နေ့ရက် အသစ်..
Vol. 42 Ch. 624
အယ်ယက်ဟာ..တစ်ခနလောက် တိတ်ဆိတ်နေပြီးကာမှ..ဆန်နီကို ဝမ်းနည်းတဲ့ အပြုံးနဲ့ ပြုံးပြလိုက်ပါတယ်..။
“ဒါက..ဒါက အဆင်ပြေပါတယ်..နတ်မိစ္ဆာ..။ကျေးဇူးတင်ပါတယ်...ဒီလောက်အထိရောက်လာနိုင်အောင် ကူညီပေးခဲ့တဲ့ အတွက် ကျေးဇူးတင်ပါတယ်..။ဒါက ငါတို့ရဲ့ အခွင့်အရေးပဲ..။ဒီအတွက်ကြောင့်ပဲ..ငါတို့တစ်ချိန်လုံး တိုက်ခိုက်နေကြတာ မဟုတ်ဘူးလား..။ငါ့အမေ ငါ့ကိုပြောခဲ့တဲ့ ပုံပြင်တွေအားလုံးက အမှန်တွေချည်းပဲ..။ငါတို့နှစ်ယောက်စလုံး လွတ်မြော်ကအောင် ငါကြိုးစားပေးမယ်..။မင်း တွေ့ရမှာပါ..။အလင်း အရှင်သခင်က ငါ့ကို လမ်းပြပေးလိမ့်မယ်..”
ဒီလိုပြောပြီးတာနဲ့..သူက ရှေ့ကိုတက်ပြီး ဆိုဗန်ရဲ့ လက်ထဲက ဓားကို ယူလိုက်ပါတယ်..။သူ့ရဲ့ လက်ချောင်းတွေကတော့..ဓားရဲ့လက်ကိုင်ကို ကိုင်ထားခဲ့တယ်..။
နတ်ဆရာမ ဟာ..တောက်ပစွာပြုံးပြီး..နောက်ကိုခြေတစ်လှမ်းဆုတ်လိုက်တယ်..။သူမရဲ့ လှပတဲ့ မျက်လုံးတွေက..ပျော်ရွှင်စွာတောက်ပနေခဲ့ပါတယ်..။သေအံ့ဆဲဆဲဖြစ်နေတဲ့ အမှောင်ထုထဲမှာ..သူမရဲ့ အသံက မျှော်လင့်ချက်တွေအပြည့်နဲ့ ပေါ်ထွက်လာခဲ့တယ်..။
“ရဲရင့်လိုက်စမ်းပါ..ကောင်လေး..။နတ်ဘုရားတွေက စောင့်ကြည့်နေကြတယ်..”
ဆန်နီဟာ..သူ့ကို မြေကြီးနဲ့ ဖိနိပ်ထားတဲ့ အားကို ပြင်းပြင်းထန်ထန် ရုန်းကန်ဖို့ ကြိုးစားလိုက်တယ်..။သို့ပေမယ့် အသုံးမဝင်ခဲ့ပါဘူး..။သူ့ရဲ့ ပါးစပ်ကနေ အော်ဟစ်သံ ထွက်ပေါ်လာခဲ့တယ်..။
ခြေလှမ်းအနည်းငယ်အကွာမှာတော့..အယ်ယက်ဟာ..အထွတ်အထိပ်အဆင့် အလှအပလေးရဲ့ မျက်လုံးထဲကို တည်ငြိမ်စွာပဲ ကြည်နေခဲ့ပါတယ်..။ပြီးတဲ့နောက်မှာတော့ တိုက်ပွဲအတွက် ကိုယ်နေဟန်ထားကို ပြင်ဆင်လိုက်တယ်..။ဘာပဲဖြစ်ဖြစ်..သူ ဘာလုပ်နေတာလဲ ဆိုတာကို သူ ကျိန်းသေသိထားပြီးသားပါ..။လူငယ်လေးက ဆန်နီ ဒီအသက်အရွယ်တုန်းကလောက်ကို ပါရမီကောင်းတဲ့ တိုက်ခိုက်ရေးသမားဖြစ်ပြီး..ပိုကောင်းရင်တောင် ကောင်းနိုင်ပါတယ်..။
တိုက်ပွဲကွင်းပြင်မှာ နှစ်လလောက်တိုက်ခိုက်ခဲ့တာကလည်း..သူ့ကို အတွေ့အကြုံတွေ အများကြီး ပေးအပ်ခဲ့တယ်..။ဒါက တစ်ဘဝလုံးစုဆောင်းခဲ့ရတဲ့ အတွေ့အကြုံတွေထက်တောင် ပိုများနိုင်ပြီး..ဆန်နီ မေ့ပျောက်ကုန်းမြေပေါ်မှာ ရရှိခဲ့တဲ့ အတွေ့အကြုံတွေထက်တောင် ပိုများနိုင်ပါတယ်..။
‘မဟုတ်ဘူး..ဒါက မလုံလောက်ဘူး..’
