တက်ကြွသော စိတ်ဆန္ဒ
Vol. 42 Ch. 623
ဆန်နီဟာ သစ်သားဓားကို စိုက်ကြည့်နေခဲ့တယ်..။ဆိုဗန် သူ့ကို ရိုက်လိုက်တဲ့ နေရာကတော့ အခုထိ နာကျင်နေတုန်းပါပဲ..။အထွတ်အထိတ်အဆင့်က အရမ်းကို လျင်မြန်လွန်းတာကြောင့်..သူမ တိုက်ခိုက်လိုက်တာကို သူ့အနေနဲ့..မမြင်ရသလို ၊ ခံစားမိတာမျိုးလည်း မရှိခဲ့ပေ..။အဲတာက ကိစ္စမရှိတော့ပါဘူး..။
သူက ရင်းနှီးတဲ့ ဓားကို လေ့လာနေစဉ်အတွင်းမှာပဲ..မတူညီတဲ့ အသိပညာအပိုင်းအစလေးတွေက ရုတ်တရက် ဆိုသလို ပေါင်းစည်းသွားခဲ့တယ်..။ဒီကနေ တဆင့် အမှန်တရား တစ်ခုကို ပုံဖော်ပေးလာခဲ့ပါတယ်..။ကြေကွဲဖွယ်ဇာတ်လမ်းကို သိမြင်နိုင်ခဲ့တာကြောင့်..ဆန်နီ တုန်လှုပ်သွားခဲ့ပါပြီ..။
‘ဒါပေါ့…’
နောက်ဆုံးမှာတော့..အနီရောင် အဆောက်အဦးကြီးရဲ့ ရည်၇ွယ်ချက်က သူ့အတွက် အဓိပ္ပာယ်ရှိသွားခဲ့တယ်..။ရက်စက်တဲ့ စမ်းသပ်မူတွေ ၊ ဇွဲလုံ့လ ပြည့်ဝတဲ့ စစ်သည်တော်တွေရဲ့မှားယွင်းတဲ့ ယုံကြည်မူတွေ ၊ သူတို့ရဲ့ ကိုးကွယ်မူတွေ ၊ တိုက်ပွဲ နဲ့ သေခြင်းတရား ၊ ချန်ပီယံဖြစ်တဲ့ လူက သူတို့ရဲ့ လွတ်မြောက်မူအတွက် စိန်ခေါ်ခွင့် ရလိမ့်မယ်ဆိုတဲ့ သစ်သားဓားရဲ့ ဇာတ်လမ်းတွေ…။
သူ နောက်ပြန်ကြည့်လိုက်မယ် ဆိုရင် ဒီအရာတွေ အားလုံးက အရမ်းကို သိသာနေခဲ့တာပါ..။
မျော်လင့်ခြင်း ဘုရင့်နိုင်ငံတော်ရဲ့ အပျက်အဆီးတွေ ကြားထဲကနေ ဖြစ်ပေါ်လာခဲ့တဲ့..ထူးဆန်းတဲ့ စစ်ပွဲတွေကို ကိုးကွယ်ယုံကြည်မူဟာ.. ဂုဏ်ကျတ်သရေကို အခြေခံပြီး ဖန်တီးထားခဲ့တာပါ..။ကြီးကျယ်ခမ်းနားမူ ဆိုတာက..အမြင့်ဆုံး ကိုယ်ကျင့်တရား ဖြစ်ပြီး အမြင့်ဆုံး ဂုဏ်ကျတ်သရေ ဆိုရင်လည်း မမှားပါဘူး..။ဒီအရာကို ပိုင်ဆိုင်ဖို့အတွက် ဆိုရင် မဖြစ်နိုင်တဲ့အရာတွေကို ကျော်ဖြတ် ရုန်းကန်ပြီးမှ ရနိုင်တာပါ..။ဒါကပဲ..ဘဝရဲ့ အနှစ်သာရ ဖြစ်ပြီး..တိုက်ပွဲတွေဆိုလည်း ဟုတ်ပါတယ်..။
