← Chapters

သေဆုံးမူ

Vol. 42 Ch. 620

သေဆုံးမူ

Vol. 42 Ch. 620

သံမဏိ လည်ပတ် နဲ့ လှောင်အိမ်က ချိုးဖျက်လို့ မရနိုင်ပေမယ့်..ဒါက. သူ့ကို ကွေးညွှတ်သွားအောင် လုပ်လို့ မရနိုင်ဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး..။လည်ပင်းမှာ တင်းတင်းကြပ်ကြပ် ပတ်ထားတဲ့ လည်ပတ်တစ်ခုကို တွန့်ကွေးသွားအောင် လုပ်တယ်ဆိုတာက ကောင်းမွန်တဲ့ အကြံဉာဏ်တစ်ခုတော့ မဟုတ်ပေ..။သို့ပေမယ့်..အယ်ယက် ပိတ်မိနေတဲ့..သံတိုင်တွေကတော့ လုံးဝကို မတူညီတဲ့ အရာတစ်ခု ဖြစ်သွားခဲ့ပါပြီ..။

ဆန်နီက ..သူ့ရဲ့ ခွန်အားကို ကောင်းမွန်စွာ အသုံးချဖို့ပဲ လိုအပ်ပါတယ်..။ဒါကြောင့်လည်း..သူက လှောင်အိမ်ကို ဖြတ်ချလိုက်တာပါ..။

အနီရောင် အကျဉ်းထောင်စောင့် ပေါ်လာနိုင်တဲ့ ဘက်ကို ကြောက်ရွံ့စွာကြည့်လိုက်ပြီး သူ အံကို ကြိတ်လိုက်တယ်..။ဆန်နီ ထပ်ပြီး မတွေဝေနေတော့ပဲ..သူ့ရဲ့ ဓားကြီးနဲ့ သံတိုင်တွေကို စတင်ပြီး ဖိနိုပ်ပါတော့တယ်..။သူ့က ကောင်းကင်မီးတောက်တွေကို သံတိုင်တွေနဲ့ ထိတွေ့နေစေခဲ့တယ်..။

‘လုပ်စမ်းပါ…လုပ်စမ်းပါ..’

သူ့ရဲ့ လုပ်ရပ်အတွက် ဖြစ်နိုင်ချေက နှစ်ခုပဲ ရှိပါတယ်..။တစ်ခုက သူ့အနေနဲ့ သံမဏိကို ပျော့ပျောင်းသွာအောင် လုပ်နိုင်ပြီး ကွေးလိုက်နိုင်မှာပါ..။နောက်ထပ်တစ်ခုကတော့..အယ်ယက် ကို အသက်ရှင်လျက် မီးနဲ့ ကင်လိုက်သလို ဖြစ်သွားမှာပါပဲ..။

သူတို့ရဲ့ တက်ရောက်မူအဆင့် ထောင်စောင့်က ခါတိုင်းထက် ပိုမိုမြန်ဆန်ပြီး ရောက်လာတာလည်း ဖြစ်နိုင်တာပါပဲ.။ဒါဆိုရင်တော့ အတော် ..အတော်လေးကို ဆိုးဝါးသွားတော့မှာပါ..။

ဆန်နီ စက္ကန့်တွေကို ရေတွက်နေရင်း..သံတိုင်တွေကို စိုက်ကြည့်လိုက်တယ်..။ဒီတိုင်တွေက အလျင်အမြန် အပူချိန်မြင့်လာမှ ဖြစ်မှာပါ..။ဖြည်းညှင်းစွာပဲ..အေးစက်နေတဲ့ သံမဏိတွေဟာ..အနည်းငယ် နီရဲလာပြီး လိမ္မော်ရောင် ကို ပြောင်းလဲနေခဲ့ပါပြီ..။နောက်ဆုံးမှာတော့..ရက်စက်သောမြင်ကွင်းရဲ့ ဓားသွားက သူတို့နဲ့ ထိတွေ့လိုက်တဲ့ အချိန်မှာစစ်မှန်တဲ့ အဖြူရောင်တွေ ပေါ်ထွက်လာခဲ့တယ်..။