ဒါပေမဲ့..တကယ်လို့…တကယ်လို့..အယ်ယက်က အနိုင်ရဖို့ အခွင့်အရေးရှိနေခဲ့ရင်ရော..။ဆန်နီကိုယ်တိုင်က မဖြစ်နိုင်လောက်တဲ့ အရာတွေအားလုံးကို ဆန့်ကျင်ပြီး အောင်မြင်ခဲ့တာတွေ ရှိခဲ့ဖူးပါတယ်..။ပြီးတော့ တစ်ခြားလူတွေ ဒီလိုလုပ်တာကိုလည်း..မြင်ဖူးခဲ့ပြီးသားပါ..။
အဆိုးဝါးဆုံးအခြေအနေတွေ တောင်မှပဲ..မျှော်လင့်ချက်ဆိုတာက အမြဲတမ်းရှိပါတယ်..။ဒါက ငရဲလိုကြောက်မက်ဖွယ်ကောင်းတဲ့ မေ့ပျောက်ကုန်းမြေမှာ သူ သင်ယူခဲ့ရတဲ့ သင်ခန်းစာ တစ်ခုပါပဲ..။နောက်ပိုင်းက ဒီ သင်ခန်းစာကို..ညဘုရားကျောင်းမှာ ဆက်လက် သင်ယူခဲ့ရတာပါ..။
..သံသယဖြစ်နေတာတွေ ၊ တွေဝေတာတွေ လုံးဝရှိမနေခဲ့ပဲ..အယ်ယက်ဟာ..သူ့ရဲ့ ဝိဉာဉ်အဆီအနှစ်တွေကို စတင်ပြီး စီးဆင်းစေလိုက်တယ်..။ပြီးတာနဲ့..နိုးထသူ အနည်းငယ်လောက်သာ..ရရှိနိုင်တဲ့ အမြန်နှုန်းနဲ့ ရှေ့ကို ထိုးတက်သွားခဲ့ပါတယ်..။သူ့ရဲ့လက်တွေက လေထဲမှာ ပျံသန်းနေခဲ့ပြီး..ဝေးဝါးပြီး မမြင်ရသလောက် နီးပါးကို ဖြစ်နေခဲ့ပါသေးတယ်..။
ဒီတိုက်ခိုက်မူက..လျင်မြန်ပြီး တွက်ချက်မူတွေ ပြည့်နှက်နေခဲ့ပေမယ့်..ဒါက ပုံရိပ်ယောင် တစ်ခုသာပါပဲ..။သူ့ရဲ့ စစ်မှန်တဲ့ ရည်ရွယ်ချက်က အောက်ဘက်ကနေ တိုက်ခိုက်ဖို့ပါ..။ဒီတိုက်ခိုက်မူကို ပြီးပြည့်စုံစွာ ဝှက်ထားနိုင်ခဲ့တယ်..။လူငယ်လေးအနေနဲ့ တိုက်ခိုက်မူရဲ့ ဦးတည်ချက်ကို ရွေ့လျားမယ့်ပုံစံလုံးဝ ရှိမနေခဲ့ပါဘူး..။သူက ဒီတိုက်ကွက်ကို ဆန်နီ ဆီကနေကြည့်ပြီး သင်ယူထားခဲ့တာပါ..။
ဒါပေမဲ့ ဆန်နီတောင် ဒီအရာကို မြင်နိုင်တယ်ဆိုရင်..ဆိုဗန်လည်း မြင်နိုင်မှာ မဟုတ်ဘူးလား..။
သူ့ရဲ့ မျက်လုံးတွေ ကျဉ်းမြောင်းသွားခဲ့တယ်..။
သစ်သားဓားလေးက..အထွတ်အထိပ် သူတော်စင်ရဲ့ အသားတွေကို မထိခင် စက္ကန့်အပိုင်းအခြားလောက် အလိုမှာပဲ..အယ်ယက်ဟာ..ရုတ်တရက် တုန်ရီပြီး နှေးကွေးသွားခဲ့တယ်..။နောက်ထပ် ခြေလှမ်းအနည်းငယ် ထပ်မံလျောက်ပြီးတဲ့နောက်မှာတော့..သူက ယိမ်းယိုင်သွားပြီး..ရုတ်တရက် မြေကြီးပေါ်ကို ယိုင်ကျသွားခဲ့ပါတယ်..။
ပါးလွှာတဲ့ အနီရောင် မျဉ်းကြောင်းလေးတစ်ခုက..သူ့ရဲ့ ရင်ဘတ်ထဲမှာ ပေါ်လာခဲ့တယ်..။ပြီးတာနဲ့..သွေးအိုင်ထဲကို လဲကျသွားခဲ့ပါတယ်..။
