← Chapters

လှပသည့် ကျောင်းဝန်းသို့ ပြန်ရောက်ရှိခြင်း

Vol. 8 Ch. 98

လှပသည့် ကျောင်းဝန်းသို့ ပြန်ရောက်ရှိခြင်း

Vol. 8 Ch. 98

တောင်ပိုင်း ကောင်းကင် တံခါးပေါက်တွင် အဖြူရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။

အန်လင်းတို့သည် ထိုအလင်းတန်းထဲမှ ထွက်ပေါ်လာကြသည်။

ငွေရောင်ဆံပင်များနှင့် လူတစ်ဦးသည် သူတို့အား အပြုံးမျက်နှာနှင့် ဆီးကြို နှုတ်ဆက်နေလေသည်။

မြေကမ္ဘာ အင်မော်တယ် ယွဲ့ရင်နှင့် မင်းယွမ်တို့သည် ချက်ချင်းဆိုသလို ကိုယ်ကိုင်းကာ အရိုအသေ ပေးလိုက်သည်။ "ဧကရာဇ် ကျိဝေကို ကျွန်တော်/ကျွန်မတို့ အရိုအသေ ပေးပါသည် ..."

အန်လင်းတို့သည် ချက်ချင်း ဆိုသလိုပင် သူတို့ရှေ့တွင် ရှိနေသည့် လူကြီးမှာ မည်သူဖြစ်ကြောင်း သိလိုက်ရတော့သည်။

"အရမ်း ယဉ်ကျေးနေဖို့ မလိုပါဘူး ... မင်းတို့ရဲ့ ကြိုးစားပေးမှုအတွက် ကျေးဇူးတင်ပါတယ် ..."

ဧကရာဇ် ကျိဝေသည် အေးစက်သည့် မျက်နှာ အမူအရာ ရှိသော်လည်း အသံမှာမူ ညင်သာလှသည်။ နှလုံးသားထဲမှ စိုးရိမ်ပူပန်မှုများအား လျော့ကျ သက်သာစေနိုင်သည့် အစွမ်းရှိသည်။

အန်လင်းသည် ခေါင်းမော့လိုက်ပြီးနောက် သူ့အရှေ့တွင် ရှိနေသော ဆံပင်ဖြူ လူကြီးအား စူးစမ်းမှု အပြည့်ဖြင့် ကြည့်နေမိသည်။

ဤသည်ကား သူ့အနေဖြင့် အစစ်အမှန် နတ်ဘုရား တစ်ပါးကို ပထမဆုံးအကြိမ် မြင်တွေ့ရခြင်း ဖြစ်သည်ကြောင့် အလွန်စိတ်လှုပ်ရှား နေလေသည်။

ယခင်က တွေ့ဆုံခဲ့သည့် အဘိုးအိုမှာ အစစ်အမှန် နတ်ဘုရားတစ်ပါး ဟုတ်မဟုတ် မည်သူက သိနိုင်မည်နည်း။ သူသည် အန်လင်းအား နာမည်လေးတောင် ပြောပြသွားခြင်း မရှိချေ။

သို့သော်လည်း ဧကရာဇ် ကျိဝေသည် ကောင်းကင်ဘုံ ပိုင်နက်၏ ဧကရာဇ် လေးဦးထဲမှ တစ်ဦးဖြစ်သည်။ ကြယ်တာရာ နတ်ဘုရားနှင့် အရာအားလုံး၏ အရှင် ဆိုသော ဂုဏ်ပုဒ်နှစ်ခုအား ပိုင်ဆိုင်ထားသည်။

အင်မော်တယ် မန္တန်များ အားလုံတွင် ကျွမ်းကျင်မှု ရှိသဖြင့် အင်မော်တယ် မန္တန်များ၏ ဂေါ့ဒ်ဖားသား ဖြစ်သည်။

