လွတ်မြောက်ရာ လမ်းကြောင်း
Vol. 42 Ch. 621
ဆန်နီဟာ တစ်ခနလောက် လှုပ်ရှားမူမရှိပဲ ငြိမ်နေခဲ့တယ်..။ယင်းနောက် တိတ်ဆိတ်စွာလေမှုတ်ထုတ်လိုက်တဲ့ အချိန်မှာ..သူ့ရဲ့ လည်ချောင်းကို..သံကြေးတက်နေတဲ့ ဓားပေါင်းများစွာနဲ့ ထိုးခွဲနေသလို ခံစားလိုက်ရတယ်..။သူ့ရဲ့ ဦးခေါင်းက လည်ပင်းနဲ့ နောက်တစ်ကြိမ် ဆက်သွားခဲ့ပါပြီ..။သို့ပေမယ့်..ဒါက သူ ပြန်ကောင်းသွားပြီလို့ ဆိုလိုတာ မဟုတ်ပါဘူး..။
အမှန်တော့..သူက အလောင်းကောင် ဖြစ်မယ့်အရေးကနေ ရှောင်ရှားလိုက်နိုင်ပေမယ့်..အလောင်းကောင် တစ်ကောင် အဖြစ် ခံစားနေခဲ့ရတယ်..။
..သင့်ရဲ့ အရိပ် ပိုသန်မာလာခဲ့ပါပြီ…
အနက်ရောင် အကျဉ်းထောင်က ရုတ်တရက် တ်ိတ်ဆိတ်သွားခဲ့တယ်..။သူတော်စင်က နောက်ဆုံးလှောင်အိမ်ထဲမှာ ရှိနေတဲ့ အိပ်မက်ဆိုးသားရဲကို သတ်ဖြတ်လို့ ပြီးဆုံးသွားတဲ့ ပုံပါပဲ..။ဒါက သူနဲ့ အယ်ယက်ကို အနီရောင် အဆောက်အဦးကြီးထဲက နောက်ဆုံးအသက်ရှင်ကျန်ရစ်သူတွေ အဖြစ် ဖြစ်ပေါ်လာစေခဲ့ပါတယ်..။ဘာပဲဖြစ်ဖြစ် အခုချိန်ကနေစပြီး..ပြိုင်ပွဲကြီးက ပြီးဆုံးသွားခဲ့ပါပြီ..။သူမက လက်နဲ့ပဲ အချိန်မတိုင်ခင် အဆုံးသတ်သွားခဲ့တာပါ..။
ဆန်နီဟာ..သူ့ရဲ့ အမြုတေထဲကို..အရိပ်အဆီအနှစ်တွေ ဝင်ရောက်လာတာကို ခံစားလိုက်ရတယ်..။ဘာမှမရှိတော့တဲ့ နေရာကို အနည်းငယ် ပြန်ရောက်လာခဲ့တာကြောင့်..အနည်းငယ် မျက်နှာမဲ့သွားခဲ့ပါတယ်..။
ဒါက အရမ်းကြီး မများပါဘူး..။လူငယ်နိုးထသူ လေးကလည်း..ဆန်နီကို ကုသပေးရင်းနဲ့ သူ့ရဲ့ အဆီအနှစ်တွေ အားလုံးကို ဆုံးရှုံးခဲ့ရပါသေးတယ်..။တကယ်လို့ သူတို့နှစ်ယောက်သာ ရှည်လျားတဲ့ တိုက်ပွဲတစ်ခုကို ထပ်ပြီး တိုက်ခိုက်ရမယ်ဆိုရင် အချိန်အကြာကြီး ရှင်သန်နိုင်ကြတော့မှာ မဟုတ်ပေ..။
ဒီတော့..သူတို့ရဲ့ လွတ်မြောက်မူကို တစ်ခြား စစ်ဘီလူးတွေ သတိမထားမိသွားခင်မှာ..သူတို့က ဒီအဆောက်အဦးကြီးထဲကနေ လွတ်မြောက်ဖို့ လိုအပ်ပါတယ်..။
ဆန်နီ အံကိုကြိတ်ထားခဲ့ပြီး..တုန်ရီစွာနဲ့ ပဲ မတ်တတ်ထရပ်လိုက်တယ်..။ပြီးတာနဲ့ အယ်ယက် ကို လှမ်းကြည့်လိုက်ပါတယ်..။လူငယ်လေးက သူ့ကို မျက်လုံးပြူးပြီး ကြည့်နေခဲ့တာပါ..။
