အနက်ရောင်ကြိုး..
Vol. 42 Ch. 616
ဆန်နီဟာ..ရူးစ် မှော်ပညာကို ဘယ်လိုဖန်တီးရမလဲ..ဘယ်လို ဖော်ထုတ်ရမလဲ ဒါမှမဟုတ် ဘယ်လို အသုံးပြုရမလဲ ဆိုတာတွေကို တစ်ခုမှ သိထားခြင်း မရှိပါဘူး..။ဝီဗာရဲ့ မျက်လုံးကနေ ကျဆင်းလာတဲ့ ဆားငံရည်စက်ကို သောက်သုံးထားခဲ့တာကြောင့် သူက..ရက်လုပ်မူတွေနဲ့..မှော်ပစ္စည်းတွေရဲ့ အတွင်းပိုင်း ဖွဲ့စည်းမူတွေကို မြင်တွေ့လာနိုင်ခဲ့ပါတယ်..။
အခိုက်အတန့်က ဖန်တီးထားတဲ့ မှတ်သားမူတွေကို လေ့လာစဉ်တုန်းကတော့..ဆန်နီဟာ..နူးညံ့သိမ်မွှေ့တဲ့ ကြိုုးတွေရဲ့ ကျယ်ပြန့်တဲ့ ဒီဇိုင်းကို နားလည်နိုင်စွမ်းမရှိပါဘူး..။သို့ပေမယ့် အနည်းဆုံးတော့ သူ ဒါကို အနည်းငယ်လောက် ခံစားမိပါသေးတယ်..။
သို့ပေမယ့် တစ်ခြားမှော်စွမ်းအားတွေနဲ့ ပတ်သက်လာရင်တော့ သူ့အနေနဲ့ ဒီလို အားသာချက်မျိုး ရှိမနေခဲ့ပေ..။ဒီတော့..သူက အနီရောင် အဆောက်အဦးကြီးရဲ့ စွမ်းအားတိုးမြှင့်မူတွေကို နားလည်သဘောပေါက်နိုင်ခဲ့တယ် ဆိုပေမယ့်..သူက ဒီအရာတွေကို ပြောင်းလဲနိုင်စွမ်း ရှိနေတာ မဟုတ်ပါဘူး..။ဒါမှမဟုတ်..အဟောင်းနေရာမှာ အစားထိုးဖို့ အသစ်တစ်ခုကို ဖန်တီးနေနိုင်တာမျိုး မဟုတ်ပေ..။
ဒါပေါ့ သူ့အနေနဲ့ ဒီရူးစ် တွေကို လေ့လာနိုင်ပါတယ်.။သို့ပေမယ့် ဆရာတစ်ယောက် မရှိပဲ..သူ့ရဲ့ ကိုယ်ပိုင်ပညာနဲ့ ဉာဏ်ရည်တွေကိုသာ အသုံးပြုရမယ်ဆိုရင်..ဒီများပြားလှတဲ့ တိုးမြှင့်မူတွေကို ရှာဖွေပြီး သူ့ရဲ့ ကိုယ်ပိုင် ရူးစ် မှော်စွမ်းအားတွေ ဖန်တီးနိုင်ဖို့အတွက် နှစ်ပေါင်း ရာနဲ့ချီ ကြာမြင့်သွားပါလိမ့်မယ်..။
သို့ပေမယ့်..ဆန်နီကတော့..စိတ်ဓာတ်မကျခဲ့ပေ..။ဟုတ်ပါတယ်..သူက ရူးနစ် တွေကိုတော့ အချိန်တိုလေးအတွင်းနဲ့ ဖန်တီးနိုင်စွမ်းရှိမှာ မဟုတ်ပါဘူး..။
သို့ပေမယ့်..တစ်ခုခုကို ဖျက်ဆီပစ်တယ် ဆိုတာက..ဖန်တီးတာထက် အမြဲတမ်းပိုပြီး လွယ်ကူပါတယ်..။
ကျဉ်းမြောင်းတဲ့ လှောင်အိမ်ထဲမှာ အိပ်မက်ဆိုးသားရဲတွေရဲ့ အနံ့တွေ ဝန်းရံထားရင်း..ဆန်နီ အမှောင်ထဲကို ကြည့်ကာ အတွေးနက်နေခဲ့တယ်..။
