ခုနှစ်စက္ကန့်..
Vol. 42 Ch. 619
‘ခုနစ်..’
ဆန်နီဟာ အရိပ်တွေထဲကနေ ဖြတ်သန်းသွားပြီး..လှောင်အိမ်ရဲ့ အပြင်ဖက်မှာ ပြန်ပေါ်လာခဲ့တယ်..။သူ့ရဲ့ ကြီးမားတဲ့ ပုံရိပ်ကြီးက နောက်ဆုံးမှာလွတ်လပ်သွားခဲ့ပြီဖြစ်ပြီး..သံချောင်းတွေရဲ့ ကန့်သတ်ချက်တွေ မရှိတော့ပါဘူး..။သူ့ရဲ့ အသွေးတွေတစ်လျောက်လုံးမှာ ပျံ့နှံ့နေတဲ့ နာကျင်မူတွေနဲ့..ပြန်လည်ကုသရာမှာ ကျန်ရှိနေသေးတဲ့ ဒဏ်ရာတွေရဲ့ နာကျင်မူကြောင့်..သူ့ရဲ့ ပါးစပ်ကနေ အသံတစ်ချို့တောင် ထွက်ပေါ်လာခဲ့ပါတယ်..။
အယ်ယက် ရုတ်တရက် လှုပ်ရှားလာခဲ့တယ်…။သူက ရင်းနှီးတဲ့ နှာမှုတ်သံထွက်ပေါ်လာခဲ့တဲ့ နေရာကြောင့် စိတ်ရှုပ်ထွေးသွားခဲ့တာပါ..။ယင်းနောက် သူက သံတိုင်တွေကို ဆုပ်ကိုင်လိုက်ပြီး..ဆန်နီကို မျက်လုံးပြူးကျယ်စွာ စိုက်ကြည့်လိုက်တယ်..။
“ဘယ်လိုလုပ်..”
ရုတ်တရက် ဆိုသလိုပဲ..သူက သူ့ရဲ့ ပါတနာကို အမှောင်ထုထဲမှာ ရှင်းရှင်းလင်းလင်း တွေ့မြင်လိုက်ရပါတယ်..။ဘာလို့လဲဆိုတော့..အရိပ်သားရဲ ရဲ့ ခန္တာကိုယ်မှာ အလင်းစက်တွေနဲ့ ပြည့်နှက်နေခဲ့လို့ပါ..။ဆန်နီက..သူ့ရဲ့ လက်နက်တွေဖြစ်ကြတဲ့..ထာဝရချိန်း ၊ ရက်စက်သော မြင်ကွင်း ၊ သန်းခေါင်ယံ အမြုတေ နဲ့..သုံးမြောင့်ဆူးချွန်တွေကို စတင် ထုတ်ဖော်နေခဲ့ပါပြီ..။
‘ခြောက်..’
သူ့ရဲ့ အရည်ပြားပေါ်မှာ ရှိနေခဲ့တဲ့ မြွေကလည်း ရုတ်တရက် ဆိုသလို လှုပ်ရှားလာခဲ့ပြီး..ကြောက်မက်ဖွယ် အနက်ရောင် အိုဒါချီ ဓားအသွင်ကို ပြောင်းလဲသွားခဲ့တယ်..။သူ့ရဲ့ ထက်ရှတဲ့ ဓားထိပ်ဖျားက ဆန်နီရဲ့ လက်ထဲက လေထဲမှာ ပေါ်လာခဲ့ပြီး..ကြီးမြတ်တဲ့ ဓားတစ်ချောင်း အဖြစ် တည်ရှိလာခဲ့တာပါ..။
တစ်ချိန်တည်းမှာပဲ..ပတ္တမြားရောင် အလင်းရောင်နှစ်ခုက..သူ့ရဲ့ အရိပ်ထဲမှာ ဒေါသတကြီး လောင်ကျွမ်းလာခဲ့ပါပြီ..။
အယ်ယက်ကတော့..သူ့ရဲ့ ရှေ့မှာ ရှိနေတဲ့ နတ်မိစ္ဆာကို အံ့ဩတကြီး ကြည့်နေမိခဲ့တယ်..။
‘ငါး..’