လူငယ်လေးရဲ့ လည်ပင်းမှာတော့…လည်ပတ်တစ်ခု ရှိနေခဲ့တယ်..။သို့ပေမယ့် ဒီအတွက် ဆန်နီ လုပ်နိုင်တာ ဘာမှမရှိသေးပါဘူး..။သူ့အနေနဲ့ လူငယ်နိုးထသူ လေးရဲ့ ဦးခေါင်းကို ဖြတ်တောက်လိုက်လို့လည်း မဖြစ်နိုင်ပေ..။သူ့ရဲ့ ကျန်ရှိနေတဲ့ ခွန်အားက သူတို့နှစ်ယောက်စလုံး ဒီကျိန်စာသင့် နေရာကနေ လွတ်မြောက်ဖို့အတွက် လုံလောက်မယ်လို့ မျှော်လင့်ရတာပါပဲ..။
အခုချိန်မှာတော့..သူက အခိုက်အတန့်နဲ့ ဆက်သွယ်နိုင်ခဲ့ပြီဖြစ်တာကြောင့်..သူ့ရဲ့ စွမ်းအားတွေ အားလုံးကို ထုတ်သုံးလို့ ရနိုင်ပါပြီ..။သူ လုပ်နိုင်တဲ့ အရာတွေကလည်း အများကြီး ရှိနေခဲ့တယ်..။အဲဒီ သောက်ကျိုးနဲ ယုံကြည်သူတွေ အနေနဲ့..သူ့ကို ဖမ်းလိုက်တဲ့ အတွက် ကျိန်းသေ နောင်တရကြမှာပါ..။
အယ်ယက်ဟာ..ပါးစပ်ကို ဖွင့်ပြီး တုန်ရီနေတဲ့ လေသံနဲ့မေးလာခဲ့တယ်..။
“နတ်မိစ္ဆာ ဘယ်လိုမျိုး..။မင်းက ဘယ်လိုလုပ် ရှင်သန်နေနိုင်သေးတာလဲ..”
ဆန်နီ ခေါင်းကို ငုံ့လိုက်တဲ့ အချိန်မှာ အရမ်းနာကျင်ရတာကြောင့် ..အနာဂတ်မှာ သူ့ခေါင်းကို အရမ်းမလှုပ်ရှားဖို့ ဆုံးဖြတ်လိုက်ပါတယ်..။ယင်းနောက် သူက ထာဝရချိန်းရဲ့ ချပ်ဝတ်ပြားတွေကို လက်ညိုးထိုးပြလိုက်တယ်..။
လူငယ်လေးဟာ..မျက်မှောင်ကျုတ်လိုက်ပြီး..
“မင်း..မင်းရဲ့ အကာအကွယ်လား..။အဲတာက အမွေအနှစ်လား.။ခနလေး..ဒီလို ကြောက်မက်ဖွယ်ကောင်းတဲ့ အကာအကွယ်မျိုးကို မင်းဘယ်ကနေ ရလာခဲ့တာလဲ..။ပြီးတော့..ဒီ မှော်လက်နက်တွေကိုရောပဲ..”
ဆန်နီ သက်ပြင်းချလိုက်ပြီး..ခေါင်းညိမ့်ကာ သူ့ရဲ့ ရင်ဘတ်ကို လက်နဲ့ ပုတ်ပြလိုက်တယ်..။
အယ်ယက် ဟာ..အကျိန်အနည်းငယ် မျက်တောင်ခတ်လိုက်ပါတယ်..။
“မင်းဘာကို ဆိုလိုတာလဲ..။သူတို့က မင်းနဲ့အတူ တစ်ချိန်လုံးရှိနေတာလား..။ဒါဆို မင်းက ဘာလို့ တိုက်ပွဲကွင်းပြင်မှာ အသုံးမပြုတာလဲ..”
နတ်မိစ္ဆာရဲ့ လက်တွေထဲက တစ်ဖက်ဟာ..အခုချိန်မှာ ကျောက်တုံးပေါ်ရောက်နေပြီ ဖြစ်တဲ့..အန္တရာယ်မပေးနိုင်တော့တဲ့ လည်ပတ်ကို လက်ညိုးထိုးပြလိုက်ပါတယ်..။
လူငယ်လေးဟာ..မျက်မှောင်ကျုတ်လိုက်ပြီး..