အနီရောင် အဆောက်အဦးကြီးရဲ့ မှော်စွမ်းအား လည်ပတ်မူတွေကို ဖျက်ဆီးပစ်ရမယ်…
သီအိုရီအရဆိုရင်တော့..ဒါက အောင်မြင်ဖို့အတွက် လွယ်ကူပါတယ်..။သူက ဒီတိုင်းပဲ..သူတို့ဖန်တီးထားခဲ့တဲ့ ဝိဉာဉ် စွမ်းအင် လမ်းကြောင်းကို ဖျက်ဆီးပစ်ဖို့ပဲ လိုအပ်တာပါ..။သို့ပေမယ့် ပြသနာက..မျှော်လင့်ချက် အသုံးပြုခဲ့တဲ့ ရူးစ် တေွေက အတော်လေးကြီးမားပြီး..ချိုးဖျက်မရနိုင်တဲ့ ကျောက်တုံးကြီးတွေနဲ့ တည်ဆောက်ထားခဲ့ပါတယ်..။သူ့ရဲ့ မှော်စွမ်းအားတွေကို ကျဆုံးသွားစေဖို့အတွက် ဆန်နီအနေနဲ့ တိုက်ပွဲကွင်းပြင်ကို လုံလောက်အောင် ထိခိုက်မူ ပြုလုပ်နိုင်ဖို့ ဆိုတာ မသေချာပါဘူး..။
…သို့ပေမယ့်..သေးငယ် ပြီး ယာယီ ဖျက်ဆီးမူမျိုး ကို ပြုလုပ်ဖို့ဆိုတာက မဖြစ်နိုင်တဲ့ အရာတစ်ခု မဟုတ်ပေ..။အနည်းဆုံး..သူ ဒီလောက်တော့ ပြုလုပ်နိုင်တယ်လို့ ခံစားနေခဲ့ရပါတယ်..။ဒီကနေ တဆင့် သူက..ဒီချုပ်နှောင်မူကနေ စက္ကန့်အနည်းငယ်လောက် လွတ်ထွက်သွားတာတောင် ဖြစ်နိုင်ပါသေးတယ်..။
စက္ကန့်အနည်းငယ်လောက် လွတ်လပ်သွားတာက..ဒီကျိန်စာသင့်နေရာကနေ..လွတ်မြောက်ဖို့အတွက် လုံလောက်နိုင်ပါ့မလား..။
ဒါက ကျိန်းသေ လုံလောက် ရပါလိမ့်မယ်….
သူ အမှောင်ထုထဲမှာ စောင့်ဆိုင်းနေတုန်းမှာပဲ..သူ့ရဲ့ စိတ်ထဲမှာတော့..မျှော်လင့်ချက်ကင်းမဲ့တဲ့ အစီအစဉ်တစ်ခုက စတင် ရေးဆွဲနေခဲ့ပါပြီ..။
….
အချိန်တစ်ချို့အကြာမှာတော့..ဆန်နီဟာ..လှောင်အိမ်ရဲ့ အလယ်မှာ တပ္ပလင်ခွေ ထိုင်လိုက်ပြီး..လှောင်အိမ်ကို အနည်းငယ်လေ လှုပ်ယမ်းသွားစေခဲ့တယ်..။သူ့ရဲ့ မွန်းစတားလက်လေးဖက်မှ တစ်ဖက်ကို မြှောက်လိုက်ပြီး အချိန်အတော်ကြာအောင် စိုက်ကြည့်နေခဲ့ပါတယ်..။ပြီးတာနဲ့ အရိပ်အဆီအနှစ်တွေကို ရှေ့ဆက်သွားဖို့ ညွှန်ကြားလိုက်ပြီး သူ့ရဲ့ လက်ချောင်းထိပ်ကို အာရုံစိုက်ထားခဲ့တယ်..။