သူတော်စင်က..အမှောင်ထုထဲကနေ ထွက်ခွာလာခဲ့ပါတယ်..။သူ့မရဲ့ ထည်ဝါလှပတဲ့ ပုံရိပ်က..မဟူရာ အရောင်လိုပဲ နက်မှောင်နေခဲ့တယ်..။သူ့ရဲ့ ကိုယ်နေဟန်ထားက ဖြောင့်မတ်နေပြီး..တွန်းလှန်လို့ မရနိုင်တဲ့ ပုံစံမျိုးပါပဲ..။သူမရဲ့ လက်ထဲမှာတော့..လတ်တလောမှာ ဘာလက်နက်မှ ရှိမနေခဲ့ပေ..။
ဆန်နီဟာ သူ့ရဲ့ အရိပ်ကို ပျော်ရွင်မူတွေနဲ့ အတူ ကြည့်လိုက်တယ်..။ပြီးတာနဲ့ သူ့ရဲ့ အစွယ်တွေနဲ့ အတူပဲ နှုတ်ဆက်လိုက်ပါတယ်..။သူ လည်း သေချာမသိပေမယ့်..တိတ်ဆိတ်သော သူရဲကောင်းရဲ့ ပုခုံးတွေက အနည်းငယ် လှုပ်သွားတာကို သူ သတိထားမိလိုက်ပါတတယ်..။သူမကလည်း သူ့ကို သတိရနေခဲ့တာလား..။
‘လေး..’
ဝိဉာဉ်မြွေရဲ့ လက်ကိုင်က သူ့ရဲ့ လက်ထဲကို ရောက်လာခဲ့ပါပြီ..။အိုဒါချီဓားရဲ့ အရှည်က သူ့ရဲ့ အရပ်အမြင့်ကြောင့်..လိုက်ပြီး ရှည်လျားလာခဲ့ပါတယ်..။ဆန်နီ နှစ်ခါတောင် တွေဝေမနေပဲ..သူ့ရဲ့ ကြီးမြတ်တဲ့ ဓားကို သူတော်စင်ဆီလှမ်းပေးလိုက်တယ်..။သူတောင်စင်က..သူ့ဆီက ဓားကို တည်ငြိမ်စွာ လှမ်းယူလိုက်ကာ..ဓားရဲ့ အလေးချိန်ကို ချိန်ဆကြည့်နေခဲ့တယ်..။သူမရဲ့ မျက်လုံးတွေကတော့ အနည်းငယ် ပိုတောက်ပလာခဲ့သလိုပါပဲ..။အရိပ်က..စိတ်လှုပ်ရှားနေသလိုတောင် ဖြစ်နေခဲ့တာပါ..။
ဆန်နီဟာ..အကျဉ်းထောင်ထဲကို ကြည့်လိုက်တဲ့ အချိန်မှာတော့..ဒါဇင်နဲ့ချီတဲ့ အိပ်မက်ဆိုးသားရဲတွေက သူတို့ရဲ့ လှောင်အိမ်တွေထဲမှာ ရှိနေကြတုန်းပါပဲ..။သူတို့က ..တိုက်ပွဲကွင်းပြင်မှာ အသတ်ခံရမယ့် နေ့ကို စောင့်နေကြရတဲ့ သူတွေပါ..။
ယင်းနောက် သူ သူတော်စင်ဖက်ကို လှည့်လိုက်တယ်..။
‘သုံး..’
..ပြီးတာနဲ့ ပြောလိုက်ပါတယ်..။
‘သူတို့ကို သတ်..။သူတို့ အားလုံးကို သတ်ပစ်လိုက်..’
သူမ အနည်းငယ် စိတ်ဝင်စားသွားပြီး သူ့ကို တစ်ခနလောက် ပြန်ကြည့်လိုက်တယ်..။ပြီးတာနဲ့ အမှောင်ထုထဲကို တိုးဝင်ပျောက်ကွယ်သွားခဲ့ပါတယ်..။ဝိဉာဉ်မြွေရဲ့ ..အနက်ရောင်ဓားကြီးကတော့..ပထမဆုံး သားကောင်ကို စတင် ပိုင်းဖြတ်နေခဲ့ပါပြီ..။
‘နှစ်..’