ဆန်နီ အနေနဲ့ ထပ်ပြီး စောင့်ဆိုင်းချင်သေးပေမယ့် အချိန်က မရှိတော့ပါဘူး..။

သူက ဓားအတိုတစ်ချောင်းကို မြေကြီးပေါ်ချလိုက်ပြီး..သန်းခေါင်းယံအမြုတေကို အစွယ်တွေနဲ့ ကိုက်ထားကာ..သံတိုင်တွေကို လက်လေးဖက်စလုံးနဲ့ ဆုပ်ကိုင်လိုက်ပါတယ်..။သူက ဒေါသတကြီးလောင်ကျွမ်းနေတဲ့ မီးတောက်တွေ က သူ့ရဲ့ အရည်ပြားကို တိုက်စားနေတာကို သည်းခံနေခဲ့ရတယ်..။ယင်းနောက်..ဆန်နီဟာ..သူ့ရဲ့ ခြေထောက်ကို နောက်ထပ် သံတိုင်တစ်ခုမှာ တင်လိုက်ပြီး အရိပ်သုံးခုလုံးကို သူ့ခန္တာကိုယ်မှာ ရစ်ပတ်စေကာ..ဆွဲပါတော့တယ်..။

အခုချိန်မှာ လှောင်အိမ်က မြေကြီးပေါ်မှာရှိပြီး မြဲမြံနေခဲ့တာကြောင့် သူ့အနေနဲ့ လက်ချောင်းတွေတင် မဟုတ်ပဲ နတ်ဆိုး ခန္တာကိုယ်တစ်ခုလုံးရဲ့ ခွန်အားတွေကိုပါ အသုံးချနိုင်နေခဲ့ပါပြီ..။သူ့ရဲ့ အမြုတေ ၊ သူ့ရဲ့ပုခုံးတွေ ၊ သူ့ရဲ့ နောက်ကျောတွေ နဲ့ သူ့ရဲ့ အားကောင်းတဲ့ ပေါင်တွေ နဲ့ ကြွက်သားတွေ ..။သူ့ရဲ့ ခန္တာကိုယ်တစ်ခုလုံးက သံတိုင်တွေကို ကွေးသွားစေဖို့အတွက် အတူတကွ ပေါင်းစည်းပြီး အလုပ်လုပ်နေခဲ့ကြတယ်..။

သူ့ရဲ့ နှုတ်ခမ်းကနေ အော်ဟစ်သံကြီး ထွက်ပေါ်လာခဲ့ကာ..အေးစက်တဲ့ အမှောင်ထုထဲမှာ ပဲ့တင်ထပ်သွားခဲ့တယ်..။

ဆန်နီ ဟာ..သူ့ရဲ့ နတ်ဆိုး ခွန်အား အကုန်လုံးနဲ့..သံတိုင်တွေကို ဦးတည်ရာမျိုးစုံဆီ တွန်းလိုက် ဆွဲလိုက် လုပ်နေခဲ့တယ်..။နတ်မိစ္ဆာတစ်ကောင် အပြင်..အရိပ်သုံးခုက ပါ ပေါင်းစပ်ထားခဲ့တာကြောင့် သူ့ရဲ့ ခွန်အားက အရမ်းကို ကြောက်ဖို့ကောင်းပါတယ်..။ဒါတောင်မှ တောက်ပနေတဲ့ သံတိုင်တွေက လှုပ်ရှားဖို့အတွက် ငြင်းဆန်နေဆဲပါပဲ..။အနည်းဆုံးတော့..စက္ကန့်အနည်းငယ်ကြာအောင် အထိ ငြင်းဆန်နေခဲ့တယ်..။

ယင်းနောက်မှာတော့..သူ့ရဲ့ ကြွက်သားတွေက..လူသားမဆန်တဲ့ ခွန်အားတွေကြောင့် ပေါက်ကွဲထွက်မလို ဖြစ်နေခဲ့တယ်..။နောက်ဆုံးမှာ သံမဏိတိုင်တွေက အရှုံးပေးသွားခဲ့ပါတယ်..။ကျယ်လောင်တဲ့ အသံနဲ့အတူပဲ..သံတိုင်တွေထဲက တစ်ခုက..စတင်ပြီး ကွေးလာခဲ့တယ်..။အစကတော့ အနည်းငယ်သာ ဖြစ်ပေမယ့်..နောက်ပိုင်းမှာ ပိုပိုပြီး ကွေးလာခဲ့ပါတယ်..။

‘ဟုတ်ပြီး..’

သို့ပေမယ့် အယ်ယက်ကတော့ ဆန်နီ ရဲ့ ဝမ်းသာပျော်ရွှင်မူကို မျှဝေခံစားနိုင်တဲ့ ပုံစံမရှိပါဘူး..။အဲဒီအစား သူက ကြောက်ရွံ့တဲ့ အမူအရာနဲ့ အတူပဲ ဖြူဖျော့နေခဲ့ပါတယ်..။လူငယ်လေးဟာ.စကားတစ်ခွန်းမှ မပြောပဲ သူ့ရဲ့ နောက်ဘက်က တစ်နေရာကို လက်ညိုးထိုးပြလာခဲ့တယ်..။

“..ဘုန်း…ဘုန်းတော်ကြီး..”

