← Chapters

အရှေ့ဘက်ခြမ်းရဲ့ အန္တရာယ်များတဲ့ မှော်ဆရာ..

Vol. 42 Ch. 630

အရှေ့ဘက်ခြမ်းရဲ့ အန္တရာယ်များတဲ့ မှော်ဆရာ..

Vol. 42 Ch. 630

ဆန်နီဟာ ကြောက်မက်ဖွယ်ကောင်းတဲ့ သားရဲကို တစ်ခနလောက် စိုက်ကြည့်နေခဲ့တယ်..။ပြီးတဲ့နောက်မှာတော့..မျက်နှာရှုံ့မဲ့ သွားပြီး ရင်ဘတ်ကို ကိုင်ကာ လဲကျသွားခဲ့ပါတယ်..။

သူ့ရဲ့ ချွန်ထက်တဲ့ အစွယ်တွေကြားထဲကနေတော့..ညဉ်းညူသံ သဲ့သဲ့ ထွက်ပေါ်လာခဲ့တယ်..။

‘အား..’

သူ့ရဲ့ နှလုံးက လျင်မြန်စွာ ခုန်နေပြီး..ပင်ပန်းနွမ်းနယ်နေတဲ့ ခန္တာကိုယ်တစ်ခုလုံးကို နာကျင်မူ လှိုင်းလုံးတွေ ပြည့်နှက်နေစေခဲ့တယ်..။သူက အားနည်းပြီး ခေါင်းမူနေသလို ခံစားနေခဲ့ရပါတယ်..။သူ့ရဲ့ အနက်ရောင် အရည်ပြားပေါ်မှာတော့ ချွေးတွေ စိုရွဲနေခဲ့ပါပြီ..။အဆီအနှစ်တွေ ကုန်ခမ်းသွားပြီး ပေါ်ပေါက်လာခဲ့တဲ့ အားနည်းမူကလည်း ဒီအခြေအနေကို ပိုဆိုးနေစေခဲ့ပါတယ်..။

ဆန်နီဟာ အားအင်ချိနဲ့ သလို ခံစားနေခဲ့ရတယ်..။

‘ဘုရားသခင် ..ချီးတဲ့မှပဲ..။ငါက..ငါက နှလုံးရောဂါများ ရနေတာလား..’

သူက ညဉ်းညူလိုက်ပြီး တစ်ခနလောက် တိတ်ဆိတ်နေခဲ့ပါတယ်..။ပြီးတဲ့နောက်မှာတော့ ဖြည်းညှင်းစွာ မတ်တတ်ထရပ်လိုက်တယ်..။သူ့ရင်ဘတ်က နာကျင်နေတုန်းဖြစ်ပေမယ့်..သူ ဘယ်ကျွန်းကို ရောက်နေတာလဲ ဆိုတာ သိရဖို့ အတွက် ပတ်ဝန်းကျင်ကို ဝေ့ပတ်ကြည့်လိုက်ပါတယ်..။ဘယ်လို အန္တရာယ်များတဲ့ သတ္တဝါကများ ပျက်ပြားမူအဆင့် မွန်းစတားကို ခြောက်ခြားသွားစေတာလဲ..။

သူ့ရဲ့ မျက်လုံးတွေက ပြူးကျယ်သွားခဲ့တယ်..။

‘မဖြစ်နိုင်တာ..’

ညအချိန်က တဖြည်းဖြည်း ရောက်ရှိလာနေပြီဖြစ်တာကြောင့် ကျွန်းတစ်ခုလုံးကို နီညိုရောင် ဆည်းဆာရောင်ခြည်နဲ့ လွှမ်းခြုံထားခဲ့ပါတယ်..။သူက ဒီနေရာကို တစ်ခေါက်သာ ရောက်ဖူးခဲ့ပေမယ့်လည်း ဆန်နီက ဒီနေရာကို မှတ်မိနေခဲ့တယ်..။ကျယ်ပြန့်တဲ့ ကျွန်း ၊ မြစိမ်းရောင် မြက်ခင်းပြင် နဲ့ သိမ်မွေ့နေတဲ့ သူ့ရဲ့ မျက်နှာပြင် ၊ သွယ်တန်းနေတဲ့ တောင်တန်းတွေ နဲ့ အပျက်အစီးတွေကို ဖုံးအုပ်နေတဲ့ ရေမှော်တွေအားလုံးကို သူ မှတ်မိပါတယ်..။