ခနအကြာမှာတော့..အသံတွေ ထွက်ပေါ်လာခဲ့ပြီး..အိပ်မက်ဆိုး အကျဉ်းထောင်ထဲမှာ သတ္တဝါတွေရဲ့ အော်ဟစ်သံတွေက တိတ်ဆိတ်မူကို ဖြိုခွင်းသွားခဲ့တယ်..။သို့ပေမယ့် ဆန်နီကတော့ ဒါကို အာရုံ မစိုက်ထားခဲ့ပါဘူး..။အစီအစဉ်က နဂိုကတည်းက ပြင်ဆင်ထားပြီးသား ဖြစ်တာကြောင့်..သူ့လုပ်ရမယ့် အရာက တစ်ခြား တစ်နေရာရာမှာ ရှိနေပြီးသားပါ..။
ရင်းနှီးတဲ့ အသံက..သူ့ရဲ့ နားထဲကို ဝင်ရောက်လာတဲ့အချိန်မှာ ကြက်သီးမွှေးညှင်းတောင် ထသွားခဲ့တယ်..။
[ သင်က..သတ်လိုက်ပါပြီ ]
အိုး…ဒီအသံကို ကြားရဖို့ ငါ ဘယ်လောက်တောင် မျှော်လင့်နေခဲ့တာလဲ…
[ သင့်ရဲ့ အရိပ်က ပိုသန်မာလာခဲ့ပါပြီ ]
ဆန်နီရဲ့ လက်တစ်ဖက် အထဲမှာတော့..မြူမှုန်တွေကနေ တဆင့် ဓားအတို တစ်ချောငင်းက ပေါ်ထွက်လာခဲ့ပါတယ်..။ဆန်နီဟာ..သန်ခေါင်းယံ အမြုတေရဲ့ လက်ကိုင်ကို အပေါ်ဖက် လက်နှစ်ဖက်နဲ့ ဆုပ်ကိုင်ထားခဲ့ပြီး..ရက်စက်သော မြင်ကွင်းကိုတော့ အောက်ဘက်က လက်တွေနဲ့ ကိုင်ထားခဲ့ပါတယ်..။
ထာဝရချိန်း ကလည်း နောက်ဆုံးမှာ အလင်းစက်တွေကနေ မူလ အသွင်အပြင်အ ဖြစ် ပြောင်းလဲသွားခဲ့တယ်..။ဒါက သူ့ရဲ့ ခန္တာကိုယ်ကို သံမဏိ ကြေးခွံတွေနဲ့ ထပ်မံကာကွယ်ပေးထားခဲ့ပါတယ်..။သူ့ရဲ့ ပုံစံကလည်း ဆန်နီရဲ့ မွန်းစတား ခန္တာကိုယ်ကို လိုက်ပြီး ပြောင်းလဲနေခဲ့တယ်..။အကာအကွယ် ချပ်ဝတ်အသစ်တွေက..သူ့ရဲ့ ခြေထောက်တွေ ၊ လက်မောင်းတွေနဲ့..ရှည်လျားတဲ့ အမြီးတွေကို ဖုန်းအုပ်ထားကာ..ထက်ရှတဲ့ သတ္တုချောင်းတစ်ခုကလည်း သူ့ရဲ့ ထိပ်ဖျားကနေပြီး ထွက်နေခဲ့သေးတယ်..။
သူ့ရဲ့ လက်အိတ်တွေမှာ ချွန်ထက်တဲ့ အစွယ်တွေ ရှိနေခဲ့ပြီး..သူ့ရဲံ ခေါင်းစွပ်မှာလည်း ဦးချို ထုတ်ဖို့အတွက် အပေါက်နှစ်ခု ထည့်ပေးထားပါသေးတယ်..။
‘တစ်..’
ဆန်နီ ခေါင်းစွပ်ကို ပြန်ရုတ်သိမ်း လိုက်တဲ့အချိန်မှာတော့..သူ့ရဲ့ လည်ပတ်က..မူလလုပ်ဆောင်မူတွေကို ပြန်လုပ်တော့မယ် ဆိုတာကို ခံစားလိုက်ရတယ်..။သူ့ရဲ့ အရိပ်ခြေလှမ်းစွမ်းရည်က နောက်တစ်ကြိမ် ထိန်းသိမ်းခံလိုက်ရပြီး..သူနဲ့ အခိုက်အတန့်ရဲ့ ဆက်သွယ်မူကလည်း ဖြတ်တောက်ခြင်း ခံလိုက်ရပါတယ်..။သုံးမြောင့်ဆူးချွန်ကို ပျောက်လုနီးပါးဖြစ်အောင်..ပြုလုပ်နေတဲ့ မြူမှုန်တွေလည်း ပျောက်ကွယ်သွားခဲ့ပါပြီ..။ကျန်ရှိနေတဲ့ မြူတွေနဲ့ အတူကတော့..လေးလံတဲ့ ကူနယ်တစ်ခုအဖြစ် ရှိနေခဲ့တယ်..။
