[ထာဝရည] နှင့် တေးသံ
Vol. 73 Ch. 1159
“[ဖြတ်တောက်]!”
စေတန်၏အသံ ထွက်လာပြီး ရေတွက် မရနိုင်သည့် ပင့်ကူအိမ် ကဲ့သို့သော အက်ကွဲကြောင်းများက ဖိုက်သွန်၏ ပတ်လည် နေရာလွတ်တွင် ချက်ချင်းပင် ပေါ်ထွက်လာသည်။ နေရာလွတ်က မရေမတွက်နိုင်သော ချွန်ထက်သည့် ဓားများဖြင့် ပိုင်းဖြတ်ခံလိုက်ရသလိုပင်။ ထို[ဖြတ်တောက်]အရှိန်အဝါ၏ အဝန်းအဝိုင်းအတွင်း အရာအားလုံးသည် ပြတ်တောက်သွားခဲ့လေ၏။
ဖိုက်သွန် တကိုယ်လုံး အနက်ရောင် အငွေ့တစ်လိပ်အဖြစ် ပြောင်းသွားသည်။ ဓားက မည်မျှ ချွန်ထက်စေကာမူ ဘာမှ မရှိနေသော မြူခိုးကို မဖြတ်တောက် နိုင်ခဲ့ပေ။
စေတန် မျက်မှောင်ကြုတ်လိုက်သည်။ ထိုအရာမှာ ပျက်စီးခြင်း ဇစ်မြစ်စွမ်းအား ပေါင်းစပ်ထားသော ကြမ္မာဆိုး ကပ်ဘေး အရှိန်အဝါ လျှို့ဝှက် ပညာရပ်ဖြစ်ကြောင်း မှတ်မိလိုက်သည်။ ၎င်းက ရိုးရှင်းသော တိမ်တိုက်နှင့် တူသော်လည်း ၎င်းအနား ကပ်လာသော တိုက်ခိုက်မှု အားလုံးက အထူး နည်းလမ်းတစ်ခုဖြင့် ရှောင်ရှားခြင်း ခံလိုက်ရလေသည်။
ထိုသို့သော ကြမ္မာဆိုး ကပ်ဘေး စွမ်းအားကို အသုံးပြုခြင်းက ‘ကြမ္မာဆိုး ကပ်ဘေး’ကို နှစ်ပေါင်းများစွာ လေ့လာခဲ့သော ဆာရီရယ်ထက် မည်သို့မျှ မနိမ့်ကျပေ။ ၎င်းတွင် [ကြမ္မာဆိုး ကပ်ဘေး အခန်းကြီး၇ခန်း] ကဲ့သို့သော ကြောက်မက်ဖွယ် တိုက်ခိုက်ရေးစွမ်းအား မရှိသော်လည်း ထိုအရာထက် မနိမ့်သော ကာကွယ်ရေး စွမ်းရည် တစ်ခုပင်။
ဖိုက်သွန် ဆာရီရယ်ကို ဘယ်တုန်းက သတ်ခဲ့တာလဲ။ သူ ကြမ္မာဆိုးကပ်ဘေးကို ဒီလိုအထိ တကယ် ပေါင်းစပ်နိုင်ခဲ့တယ်!
စေတန်၏ မျက်လုံးထဲမှ ပြင်းထန်မှု တိုးပွားလာ၏။ “[ပြိုလဲအဆုံးသတ်]!”