သူသည် ကောင်းကင်နှင့် မြေပြင်အား ထိန်းချုပ်ကာ စကြဝဠာကြီး တစ်ခုလုံး၏ ကံကြမ္မာအား ကောက်သင်း ကောက်နိုင်စွမ်းလည်း ရှိသည်။

ထိုကဲ့သို့သော ကြီးကျယ်မြင့်မြတ်သည့် ပုံရိပ်သည် သူ့အရှေ့တွင် ရပ်တည်လျက် ရှိနေသည်ကြောင့် အန်လင်းအနေဖြင့် အဘယ်တွင် စိတ်မလှုပ်ရှားဘဲ နေအံ့နည်း။

"ဝ နယ်မြေအတွင်းက မင်းတို့ရဲ့ ထူးခြားတဲ့ အပြုအမူတွေကို ကြားသိခဲ့ပြီး ဖြစ်တယ် ... မင်းတို့ရဲ့ တာဝန်တွေ ကောင်းမွန်စွာ ပြီးမြောက် သွားတဲ့အကြောင်း ကြားလိုက်ရတာမို့ ငါက ဒီနေရာမှာ ရောက်နေရခြင်းပဲ ..."

"တောင်ပံနက် မျိုးနွယ်စုကို အဆင့် ၃ မန္တန်ဝင်္ကပါထဲ ဝင်ရောက်ခွင့် ပြုလိုက်မိတာ ကတော့ ငါ့ရဲ့ သတိပေါ့လျော့မှုပဲ ... ရော့ ရော့ ... ဒီဟာက ဆေးလုံးသန့်စင်ခြင်း လက်မှတ် သုံးခုပဲ ... လက်မှတ်တစ်ခုကို တုန်ရွှာနန်းတော် ကနေ အဆင့် ၆ ထက်နိမ့်တဲ့ အင်မော်တယ် ဆေးလုံး ထုတ်ယူလို့ရတယ် ... ငါ့ရဲ့လက်ဆောင်ကို လက်ခံကြ ..."

ဧကရာဇ် ကျိဝေသည် ညာဘက်လက်အား ဝှေ့ယမ်း လိုက်ပြီးနောက် သူတို့အားလုံး၏ လက်ထဲတွင် ရွှေရောင်လက်မှတ် တစ်ခုစီ ပေါ်လာသည်။

"ကျေးဇူးတင်ပါတယ် ဧကရာဇ် ကျိဝေ ခင်ဗျာ/ရှင်" လူတိုင်းသည် ဧကရာဇ် ကျိဝေအား စိတ်လှုပ်ရှားစွာဖြင့် ကျေးဇူးတင်ကြသည်။

အင်မော်တယ် ဆေးလုံးများ ဖြစ်သည်ကြောင့် ယင်းတို့သည် တန်ဖိုးဖြတ် မရသည့် ရတနာများ ဖြစ်ကြသည်။

တုန်ရွှာနန်းတော်မှ အင်မော်တယ် ဆေးလုံးတစ်လုံးအား အဖိုးအခ ပေးချေရခြင်း မရှိဘဲနှင့် ရရှိခြင်းသည် ကျေနပ်လောက်စရာပင် ဖြစ်သည်။

ဧကရာဇ်ကျိဝေသည် ခေါင်းညိတ်ကာဖြင့် သူ၏အကြည့်အား အန်လင်းထံသို့ ရွေ့သွားလိုက်သည်။ မျက်လုံးထဲတွင် အဆုံးမရှိသည့် ကြယ်တာရာများ တလက်လက် တောက်ပနေသကဲ့သို့ ဖြစ်သည်။

များမကြာမီတွင် သူ့မျက်လုံးများသည် ကြည်လင် လာပြီးနောက် သူ၏ တပည့်များထဲတွင် အန်လင်း၏ ပုံရိပ် ထင်ရှားလာသည်။

"ကျောင်းသားအန်လင်း ... မင်းရဲ့ အပြုအမူတွေနဲ့ ပတ်သက်လို့ ငါကြားသိပြီးသား ဖြစ်တယ် ... ဒီဖြစ်ရပ်မှာ မင်းက တကယ့်ကို သူရဲကောင်းတစ်ဦး ဖြစ်ခဲ့တယ် ... အဲဒါကြောင့် ဆုလာဘ်အနေနဲ့ မိစ္ဆာရှင်းဓားကို သိမ်းထားနိုင်တယ် ..."