“အိုး..ငါသိပြီ..။စစ်ပွဲ နတ်ဘုရားရဲ့ ချုပ်နှောင်မူက မင်းကို အရိပ် အရှင်သခင်ရဲ့ မြင်ကွင်းကနေ ..ဖယ်ရှားသွားခဲ့တာဖြစ်ရမယ်..။အဲတာကြောင့် မင်းဆီမှာ ရှိနေတဲ့ သူ့ရဲ့ ကောင်းချီးပေးမူတွေကို ယူဆောင်သွားခဲ့တာ..။ဒါပေမဲ့ အဲတာဆိုရင်..”
ဆန်နီ သက်ပြင်းချလိုက်ပြီး သူ့ရဲ့ လက်ချောင်းတစ်ချောင်းနဲ့ အယ်ယက်ရဲ့ နှုတ်ခမ်းပေါ်ကို တင်လိုက်ကာ တိတ်တိတ်နေဖို့ အချက်ပေးလိုက်ပါတယ်..။တစ်ချိန်တည်းမှာပဲ သူတော်စင်က အမှောင်ထုထဲကနေ ထွက်ပေါ်လာခဲ့တယ်..။အနက်ရောင်သွေးတွေကတော့ သူမ ကိုင်ဆောင်ထားတဲ့ အိုဒါချီ ဓားကနေ တစက်စက် ကျဆင်းနေခဲ့ပါတယ်..။သူမရဲ့ အကြည့်တွေက ခါတိုင်းလိုပဲ မပြောင်းလဲပဲ တည်ငြိမ်နေခဲ့တယ်..။
လူငယ်လေးဟာ.တိတ်ဆိတ်နေတဲ့ နတ်မိစ္ဆာကို တစ်ခနလောက်ကြည့်လိုက်ပြီး လေးစားစွာ အရိုအသေပေးလိုက်တယ်..။
“ကျွန်..ကျွန်တော်တို့ကို ကူညီပေးဖို့ ရောက်လာခဲ့တဲ့ အတွက် ကျေးဇူးတင်ပါတဲ့..လေဒီ..”
သူတော်စင်ဟာ..သူမကို ထူးထူးခြားခြား ပုံစံမျိုးနဲ့ နှုတ်ဆက်နေတဲ့ လူငယ်လေးကို ဘာခံစားချက်မှမပါတဲ့ အကြည့်တွေနဲ့ ကြည့်လိုက်ပါတယ်..။
‘သနားစရာ အရူးက..သူမကို ကယ်တယ်ဖို့ရောက်လာတဲ့ နောက်ထပ် အရိပ်သတ္တဝါတစ်ကောင်လို့ ထင်နေခဲ့တာပဲ..။သူ့ရဲ့ အပြုအမူကို ကြည့်ရသလောက်တော့..သူမက အရိပ်စစ်တပ်မှာ ငါ့ရဲ့ စီနီယာ တစ်ယောက်လို့ ထင်နေတဲ့ ပုံပဲ..။သောက်ကျိုးနဲ..လူငယ်တွေရဲ့ အမြင်မှာ ဘာလို့ သူတောင်စင်က ငါ့ထက် ပိုမိုက်နေရတာလဲ..’
