည်။ ပါးစပ်တွင် သားရဲ၏ အစွယ်များကို တွေ့မြင်နိုင်၏။ ကိုယ်က ချပ်ကာနှင့် ဆင်တူသော အပြင်ဘက် အရိုးခွံဖြင့် ဖုံးအုပ်ထားသည်။ နောက်ကျောဘက်၌ ပိုးမွှား၏ အတောင်ပံများ ဖြစ်ပြီး အမြီးမှာ အနက်ရောင်နှင့် အေးစက်သော အလင်း တောက်ပနေသော ချွန်ထက်လှသည့် အဆိပ်ဆူးပါသော ကင်းမြီးကောက်အမြီး ရှိနေသည်။

ထိုကဲ့သို့ နတ်ဆိုးသားရဲမျိုးတွင် ကြောက်မက်ဖွယ်ရာ ထူးဆန်းသော ပုံပန်းသွင်ပြင် ရှိနေကြပြီး ခန္ဓာကိုယ် တစ်လျှောက်တွင် ပြင်းထန်လှသော သေခြင်းတရားနှင့် ပျက်စီးခြင်း အငွေ့အသက်များ ထုတ်လွှတ်နေသည်။ ချန်လွေ့ပင် အန္တရာယ်ကို အာရုံခံမိသည်။ ကြောက်စရာ အကောင်းဆုံး အရာမှာ အရေအတွက်က ချက်ချင်း ဆိုသလိုပင် ကြောက်မက်ဖွယ် တိုးပွားသွားခြင်းပင်။ မျက်စိတစ်မှိတ်အတွင်းတွင် သူတို့က တိုင်းပြည် တစ်ခုလုံးကို ပျံ့နှံ့သွားပြီ ဖြစ်သည်။ ပိုးကောင် အတောင်ပံများ တုန်ခါသံတစ်ခုတည်းကပင် ချန်လွေ့ကို မအီမသာနှင့် ပျို့အန်ချင်စိတ် ဖြစ်စေ၏။

“အရင်ဆုံး မိတ်ဆက်ပေးပါရစေ။ ဒါတွေက မရဏလောကရဲ့ မသေမျိုး နတ်ဆိုးကျိုင်းကောင်တွေပဲ။” အက်ဘက်ဒွန်က ကြောက်မက်ဖွယ် ကောင်းအောင် ရယ်လိုက်သည်။ “ငါ့ရဲ့ အစွမ်းအထက်ဆုံး တိုက်ကွက်ကို မင်းလို မသိကျွမ်းတဲ့ လူတစ်ယောက်ဆီမှာ သုံးရလိမ့်မယ်လို့ လုံးဝ မထင်ထားခဲ့ဘူး။ ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ ဒီ [ထာဝရကပ်ဘေး]အထဲမှာ ဗလာနတ္ထိ အဖြစ်ကို ပြောင်းသွားလိမ့်မယ်!”

ထိုသို့ ပြောပြီးနောက် မသေမျိုး ကျိုင်းကောင်များ စစ်တပ်က ဒီရေကဲ့သို့ ချန်လွေ့ထံ ပြေးဝင်လာခဲ့သည်။

ချန်လွေ့က သူ၏ခြေထောက်ကို တော့လိုက်ရာ အဝေး ကောင်းကင်တွင် ပေါ်ထွက်လာပြီး ဖြစ်သည်။ နတ်ဆိုး ကျိုင်းကောင်များက အလွန်လျင်မြန်စွာ တုံ့ပြန်ပြီး ကင်းမြီးကောက် အမြီးများမှ အဆိပ်ဆူးများကို တစ်ခုပြီး တစ်ခု ပစ်လွှတ်လိုက်ကြသည်။

ကောင်းကင်အနှံ့မှ အဆိပ်ဆူးများမှာ မြှားမိုးကဲ့သို့ ချန်လွေ့ထံ တိုးဝင်လာ၏။ အမြန်နှုန်း အံ့ဩစရာ ကောင်းရုံသာမက သိပ်သည်းမှု အတော်လေး မြင့်သည်။ တန်ပြန် တိုက်ခိုက်ရန်ကို အသာထား၊ ရှောင်တိမ်းရန် နေရာမရှိပေ။ သူက အမြန်နှုန်း အားသာချက်ကို အသုံးချ၍ မရနိုင်ခဲ့ပေ။

