သက်သောင့်သက်သာ..ထုံထိုင်းမူ
Vol. 42 Ch. 625
နောက်ဆုံးမှာတော့ ဆန်နီဟာ..ပျံသန်းနေတဲ့ ကျွန်းတွေရဲ့ အောက်ခြေကို ပြန်မြင်လာရတဲ့ နေရာကို ပြန်ရောက်လာခဲ့ပါတယ်..။သူ ပင်ပန်းစွာနဲ့ပဲ ကျွန်းတွေထဲက တစ်ခုဆီကို ချည်းကပ်သွားခဲ့တယ်..။သို့ပေမယ့် အမှောင်ထုထဲမှာ အရိပ်တွေ ရွေ့လျားနေခဲ့တာကို ခံစားလိုက်ရတာကြောင့် အရမ်းကြီး အနားကို မကပ်တော့ပဲ ကျော်သွားခဲ့ပါတယ်..။
နောက်ထပ်တစ်ခုကတော့ ထိပ်လန့်စရာတွေ တစ်ခုမှ ရှိမနေခဲ့ပေ..။သူက ကြမ်းတမ်းတဲ့ ကျောက်တုံး မျက်နှာပြင်ရှိရာကို ပျံသန်းသွားလိုက်ပြီး..သူ့ရဲ့ လက်သည်းတွေ နဲ့ ထိုးစိုက်လိုက်ကာ..လင်းနို့တစ်ကောင်လို ကပ်တွယ်နေလိုက်ပါတယ်..။ထူးဆန်းစွာပဲ..ဆန်နီက ဒီလိုအနေအထားအတိုင်း နေဖို့အတွက် ဘာအခက်အခဲမှ ရှိမနေခဲ့ပါဘူး..။သူက ရိုးရှင်းစွာပဲ အေးစက်နေတဲ့ ကျောက်တုံးပေါ်မှာ ပြောင်းပြန်အနေအထားနေကာ..ပင်ပန်းနွမ်းနယ်မူကို ရုန်းကန်နေခဲ့ရပါတယ်..။
သူက အရင်တုန်းက အခြေအနေထက် အများကြီး ပိုအခြေအနေဆိုးဝါးနေခဲ့တယ်..။အနီရောင်အဆောက်အဦးထဲက နှစ်လကြာတိုက်ပွဲတွေက..သူ့ရဲ့ ခန္တာကိုယ်ကို ဒဏ်ရာရစေပြီး..သူ့ရဲ့ ရင်ဘတ်မှာလည်း ပြင်းထန်တဲ့ ဒဏ်ရာကြီးတစ်ခု ဖြစ်ပေါ်နေခဲ့တာပါ..။ဒါက သူ့ရဲ့ ခွန်အားနဲ့ သက်လုံပိုင်းကို လုံးဝ ကျဆင်းသွားစေပါတယ်..။
ဝီဗာသွေးရဲ့ အကူအညီရှိနေတာကြောင့်..လက်လေးချောင်းနဲ့ နတ်မိစ္ဆာဟာ..သူ့ရဲ့ နှလုံးသား တစ်ခု ထိခိုက်ဒဏ်ရာ ရသွားတာတောင် အသက်ရှင်နေနိုင်ခဲ့ပါသေးတယ်..။သို့ပေမယ့်..ဒါက သူ့အနေနဲ့ ရက်စက်တဲ့ ဒဏ်ရာတွေကနေ..အပြည့်အဝ ပြန်ကောင်းသွားပြီလို့ မဆိုလိုနိုင်ပေ..။သူ့ရဲ့ သွေးခုန်နှုန်းတွေကို ထိန်းညှိပေးနေတဲ့ နှလုံးတစ်ခု ဆုံးရှုံးသွားတာကြောင့်..ဆန်နီအနေနဲ့ ထိုင်းမှိုင်းပြီး အားနည်းနေသလို ခံစားနေခဲ့ရပါတယ်..။သူက တစ်နည်းနည်းနဲ့ ..နှလုံးအသစ်ရှာတာ..ဒါမှမဟုတ် အသစ်တစ်ခု ဖန်တီးတာမျိုး မလုပ်နိုင်ဘူးဆိုရင် ဒီခံစားချက်က ဘယ်တော့မှ ပျော်ကွယ်သွားမှာ မဟုတ်ပါဘူး..။
