အမှောင်ထဲတွင် ပုန်းခိုခြင်း
Vol. 42 Ch. 626
ဆန်နီဟာ..အတော်ကြာအောင် ငြိမ်သက်နေပြီးကာမှ..သူ့ရဲ့ အကြည့်ကို တောက်ပနေတဲ့ အချကိအလက်ဇယားရဲ့ အစွန်းပိုင်းဆီကို ရွေ့လျားလိုက်တယ်..။မကြာခင်မှာပဲ..နစ် ရဲ့ ဖော်ပြချက်တွေက သူ့ရဲ့ရှေ့မှာ ပေါ်လာခဲ့ပါတယ်..။သူက တစ်ခနလောက်တွေဝေနေပြီးကာမှ ဖတ်လိုက်ပါတယ်..။
ဝိဉာဉ်အပိုင်းအစ - [ 2478 / 4000 ]
သူ့ နှုတ်ခမ်းက တွန့်ကွေးသွားခဲ့တယ်..။
‘ဒါပေါ့..။ဘာပဲဖြစ်ဖြစ်..သူမလည်း သူမရဲ့ ကိုယ်ပိုင်ငရဲထဲမှာ ရှိနေလောက်မှာပါ..’
သူတို့နှစ်ယောက်ရဲ့ ကြားထဲက ကွာဟမူက ပျောက်ကွယ်သွားခဲ့ပြီဆိုပေမယ့် ..အနည်းငယ်သာပါပဲ..။သူက နောက်မှ ရောက်နေတုန်းဖြစ်ပြီး..နိမ့်ကျနေတုန်းပါ..။
သို့ပေမယ့် အနည်းဆုံးတော့ သူမက အသက်ရှင်နေသေးတယ်..။ပြီးတော့..ပြန်လာနိုင်အောင် အကောင်းဆုံး ကြိုးစားတိုက်ခိုက်နေခဲ့ပါတယ်..။
တကယ်လို့ နစ်သာ..လက်လျော့ဖို့ ငြင်းဆန်နေမယ်ဆိုရင်..သူလည်း..ဇွဲမလျော့ သင့်ပါ့ဘူး..။
ဆန်နီ သက်ပြင်းချလိုက်ပြီး အကြည့်ကို လွဲလိုက်တယ်..။ပြီးတာနဲ့ မှတ်သားမူ တွေ ၊ ထပ်တူညီမူတွေ ရှိနေတဲ့ သူ့ရဲ့ အချက်အလက်တွေကို ပြန်ကြည့်လိုက်ပါတယ်..။ကြည့်ရတာတော့..မျှော်လင့်ချက်ရဲ့ မှော်စွမ်းအားတွေကသူတို့ရဲ့ ဆက်သွယ်မူကို နှောက်ယှက်ထားတဲ့ အချိန်မှာတောင်..အခိုက်အတန့်က သူ့ကို ဆုလာဒ်တွေ ပေးနေခဲ့သေးတဲ့ ပုံပါပဲ..။ဒါက အဓိပ္ပာယ်တော့ ရှိပါတယ်..။ဆန်နီက အခိုက်အတန့်နဲ့ စကားပြောလို့ မရတာနဲ့ပဲ..ဒီအရာက သူ့ရဲ့ လုပ်ရပ်တွေကို စောင့်ကြည့်မနေတော့ဘူးလို့ မဆိုလိုနိုင်ပါဘူး..။
ဘာပဲဖြစ်ဖြစ်..သူက ..သူ့ရဲ့ အိပ်မက်ဆိုးတွေထဲက တစ်ခုထဲကို ရောက်နေခဲ့တာပါ..။ဒါကလည်း..မေးခွန်းတွေ အများကြီးကို ဖြစ်ပေါ်လာစေပါတယ်..။
ဆန်နီ ဒီအကြောင်းအရာတွေကို ဂရုမစိုက်တော့ပဲ..မှတ်သားမူအသစ်တွေကို တိတ်တဆိတ် ရေတွက်နေလိုက်တယ်..။
သုံးဆယ့်ကိုး…အားလုံးပေါင်း သုံးဆယ့်ကိုးခု ရှိနေခဲ့တာပါ..။
…ဒါတောင်မှ ထောင်နဲ့ချီတဲ့ အိပ်မက်ဆိုးသားရဲတွေကို သတ်ပြီးတဲ့နောက်မှာတောင် ထပ်တူညီမူ တစ်ခုကို မရရှိခဲ့ပေ..။တစ်ကောင်တစ်လေ ရရှိမယ့် အရိပ်အယောင်တောင် မရှိခဲ့ပါဘူး.။
‘ဒါကတော့ အဓိပ္ပာယ်မရှိဘူး..လုံးဝ အဓိပ္ပာယ်မရှိဘူး..။ဘယ်လို ဟာသမျိုးလဲ..’