ဆန်နီအနေနဲ့ အရိပ်ခြေလှမ်းကို ထပ်ကာ တလဲလဲ အသုံးပြုပြီး..အနီရောက် အဆောက်အဦးကနေ ထွက်သွားလို့ရပါတယ်..။သို့ပေမယ့်..ဒီလိုသာ လုပ်လိုက်ရင် သူက ဆိုဗန်ရဲ့ နယ်မြေထဲမှာ အဆီအနှစ်တွေ လုံးဝ မကျန်တော့ပဲ..တစ်နေရာကို ရောက်သွားပါလိမ့်မယ်..။အဲ့အချိန်မှာ သူ့ရဲ့ လည်ပတ်ကလည်း အတူတကွ ရှိနေဦးမှာပါ..။
အနီရောင် တိုက်ပွဲကွ်ငးပြင်ကနေ ထွက်ခွာဖို့က လွယ်ကူတယ် ဆိုပေမယ့်လည်း..လွတ်မြောက်ဖို့ကတော့ အတော်လေးကို ခက်ခဲမူ ရှိနေခဲ့တာပါ..။ဆန်နီမှာ လည်ပတ်ရှိနေသေးသ၍ သူက ရှေးဟောင်း ပြဇာတ်ရုံကြီးနဲ့ တစ်နည်းနည်း ထိစပ်နေဦးမှာပါပဲ..။သူက ဆက်လက်ပြီး ကျွန်တစ်ယောက် အဖြစ်ပဲ ရှိနေဦးမှာပါ..။
ထပ်ပြောရရင်..ဒီနေရာမှာ သူ ချန်မထားရစ်ချင်ခဲ့တဲ့ အရာလည်း ရှိနေပါသေးတယ်..။
ဆန်နီဟာ..သူတော်စင်က ဒုတိယ အိပ်မက်ဆိုးသားရဲကို သတ်ဖြတ်နေခဲ့တာကို ကြားပြီးတဲ့နောက်မှာ..သူ့ကို မျက်လုံးပြူးကျယ်စွာ ကြည့်နေတဲ့ အယ်ယက်ကို ကြည့်လိုက်တယ်..။
လူငယ်လေးကတော့ လှောင်အိမ်ထဲမှာ ရှိနေတုန်းပါပဲ..။
ဒါပေါ့..ဆန်နီ အနေနဲ့ သူ့ကို ဒီမှာ ထားခဲ့ပြီး သေခိုင်းလိုက်လို့ ရပါတယ်..။အမှန်တော့..ဒီလိုလုပ်တယ်ဆိုတာက ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဆုံးဖြတ်ချက်တစ်ခုပါပဲ..။ဘာပဲဖြစ်ဖြစ်..လူငယ်နိုးထသူလေးက အစစ်အမှန်တစ်ယောက် မဟုတ်ပေ..။
သူ တစ်ယောက်တည်းကပဲ အစစ်အမှန် ဖြစ်နေနိုင်ပါတယ်..။
ဒိလူတွေက ပုံရိပ်ယောင်တွေ ဟုတ်လား မဟုတ်လား ဆိုတာကိုလည်း ဆန်နီ သေချာမသိတော့ပါဘူး..။ဒါက အစိုးရနဲ့ တစ်ခြား ဗဟုသုတတွေက သူ့ကို ဒီလို ပြောကြားထားခဲ့တာပါ..။ဒါပေမဲ့ ဒီ သိရှိထားမူက အစစ်အမှန် ဟုတ်ပါ့မလား..။
သူ သေချာ မသိပါဘူး..။
သူ သိတာဆိုလို့..တောင်ဘုရင်ရဲ့ အရိပ်တွေအားလုံး နဲ့..သားရဲကြီးကို စောင့်ရှောက်ပေးထားတဲ့ ..အစေခံတွေ အားလုံးရဲ့ ရုပ်ထုတွေက သူ့ရဲ့ ပင်လယ်ထဲမှာ ရှိနေတုန်းပါပဲ..။အိပ်မက်ကမ္ဘာမှာ သူ သတ်ခဲ့တဲ့..သတ္တဝါလည်း ပါဝင်ကြပါတယ်..။တကယ်လို့ သူတို့က ဒီအတိုင်းပဲ ဆိုရင်..အယ်လက်က သက်ရှိအသက်စွမ်းအင်တွေကို လက်နက်ဝယ်ပေးမယ်ကွာ..။