သူက..အရိုးထဲထိအောင် ပင်ပန်းနေခဲ့ပြီး..နာကျင်မူတွေ..လှုပ်လို့မရနိုင်မူတွေနဲ့သာ ပြည့်နှက်နေခဲ့ပါတယ်..။လွန်ခဲ့တဲ့ နှလုံးလုံးလုံး ကြောက်မက်ဖွယ်ရာ အခြေအနေတွေ ၊ လွတ်မြောက်ဖို့အတွက် ကြိုးစားခဲ့တဲ့ ဖိအားတွေကို ကျော်ဖြတ်ပြီးတဲ့နောက်မှာ..ဆန်နီဟာ..နောက်ဆုံးတော့ လုံခြုံသွားခဲ့ပါပြီ..။ပြီးတော့..သူက အတွေးတွေ ..ခံစားချက်တွေ ဘာတစ်ခုမှ ရှိမနေတော့တာကိုလည်း သိလိုက်ရတယ်..။
သူက ပျော်ရွှင်မူ ၊ စိတ်သက်သာရာရမူ ၊ ဝမ်းနည်းမူ ၊ ဒေါသထွက်မူ နဲ့ မုန်းတီးမူ တွေကို ခံစားဖို့အတွက်တောင်..လုံလောက်တဲ့ ခွန်အား မရှိတော့ပါဘူး..။
ပင်ပန်းတယ်…သူက အရမ်းပင်ပန်းနေပြီ..။
ဆန်နီ ပုန်းအောင်းနေတဲ့ ကျွန်းရဲ့အောက်ဘက်က..အနီရောင် အဆောက်အဦးနဲ့ ကောင်းကင်ချိန်းကြိုး လေးခု ဒါမှမဟုတ် ငါးခု အထိကို ပိုင်းခြားထားခဲ့ပါတယ်..။သူက စစ်ပွဲကို ယုံကြည်ကိုးကွယ်သူတွေရဲ့ ပိုင်နက်ထဲမှာပဲ ရှိနေတုန်းပါပဲ..။သို့ပေမယ့် သူတို့မှာ အတောင်ပံတွေ ရှိမနေဘူးဆိုရင် ဘယ်သူကမှ သူ့ကို ရှာတွေ့နိုင်မှာမဟုတ်ပေ..။ပြီးတော့ အရိပ်ရဲ့သားတော်ကို အရိပ်ရဲ့ ပွေ့ဖက်ထားမူ အောက်မှာ ရှာတွေ့နိုင်ဖို့ဆိုတာက လွယ်ကူတဲ့ ကိစ္စတစ်ခု မဟုတ်ပါဘူး..။
သို့ပေမယ့်..ဘယ်သူကမှ ရှာဖွေနေကြမှာမဟုတ်ပေ..။ဘာပဲဖြစ်ဖြစ်..အားလုံးက သူ့ကို သေသွားပြီလို့ပဲ ထင်နေကြမှာပါ..။
ဆန်နီဟာ..ထာဝရချိန်းရဲ့ ပျက်ဆီးနေတဲ့ ချပ်ဝတ်တွေကို ကြည့်ပြီး..ပြန်လည်ပြင်ဆင်နိုင်ဖို့အတွက် ရုတ်သိမ်းလိုက်ပါတယ်..။ပြီးတာနဲ့ မြေအောက်ကမ္ဘာရဲ့ ဝတ်ရုံတော်ကို ထုတ်ယူလိုက်ပြီး..မဟူရာ သတ္တုကို သူ့ရဲ့ ရင်ဘတ် ဝန်းကျင်မှာ ဝတ်ဆင်ထားလိုက်တယ်..။
အနက်ရောင် အကာအကွယ်က သူ့ရဲ့ နာကျင်နေတဲ့ ခန္တာကိုယ်ပေါ်ကို ရောက်လာတဲ့အချိန်မှာ အနည်းငယ် သက်သာသွားသလိုပါပဲ..။အစစ်အမှန်ကမ္ဘာက လူတွေက လူ့ကို ဒီနေရာမှာ..စောင့်ကြည့်နိုင်ကြမှာ မဟုတ်ဘူးဆိုတာကို ဆန်နီ သိထားပြီးသားပါ..။တကယ်လို့ သူတို့ မြင်နိုင်ကြတယ်ဆိုရင်တောင် သူက ထပ်ပြီး ဂရုမစိုက်နိုင်တော့ပေ..။သူက ဒီတိုင်း လုံခြုံမူကိုပဲ..ဦးစားပေးဖို့လိုအပ်ပါတယ်..။
ကြောက်မက်ဖွယ် ဝတ်ရုံက သူ့ရဲ့ ဒဏ်ရာတွေကို ဖုံးကွယ်ပြီးသွားတဲ့ အချိန်မှာတော့..ဆန်နီဟာ..ပင်ပန်းစွာပဲ မျက်လုံးတွေကို မှိတ်လိုက်တယ်..။ပြီးတာနဲ့..ဘာမှမရှိတဲ့ အရာဆီကို နက်ရှိုင်းစွာ အိပ်မောကျသွားခဲ့ပါတယ်..။
….