ကြည့်ရတာတော့..သူ့ရဲ့ ကံတရားက မှတ်သ◌ားမူတွေနဲ့ ပတ်သက်လာတဲ့အခါမှာ ကောင်းမွန်ပြီး..ထပ်တူညီမူတွေနဲ့ ပတ်သက်လာရင် အတော်လေးကို ဆိုးဝါးနေတဲ့ ပုံပါပဲ..။အနည်းဆုံးတော့ သူက လေးငါးခုလောက် ရရှိသင့်တယ်ဆိုပေမယ့်..ဘာမှ မရရှိခဲ့ပေ..။
ဆန်နီဟာ..ညိုးငယ်နေတဲ့ မျက်နှာနဲ့ အမှောင်ထဲကို အချိန်အတော်ကြာအောင် စိုက်ကြည့်နေခဲ့တယ်..။ပြီးတဲ့နောက်မှာတော့ သက်ပြင်းချလိုက်ပါတယ်..။
‘ကောင်းပြီလေ..ပြသနာမရှိပါဘူး..။ငါက အနီရောင် ဘုန်းတော်ကြီးရဲ့ ထပ်တူညီမူကို မရလိုက်တာ စိတ်မကောင်းစရာပဲ..။အဲတာဆိုရင် ငါက အရိပ်တစ်ခုလုပ်ပြီး အဲ့ခွေးသားကို နောက်တစ်ကြိမ် ပြန်သတ်နိုင်ဦးမှာ..’
သူက မှတ်သားမူအသစ်တွေကို ကြည့်ရင်း..သူတို့ရဲ့ နာမည်တွေနဲ့ ဖော်ပြချက်တွေကို စတင် ဖတ်ရူလိုက်ပါတယ်..။အနည်းငယ်လောက်သာ ကောင်းမွန်ကြပြီး..နှစ်ခုကတော့ အတော်လေးကို ကောင်းမွန်ပါတယ်..။သို့ပေမယ့်..ကျန်တဲ့အရာတွေကတော့..သူ့မှာ ရှိနေပြီးသား ဖြစ်တဲ့ လက်နက်တွေထက် ဆိုးဝါးနေခဲ့တယ်..။သူတို့ရဲ့ တစ်ခုတည်းသော အသုံးဝင်မူက..သူတော်စင်ကို ကျွေးလိုက်တာပါပဲ..။
သို့ပေမယ့် ဒီတစ်ကြိမ်မှာတော့..သူက တိတ်ဆိတ်တဲ့ နတ်မိစ္ဆာကို ဒီအရာတွေ ကျွေးဖို့အတွက် အလျင်မလိုခဲ့ပေ..။အဲဒီအစား ဆန်နီ အတော်ကြာအောင် တွေဝေနေပြီးကာမှ..အချက်အလက်တွေကို ဖယ်ရှားလိုက်ပါတယ်..။သူက ဒီမှတ်သားမူတွေအတွက် တစ်ခြား အစီအစဉ်တွေ ရှိနေပြီးသားပါ..။
သူတို့ တစ်ခုချင်းစီတိုင်းက ပြိုင်ဖက်ကင်း ရက်လုပ်မူတွေ ရှိနေခဲ့တာကြောင့်..သူ့အနေနဲ့ တန်ဖိုးရှိတဲ့ ပစ္စည်းတစ်ခု ပျက်ဆီးသွားမှာ ၊ အသုံးမဝင်ဖြစ်သွားမှာကို ပူစရာမလိုပဲ..သူ လေ့လာကာ အသုံးပြုနိုင်ပါတယ်..။သူက အခုချိန်မှာ ဝီဗာရဲ့ အပ်ကိုပါ အသုံးပြုနိုင်နေပြီ ဖြစ်တာကြောင့်..သူက လက်ချောင်းတွေ ပြတ်တောက်စရာမလိုပဲ..ပြီးပြည့်စုံစွာ ရက်လုပ်နိုင်ပါလိမ့်မယ်..။
