← Chapters

လွတ်မြောက်ဖို့အတွက် အစီအစဉ်

Vol. 42 Ch. 618

လွတ်မြောက်ဖို့အတွက် အစီအစဉ်

Vol. 42 Ch. 618

ဆန်နီဟာ အသက်ကို ရူသွင်းလိုက် ..ရူထုတ်လိုက် လုပ်ရင်း သူ့ရဲ့ မြန်ဆန်နေတဲ့ နှလုံးခုန်သံတွေကို တည်ငြိမ်အောင် ထိန်းချုပ်နေခဲ့ပါတယ်..။သူ့ရဲ့ လက်တွေက အတော်လေး တုန်ရီနေခဲ့တာကြောင့်..လက်ထဲမှာ ရှိနေတဲ့ တောက်ပတဲ့ အမြူတေက အောက်ကိုပြုတ်ကျလုနီးပါးပါပဲ..။

‘ဟေး..ဟေး..အယ်ယက်…။ကြည့်လိုက်ဦး..ဒါက ပြီးသွားပြီ..’

သူက ခေါင်းကိုပင်ပန်းစွာ လှည့်လိုက်ပြီး လူငယ်လေးရဲ့ အာရုံစိုက်မူကိုရ‌ေအာင် အသံတစ်ချို့ကို ပြုလုပ်နေခဲ့ပါတယ်..။သို့ပေမယ့် သူ့ရဲ့ ပါတနာက လှုပ်တောင် မလှုပ်လာခဲ့ပါဘူး..။သူက လှောင်အိမ်ရဲ့ အောက်ဘက်မှာ ထိုင်ပြီးသာ..ဘာမှမရှိတဲ့ အမှောင်ထုထဲကို စိုက်ကြည့်နေခဲ့ပါတယ်..။

ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်းမှာ လူငယ်လေးရဲ့ အခြေအနေက သိပ်မကောင်းလှပါဘူး..။သူက ဆန်နီကို စကားပြောတာမျိုး တွေကိုတောင် မလုပ်တော့ပေ..။သူက ဒီတိုင်း အမှောင်ထုထဲမှာသာ တိတ်တဆိတ် ထိုင်နေတတ်ပြီး..နောက်တစ်နေ့ မနက်ရောက်တဲ့အထိ မလှုပ်ရှားတော့ပေ..။ပြီးတာနဲ့ နောက်တစ်ကြိမ် တိုက်ခိုက်ဖို့အတွက် အချိန်က ကျရောက်လာခဲ့ ပြန်ပါပြီ..။

ဆန်နီ တစ်ခနလောက် တွေဝေလိုက်ပြီးကာမှ တစ်ဖက်ကို လှည့်လိုက်တယ်..။

‘ဒါက အဆင်ပြေတယ်..အနားယူလိုက်ဦး..။ငါတို့ နှစ်ယောက် မကြာခင် ဒီကနေ ထွက်သွားနိုင်တော့မှာပါ..။ငါတို့..လွတ်မြောက်တော့မှာ…လွတ်မြောက်တော့မယ်..အယ်ယက်..။ဒီတိုင်းသာ..နည်းနည်းလောက် ထပ်တောင့်ခံထားလိုက်..’

အချိန်က အများကြီး မကျန်တော့ပါဘူး..။ဒီ ရက်စက်တဲ့ မြေအောက်အကျဉ်းထောင်ထဲမှာ..အိပ်မက်ဆိုးသားရဲ လေးဒါဇင်လောက်သာ အသက်ရှင်လျက် ကျန်ရစ်နေပါတော့တယ်..။သူတို့ရဲ့ ဆိုးရွားတဲ့ အသွင်အပြင်တွေဟာ..မှော်စွမ်းအားနဲ့ ဖန်တီးထားတဲ့ လှောင်အိမ်ထဲမှာ ပိတ်မိနေခဲ့တယ်..။အနီရောင် အဆောက်အဦးအတွင်းက တိုက်ခိုက်မူ ပြိုင်ပွဲတွေအားလုံးက မကြာခင်မှာပဲ အဆုံးသတ်ကို ရောက်လာတော့မှာပါ..။

ပြီးတဲ့နောက်မှာတော…ဆိုဗန် နဲ့ သူမရဲ့နောက်လိုက်တွေက..သူတို့ရဲ့ သွေးဆာတဲ့ နတ်ဘုရားကို ယဇ်ပူဇော်ဖို့အတွက်..နောက်ထပ် ဆယ်စုနှစ်တစ်ခုလောက် သားကောင်တွေကို ရှာဖွေကြပြန်တော့မှာပါ..။