ပြီးတဲ့နောက်မှာတော့..ဆန်နီဟာ..ကြီးမားတဲ့ အရိပ်တစ်ခုက သူ့ဆီကို ရောက်လာနေတာကို အရိပ်အာရုံခံမူကနေ တဆင့်‌ တွေ့လိုက်ရပါတယ်..။ဒီအရာက လျင်မြန်တဲ့အရှိန်နဲ့ သူ့ ဆီကို နီးသထက် နီးကပ်လာနေခဲ့တယ်..။

‘ချီးတဲ့မှပဲ..’

တက်ရောက်သူဟာ..ရောက်သင့်တဲ့ အချိန်ထက်..စက္ကန့်အနည်းငယ် စောပြီး ရောက်လာခဲ့တာပါ..။

ဆန်နီဟာ နောက်ကိုတောင် လှည့်မကြည့်ပဲ..တောက်ပနေတဲ့ သံတိုင်ကို နောက်ဆုံးတစ်ကြိမ် ဆွဲလိုက်တယ်..။ဒါက လုံလောက်တဲ့ အကွာအဝေကို ရောက်သွားတဲ့ အချိန်မှာ နောက်ထပ်လက်တစ်ဖက်နဲ့ လူငယ်လေးကို ကြားထဲကနေ ဆုပ်ကိုင်ထားလိုက်ပါတယ်..။

ယင်းနောက်သူ့က နိုးထသူလူငယ်လေးကို ကျဉ်းမြောင်းတဲ့ သံတိုင်တွေကြားထဲကနေ ဆွဲထုတ်လိုက်တယ်..။

သူက နောက်ဘက်ကနေ ရောက်လာတဲ့ ခြေသံတွေကို ကြားနေရပါပြီ..။

‘ခရက်..ခရက်..ခရက်..’

အယ်ယက် ဟာ..အမှောင်ထုထဲကို ကြောက်ရွံ့မူတွေ အပြည့်နဲ့ ကြည့်လိုက်တယ်..။

“နတ်မိစ္ဆာ..နောက်..”

လူငယ်လေး စကားပြီးတာအောင်တောင် စောင့်မနေတော့ပဲ..ဆန်နီဟာ..သူ့ကို အဝေးဆီကို တွန်းထုတ်လိုက်တယ်..။ပြီးတဲ့နောက်မှာ တစ်ဖက်ကို လှည့်ပြီး မြေကြီးပေါ်က ရက်စက်သော မြင်ကွင်းကို ကောက်ကိုင်လိုက်ပါတယ်..။ယင်းနောက်..သန်းခေါင်းယံ အမြုတေရဲ့ လက်ကိုင်ကို ဆုပ်ကိုင်လိုက်တယ်..။

အနီရောင် ဝတ်ရုံဝတ် စစ်သည်တော် က လည်သာ အကာအကွယ်ကို ဝတ်ဆင်ထားခဲ့တယ်..။ကြောက်မက်ဖွယ်ရာ ဓားသွားကြီးက..လေထဲကနေ မထင်မှတ်လောက်တဲ့ အမြန်နှုန်းနဲ့ ပျံသန်းလာခဲ့ပါတယ်..။ဆန်နီဟာ..သူ့ရဲ့ လက်နက်တွေကို ရှေ့ကို တိုးလိုက်ပြီး တိုက်ခိုက်မူတွေကို ခုခံဖို့လုပ်လိုက်တယ်..။

သို့ပေမယ့် သူ့ရဲ့ ပင်ပန်း နွမ်းနယ်မူတွေ ၊ ခန္တာကိုယ်ပေါ်က ဒဏ်ရာဒဏ်ချက်တွေက နောက်ဆုံးမှာ သူ့ကို သစ္စဖောက်သွားခဲ့ပါပြီ..။သူက ဒယိမ်းဒယိုင် ဖြစ်သွဦးခဲ့ပြီး..တစ်စက္ကန့်လောက်..ဟန်ချက်မညီ ဖြစ်သွားခဲ့တာပါ..။