ဆန်နီဟာ..သူ့ရဲ့ ဆုံးဖြတ်ချက််ကို ကျေနပ်သွားပြီး..နောက်ဆုံးကျန်ရှိနေတဲ့ ဆီသွပ်ဗူးကို စားသောက်လိုက်တယ်..။ပြီးတာနဲ့ အောက်ဘက်ကောင်းကင်ဆီကို ပစ်ချလိုက်ပါတယ်..။ယင်းနောက် သူ့ရဲ့ အရိပ်တွေကို အပေါ်က အခြေအနေကို ထောက်လှမ်းဖို့အတွက် လွှတ်လိုက်တယ်..။
နေလုံးကြီးက..မိုးကုတ်စက်ဝန်းရဲ့အောက်ဘက်ကို လှိမ့်ဆင်းသွားခဲ့ပြီ ဖြစ်တာကြောင့်..ညအချိန်က တဖြည်းဖြည်း နီးကပ်လာခဲ့ပါပြီ..။
ဆိုလိုတာက သူ့အနေနဲ့ မကြာခင်မှာ..လှုပ်ရှားရတော့မှာပါ..။
….
ဆန်နီဟာ..နောက်ထပ်ရက်အနည်းငယ် အတွင်းမှာ ဆန်နီဟာ..တောင်ဘက်ဆီကို ခရီးဆက်နေခဲ့တယ်..။သူက ညဘက်အချိန်ဆိုရင် ကျွန်းတွေရဲ့ အောက်ဘက် အမှောင်ထုထဲမှာ ပုန်းခိုပြီး..နေ့ဘက်ဆိုရင်တော့ ကျွန်းတွေ အပေါ်မှာ ရှိနေခဲ့ပါတယ်..။သူ့ရဲ့ ဒဏ်ရာတွေကြောင့် သူက မကြာခနဆိုသလို အနားယူ ၊ အိပ်စက်နေရတဲ့ အတွက် သူ့ရဲ့ ခရီးစဉ်ကို အတော်လေး နှေးကွေးသွားစေပါတယ်..။
ဒီရက်တွေအတွင်မှာ ဆန်နီက အံ့ဩဖို့ကောင်းတဲ့ တွေ့ရှိချက်တွေကို တွေ့ရှိခဲ့ရတယ်..။
ပထမတစ်ခုကတော့..သူ့ကို အနည်းငယ်ကျေးနပ်ပြီး အကျိုးရှိစေပါတယ်..။အဲတာကတော့..ဒီဘက်ခေတ်ရဲ့ မျှော်လင့်ချက် နိုင်ငံတော်မှက..အနာဂတ်ကာလလောက် အိပ်မက်ဆိုးသားရဲတွေ များပြားခြင်း မရှိပါဘူး..။ဒါက ကျွန်းတွေရဲ့ အမှောင်ဘက်ခြမ်းမှာ ကျတ်စားနေကြတဲ့ ကြောက်မက်ဖွယ်သတ္တဝါတွေလည်း ဒီအတိုင်းပါပဲ..။
သူတို့မရှိကြတာကြောင့် ကျွန်းတွေရဲ့အောက်ဘက်မှာ နေရတာက သူ့အတွက် အတော်လေးကို လွယ်ကူစေပါတယ်..။ဒါပေါ့ အမှောင်ထုထဲမှာ တစ်ချို့ မွန်းစတားတွေ ရှိနေကြတုန်းပဲ ဆိုပေမယ့်..သူ့အနေနဲ့ ရှောင်ရှားစရာလိုတဲ့အထိ အန္တရာယ် မပေးနိုင်ကြပေ..။