ရေဆာမူ နဲ့…နာကျင်မူ..။
ဒီအရာကတော့ သူ ဘယ်သူလဲ…၊ ဘာလဲ..နဲ့..ဘယ်ကို ရောက်နေတာလဲ ဆိုတာကို ဖြည်းဖြည်းချင်း မမှတ်မိလာခင်မှာ ဆန်နီ ခံစားလိုက်ရတဲ့ ခံစားချက်တွေပါ..။
..သူက ငရဲမှာရောက်နေတာပေါ့..။ဘယ်နေရာ ဖြစ်ရဦးမှာလဲ..။
‘ငါ အိပ်ပျော်သွားခဲ့တာပဲ..’
သူ မျက်လုံးတွေကို ဖွင့်လိုက်တဲ့အချိန်မှာ..ကြမ်းတမ်းတဲ့ကျောက်တုံး မျက်နှာပြင်က သူ့ရှေ့မှာ ရှိနေတာကို တွေ့လိုက်ရတယ်..။ဆန်နီက ကျွန်းရဲ့အောက်ဘက်မှာ တွဲလောင်း အနေအထားနဲ့ ရှိနေတုန်းပါပဲ..။သူ့ရဲ့ လက်သည်းတွေက ကျောက်သားထဲမှာ နစ်ဝင်နေပြီး..သံငုတ်တစ်လို ကပ်ငြိနေခဲံတယ်..။
တစ်နည်းအားဖြင့်တော့ သူက ပိုကောင်းလာတာကို ခံစားမိပါတယ်..။သူ့ရဲ့ ခန္တာကိုယ်မှာ နာကျင်မူတွေ ရှိနေတုန်းဆိုပေမယ့်..အရင်ကထက် စာရင်တော့ အများကြီး ပိုကောင်းလာပါပြီ..။သူ့ ဒဏ်ရာတွေရဲ့ အခြေအနေကို ကြည့်ရသလောက်တော့ သူက ရက်အတော်ကြာအောင် အိပ်နေခဲ့တဲ့ ပုံပါပဲ..။
သူက ရေဆာနေခဲ့တာ အံ့ဩစရာ မရှိတော့ဘူး..။
ဆန်နီ အနည်းငယ် လှုပ်ရှားလိုက်ပြီး..လက်တစ်ဖက်ကို လွှတ်လိုက်တယ်..။ပြီးတာနဲ့ အဆုံးမရှိတဲ့ စမ်းချောင်းကို ထုတ်ယူပြီး..အကြိမ်ရေ အနည်းငယ်သောက်လိုက်ပါတယ်..။ပြီးတာနဲ့ သူခေါင်းကို လှည့်ပြီး အမှောင်ထုထဲကို စိုက်ကြည့်နေခဲ့တယ်..။
သူ့ရဲ့ ခန္တာကိုယ်က ပြန်လည်ကောင်းမွန်လာနေဆဲဖြစ်ပေမယ့်..သူ့ရဲ့ စိတ်ကတော့..ဘာမှမရှိပဲ ဖြစ်နေတုန်းပါပဲ..။သူက တစ်ခုခုကို ခံစားဖို့အတွက်တောင် အတော်လေး ပင်ပန်းနေခဲ့တယ်..။ကျန်ရှိနေသေးတာ ဆိုလို့..အေးစက်နေတဲ့ ဆင်ခြင်တုံတရားပါပဲ..။သို့ပေမယ့် အဲဒီလို စဉ်းစားဆင်ခြင်ဖို့အတွက်တောင်..ပင်ပန်းနေသလို ခံစားနေရပါတယ်...။သူက စိတ်ဝင်စားမူတွေ ၊ လိုအင်ဆန္ဒတွေ တစ်ခုမှ ရှိမနေခဲ့ပေ..။
အခုချိန်မှာ သူက ဘယ်ရာကိုပဲဖြစ်ဖြစ်..ဘယ်သူ့ကိုပဲ ဖြစ်ဖြစ်..လုံးဝကို ဂရုမစိုက်တော့ပါဘူး..။သူက တစ်ခုခုကို ဂရုစိုက်မယ်ဆိုတဲ့ အတွေးလေးနဲ့တင်..ပင်ပန်းစေပါတယ်..။
အတော်ကြာပြီးတဲ့နောက်မှာတော့..ဆန်နီ သက်ပြင်းချလိုက်တယ်..။
‘ငါ ဘာလုပ်သင့်လဲ..’