သူက တောင်ဘက်ပိုင်း ကျွန်းတွေဆီကို ရောက်လာခဲ့ပါပြီ..။ဒီနေရာမှာတော့..ချိန်းကျွန်းစုရဲ့ ကျွန်းတွေနဲ့..အိပ်မက်ကမ္ဘာရဲ့ အဓိက ကုန်းမြေကြီးတွေကို ဆက်သွယ်ပေးထားတဲ့ နေရာမှာ ခံတပ်ကြီး တည်ရှိနေခဲ့ပါတယ်..။

ကောင်းပြီလေ..ခံတပ်က အနာဂတ်မှာ ပျက်ဆီးသွားမှာ ဖြစ်ပေမယ့်လည်း အခုချိန်မှာတော့..ဒါက ကြီးမားမြဲမြံစွာ တည်ရှိနေတုန်ုးပါပဲ..။

‘ဒီလို ကံတရားမျိုး..’

ဆန်နီဟာ သူ့အနေနဲ့ အနက်ရောင် ကတ္တရာ သားရဲရဲ့ လက်ကနေ အရူးအမူး ပြေးလွှားနေရင်း..ချိန်းကျွန်စုရဲ့ တောင်ဘက်ပိုင်းကို ရောက်လာနိုင်တဲ့ အတွက် ကျေနပ်အားရနေခဲ့ပါတယ်..။သို့ပေမယ့်..သားရဲက သူ့အနားကို ကပ်မလာတာနဲ့ ပတ်သက်ပြီး သူ့အနေနဲ့..စိတ်မသက်မသာ ဖြစ်စေပါတယ်..။

သူ ဘယ်အရာနဲ့မှ တိုက်ခိုက်နိုင်တဲ့ အနေအထားမှာ ရှိမနေခဲ့ပေ..။ပျက်ပြားမူအဆင့် မွန်းစတားကို ပြေးစေနိုင်တဲ့ သတ္တဝါဆိုရင်တော့ ပြောနေစရာတောင် မလိုအပ်တော့ပါဘူး..။

ဒါပေမဲ့ ဘာများ ရွေးချယ်စရာ ရှိသေးလို့လဲ..။

ဆန်နီဟာ..အဝေးမှာ ရှိနေဆဲဖြစ်တဲ့ ကြောက်မက်ဖွယ် သတ္တဝါကြီးရဲ့ ခန္တာကိုယ်ကို ကြည့်ပြီ..ကျွန်းရဲ့အ လယ်ကို ပြန်ကြည့်လိုက်တယ်..။သူ့အတွက် ရွေးချယ်စရာကတော့ အရမ်းကို ရိုးရှင်းပါတယ်..။သူက ကောင်းကင်းချိန်းကြိုးပေါ်ကို ပြန်ဆင်းသွားပြီး..အနက်ရောင်သားရဲနဲ့ တိုက်ခိုက်ရင်း..သူ့ရဲ့ ကံတရားကို စမ်းသပ်မလား..။ဒါမှမဟုတ်..ကျွန်းပေါ်မှာပဲ ဆက်ရှိနေပြီး ဘာမှန်းမသိတဲ့ ထိပ်လန့်ဖွယ်ရာနဲ့ တွေ့ဆုံမလား ဆိုတာပါပဲ..။

သူ တစ်ခနလောက် တွေဝေနေခဲ့တယ်..။ပြီးတာနဲ့..ကျွန်းရဲ့ အစွန်းကနေ ထွက်ခွာလိုက်ပါတယ်..။

ဟုတ်ပါတယ်..ဘာမှန်းမသိနိုင်တဲ့ အန္တရာယ်ဆိုတာက..ကိုယ်ရင်းနှီးပြီးသား အရာထက် အမြဲတမ်း ပိုဆိုးဝါးပါတယ်..။သို့ပေမယ့်..ဘယ်သူသိမှာလဲ..။သူက ကံကောင်းသွားတာလည်း ဖြစ်နိုင်တာပါပဲ..။

မမြင်ရတဲ့ ထိပ်လန့်ဖွယ်ရာက..သူ့အတွက်တော့ ရင်းနှီးပြီး ဖော်ရွေနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်..။

‘ဟုတ်တယ်..ဘာလို့မဖြစ်နိုင်ရမှာလဲ..။သေချာတယ်..အချက်အလက်တွေ အရပြောရမယ် ဆိုရင် ဒီလိုမျိုးအရာက တစ်နေ့နေ့တော့ ဖြစ်ပျက်လာတတ်တာပဲ..’