ပြန်ကြည့်ရရင် ဒါက အဓိပ္ပာယ်တော့ ရှိပါတယ်..။ဒီကျွန်းတွေက အခုချိန်အထိ လုံးဝ ပျက်စီးသွားခြင်း ရှိမနေသေးပါဘူး..။များပြားလှတဲ့ လူသားတွေက လှပတဲ့ ကျွန်းတွေမှာ နေထိုင်နေခဲ့ကြတယ်..။သူတို့ နဲ့ သူတို့ရဲ့ ကြိုးစားမူကြောင့်ပဲ..အိပ်မက်ဆိုးသားရဲတွေ နေထိုင်မူက အရမ်းနည်းပါးနေခဲ့တာပါ..။ဒါကြောင့်..ဆိုဗန် နဲ့ ယုံကြည်ကိုးကွယ်သူတွေ အနေနဲ့ သူတို့ရဲ့ တိုက်ပွဲစမ်းသပ်မူတွေ အတွက် လုံလောက်တဲ့ သားရဲတွေ ရရှိဖို့အတွက်..ဆယ်စုနှစ်တစ်ခုစာလောက် အမဲလိုက်ကြရတာပါ..။
ဒုတိယတွေ့ရှိချက်ကတော့..သူ့အတွက် ကံကောင်းစေတဲ့အရာမဟုတ်ပဲ..မျှော်လင့်ချက် ဘုရင့်နိုင်ငံတော်မှာ နေထိုင်ကြတဲ့ လူသားတွေနဲ့ သက်ဆိုင်နေခဲ့တယ်..။သူက စစ်ပွဲတွေကို ကိုးကွယ်ကြသူတွေရဲ့ နယ်နိမိတ်အတွင်းမှာပဲ ရှိနေခဲ့သေးတာပါ..။အဲတာကြောင့် နေ့ဘက်အချိန်မှာ သတိမထားမိပဲ..အပေါ်ကို တက်ဖို့ဆိုတာက အတော်လေးကို ခက်ခဲလှပါတယ်..။သို့ပေမယ့်..အမှောင်ဘက်ခြမ်းမှာတော့ လုံးဝကို လုံခြုံနေခဲ့တယ်..။
လူသားတွေက ကောင်းကင်ချိန်းကြိုးကနေ သွားလာကြတာ..ဒါမှမဟုတ် အောက်ဘက်ကောင်းကင်ကို ဖြတ်သန်းသွားလာနေကြတာကို သူ့အနေနဲ့ တစ်ကြိမ် ၊ နှစ်ကြိမ်မက မြင်ခဲ့ရပါတယ်..။အရိပ်တွေထဲမှာနေရင်း..သဘော်ပျံ တွေက ကျယ်ပြန့်တဲ့ အမှောင်ထုထဲမှာ ရွက်လွင့်နေတာကို သူမြင်နေခဲ့ရတယ်..။တစ်ချို့က အဖြူရောင်ဖြစ်ပြီး တစ်ချို့ကတော့ အနီရောင် ခြယ်မှုန်းထားကြတာပါ..။
သဘော်နှစ်စင်း ပြင်းပြင်းထန်ထန် တိုက်ခိုက်နေတာကိုတောင် သူ မြင်တွေ့ခဲ့ရတယ်..။မြားတွေ ၊ လောင်းကျွမ်းနေတဲ့ သစ်သားအပိုင်းအစတွေက ချောက်နက်ထဲကို မိုးရွာချသလိုကို ကျဆင်းလာခဲ့တာပါ..။အဆုံးမှာတော့ အဖြူရောင် တန်ဆာဆင်ထားတဲ့ သဘော်က အနီရောင် သဘော်ကို ဖျက်ဆိးပစ်နိုင်လိုက်ပါတယ်..။သူတို့က ဒီသဘော်ကို နှစ်ပိုင်းပိုင်းကာ..ကပ္ပတိန်နဲ့ နောက်လိုက်တွေကို အောက်ဘက်ကောင်းကင်ဆီပစ်ချပြီးသေဆုံးစေခဲ့တယ်..။