ကြည့်လိုက်ရင်တော့ ဒါက အသေးငယ်ဆုံး အမှားလေး တစ်ခုပါပဲ..။

သို့ပေမယ့် အမှားတစ်ခုကပဲ အရာအားလုံးကို ယူဆောင်သွားခဲ့တာပါ..။

သူ့ရဲ့ ကံကောင်းမူတွေက ပြီးဆုံးသွားခဲ့ပါပြီ..။

တက်ရောက်သူရဲ့ ကြီးမြတ်တဲ့ ဓားကြီးက..ဆန်နီရဲ့ ခုခံမူတွေအားလုံးကို ကျော်ဖြတ်သွားခဲ့ပြီး..လည်ပင်းတည့်တည့်ကို ထိမှန်သွားခဲ့ပါတယ်…။

ထက်ရှတဲ့ သံမဏိက..သူ့ရဲ့ ကြမ်းတမ်းတဲ့အရည်ပြား ၊ ကြွက်သား ၊ အရိုး တွေအားလုံးကို ပိုင်းဖြတ်သွားခဲ့ကာ..တစ်ဖက်ကနေ သွေးတွေ စီးဆင်းသွားစေခဲ့တယ်..။ဆန်နီဟာ..ကြောက်မက်ဖွယ် နာကျင်မူကြီးက..သူ့ရဲ့ တည်ရှိမူတစ်ခုလုံးမှာ ပျံ့နှံ့သွားတာကို ခံစားလိုက်ရပါတယ်..။ပြီးတာနဲ့ ကမ္ဘာကြီးတစ်ခုလုံးက ရုတ်တရက် ဆိုသလိုပဲ..လည်ပတ်သွားသလို ဖြစ်သွားခဲ့တယ်..။

..အရိပ် နတ်မိစ္ဆာရဲ့ ဦးခေါင်းကတော့..လေထဲကို မြောက်တက်သွားခဲ့တယ်..။သူ့ရဲ့ အလင်းမရှိတဲ့ မျက်လုံးတွေကတော့ မယုံကြည်နိုင်မူတွေ အပြည့်ပါပဲ..။ဒါက အော်ဟစ်နေတာ ဒါမှမဟုတ် တစ်ခုခုကို ပြောဖို့ ကြိုးစားနေတာနဲ့တောင် တူနေခဲ့သေးတယ်..။ဒါကတော့ သေစေနိုင်လောက်တဲ့ ခံစားမူတွေကို မျှဝေချင်နေခဲ့တာပါ..။သို့ပေမယ့် ဒါက အချိန်အနည်းငယ်လောက် နောက်ကျသွားခဲ့ပါပြီ..။

လွတ်မြောက်ဖို့အတွက် နည်းလမ်းဆိုတာ မရှိပါဘူး..။

…သေဆုံးခြင်းကလွဲပြီး တစ်ခြားလွတ်မြောက်ဖို့ နည်းလမ်းဆိုတာ မရှိပေ..။

အယ်ယက်ဟာ..တုန်လှုပ်သွားခဲ့ပြီး..သူ့ရဲ့ နုပျိုတဲ့ မျက်နှာပေါ်မှာ အံ့ဩသင့်မူတွေ ပေါ်ထွက်လာခဲ့တယ်..။

“နတ်…နတ်မိစ္ဆာ…မင်း..”

သူ့ရဲ့ မှာတော့..ခေါင်းဖြတ်ခံလိုက်ရတဲ့..နတ်ဆိုးရဲ့ ခန္တာကိုယ်က..ရှိနေဆဲဖြစ်ပြီး..သံမဏိတွေနဲ့ ဖုံးထားကာ..ဒူးထောက်လျက်သား ကျသွားခဲ့ပါတယ်..။

ဒီလိုနဲ့ပဲ..သူ့ရဲ့ ပါတနာက..အဆုံးသတ်သွားခဲ့ပါပြီ..။

သူ့ ပါတနာရဲ့ အိပ်မက်ဆိုးက ပြီးဆုံးသွားခဲ့ပြီ..။

လူငယ်လေးဟာ တစ်ခနလောက် အေးခဲနေခဲ့ပြီးကာမှ..လူသတ်သမား ဘက်ကို ဝမ်းနည်းမူ ပင်ပန်းနွမ်းနယ်မူတွေနဲ့ အတူ လှည့်လိုက်တယ်..။

“မင်း..ငါ မင်းကို သတ်..”