သူက ဝီဗာရဲ့ အဖြူရောင် အရိုးငယ်ကို စားသုံးပြီး ဝီဗာ အရိုးကို ပိုင်ဆိုင်ခွင့်ရပြီးကတည်းက..သူ့လက်ချောင်းတွေရဲ့ ထိတွေ့ခံစားမူတွေက ထူးဆန်းစွာ ပြောင်းလဲသွားတာကို ခံစားမိခဲ့ပါတယ်..။အခုချိန်မှာတော့ ဒီအရာက ပိုမိုရှင်းလင်းကာ ထက်မြက်နေခဲ့တယ်..။လတ်တလောမှာ သူ့ရဲ့ လက်တွေကို သတ္တဝါတစ်ကောင်လို အရည်ပြားတွေက ဖုံးအုပ်ထားပေမယ့်…ဒီခံစားမူကတော့ ကျန်ရှိနေတုန်းပါပဲ..။
အရိပ်အဆီအနှစ်တွေ ရောက်ရှိသွားတဲ့ အချိန်မှာတော့ သူက ထူးဆန်းတဲ့ ခံစားချက်ကို ခံစားးလိုက်ရတယ်..။ဒါက အရမ်းကို စစ်မှန်နေတာကြောင့် ရုပ်ပိုင်းဆိုင်ရာ အနေအထားနဲ့ ပေါ်ထွက်လာခဲ့သလိုပါပဲ..။
ဆန်နီ စိတ်အားထက်သန်စွာ နောက်ထပ်လက်တစ်ဖက်ကို မြှောက်လိုက်ပြီး..သူ့ရဲ့ လက်ချောင်းထိပ်တွေ အနီးနားက လေထုကို ဆွဲဆိတ်လိုက်ကာ..အဆီအနှစ်တွေကို ဆွဲထုတ်ဖို့ ကြိုးးစားလိုက်ပါတယ်..။
အံ့ဩသင့်ဖို့ကောင်းစွာပဲ ဒါက အလုပ်ဖြစ်ခဲ့တယ်..။
သူ့ စိတ်ထဲက အမြင်အာရုံမှာတော့..သူ့လက်ထဲက ဖန်တီးလိုက်တဲ့ အမှောင်ထုကြိုးက..ရုတ်တရက် လေထဲကို ပျံ့ထွက်လာတာကို တွေ့မြင်နေရပါတယ်..။ဒါက သူ မှတ်သားမူတွေ ထဲမှာတွေ့နေကြဖြစ်တဲ့ တောက်ပတဲ့ ကြိုးတွေ နဲ့ မတူသလို ၊ အဆီအနှစ် စီးဆင်းမူတွေနဲ့လည်း မတူညီပါဘူး..။
အဲဒီအစား အရိပ်အဆီအနှစ် ကြိုးတွေက..သူ့ရဲ့ အရိပ်တစ်ခု ရစ်ပတ်ထားတဲ့ အချိန်မှာ သူတော်စင်ရဲ့ အကာအကွယ်ကနေ ထွက်ပေါ်လာတဲ့ မြူခိုးတွေနဲ့ ဆင်တူနေခဲ့ပါတယ်..။
ဒီအရာက ခိုင်မာမူ မရှိပဲ..ခနတာအတွက်သာ ဖြစ်ကာ..ရှာဖွေဖို့အတွက် အတော်လေးကို ခက်ခဲပါတယ်..။ဒါက မှော်ရက်လုပ်မူတွေကနေ တဆင့် ဖန်တီးထားတဲ့ လှပတဲ့ ကြိုးတွေနဲ့ လုံးဝမတူညီခဲ့ပေ..။
ဆန်နီ အနည်းငယ် မျက်မှောင်ကျုတ်လိုက်ပြီး ဖြူခိုးတွေကို လက်တစ်ဖက်နဲ့ ဆွဲထုတ်ကာ တစ်ခြားတစ်ဖက်နဲ့ ထိန်းထားဖို့ ကြိုးစားနေခဲ့တယ်..။သူက ဒီအရာကို ပိုမိုတင်းကြပ်စွာဆွဲထားရင်း အာရုံစိုက်နိုင်ဖို့အတွက် မျှော်လင့်နေခဲ့တာပါ..။
သို့ပေမယ့်..ဒီသေးငယ်တဲ့ လှုုပ်ရှားမူကြောင့် ကြိုးက ပြတ်သွားခဲ့ပြီး..လေထုတစ်ခုအဖြစ် ပျောက်ကွယ် ပျက်ပြယ်သွားခဲ့ပါတယ်..။
‘ဒါ..ဒါက..အချိန်တစ်ချို့တော့ ကြာဦးမယ်..’