နေရာလွတ်က ပြတ်တောက်နေသော အခြေအနေမှ လိမ်ကောက်သွားခဲ့ပြီး ပြိုလဲခြင်းသို့ ပြောင်းလဲသွားသော်လည်း ၎င်းမှာ ဖိုက်သွန် ပြောင်းလဲထားသော မြူခိုး အခြေအနေအပေါ်တွင် အကျိုး သက်ရောက်မှု မရှိသေးပေ။ သို့သော် စေတန်၏ တကယ့် ရည်ရွယ်ချက်မှာ [ပြိုလဲအဆုံးသတ်]ဖြင့် ဖိုက်သွန်၏ အကာအကွယ်ကို ဖျက်ဆီးရန်မဟုတ်ဘဲ ထိုဖျက်ဆီးခြင်းတိုက်ခိုက်မှုကို အသုံးချ၍ ဖိုက်သွန်ကို ကာကွယ်ရေး အခြေအနေ၌ ဆက်လက် ရှိနေစေရန်ပင်။ ချက်ချင်းပင် စေတန်က သူ၏ ညာဘက်လက်ကို ကောင်းကင်သို့ မြှောက်ပြီး လက်ချောင်း ၅ချောင်းကို ဖြန့်လိုက်လေတော့သည်။ အလင်းတန်းများသည် ကောင်းကင်ရှိ အနီရောင်တိမ်များမှ ထွန်းလင်းလာပြီး တိမ်များမှတစ်ဆင့် နေထိုးနေသလိုပင်။
သို့သော် မီးတောက်များ ပါဝင်ပုံရသော ထိုတိမ်များက အစိမ်း ရောင်ခြည်တစ်ခု ထုတ်လွှတ်ပြီး မီးတောက်များနှင့် လုံးဝ ဆန့်ကျင်ဘက်ဖြစ်သော အေးစက်သည့် အငွေ့အသက်ကို ထုတ်လွှတ်နေလေ၏။ ၎င်းမှာ အမှောင်ရေခဲမြစ်မှ ပြန်လာသော အေးစက်သည့် အလင်းရောင်ကဲ့သို့ပင်။
စေတန်၏ မြှောက်ထားသော လက်က အလင်းတန်း အားလုံး၏ ဗဟိုဖြစ်လာပြီး အေးစက်ပြီး ပြင်းထန်သော အသံသည် နေရာလွတ်ကို ဖြတ်သန်းသွားခဲ့သည်။ “ငါ့ရဲ့ ခန္ဓာကိုယ်က တောက်ပနေတဲ့ ကျောက်မျက်ကနေ ထွက်လာခဲ့တယ်။ ကမ္ဘာပျက်ကပ် အောက်မှာ ဒါက အပြစ်အနာအဆာ ကင်းနေတုန်းပဲ။”
အရှိန်အဝါအသံ ပျံ့နှံ့သွားသည်နှင့် အလင်းတန်းများ ပြောင်းလဲလာသည်။ ၎င်းတို့ လျင်မြန်စွာ ပြိုကွဲပြီး ကွေးညွတ် သွားလေသည်။ မျက်စိတစ်မှိတ်အတွင်း ၎င်းတို့က ရေတွက်၍ မရနိုင်သော မြွေသဖွယ် ရောင်ခြည်များ အဖြစ်သို့ ပြိုကွဲသွားပြီး ဖိုက်သွန် ပြောင်းထားသော မြူခိုးကို ရောယှက် ပတ်ရစ်သွားခဲ့သည်။
မြူခိုးက ပုံသဏ္ဌာန် မရှိသော်လည်း မြွေပုံစံ ရောင်ခြည်များဖြင့် ဝန်းရံခြင်း ခံလိုက်ရရာ ၎င်းက အမျိုးသမီးတစ်ဦး၏ ခန္ဓာကိုယ် အဖြစ်သို့ နောက်တစ်ကြိမ် ပြန်လည်ပြောင်းလဲသွားခဲ့သည်။ သူက ထူထဲသော မြွေပုံစံ အစိမ်းရောင် ကြိုးများဖြင့် ရစ်ပတ်ခြင်းခံထားရ၏။
စေတန်က ထိုစွမ်းရည်ကို ဒီလော့စ်ရို (ကိုယ်ပွား)နှင့် တိုက်ပွဲတွင် အသုံးပြုခဲ့၏။ ဒီလော့စ်ရိုပင် မလွတ်မြောက်နိုင်ခဲ့ပေ။