သူ့ရဲ့ အပေါ်မှာတော့ ဆိုဗန်က ဝမ်းနည်းမူတွေ အပြည့်နဲ့ သက်ပြင်းချနေခဲ့တယ်..။သူမရဲ့ လက်ကို အောက်ချလိုက်တဲ့ အချိန်မှာတော့..ကြက်သွေးရောင် သွေးတစ်စက်က သူမရဲ့ လက်ချောင်းလေးကနေ အောက်ကို ကျလာခဲ့ပါတယ်..။သူမရဲ့ နှုတ်ခမ်းက..တုန်ရီနေခဲ့တယ်..။ပြီးတာနဲ့..တီးတိုးရေရွတ်သံတစ်ခုက..ဆန်နီရဲ့ နားထဲကို..ဝင်ရောက်လာခဲ့ပါတယ်..။
‘ဒီနေ့တော့ မဟုတ်သေးဘူး..”
သို့ပေမယ့် သူက တော့ ဒီအရာကို မကြားနိုင်တော့ပေ..။ဆန်နီက မြေပြင်ပေါ်မှာ ခံစားချက်မဲ့စွာ လဲကျနေတဲ့ အယ်ယက်ကိုသာ .. ကြည့်နေခဲ့ကြတယ်..။လူငယ်လေးရဲ့ မလှုပ်မယှက် မျက်နှာကတော့..သူ့ဘက်ကို လှည့်နေခဲ့ပါတယ်..။သူ့ရဲ့ တောက်ပနေတဲ့ အပြာရောင် မျက်လုံးတွေက..အခုချိန်ထိ ပွင့်နေတုန်းပါပဲ..။သို့ပေမယ့် အဲဒီမျက်လုံးတွေက..တစ်ချိန်ကလို တောက်ပမနေတော့ပဲ..မှေးမှိန်နေခဲ့ပါပြီ..။ဒါက ညဘက်ကောင်းကင်ရဲ့ ကျယ်ပြန့်တဲ့ အမှောင်ထုကို..အလင်းပြန်နေသလိုတောင် ဖြစ်နေခဲ့တယ်..။အယ်ယက်ရဲ့ မျက်နှာကတော့ လုံးဝကို ငြိမ်းချမ်းနေခဲ့သလိုပါပဲ..။
လူငယ်လေးက နောက်ဆုံးတော့ လွတ်မြောက်သွားခဲ့ပါပြီ..။
..ဆန်နီ အော်ဟစ်လိုက်ပြီး..မတ်တတ်ထရပ်ဖို့အတွက် ဒေါသတကြီး ရုန်းကန်လိုက်တယ်..။သို့ပေမယ့် သူပြန်ရလိုက်တာက သူ့ရဲ့ ခန္တာကိုယ်က ပိုမို ဒဏ်ရာ ရသွားတာပါပဲ..။အဲဒီနာကျင်မူတွေကို ဂရုမစိုက်တော့ပဲ..သူက သူ့ကို ချုပ်ကိုင်ထားတဲ့ မမြင်ရတဲ့ ချိန်းတွေကိုသာ ထပ်မံတိုက်ခိုက်လိုက်ပါတယ်..။သူ့ရဲ့ ဒူးအောက်က မြေကြီးတွေတောင် လှုပ်ခတ်နေသလို ခံစားနေခဲ့ရတယ်..။
‘ငါ..ငါ သူမကို သတ်မယ်..။ငါ သူမကို အပိုင်းပိုင်း အစစ ဖြစ်အောင် လုပ်ပစ်မယ်..’
ဆိုဗန်ဟာ..အတော်ကြာအောင်..ငြိမ်သက်နေပြီးကာမှ..လူငယ်လေးရဲ့ သွေးစွန်းနေတဲ့ လက်ထဲက သစ်သားဓားကို ကောက်ကိုင်လိုက်တယ်..။
ပြီးတာနဲ့ သူမက အနားကို ကပ်လာပြီး ဆန်နီကို နက်မှောင်နေတဲ့ အမူအရာနဲ့ မေးလိုက်ပါတယ်..။
“မင်းရော ဘယ်လိုလဲ..။မင်းရော ငါ့နဲ့ တိုက်ခိုက်ချင်လား..နတ်မိစ္ဆာလေး..”