ဒီတော့..သူတို့က..သတ္တဝါတွေ အများကြီးကို ကျွန်ပြုထားခဲ့ပြီး..သူတို့ကိုယ်တိုင် ဒီသတ္တဝါတွေနဲ့ တိုက်ခိုက်ခဲ့ကြတယ်..။သူတို့က ကျွန်တွေနဲ့ အတူ သေဆုံးသည်အထိ တိုက်ခိုက်ခဲ့ကြတာပါ..။တိုက်ပွဲတစ်ခုချင်းစီတိုင်းမှာလည်း..အားနည်းသူက အသတ်ခံရပြီး ၊ သန်မာသက်ရှိတွေကတော့ နောက်တစ်နေ့မှာ ပိုပြီး သန်မာတဲ့ အရာတွေနဲ့ ထပ်မံတိုက်ခိုက်ရပါလိမ့်မယ်..။ဒါကတော့..အားရကျေနပ်နေကြတဲ့ ပရိတ်သတ်တွေ အားလုံးရဲ့ အကြည့်အောက်မှာပါ..။
သေဆုံးသူများက ဂုဏ်ကျတ်သရေကို လိုက်စားရင် သေဆုံးခဲ့ကြတာဖြစ်ပြီး..အနိုင်ရရှိတဲ့လူတွေကတော့..ကြီးကျယ်ခမ်းနားမူကို ရရှိဖို့အတွက် တဖြည်းဖြည်း နီးစပ်လာခဲ့ကြတာပါ..။ဒီအရာက..စစ်ပွဲကို ကိုးကွယ်ကြတဲ့ လူတွေရဲ့ ဆယ်နှစ်တစ်ကြိမ် ပြုလုပ်တဲ့ ယုံကြည်မူ ဓလေ့ထုံးတမ်း တစ်ခုဖြစ်ပြီး..သူတို့ရဲ့ ဂုဏ်ကျတ်သရေ အတွက် သွေးစွန်းခံပြီး အမည်ရေးထိုးချင်နေခဲ့တာပါ..။
..သို့ပေမယ့်..ဒီ စီစဉ်မူနဲ့ ပတ်သက်ပြီး ပြသနာတစ်ခု ရှိနေခဲ့တယ်..။အနီရောင် အဆောက်အဦးထဲက စမ်းသပ်မူတွေကို..အကျိုးမဲ့ ၊ အနှစ်မရှိ ပဲ..အဓိပ္ပာယ်ကင်းမဲ့ စေတဲ့ ကိစ္စတစ်ခု ရှိနေခဲ့ပါတယ်..။
အဲတာကတော့ ဒီအရာအားလုံးရဲ့ အဆုံးသတ်က ဘာလဲ..။
တိုက်ပွဲထဲမှာ ပါဝင်ထားကြတဲ့ လူတွေအားလုံးက သေဆုံးဖို့အတွက် သတ်မှတ်ထားပြီးသားလား..။အနိုင်ရသူ ဆိုတာ မရှိတော့ဘူးလား..။ရန်သူတွေအားလုံးကို ကျော်ဖြတ်ပြီး နောက်ဆုံးအထိ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ လူ ဒါမှမဟုတ် သတ္တဝါက ဘာဖြစ်သွားမှာလဲ..။သူတို့ရဲ့ ဂုဏ်ကျတ်သရေက ဘယ်မှာလဲ..။
အခုချိန်မှာတော့…ဆိုဗန်ရဲ့ သေဆုံးခြင်းတွေ ပါဝင်နေတဲ့ သစ်သားဓားကို ကြည့်နေရင်း..အထွတ်အထိပ်အဆင့် အင်မော်တယ်ကိုယ်တိုင် ကမ်းလှမ်းမူတစ်ခု ပြုလုပ်လာတာကို မြင်တဲ့ အချိန်မှာတော့..ဆန်နီဟာ..နောက်ဆုံးမှာ အရာအားလုံး နားလည်သွားခဲ့ပါတယ်..။
နောက်ဆုံး အနိုင်ရသူက အမှန်တကယ်ပဲ..သစ်သားဓားတစ်ချောင်းကို လက်ဆောင်ပေးခြင်း ခံရပါလိမ့်မယ်..။ပြီးတော့ သူတို့ရဲ့ လွတ်မြောက်မူ အတွက် တိုက်ခိုက်ခွင့်ရကြမှာပါ..။ဒါက ဆင်စွယ်ရောင် မြို့မှာ အယ်ယက် ကြားဖူးခဲ့တဲ့ ပုံပြင်တွေ အတိုင်းပါပဲ..။သူတို့က နောက်ဆုံး ရန်သူကို အနိုင်ယူဖို့ပဲ လိုအပ်ပါတယ်..။