အရာအားလုံး ဖြစ်ပျက်ပြီးသွားခဲ့ပေမယ့်..သူ့ရဲ့ ပန်းတိုင်ကတော့ အတော်လေးကို ရိုးရှင်းပြီး ဖြောင့်မတ်ပါတယ်..။သူက မျှော်လင့်ချက် နိုင်ငံတော်တစ်ခုလုံးကို ဖြတ်သွားပြီး..သူတို့အဖွဲ့ပြန်ဆုံဖို့ လုပ်ထားကြတဲ့..သံလက်ဝါးကျွန်းကို သွားမှာပါ..။တကယ်လို့ တစ်ခြားလူတွေ အသက်ရှင်သေးပြီး..အတူတူ ပြန်ပေါင်းစည်းသွားတဲ့ အချိန်ကြရင် ဘာလုပ်ရမလဲဆိုတာကို ကျိန်းသေသိကြမှာပါ..။
ဆန်နီဟာ..ဒီ အန္တရာယ်များတဲ့ ခရီးလမ်းကို သွားဖို့အတွက် စိတ်အားထက်သန်မူ မရှိပေမယ့်..သူ သွားမှရမယ် ဆိုတာကို သိထားပါတယ်..။ဒါက တကယ်ကို ရိုးရှင်းတဲ့ လုပ်ငန်းတစ်ခုပါပဲ..။အနည်းဆုံးတော့ သူ့ရဲ့ လက်ရှိအခြေအနေမှာပါ..။သူက နားလည်ရခက်ပြီး..ရှုပ်ထွေးတဲ့ အရာမျိုးတွေကိုလည်း မတွေးချင်တော့ပေ..။
သူ လုပ်ဖို့လိုအပ်တာဆိုလို့..အရှေ့တောင်ဘက်ကို သွားပြီး..မြောက်ဘက်ကို ကွေ့လိုက်ဖို့ပါပဲ..။ချိန်းကျွန်းစုရဲ့ အရှေ့ဘက်အစွန်းကို ရောက်ပြီဆိုရင်တော့…သူ့ရဲ့အခြေအနေတွေက ပိုပြီးကောင်းမွန်လာလောက် မှာပါ..။
သို့ပေမယ့် သွားရမယ့် လမ်းက လွယ်ကူနေမှာတော့ မဟုတ်ပေ..။
ဆန်နီက စစ်ဘီလူးတွေရဲ့ ကျယ်ပြန့်တဲ့ နယ်နိမိတ်အတွင်းမှာ ပုန်းကွယ်ပြီး သွားရမှာပါ..။ပြီးတာနဲ့ အယ်ဖီနဲ့ ကိုင်တို့ကို ကြိုခဲ့တဲ့ လမ်းကို ရှာဖွေပြီး နိုတစ်ရဲ့ မြင့်မြတ်နယ်မြေဆီကို ပြန်သွားရပါလိမ့်မယ်..။
ဒီဘက်ခေတ်မှာ..အရှေ့ဘက်ပိုင်း နယ်မြေတွေကို ဘယ်သူက အုပ်ချုပ်နေခဲ့တာလဲ ဆိုတာက သိပ်ပြီး မရှင်းလင်းသေးပေ..။ဒါမှမဟုတ်..အနာဂတ်မှာဖြစ်နေတဲ့ အတိုင်း အဲဒီနေရာကို အိပ်မက်ဆိုးသားရဲတွေက ကျတ်စားနေကြတာ ဖြစ်နိုင်ပါတယ်..။
သူ မျက်နှာ ရှုံ့မဲ့ပြီး ခနလောက် ငြိမ်သက်နေခဲ့တယ်..။ပြီးတဲ့နောက်မှာတော့..တပ်မက်ခြင်း သေတ္တာကို ထုတ်ဖော်လိုက်ပါတယ်..။