…

ဆန်နီ ကျွန်းရဲ့အလယ်ကို ရောက်တဲ့အချိန်မှာတော့..ညအချိန်က ရောက်ရှိလို့ နေခဲ့ပါပြီ..။လပြည့်ဝန်းကြီးက..ကြယ်တာရာတွေနဲ့ တောက်ပနေတဲ့ ကောင်းကင်ပေါ်ကို တဖြည်းဖြည်း ချင်း မြင့်တက်လာနေခဲ့တယ်..။တောင်ကုန်းတွေက အမှောင်ထုထဲမှာ တိုးဝင်ပျောက်ကွယ်သွားခဲ့ကာ..ဒီအမှောင်ထုတွေကပဲ သူ့ကို ကာကွယ်ပေးထားခဲ့ပါတယ်..။ပြီးတော့ အခုချိန်မှာလည်း..သူ့ရဲ့ အရိပ်အမြုတေ သုံးခုထဲမှာ အဆီအနှစ် အနည်းငယ် ပြန်ပြည့်နေခဲ့ပါပြီ..။

သူ့ရင်ဘတ်က နာကျင်မူကလည်း တဖြည်းဖြည်းနဲ့ ကွယ်ပျောက်သွားခဲ့တယ်..။သို့ပေမယ့် ဆန်နီကတော့ အားနည်းပြီး ပင်ပန်းနေသလို ခံစားနေရဆဲပါပဲ..။

သူက ကျွန်းရဲ့ တောင်ဘက် အစွန်းကို သွားနေပြီး..လက်ရှိ ခံတပ်ရဲ့ အခြေအနေကို ကြည့်ရူဖို့ လုပ်နေခဲ့တယ်..။ပြီးတာနဲ့ ပတ်ဝန်းကျင်မှာ အန္တရာယ် လက္ခဏာ ရှိမရှိ လေ့လာကြည့်ရမှာပါ..။တကယ်လို့ ဒီကျွန်းပေါ်မှာ အမှန်တကယ်ပဲ ကြောက်မက်ဖွယ်..သတ္တဝါ တစ်ကောင် ရှိနေမယ်ဆိုရင်..ဒီအရာက သူ့ကို ရှာမတွေ့သွားခင်မှာ သူက အရင်ရှာတွေ့ထားတာ ပိုကောင်းပါလိမ့်မယ်..။

တောင်ကုန်းရဲ့ ထိပ်ကို ရောက်သွားတဲ့ အချိန်မှာတော့ ဆန်နိက ရုတ်တရက် အေးခဲသွားပြီး ဒူးထောက်ထိုင်ချလိုက်တယ်..။အရိပ်တွေထဲမှာ လုံခြုံအောင် ပုန်းပြီးသွားတဲ့ အချိန်ကြမှ အဝေးတစ်နေရာမှာ ရှိနေတဲ့ အဖြူရောင် မှိန်ပြပြ အလင်းရောင်လေးကို ကြည့်လိုက်ပါတယ်..။ဒါက သူရပ်နေတဲ့ တောင်ကုန်းနဲ့ တစ်ခြားတောင်ကုန်းတွေ ကြားထဲက တောင်ကြားလေးကနေ ထွက်ပေါ်နေခဲ့တာပါ..။

‘ ဒါ…ဒါက ဘာလဲ…၏

သူ တစ်ခနလောက် တွေဝေနေပြီးကာမှ..သုန်မှုန်နေတဲ့ အရိပ်ကို သူ့ဆီကနေ ခွာပြီး အလင်းထွက်ပေါ်နေတဲ့ နေရာကို သွားဖို့ စေခိုင်းလိုက်ပါတယ်..။

သို့ပေမယ့်..အရိပ်ကလည်း မသွားပဲ တွေဝေနေခဲ့တယ်..။

ဆန်နီ မျက်တောင်ခတ်လိုက်တယ်..။

‘သောက်ကျိုးနဲ မင်းက ဘာကို စောင့်နေတာလဲ..။အဲဒီကို သွားကြည့်လိုက်..။တစ်ခုခု မှားယွင်းသွားရင် မင်းက ထွက်ပြေးလို့ ရတာပဲ မဟုတ်ဘူးလား..’