အဲတာကတော့ ဆိုဗန်ကိုယ်တိုင်ကို တိုက်ခိုက်ဖို့ပါပဲ..။
အနီရောင် အဆောက်အဦး ၊ သွေးစွန်းနေတဲ့ တိုက်ပွဲကွင်းပြင် ၊ သူမ တည်ဆောက်ိထားခဲ့တဲ့ သတ်ဖြတ်မူ ဂုဏ်ကျတ်သရေ တွေ ပါဝင်နေတဲ့..ဒီငရဲကြီးတစ်ခုလုံးက ရည်ရွယ်ချက် တစ်ခုတည်းပါပဲ..။အဲတာကတော့..သူတို့ရဲ့ သူတော်စင်ကို သတ်နိုင်တဲ့..စစ်သည်တော်ကို ရှာဖွေဖို့..ဒါမှမဟုတ် ဖန်တီးဖို့အတွက်ပါ..။
ထာဝရ ရှင်သန်နေတဲ့ ဆိုဗန် …မရှုံးမရှိတဲ့ ဆိုဗန်က..သေဆုံးချင်နေခဲ့ပါပြီ..။ဒီအိပ်မက်ဆိုးရဲ့ ရူးသွပ်မူကတော့..နှစ်တစ်ထောင်လောက်ကြာအောင် အသက်ရှင်သန်နေခဲ့တဲ့ လှပတဲ့ နတ်ဆရာမဟာ..မျှော်လင့်ချက်ကို စောင့်ကြပ်နေရတဲ့ အဆုံးမရှိတဲ့ တာဝန်ကနေ လွတ်မြောက်ချင်တဲ့ စိတ်ဆန္ဒတွေ ဖြစ်ပေါ်နေခဲ့တာပါ..။
..သို့ပေမယ့် ဆိုဗန်က ဒီတိုင်း မသေဆုံးချင်ခဲ့ပေ..။သူမက ခမ်းနားတဲ့ သေခြင်းတရား ၊ စစ်မှန်တဲ့ စစ်ပွဲရဲ့ ကျေးကျွန်တစ်ယောက်နဲ့ ထိုက်တန်စွာ သေဆုံးချင်နေခဲ့တာပါ..။ဒါမှမဟုတ် သူမက ဒီတိုင်း လက်လျော့လိုက်ချင်တဲ့ ပုံစံမရှိပါဘူး..။ရုန်းကန်မူမရှိပဲ လက်လျော့လိုက်တယ်ဆိုတာက..သူမရဲ့ ယုံကြည်မူ ၊ သူမရဲ့ နတ်ဘုရားနဲ့..သူမရဲ့ ခံယူချက်တွေအတွက်တော့..အကုသိုလ် အပြစ်တစ်ခု လိုပါပဲ.။
ဒီတော့ အထွတ်အထိပ်အဆင့် အလှပဂေးလေးဟာ..သူမ အမှန်တကယ် ရှုံးနိမ့်သွားတဲ့ အချိန်ကြမှသာ..သေဆုံးချင်နေခဲ့ပါတယ်..။သူမရဲ့ အနက်ရှိုင်းဆုံး စိတ်ဆန္ဒတစ်ခု..။
မရေရာတဲ့ သံသယတစ်ချို့ကို ခံစားလိုက်ရတာကြောင့် ဆန်နီ မျက်မှောင်ကျုတ်လိုက်မိတယ်..။သူ့ရဲ့ အကြောင်းအကျိုး ဆက်စပ်မူနဲ့ အမြင်အာရုံတွေက မှန်ကန်တယ်ဆိုတာကို သူသေချာသိပါတယ်..။သို့ပေမယ့် တစ်ချိန်တည်းမှာပဲ..ဒီနေရာနဲ့ပတ်သက်ပြီး တစ်ခုခု ရှိနေသေးတာကို ခံစားလိုက်ရတယ်..။တစ်ခုခုကတော့ အဓိပ္ပာယ် မရှိပါဘူး..။သူက ဘယ်အရာလဲဆိုတာကိုသာ မပြောနိင်တာပါ..။
ပြီးတော့..အဲဒီအတွက် တွေးဖို့အချိန်လည်း မရှိပေ..။