သူတို့နှစ်ယောက်က တိုက်ပွဲကွင်းပြင်မှာ..အတူတူသေဆုံးဖို့ကံပါ လာကြတာပါ..။ကောင်းပြီလေ..ကံတရား ဆိုတာကလည်း လွဲမှားသွားနိုင်တယ်..။သူတို့က အနီရောင် တိုက်ပွဲကွင်းပြင်အတွင်းမှာ အပြင်အလှန်..အသက်ရှင်ဖို့ ရုန်းကန်ရင်း..အခုတော့..သူတို့နှစ်ယောက်စလုံး အတူတူ လွတ်မြောက်ပါတော့မယ်..။ဒါကတော့သူ့ရဲ့ အံ့ဩဖို့ကောင်းတဲ့ ခန္တာကိုယ်ကို ချိတ်ဆက်ခြင်းပါ..။
ထပ်ပြောရရင် ဆန်နီ အနေနဲ့ သူ့ရဲ့ ထွက်ပြေားလွတ်မြောက်မယ့် အစီအစဉ်မှာ အယ်ယက်ကို အတော်လေး လက်မြောက်နေခဲ့တာပါ..။
သို့ပေမယ့် ပြသနာက..လှောင်အိမ်တွေပါပဲ..။ဒါက မယုံနိုင်စရာကြောင်းတဲ့ သူနဲံ တူညီတဲ့ ကျောက်သားတစ်ခုကနေ တူးယူထားတာဖြစ်ပြီး..လည်ပတ်နဲ့တောင် တူညီပါသေးတယ်..။ဒီတော့ လူငယ်လေးကို ဒိအပြင်ဘက်ကို ခေါ်ထုတ်မယ့် ကိစ္စက မလွယ်ကူပါဘူး..။
ဆန်နီဟာ..အနည်းငယ် ဟိန်းဟောက်လိုက်ပြီး..တွဲလောင်းဖြစ်နေတဲ့ လှော်အိမ်ကို လက်နဲ့ဖမ်းဆွဲလိုက်တယ်။..သူက သံတိုက်တွေကို ကွေဂကောက်မူနဲ့ အတူ ပြန်လည်ဝေပေးလိုက်ပါတယ်.။သန်ခေါင်ယံ ဓားက လေထဲမှာ ရှိနေခဲ့တယ်..။သူက လှောင်အိမ်ကို ချိန်နေတာ မဟုတ်ပါဘူး..။အဲဒိအစား..သူက မျက်နှာကျတ်ကို ဆက်သွယ်ထားတဲ့ သံကြိုးကို ဖြတ်တောက်ဖို့ ကြိုးစားနေခဲတာပါ..။
ဓားဦးက သံကြေးတက်နေတဲ့ သံကြိုးကို လွယ်ကူစွာ ဖြတ်တောက်သွားနိုင်ခဲ့တယ်..။လှောင်အိမ်က ကြမ်းပြင်ပေါ်ကို ပြုတ်ကျသွားခဲ့ပြီး.တိတ်ဆိတ်နေတဲ့ အကျဉ်းထောင်ထဲမှာ အသံအကျယ်ပြီး ထွက်ပေါ်လာခဲ့ပါတယ်..။ပြီးတာနဲ့ ဘေးကို လိမ့်သွားခဲ့တယ်..။
အတွင်းထဲမှာ ပိတ်မိနေတဲ့ အယ်ယက်က..လွင့်ပစ်ခံလိုက်ရသလို ဖြစ်သွားခဲ့တယ်..။လူငယ်လေးက ဟန်ချက်ထိန်းနိုင်လိုက်ပြီး..ဆန်နီကို ပြူးကျယ်စွာ ကြည့်လိုက်ပါတယ်..။
“အမြန်လုပ်..။မင်း ဘာပဲစီစဉ်နေပါစေ..မြန်မြန်လုပ်စမ်းပါ..နတ်မိစ္ဆာ..။ထောင်စောင့်က မကြာခင် ဒီကို လာတော့မှာလဲ..”
ဆန်နီ ဟာ..သူတို့ရဲ့ တက်ရောက်မူအဆင့် ထောင်စောင့်ရဲ့ ခွန်အားကို တွေ’မိပြီး အံ့ဩသွားခဲ့တယ်..။ပြီးတော့ အေးစက်တဲ့ အလင်းရောင်တွေက..ကြောက်မက်ဖွယ်ဓားသွားမှာ ထွက်ပေါ်နေခဲ့ပါတယ်..။
အယ်ယက် အနေနဲ့ သူ့ကို သတိပေးဖို့အတွက်..မလိုအပ်ခဲ့ပေ..။ဆန်နီအတွက်တော့ သူ့မှာ အချိန်ဘယ်လောက်ပဲ ကျန်တော့တယ် ဆိုတာကို သေချာ သိထားပြီးသားပါ..။
အပိုင်း ( ၆၁၉ )ပြီး၏။