ဧကရာဇ်ကျိဝေ၏ စကားကို ကြားလိုက်ရသည့် အခါတွင် အန်လင်းသည် အနောက်သို့ပင် ယိုင်သွားလေသည်။

အရိုးသားဆုံး ပြောရမည်ဆိုလျှင် သူသည် မိစ္ဆာရှင်းဓားအား သိမ်းဆည်းထားရန် ကြံစည်ထားပြီး ဖြစ်သည်။

သို့သော်လည်း အန်လင်းသည် ဧကရာဇ်ကျိဝေအား ကျေးဇူးတင်ကြောင်း ပြသလိုက်သည်။

ပြဿနာများအား ဖြေရှင်းပြီးသည့် နောက်တွင် ဧကရာဇ်ကျိဝေသည် ကြယ်တာရာ မြောက်ပိုင်းနန်းတော်သို့ ပြန်သွားလေသည်။

"ဟူး ... ငါ့ရဲ့ အဖိုးတန် ဓားစိတ်ဝိညာဉ်လေးက ဖျက်ဆီး ခံလိုက်ရတာ သနားဖို့ ကောင်းလိုက်တာ ..."

ငွေရောင်ဆံပင်နှင့် လူကြီးသည် တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ အကယ်၍ သူ့အနေဖြင့် တောင်ပိုင်းကောင်းကင် တံခါးပေါက်အား အသုံးပြုကာ ဖြတ်သန်းမည်ဆိုလျှင် သူ၏ ခွန်အားကြောင့် ဝင်ပေါက်မှာ ပြိုကျပျက်စီး သွားမည်ကြောင့်သာ မဟုတ်ခဲ့လျှင် သူ့အနေဖြင့် အဆင့် ၃ မန္တန်ဝင်္ကပါ မပျက်စီးခင်မှာပင် ကမ္ဘာမြေပေါ်သို့ အလျင်အမြန် သွားရောက် ဖြစ်လိမ့်မည်ပင်။

"တောင်ပံနက် မျိုးနွယ်စုက ဝ နယ်မြေထဲ ဝင်ရောက်နိုင်စွမ်း ရှိမယ်လို့ ဘယ်သူက ထင်မှာလဲ ... ဘုရင်မကြီးသာ ဒီအကြောင်းကို သိမယ်ဆိုရင် ဘယ်လို တုံ့ပြန်မလဲ သိချင်လိုက်တာ ..." ထိုအကြောင်းအား တွေးမိလိုက်သည်နှင့် သူ့မျက်နှာတွင် စိတ်ဝင်စားဖို့ ကောင်းသည့် အမူအရာများ ပေါ်လာတော့သည်။

...

စုစည်းညီညွတ် ကျင့်ကြံခြင်း ကျောင်းတော်အတွင်း၌ အန်လင်း၊ ရွှမ်ယွမ်ချန်နှင့် စုရှောင်လန်တို့၏ သေမျိုးကမ္ဘာတွင် ထမ်းဆောင်ခဲ့သည့် တာဝန် ပြီးမြောက်မှုသည့် ဒဏ္ဍာရီသဖွယ် ဖြစ်လာခဲ့သည်။

မူလတာဝန်မှာ နတ်ဆိုးစေတီအား စည်းတံဆိပ် ခိုင်ခံ့လာအောင် ပြုလုပ်ရန်နှင့် တစ္ဆေဘုရင်အား သုတ်သင် ရှင်းလင်းရန်သာလျှင် ဖြစ်သည်။