ဆန်နီ သူမကို ကြည့်ပြီး အမုန်းတရားတွေ ပြည့်နှက်စွာ အံကိုကြိတ်ထားခဲ့တယ်..။သူက..တိုက်ခိုက်ချင်တယ်…အိုး..သူ ဘယ်လိုတိုက်ခိုက်ချင်တာလဲ..။
သို့ပေမယ့်သူ တိုက်ခိုက်လို့ မရပါဘူး..။ဆိုဗန် နဲ့ တိုက်ခိုက်တာက ကိုယ့်ကိုကို သတ်သေတာနဲ့ အတူတူပါပဲ..။
ဖြည်းညှင်စွာပဲ သူ ခေါင်းခါယမ်းလိုက်တယ်..။
လှပတဲ့ နတ်ဆရာမဟာ..သက်ပြင်းချလိုက်ပါတယ်..။
“…ဒါပေါ့…။ငါက သွေးကြောင်တဲ့. အရိပ်ရဲ့ ကျေးကျွန်တစ်ယောက်ဆီကနေ ဘာများမျှော်လင့်နိုင်ဦးမှာလဲ..”
သူမရဲ့ လက်တွေက ရုတ်တရက် လှုပ်လာခဲ့တယ်..။ဆိုးဝါးတဲ့ နာကျင်မူက ဆန်နီရဲ့ ခန္တာကိုယ် တစ်ခုလုံးမှာ ပျံ့နှ့့လာခဲ့ပါတယ်..။
အောက်ကို ငုံ့ကြည့်လိုက်တဲ့အချိန်မှာတော့..ထည်ဝါတဲ့လက်တစ်ချောင်းက သူ့ရဲ့ ရင်ဘတ်ပေါ်ကို ရောက်လာနေခဲ့တယ်..။သူ့ရဲ့ ထာဝရချိန်းရဲ့ ချပ်ဝတ်တွေကတော့..အစိတ်စိတ် အမွှာမွှာကွဲကြေသွားခဲ့ပါပြီ..။
ဆိုဗန်က မျက်နှာရှုံ့မဲ့သွားခဲ့ပြီး..သူ့ရဲ့ လက်မောင်းကို ကျိုးပဲ့နေတဲ့ ရင်ဘတ်ကနေ ဆွဲဖြတ်လိုက်တယ်..။တစ်ချိန်တည်းမှာပဲ..သူ့ရဲ့ နှလုံးသားကို လွယ်ကူစွာ ဆွဲထုတ်သွားခဲ့ပါတယ်..။သူမက နှလုံးကို စိတ်ပျက်စွာ တစ်ချက်ကြည့်လိုက်ပြီး..လက်မောင်းလေးဖက်နဲ့ နတ်မိစ္ဆာကို..ကျွန်းရဲ့ အစွန်းကနေ ပစ်ချလိုက်တယ်..။
ချောက်နက်ထဲကို ပြုတ်ကျမသွားခင် သူ နောက်ဆုံးမြင်လိုက်ရတဲ့ အရာကတော့..ရှည်လျားတဲ့ မြက်ခင်းတွေထဲမှာ ရပ်နေတဲ့ လှပတဲ့ ပုံရိပ်တစ်ခုပါပဲ..။
ယင်းနောက် ဆန်နီဟာ..အမှောင်ထုရဲ့ ပွေ့ဖက်ခြင်းကို ခံလိုက်ရတယ်..။
သူ့ရဲ့ ခန္တာကိုယ်က အောက်ကို ပြုတ်ကျသွားခဲ့တာပါ..။ဒါက ပိုပိုမြန်ဆန်လာခဲ့ပြီး..အောက်ဘက်ကောင်းကင်ရဲ့ ဘာမှမရှိတဲ့ နေရာကို လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့ပါတယ်..။
မကြာခင်မှာတော့..သူက နေရောင်တောင် မကျရောက်နိုင်တဲ့ အနီရောင်ကျွန်းနဲ့ ဝေးရာ အရပ်ဆီကိုရောက်သွားခဲ့ပါပြီ..။
သူ့ရဲ့ ရင်ဘတ်ကတော့ စုတ်ပြတ်သတ်နေခဲ့တယ်..။သူ့ရဲ့ နှလုံးသားက..ပြင်းထန်စွာ ဆုပ်ဖြဲခြင်းခံခဲ့ရပြီး ဆိုးဝါးတဲ့ ဒဏ်ရာကြီးတစ်ခုအဖြစ်သာ ကျန်နေခဲ့ပါတယ်..။