“[ပြိုလဲအဆုံးသတ်]! [ဖြတ်တောက်]!” အရှိန်အဝါ နှစ်ခုက နောက်တစ်ကြိမ် အသက်ဝင်လာခဲ့သည်။ မတူညီသော အရှိန်အဝါများ အကြား ထိုသို့လျင်မြန်စွာ ပြောင်းလဲခြင်းနှင့် တစ်ပြိုင်နက်တည်း အသက်သွင်းခြင်းမှာ အတော်လေးကို ခက်ခဲသော်လည်း စေတန်သည် ၎င်းကို လွယ်ကူစွာ လုပ်ဆောင်နိုင်ခဲ့သည်။ ထိန်းချုပ်မှုက အစပိုင်းတွင် ဖိုက်သွန် ရင်ဆိုင်ခဲ့ရသော မိုက်ကယ်ထက်ပင် အနည်းငယ် သာလွန်နေသည်။
ဖိုက်သွန်က အစိမ်းရောင်ကြိုးများဖြင့် ချုပ်နှောင်ခံထားရသည်။ ထိုတစ်ကြိမ် သူက လျှို့ဝှက် ပညာရပ်ကို အသုံးပြု၍ မရှောင်တိမ်းနိုင်တော့ပေ။ ထိတ်လန့်ခြင်း မရှိနေဘဲ သူက ပိတ်ပတ်လည်မှ ကွဲအက်နေသော နေရာလွတ်ကို တိတ်ဆိတ်စွာ ကြည့်နေခဲ့လေသည်။ အနည်းငယ်ရှတတဖြစ်သော အသံတစ်ခု ထွက်ပေါ်လာ၏။
“လောကမှာရှိတဲ့ အရာအားလုံးက မမြဲခြင်းနှင့် မသေချာ မရေရာခြင်းပဲ။ ရရှိတဲ့အရာက ဆုံးရှုံးသွားမှာပဲ။”
ထိုစကား ဆုံးသည်နှင့် အစိမ်းရောင် ကြိုးများနှင့် နေရာလွတ်၏ ပြိုလဲခြင်းနှင့် ဖြတ်တောက်ခြင်းတို့ တစ်ချိန်တည်းတွင် ပျောက်ကွယ်သွားခဲ့သည်။
“တကယ့် ပိတ်ပင်ခြင်း အရှိန်အဝါပဲ။ အဲဒီတုန်းကထက် အများကြီး ပိုသန့်စင် လာတယ်။ ဖိုက်သွန်ဆိုတဲ့ အတိုင်းပါပဲ။” စေတန်က ချက်ချင်း မတိုက်ခိုက်ဘဲ ချီးကျူးစကားဖြင့် ခေါင်းညိတ်လိုက်၏။ “ကံဆိုးချင်တော့ အဲဒီတုန်းက အမှားကို ထပ်ဖြစ်ခွင့်ပေးမှာ မဟုတ်တော့ဘူး။ ဒီတိုင်းပြည်ငယ်က ငါ့ရဲ့ အစီအစဉ်ထဲက အမှောင် နတ်ဘုရားကျောင်းရဲ့ အခြေခံ အုတ်မြစ်ပဲ။ ဒါကို မင်းရဲ့သင်္ချိုင်း ဖြစ်အောင်...”
“ရှင် ကျွန်မကို ဒီလောက် မြန်မြန် သတ်ချင်နေတာလား။ ပျက်စီးခြင်း စာအုပ်တောင် မလိုချင်တော့ဘူးလား။” ဖိုက်သွန်က သူနှင့် မသက်ဆိုင်သော အရာတစ်ခုအကြောင်း ပြောနေသကဲ့သို့ တည်ငြိမ်နေ၏။
“မင်း ‘သူ့’နောက်ကို လိုက်ပြီဆိုတော့ ပျက်စီးခြင်းစာအုပ်က ‘သူ့’လက်ထဲမှာ ရှိရမယ်။ ဒါက လွန်ခဲ့တဲ့ ၃နှစ်က သံသယ တချို့ကို ရှင်းပြပေးတယ်။ ပျက်စီးခြင်း စာအုပ်က အမြဲတမ်း ‘သူ့’ရဲ့ လက်ထဲမှာ ရှိနေခဲ့တာကိုး။ တကယ်ကို ပါးနပ်တဲ့ တွက်ချက်မှုပဲ!”