ထိုကဲ့သို့ အလွန် သိပ်သည်းသော တိုက်ခိုက်မှုကို [ကြယ်အစောင့်အရှောက် အတောင်ပံ]ဖြင့် မကာကွယ်နိုင်တော့ပေ။ အစွမ်းအထက်ဆုံးသော ကာကွယ်ရေး ဒိုင်းစွမ်းရည်ကို ချန်လွေ့က ချက်ချင်းပင် အသက်သွင်းလိုက်သည်။ အရည်လဲ့သော အလုံးတစ်ခုက သူ၏ကိုယ်ပတ်လည်တွင် လျင်မြန်စွာ ပေါ်လာပြီး အဆိပ်ဆူးများကို ပိတ်ဆို့လိုက်၏။

သို့သော် အဆိပ်ဆူးများ ချွန်ထက်မှုမှာ စိတ်ကူးမမီနိုင်အောင် ရှိနေသေးသည်။ အထူးသဖြင့် အံ့ဩဖွယ် အရေအတွက် ဖြစ်သည်။ ဆက်တိုက် တိုက်ခိုက်မှုများ အောက်တွင် ရာပေါင်း များစွာသော သေးငယ်သည့် အက်ကွဲကြောင်းများက ကာကွယ်ရေး ဒိုင်းကာပေါ်တွင် အလွန် လျင်မြန်စွာပင် ပေါ်ထွက်လာခဲ့သည်။ အက်ကွဲကြောင်းက အလျင်အမြန်ပင် ပျံ့နှံ့သွားခဲ့သည်။ ကာကွယ်ရေးဒိုင်း လုံးဝ မကွဲကြေသွားခင်ပင် အဆိပ်ကြိုးများဖြင့် ထိုးဖောက်ခြင်း ခံလိုက်ရသည်။

ချန်လွေ့က အမျက်ဘုရင်ချပ်ကာနှင့် ပေါင်းစပ်ထားသော ကြယ်ချပ်ကာကို ဝတ်ဆင်ထားသော်လည်း သူ၏ခန္ဓာကို အမျက်ဘုရင် ချပ်ကာဖြင့် လုံးဝကို မဖုံးအုပ်နိုင်ခဲ့ပေ။ အချို့ အပိုင်းများက သာမန် ကြယ်ချပ်ကာများသာ ဖြစ်ပြီး အဆိပ်ကြိုးများဖြင့် ထိုးဖောက်ခြင်း ခံရမည်မှာ သေချာ၏။ အဆိပ်ကြိုးများက သေးငယ်သော်လည်း သူတို့၏စွမ်းအားမှာ အံ့ဩဖွယ်ကောင်းသည်။ ထူးဆန်းသော စွမ်းအားက ဒဏ်ရာများမှ လျင်မြန်စွာ ပျံ့နှံ့သွားပြီး ဝိညာဉ်ကို အေးခဲစေနိုင်သည့် ကြောက်စရာ အေးစက်သည့် လေထုနှင့် အတူ လိုက်ပါလာခဲ့သည်။

ချန်လွေ့ အဆက်မပြတ် အကြိမ်ကြိမ် တုန်ခါသွားသည်။ အဆိပ်ဆူးများကြောင့် ဖြစ်လာသော ထိခိုက်မှုနှင့် အဆိပ်က ဒုတိယ ဖြစ်ပြီး မသက်မသာ အဖြစ်ဆုံးမှာ ဆူးများမှလာသော အေးစက်မှု ဖြစ်ပြီး ဝိညာဉ်ကို ထိုးဖောက် ဝင်ရောက်နေ၏။ ၎င်းကို ဖိနှိပ်ရန် လုံးဝနီးပါး မဖြစ်နိုင်ပေ။

ချန်လွေ့၏ အတွေးများ အမြန်ပင် ပြောင်းလဲသွားပြီး သူ နောက်တစ်ကြိမ် ရွှေ့ပြောင်းသွားခဲ့၏။ နောက်မဆုတ်ဘဲ သူက နတ်ဆိုး ကျိုင်းကောင်များ၏ အစုအဝေးထဲသို့ ပြေးဝင်သွားခဲ့သည်။ ငါ အဝေးကနေ အရိုက်ခံနေတယ် ဆိုတော့ ဒီမကောင်းဆိုးဝါးတွေကို အနီးကပ် အနေအထားမှာ ကိုင်တွယ်သင့်တယ်။ [ပျက်စီးခြင်းအရှိန်အဝါခုတ်ချက်]လိုမျိုး ဧရိယာအလိုက် သက်ရောက်တဲ့ စွမ်းရည်တွေ အဆင်ပြေမှာပဲ!

