← Chapters

ရိုးရှင်းတဲ့ ရက်လုပ်မူ

Vol. 42 Ch. 617

ရိုးရှင်းတဲ့ ရက်လုပ်မူ

Vol. 42 Ch. 617

ဆန်နီ အတော်ကြာအောင် ခံစားချက်မဲ့စွာ ရှိနေပြီးကာမှ အနည်းငယ် လှုပ်ရှားသွားခဲ့တယ်..။ဒါက သူ့ရဲ့ လှောင်အိမ်ကို လှုပ်ယမ်းသွားစေခဲ့ပါတယ်..။ဒီအသံကြောင့်ပဲ အယ်ယက် ဟာ..အနားယူအိပ်စက်နေရာကနေ နိုးလာခဲ့ပါတယ်..။ပြီးတာနဲ့ ပင်ပန်းနွမ်းနယ်တဲ့ အမူအရာနဲ့ပဲ အမှောင်ထဲကို စိုက်ကြည့်နေခဲ့တယ်.။

“နတ်မိစ္ဆာ လား…။ဘာဖြစ်လို့လဲ..”

နောက်ထပ်တစ်စက္ကန့်အကြာမှာတော့..သူက လေးလံတဲ့ ခန္တာကိုယ်ကြီးတစ်ခုက သံတိုင်တွေကို တိုးထိုးနေတဲ့ အသံကို ကြားလိုက်ရပြန်ပါတယ်..။သူ့ ပါတနာရဲ့ လှောင်အိမ်က ပြင်းပြင်းထန်ထန်ကို လှုပ်ယမ်းလာနေခဲ့တယ်..။ပြီးတာနဲ့ အရှိန်အရမ်းမြင့်တက်လာတဲ့ အချိန်မှာပဲ..သံတိုင်တွေကြားထဲကနေ ရှည်လျားတဲ့ လက်မောင်းကြီးတစ်ခုက ထိုးထွက်လာခဲ့ပါတယ်..။ဆန်နီရဲ့ လက်သည်းတွေက လူငယ်လေးရဲ့ အနားကို ရောက်လာတဲ့ အချိန်မှာတော့..အယ်ယက်ဟာ..တွန့်ဆုတ်သွားခဲ့တယ်..။

“မင်း..မင်းး ဘာလုပ်နေတာလဲ..”

ဆန်နီ အသံအနည်းငယ် ပြုလုပ်ရင်း သူ့ရဲ့ ရည်ရွယ်ချက်ကို အကောင်းဆုံး ဖော်ပြဖို့ ကြိုးစားနေခဲ့ပါတယ်..။လူငယ်နိုးထသူလေးက သူရေးတတ်တဲ့ ရူးစ်နစ် ဘာသာစကားကို ဘယ်လို ဖတ်ရမလဲဆိုတာကို မသိတာကြောင့် ဒီနည်းလမ်းကို ဆက်သွယ်ဖို့အတွက် တစ်ခုတည်းသော နည်းလမ်းပါပဲ..။ကံကောင်းချင်တော့..ဒီလို ရိုးသားစွာဖြေဆိုဖို့ ကြိုးစားတာကပဲ..အားနည်းချက်ကို ပြေပျောက်စေဖို့ လုံလောက်ခဲ့ပါတယ်..။ဒီအရာက ဆန်နီ အမှန်ကို ပြောဖို့ကြိုးစားနေသ၍ တစ်ဖက်လူနားလည်အောင် လုပ်ဖို့ ကို တိုးအားမပေးထားပေ..။

သူတို့ရဲ့ လှောင်အိမ်တွေကို..ဆန်နီရဲ့ လက်တွေက ဆွဲကိုင်ထားပြီး ချိတ်ဆက်ထားခဲ့တယ်..။ဆန်နီဟာ.ပိုမို ညဉ်းညူရင်း ကြွက်သားတွေကို ညှစ်ထုတ်ကာ…လှောင်အိမ်တွေကို နီးကပ်အောင် လုပ်နေခဲ့ပါတယ်..။ယင်းနောက် လူငယ်လေးရဲ့ ဖြူဖျော့နေတဲ့ မျက်နှာကို ကြည့်လိုက်တယ်..။ဆန်နီဟာ..သံတိုင်တွေကို နောက်ထပ် လက်နှစ်ဖက်နဲ့ ထပ်ကိုင်လိုက်ပြီး စတုတ္ထမြောက်လက်ကိုတော့..နိုးထသူ လူငယ်လေးရဲ့ လည်ချောင်းကို ဆုတ်ကိုင်ထားလိုက်ပါတယ်..။