ဖိုက်သွန် ရယ်လိုက်သည်။ “ရှင် ‘သူ့’ကို ၁၀နှစ် အချိန်ပေးခဲ့တာ သိလိုက်တော့ ကျွန်မရဲ့ ပထမဆုံး တုံ့ပြန်မှုက ရှင် နောင်တရလိမ့်မယ် ဆိုတာပဲ။”
“ဒါက မသေချာဘူး! ကိုယ့်ကိုယ်ကိုယ် အရင်ဆုံး စိတ်ပူသင့်တယ်။” စေတန်က အေးစက်စွာ ပြောလိုက်၏။ “ငါ့အတွက် မင်းမှာအခု ဘာတန်ဖိုးမှ မရှိတော့ဘူး။ ခြိမ်းခြောက်မှုပဲ ရှိတော့တယ်။ မင်းကို ‘[ထာဝရည]’ထဲမှာ နာကျင်မှု မရှိဘဲ သေဆုံးခွင့်ပေးတာက ‘မိတ်ဆွေဟောင်း’ တစ်ယောက်အနေနဲ့ မင်းအတွက် ငါ့ရဲ့ နောက်ဆုံး ဂုဏ်ပြုမှုပဲ။”
ထိုသို့ ပြောပြီးနောက်တွင် စေတန်က လက်ဖဝါးများကို ပခုံးများပေါ်တွင် ကြတ်ခြေခတ် ထားလိုက်သည်။ သူ၏ အကြည့်က ရုတ်တရက် အဆုံးမဲ့ညကဲ့သို့ နက်ရှိုင်းသွားပြီး နောက်မှ အနက်ရောင် အတောင်ပံ ၁၂ခု ဖြန့်ကားသွားသည်။
“ငါက အနက်ရောင် တိမ်တွေကနေ ဆင်းသက်လာတယ်။ မြင့်မြတ်တဲ့ ဝိညာဉ်က ငါ့ကြောင့် စော်ကားခံရတယ်။ ဂုဏ်ကျက်သရေက ငါ့ကြောင့် မှောင်မိုက် သွားရတယ်။ လောကမှာရှိတဲ့ လူတိုင်းက အပေါ်ယံ အရေခြုံတွေပဲ။ ငါ့ရဲ့ သဘာဝ တစ်ခုတည်းက လုံးဝ သန့်စင်တယ်...”
စေတန်က စကား တစ်လုံးချင်းစီကို ရွတ်လိုက်တိုင်း သူ၏ ခန္ဓာကိုယ်မှာ ဝေဝါးသွားပြီး ဖိုက်သွန်၏ နှလုံးသားထဲမှ အကျပ်အတည်း အာရုံခံသည် ပို၍ပင် ပြင်းထန်လာခဲ့သည်။ သူက ပိတ်ပင်ခြင်း အရှိန်အဝါ အသက်သွင်းလိုသော်လည်း သူ၏ အမြင်အာရုံ မည်းနက်သွားလေပြီ။ သူက စေတန်၏ တည်နေရာကို ဆုံးရှုံး သွားခဲ့သည်။ အမြင်အာရုံ၊ ဝိညာဉ်၊ အသက်... အရာအားလုံးက လျှို့ဝှက် ဆန်းကြယ်သော စွမ်းအားများဖြင့် ပြည့်နှက်နေသော အမှောင်ထုထဲသို့ ကျရောက်သွားတော့သည်။
ဖိုက်သွန်က ထိုအမှောင်ထုထဲတွင် အချိန်စီးဆင်းမှု ရုတ်တရက် ရေတွက်၍ မရနိုင်အောင် အရှိန်မြန်သွားပြီး ‘အစ’မှ ‘အလယ်’ကို ကျော်ဖြတ်ကာ ‘အဆုံး’သို့ တိုက်ရိုက်ရောက်သွားသလို ခံစားလိုက် ရသည့်အတွက် ထိတ်လန့်သွားခဲ့သည်။
သူ အသက်သွင်းလိုက်သော အရှိန်အဝါ သို့မဟုတ် လျှို့ဝှက်စွမ်းရည် အားလုံးက ထိုသို့သော ‘ဖြတ်ကျော်ခြင်း’ကြောင့် ကြီးမားသော ‘စည်မျဉ်း’ တစ်မျိုးမျိုးဖြင့် တားဆီးခြင်း ခံလိုက်ရသည်။
စွမ်းအား သာမက အသက်လည်း အတူတူပင်။