ချန်လွေ့က ခရမ်းရောင် လျှပ်စီးတန်း တစ်ခု အဖြစ်သို့ ပြောင်းလဲသွားပြီး နတ်ဆိုး ကျိုင်းကောင်များ အစုအဝေးထဲ ပြေးဝင်သွားခဲ့သည်။ သွားရာနေရာတိုင်း ရုပ်ဆိုးသော မကောင်းဆိုးဝါးများ အားလုံး စုတ်ပြဲသွားပြီး အနက်ရောင် အငွေ့ထဲ ပျောက်ကွယ်သွားခဲ့သည်။

အနည်းငယ် ကြာပြီးနောက် နတ်ဆိုး ကျိုင်းကောင်များ စစ်တပ်တွင် ဧရာမ အပေါက်များ ရှိလာသည်။ ချန်လွေ့က ကြယ်ချပ်ကာတွင် အက်ကွဲကြောင်းများ ရှိနေပြီး အနည်းငယ်သာ ဒဏ်ရာရခဲ့၏။

သို့သော် ချန်လွေ့က အပေါ်ယံကဲ့သို့ အေးအေးဆေးဆေး မရှိနေပေ။ သူသည် ခွန်အား များစွာကို ကုန်ဆုံးရုံသာမက ဝိညာဉ်လည်း ပြင်းထန်စွာ ပျက်စီး သွားခဲ့သည်။ နတ်ဆိုးကျိုင်းကောင်များ၏ အထူး အရည်အချင်းမှာ အတော်လေး ထူးဆန်းလှ၏။ သူတို့ကို တိုက်ခိုက်တိုင်း ဝိညာဉ် ထူးဆန်းစွာ တုန်လှုပ်သွားသည်။ အထူးသဖြင့် နတ်ဆိုးကျိုင်းကောင်များကို သတ်ဖြတ်သည့်အခါ သူ၏ ဝိညာဉ်က ပြင်းထန်စွာ တုန်လှုပ်သွားလိမ့်မည်။ ထိုကဲ့သို့သော အထူးအရည်အချင်းက ကြောက်မက်ဖွယ်ရာ မိုးပျံနယ်မြေ၏ လေလွင့် ဝိညာဉ်များနှင့် အနည်းငယ် ဆင်တူသည်။ သူ တိုက်ခိုက်၍လည်းမရ၊ ခုခံ၍လည်းမရဘဲ ကိုင်တွယ်ရ ခက်လှ၏။

ဧရာမအပေါက်မှ အနက်ရောင်အငွေ့ တဖြည်းဖြည်း ဆက်၍ တက်လာပြီး နတ်ဆိုး ကျိုင်းကောင်များ အဖြစ်သို့ ပြန်လည်၍ စုစည်းသွားသည်။ ချန်လွေ့ ရှင်းလင်းခဲ့သော အပေါက်များကလည်း မျက်စိ တစ်မှိတ်အတွင်း ပြန်လည်၍ ပြည့်သွားခဲ့သည်။

မသေမျိုး နတ်ဆိုး ကျိုင်းကောင်က မသေမျိုးနှင့် မသေနိုင်ခြင်း အမည်နှင့် သေချာပေါက် ထိုက်တန်လှပေသည်။ ချန်လွေ့ မျက်မှောင်ကြုတ်လိုက်သည်။ အကယ်၍ ထိုသို့ ဆက်တိုက်ခိုက်နေပါက မကြာမီ အားကုန်သွားပေလိမ့်မည်။

ချန်လွေ့က အဆုံးမရှိသော နတ်ဆိုး စစ်တပ်ကို ကြည့်နေပြီး အနက်ရောင် အငွေ့များ ထုတ်နေသော ရှေးမှော်စာဖြင့် ဖွဲ့စည်းထားသည့် ဧရာမ အပေါက်တွင် ရပ်တန့်လိုက်သည်။ ၎င်းမှာ ထိုကဲ့သို့ ကြောက်စရာ မကောင်းဆိုးဝါးများကို ဆင့်ခေါ်ရာ ဇစ်မြစ်ပင်။

ထိုအရာက စိတ်ထဲတွင် မှတ်ထားပြီး ချန်လွေ့၏ ခန္ဓာကိုယ် တစ်ခုလုံးသည် မီးတောက်များဖြင့် လောင်ကျွမ်းသွား၏။ ပြင်းထန်လှသော အငွေ့အသက်များနှင့် ပြည့်နေသော အနီရောင် အလင်းတန်း လင်းလက်မှုထဲတွင် အလွန် ကြီးမားပြီး ကောက်ကွေးသော အနီရောင် ဧရာမ သားရဲ တစ်ကောင်က အလျင်အမြန်ပင် ဖွဲ့စည်းလာ၏။ အော်သံ ကြားထဲတွင် ဆူပွက်နေသော [မီးသင့်နဂါးဟိန်းသံ] ရာပေါင်းများစွာက အလွန်ကြီးမားသည့် ခန့်မှန်းမရနိုင်သော အပေါက်ကြီးထဲသို့ ပျံသန်းသွားတော့သည်။

All Chapters