စစ်ပွဲတွေရဲ့ ဘုန်းတော်ကြီးကတော့..တိတ်တဆိတ်သာ နေခဲ့ပြီး ကျွန်ငယ်လေး ပြောနေတာတွေကို ဂရုမစိုက်ခဲ့ပါဘူး..။သူက အယ်ယက်ဘက်ကို လှည့်လိုက်ပြီး..ကြီးမြတ်တဲ့ ဓားကို နောက်ထပ်တစ်ကြိမ် မြှောက်တင်လိုက်တယ်..။

အရာအားလုံးက ပြီးဆုံးသွားပြီ..။

…ဒါမှမဟုတ် မပြီးသေးတာ ဖြစ်နိုင်ပါတယ်..။ဘာလို့လဲဆိုတော့ အဲ့အချိန်မှာပဲ..ခေါင်းပြတ်နေတဲ့ ခန္တာကိုယ်ကြီးက ရှုတ်တရက် လှုပ်လာခဲ့ပြီး..လူသတ်သမားကို တိုက်ခိုက်လိုက်တာကြောင့်ပါ..။ရက်စက်သော မြင်ကွင်းက လူကြီးရဲ့ ဝမ်းဗိုက်ထဲကို ဝင်သွားတဲ့ အချိန်မှာ…သန်းခေါင်းယံ အမြုတေက သူ့ရဲ့ ရင်ဘတ်တည့်တည့်ကို ထိုးဖောက်သွားခဲ့တယ်..။တစ်ချိန်တည်းမှာပဲ သေဆုံးနေတဲ့နတ်မိစ္ဆာရဲ့ အမြီးက..သူ့ရဲ့ ပုခုံးအထက်ကို တက်လာခဲ့ပြီး ထောင်စောင့်ရဲ့ မျက်လုံးတစ်ဖက်ကို ဆူးချွန်နဲ့ ထိုးချလိုက်ပါတယ်..။

မီတာအနည်းငယ်ဝေးတဲ့ ကျောက်တုံးပေါ်မှာရှိနေတဲ့ ဆန်နီ ရဲ့ ဦးခေါင်းကတော့ ဆိုးဝါးတဲ့ နာကျင်မူတွေနဲ့အတူပဲ အခြေအနေတွေကို ကြည့်နေခဲ့တယ်..။

‘နာတယ်…ချီး…သေအံ့ဆဲဆဲဖြစ်နေတာက..တကယ်..တကယ်ကို နာကျင်တာပဲ..’

ဟုတ်ပါတယ်..မင်းရဲ့ ဦးခေါင်းက ခန္တာကိုယ်ကိုကနေ..ဖယ်ရှားခံလိုက်ရတဲ့ အတွေ့အကြုံမျိုးက တကယ်ကို ကောင်းမွန်တဲ့ အရာမျိုးတော့ မဟုတ်ပါဘူး..။အမှန်တော့ ဒါက အဆိုးဆုံးတွေထဲက တစ်ခုတောင် ဖြစ်နေနိုင်ပါတယ်..။

သို့ပေမယ့် ဆန်နီကတော့ ဒီလို ကိစ္စမျိုး ဖြစ်ဖို့အတွက် အမှန်တကယ်ပဲ လိုအပ်နေခဲ့တယ်…။ဒါက မချိုးဖျက်နိုင်တဲ့ အစေခံလည်ပတ်ကနေ လွတ်မြောက်နိုင်ဖို့အတွက် သူ တွေးနိုင်တဲ့ တစ်ခုတည်းသော..နည်းလမ်းပါပဲ..။သူက ကိုယ့်ခေါင်းကို ကိုယ်တိုင်ဖြတ်ဖို့ အထိတောင် တွေးထားခဲ့ပါသေးတယ်..။သို့ပေမယ့်..အဖြေကတော့ သူ့ရဲ့ လက်ရှိခွန်အားက ဝီဗာအရိုးကို ဖြတ်တောက်နိုင်ဖို့အတွက် လုံလောက်မူ မရှိသေးဘူး ဆိုတာပါပဲ..။

ဒီတော့..သူက တက်ရောက်သူရဲ့ ခွန်အားကို အသုံးပြုပြီး ကြိုးစားကြည့်ဖို့အတွက် ဆုံးဖြတ်ခဲ့တယ်..။သေဆုံးခြင်း…အမှန်ကတယ်ပဲ ဒါက တစ်ခုတည်းသော နည်းလမ်းပါ..။

..သူ့ရဲ့ ရှေ့မှာတော့..တိတ်ဆိတ်တဲ့ မာစတာရဲ့ ခန္တာကိုယ်ကနေ သွေးတွေ အများကြီး စီးကျလာနေခဲ့ပါပြီ..။အနီရောင် ဘုန်းတော်ကြီးက နတ်မိစ္ဆာသေသွားပြီ ထင်ပြီး ကာကွယ်မူကို သတိလစ်လွတ် နေနေခဲ့တာပါ..။ရလာဒ််အနေနဲ့ကတော့..သေစေနိုင်လောက်တဲ့ ဒဏ်ရာ သုံးခုကို တစ်ပြိုင်နက်တည်း ရသွားခဲ့ပါတယ်..။