အယ်ယက် ရဲ့ မျက်လုံးတွေက အနည်းငယ် ပြူးကျယ်သွားခဲ့တယ်..။သို့ပေမယ့် သူက ရုန်းကန်ဖို့အတွက်တောင် မကြိုးစားခဲ့ပါဘူး..။လူငယ်လေးဟာ..ဒီတိုင်းပဲ သူ့ကို ကြည့်နေခဲ့တယ်..။သူ့ရဲ့ အမူအရာက ကြောက်ရွံ့ ထိပ်လန့်နေတာမျိုးတွေ ရှိမနေခေဲ့ပေ..။အဲဒီအစား..သူ့ဆီမှာ စိတ်ရှုတ်ထွေးမူတွေနဲ့..ယုံကြည်မူတွေသာ..ရှိနေခဲ့ပါတယ်..။

ဆန်နီ သက်ပြင်းချလိုက်တယ်..။

‘ဘယ်လို အရူးမျိုးလဲ..။ငါသာ ဆန္ဒရှိမယ် ဆိုရင် အခုပဲ မင်းရဲ့ လည်ပင်းကို လိမ်ချိုးပစ်လိုက်လို့ရတယ်..’

ဒါပေါ့ သူ့မှာ ဒီလို ရည်ရွယ်ချက်တွေ ရှိမနေခဲ့ပါဘူး..။အဲဒီအစား ဆန်နီ ဟာ..လူငယ်လေးကို အနားကို ပိုမို ဆွဲခေါ်လိုက်ပြီး..သူ့ရဲ့ လည်ပင်းမှာ ရှိနေခဲ့တဲ့ သံမဏိလည်ပတ်ကိုသာ စိုက်ကြည့်နေလိုက်ပါတယ်..။သူက ဒါကို လေ့လာကြည့်နေခဲ့တယ်..။ဆန်နီ အနေနဲ့ သူ့ရဲ့ လည်ပင်းမှာ ပတ်ထားတဲ့ လည်ပတ်ကို ပြန်ကြည့်ဖို့ မဖြစ်နိုင်တာကြောင့် ဒါက အကောင်းဆုံးနည်းလမ်းပါပဲ..။

အယ်ယက် ဟာ..အတော်ကြာအောင် ငြိမ်နေပြီးကာမှ ပြောလိုက်တယ်..။

“မင်းဘာလုပ်ချင်နေတာလဲဆိုတာတော့ ငါ မသိဘူး နတ်မိစ္ဆာ..။ဒါပေမဲ့..ထောင်စောင့်က ဆူညံသံတွေကို လာမစစ်ဆေးခင်မှာ မင်း လုပ်နေတာကို ရပ်တန့်လိုက်တာ ပိုကောင်းလိမ့်မယ်..”

ဆန်နီ အသံအနည်းငယ် ဖော်ထုတ်လိုက်ပြီး..သံတိုင်တွေကို ကိုင်ထားတဲ့ လက်ကို လွှတ်ကာ..လှောင်အိမ်တွေကို လှုပ်ယမ်းသွားစေခဲ့ပါတယ်..။အယ်ယက် ပြောတဲ့အတိုင်းပါပဲ..။နောက်ထပ် စက္ကန့်အနည်းငယ် အကြာမှာပဲ..တက်ရောက်သူ ဟာ ပေါ်လာခဲ့ပါတယ်..။သူက အမြဲတမ်း အနီးနားမှာပဲ ရှိနေပြီး..အကျဉ်းသားတွေ မူမမှန်တဲ့ အပြုအမူတွေ ပြုလုပ်လာနိုင်တာကြောင့် အဆင်သင့်စောင့်နေခဲ့တာပါ..။ဆန်နီအနေနဲ့ ထောင်စောင့်တွေကို လေ့လာဖို့အတွက် အချိန်တွေ အများကြီးရှိနေတာကြောင့် ဒီအချက်တွေကို ကောင်းကောင်းကြီး သိထားပါတယ်..။