ဆန်နီ ရဲ့ နှုတ်ခမ်းက တွန့်ကွေးသွားခဲ့တယ်.။

‘ဘယ်သူက ဂရုစိုက်မှာလဲ..။ဘာပဲဖြစ်ဖြစ်..သူတို့အားလုံးက ပုံရိပ်ယောင်တွေပဲ..။အစစ်အမှန် ဆိုဗန်က သေဆုံးသွားတာကြာခဲ့ပြီ..။တကယ့်အစစ်အမှန် အယ်ယက် ကလည်း..သေဆုံးပြီးသားပဲ..။သူတို့ ဘာဖြစ်လာကြမှာလဲ ဆိုတာကို ဘယ်သူက ဂရုစိုက်မှာလဲ..’

သူက စိတ်ဓာတ်ကျနေတဲ့ လူငယ်လေးကို တစ်ချက်ကြည့်လိုက်ပြီး…အဝေးကို အကြည့်လွဲလိုက်တယ်..။

..ဒါပေမဲ့..သူတို့က တကယ်ပဲ သေပြီးသားတွေလား..။

ဆန်နီ ဟာ..သူ့ရဲ့ တုန်ရီနေတဲ့ လက်တွေကို တည်ငြိမ်သွားအောင် လုပ်လိုက်ပြီး..ဝိဉာဉ်အမြုတေကို လေ့လာကြည့်လိုက်တယ်..။

အခိုက်အတန့်က သူ့ရဲ့ ရက်လုပ်မူတွေအတွက်..တာဝန်ထမ်းဆောင်မယ့် မီးခဲ‌ အတွက် ဘယ်အရာကို အသုံးပြုထားလဲ ဆိုတာကို သူ မသိပါဘူး..။အဲတာက ဘာပဲဖြစ်ဖြစ်..ဝိဉာဉ် အမြုတေကို ဆက်သွယ် ပေးထားတဲ့ အရာဆိုတာက သေချာပါတယ်..။ဘာပဲဖြစ်ဖြစ်..မှတ်သားမူ တစ်ခု ရဲ့ အဆင့်သတ်မှတ်ချက် တစ်ခုက..သူ့မှာ ပိုင်ဆိုင်ထားတဲ့ ဝိဉာဉ်အမြုတေနဲ့ တိုက်ရိုက် ဆက်နွယ်နေတာကြောင့်ပါ..။

သို့ပေမယ့် ဒီ မီးခဲတွေက အမှန်တကယ် ဝိဉာဉ် အပိုင်းအစတွေ မဟုတ်ကြပါဘူး..။အိပ်မက်ဆိုးသားရဲတွေ ကို သတ်ဖြတ်မယ်ဆိုရင်..မှတ်သားမူတစ်ခု ရနိုင်တယ် ဆိုရင်တော့ ဝိဉာဉ်အပိုင်းအစတွေက သူတို့ဆီကပဲ ထပ်မံရယူထားခဲ့တာပါ..။ဆန်နီကတော့ ဒါတွေကို ဂရုမစိုက်ပေ..။ပိုကောင်းတဲ့ ရွေးချယ်စရာတွေ ရှိမနေဘူးဆိုရင်တော့..သူ လုပ်နိုင်တာက..တစ်ခုခုကို အစားထိုးပြီး အသုံးပြုဖို့ပါပဲ..။

သူက အရိပ်တွေရဲ့ မျက်လုံးကနေ တဆင့် သူ့ရဲ့ နတ်ဆိုး ခန္တာကိုယ်ကို ပြန်ကြည့်လိုက်တယ်..။ပြီးတဲ့အချိန်ကြမှ..ဝိဉာဉ် အပိုင်းအစကို နောက်ထိပ်တစ်ကြိမ်..ရုတ်သိမ်းလိုက်ပါတယ်..။

သို့ပေမယ့် ဒီတစ်ကြိမ်မှာတော့ ဆန်နီဟာ..ထူးဆန်းတဲ့ အရာတစ်ခုကို လုပ်လာခဲ့တယ်..။သူက မှော်စွမ်းအား ရှိနေတဲ့ ပုံဆောင်ခဲကို ..မရှင်းအလင်း အခြေအနေမှာပဲ ရှိနေစေချင်ခဲ့တာပါ..။ဒါက လုံးဝပျောက်ကွယ်သွားတာ မျိုး မဟုတ်သလို..ထိတွေ့ကိုင်တွယ်လို့ ရတာမျိုးလည်း မဟုတ်ပါဘူး..။