ဆိုဗန်ကတော့..သူတို့ကို သစ်သားဓားနဲ့ သူတို့ရဲ့ အသက်ကို ကယ်တင်ဖို့အတွက် ကမ်းလှမ်းနေတုန်းပါပဲ..။သူတို့ လုပ်ဖို့လိုအပ်တာဆိုလို့ ဒီဓားကို ယူလိုက်ပြီး အနိုင်ယူလိုက်ဖို့ပါ..။
သို့ပေမယ့် သူ အရူးလုပ် မခံနိုင်ပေ..။
ဒီ ကမ်းလှမ်းမူက ဆုလာဒ်တစ်ခုလို့ ထင်ရနိုင်ပေမယ့် အမှန်တကယ်တော့ သေဒဏ်ချမှတ်လိုက်သလိုပါပဲ..။သေချာတာကတော့..ဒီဓားထဲမှာ သေခြင်းတရားတွေ ပါဝင်နေပါတယ်..။ဆိုဗန်ရဲ့ သေဆုံးခြင်း ..။ပြီးတော့ ဒီဓားက သူမကို တစ်ချက်တည်းနဲ့တင် သတ်နိုင်မှာပါ..။ဒီအချိန်မှာတော့..ဒီလိုဓားမျိုးက ခုနျစ်ချောင်းရှိတယ်ဆိုတာကို ဆန်နီ သေချာသွားခဲ့တယ်..။တစ်ကြိမ်စီတိုင်းမှာ ဒီဓားတွေက..အလင်းနတ်ဘုရား ဖန်တီးထားတဲ့ အင်မော်တယ်တွေထဲက တစ်ယောက်ကို သတ်နိုင်မှာပါ..။အခုအချိန်မှာတော့ ဒီသစ်သားဓားက..ဆိုဗန်ကို သတ်ဖို့အတွက် ရည်ရွယ်ထားခဲ့တာပါ..။
သို့ပေမယ့် ဒီဓားကို ယူလိုက်တာက သူတို့ရဲ့ ပျက်စီးကိန်းကို လက်ခံလိုက်သလိုပါပဲ..။
သစ်သားဓားပဲဖြစ်ဖြစ်..ဘာပဲဖြစ်ဖြစ်..လှပတဲ့ နတ်ဆရာမလေးက..အထွတ်အထိပ်အဆင့် တစ်ယောက်ပါ..။နှစ်ပေါင်းတစ်ထောင်လောက် တိုက်ပွဲအတွေ့အကြုံတွေရှိခဲ့တဲ့..စစ်ပွဲရဲ့ အစေခံတစ်ယောက် ဆိုရင်လညး် ဟုတ်ပါတယ်..။မရေမတွက် နိုင်တဲ့ တိုက်ပွဲတွေကို တိုက်ခိုက်လာခဲ့တဲ့ ရှေးခေတ် စစ်သည်တော်တစ်ယောက်..။ပြီးတော့ သူမက ရှုံးနိမ့်ချင်နေတယ် ဆိုရင်တော့ သူမက ဒီတိုက်ပွဲကို ပြီးစလွယ် တိုက်ခိုက်မှာ မဟုတ်ပါဘူး..။သူမရဲ့ ခွန်အားအကုန်နဲ့ မတိုက်ခိုက်ပဲ..လက်လျော့လိုက်တယ်ဆိုတာက ဆိုဗန်ရဲ့ ခံယူချက်နဲ့ လုံးဝကို ဆန့်ကျင်နေခဲ့ပါတယ်..။
သူမကို ဆန့်ကျင်ပြီး တိုက်ခိုက်တယ်ဆိုတာက..ကိုယ့်ကိုကို သတ်သေတာပါပဲ..။
သူ့ဘေးနားမှာရှိနေတဲ့ အယ်ယက်ကတော့..အန္တရာယ်များလောက်အောင် မျက်လုံးတွေ ပြူးကျယ်နေခဲ့တယ်..။
သူ့ ပါတနာရဲ့ အနေအထားက အနည်းငယ် လှုပ်ရှားသွားတာကြောင့်..ဆန်နီ သူ့ကို လှည့်ကြည့်လိုက်ပါတယ်..။
‘ဘာလဲ..ဒီအရူးက ဘာလုပ်ဖို့ ကြိုးစားနေတာလဲ..’
