သစ်သားဓား..
Vol. 42 Ch. 622
အာရုံတက်ချိန် နီးနေပြီဆိုတော့..သူတို့အတွက်က အချိန်သိပ်မကျန်တော့ပါဘူး..။ဆန်နီ နဲ့ အယ်ယက် တို့ဟာ..ညအချိန်ကုန်ဆုံးသွားပြီး..စစ်ပွဲနတ်ဘုရားရဲ့ ကိုးကွယ်သူတွေ သတ်ဖြတ်ပွဲတွေကို လာရောက်မကြည့်ခင်မှာ ထွက်ခွာသွားရမှာပါ..။
သူတို့က တစ်ခြားတစ်နေရာရာကို ရောက်သွားမယ်ဆိုရင်တော့ ဒီလူတွေ အနေနဲ့ခြေရာခံ လိုက်ဖို့ ဆိုတာ မလွယ်ကူတော့ပါဘူး..။ဘာလို့လဲဆိုတော့ အလိုရမ္မက်နတ်ဆိုးရဲ့ ရှေးဟောင်းမှော်စွမ်းအားတွေက နောက်မှာ ကျန်ရစ်ခဲ့တော့မှာဖြစ်ပြီး..သူတို့ကို လိုက်ရှာချင်တယ်ဆိုရင် အင်အားစုတွေအနေနဲ့ နီးစပ်ရာကျွန်းတွေကို လူခွဲပြီး ရှာကြရမှာပါ..။သူတို့နှစ်ယောက်က ဝေးတဲ့နေရာကို ရောက်သွားလေလေ..သူတို့ လိုက်ရှာဖွေရမယ့် ပိုက်ကွန်က ကျယ်ပြန့်လာလေလေပါပဲ..။
အဲ့အချိန်မှာ..ယုံကြည်ကိုးကွယ်သူတွေ အနေနဲ့ ဖိနိပ်မူတွေနဲ့လည်း..ရင်ဆိုင်ကြရပါဦးမယ်..။
ဆန်နီကတော့..ချိန်းကျွန်းစုရဲ့ အနောက်ဘက်ပိုင်းနဲ့ သိပ်ပြီး မရင်းနှီးပေ..။အဲဒီနေရာက စစ်ပွဲနေရာရဲ့ နောက်လိုက်တွေ ပိုင်ဆိုင်တဲ့နေရာဖြစ်ပြီး သူကိုယ်တိုင်ကလည်း အဲဒီအရပ်ကို ဘယ်တုန်းကမှ မသွားလာခဲ့ဖူးပါဘူး..။သူတို့ကက မြောက်ဘက်အရပ် ဟောလိုးတောင်တန်းနဲ့ ညဘုရားကျောင်း ရှိတဲ့နေရာကို လွတ်မြောက်နိုင်ပါတယ်..။သို့ပေမယ့်..အဲဒီဘက် ဒေသတွေကလည်း..သူနဲ့ သိပ်ပြီး ရင်းနှီးနေတာမျိုး မဟုတ်ပြန်ပါဘူး..။
အရှေ့ဘက်ကို တည့်တည့်သွားမယ်ဆိုရင်တော့..အယ်ယက် နေထိုင်ခဲ့တဲ့ ဆင်စွယ်ရောင် မြို့ကို တွေ့နိုင်မှာပါ..။ပြီးတော့..မျှော်လင့်ချက် ရဲ့အကျဉ်းထောင်ကို ရောပဲ..။သို့ပေမယ့်..အရှေ့ဘက်ပိုင်းက..နောက်က လိုက်လာသူတွေ အဓိကထားရှာဖွေကြမယ့် အရပ်ပါပဲ..။ဘာလို့လဲဆိုတော့ အဲဒီအရပ်က..သူတို့ရဲ့ ရန်သူတွေ ရှိနေတဲ့ အရပ်ဖြစ်လို့ပါ..။နေနတ်ဘုရားရဲ့ လူတွေရှိတဲ့ ဘက်ကို ထွက်ပြေးတာက သူတို့အတွက် လုံခြုံနိုင်တဲ့ နေရာဖြစ်နေလို့ပါပဲ..။