သုန်မုန်နေတဲ့ အရိပ်ဟာ..သူ့ကို သေချာကြည့်နေခဲ့ပြီးမှ..နောင်တရစွာ ခေါင်းခါယမ်းလိုက်ပါတယ်..။ပြီးတာနဲ့ သူက ရှေ့ကို ဆင်းသွားခဲ့တယ်..။

မကြာခင်မှာတော့ ဆန်နီက ထူးဆန်းတဲ့ ပုံရိပ်တစ်ခုကို မြင်နေခဲ့ရပါပြီ..။

တောင်ကြားရဲ့ အလယ်တည့်တည့်မှာတော့..မီးပုံငယ်တစ်ခုက လောင်ကျွမ်းနေခဲ့တယ်..။သူ့ရဲ့ အရောင်က လုံးဝကို အဖြူရောင် ဖြစ်နေခဲ့တာပါ..။မီးပုံရဲ့ ရှေ့မှာတော့..အထီးကျန်တဲ့ ပုံရိပ်တစ်ခုက ထိုင်နေခဲ့တယ်..။လူသားရဲ့ခေါင်းက အောက်ကို ငုံ့ထားခဲ့ပါတယ်..။သူ့ရဲ့ မျက်နှာကိုတော့ အပေါ်ကနေ ကျဆင်းလာတဲ့ ဆံပင်တွေက ဖုံးကွယ်ထားခဲ့တယ်..။သူ့ရဲ့ ခါးအပေါ်ပိုင်းက ဗလာကျင်းဖြစ်နေပြီး..ဖြူဖျော့တဲ့ အရည်ပြားတွေကို ခြောက်သွေးတဲ့ သွေးတွေနဲ့ ဖုံးအုပ်ထားခဲ့ပါတယ်..။သို့ပေမယ့် ဒီလူရဲ့ ခန္တာကိုယ်ပေါ်မှာ ဘာဒဏ်ရာမှ ရှိမနေခဲ့ပါဘူး..။အမှန်တော့..သူ့ရဲ့ ကိုယ်ပေါ်မှာ အမာရွတ်တစ်ခုတောင် ရှိမနေခဲ့ပေ..။

သူ့ရှေ့က ကျောက်တုံးပေါ်မှာတော့..စိန် တံစဉ် တစ်ခုကို တင်ထားခဲ့တယ်..။သူ့ရဲ့ ဓားသွားက..ကြက်သွေးရောင် ခြယ်မှန်ုးထားခဲ့ပါတယ်..။

ခန္တာကိုယ်တစ်ဝက်ကို မီးတောက်တွေက အလင်းပြန်နေပြီး ၊ တစ်ဝက်ကိုလရောင်က လွှမ်းခြုံထားတဲ့ သွေးစွန်းနေတဲ့ လူကြီးရဲ့ ပုံရိပ်က..ကြောက်မက်ဖွယ် ကောင်းသလို ၊ ထူးဆန်းစွာပဲ လှနေခဲ့ပါတယ်..။ဆန်နီဟာ..ဒီလို ကြီးမြတ်တဲ့ လျိုဝှက်ဆန်းကျယ်မူကို စိတ်ဝင်စားမိသလိုဖြစ်သွားတာကြောင့်..အန္တရာယ်ကို မေ့သွားလုနီးပါးတောင် ဖြစ်သွားခဲ့ပါတယ်..။

အတော်ကြာပြီးတဲ့နောက်မှာတော့..ဒီလူက လေးလံစွာ သက်ပြင်းချလိုက်တယ်..။

…ပြီးတဲ့နောက်မှာတော့..တောက်ပပြီး ဆွဲဆောင်မူရှိတဲ့ အသံနဲ့ ရုတ်တရက် ပြောလာခဲ့ပါတယ်..။

“အရိပ်တွေထဲမှာ ပုန်းနေတာက ဘယ်သူလဲကွ..။အရမ်းကြီးလည်း ကြောက်မနေပါနဲ့ သူငယ်ချင်း ထွက်လာခဲ့ပါ..။မင်းသာ ဆန္ဒရှိမယ်ဆိုရင် နွေထွေးတဲ့ မီးရောင်ကို ငါနဲ့အတူ ခံစားကြတာပေါ့..။ညဘက်ဆိုတာက အေးစက်ပြီး မှောင်မိုက်လွန်းတယ်လေ..”

သာယာတဲ့ ရယ်မောသံတစ်ခုက လျိုမြောင်တစ်ခုလုံးကို ပဲ့တင်ထပ်သွားခဲ့ပါတယ်..။

“..အိုး..မကြောက်ပါနဲ့..။ငါ မင်းကို ကိုက်မစားပါဘူး..”

ဆန်နီ ကျောချမ်းသွားခဲ့တယ်..။

‘မင်းအသံကို တိုးထားစမ်းပါ အရူး..။ဒီကျွန်းပေါ်မှာ ကြောက်စရာ တစ်ကောင်ကောင်က ပုန်းအောင်းနေတယ်..’