အသက်ပန်းပွင့်က အလှပဆုံးပုံစံဖြင့် မပွင့်လန်းနိုင်ခင်ပင် ညှိုးနွမ်းသွားခဲ့သည်။
ထိုခံစားချက်က ရှင်းပြ၍ မရနိုင်သော ဝမ်းနည်းမှု အနည်းငယ်ကို သယ်ဆောင် လာပုံရသော်လည်း စိတ်သက်သာရာ ရသွားခြင်းလည်း ဖြစ်ဟန်တူသည်။
အရာအားလုံးက အမှောင်ထု အဆုံးသို့ ပြန်ရောက်ရှိသွားကြသည်။
ထိုအရာမှာ [ထာဝရည] ပင်။
စေတန်၏ ညကဲ့သို့သော မျက်လုံးများ ရုတ်တရက် ကျုံ့သွားပြီး အဆုံးမဲ့ အမှောင်ထုထဲတွင် တောက်ပနေသော ကြယ်အလင်းရောင် အနည်းငယ်ကို တွေ့လိုက်ရလေသည်။
ထိုသို့ ကြယ်အလင်းရောင်နှင့် အတူ အမှောင်ထုက အဆုံးမဲ့၏ အဆုံးသတ် မဟုတ်တော့ဘဲ ခပ်ယဲ့ယဲ့ ပေါ်လာသော မျှော်လင့်ချက်၏ အစ ဖြစ်လာသည်။
ကြယ်အလင်းထဲတွင် တေးသံ ယဲ့ယဲ့ ထွက်ပေါ်လာသည်။
နက်ရှိုင်းလှသော အသံက အထီးကျန် ဝိညာဉ်၏ အသံကို သီဆိုနေပြီး ဖော်ပြ၍ မရနိုင်သော အထူးဆွဲဆောင်မှု တစ်ခုကို ပြသနေ၏။
ထိုအခိုက်အတန့်တွင် [ထာဝရည]၏ အမှောင် ဝမ်းနည်းမှုက တေးသံနှင့် တစ်သားတည်း ဖြစ်သွားပုံရသည်။ ၎င်းက အရာအားလုံး ဖုံးလွှမ်းနိုင်သည့် စွမ်းအား မပြသနိုင်တော့ပေ။
တေးသံ အကြားတွင် ပုံရိပ်တစ်ခုက နောက်မှ လှပသော ကြယ်များနှင့်အတူ အမှောင်ထုထဲမှ တဖြည်းဖြည်းချင်း လျှောက်ထွက်လာခဲ့လေသည်။ ၎င်းမှာ စူးရှခြင်း မရှိသော်လည်း အမှောင်ထုထဲ မြှုပ်ထားသော ကျောက်မျက်ရတနာ တစ်ခုကဲ့သို့ နူးညံ့သော အလင်းရောင်ကို ထုတ်လွှတ်နေ၏။
ပိုမို၍ ထင်ရှားလာသော ဖိုက်သွန်၏ ပုံရိပ်ကို ကြည့်နေရင်း စေတန်သည် စကားမပြောသော်လည်း ထူးထူးခြားခြား လေးနက်သော အမူအရာက အားလုံးကို ရှင်းပြရန် လုံလောက်သည်။ စေတန်၏ မျက်လုံး ကျဉ်းမြောင်းသွားသော်လည်း အကြည့်က ဆုံးဖြတ်ချက် တစ်မျိုးမျိုးကို ချလိုက်သလိုပင် ပို၍ပို၍ ပြင်းထန် လာခဲ့သည်။ ရုတ်တရက် သူက [ထာဝရည] စွမ်းအားကို ထုတ်လွှတ်၍ ‘[အမှောင်တေးသံ]’ကို တိုက်ခိုက်လိုက်၏။
ထိုတိုက်ကွက်က ဖိုက်သွန် ရင်ဆိုင်နေရသော ဖိအားကို သက်သာစေ ခဲ့သော်လည်း သူက စိတ်သက်သာရာ မရခဲ့ပေ။ ထိုအစား ပိုမို၍ ကြီးမားသော အန္တရာယ်တစ်ခု ရောက်ရှိလာတော့မလို ပင်ကိုအသိစိတ်ဖြင့် ခံစားလိုက်ရသည်။