အရိုးသားဆုံးပြောရရင်..သူက ပိုပြီး သတိထားခဲ့သင့်တာပါ..။ဘာပဲဖြစ်ဖြစ် သေဆုံးသွားတဲ့ ရန်သူတွေက ပြသနာဖြစ်တာ အများဆုံးပါပဲ..။

အနီရောင် ဝတ်စုံဝတ်ခန္တာကိုယ်ကြီးက..မြေကြီးပေါ်ကို လဲကျသွားခဲ့တယ်..။ခေါင်းပြတ်နေတဲ့ နတ်မိစ္ဆာရဲ့ ခန္တာကိုယ်ကတော့..သူ့ရဲ့ လက်တစ်ဖက်ကို မြှောက်ကာ..အစေခံလည်ပတ်ကို ကိုင်ပြီး လည်ပင်းကနေ ဆွဲချွတ်လိုက်ပါတယ်..။

သံမဏိကွင်းက..ကြမ်းပြင်နဲ့ထိမှန်ပြီး အသံမြည်လာခဲ့တယ်..။

ဒါပေါ့..အထွတ်အထိပ် အဆင့် အကာအကွယ်ရဲ့ [ ရာသက်ပန် , undying ] မှော်စွမ်းအား တိုးမြင့်မူကြောင့် ဆန်နီက မသေသေးပါဘူး..။ဒီစွမ်းအား အသက်ဝင်နေသ၍ သူက အသက်ရှင်နေဦးမှာဖြစ်ပြီး သူ့ရဲ့ ခန္တာကိုယ်ကို ထိန်းချုပ်နိုင်နေပါလိမ့်မယ်..။ဒါက ကောင်းမွန်တဲ့ အပိုင်းပါ..။

ဆိုးဝါးတဲ့ အပိုင်းကတော့..ဒီ မှော်စွမ်းအားက..သူ့ရဲ့ အဆီအနှစ်တွေ အများကြီးကို မယုံနိုင်စရာ အမြန်နှုန်းနဲ့ စားသုံးပစ်နေပါတယ်..။ပြီးတော့ နောက်ထပ် စက္ကန့်အနည်းငယ်အတွင်းမှာပဲ သူ့ရဲ့ အဆီအနှစ်တွေက ကုန်ဆုံးသွားနိုင်တာပါ..။အဲ့အချိန်ရောက်လာရင်တော့ ဆန်နီက အမှန်တကယ်ပဲ သေရလိမ့်မယ်..။

အဲတာ မတိုင်ခင်မှာတော့…

ခေါင်းပြတ် ခန္တာကိုယ်ကြီးဟာ…ခြေလှမ်းအနည်းငယ် လှမ်းလို်ကပြီး သူ့ရဲ့ ဦးခေါင်းကြီးကို ကောက်ကိုင်လိုက်ကာ..လည်ပင်းပေါ်ကို ပြန်တင်လိုက်ပါတယ်..။ယင်‌းနောက် အယ်ယက်နားကို ကပ်သွားလိုက်ပြီး လူငယ်လေးရဲ့ ရှေ့မှာ ဒူးထောက်လိုက်တယ်..။

‘လုပ်..လုပ်စမ်းပါ..အရူး..။ငါ့မှာ အချိန်သိပ်ရတာ မဟုတ်ဘူး..’

သူ့ရဲ့ ပါးစပ်တွေက လတ်တလောမှာ အဆုတ်နဲ့ ဆက်သွယ်ထားခြင်း မရှိသေးတာကြောင့်..ဆန်နီဟာ..လူငယ်လေး လှုပ်ရှားလာစေဖို့ အသံတစ်ချို့တောင် မပြုလုပ်နိုင်ခဲ့ပါဘူး..။

ကံကောင်းချင်တော့ အယ်ယက် က သူ့ဟာသူ လှုပ်လာခဲ့ပြီးသူ့ရဲ့ လက်တွေက လေထဲကို မြောက်တက်လာကာ ဆန်နီ ရဲ့ လည်ပင်းနှစ်ဖက်စလုံးကို ထိတွေ့လိုက်တယ်..။

“အိုး အရှင်သခင်..အိုး နတ်ဘုရားတို့…။ခနလေး..နတ်မိစ္ဆာ…”

သူက သူ့ရဲ့ ကုသရေး စွမ်းရည်ကို အသက်သွင်းပြီး..အရိပ်သတ္တဝါရဲ့ ဦးခေါင်းကို လည်ပင်းနဲ့ ပြန်ဆက်သွားစေဖို့အတွက် စတင်ပြီး ကြိုးစားလိုက်ပါတယ်..။