သို့သော်လည်း အန်လင်း၏ ပြိတ္တာများ၊ သွေးမျိုးနွယ်စုများအား ဖျက်ဆီးကာ တောင်ပံနက် မျိုးနွယ်စုမှ မဟူရာည ဧကရီအား သတ်ဖြတ်လိုက်သည့် အကြောင်းသည် ဒဏ္ဍာရီတစ်ခု ဖြစ်လာတော့သည်။

အန်လင်းအင်အားစု အဖွဲ့ဝင်များ၏ အပြုအမူများသည် အဖြစ်အပျက်များအား လိုသည်ထက်ပို ချဲ့ကား ပြောဆိုကြလေသည်။

အန်လင်းကိုယ်တိုင် သည်ပင်လျှင် ကျောင်းဝန်းအတွင်း ထင်ရှား ကျော်ကြားသူတစ်ဦး ဖြစ်လာပြီး သူ၏ ထူးခြားသည့် အပြုအမူများနှင့် ပတ်သက်သော အကြောင်းအရာ များသည် တောမီးသဖွယ် ပျံ့နှံ့ သွားလေသည်။

ကောင်းကင်ဘုံမှ ထိပ်တန်း အကြီးအကဲများအား ရိုက်ချသည် ဟူ၍လည်းကောင်း၊ ပင်လယ်အတွင်းမှ နတ်ဆိုးနဂါးများအား သုတ်သင်သည် ဟူ၍လည်းကောင်း။

တောင်ပံနက် မျိုးနွယ်စု၏ ရွေ့လျားရဲတိုက် အတွင်းသို့ပင် ဝင်ရောက်ကာ မျိုးနွယ်စု တစ်ခုလုံးအား သတ်ဖြတ်လိုက်သည် ဟူ၍လည်းကောင်း။

ဤအရာများသည် သူအမှန်တကယ် ပြုလုပ်ခဲ့ခြင်းမျိုး မဟုတ်သော်လည်း ထိုလူတို့၏ ပါးစပ်ဖျားမှတစ်ဆင့် ဖြစ်ရပ်မှန်များ အဖြစ် ပြောင်းလဲ သွားကြပေသည်။

အန်လင်းသည် မဟူရာည ဧကရီအား မည်ကဲ့သို့ သတ်ဖြတ်ခဲ့ကြောင်း ကြားသိလိုက်ရသည့် အခါတွင် ဝမ်ရွှမ်ကျန့်သည် ချက်ချင်းဆိုသလိုပင် ကျောင်းရုံးခန်းသို့ လာရောက်ကာ ဆရာများအား အင်မော်တယ် အဆင့်ဇယားရှိ သူ၏အဆင့် နံပါတ် ၁ နေရာအား သူနှင့် ထိုက်တန်ခြင်း မရှိဟု ခံစားနေရသည့်ကြောင့် ပြန်လည် ရုပ်သိမ်းပေးရန် တောင်းဆိုလေသည်။

သို့သော်လည်း ဆရာများတွင် ထို့ထက် အရေးကြီးသည့် ပြဿနာများ ရှိနေလေသည်။

အန်လင်းတို့ ပြန်လည် ရောက်ရှိလာသည့် သတင်းသည် ကျောင်းတော်အား ကြီးမားသည့် လှုပ်ခတ်မှု ဖြစ်ပေါ်စေသည်။

အန်လင်းသည် အလွန်တရာ နာမည်ကြီးနေလေပြီ ဖြစ်သည့်အတွက် သေမျိုးကမ္ဘာမှ ဝယ်ယူလာခဲ့သည့် ပစ္စည်းများအား ပို့ဆောင်ရာတွင် ပြဿနာ အတော်များများနှင့် ကြုံတွေ့ရလေသည်။

မီးဟုန်းဟုန်း တောက်လောင်နေသည့် အကြည့်များ သူ့ထံသို့ ကျရောက်နေခြင်းမှာ အဓိက ပြဿနာမဟုတ်။

တကယ့် ပြဿနာမှာ အမှတ်တရ လက်မှတ် ရေးထိုးပေးရန် တောင်းဆိုကြခြင်း၊ ဓာတ်ပုံများ တောင်းကြခြင်း၊ ပန်းကဲ့သို့သော လက်ဆောင်များနှင့် အသည်း သေးသေးလေးများ ပေးအပ်ကြခြင်း ...