..အတော်ကြာအောင် ပြုတ်ကျပြီးနောက်မှာတော့ ဆန်နီ သက်ပြင်းချလိုက်တယ်..။
ကံကောင်းချင်တော့..သူ့ရဲ့ ဒီထူးဆန်းတဲ့ ခန္တာကိုယ်က နှလုံးနှစ်ခု ရှိနေခဲ့တာပါ..။ပြီးတော့..တစ်ခြားတစ်စုံတစ်ယောက်ဆိုရင်..တစ်ခု ဆုံးရှုံးသွားတဲ့ အချိန်မှာ သွေးထွက်လွန်ပြီး သေဆုံးသွားနိုင်ပေမယ့် သူ့မှာက ဝီဗာသွေးကို ပိုင်ဆိုင်ထားခဲ့ပါတယ်..။သူ့အနေနဲ့ ဒီလို ဆိုးဝါးတဲ့ ဒဏ်ရာကို ရရှိပြီးတဲ့ အချိန်မှာတောင်..အသက်ရှင်လျက် ရှိနေနိုင်ခဲ့သေးတယ်..။
သို့ပေမယ့် ဒါက ခံစားလို့ ကောင်းနေတာမျိုးတော့ မဟုတ်ပါဘူး..။အမှန်တော့..နာကျင်မူက အတော်လေးကို ဆိုးဝါးလွန်းပါတယ်..။
သို့ပေမယ့်..ဒီအရာက သူ့ရဲ့ စိတ်ဝိဉာဉ်ထဲမှာ ခံစားနေရတဲ့ ဝေဒနာကို နည်းနည်းလေးတောင် ယှဉ်နိုင်ခြင်းမရှိပေ..။
ဆန်နီ သူ့ရဲ့ မျက်လုံးတွေကို မှိတ်ထားခဲ့တယ်..။
“ငါတောင်းပန်ပါတယ်..အယ်ယက်..။ငါ ကျရှုံးခဲ့တယ်..။ဒါပေမဲ့ စိတ်မပူပါနဲ့..။မင်းအတွက် ငါ သူမကို သတ်ပေးမှာပါ..။တစ်နေ့ကြရင်..ငါ သူမကို ထပ်ပြီး သတ်ပြမယ်..။သူမတည်ရှိခဲ့တယ် ဆိုတဲ့ မှတ်ဉာဏ်တွေ ပျောက်ကွယ်သွားတဲ့ အထိ ငါ သူမကို အကြိမ်များစွာ သတ်ပစ်မှာ..။မင်း စောင့်ကြည့်နေလိုက်..”
သူ အံကိုကြိတ်ထားရင်းနဲ့..ကောင်းက်ငဖိအား ကို ထုတ်ယူကာ..အနက်ရောင်အပ်ကလေးကို သူ့ရဲ့ အသားထဲ ထိုးထည့်လိုက်ပါတယ်..။
အနက်ရောင် တောင်ပံက သူ့ရဲ့ ပုခုံးတွေထက်မှာပေါ်လာခဲ့တယ်..။ပြီးတာနဲ့..အလျင်အမြန်ပဲ ဝေဝါးသွားခဲ့ပါတယ်..။
ဆန်နီ ရဲ့ ကျဆင်းမူက နှေးကွေးသွားခဲ့တယ်..။ပြီးတဲ့နောက်မှာတော့ ထပ်မံ နှေးကွေးသွားခဲ့ပြီး ..နောက်ဆုံးမှာ ပျံသန်းမူတစ်ခု အဖြစ် အသွင်ပြောင်းလဲသွားခဲ့ပါတယ်..။
သူက အမှောင်ထုထဲမှာ ပျံသန်းနေပြီး..အနီရောင် အဆောက်အဦးနဲ့ ပိုပိုပြီး ဝေးကွာတဲ့နေရာကို သွားနေခဲ့တယ်..။
အပေါ်ဘက်မှာတော့..အရှေ့ဘက် မိုးကုတ်စက်ဝန်းက..မှိန်မျော့ဖျော့ အလင်းရောင်အဖြစ် ပြောင်းလဲနေခဲ့ပြီး နေ့သစ်တစ်နေ့ ရောက်ရှိလာကြောင်းကို ကြေငြာနေခဲ့ပါပြီ..။
အပိုင်း ( ၆၂၄ ) ပြီး၏။