ဖိုက်သွန်သည် တစ်ချိန်က ရှေးဟောင်း ပြိုင်ကွင်းတွင် မိုက်ကယ်နှင့် ထိပ်တိုက် တိုက်ခိုက်ခဲ့ဖူးပြီး စေတန်၏ [ထာဝရည] စွမ်းအားက သိဒ္ဓိအလင်းတောင်၏ ယုံကြည်မှုနှင့် ပေါင်းစပ်ထားသော မိုက်ကယ်၏ အကြမ်းဆုံး တိုက်ကွက် [ကျက်သရေရှိတောင်အလင်းခွင့်လွှတ်] ကဲ့သို့ အားကောင်းလုနီးပါး ဖြစ်သည်။ ဒါပေမဲ့ စေတန်ရဲ့ လက်ရှိ အရှိန်အဝါ အရဆိုရင် သူက စွမ်းအားအချို့ကို ချန်ထားနေတာ ဖြစ်လောက်တယ်။ သူ့မှာ ပိုပြီးတော့ အားကောင်းတဲ့ စွမ်းအားတွေ ရှိနေသေးတာများလား။
ဖိုက်သွန်က စွန့်စားရဲခြင်း မရှိပေ။ သူက [အမှောင်တေးသံ] စွမ်းအားကို ချက်ချင်း စုစည်းလိုက်ပြီး အချိန်မရွေး ထုတ်လွှတ်ရန် အသင့်ဖြစ်နေ၏။
သေခြင်းတရားတိုင်းပြည်၌-
ဧရာမမီးသင့်နဂါး ရာပေါင်းများစွာက လေထဲတွင် ဟိန်းနေပြီး အံ့ဩဖွယ်ရာ အရှိန်အဟုန်ဖြင့် အားလုံးကို ချေမှုန်းကာ မြေပြင်ပေါ်မှ ဧရာမအပေါက်ကြီးဆီသို့ ဆင်းသက်သွားခဲ့ကြသည်။
တောက်ပသော အနီရောင်အလင်းက အပေါက်ကြီးကို တိကျစွာ ထိမှန်သွားပြီး ရိုင်းစိုင်းကြမ်းတမ်းသော ပျက်စီးခြင်း အငွေ့အသက် တစ်ခု တန်းတန်းမတ်မတ် တိုးဝင်သွားခဲ့သည်။ လမ်းတလျှောက် နေရာလွတ်က တုန်ခါနေပြီး အနက်ရောင် အငွေ့အားလုံး လုံးဝ လွင့်စင်သွား၏။
သို့သော် ထိုသို့သော စွမ်းအားက အပြာနက်ဂူထဲသို့ ဝင်ရောက်ပြီးနောက် ၎င်းမှာ မည်သည်ကိုမှ မထိမှန်သကဲ့သို့ မည်သည့် တုန်ခါမှုကိုမှ မဖြစ်စေခဲ့ပေ။ ထိုအစား ထွက်လာသော အနက်ရောင် အငွေ့များ ပို၍ပင် ထူထဲလာခဲ့သည်။ ယခင်က ဖျက်ဆီးခြင်း ခံခဲ့ရသော နတ်ဆိုး ကျိုင်းကောင်များ အားလုံးလည်း ပြန်ကောင်းလာသည်။ မြေတစ်ခုလုံး၏ သေခြင်းတရား အငွေ့အသက်မှာ အနည်းငယ်မျှပင် အားမနည်းသွားခဲ့ပေ။
“ဒါက အပေါ်ယံဆန်တဲ့ တိုက်ကွက်ပဲ။ ကံဆိုးချင်တော့ ဒီဆင့်ခေါ်တံခါးက တိုက်ခိုက်မှု ပုံစံမှန်သမျှ ဆင့်ခေါ်ခြင်းရဲ့ စွမ်းအင်အဖြစ်ကို ပြောင်းပေးလိမ့်မယ်။ ဒါနဲ့တင် ငါက မရှုံးနိမ့်နိုင်တဲ့သူပဲ။” အက်ဘက်ဒွန်၏ ရယ်သံ ပတ်လည်တွင် နောက်တစ်ကြိမ် ထွက်ပေါ်လာပြန်သည်။ “ဒါပေမဲ့ မင်း တိုက်ခိုက်မနေဘူးဆိုရင် အဆက်မပြတ် စီးဝင်လာတဲ့ မသေမျိုး နတ်ဆိုး ကျိုင်းကောင်တွေကို ဘယ်လို ခုခံနိုင်မှာလဲ။ ဒါက နာကျင်စရာ ကောင်းတဲ့ အကြပ်အတည်း တစ်ခုပဲ... မင်းရဲ့ ဒုက္ခကို အဆုံးသတ်ပေးဖို့အတွက် ကြင်နာတတ်တဲ့ သေခြင်းတရား ထိန်းချုပ်သူ တစ်ယောက်အနေနဲ့ မင်းကို ... သေခြင်းကို ချီးမြှင့်ပေးမယ်။”