အဲ့အချိန်မှာပဲ..သူတစ်ခုခုကို တွေးမိသွားပြီး တုန်လှုပ်သွားခဲ့ပါတယ်..။

မဖြစ်နိုင်တာ..မဖြစ်နိုင်တာ…ဒီလူသားကိုယ်တိုင်က မသိနိုင်တဲ့ ထိပ်လန့်ဖွယ်ရာဖြစ်နေတာလား..။

အဲ့အချိန်မှာပဲ..ဒီကြောက်မက်ဖွယ်ရာက..နောက်ဆုံးမှာ ခေါင်းကိုမော့ပြီး မျက်နှာကို ဖော်ပြလာခဲ့ပါတယ်..။

လူငယ််လေးက ငယ်ရွယ်ပြီး ချောမောနေခဲ့တယ်..။သူ့မှာ..နူးညံ့သိမ်မွေ့တဲ့ ပိုးချည်လို အသားအရည် ၊ မြင့်မားတဲ့ မေးရိုးတွေ နဲ့ ပြေပြစ်တဲ့ အသွင်အပြင်တွေကို ပိုင်ဆိုင်ထားခဲ့တာပါ..။လူကြီးရဲ့ အပြုံးက လွတ်လပ်ပြီး ပျော်ရွှင်ဖွယ်ကောင်းကာ..၊ သူ့ရဲ့ မျက်လုံးတွေကတော့..တောက်ပပြီး နှစ်လိုဖွယ် ဖြစ်နေခဲ့တယ်..။သူ့ရဲ့ နှာဖူးပေါ်မှာတော့ လှပတဲ့ လခြမ်းပုံ သကေ်တတစ်ခု ရှိနေခဲ့ပါတယ်..။

ဒါပေါ့ ဆန်နီ ဒါကို ချက်ချင်း မှတ်မိလိုက်တယ်..။

ဒါက ဆန်းကျယ်တဲ့ ဒဂ်ါးပြားတွေရဲ့ အပေါ်မှာ သူ အကြိမ်ထောင်ပေါင်း များစွာမြင်တွေ့ခဲ့ရတဲ့ မျက်နှာနဲ့ တစ်ထပ်တည်းပါပဲ..။

သို့ပေမယ့် ဆန်နီအနေနဲ့ သူ့ရဲ့ ရှာဖွေတွေ့ရှိမူကို အာရုံစိုက်ဖို့အတွက် အချိန်မရှိခဲ့ပေ..။ဘာလို့လဲဆိုတော့..လူငယ်လေးဟာ..အနည်းငယ်လှုပ်သွားခဲ့ပြီး..သူ့ရဲ့ ဦးခေါင်းက ရွေ့လျားလာခဲ့လို့ပါ..။ပြီးတော့..သူက ..ဆန်နီ ရှိနေတဲ့ နေရာကို တည့်တည့် ကြည့်နေခဲ့တယ်..။

သူက သုန်မုန်နေတဲ့ အရိပ်ပုန်းနေတဲ့ နေရာကိုတောင် မဟုတ်ပဲ..ဆန်နီ ဒူးတစ်ဖက်ထောက်ပြီး အရိပ်တွေထဲမှာ ပုန်းနေတဲ့ တောင်ကုန်းကိုပဲ တည့်တည့်ကြည့်နေခဲ့တာပါ..။

‘ချီးတဲ့မှပဲ..’

လူငယ်လေးဟာ..သူ့ကို လက်ယပ်ခေါ်ပြီး ဆက်လက်ပြုံးနေဆဲပါပဲ..။

“လာ..လာခဲ့..။ရိုးသားတဲ့ ဖိတ်ခေါ်မူကို ငြင်းဆန်တယ် ဆိုတာက အတော်လေးကို ရိုင်းစိုင်းတယ်..။အထူးသဖြင့် ငါ့လို သဘောကောင်းတဲ့ လူတစ်ယောက်က ဖိတ်ခေါ်နေတဲ့အခါမျိုးမှာပေါ့..။အိုး...ငါ့ရဲ့ ကိုယ်ကျင့်တရားတွေ ဘယ်ရောက်ကုန်တာလဲ..။ငါက ကိုယ့်ကိုကိုတောင် မိတ်မဆက်ရသေးပါလား..။ဝမ်းမြောက်ပါလေ..ဧည့်သည်..မင်းက အရှေ့ဘက်ရဲ့ ကြီးမြတ်တဲ့ မှော်ဆရာဖြစ်တဲ့ နိုတစ်ရဲ့ ရှေ့မှောက်မှာ ရောက်ရှိနေတာပဲ..’

အပိုင်း ( ၆၃၀ ) ပြီး၏။

All Chapters