← Chapters

အပ်ချောင်းအနုပညာ..

Vol. 42 Ch. 627

အပ်ချောင်းအနုပညာ..

Vol. 42 Ch. 627

ချိန်းကျွန်းစုရဲ့ မြောက်ဘက်ပိုင်းကို ရောက်ဖို့အတွက် ဆန်နီက..နှစ်ပတ်လောက် အချိန်ယူလိုက်ရတယ်..။သူက အနီရောင် အဆောက်အဦးနဲ့ ဝေးလေလေ..စစ်ဘီလူးတွေကို မတွေ့ရလေလေပါပဲ..။

ဆိုဗန် ရဲ့ စစ်ဘက်ဆိုင်ရာ အမိန့်အာဏာက..မျှော်လင့်ချက် ဘုရင့်နိုင်ငံတော်ရဲ့ အနောက်ဘက်ဒေသတွေကို နေရာယူထားခဲ့တာပါ..။နေနတ်ဘုရားရဲ့ နောက်လိုက်တွေကတော့..သူ့ရဲ့ အလယ်ဗဟိုကို ထိန်းချုပ်ထားခဲ့တယ်..။သူတို့နှစ်ဖွဲ့က..လွန်ခဲ့တဲ့ ဆယ်စုနှစ်ပေါင်းများစွာကြာအောင်..ပဋိပက္ခတွေ ဖြစ်နေခဲ့ကြတယ်..။တောင်ဘက်ပိုင်းကတော့ ပျက်စီးပြီး..လူသူကင်းမဲ့နေခဲ့ပါပြီ..။ဒါကပဲ ဆန်နီ ရဲ့ ဘဝကို အနည်းငယ် သက်သာရာရစေခဲ့ပါတယ်..။သို့ပေမယ့်..ဒါကပဲ သူ့ရဲ့ သတိထားမူတွေကို လျော့ကျသွားစေခဲ့တယ်..။

သို့ပေမယ့် သူက သတိထားနေဖို့ လိုအပ်တုန်းပါပဲ..။ဘာလို့လဲဆိုတော့..သူက လူသားတွေနဲ့ ဝေးကွာရာကို ရောက်လာတဲ့အချိန်မှာ..ပိုမိုများပြားတဲ့ ထိပ်လန့်စရာတွေက..နက်ရှိုင်းတဲ့အရိပ်တွေထဲမှာ ပုန်းကွယ်နေနိင်ပါတယ်..။

ဒီနေ့မှာတော့..ဆန်နီက ပျံသန်းနေတဲ့ ကျွန်းငယ်လေးရဲ့ အောက်ဘက်မှာနေရင်း ညအချိန်ရောက်လာမှာကို စောင့်ဆိုင်းနေခဲ့ပါတယ်..။သူက အနားယူပြီးပြီ ဖြစ်ပြီး..ဆီသွပ်ဗူးတစ်ချို့ကိုလည်း စားသုံးထားပြီးပါပြီ..။အခုချိန်မှာ သူ လုပ်ရမယ့် အရာ အများကြီး ရှိမနေခဲ့ပေ..။

လွန်ခဲ့တဲ့ ရက်သတ္တပတ်တွေတုန်းက ဖြစ်ပေါ်နေတဲ့ အကျင့်အတိုင်း..သူက မှတ်သားမူတွေထဲက တစ်ခုကို ထုတ်ယူကာ ရက်လုပ်မူတွေကို လေ့လာလိုက်ပါတယ်..။ပြီးတာနဲ့ သူက နူးညံ့သိမ်မွေ့တဲ့ ကျွန်းတွေရဲ့ လျို့ဝှက်ချက်တွေကို လေ့လာနေခဲ့တယ်..။