စက္ကန့်အနည်းငယ်ကြာအောင် တွေဝေနေပြီးတဲ့နောက်မှာတော့..ဆန်နီဟာ..လူငယ်လေးကို အနီရောင် ကျွန်းရဲ့ တောင်ဘက် အစွန်းကို ခေါ်သွားလိုက်တယ်..။တကယ်လို့ သူတို့သာ..အရှေ့တောင် ဘက်ကို ခရီးထွက်မယ်ဆိုရင် ပျက်စီးနေတဲ့ တောထဲကို ရောက်သွားပါလိမ့်မယ်..။ကောင်းပြီလေ..အဲတာက အခုချိန်ထိတော့ မပျက်စီးလောက်သေးပါဘူး..။အဲဒီနေရာက အယ်ဖီနဲ့ ကိုင်ကို သူ ကြိုဆိုခဲ့တဲ့နေရာပါ..။အဲဒီမှာတော့..စစ်ပွဲ အင်အားစုတွေရဲ့ ဩဇာအာဏာက လျော့ကျနေပါလိမ့်မယ်..။
ပိုပြီးအရေးကြီးတာက..အဲဒီနေရာဟာ..မျှော်လင့်ချက်ရဲ့ ပျက်စီးနေတဲ့ နိုင်ငံထဲက နေရာတစ်ခုဖြစ်ပြီး ဆန်နီ အရင်က သွားလာဖူးပါတယ်..။
အိပ်မက်ဆိုးမစတင်ခင်တုန်းက..သူနဲ့ တစ်ခြားအဖွဲ့ဝင်တွေဟာ..သူတို့ခွဲခွာပြီးရင် သံလက်ဝါးကျွန်းမှာ ပြန်ဆုံကြဖို့ သဘောတူခဲ့ကြတာပါ..။ဆန်နီဟာ..တောင်ဘက် ချိန်းကြိုးကနေ..အဓိက ကုန်းမြေကို ချိတ်ဆက်ထားတဲ့ လမ်းကြောင်းတွေကို အလွယ်တကူပဲ ရှာဖွေသွားလာနိုင်ပါလိမ့်မယ်..။
ဆန်နီ ဟာ..မျက်ခင်းပြင်ရဲ့ အရိပ်တွေထဲမှာ ပုန်းကွယ်နေရင်း..ကျွန်းရဲ့ အစွန်းဆီကို ပြေးနေခဲ့ကြတယ်..။သူတို့က ကောင်းကင်နှစ်ခုကြားထဲက တိုက်ခတ်နေတဲ့ လေပြင်းတွေကြောင့် လှုပ်ယမ်းနေတဲ့ ကောင်းကင်ချိန်းကြိုးသံတွေကို နားထောင်ကာ ဦးတည်ပြေးလွှားနေခဲ့ကြတာပါ..။
‘လုပ်စမ်းပါ…လုပ်စမ်းပါ..’
သူတို့ အစွန်းကို ရောက်တဲ့ အချိန်မှာတော့..ဆန်နီဟာ..သူတို့ကို သယ်ဆောင်ဖို့အတွက် ကောင်းကင်ဖိအား နဲ့ အနက်ရောင် တောင်ပံကို ထုတ်ယူလိုက်တယ်..။သူတို့က..အောက်ဘက်ကောင်းကင်ရဲ့ အမှောင်ထုထဲမှာလည်း အတော်ကြားအောင်..ပုန်းနေလို့ရပါသေးတယ်..။
သူတို့က ကယ်တင်ခြင်းခံရဖို့..အရမ်းကို နီးကပ်နေပြီ ဖြစ်ပြီး..မီတာအနည်းငယ်သာ ဝေးကွာပါတော့တယ်..။
သို့ပေမယ့်..သူ့ရဲ့ နှလုံးသားက ရုတ်တရက် အေးစက်သွားခဲ့တယ်..။
‘မဟုတ်ဘူး..’