ဒီ သဘော်တွေက မီးစောင့်ရှောက်သူတွေ ပြန်လည်ပြင်ဆင်ပြီး..အနက်ရောင်တာဝါကို ရောက်လာကြတဲ့ သဘော်နဲ့တစ်ထပ်တည်း ပါပဲ..။သူတို့ကတော့ အတော်လေး သေးငယ်ပြီး..နှေးကွေးကာ..ကုန်းပတ်ပေါ်မှာလည်း..ဧရာမ သစ်ပင်ကြီးတစ်ပင် ပေါက်ရောက်နေတာမျိုး မရှိပေ..။နှိုင်းယှဉ်ကြည့်ရမယ်ဆိုရင်..ဆန်နီ ရက်သတ္တပတ်ကြာအောင် နေခဲ့ရတဲ့ သဘော်က အတော်လေးပိုပြီး ရှေးကျပါတယ်..။
ဒါက မူလအစစ်အမှန် နဲ့ ပုံတူကူးထားတဲ့ အရာတွေလိုပါပဲ..။
..ဆန်နီရဲ့ တတိယမြောက် တွေ့ရှိမူက အံ့ဩသင့်စရာ အကောင်းဆုံးတောင် ဖြစ်နေလောက်မှာပါ..။
ဖိနိပ်မူက ဒီဘက်ခေတ်မှာ ရှိမနေခဲ့ပါဘူး..။ကျွန်းတွေက ပုံမှန်အတိုင်း အပေါ်တက်လိုက် အောက်ဆင်းလိုက်သာ ဖြစ်နေခဲ့တယ်..။သိုပေမယ့်..သူတို့က ဘယ်လောက်အမြင့်ကိုပဲ ရောက်သွားပါစေ..သူတို့ကို ဖိနိပ်ထားတဲ့ သေစေနိုင်တဲ့ အားသက်ရောက်မူက ရှိမနေခဲ့ပေ..။ဒါက..ထွက်ပြေးဖို့အတွက် အားနည်းတာ ဒါမှမဟုတ်..နှေးကွေးသွားတာမျိုးလည်း မရှီပေ..။
အရင်တုန်းက အမဲလိုက်ဖို့အတွက် ဆန်နီ လေ့လာဖူးခဲ့တဲ့ အိပ်မက်ဆိုးသတ္တဝါတွေက..ဒီနေရာမှာတော့ သူသိထားတာနဲ့ ကွဲပြားနေခဲ့ပါတယ်..။သူက ဒီအရာကို တိုက်ပွဲကွင်းပြင်မှာကတည်းက နားလည်သွားသလို ၊ လွတ်မြာက်ပြီးနောက်မှာလည်း အရိပ်တွေရဲ့ မျက်လုံးတွေကနေတဆင့် ကြည့်ရင်း အတည်ပြုနိုင်ခဲ့ပါတယ်..။
အခု သူသိလိုက်ရတာကတော့..ဒီနေရာမှာ ဖိနိပ်မူ ဆိုတာ ရှိမနေခဲ့ပါဘူး..။ဒါကြောင့်ပဲ အိပ်မက်ဆိုးသားရဲတွေအနေနဲ့..ဒီအရာကနေ ရှင်သန်နိုင်ဖို့အတွက် ကြိုးစားရင်း ပြောင်းလဲမူတွေ ဖြစ်ပေါ်မလာသေးပါဘူး..။သူတို့ရဲ့ ခန္တာကိုယ်တွေ နဲ့ အပြုအမူတွေက..အနာဂတ်မှာ ရှိနေသလိုမျိုး သေစေလောက်တဲ့ ဖိအားတွေကြောင့် ပြောင်းလဲနေခဲ့တာမျိုး မရှိပေ..။ဒါကြောင့်လည်း သူက ဒီသားရဲတွေကို ရင်းနှီးပြီး ထူးဆန်းနေသလို ခံစားနေခဲ့ရတာပါ..။
ဒီအသိပညာတွေနဲ့ အတူပဲ ဆန်နီက တောင်ဘက်ကို ဆက်လက်သွားနေခဲ့တယ်..။အနီရောင် အဆောက်အဦးကြီးနဲ့ သူတော်စင် ဆိုဗန်ကိုတော့..တဖြည်းဖြည်းနဲ့ နောက်မှာ ချန်ထားရစ်နိုင်ခဲ့ပါပြီ..။
အပိုင်း ( ၆၂၆ ) ပြီး၏။