သိုပေမယ့် သူက လူငယ်လေးရဲ့ အမှားကို ပြင်ဆင်ပေးဖို့ စိတ်အခြေအနေ ရှိမနေခဲ့ပါဘူး..။ထပ်ပြောရရင် အချိန်ကလည်း ရှိမနေခဲ့ပေ..။
စွန်ပုံသဏ္ဍာန် ဒိုင်းကာ တစ်ခုက အလင်းစက်တွေကနေ တဆင့် သူတော်စင်ရဲ့ လက်ထဲမှာ ပေါ်လာခဲ့တယ်..။တစ်ချိန်တည်းမှာပဲ..ဝိဉာဉ်မြွေက..အရိပ်စီးဆင်းမူတစ်ခု ဖြစ်သွားကာ..အသွားနှစ်ဖက်ပါတဲ့ ဓားတစ်ချောင်း အဖြစ်ပြောင်းလဲသွားခဲ့ပါတယ်..။ဒီတစ်ခုက သူမ အရင်က ကိုင်ဆောင်ခဲ့တဲ့ ဓားနဲ့ အတော်လေးကို ဆင်တူတာပါ..။
ဆန်နီ တစ်ခနလောက် တွေဝေနေပြီးကာမှ..သန်းခေါင်းယံ အမြုတေရဲ့ လက်ကိုင်ကို အယ်ယက်ဆီ ကမ်းပေးလိုက်တယ်..။သူ့ရဲ့ လက်တွေက..ရက်စက်သော မြင်ကွင်းကို ကိုင်ဆောင်ထားရင်း..ခါးကို ကိုင်းကာ..အနီရောင် ဘုန်းတော်ကြီး ကိုင်ဆောင်ခဲ့တဲ့ လေးလံတဲ့ ဓားကြီးကို ကောက်ယူရင်း လက်နှစ်ဖက်နဲ့ ကိုင်ထားလိုက်ပါတယ်..။
ဒီနှစ်ဖက်ကိုင်ဓားကြီးမှာ ဘယ်လို စွမ်းအားမျိုးတွေ ပါဝင်နေလဲ ဆိုတာကို ဆန်နီ လည်း သေချာမသိပါဘူး..။သို့ပေမယ့်..ဒီဓားက သူ့ရဲ့ အရိုးတွေကိုတောင် အခက်အခဲမရှိပဲ ပိုင်းဖြတ်သွားနိုင်ပုံ ထောက်ရင် အတော်လေးကို အားကောင်းလောက်မှာပါ..။
ယင်းနောက် သူက အသက်ပြင်းပြင်း ရူလိုက်တယ်..။ပြီးတာနဲ့ သူ့ရဲ့ အရိပ်တွေကို..မြေအောက်ခန်းရဲ့ ကော်ရစ်ဒါတွေ ဆီကို လွှတ်လိုက်ပါတယ်..။ဒါကတော့ လွတ်မြောက်ရာ လမ်းကို ရှာဖွေနိုင်ဖို့ အတွက်ပါ..။
ဆန်နီက တိုက်ပွဲကွင်းပြင်မှာ ရှင်သန်အောင် ကြိုးစားတိုက်ခိုက်တဲ့ နေရာမှာ အတော်ကို တော်နေတာကြောင့်..သတ်ဖြတ်တာတွေကို ကြည့်ရူပြီး..ကိုးကွယ်နေကြတဲ့ အရူးတွေရဲ့ လေးစားခြင်း ၊ ချစ်ခင်ခြင်း ကို ခံနေခဲ့ရပါတယ်..။သို့ပေမယ့်..သူ့ရဲ့ ရည်ရွယ်ချက်က..အမှောင်ထဲမှာနေပြီး..သတိမထားမိတဲ့ ရန်သူတွေကို အရိပ်ထဲကနေ တစ်ချက်တည်းသတ်ဖြတ်ဖို့ အတွက်ပါ..။
အနီရောင် အဆောက်အဦးကနေ သတိမထားမိပဲ လွတ်မြောက်ဖို့က..ဒီနေရာတစ်ခုလုံးကို သိမ်းပိုက်ရတာထက်တော့ အများကြီး လွယ်ကူပါလိမ့်မယ်..။
အရိပ်တွေအားလုံး အမှောင်ထဲကို ဝင်သွားတဲ့ အချိန်မှာတော့..သူ ဝင်ရောက်နေတဲ့ လက်လေးချောင်း နတ်မိစ္ဆာက မီးတောင်ကျောက် အနက်ရောင်ကနေ မီးခိုးရောင် အဖြစ် နောက်တစ်ကြိမ်ပြောင်းလဲသွားခဲ့ပါတယ်..။ဆန်နီ ယိမ်းယိုင်သွားခဲ့ပြီး..သူ့ရဲ့ ခွန်အားတွေ ခုခံနိုင်မူတွေ အတော်လေး လျော့နည်းသွားတာကို ခံစားမိလိုက်တယ်..။