ဆန်နီ ပြုံးလိုက်ပြီဂ သူ့ရဲ့ အရိပ်အဆီအနှစ်တွေကို ဆက်လက်ဆွဲကာ ကြိုးတစ်ချောင်းအဖြစ် ဖန်တီးဖို့ ကြိုးစားလိုက်ပြန်ပါတယ်..။သူ့ရဲ့ သိုလှောင်မူအတွင်းက နည်းနည်းချင်းစီ ဆုံးရှံးခံရင်း..ဆက်လက်ကြိုးစားနေခဲ့တာပါ..။မနက်ခင်း ရောက်လာတဲ့ အချိန်အထိ..သူက တိုးတက်မူ လုံးဝ မလုပ်နိုင်ခဲ့ပေ..။ပြီးတော့..ဒီကြိုးစားမူတွေကြောင့် သူ့ရဲ့ အဆီအနှစ်တွေသာ ဆုံးရှုံးသွားခဲ့ပါတယ်..။
အသေအကြေတိုက်ခိုက်ပြီးတဲ့ နောက်မှာ..ဒီလို စွမ်းအားတွေ အများကြီးကို ဖြုန်းတီးပစ်ရတာက သူ့အတွက် မလွယ်ကူလှပါဘူး..။
မကြာခင်မှာပဲ တက်ရောင်မူအဆင့် ထောင်စောင့်က အမှောင်ထုထဲကနေ ထွက်ပေါ်လာခဲ့တဘ်..။သူ့ရဲ့ ခါးပတ်မှာတော့..သံကြိုးချင် ထိတဲ့ အသံတွေ ဆူညံနေခဲ့ပါတယ်..။ဆန်နီဟာ..စုတ်ပြတ်နေတဲ့ အနီရောင် ဝတ်ရုံကို ဝတ်ထားတဲ့ လူသန်ကြီးကို ကြည့်ကာ..မျက်လုံးတွေကို တစ်ခနလောက် မှိတ်ထားခဲ့တယ်..။
‘ကိစ္စမရှိဘူး..ဒါက ကိစ္စမရှိဘူး…။ဘယ်နည်းနဲ့ပဲဖြစ်ဖြစ် သေမှာက သေမှာပဲ..။ဒါပေမယ့် အခုချိန်မှာတော့ အနည်းဆုံး အခွင့်အရေး ရှိနေသေးတယ်..’
သူက တိုက်ပွဲကွင်းပြင်မှာတိုက်ခိုက်ရင်း အိပ်မက်ဆိုးသားရဲတွေကို သတ်ဖြတ်ကာ..အယ်ယက်ကို စွမ်းအားမြင့်တက်စေဖို့အတွက် ဝိဉာဉ်အမြုတေတွေကို ရယူပေးခဲ့တယ်..။ပြီးတော့..နိုးထမူအဆင့် စစ်သည်တော်တွေနဲ့ ရင်ဆိုင်တဲ့ နောက်ဆုံးတိုက်ပွဲမှာ အသက်ရှင်ယုံမျှလေး ရှိနေစေခဲ့ပါတယ်..။
ညဘက်အချိန်မှာတော့..သူက အရိပ်အဆီတွေကို ဆက်လက်ဆွဲထုတ်ရင်း မြူခိုးတွေကနေတဆင့် နူးညံ့သိမ်မွေ့ပြီး ခံနိုင်ရည်ရှိတဲ့ ကြိုးတွေအဖြစ် ပုံဖော်ဖို့ ကြိုးစားနေခဲ့ပါတယ်..။သူ့ရဲ့ အဆီအနှစ်တွေ ကုန်ဆုံးသွားပြီဆိုရင် သူက မိနစ်အနည်းငယ်လောက် အိပ်လိုက်ပါတယ်..။ပြီးတာနဲ့..အရာအားလုံးကို ပြန်လည်စတင်ဖို့ အတွက် နောက်တစ်ကြိမ် နိုးထလာခဲ့တယ်..။