ဆန်နီ ဟာ..ခန္တာကိုယ်ကို လွှမ်းခြုံသွားတဲ့ ကြောက်မက်ဖွယ် နာကျင်မူကြောင့်..တုန်လှုပ်သွားခဲ့တယ်..။

‘ဘယ်လိုလုပ်..ဒါက ဘယ်လိုလုပ် အဓိပ္ပာယ်ရှိမှာလဲ..။ငါက ဘာလို့ ဒီလောက်အထိတောင် နာကျင်နေရတာလဲ..။ငါ့ ဦးနှောက်က သွေးကြောတွေနဲ့တောင် ချိတ်ဆက်မနေသေးဘူးလေ..။အား..ချီးတဲ့မှပဲ…’

လူအများးစု အတွက်ကတော့..သူတို့ရဲ့ ဦးခေါင်းပြတ်တောက်သွားပြီး..ပြန်လည်ကောင်းမွန်လာဖို့ ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ..။သို့ပေမယ့် ဆန်နီကတော့ နည်းနည်းလေး ထူးခြားပါတယ်..။ဘာလို့လဲဆိုတော့..သေခြင်းတရားကို ရှောင်ရှားတာကိုက သူ့ရဲ့ အထူးပြုကျွမး်ကျင်မူ ဖြစ်နေလို့ပါ..။

သူ့အတွက် အားသာက်ချက် ဖြစ်စေတဲ့ အရာတွေလည်း ဒီနေရာမှာ ရှိနေခဲ့ပါတယ်..။

ပထမဆုံးအနေနဲ့..သန်းခေါင်းယံ အမြုတေ က..သူ့ရဲ့ လက်ရှိအခြေအနေတွေဟာ..[ မကျိုးပျက်နိုင်မူ ] မှော်စွမ်းအားကို ပွင့်လာစေဖို့အတွက် လုံလောက်မူ ရှိတယ်လို့ ယူဆခဲ့ပါတယ်..။

ဒုတိယ တစ်ချက်ကတော့ ..သူ့ရဲ့ အရိုး နဲ့ သွေးတွေက..ဝိဗာရဲ့ မျိုးရိုးဗီဇကနေ ပြောင်းလဲဖြစ်ပေါ်လာခဲ့တာပါ..။ဒါက သူ့အတွက် လူသားမဆန်တဲ့ အစွမ်းသတ္တိတွေကို ရစေခဲ့တယ်..။ဒါကြောင့်ပဲ သူ့ရဲ့ ခန္တာကိုယ်က သွေးထွက်လွန်ခြင်း မရှိပဲ အလျင်အမြန် ပြန်လည်ကုသ နိုင်နေခဲ့တာပါ..။ဒီ စွမ်းရည်တွေအားလုံးက..အရိပ်နတ်ဘုရားရဲ့ ဆားငံရည်စက်က တိုးမြင့်ပေးထားတာဖြစ်ပြီး..သန်းခေါင်းယံ အမြုတေကလည်း ထပ်မံ တိုးမြှင့်ပေးထားပါသေးတယ်..။

ပြီးတော့ နောက်ဆုံးအနေနဲ့..[ ရာသက်ပန် ] မှော်စွမ်းအားက သူ့ရဲ့ အရိပ်အဆီအနှစ်တွေက လျင်မြန်တဲ့ နှုန်းနဲ့ စုပ်ယူနေပေမယ့် အမှောင်ထဲမှာရှိနေတဲ့ သူတော်စင်ကလည်း သားရဲတွေ တစ်ကောင်ပြီးတစ်ကောင်ကို သတ်နေခဲ့ပါသေးးတယ်..။သူမက အနက်ရောင် အိုဒါချီ ဓားကို ကိုင်ဆောင်ထားခဲ့တာကြောင့်..သူမ သတ်လိုက်တဲ့ သားရဲတွေ ပိုင်ဆိုထားတဲ့ အဆီအနှစ်တွေရဲ့ တစ်စ်ိတ်တစ်ပိုင်းက သူ့ကို ပေးစွမ်းနိုင်တဲ့ [ ဝိဉာဉ်ရိတ်သိမ်းမူ ] စွမ်းအားကို အသုံးပြုနိုင်နေခဲ့ပါတယ်..။ဒီအရာက..ဝိဉာဉ်မြွေရဲ့ ..လက်နက်ပုံစံ ဒါမှမဟုတ် သားရဲပုံစံမှာပဲ အသုံးပြုနိုင်တဲ့ မှော်စွမ်းအားပါ..။