ပြီးတာနဲ့ သူက အနက်ရောင်ကြိုးတွေရဲ့ ရက်လုပ်မူဆီကို ရွေ့လျားလိုက်ပြီး..ဖြည်းညှင်းစွာ ပြန်ဖြည်လိုက်တယ်..။သူက ဒီအရာရဲ့ အဆုံးသတ်တွေကို လွတ်မြောက်သွားအောင် လုပ်လိုက်တာပါ..။

ဒီလိုလုပ်ပြီးတဲ့နောက်မှာတော့..သူက ပုံစံတစ်ခုလုံးကို စတင်ပြီး ရက်လုပ်လိုက်တယ်..။သူက နူးညံ့သိမ်မွေ့တဲ့ ဝိဉာဉ်အပိုင်းအစလေးတွေကိုပါ…သူ့ရဲ့ သံမဏိ လည်ပတ်ထဲကို ရက်လုပ်နေခဲ့တာပါ..။

နှေးကွေးနေတယ် ဆိုပေမယ့် သေချာစွာပဲ..သူက မှော်စွမ်းအားလှိုင်းတွေကို..သူ့ရဲ့ လည်ပင်းပတ်ဝန်းကျင်မှာ ပေါင်းထည့်ကာ..ဝိဉာဉ်အဆီအနှစ်တွေ စီးဆင်းမူထဲမှာ မြုပ်နှံလိုက်ပါတယ်..။ဒီ လုပ်ဆောင်မူက..အတော်လေးကို ရှုပ်ထွေး ၊ ထွေပြားပေမယ့်လည်း..အရမ်းကြီး ရှုတ်ယှက်ခတ်နေတာ မျိုးတော့ မဟုတ်ပါဘူး..။ပုံစံခွက်က တည်ဆောက်ထားပြီးသား ဖြစ်တာကြောင့် သူက ဒီအရာကို ..လက်ခံကောင် အသစ်ထဲကို ပေါင်းထည့်ပေးလိုက်ရုံပါပဲ..။

အတော်ကြာပြီးတဲ့နောက်မှာတော့ သူက ပြီးဆုံးသွားခဲ့တယ်..။သူ့လက်ထဲမှာရှိနေတဲ့ ဝိဉာဉ် အပိုင်းအစကတော့ ပျောက်ကွယ်သွားခဲ့ပါပြီ..။ဒီအရာက..လည်ပတ်ရဲ့ မျက်နှာပြတ်ရေရာက်မှာ အနက်ရောင် ကြိုးတွေအဖြစ် စီးဆင်းနေခဲ့ကြတယ်..။အခုတော့..ဒီ လည်ပတ်က မှတ်သားမူတစ်ခုနဲ့ တောင် တူနေခဲ့ပါတယ်..။သူ့ရဲ့ တည်ရှိမူတွေကလည်း ဆန်နီ အရင်က မြင်ခဲ့ဖူးတဲ့.. မီးခဲတွေနဲ့ လုံးဝကို မတူညီပါဘူး..။

ဒါပေါ့ သူ့ရဲ့ အထဲမှာ.ဒုတိယမြောက် စွမ်းအားတွေ ရှိနေပါသေးတယ်..။ဒီတစ်ခုက နူးညံ့သိမ်မွေ့တဲ့ ရူးစ်တွေထက်တောင် ပိုပြီး ရှုတ်နေခဲ့သေးတာပါ..။ဒါက သူ အလိုရှိတဲ့အတိုင်းပဲ အတော်လေးကို ရှုပ်ထွေးပါတယ်..။

ဆန်နီ အသက်ရူအောင့်ထားပြီး လည်ပတ်ကို ရုတ်သိမ်းဖို့ ကြိုးစားလိုက်တယ်..။

သူ့ရဲ့ လည်ပင်းမှာ ရှိနေတဲ့ လည်ပတ်က..မှိန်သွားခဲ့ပြီး ရုတ်တရက် အတော်လေးကို အေးစက်သွားခဲ့ပါတယ်..။အထဲမှာတော့..စွမ်းအားနှစ်ခု ထိတွေ့သွားခဲ့ကာ..ဒီ စွမ်းအားနှစ်ခုစလုံး တစ်ခနလောက်..အားနည်းသွားခဲ့ကြပါတယ်..။