သူ၏ မွေးရာပါ ထိုးတွင်းသိမြင်နိုင်စွမ်းနဲ့ မတူညီတဲ့ မှတ်သားမူတွေကို တစ်ခုနဲ့ တစ်ခု နှိုင်းယှဉ်နိုင်တဲ့ စွမ်းရည်ကြောင့်..သူက မှော်စွမ်းအားတွေကို လေ့လာတဲ့အချိန်မှာ..ဖြည်းညှင်းစွာနဲ့ တိုးတက်နေခဲ့ပါတယ်..။ဒါမှမဟုတ် အနည်းဆုံးတော့ ဒီလိုမှော်ပညာ မျိုးမှာပါ..။ဝီဗာရဲ့ မှော်စွမ်းအားတွေက ထည်ဝါ ၊ ထူးဆန်းပြီး..ဆန်းကျယ်နေခဲ့တယ်..။သို့ပေမယ့် တစ်ချိန်တည်းမှာပဲ..လူသားမဆန်လောက်တဲ့အထိကို ရှုပ်ထွေးပြီး အနုစိတ်ဆန်လွန်းလှပါတယ်..။

ဆန်နီဟာ..သူ့အနေနဲ့ ဒီအခြေခံစည်းမျဉ်းတွေကို မကြာခင် နားလည်နိုင်လိမ့်မယ် ဆိုတာနဲ့ ပတ်သက်ပြီး..သံသယဖြစ်မိပါတယ်..။တကယ်လို့ သူ နားလည်နိုင်ခဲ့တယ်ဆိုရင်တောင်..သူ့ရဲ့လူသား ဦးနှောက်က ဒီလောက် ရှုပ်တွေးတဲ့ ပုံစံခွက်တွေအားလုံးကို မှတ်မိဖို့ဆိုတာ မဖြစ်နိုင်ပါဘူး..။ဒီလိုမျိုး အရာတစ်ခုကို ဖန်တီးနိုင်ဖို့ ဆိုတာကတော့ ပြောစရာတောင် မလိုအပ်တော့ပေ..။

သူ့မှာ ဦးနှောက်အစား..အထူး ကွန်ပြူတာ တစ်လုံးရှိနေမယ်ဆိုရင်တော့ ဒီအရာက ဖြစ်နိုင်ပါလိမ့်မယ်..။ဘာပဲဖြစ်ဖြစ် သူက သူ့ရဲ့ ကိုယ်ပိုင်မှတ်သားမူတွေကို ဖန်တီးသွားဦးမှာ မဟုတ်ပါဘူး..။ဒါမှမဟုတ် တစ်သက်လုံး မဖန်တီးတာလည်း ဖြစ်နိုင်ပါတယ်..။

သို့ပေမယ့် ဒါက သူ မလုပ်နိုင်ဘူးလို့ ဆိုလိုတာ မဟုတ်ပေ..။

ဆန်နီက ရက်လုပ်မူ အသစ်တစ်ခုကို ဖန်တီးနိုင်တဲ့ စွမ်းအား မရှိသေးဘူးဆိုပေမယ့်..ရှိပြီးသား ရက်လုပ်မူတွေကို ပုံတူကူးချနိုင်တယ်ဆိုတဲ့ စွမ်းရည်တွေ သူ့မှာရှိတယ်ဆိုတာကိုတော့..သူ့အနေနဲ့ သက်သေပြထားပြီးပါပြီ..။သူက အနီရောင် အဆောက်အဦးမှာ ရှိနေတုန်းက..မှတ်သားမူတွေကို ရုတ်သိမ်းပြီး..ပြန်လည် ဖော်ထုတ်နိုင်တဲ့ စွမ်းရည် ရှိတဲ့ ရက်လုပ်မူတွေကို ပြန်လည်ဖန်တီးနိုင်ခဲ့ပါတယ်..။

လုံလောက်တဲ့အချိန်နဲ့ ပြင်ဆင်မူတွေသာ ရှိမယ်ဆိုရင်..သူက ရင်းနှီးတဲ့ ရက်လုပ်မူတွေ အားလုံးကို ပုံတူကူးနိုင်မှာ အမှန်ပါပဲ..။သို့ပေမယ့် အဓီပ္ပာယ် ရှိတဲ့အရာတိုင်းက ဖန်တီးမယ်ဆိုရင် အချိန်တစ်ခုကိုတော့ ပေးဆပ်ရတာချည်းပါပဲ..။သို့ပေမယ့်..အဲဒါက ဆန်နီ လတ်တလော လိုအပ်နေတဲ့အရာမဟုတ်ပေ..။