…အဆုံးမှာတော့ ဒါက လုံလောက်အောင် မနီးကပ်သေးပါဘူး..။
သူတို့အစွန်းကို ရောက်တဲ့ အချိန်မှာပဲ..တိတ်ဆိတ်တဲ့ သက်ပြင်းချသံတစ်ခုက အမှောင်ထဲကနေ ထွက်ပေါ်လာခဲ့တယ်..။ပြီးတော့ ရုတ်တရက် ဆိုသလိုပဲ..ဆန်နီက မြေကြီးပေါ်ကို လဲကျသွားခဲ့ပြီး..သူ့ရဲ့ အမြင်အာရုံက ဝေဝါးသွားခဲ့ကာ..သူ့ရဲ့ ခန္တာကိုယ်က လှုပ်မရဖြစ်သွားခဲ့ပါဘူး..။
သူ့ရဲ့ အဆုတ်ထဲမှာ အောက်စီဂျင် မရှိတော့ပါဘူး..။ပြီးတော့ သူ ဘယ်လောက်ပဲ အသက်ရူဖို့ ကြိုးစားပါစေ..အသုံးမဝင်တော့ပေ..။သူ့ရဲ့ ရင်ဘတ်က မီးလောင်ကျွမ်းနေသလို ဖြစ်နေခဲ့တယ်..။
စက္ကန့်အနည်းငယ်ကြာအောင် ဝေဒနာ ခံစားပြီးတဲ့နောက်မှာတော့..ထာဝရချိန်းရဲ့ ချပ်ဝတ်အက်ျီပေါ်ကို သက်ရောက်လာတဲ့ တုန်လှုပ်ဖွယ်အားတစ်ခုကြောင့်..သူက မြေကြီးပေါ်ကို လွင့်ပျံသွားခဲ့ပါတယ်..။ပြီးတာနဲ့.ဆန်နီက နောက်ဆုံးမှာ..မျှော်လင့်ချက် မဲ့စွာပဲ..အသက်တစ်ချက် ရူနိုင်လိုက်တယ်..။
‘ချီးတဲ့မှပဲ..’
သူက လက်မောင်းကို ရွေ့လျားပြီး အနီးနားက မြက်ခင်းပေါ်မှာ ရှိနေတဲ့ အနီရောင် ဘုန်းတော်ကြီးရဲ့ ဓားကို လှမ်းဆွဲယူဖို့ လုပ်လိုက်ပါတယ်..။
သို့ပေမယ့် သူ့ရဲ့ လက်ချောင်းတွေ ဓားနားကို မရောက်သေးခင်မှာပဲ..နူးညံ့တဲ့ ခြေထောက်တစ်ဖက်က သူ့ရဲ့ လက်ကောက်ဝတ်ပေါ်ကို နင်းထားခဲ့ပါတယ်..။ပြီးတာနဲ့ ရုတ်တရက် ဆိုသလိုပဲ..တစ်ကမ္ဘာလုံးရဲ့ ဖိအားတွေ သူ့အပေါ်ကို ဆင်းသက်လာသလို ခံစားလိုက်ရတယ်..။
ဆန်နီ ညဉ်းညူလိုက်ပြီး အံကိုကြိတ်ထားကာ..ကျွန်းရဲ့ အစွန်းကနေ သူတို့ကို တိုက်ခိုက်လာခဲ့တဲ့..ကြောက်မက်ဖွယ် သတ္တဝါကို မော့ကြည့်လိုက်တယ်..။
ဒါကတော့..ဂုဏ်သရေရှိပြီး အသက်ရူမှားလောက်အောင် လှပတဲ့ အနီရောင် ဝတ်ရုံကို ဝတ်စင်ထားတဲ့ မိန်းမလှလေးတစ်ယောက်ပါ..။သူမရဲ့ မျက်နှာက နူးညံ့သိမ်မွေ့နေပြီး ..သူမရဲ့ တောက်ပနေတဲ့ မျက်လုံးတွေက..ငွေရောင်ကြယ်နှစ်ပွင့်လို တောက်ပနေခဲ့ပါတယ်..။
ဆိုဗန်ဟာ..သူ့ကို ငုံ့ကြည့်လိုက်ပြီး..ဝမ်းနည်းစွာ ပြုံးပြလာခဲ့တယ်..။
“မင်းသွားနိုင်တဲ့ အဝေးဆုံးနေရာက ဒီနေရာဖြစ်နေမှာကို ငါ စိုးရိမ်မိတယ်..။အာ…ငါတို့ပြန်တွေ့ပြန်ပြီတော့..အရိပ်တွေရဲ့ သားတော်…”
….