သို့ပေမယ့် ဒါက သိပ်ပြသနာ မရှိပေ..။သူက ကြည့်ဖို့လိုအပ်တာတွေ အားလုံးကို မြင်ပြီးသွားခဲ့ပါပြီ..။လည်ပတ် ထဲမှာ ထည့်ထားတဲ့ ရူးစ်နစ် ပုံစံတွေနဲ့ ဝိဉာဉ်အဆီအနှစ် စီးဆင်းမူတွေက သူ ကြည့်ဖို့ လိုအပ်နေတဲ့ အရာတွေပါပဲ..။

ဆန်နီက ဒီအရာကို မြန်မြန် ဆန်ဆန် အလုပ်လုပ်တော့မှာပါ..။

….

ရက်အနည်းငယ်ကြာပြီးတဲ့ နောက်မှာတော့..သက်ရှိတစ်ကောင်ထက် အလောင်းကောင်နဲ့ ပိုမိုတူနေတဲ့ ဆန်နီဟာ..လှောင်အိမ်အောက်ခြေမှာ လဲလျောင်းရင်း ကိုယ့်လက်ကို ပြန်ကြည့်နေခဲ့တယ်..။သူ့လက်တွေကြားထဲမှာတော့..ရှုပ်ထွေးတဲ့ အနက်ရောင်ကြိုးမျှင်လေးတွေကို အတူတကွ ရက်လုပ်ထားတဲ့ အရာတစ်ခု ရှိနေခဲ့တယ်..။ဒီအရာက ထူးဆန်းပြီး..ညို့ငင်နိုင်တဲ့ ပုံစံခွက် မျိုး ရှိနေခဲ့ပါတယ်..။ဆန်နီဟာ..သူ့ရဲ့ အရိပ်ကြိုးတွေကို ဆွဲဆန့်နိုင်တဲ့ စွမ်းရည်ကို အတော်ကြီး တိုးတက်လာအောင် လုပ်ဆောင်နိုင်ခဲ့ပါပြီ..။စိတ်မကောင်းစရာက ဒီအရာက အလကား ရရှိလာခဲ့တာတော့ မဟုတ်ပါဘူး..။

ဒီကြိုးတွေကို..သူကလွဲပြီး ဘယ်သူမှ မြင်တွေ့နိုင်စွမ်းမရှိတာကြောင့်..သူတို့တွေက ရုပ်ပိုင်းဆိုင်ရာ ကမ္ဘာကြီးနဲ့ ဆက်စပ်နေခြင်း မရှိဘူးလို့ ဆိုလိုနိုင်ပါတယ်..။သို့ပေမယ့် ဒီအရာတွေက သူ့ရဲ့ အသွေးအသားတွေနဲ့တော့ ဆက်သွယ်နိုင်ပါတယ်..။ဒါကြောင့်ပဲ..သူ့ရဲ့ လက်ချောင်းနှစ်ချောင်းက ဘယ်တုန်းကမှ..မတည်ရှိခဲ့ပဲ ဖြတ်တောက်ခံထားရသလိုမျိုး ဖြစ်နေခဲ့တာပါ..။

ဝီဗာ အရိုးတွေနဲ့ ပြုလုပ်ထားတဲ့ သူ့ရဲ့ အရိုးတွေတောင်မှ..ဒီ အဆီအနှစ်ကြိုးတွေကို တောင့်ခံနိုင်ခြင်း ရှိပုံမရပေ..။ကျန်ရှိနေတာဆိုလို့ သွေးထွက်နေတဲ့ အဝိုင်းပုံစံနှစ်ခုသာပါပဲ..။