ထိုအရာများကြောင့် သူ့ခေါင်းမှာ ကြီးလာသည်ဟုပင် ခံစားနေရသည်။

ဟူး ...

ကျော်ကြားမှု ဟူသည် အစွန်းနှစ်ဘက်ရှိ ဓားတစ်လက်သာ ဖြစ်ပေလိမ့်မည်။

လျှိုချင်ဟွမ်သည် အန်လင်း၏ ထူးခြားသည့် အပြုအမူများနှင့် ပတ်သက်သည့် ပုံပြင်များအား ဂရုစိုက်ခြင်း မရှိချေ။ သူမ တောင်းဆိုလိုက်သည့် နောက်ဆုံးပေါ် ဂိမ်းအား ရရှိသည့်အခါတွင် အန်လင်းအား ဂိမ်းအတွင်း ဖျက်ဆီးပစ်နိုင်ရန် အတွက် မှော်စွမ်းအင်သုံး ပြုပြင် ပြောင်းလဲမှုများအား ချက်ချင်းဆိုသလို ပြုလုပ်တော့သည်။

ယွဲ့တု မှာလိုက်သည့် မုန့်များကို စုချန်းရန်မှ တစ်ဆင့် ပေးပို့လိုက်သည်။

လစန္ဒာ နန်းတော်သို့ အမျိုးသမီးများသာလျှင် ဝင်ရောက်ခွင့်ရှိပြီး အမျိုးသားများနှင့် ခွေးများအား ဝင်ရောက်ခွင့် ပိတ်ပင်ထားသည်။

များမကြာမီမှာပင် တပိုင်သည် ကျောက်ဟွိုင်ရင် နှင့်အတူ အန်လင်းထံသို့ ရောက်ရှိလာသည်။

တပိုင်သည် သူ၏ ဧရာမ ခန္ဓာကိုယ်ကြီးအား ပြုပြင်လိုက်ပြီးနောက် ချစ်စဖွယ်ကောင်းပြီး ခံ့ညားလောက်သည့် အရှိန်အဝါအား တစ်ချိန်တည်းမှာပင် ထုတ်လွှတ်လိုက်သည်။ သူ၏ ကြီးမားသည့် အမွေးဖွားဖွားအား ယမ်းခါကာဖြင့် အန်လင်းအား ချစ်စဖွယ် အမူအရာဖြင့် တောင်းဆိုလာလေသည်။

"အန်လင်းရေ ... မင်းက အရမ်းကို သန်မာလာတာပဲ ... ငါက မင်းရဲ့ သားရဲလေး ဖြစ်ချင်တယ် ... ဝုတ် ..."

အန်လင်း : “ ...”

ကျောက်ဟွိုင်ရန် : “ ...”

အန်လင်းသည် ခွေးပျံအား စီးနင်းကာ ပျံဝဲရသည့် အတွေ့အကြုံအား ပြန်လည် တွေးမိလိုက်သည်။

ထို့နောက်တွင် ...