လေထဲမှာ ရုတ်တရက် ရွေ့လျားပြီး ပြောင်းလဲသွားတာကို သူ ခံစားလိုက်ရတယ်..။ဒါက အတော်ကြာအောင် အိပ်ပျော်နေခဲ့တဲ့ သူ့ရဲ့ အစိတ်အပိုင်းတစ်ခုက..နိုးထလာခဲ့သလိုပါပဲ..။ကြောက်ရွံ့မူ နဲ့ စိတ်လှုပ်ရှားမူတွေ ရောနှောနေတဲ့ ဆန်နီဟာ..အရင်က အကြိမ်များးစွာ ပြုလုပ်ခဲ့ဖူးတဲ့အရာတစ်ခုကို လုပ်လိုက်ပါတယ်..။ဒီအရာရဲ့ တန်ဖိုးကို သူ အရင်တုန်းက လုံးဝ မသိခဲ့ပါဘူး..။

‘တစ်…’

သူ အချက်အလက်ဇယားကို ထုတ်ဖော်လိုက်တယ်..။

နောက်ဆုံးမှာတော့..သူ့ရှေ့က လေထဲမှာ သကေ်တတွေ ပေါ်လာခဲ့ပါပြီ..။သူတို့ရဲ့ မြင်ကွင်းက ပျားရည်တစ်ခုလိုကို ချိုမြိန်နေခဲ့တာပါ..။

အမည် - ဆန်းလပ်စ်

အစစ်အမှန် နာမည် - အလင်းမှပျောက်ဆုံးသူ

အဆင့် - နိုးထသူ..

‘နှစ်…’

ဆန်နီ ဟာ..ရူးစ်တွေကနဲ့ အကြည့်ကို လွဲလိုက်ပြီး..ကော်လံထဲကို စူးစိုက်ကြည့်ကာ..စွမ်းအားနှဏ်ခုရဲ့ တိုက်ပွဲကို လေ့လာလိုက်တယ်..။ချက်ချင်းဆိုသလိုပဲ..သူက ကော်လံကို လက်နှစ်ဖက်နဲ့ ဆုပ်ကိုင်လိုက်ပြီး..တစ်စစီ ဆုပ်ဖြဲဖို့ လုပ်လိုက်ပါတယ်..။

သို့ပေမယ့်..လည်ပတ်ကတော့..ဖျက်ဆီးလို့ မရတဲ့ အရာတစ်ခုလိုပဲ မြဲမြံစွာပဲ ရှိနေခဲ့တာပါ..။

‘သုံး..’

ခုနှစ်အထိ ရေတွက်ပြီးတဲ့နောက်မှာတော့..သံမဏိလည်ပတ်ထဲမှာ ထည့်ထားတဲ့ ဝိဉာဉ်အပိုင်းအစက ရုတ်တရက် ပေါက်ကွဲထွက်သွားခဲ့ကာ..အစိတ်စိတ်အမွှာအမွှာဖြစ်သွားခဲ့ပါတယ်..။ဒီလိုနဲ့ မူလစီးဆင်းနေတဲ့ ဝိဉာဉ်အဆီအနှစ်တွေက နောက်ထပ်တစ်ကြိမ်ဆိုသလို အတားတဆီးမရှိပဲ ပြန်ဖြစ်သွားခဲ့တယ်.။ရူးနစ် တိုးမြင့်မူကသာ..နောက်တစ်ကြိမ် လုပ်ဆောင်ချက်တွေကို ပြန်လည် လုပ်ဆောင်လာခဲ့ပါတယ်..။

ဆန်နီ ဒီအရာအတွက် စိတ်မပျက်ပါဘူး..။သူ လိုအပ်တာဆိုလို့..သူ့ရဲ့ ဖျက်ဆီးနိုင်မူက ဘယ်လောက်ကြာရှည်ခံမလဲဆိုတာကိုပါ..။

‘ခုနှစ်စက္ကန့်…’

သူ့မျက်နှာပေါ်မှာ နက်မှောင်တဲ့ အပြုံးတစ်ခု ပေါ်လာခဲ့တယ်..။

‘ခုနှစ်စက္ကန့်ဆိုတာက လုံလောက်တာထက်တောင် ပိုနေပြီ..’