သူက အနည်းဆုံးတော့ မှော်စွမ်းအား ကျွမ်းကျင်မူ တစ်ခုကနေ..နှစ်ခု အဖြစ်ကိုတော့ တိုးချဲ့ချင်နေခဲ့ပါတယ်..။သူက တည်ရှိပြီးသား မှော်စွမ်းအားတွေကို ဘယ်လို တိုးမြင့်မှာလဲ ၊ ဘယ်လိုပြောင်းလဲမှာလဲ ဆိုတာတွေကို သူ့ရဲ့ မှတ်သားမူတွေနဲ့ လေ့လာချင်နေခဲ့ပါတယ်..။

အခုချိန်မှာတော့..ဆန်နီက သူ့ရဲ့ လက်ထဲမှာ ပါးလျှပ်တဲ့ ဓားမြောင်ငယ်လေး တစ်ခုကို ကိုင်ထားခဲ့တယ်..။တစ်ဖက်မှာတော့ သေးငယ်တဲ့ ခေါင်းလောင်းလေးကို ကိုင်ထားခဲ့တယ်..။

ငွေရောင်ခေါင်းလေးက သူ ပထမဆုံး ရရှိခဲ့တဲ့ မှတ်သားသူတစ်ခုပါ..။ပြီးတော့ အရိုး ရှင်းဆုံးပါပဲ..။ဓားမြောင်လေးကတော့..သူ တိုက်ပွဲကွင်းပြင်မှာ ရရှိတဲ့ အရာပါ..။သူ့ရဲ့ စွမ်းအားကတော့ အတော်လေး တည့်တိုးဆန်ပါတယ်..။ဒါက လက်နက်ကို လုံးဝအသံမမြည်အောင် ပြုလုပ်ပေးနိုင်တာပါ..။ဒီဓားက တစ်ခြား သံမဏိ ချပ်ဝတ် ဒါမှမဟုတ်..ဓားတစ်လက်နဲ့ ထိမိရင်တောင် ဘာအသံမှ မြည်လာမှာ မဟုတ်ပါဘူး..။ပြီးတော့..ရန်သူရဲ့ အသားထဲကို ဝင်သွားရင်တောင် ဘာအသံမှ ကြားရမှာမဟုတ်ပေ..။

ဆန်နီက ဒီမှတ်သားမူ နှစ်ခုကို ရွေးချယ်လိုက်တဲ့ အကြောင်းပြချက်ကတော့..အတွင်းပိုင်းမှာ သူတို့ရဲ့ စွမ်းအား တိုးမြှင့်မူတွေက အရမ်းကို ဆင်တူနေလို့ပါ..။တစ်ခုက အသံကို ကျယ်လောင်စွာ ထုတ်လွတ်ပေးတဲ့ မှော်စွမ်းအင်ဖြစ်ပြီး..တစ်ခုက..အသံကို ပျောက်ကွယ်သွားစေတဲ့ မှော်စွမ်းအင်တွေ ပါဝင်ပါတယ်..။သူက တစ်ခုရဲ့ စွမ်းရည်ကို တစ်ခုနဲ့ ပေါင်းစပ်ချင်နေခဲ့တယ်..။

တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင်..သူက တိတ်ဆိတ်တဲ့ ဓားမြောင်ကို ဆူညံတဲ့ ဓားမြောင်တစ်ချောင်းအဖြစ် ပြောင်းလဲပစ်ချင်နေခဲ့တာပါ..။ဒါက သူ့အနေနဲ့ အသုံးဝင်စေချင်လို့ မဟုတ်ပဲ..သူ့အနေနဲ့ မှော်စွမ်းအားတွေကို အဆင့်မြင့်တင်နိုင်တယ် ဆိုတာကို သက်သေပြချင်လို့ပါ..။