ချက်ချင်း ဆိုသလို သဘော တူလိုက်တော့သည်။

ကျောက်ဟွိုင်ရင်သည် သန့်စင်ခန်းအတွင်း တံခါးပိတ်ကာဖြင့် နှလုံးကြေကွဲလျက် ငိုနေလေသည်။

ခွေးများသည် သမီးများနှင့် တူပေသည်။

သူ့အနေဖြင့် တပိုင်အား မွေးဖွားသည့် အချိန်မှစကာ ကြိုးကြိုးစားစား ပျိုးထောင် ပေးခဲ့သည်။ သို့သော်လည်း အဆုံးတွင် သူတို့သည် တစ်စက္ကန့်မျှပင် တွေးတောခြင်း မရှိဘဲ 'လက်ထပ်ခြင်း' အမှုအား ပြုကြလေသည်။

"အခုတော့ မင်းနဲ့ ချုပ်ဆိုလို့ မရသေးဘူး ... ငါ့ရဲ့ အမွေအနှစ်ကို လက်ခံဖို့အတွက် ဒီရက်ထဲမှာ ဒဏ္ဍာရီသားရဲဂိုဏ်းကို သွားရလိမ့်မယ် ... အားလုံးပြီးလို့ ပြန်လာမှပဲ ချုပ်ဆိုနိုင်လိမ့်မယ် ..."

တပိုင်သည် သူ၏အမြီးအား ပျော်ရွှင်စွာဖြင့် လှုပ်ယမ်းနေလေသည်။

"ပြဿနာ မရှိဘူး ... အလျင်မလိုပါဘူး ... ကျောက်ဟွိုင်ရင်ကော မင်းနဲ့အတူ လိုက်မှာလား ..." အန်လင်းသည် မျက်နှာတွင် အပြုံးတစ်ခု ချိတ်ဆွဲလျက် မေးသည်။

"လိုက်မှာ ... ငါလည်း ဂိုဏ်းကနေ ဆုလက်ခံဖို့ ရှိတယ် ..."

ကျောက်ဟွိုင်ရင်သည် သန့်စင်ခန်းအတွင်းမှ ငိုလျက် ပြောလာသည်။

ကျောက်ဟွိုင်ရင်၏ တာဝန်မှာ တပိုင်၏ ခန္ဓာကိုယ် အတွင်း သားရဲအမြုတေ ဖြစ်တည်လာသည့် အခါတွင် ပြီးဆုံးသွားပြီ ဖြစ်သည်။

ထို့နောက်တွင် ဒဏ္ဍာရီ သားရဲဂိုဏ်းမှ ပေးအပ်မည့် ဆုလက်ဆောင် အများအပြားကို လက်ခံရရှိမည် ဖြစ်သည်။

ပြောရမည်ဆိုလျှင် သူ၏တာဝန်များ ပြီးမြောက်ရန် အန်လင်းမှ သွယ်ဝိုက်သော နည်းဖြင့် ကူညီပေးခဲ့ခြင်း ဖြစ်ပေသည်။

ဤသို့ပင် အန်လင်းပေါ်တွင် လက်ရှိ သူ့စိတ်ခံစားချက်မှာ ချစ်ခြင်း ရောနှောနေသည့် အမုန်းတရားများ သာလျှင် ဖြစ်သည်။

တပိုင်နှင့် ကျောက်ဟွိုင်ရင်တို့ နှုတ်ဆက်ကာ ပြန်သွားကြပြီး နောက်တွင် အန်လင်း၏ ဘဝကြီးသည် ပုံမှန် အခြေအနေသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

ကျောင်းတော်ရှိ ကျင့်ကြံခြင်း ဘဝသည် အတော်လေး ရိုးရှင်းပေသည်။

စာသင်ကြားနေသည့် အချိန်အတွင်းတွင် သူ့အနေဖြင့် အခြားသူများထံမှ အာရုံ စူးစိုက်မှုများအား လက်ခံရရှိခြင်း မရှိပေ။ အရာအားလုံးသည် ယခင်ကအတိုင်း ရှိနေပေသည်။