ဆန်နီဟာ လှပတဲ့ သူတော်စင်ကို နောင်တတွေ အပြည့်နဲ့ ကြည့်နေခဲ့တယ်..။သူ့ရဲ့ အဆိုးဝါးဆုံး အကြောက်တရားက အမှန်တကယ် ဖြစ်လာခဲ့ပြီဆိုတာကို သိနေတာကြောင့်..သူ တိတ်ဆိတ်ပြီးသာ နေနေခဲ့ပါတယ်..။
အထွတ်အထိပ်အဆင့် အင်မော်တယ်ဖြစ်တဲ့ သူမကိုယ်တိုင်က..သူတို့ကို..အမဲလိုက်ဖို့အတွက် ရောက်လာခဲ့တာပါ..။
သူက စစ်ပွဲရဲ့ နတ်ဆရာမ လက်ကနေ လွတ်မြောက်ဖို့အတွက် နည်းလမ်းရှိနေသေးလား ဆိုတာကို အလျင်အမြန်တွေးတော လိုက်ပါတယ်..။ဝိဉာဉ်မြွေနဲ့ သူတော်စင်တို့က သူ့ရဲ့ အရိပ်ထဲမှာ ပုန်းအောင်းနေတုန်းပါပဲ..။ဒီတော့..သူက သူတို့ကို တိုက်ခိုက်ဖို့ အမိန့်ပေးနိုင်ပါတယ်..။
ဒါပေမယ့်..နိုးထသူတစ်ယောက် နဲ့ နိုးထမူအဆင့် နတ်မိစ္ဆာတစ်ကောင်တို့က..သူတော်စင်တစ်ယောက်ကို ရင်ဆိုင်နိုင်ပါ့မလား..။နတ်ဘုရားတွေရဲ့ ရွေးချယ်ခြင်းကို ခံထားရပြီး အနည်းဆုံး နှစ်တစ်ထောင်လောက် ရှင်သန်နေထိုင်ခဲ့တဲ့ လူတစ်ယောက်…။ဒီလိုအရာကို သွားပြီးတိုက်ခိုက်တာက သူတို့ကိုယ်သူတို့ သေတွင်းပို့လိုက်သလို ပဲ ဖြစ်သွားမှာပါ..။
သူသွားလာနေတဲ့ တစ်လျောက်လုံးမှာ ဆန်နီ အနေနဲ့ ဆိုဗန်ထက်ပိုပြီးကြောက်ဖို့ကောင်းတဲ့ အရာမျိုးကို ဘယ်တုန်းကမှ မတွေ့ခဲ့ဖူးပေ..။ပြီးတော့..သူ အဲတာကို သေချာပါတယ်..။အနက်ရောင် ပင်လယ်ထဲမှာ သူတွေ့ခဲ့ရတဲ့ ပျက်ပြားခြင်းအဆင့် ဧရာမ ပင်လယ် သတ္တဝါကြီးတောင်..သူမကို ယှဉ်နိုင်မှာ မဟုတ်ပါဘူး..။အနက်ရောင် တာဝါထဲက ထိပ်လန့်ဖွယ်ရာ ပုတ်သိုးမူကြီးက ယှဉ်နိုင်လောက်တယ်ဆိုပေမယ့် ဒီအရာကို သက်ရှိတစ်ခုအဖြစ် ပြောဖို့က ခက်ခဲပါတယ်..။
ပြီးရင် ဘာဆက်ဖြစ်မှာလဲ..။သူ ဘာလုပ်သင့်လဲ..။
‘ချီးပဲ..ချီးပဲ…ကံတရားက…။မင်းက မင်းရဲ့ သားကောင်ကို ဘယ်တုန်းကမှ အလွတ်မပေးဘူးပဲ..’