ကျန်တဲ့ လက်ချောင်းတွေကလည်း ဖြတ်တောက်ခြင်း ခံနေကြရပေမယ့် ပုံစံမပျက်ရှိနေခဲ့ကြတယ်..။သူ့ လက်ချောင်းတွေက နောက်ထပ် ၁၈ ချောင်းတောင် ရှိနေသေးတာကြောင့် လူသားတစ်ယောက် ရှိသင့်တာထက်တော့ ပိုနေသေးပါတယ်..။ဒါက သူ ဆက်တိုက်ခံစားနေရတဲ့ နာကျင်မူကို လျော့ချနိုင်လိုက်တယ်လို့ မဆိုနိုင်ပါဘူး..။

အနက်ရောင်ကြိုးတွေကို ရက်လုပ်ဖို့အတွက် သူ့ရဲ့ လက်ဗလာတွေနဲ့ လုပ်နေတာထက်စာရင် လက်နက်တစ်ခုခုသာ ရှိမယ်ဆိုရင် အတော်လေးကို ကောင်းမွန်မှာပါ..။ဉပမာဆိုရင် အပ် တစ်ချောင်းဆိုရင်လည်း အဆင်ပြေပါတယ်..။တိုက်ဆိုင်စွာပဲ သူ့မှာ ဝီဗာကိုယ်တိုင် အသုံးပြုတဲ့ အပ်တစ်ချောင်း ရှိနေခဲ့တယ်..။သို့ပေမယ့် အဲဒီအရာကလည်း..သူ့ရဲ့ ဝိဉာဉ်ပင်လယ်ထဲမှာ..ပိတ်လှောင်ခြင်း ခံထားရတယ်..။သူက တပ်မက်ခြင်း သေတ္တာထဲကို ဝင်ရောက်လို့ မရနိုင်ပါဘူး..။

ဒီတော့ သူက နာကျင်မူဒဏ်ကိုသာ တောင့်ခံရင်း ..အတော်..အတော်လေးကို ဂရုစိုက်နေခဲ့ရပါတယ်..။သူ့ရဲ့ လက်ချောင်း အရေအတွက်ကလည်း တဖြည်းဖြည်း လျော့ပါးလာခဲ့တယ်..။

..အဲဒီမှာ နောက်ထပ်ပြသနာ တစ်ခုက ရှိနေခဲ့ပါသေးတယ်..။

ဆန်နီဟာ..မှော်စွမ်းအင်လှိုင်းတွေရဲ့ စည်းမျဉ်း စည်းကမ်းတွေကို နားလည်ဖို့အတွက် အမွေဆက်ခံထားခဲ့ပေမယ့်..သူက ဘာလုပ်ရမယ်ဆိုတာကို အမှန်တကယ် သိနေတာမျိုး မဟုတ်ပါဘူး..။သူ့မှာ ရှိတာဆိုလို့ သူ အရင်က မြင်ဖူးထားခဲ့တဲ့ မှော်စွမ်းအင်လှိုင်း ရက်လုပ်မူ ပုံစံတွေဖြစ်ပြီး..သူတို့ရဲ့ နောက်ကွယ်မှာရှိနေတဲ့ ရည်ရွယ်ချက် ကို ဝါးတားတား နားလည်ထားရုံပါပဲ..။

ဒီအရာက..မှော်စွမ်းအားကို ကျွမ်းကျင်ဖို့အတွက် လုံလောက်မူ မရှိပေ..။သို့ပေမယ့် အနည်းဆုံးတော့ စတင်ဖို့အတွက် လုံလောက်ပါတယ်..။

သူ အရင်က လေ့လာခဲ့တဲ့ မှတ်သားမူ တစ်ခုချင်းစီတိုင်းမှာ..ပြိုင်ဖက်ကင်း မှော်စွမ်းအင်တွေ ရှိနေတာကြောင့် သူက သူတို့ကြားထဲမှာ အပြိုင်သဘောမျိုး ထပ်မံမဆွဲနိုင်သလို …သူတို့ရဲ့ ရက်လုပ်မူတွေကနေ အလိုဆန္ဒတွေ ဘယ်လို ထုတ်လုပ်သလဲ ဆိုတာကို မခန့်မှန်းနိုင်ပါဘူး..။သို့ပေမယ့်..မှတ်သားမူအားလုံးမှာ မျှဝေထားတဲ့ မှော်စွမ်းအင်တွေ ဆိုတာ ရှိနေခဲ့ပါတယ်..။