ထိုအချိန်တွင် စုရှောင်လန်သည် ကားများ မရှိခြင်းကြောင့် အမြဲလိုလို ညည်းညူနေတတ်သည်။ သေမျိုးကမ္ဘာတွင် ကျန်ရစ်ခဲ့သည့် သူမ၏ အချိန်လေးများအား တသသ တွေးတောနေတတ်သည်။

နောက်ဆုံးတွင် ကျောင်းတော်၏ ပထမနှစ်ပြီးဆုံးရန် အချိန်သို့ နီးကပ်လာပြီး စုရှောင်လန်သည်လည်း စိတ်ဝိညာဉ် ပျိုးထောင်ခြင်းအဆင့်သို့ အောင်မြင်စွာဖြင့် ချိုးဖြတ် ဝင်ရောက်သွားလေသည်။

စိတ်ဝိညာဉ် ပျိုးထောင်ခြင်းအဆင့်အား ချိုးဖြတ် ဝင်ရောက်သွားမှုသည် သူမ၏ အရှိန်အဟုန်ဖြင့် သွားလာချင်သည့် စိတ်ဆန္ဒအား ဖြည့်ဆည်း ပေးလိုက်သကဲ့သို့ ဖြစ်သည့်အတွက် သူမသည် ဓားပျံအား စီးနင်းကာ အဆက်မပြတ် ပျံသန်း နေလေတော့သည်။

အန်လင်းအား ဆွဲခေါ်ကာပင် တိမ်တိုက်များအကြား ပျံသန်းကြသေးသည်။

သူတို့နှစ်ဦးသည် တိမ်ပင်လယ်များအား ဖြတ်သန်းကာ သူတို့သွားရာ လမ်းတစ်လျှောက်တွင် အဖြူရောင် အတန်းများ ချန်ထားရစ်ခဲ့သည်။

ထိုအတွေ့အကြုံသည် အန်လင်း၏ ခုန်ပျံကျော်လွှားခြင်းနှင့် အရှိန်အဟုန်ဖြင့် သွားလာခြင်း တို့အား ကြောက်ရွံ့မှုကို တဖန်ပြန်လည် နိုးထစေခဲ့သည်။

ကြောက်မက်ဖွယ် မြေဆွဲအား အတက်အကျများသည် ဓားပျံစတင် စီးနင်းသည့် ကျင့်ကြံသူတိုင်း ကြုံတွေ့ရမည့် အရာတစ်ခုဖြစ်သည်။

သို့ရာတွင် အန်လင်းသည် လိုက်လျော ညီထွေရှိစွာ မနေတတ်ချေ။

လိုက်လျောညီထွေ မရှိရုံမျှသာမက သူ့စိတ်ထဲရှိ အကြောက်တရားမှာလည်း ပိုမိုကာ ကြီးထွား လာနေလေသည်။

သူ့ခြေထောက်များမှာ တုန်ယင်လာပြီး လည်ချောင်းများသည် ကြမ်းရှလာသည်။ စုရှောင်လန်၏ ဓားပေါ်မှနေ အော်ဟစ်နေသည်ကြောင့် အသံများပင် ပြာလာတော့သည်။

ထို့အချိန်တွင် အန်လင်းမှာ တပိုင်အား သတိရမိသည်။

ခွေးပျံအား စီးနည်းခြင်း၏ လုံခြုံမှုအား သတိရမိသည်။ ကမ္ဘာကြီးအား ဂရုမထားဘဲနှင့် တပိုင်၏ အမွေးဖွားဖွား ပေါ်တွင် လဲလျောင်း နေနိုင်သည်။

များမကြာမီမှာပင် ပထမနှစ် တက္ကသိုလ် ကျောင်းသားဘဝ ပြီးဆုံးပေတော့မည်။

ပထမနှစ်များအတွက် နှစ်ဆုံးစာမေးပွဲ အချိန်စာရင်း များသည်လည်း တရားတင် ကြော်ငြာထားပြီး ဖြစ်လေတော့သည်။

***

All Chapters