ငွေရောင် ခေါင်းလောင်းရဲ့ မှော်စွမ်းအင် ရက်လုပ်မူတွေကို ရက်အတော်ကြာအောင်လေ့လာပြီးတဲ့ နောက်မှာ..ဆန်နီဟာ.အတွင်းထဲမှာ ရှိတဲ့ ကြိုးတွေရဲ့ ရက်လုပ်မူတစ်ခုလုံးကို အလွတ်ရလုနီးပါးတောင် ဖြစ်နေခဲ့ပါပြီ..။ခေါင်းလောင်းက စွမ်းအား တစ်ခုတည်းသာ ပါဝင်တာကြောင့် သူ့ရဲ့ ရက်လုပ်မူတွေကို လေ့လာရတာက တစ်ခြား မှတ်သားမူတွေနဲ့ စာရင် လွယ်ကူပါတယ်..။ဒီတော့ သီအိုရီအရဆိုရင်တော့..သူက ဘယ်လို ပုံစံဖန်တီးရမယ် ဆိုတာကို သိထားလိုက်ပါပြီ..။

တစ်ဖက်မှာတော့..ဓားမြောင်က အနည်းငယ် ကွဲပြားနေခဲ့တယ်..။သူ့မှာလည်း စွမ်းအားတစ်ခု နဲ့ ပုံစံခွက်ရက်လုပ်ထားတဲ့ မီးခဲကလည်း တစ်ခုတည်းသာ ပါဝင်တာပါပဲ..။သို့ပေမယ့် ဒီမီးခဲက ပိုတောက်ပပြီး..သူ့ရဲ့ ပုံစံခွက်က ပိုကြီးမားကာ ရှုပ်ထွေးပါတယ်..။သို့ပေမယ့်.. ခေါင်းလောင်း နဲ့ တူညီတဲ့ အရာတစ်ခု ရှိနေခဲ့တယ်..။ဒါကြောင့်လည်း ဆန်နီက တစ်ခုနဲ့ တစ်ခု ဆက်နွယ်ဖို့အတွက် စိတ်ကူးယဉ်နိုင်ခဲ့တာပါ..။

သူ အတော်ကြအောင် တွေဝေနေပြီးကာမှ သက်ပြင်းချလိုက်တယ်..။ပြီးတာနဲ့ ဝီဗာရဲ့ အပ်ကို မြှောက်လိုက်ပါတယ်..။သူ ရှာတွေ့ခဲ့ချိန်တုန်းကလိုပဲ..ရှည်လျားပြီးကျဉ်းမြောင်းတဲ့ အပ်ကလေးက..သူတစ်ယောက်တည်းသာ မြင်နိုင်တဲ့..ရွှေရောင်ဖျော့ဖျော့လေး တောက်ပနေခဲ့ပါတယ်..။လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာ..ဒါမှမဟုတ် အနာဂတ် တစ်ချိန်ချိန်တုန်းက..ဒီအရာက နတ်ဘုရားစွမ်းအားတွေ ပါဝင်တဲ့ ဝီဗာရဲ့သွေးကို စုပ်ယူခဲ့တာ ဖြစ်နိုင်ပါတယ်..။

သို့ပေမယ့် အခုချိန်မှာတော့..ဒီအပ်က ဆန်းကျယ်တဲ့ ဂုဏ်သတ္တိတွေ ရှိနေခဲ့တယ်..။ဒါက ဆန်နီရဲ့ လက်ချောင်းတွေလိုပါပဲ..။ဒါက မှော်စွမ်းအား ရက်လုပ်မူတွေ ပါဝင်တဲ့..နူးညံ့သိမ်မွေ့တဲ့ ကြိုးတွေနဲ့ ထိတွေ့နိုင်စွမ်းရှိပါတယ်..။