သူက..ထုတ်ဖော်လို့ ရုပ်သိမ်းလို့ ရတဲ့ စွမ်းရည် ၊ အပြည့်အဝ ဖျက်ဆီးခံရတာ မဟုတ်ရင် အလိုလို ပြန်ပြင်ဆင်နိုင်တဲ့ စွမ်းရည် နဲ့ ပိုင်ရှင်ရဲ့ ဝိဉာဉ်နဲ့ ချိတ်ဆက်ထားမူ..။

ဒီ သဲလွန်စတွေကနေ တဆင့်..ဆန်နီဟာ..သီအိုရီအရ..မှတ်သားမူတွေရဲ့ မှတ်အစိတ်အပိုင်းတွေက တူညီတဲ့ ရက်လုပ်မူတွေ ရှိနေကြလဲဆိုတာကို ဆုံးဖြတ်နိုင်ပါတယ်..။ပြီးတဲ့ အချိန်မှာတော့ သူက ဒီလို အရာမျိုးကို ပြန်လည်ဖန်တီးမှာပါ..။

မှော်စွမ်းအင်လှိုင်းတစ်ခုချငိးစီ တိုင်းက အတော်လေးကို ရှုပ်ထေါးနေခဲ့တယ်..။ဒီတော့..ပုံစံတစ်ခုကို ပြန်မှတ်မိအောင် ကြိုးစားတာကတောင် စိန်ခေါ်မူတစ်ခုလိုပါပဲ..။ဆန်နီ ရဲ့ မှတ်ဉာဏ်ကတော့..အတော်လေးကို ကောင်းမွန်တဲ့ အထဲမှာ ပါပါတယ်..။သို့ပေမယ့်..သူက မှော်စွမ်းအင်လှိုင်းတွေကို အများကြီး မှတ်မိအောင် လုပ်ရမှာတင် မဟုတ်ပဲ..သူတို့ကြားထဲမှာ နှိုင်းယှဉ်ပြီး တူညီတဲ့ အစိတ်အပိုင်းကို တွေ့ရဖို့အတွက် အတော်လေးကို တိကျ ရပါလိမ့်မယ်..။

အဲဒီနောက်မှာတော့…သူက ထပ်တူညီနေတဲ့ အစိတ်အပိုင်းတွေကို ဘာမှ မရှိတဲ့ အရာကနေ ကိုယ်ကိုကိုတိုင် ပြန်လည် ရက်လုပ်သွားမှာပါ..။သူ အသုံးပြုဖို့လိုအပ်တာဆိုလို့ သူ့ရဲ့ လက်ဗလာ နှစ်ဖက်နဲ့ အရိပ်အဆီအနှစ်တွေသာပါပဲ..။ဒီအတွက် အောင်မြင်နိုင်ချေကတော့ မဖြစ်နိုင်သလောက်နီးပါး လို့တောင် ထင်မှတ်ရပါတယ်..။

သို့ပေမယ့်..စိတ်စွဲလမ်းမူ ၊ ဆုံးဖြတ်ချက် နဲ့ စိတ်ဓာတ်ကျစရာ အခြေအနေတွေကြောင့် သူ အောင်မြင်ခဲ့ပါတယ်..။

ပြီးတော့..ကျလည်း ကျရှုံးခဲ့တယ်..။

အကြိမ်ရေ ထောင်ချီ ကြိုးစားပြီး နောက်မှာတော့..ဆန်နီဟာ..နောက်ဆုံးမှာ သူ ခွဲထုတ်နိုင်ခဲ့တဲ့ ပုံစံသုံးခုထဲကနေ တစ်ခုကို ဖန်တီးနိုင်ခဲ့ပါတယ်..။သို့ပေမယ့် ဒီ ပုံစံခွက်ပြီးဆုံးသွားတာနဲ့ တစ်ပြိုင်နက် ချက်ချင်းဆိုသလိုပဲ ပြိုလဲပြီး ပျက်ဆီးသွားခဲ့တယ်..။သူ အကြိမ်ရေ ဘယ်လောက်ပဲ တစ်ထပ်တည်း ပြန်လုပ်ပါစေ..ရလာဒ်ကတော့ အတူတူပါပဲ..။