ဒီတော့..သူတော်စင် သတ်လိုက်တဲ့ သားရဲတစ်ကောင်စီကနေ ဆန်နီက ..သင့်တင့်တဲ့ အဆီအနှစ် ပမာဏကို ပြန်လည်ရရှိနေခဲ့ပါတယ်..။ဒါကြောင့်ပဲ..သူက [ ရာသက်ပန် ] မှော်စွမ်းအားကို..ပိုကြာကြာ အသက်ဝင်အောင် ထိန်းထားနိုင်ခဲ့တယ်..။

ဒါပေမယ့် သူအသက်ရှင်နိုင်လောက်တဲ့ အထိရော ကြာနိုင်ပါ့မလား..။

ဒါကိုတော့ သူ မကြာခင်မှာပဲသိရတော့မှာပါ..။

အယ်ယက်က ဆိုးဝါးတဲ့ ဒဏ်ရာကြီးကို ကုသနေတဲ့ ဆိုးဝါးတဲ့ စက္ကန့်တွေ ကုန်ဆုံးပြီးသွားတဲ့နောက်မှာတော့…ဆန်နီဟာ..သူ့ရဲ့ အဆီအနှစ်တွေက ထပ်မံတောင့်မခံနိုင်တော့ဘူး ဆိုတာကို သိလိုက်ရတယ်..။ထာဝရ ချိန်းက သူ့ရဲ့ အဆီအနှစ်တွေကို စားသောက်နေတဲ့ ပမာဏက..သူတော်စင်နဲ့ ဝိဉာဉ်မြွေ ပြန်လည်ရှာဖွေပေးနေတဲ့ ပမာဏထက် ပိုပြီး မြန်ဆန်နေခဲ့ပါတယ်..။

သူက ဒီအရာကို နှေးကွေးသွားအောင်ပဲ လုပ်နိုင်မှာဖြစ်ပြီး ရပ်တန့်သွားအောင ်မလုပ်နိုင်ပါဘူး..။

သူ့ရဲ့ ခန္တာကိုယ် တည်ရှိမူတစ်ခုလုံးမှာ..မခံမရပ်နိုင်တဲ့ နာကျင်မူတွေသာ လွှမ်းခြုံနေခဲ့တယ်..။သို့ပေမယ့် ဘာထပ် ရှိနိုင်ဦးမှာလဲ..။ဆန်နီက ခေါင်းဖြတ်ခံရတဲ့ အတွေ့အကြုံမျိုးကို တစ်ခါမှ မခံစားခဲ့ဖူးပေမယ့်..သူက ဒီလောက်အထိ တူညီတဲ့ နိုပ်စက်မူမျိုးတွေကို ခံစားဖူးခဲ့ပါတယ်..။

သူ့ရဲ့အမြုတေတွေထဲမှာတော့..အရိပ်အဆီအနှစ်တွေ မကျန်သလောက်နီးပါး ဖြစ်နေခဲ့တယ်..။

အဲဒီနောက်မှာတော့ ဘာမှမရှိတော့ပါဘူး..။

[ ရာသက်ပန် ] မှော်စွမ်းအားကလည်း ရပ်တန့်သွားခဲ့ပါပြီ..။

..သို့ပေမယ့် ဆန်နီကတော့ အသက်ရှင်နေတုန်းပါပဲ..။

သူ့နှုတ်ခမ်းတွေ လှဒပ်ရှားလာခဲ့ပြီး သူ့ရဲ့ လည်ပင်းတွေကို ထိကြည့်လိုက်တယ်..။အခုဆိုရင် သူ့ရဲ့ လည်ပင်းပတ်လည်မှာ ဆိုးဝါးတဲ့ အမာရွက်ကြီး ကျန်နေခဲ့ပါတယ်..။

ယင်းနောက် သူ ရှေ့ကို ကိုင်းညွှတ်သွားပြီး..သွေးတစ်ပွက် အန်လိုက်ရတယ်..။

ဆန်နီ အတော်ဆိုးဆိုးဝါးဝါး ခံစားနေခဲ့ရတာပါ..။သူက ဇွန်ဘီတစ်ကောင်လို ဖြစ်နေသလို ခံစားနေခဲ့ရတယ်..။

သို့ပေမယ့် သူ မသေဆုံးသေးပါဘူး..။

ထပ်ပြောရရင်..သူက အခုချိန်မှာ အမှန်တကယ်ပဲ..လွတ်လပ်သွားခဲ့ပါပြီ…။

အပိုင်း ( ၆၂၀ ) ပြီး၏။

All Chapters