ဆန်နီဟာ..အံကိုကြိတ်ကာ ညဉ်းညူရင်း..ဆိုဗန်ကို ရက်စက်သောမြင်ကွင်းနဲ့ ထိုးဖို့ ကြိုးစားလိုက်တယ်..။သို့ပေမယ့် မိန်းကလေးလေးက ရိုးရှင်းစွာပဲ ဒီအရာကို ဖယ်ရှားလိုက်ပါတယ်..။ဒါက သူ့ရဲ့ လက်ချောင်းတွေကို ကျိုးသွားစေပြီး..ဓားကိုတော့ ကျွန်းရဲ့ အစွန်းဆီကို ပျံသန်းသွားစေခဲ့တယ်..။
သူမ ခေါင်းခါယမ်းလိုက်ပါတယ်..။
“မဟုတ်ဘူး..ဒီလိုမျိုး မဟုတ်ဘူး..။နတ်မိစ္ဆာလေး..နင်က ပိုကောင်းတဲ့ အဆုံးသတ်မျိုးနဲ့ ထိုက်တန်ပါတယ်..”
ယင်းနောက် ဆန်နီဟာ..သူ့ကိုယ်သူ လေထဲကို မြောက်တက်သွားသလို ခံစားလိုက်ရပြီး ဒူးထောက်လျက် အနေအထားကို ရောက်သွားခဲ့တယ်..။ခနအကြာမှာတော့..အယ်ယက်လည်း တက်ရောက်မူအဆင့် အင်မော်တယ်ရဲ့ လက်ကနေ မလွတ်မြောက်နိုင်ဘူးဆိုတာကို အော်သံနဲ့အတူ ဖော်ပြလာခဲ့ပါတယ်..။သူ့ရဲ့ ပုံရိပ်က သူ့အနားမှာ ရှိနေခဲ့ပြီး..လူငယ်လေးရဲ့ မျက်နှာပေါ်မှာ နာကျင်မူတွေကို မြင်နေခဲ့ရတယ်..။
မကြာခင်မှာလည်း..ဆန်နီကိုဖိနိပ်ထားတဲ့ မခံမရပ်နိုင်တဲ့ ဖိအားက..ပျောက်ကွယ်သွားခဲ့ပါတယ်..။ပြီးတော့ သူက နောက်တစ်ကြိမ် အသက်ပြန်ရူနိုင်သွားခဲ့တယ်..။
အပေါ်ကို မော့ကြည့်လိုက်တဲ့ အချိန်မှာတော့ ဆိုဗန်က သူတို့ရဲ့ ရှေ့မှာ မတ်တတ်ရပ်နေတာကို မြင်လိုက်ရတယ်..။သူမရဲ့ အသားအရည်က နူးညံ့တဲ့ ပိုးချည်မျှင်လေးတွေ အတိုင်းပါပဲ..။သူမက သူတို့ကို ရှင်းမပြနိုင်လောက်တဲ့ အမူအရာနဲ့ ကြည့်နေခဲ့တယ်..။သူမရဲ့ နူးညံ့တဲ့ ဆံပင်အရှည်က လေထဲမှာ ညှင်သာစွာ ဝဲပျံနေခဲ့တာပါ..။
အထွတ်အထိပ်အဆင့် အင်မော်တယ်က ပြုံးလိုက်တဲ့ အချိန်မှာ..သူမရဲ့ အပြုံးကြောင့် ကမ္ဘာကြီးတစ်ခုလုံးတောင် ပိုမို တောက်ပလာခဲ့သလိုပါပဲ..။
“အာ..ဘဝရဲ့ စမ်းသပ်မူတွေက ပြီးသွားပြီပဲ..။ငါမင်းကို ဂုဏ်ပြုပါတယ်..ချန်ပီယံလေး..။မင်းတို့ရဲ့ ရန်သူတစ်ချို့က..နတ်ဘုရားတွေရဲ့ အကြည့်အောက်မှာ ဖြစ်တဲ့ နေ့ဘက်အချိန်မှာ မဟုတ်ပဲ..ညအမှောင်ထုထဲမှာ ဖြစ်ပေါ်ခဲ့ပေမယ့် မင်းတို့က အနိုင်ယူနိုင်ခဲ့တယ်..။မင်းက ငါ့ရဲ့ ကောင်းချီးပေးခြင်းခံရသူတစ်ယောက်ကို သတ်ခဲ့တယ်..။ကျေးဇူးပါ..ကျေးဇူးပါ..ငါ မပေးစွမ်းနိုင်တဲ့ အရာတစ်ခုကို ပေးအပ်ခဲ့တဲ့ အတွက် ကျေးဇူးတင်ပါတယ်..။မင်းတို့နှစ်ယောက်စလုံးပဲ..”