မနက်ရောက်လာတဲ့ အချိန်မှာတော့..သူက တစ်ဖန်ပြန်ပြီး တိုက်ခိုက်ရပါတယ်..။သတ်ဖြတ်မူတွေ ပြီးဆုံးသွားတဲ့ အချိန်မှာတော့ အမှောင်ထုထဲကို ပြန်ရောက်သွားပြီး..ရက်လုပ်မူကြိုးကို ထုတ်ယူဖို့ ကြိုးစားပြန်တယ်..။ဒီ အကြံဉာဏ်က အတော်လေးကို ရယ်စရာကောင်းပြီး မဖြစ်နိုင်လောက်တဲ့ ပုံပေါက်နေခဲ့ပါတယ်..။ထိတွေ့လို့ မရတဲ့ အရာတစ်ခုက မာကျော ၊ ခိုင်ခံ့တဲ့ အရာအဖြစ် ဘယ်လိုလုပ် ပြောင်းလဲသွားနိုင်မှာလဲ..။
သူက သူ့ရဲ့ အသွေးအသားတွေကို ခွဲထုတ်ကာ..ဘာမှမရှိတဲ့ အရာကနေ တစ်ခုခု ဖန်တီးဖို့အတွက် တစ်ရက်ပြီးတစ်ရက်..တစ်ညပြီးတစ်ည ရုန်းကန်နေခဲ့ရတယ်..။အချိန်တွေက အဓိပ္ပာယ်မရှိစွာ ကုန်ဆုံးနေတုန်းမှာပဲ..ဆန်နီက ဆက်လက်ရုန်းကန်နိုင်ဖို့အတွက် မနည်းထိန်းထားနေခဲ့ရပါပြီ..။အိပ်ပျက်မူတွေ ၊ အဆီအနှစ်ကနေ မှော်စွမ်းအင်ကြိုးတစ်ချောင်း ဖန်တီးချင်တဲ့ ဖိအားတွေ နဲ့ တစ်ဝက်ပဲကျန်တဲ့ အဆီအနှစ်နဲ့ တိုက်ပွဲကွင်းပြင်မှာ ရှင်သန်ဖို့ လိုအပ်ချက်တွေကြောင့် ..သူ့ရဲ့ အခြေအနေက..အဆုံးမရှိတဲ့ ချောက်နက်တစ်ခုထဲကို ကျဆင်းနေသလိုဖြစ်နေခဲ့ပါတယ်..။
ဒါတောင်မှ သူက လုံးဝဇွဲမလျော့ပဲ..သူ့လက်ချောင်းထိပ်ကိုထိကာ..မြူခိုးတွေကနေတဆင့်..တစ်ခုပြီးတစ်ခု အဆုံးမရှိ ပုံဖော်ဖို့ကြိုးစားနေခဲ့ပါတယ်..။သူက အနားယူချင်းမရှိသလို ..လက်လျော့လိုက်ခြင်းလည်း မရှိခဲ့ပေ..။
အနီရောင်အဆောက်အဦးကို သူရောက်ရှိတဲ့ ဒုတိယလ အဆုံးသတ်ခါနီးမှာတော့..အလင်းမရှိတဲ့ အကျဉ်းထောင်ကြီးထဲက လှောင်အိမ်အများစုဟာ..အလွတ်တွေဖြစ်နေကြပါပြီ..။
ဆန်နီ ရုတ်တရက် ဆန့်တန်းလိုက်ပြီး..သူ့ရဲ့ ပြတ်ရှကာ တုန်ရီနေတဲ့ လက်တွေကို ကြည့်လိုက်တယ်..။
သူ့ရဲ့ လက်တွေကြားထဲမှာတော့..နူးညံ့သိမ်မွှေ့တဲ့ ကြိုးတစ်ချောင်းက လွင့်မျှောနေခဲ့ပါတယ်..။ဒီအရာက ညအချိန်လိုမျိုး နက်မှောင်နေခဲ့ပြီး..ဆံပင်တစ်ချောင်းလို ပါးလွှာကာ..စိန်နဲ့ ပြုလုပ်ထားတဲ့ ဓားတစ်ချောင်းလို ထက်ရှနေခဲ့ပါတယ်..။
သူ့ရဲ့ နှုတ်ခမ်းကနေ တဆင့် တိုးညှင်းတဲ့ စကားသံတစ်ခုက ထွက်ပေါ်လာခဲ့တယ်..။
‘ဒါက ပြီးသွားပြီ…ငါ ဒါကို လုပ်နိုင်ခဲ့ပြီ..’
အပိုင်း ( ၆၁၆ ) ပြီး၏။