အကြောင်းပြချက်တစ်ချို့ကြောင့် သူ့ရဲ့ ရက်လုပ်မူက အချိန်အကြာကြီး မထိန်းထားနိုင်ခဲ့ပေ..။ဒါက သူ့ဟာသူ တည်တံ့အောင် ထိန်းထားနိုင်ခြင်း မရှိပါဘူး..။

တစ်ခုခုကတော့ မှားယွင်းနေခဲ့ပါပြီ..။

ဒီနေ့မှာတော့..ဆန်နီက နောက်ထပ် အတွေ့အကြုံတစ်ခုကို ခံစားဖို့ အသင့်ဖြစ်နေခဲ့တယ်..။ဒါက နောက်ဆုံးတစ်ခုလည်း ဖြစ်နိုင်ပါတယ်..။သူက ပင်ပန်း ၊ အားပြတ် ပြီး ဆိုးဆိုးဝါးဝါးကို နာကျင်နေခဲ့ပါပြီ..။ဒီ သွေးစွန်းနေတဲ့ ငရဲပြည်ကြီးကနေ လွတ်မြောက်ဖို့အတွက် သူ့မှာ အရင်က ဘယ်လို မျှော်လင့်ချက်တွေပဲ ရှိခဲ့ပါစေ အခုတော့ ကုန်ဆုံးလုနီးပါး ဖြစ်နေခဲ့တယ်..။သူက…သူက လက်လျော့ဖို့အတွက် အဆင်သင့်ဖြစ်လုနီးပါး တောင် ဖြစ်နေခဲ့ပါပြီ..။

သို့ပေမယ့် အခုတော့ မဟုတ်သေးပါဘူး..။

နူးညံ့သိမ်မွေ့တဲ့ ကြိုးတွေ မဟုတ်ပဲ..မှတ်သားမူတွေ အားလုံးမှာ ပါဝင်တဲ့ တစ်ခြားအရာတစ်ခုလည်း ရှိနေခဲ့ပါသေးတယ်..။အဲတာကတော့ ကြိုးတွေအားလုံးအတွက် ဆက်သွယ်ရာနေရာအဖြစ် ဖန်တီးထားခဲ့တဲ့ တောက်ပတဲ့ မီးခဲတစ်ခုပါ..။ဒီအရာက..ဖွဲစည်းမူ ပုံစံတစ်ခုလုံးရဲ့ အချက်တစ်ချက် အဖြစ်ရှိနေခဲ့တာပါ..။

ဒီအချက်ကို တွေးမိခဲ့တာကြောင့် ဆန်နီက ဒီနေ့မှာ တိုက်ပွဲကွင်းပြင်ကနေ တစ်ခုခုကို ယူလာခဲ့တယ်..။ဒါကတော့ သူ အယ်ယက်ကိုမပေးပဲ..ကိုယ့်ဟာကို ယူထားခဲ့တဲ့ ဝိဉာဉ် အမြုတေ တစ်ခုပါ..။ဒီအမြုတေကတော့..အနီရောင် အဆောက်အဦးရဲ့ သတ်ဖြတ်ရေးကွင်းပြင်ထဲမှာ သူ သတ်ခဲ့တဲ့ နိုးထမူအဆင့် နတ်ဆိုးရဲ့ အမြုတေကို ယူလာခဲ့တာပါ..။

အခုတော့..သူ့ရဲ့ လက်ချောင်းတွေကြားထဲမှာ ရှိနေတဲ့ နူးညံ့သိမ်မွေ့တဲ့ အနက်ရောင်ကြိုးတွေရဲ့ ကြောင်ပုခတ်ကို သူ ကြည့်နေခဲ့တယ်..။သူ အတော်ကြာအောင် တွေဝေနေပြီးနောက်မှာတော့..အမြုတေလေးကို အလယ်မှာ ဂရုတစိုက်ထားထားလိုက်ပါတယ်..။