ဆန်နီဟာ..လှပတဲ့ သူတော်စင်မလေးကို အေးခဲစွာ ကြည့်နေခဲ့တယ်..။ဒီ မွန်းစတားဆန်တဲ့ နတ်ဆရာမ အပေါ်မှာ သူ့ရဲ့ အမုန်းတရားတွေ ရှိနေပေမယ့်လည်း..၊ သူမ ပေးအပ်ထားတဲ့ ဆင်းရဲဒုက္ခတွေအားလုံးရဲ့ အဆတစ်ရာလောက်အထိ ပြန်ပေးဆပ်ချင်နေပေမယ့်လည်း..သူက အကူညီမဲ့စွာနဲ့..ဒေါသတရားကို မေ့ပျောက်ထားပြီး သူမရဲ့ အလှအောက်မှာ ကျရှုံးနေခဲ့ရပါတယ်..။
ဆိုဗန် က အရမ်းကို ကြည်နူးဖို့ကောင်းပြီး..အရမ်းကို ချစ်ဖို့ကောင်းနေခဲ့တာပါ..။သူမရဲ့ မျက်လုံးတွေကလည်း သိပ်ကို တောက်ပနေခဲ့တယ်..။သူမရဲ့ အပြုံးက ဆွဲငင်အားတေွ အပြည့်ပါပဲ..။သူမရဲ့ နှုတ်ခမ်းလေးတွေကလည်း ဆွဲဆောင်နေသေးတယ်..။ဒီ အမျိုးသမီးက..ကိုးကွယ်ခံရဖို့အတွက်ကို မွေးဖွားလာခဲ့တာပါ..။သူမကို ဘေးနားမှာ ထားရှိနိုင်ဖို့ အတွက်ဆိုရင် ဘယ်လို ယောက်ျားမျိုးမဆို စစ်ခင်းဝံ့ကြမှာ အမှန်ပါပဲ..။
‘အသိစိတ်ဝင်လိုက်တော့ အရူး..။မင်းအရင်က လှပတဲ့ အရာတွေကို မမြင်ဖူးခဲ့ဘူးလား..။လှပတဲ့အရာတွေ ဆိုတာက အန္တာရာယ်အများဆုံး အရာတွေပဲ..’