လူငယ်လေးဟာ..အံကိုကြိတ်ထားရင်း ဖြည်းညှင်းစွာ မတ်တတ်ထရပ်လိုက်တယ်..။သူ့ရဲ့ ညစ်ပတ်နေတဲ့ ဝတ်ရုံကတော့..တစ်ချိန်က ရှိခဲ့တဲ့ အဖြူရောင် အဖြစ်ကနေ ပျောက်ဆုံးနေခဲ့တာ ကြာပါပြီ..။အခုချိန်မှာတော့..ကြွက်စုပ်တစ်ကောင်လို ဖြစ်နေခဲ့တယ်..။ဒါတောင်မှ တက်ရောက်မူအဆင့် လူငယ်လေးရဲ့ မျက်လုံးတွေက စိတ်ဓာတ်ပြတ်သားမူတွေ နဲ့အတူ..တောက်ပနေခဲ့ပါတယ်..။
‘မင်းဘာလုပ်နေတာလဲ..။မယူလိုက်နဲ့…မင်း အရူးပဲ..’
သူ့ရဲ့ လည်ချောင်းက နာကျင်နေပေမယ့် ဆန်နီဟာ..ကျယ်လောင်စွာ ဟစ်အော်နေခဲ့တယ်..။အယ်ယက်ကို သူ့ရဲ့ လုပ်ရပ်က ဘယ်လောက်အထိတောင် အန္တရာယ်များလဲ ဆိုတာကို သတိပေးချင်နေခဲ့တာပါ..။သို့ပေမယ့်..သူ ပြောနေတာတွေကို ဘာတစ်ခုမှ မကြားနိုင်ခဲ့ပါဘူး..။
‘ချီးပဲ…ချီးပဲ…ဘာလို့လဲ…ငါက ဘာလို့ စကားမပြောနိုင်ရတာလဲ..’
အိပ်မက်ဆိုးထဲကို ဝင်လာပြီးကတည်းက ပထမဆုံးအကြိမ်အဖြစ်..ဆန်နီဟာ သေလောက်အောင် စကားပြောချင်နေခဲ့ပါတယ်..။သို့ပေမယ့် သူ မပြောနိုင်ခဲ့ပေ..။နတ်မိစ္ဆာရဲ့ ခန္တာကိုယ်က..သူ့ကို လူတွေနဲ့ စကားပြောဆိုလို့ မရအောင် ဟန့်တားထားခဲ့ပါတယ်..။
သူက ထိပ်လန့်စွာ မတ်တတ်ထရပ်လိုက်ပြီး..ဒီအရူးက..သေစေလောက်တဲ့ အမှားကို မလုပ်နိုင်ခင်မှာ လူငယ်လေးကို ဆုပ်ကိုင်ထားဖို့ လုပ်လိုက်တယ်..။သို့ပေမယ့် ဆိုဗန်က ပေးထားတဲ့ ဖိအားက သူ့အပေါ်ကို ပြန်ရောက်လာခဲ့ပြီး..လက်လေးချောင်းပါဝင်တဲ့ သတ္တဝါကြီးကို..အေးခဲသွားစေခဲ့တယ်..။သူ ညဉ်းညူလိုက်ပေမယ့်..ရုတ်တရက် ဆိုသလိုပဲ လှုပ်ရှားလို့ မရတော့ပါဘူး..။ပြီးတော့..သူ့ရဲ့ ဦးခေါင်းကို မော့ကြည့်ဖို့အတွက်တောင် အတော်လေး ရုန်းကန်နေခဲ့ရပါတယ်..။
အပိုင်း ( ၆၂၃ ) ပြီး၏။