ယင်းနောက် ဆန်နီ ဟာ..အသက်ကို အောင့်ထားရင်း ကြိုးတစ်ချောင်းချင်းစီတိုင်းကို အမြုတေနဲ့ စတင် ချိတ်ဆက်လိုက်တယ်..။သူ့ရဲ့ လက်ချောင်းတွေက လျင်မြန်တဲ့ အရှိန်နဲ့ ရွေ့လျားနေခဲ့ပါတယ်..။ဖြည်းညှင်းစွာပဲ အနက်ရောင် ပုံစံစီးဆင်းမူ တွေက တောက်ပတဲ့ အမြုတေရဲ့ အလယ်မှာ ပုံပေါ်လာခဲ့တယ်..။ထူးဆန်းတာက ဒီအရာတွေဟာ အရာဝတ္တုတစ်ခုကို မဖြတ်သန်းပဲ..သူတို့ကိုယ်တိုင် ကွင်းဆက်တွေအဖြစ် ပုံပေါ်လာနေခဲ့ကြတာပါ..။

အဆုံးမရှိလောက်အောင် ကြာမြင့်သွားပြီလို့ ခံစားရပြီးတဲ့ နောက်မှာတော့..သွေးစက်တွေက သူ့ရဲ့ လက်ကနေ စီးကျလာနေခဲ့တယ်..။ဆန်နီ နောက်ဆုံးမှာ ကြိုးတွေကို လွှတ်လိုက်ပြီး သူ့ရဲ့ လက်ဝါးထဲမှာ ရှိနေတဲ့ ဝိဉာဉ် အမြုတေကို စိုက်ကြည့်နေခဲ့ပါတယ်..။

သူ့ရဲ့ ပတ်လည်မှာတော့..နူးညံ့တဲ့ ကြိုးမျှင်တွေရဲ့ လှပတဲ့ ရက်လုပ်မူ ပုံစံတစ်ခုဟာ..လေထဲမှာ လွင့်မျှောနေခဲ့တယ်..။ဒီအရာက ပြိုကွဲသွားဖို့အတွက်..အားနည်းချက်တစ်ခုတစ်လေ တောင် ရှိမနေခဲ့ပါဘူး..။

သူ သက်ပြင်းချလိုက်ပြီး နောက်ဆုံးကြိုတစ်ချောင်းကို ထပ်မံရက်လုပ်လိုက်ကာ အမြုတေနဲ့ ချိတ်ဆက်လိုက်တယ်..။ပြီးတာနဲ့ ကြိုးရဲ့တစ်ခြားတစ်ဖက်အစွန်းကို သူ့ရဲ့ ရင်ဘတ်က အရိပ်အမြုတေနဲ့ ချိတ်ဆက်လိုက်ပါတယ်..။

နောက်ဆုံးမှာတော့..ဆန်နီ မျက်လုံးတွေကို မှိတ်ပြီး..စိတ်နဲ့ ညွှန်ကြားကြည့်လိုက်ပါပြီ..။

သူ့ရဲ့ရှေ့မှာတော့..ဝိဉာဉ်အမြုတေဟာ..အလင်းစက်တွေအဖြစ်..ပျောက်ကွယ်သွားခဲ့တယ်..။ပြီးတာနဲ့ နောက်ထပ် တစ်ကြိမ်ဆိုသလိုပဲ ဘာမှမရှိတဲ့ အရာကနေ ပြန်လည်ထွက်ပေါ်လာခဲ့ပါတယ်..။

ဆန်နီဟာ..ရှည်လျား လေးလံစွာပဲ သက်ပြင်းချလိုက်တယ်..။

…ဒါကတော့..သူ ကိုယ်တိုင် ရက်လုပ်ခဲ့တဲ့ ပထမဆုံး မှော်စွမ်းအားတစ်ခုပါ..။

အပိုင်း ( ၆၁၇ ) ပြီး၏။

All Chapters