စကားများ ဆုံးသည်နှင့် မူလက အနက်ရောင် အငွေ့များ ဖြစ်နေသော ဆင့်ခေါ်တံခါးက ကောင်းကင်သို့ ပစ်လွှတ်သွားပြီး လေထဲတွင် ဧရာမ နိမိတ်ပုံရိပ်တစ်ခုကို ဖွဲ့စည်းလိုက်သည်။ ၎င်းမှာ အက်ဘက်ဒွန်နှင့် ခပ်ရေးရေး ဆင်တူသည်။ သူက လက်သည်းလို လက်ဝါးကို ဆန့်လိုက်ပြီး ချန်လွေ့ထံသို့ ဝှေ့ယမ်းလိုက်၏။
ရှင်းပြမရနိုင်သော အားမတန်သည့် ခံစားချက်တစ်ခု ချန်လွေ့၏ စိတ်ထဲတွင် တိုးဝင်လာခဲ့သည်။ သူက ခုခံရန်နှင့် ထွက်ပြေးရန် မတတ်နိုင်တော့ဘဲ ၎င်းမှာ သေခြင်းတရား အုပ်စိုးသော နတ်ဘုရား အမှန်တကယ် ဖြစ်သည့်အလား ထင်ရ၏။ နေရာလွတ်ကို ဖြတ်သွားလာနိုင်လျှင်ပင် သေခြင်းတရားမှ မလွတ်မြောက်နိုင်ပေ။
‘သေရန်စောင့်နေသော’ ခံစားချက်က အလွန်အမင်း အန္တရာယ် များလှသော ခံစားချက်တစ်ခုဖြင့် အစားထိုးမခံရမီ တစ်ခဏသာ ဖြစ်၏။ တိုက်ပွဲများစွာ ကြုံတွေ့ခဲ့ဖူးသော ချန်လွေ့က ချက်ချင်း သတိ ပြန်လည်လာခဲ့လေသည်။ ဒါက အက်ဘက်ဒွန်ရဲ့ ဝိညာဉ် အရှိန်အဝါပဲ ဖြစ်ရမယ်!
ထိုအချိန်တွင် ဧရာမလက်သည်းနှင့် ချန်လွေ့ အကာအဝေးမှာ ၅မီတာပင် မရှိတော့ဘဲ ချန်လွေ့၏ ကြယ်ချပ်ကာ၌ အလွန်ပင် ချွန်ထက်လှသော လေဖိအား အောက်တွင် အက်ကြောင်းအများအပြား ရှိနေသည်။ အချို့အစိတ်အပိုင်းများမှာပင် သွေးများ ပန်းထွက်နေလေသည်။ သူ အပိုင်းပိုင်း ကြိတ်ချေခံရတော့မည့်အချိန် အငွေ့နက်၊ နတ်ဆိုးကျိုင်းကောင်များ၊ ဧရာမလက်သည်း... အရာအားလုံးက ရုတ်တရက် နှေးကွေးသွားခဲ့သည်။
‘နှေးကွေးမှု’ ပုံမှန် ပြန်ဖြစ်သွားရာ ချန်လွေ့ ပျောက်ကွယ်သွားပြီ ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ဖျော့တော့သော အနီရောင်အလင်းတန်းတစ်ခု အထက်မှ တန်းတန်းမတ်မတ် ပစ်လွှတ်ထွက်လာပြီး အက်ဘက်ဒွန်၏ ဧရာမ နိမိတ်ပုံရိပ်ကို ထိုးဖောက်သွားခဲ့သည်။ အလင်းတန်းတွင် အားကောင်းသော ပျက်စီးခြင်းစွမ်းအား ရှိသည်။ နေရာလွတ်ပင်လျှင် ၎င်းကြောင့် နှစ်ပိုင်းပိုင်းသွား၏။
[အစစ်အမှန်အနီရောင် ပျက်သုဉ်း]!