…

နောက်တစ်ရက်မှာတော့..အမဲလိုက်ပြီး အသက်ရှင်ယုံမျှ ရှင်သန်လာနိုင်ခဲ့ပြန်ပါတယ်..။သူက တိုက်ပွဲနေရာကနေ နောက်ထပ် အမြုတေ တစ်ခု ယူလာခဲ့တယ်..။ဒီနေ့က သူတို့ လွတ်မြောက်နိုင်မယ့် ညတစ်ည ဖြစ်လာတော့မှာပါ..။သူက ထပ်ပြီးတောင့်ခံနိုင်ပါ့မလား ဆိုတာကို ဆန်နီ မသေချာတော့ပေ..။တကယ်လို့ သူက ထွက်ပြေးလွတ်မြောက်ဖို့ အခွင့်အရေးရှိနေတယ်ဆိုရင် သူက အခုပဲ..အဲဒီအခွင့်အရေးကို ဆုပ်ကိုင်လိုက်တော့မှာပါ..။

ဒီအစီအစဉ်က သူ စိတ်ထဲမှာ အစောကတည်းက ရှိနေပြီးသားပါ..။သူက ဒီအရာကို စတင်ဖို့အတွက် ကြောက်ရွံ့နေတယ်ဆိုပေမယ့် တစ်ခြားရွေးချယ်စရာ နည်းလမ်းလည်း မရှိပါဘူး..။

အယ်ယက်က သူ့ လှောင်အိမ်ရဲ့ အောက်ဘက်မှာ လဲလှောင်းရင်း မျက်လုံးတွေကို မှိတ်ထားခဲ့တယ်..။သူက တက်ရောက်မူအဆင့် စစ်သည်တော် ပစ်ပေးတဲ့ အသားစိမ်းကို စားဖို့အတွက်တောင် အတော်လေးပင်ပန်းနေခဲ့တာပါ..။ဆန်နီဟာ နောက်ထပ် မှော်စွမ်းအားတစ်ခု ရက်လုပ်ဖို့ စတင်အာရုံစူးစိုက်လိုက်တယ်..။သူက အခုချိန်မှာ…အနက်ရောင်ကြိုးမျှင်တွေကို အမြန်ရက်လုပ် နိုင်လောက်အောင် ကျွမ်းကျင်နေပြီဆိုပေမယ့် ဒီလိုလုပ်တာက သူ့ရဲ့ လက်တစ်ချောင်း နှစ်ချောင်းကို ကုန်ကျသွားစေနိုင်ပါတယ်..။

ဒါတောင်မှ နာရီအနည်းငယ် အကြာမှာ သူက..ထုတ်ဖော်မူ စွမ်းအားကို ပိုင်ဆိုင်ထားတဲ့ ရိုးရှင်းတဲ့ ရက်လုပ်မူတစ်ခုကို ထပ်မံဖန်တီးနိင်ခဲ့ပါတယ်..။

မနေ့က လုပ်ခဲ့တဲ့ အတိုင်းပဲ..ဆန်နီဟာ..ဝိဉာဉ်အပိုင်းအစ ရဲ့ ပတ်ဝန်းကျင်မှာ ပုံစံခွက်တစ်ခုကို ဖန်တီးလိုက်တယ်..။ပြီးတာနဲ့..လည်ပတ် ထဲကို ပေါင်းထည့်လိုက်ပါတယ်..။

စွမ်းအားနှစ်ခုက နောက်ထပ်တစ်ကြိမ် တိုက်ခိုက်နေကြပြီဖြစ်တာကြောင့်..သူ့ကို တစ်ခနလောက် လွတ်မြောက်မူ တစ်ခု ပေးစွမ်းထားခဲ့ပြန်ပါပြီ..။

ဒီတစ်ကြိမ်မှာတော့ ဆန်နီဟာ..လုံးဝ အချိန်မဖြုန်းတော့ပေ..။

လည်ပတ်မှာရှိနေတဲ့ စွမ်အားတွေ နှောက်ယှက်ခံလိုက်ရပြီး သူနဲ့ အနီရောင် အဆောက်အဦးရဲ့ ဆက်နွယ်မူ ပြတ်တောက်သွားပြီ ဆိုတာနဲ့ တစ်ပြိုင်နက်..သူက အသက်ကို ဝအောင်ရူကာ..အရိပ်တွေထဲကို ဖြတ်သန်းသွားလိုက်ပါတယ်..။

ခနအကြာမှာတော့..ဆန်နီဟာ သူ့ကိုယ်သူ အေးစက်တဲ့ ကျောက်တုံးပေါ်ကို ရောက်နေတာ တွေ့လိုက်ရတယ်..။ဒါက..ဘာမှမရှိပဲ လှုပ်ယမ်းနေတဲ့ လှောင်အိမ်နဲ့ ခြေလှမ်းအနည်းငယ် အကွာမှာ ရှိနေခဲ့တာပါ..။

သူက လွတ်မြောက်သွားခဲ့ပါပြီ..။

အနည်းဆုံးနောက်ထပ်..ခြောက်စက္ကန့်လောက်ပေါ့…

အပိုင်း ( ၆၁၈ ) ပြီး၏။

All Chapters