ဆန်နီဟာ..အရိပ်ကြိုးတစ်ချောင်းကို အပ်ထဲ ထိုးသွင်းလိုက်ပြီး..တိတ်ဆိတ်တဲ့ ဓားမြောင်ရဲ့ မှော်စွမ်းအား ဖန်တီးမူ ပုံစံခွက်ထဲကို ဂရုတစိုက် ထိုးသွင်းလိုက်တယ်.။သူက တည်ရှိနေပြီးသားဖြစ်တဲ့ ကြိုးတွေထဲကို..သူ့ရဲ့ကိုယ်ပိုင်ကြိုးနဲ့ အစားထိုးပြီး..တစ်ချို့တွေကို ရွေ့လျားစေကာ..တစ်ချို့တွေကို လုံးဝ ဖယ်ရှားပစ်ချင်နေခဲ့တာပါ..။

အစကတော့ အရာအားလုံးက အဆင်ပြေပြေ ဖြစ်နေခဲ့တယ်..။ဆန်နီက အတော်လေးကို စိတ်လှုပ်ရှားလုနီးပါး ဖြစ်နေခဲ့ပါပြီ..။သို့ပေမယ့် တစ်ချိန်တည်းမှာပဲ..သူ့ရဲ့ အရင်က စမ်းသပ်မူတွေမှာ ဖြစ်ပျက်ခဲ့ဖူးတဲ့ အရာက ထပ်တလဲလဲ ပြန်ဖြစ်နေခဲ့တယ်.။

တစ်နေရာ အရောက်မှာတော့..ကြိုးတွေအားလုံးက တုန်ရီလာခဲ့ပြီး..ပုံစံခွက်တစ်ခုလုံးက ပြိုကျ ပျက်ဆီးသွားခဲ့ပါတယ်..။ဒါက ပြတ်သွားတဲ့ ကြိုးတွေနဲ့ အတူပဲ ချက်ချင်းကို ရှုတ်ယှက်ခတ်သွားခဲ့တယ်..။ ဆန်နီဟာ..သူ့ရဲ့ လက်တွေ ဆုံးရှုံးရမှာ စိုးတာကြောင့် အမြန် ပြန်ရုတ်လိုက်ပါတယ်..။ပြီးတာနဲ့ ဓားမြောင်က မှိတ်တုတ် မှိတ်တုတ်ဖြစ်ပြီး အလင်းစက်တွေအဖြစ် ပျောက်ကွယ်သွားခဲ့တာကို စောင့်ကြည့်နေလိုက်တယ်..။

ခနအကြာမှာတော့..အခိုက်အတန့်က သုန်မုန်စွာပဲ ပြောလာခဲ့တယ်..။

သင့်ရဲ့ မှတ်သားမူ ဖျက်ဆီးခံလိုက်ရပါပြီ..

ဆန်နီ မျက်နှာရှုံ့မဲ့သွားပြီး မျက်လုံးတွေကို မှိတ်ထားခဲ့တယ်..။

‘ချီးတဲ့မှပဲ…နောက်ထပ်တစ်ခု..’

သို့ပေမယ့် အဲဒီအချိန်မှာပဲ..သူက ရုတ်တရက် ခေါင်းကိုမော့ပြီး သူ့ရဲ့ အပေါ်မျက်နှာပြင်ပေါ်က ကျောက်တုံးကို စိုက်ကြည့်လိုက်တယ်..။သူက ဒီကျောက်တုံးကြီးရဲ့ မာကျောတဲ့ ကျောက်သားကို ထိုးဖောက်ကြည့်ဖို့ ကြိုးစားနေခဲ့တာပါ..။

သေးငယ်တဲ့ ကျွန်းရဲ့ မျက်နှာပြင် အပေါ်ဘက်မှာတော့..သူ့ရဲ့ အရိပ်တွေထဲက တစ်ခုက လှုပ်ရှားမူတစ်ချို့ကို သတိထားမိလိုက်ပါတယ်..။

အပိုင်း ( ၆၂၇ ) ပြီး၏။

All Chapters