ဆန်နီ သူ့နှုတ်ခမ်းသူကိုက်ရင်း အစွယ်တွေက သူ့နှုတ်ခမ်းကို ထိုးဖို့ ခွင့်ပြုပေးလိုက်တယ်..။နာကျင်မူက သူ့ကို အနည်းငယ် အသိစိတ် ပြန်ဝင်လာစေခဲ့ပါတယ်..။
သူ့ရဲ့ ဘေးနားမှာတော့ အယ်ယက်က ဆိုဗန်ကို တောက်ပတဲ့ မျက်လုံးတွေနဲ့ ကြည့်နေခဲ့တယ်..။ထူးဆန်းစွာပဲ..လူငယ်လေးက သူမရဲ့ ပြိုင်ဖက်ကင်းတဲ့ အလှတရားရဲ့ သက်ရောက်မူကို ခံရပုံ မရပါဘူး..။
ဒါက နားလည်ပေးလို့ ရနိုင်ပါတယ်..။ဘာပဲဖြစ်ဖြစ်..သူ့ရဲ့ မိသားစုတစ်ခုလုံးက..ဒီ လှပတဲ့ နတ်ဆရာမလေးရဲ့ နောက်လိုက်တွေရဲ့ သတ်ဖြတ်ခြင်းကို ခံစားခဲ့ရတာပါ..။
အဲ့အချိန်မှာပဲ ဆိုဗန်ရဲ့ လက်ထဲမှာ တစ်ခုခု ပေါ်လာခဲ့တယ်..။အဲဒီအရာက သေးငယ်တဲ့ အရာဝတ္တုလေးဖြစ်ပြီး..ဒီအရာကို မြင်လိုက်တာနဲ့ ဆန်နီရဲ့ မျက်လုံးတွေ ကျဉ်းမြောင်းသွားကာ အသက်ရူမြန်လာခဲ့ပါတယ်..။
သူတော်စင်ဟာ..သက်ပြင်းချလိုက်ပြီး..သူမရဲ့ လက်ကို ဆန့်တန်းလိုက်တယ်..။သစ်သားနဲ့ ပြုလုပ်ထားတဲ့ ရိုးရှင်းတဲ့ ဓားအကွေးလေး တစ်ချောင်းက သူမရဲ့ လက်ဝါးပေါ်မှာ ရှိနေခဲ့တာပါ..။
“..အသက်နဲ့ စမ်းသပ်ချက်တွေက ပြီးဆုံးသွားခဲ့ပြီ..။ဒီတော့ ငါ မင်းအတွက် ဒီလက်ဆောင်ကို ကမ်းလှမ်းချင်တယ်..။ပြီးတော့..မင်းရဲ့ လွတ်မြောက်မူအတွက် တိုက်ခိုက်ဖို့ အခွင့်အရေး ရလိမ့်မယ်..။ဘဝဆိုတာ အဆုံးမရှိတဲ့ တိုက်ပွဲတစ်ခု ဖြစ်တာကြောင့်..မင်းရဲ့အသက်အတွက် တိုက်ပွဲဝင်လိုက်ပါ..။မင်း လက်ခံမှာလား..ချန်ပီယံ..။မင်းတို့အနေနဲ့ ဒီသစ်သားဓားကို လက်ခံပြီး..ကိုင်စွဲထားမှာလား..။ဒါက…ဒါက ငါ မင်းတို့ကို ပေးနိုင်တာ အကုန်ပဲ..”
ဆန်နီ ရဲ့ နှလုံးခုန်သံတွေက မြန်ဆန်နေခဲ့ပါပြီ..။
‘ငါ..တော့ သေပြီ..’
အယ်ယက် သူ့ကို တစ်ချိန်က ပြောခဲ့ဖူးတဲ့..သစ်သားဓားအကြောင်း ယုံတမ်းပုံပြင်တွေက အခုချိန်မှာတော့ အမှန်တကယ်ပဲ ဖြစ်ပျက်လာခဲ့ပါပြီ..။
..ပြီးတော့ ထပ်ပြောရရင်..ဆန်နီ ဒီဓားကို ချက်ချင်း ဆိုသလိုပဲ မှတ်မိလိုက်ပါတယ်..။
သူက ဒီဓားကို တစ်ချိန်တုန်းကို ကိုင်စွဲထားဖူးပါတယ်..။အချိန်အတော် ကြာခဲ့တုန်းက….အနာဂတ် အရမ်းကွာဝေးတဲ့ အချိန်တစ်ခုမှာ…။
ဒီဓားက သူ ဆိုဗန်ကို သတ်ခဲ့တဲ့ ဓားပါပဲ..။
အပိုင်း ( ၆၂၂ ) ပြီး၏။