နိမိတ်ပုံရိပ်က ခဏတာ ရပ်တန့်ပြီးမှ ပြိုလဲသွားခဲ့လေသည်။ ချန်လွေ့က အက်ဘက်ဒွန်၏ နိမိတ်ပုံရိပ်မှာ အမှန်တွင် မရေမတွက်နိုင်သော မသေမျိုး နတ်ဆိုး ကျိုင်းကောင်များဖြင့် ဖွဲ့စည်းထားခြင်းကို အသေအချာပင် မြင်တွေ့နိုင်သည်။ သို့တိုင်အောင် ထိုကျိုင်းကောင်များတွင် မသေနိုင်သော အထူးအရည်အချင်း ရှိသည်။ သူတို့က အငွေ့အဖြစ်သို့ ပြောင်းလဲသွားလျှင်ပင် လျင်မြန်စွာ နောက်တစ်ကြိမ် ပြန်လည် စုစည်းသွားကြလေသည်။
“မင်းမှာ ဒီလောက် အားကောင်းတဲ့ အချိန် အရှိန်အဝါရှိမယ် မထင်ထားဘူး! ဒါကြောင့် စေတန်က မင်းကို ဒီလောက် တန်ဖိုးထားတာကိုး! မင်းမှာ ကြောက်စရာ ပျက်စီးခြင်း အရှိန်အဝါရဲ့ စွမ်းအားလည်း ရှိသေးတယ်။ ဒါပေမဲ့ ကံဆိုးချင်တော့ မင်းမှာ စေတန်နဲ့ ယှဉ်ပြိုင်ဖို့ အခွင့်အရေး မရှိတော့ဘူး။ ဘာလို့လဲဆိုတော့ မင်းက ငါ သေခြင်းတရား အမှောင်တမန်တော် အက်ဘက်ဒွန်နဲ့တွေ့ခဲ့လို့ပဲ။ ဒီသေခြင်းတရားတိုင်းပြည်က ပြီးပြည့်စုံတယ်။ ‘အချိန်’တောင်မှ ‘သေခြင်းတရား’ကို ယာယီ နှောင့်နှေးရုံပဲ လုပ်နိုင်တယ်။ ဒါပေမဲ့ ဒါကို တကယ် မရှောင်လွှဲနိုင်ဘူး။” အငွေ့များကြားတွင် အက်ဘက်ဒွန်၏ ဧရာမ နိမိတ်ပုံရိပ်က နောက်တစ်ကြိမ် စုစည်းသွားပြန်သည်။
“သေခြင်းတရား အမှောင်တမန်တော် အက်ဘက်ဒွန်။ ဒီနာမည် မှတ်ထားမယ်။” ချန်လွေ့ အသက်ကို ပြင်းပြင်းရှူလိုက်ပြီး လုံးဝ တည်ငြိမ်သွားသည်။ “ခင်ဗျားက ကျုပ် တွေ့ခဲ့ဖူးသမျှ အထူးဆန်းဆုံး ပြိုင်ဘက်ပဲ။ ဒီသေခြင်းတရား တိုင်းပြည်ကလည်း လျို့ဝှက်နက်နဲတယ်။ ကျုပ်ရဲ့ အမြင်မှာတော့ အာရုံစိုက်တာ အခံရဆုံးဖြစ်တဲ့ ဆင့်ခေါ် တံခါးက ဆင့်ခေါ်တာ ရပ်နိုင်တဲ့ အားနည်းချက် ဒါမှမဟုတ် ဇစ်မြစ် ဖြစ်တဲ့ပုံပဲ။ ဒါပေမဲ့ ဒါက တကယ်တော့ အင်အားအကြီးဆုံး နေရာပဲ။ ဒါပေမဲ့... ခင်ဗျားကို တကယ် အနိုင်ယူနိုင်မယ့် နည်းလမ်း တစ်ခုကို ရှာတွေ့ထားပြီ။”