သူ အံကိုကြိတ်လိုက်ပြီး..အယ်ယက်ကို နောက်ကနေ လိုက်ခဲ့ဖို့ အချက်ပြလိုက်ပါတယ်..။
သူတော်စင် အမှောင်ထုထဲကို ပျောက်ကွယ်သွားတဲ့ အချိန်မှာတော့..သူတို့နှစ်ယောက်က မြေအောက်ခန်းရဲ့ ထွက်ပေါ်နေရာကို ဦးတည်သွားလိုက်ကြတယ်..။
သူတို့က တိတ်ဆိတ်တဲ့ ကော်ရစ်ဒါတွေကို ဖြတ်သွားရင်း..အေးစက်တဲ့ လေထုက ဖြတ်သန်းတိုက်ခတ်နေတာကို ခံစားနေကြရပါတယ်..။ဒီလေတိုက်ခတ်မူကြောင့် သူတို့ခန္တာကိုယ်မှာ ရှိနေတဲ့ အညစ်အကြေးတွေတောင် ပါသွားခဲ့သလိုပါပဲ..။အခုချိန်မှာ ည ရောက်နေပြီးဖြစ်တာကြောင့်..တိုက်ပွဲတွေက နောက်တစ်နေ့ မနက် မရောက်ခင် အချိန်အထိ စတင်ဦးမှာ မဟုတ်သေးပါဘူး..။အဆောက်အဦးကြီးတစ်ခုလုံးက ဘာမှမရှိပဲ ဟာလာဟင်းလင်း ဖြစ်နေခဲ့ပြီး..နေ့ဖက်အချိန်မှာ ပြည့်နှက်နေကြတဲ့ ကြည့်ရူသူ လူအုပ်ကြီးလည်း ရှိမနေခဲ့ပေ..။
ဟိုနား ဒီနားမှာတော့..ဆန်နီနဲ့ အယ်ယက်တို့ဟာ..စစ်ဘီလူးတစ်ချို့နဲ့ တွေ့နေရတုန်းပါပဲ..။အဲဒီလူတွေကတော့..သန့်ရှင်းရေးလုပ်ဖို့..၊ နောက်တစ်နေ့ သတ်ဖြတ်ရေး တိုက်ပွဲအတွက် ပြင်ဆင်ဖို့ တာဝန်ကျကြတဲ့ လူတွေဖြစ်နိုင်ပါတယ်..။သို့ပေမယ့်..သူတို့တွေ့တဲ့ လူတိုင်းက..သူတော်စင်နဲ့ အရင် တွေ့ဆုံးထားပြီးကြတဲ့ လူတွေပါ..။
သူတော်စင်ရဲ့ နောက်ကနေ လိုက်နေကြတာကြောင့်..သူတို့က အလောင်းတွေကိုသာ တွေ့ခွင့်ရနေခဲ့ကြတယ်..။စစ်နတ်ဘုရားရဲ့ နောက်လိုက်တွေက..ရက်ရက်စက်စက်နဲ့ အသံမထွက်ပဲ အသတ်ခံနေကြရတယ်..။တစ်ယောက်ကို ဓားချက်တစ်ချက်တည်းနဲ့တင် အဆုံးသတ်သွားခဲ့ကြတာပါ..။
သေဆုံးမူတစ်ခုချင်းစီတိုင်းကနေလည်း..ဆန်နီ အနေနဲ့..အဆီအနှစ်တွေ ပြန်လည်ရရှိနေခဲ့ပါသေးတယ်..။သိုပေမယ့် ဒီထက် ပိုအရေးကြီးတာက…
လွတ်မြောက်ဖို့အတွက် လမ်းကြောင်းက ရှင်းလင်းနေခဲ့တာပါပဲ..။
နောက်ဆုံးမှာတော့..ထာဝရကြာမြင့်သွားတယ်လို့ ခံစားရပြီးနောက်မှာ..ဆန်နီဟာ..သူ့ရဲ့ အရိပ်သုံးခုက..သေးငယ်တဲ့ သစ်သားတံခါး ပေါက်တစ်ခုမှာ တိတ်တဆိတ်စောင့်ဆိုင်းနေကြတာကို တွေ့လိုက်ရတယ်..။
သူ တစ်စက္ကန့်လောက် တွေဝေနေပြီးကာမှ..ဒီအရာကို တွန်းဖွင့်လိုက်ပါတယ်..။
သူ့ရဲ့ ရှေ့မှာတော့..ကြီးမားကျယ်ပြန့်တဲ့ အစိမ်းရောင် မြက်ခင်းပြင် တစ်ခု ရှိနေခဲ့တယ်..။ပြီးတော့ အဲဒါရဲ့ အလွန်မှာတော့…
အဆုံးမရှိ ကျယ်ပြန့်ကာ ကြယ်များနဲ့ ပြည့်နှက်နေတဲ့ ကောင်းကင်ကြီးက လွဲပြီး ဘာမှ မရှိတော့ပါဘူး..။
အပိုင်း ( ၆၂၁ ) ပြီး၏။