သေတ္တာက အောက်ဘက်ကောင်းကင်ထဲကို ပြုတ်ကျမသွားခင်မှာ ပဲ သူ ဖမ်းထားလိုက်တယ်..။ဆန်နီ နောက်ထပ် လက်တစ်ဖက်ကို လွတ်လိုက်ပြီး..ဆီသွပ်ဗူးတွေကို လက်နဲ့ အပြည့်ထုတ်ယူလိုက်ပါတယ်..။ပြီးတာနဲ့ သေတ္တာကို ပြန်သိမ်းလိုက်တယ်..။သူ့ရဲ့ ခွန်အားတွေကို ပြန်ရဖို့အတွက်ဆို ဒီအရသာ မရှိတဲ့ အစားအသောက်တွေကိုလည်း စားရမှာပါပဲ..။သူက အချက်အလက်တွေကို ဖော်ထုတ်လိုက်ပြီး..လတွေအများကြီး ကြာပြီးတဲ့အချိန်မှ နောက်ဆုံးမှာ လှမ်းကြည့်လိုက်ပါတယ်..။
အမည် - ဆန်းလပ်စ်..
အဆင့် - နိုးထသူ
အမျိုးအစား - နတ်မိစ္ဆာ
အရိပ် အမြုတေ - [ 3 / 7 ]
အရိပ် အပိုင်းအစ - ….
သူ့ မျက်လုံးတွေ ပြူးကျယ်သွားခဲ့တယ်…။
‘ဘာလဲ..’
သို့ပေမယ့်..သူ မှားကြည့်မိတာ မဟုတ်ပါဘူး..။အချက်အလက်မှာ ရေးထားတာက…
အရိပ်အပိုင်းအစ - [ 2223 / 3000 ]
ဆန်နီဟာ..နံပါတ်တွေကို စိုက်ကြည့်ပြီး ခေါင်းကို မော့ကာ ရယ်မောဖို့ ကြိုးစားလိုက်တယ်..။သို့ပေမယ့် အဲဒီအစား..ကြောက်စရာကောင်းတဲ့ အသံကြီးတွေသာ ထွက်ပေါ်လာခဲ့ပါတယ်..။သူ့ရဲ့ လည်ချောင်းတွေက..နာကျင်ပြီး တုန်ခါနေခဲ့ပေမယ့် သူက ဒါကို လျစ်လျူရူလိုက်ပြီး..သွားတွေ ပေါ်သည်အထိ ပြုံးလိုက်တယ်..။
အိပ်မက်ဆိုးထဲကို ဝင်ရောက်လာတဲ့ အချိန်တုန်းက..ဆန်နီမှာ..အပိုင်းအစ..သုံးရာအောက်ပဲ ရှိနေခဲ့တာပါ..။ဒါက..သူ့အနေနဲ့ အနီရောင် အဆောက်အဦးထဲမှာ..အပိုင်းအစ နှစ်ထောင်နီးပါးလောက် စုဆောင်းနိုင်ခဲ့တယ်လို့ ဆိုလိုတာပါပဲ..။
အမှန်တော့ သူက ဒီနှစ်လအတွင်းမှာ..လွန်ခဲ့တဲ့ နှစ်နှစ်က သတ်ဖြတ်ခဲ့တဲ့ အိပ်မက်ဆိုးသားရဲနဲ့ လူသား အရေအတွက်ထက် ပိုပြီးသတ်နိုင်ခဲ့ပါတယ်..။ဒါက..အခိုက်အတန့် ကို သယ်ဆောင်ပြီးကတည်းက သတ်လာခဲ့တဲ့ ပမာဏထက်တောင် ပိုများပါသေးတယ်..။
…ဒါက..ကြီးကျယ်ခမ်းနားမူ ရဲ့ ..တန်ကြေးများလား..
အပိုင်း ( ၆၂၅ ) ပြီး၏။