← Chapters

အမှောင်ဘက်ခြမ်းမှ..

Vol. 42 Ch. 628

အမှောင်ဘက်ခြမ်းမှ..

Vol. 42 Ch. 628

ကျွန်းရဲ့ မျက်နှာပြင်ကို ဖုံးအုပ်ထားတဲ့ မြက်တွေဟာ လှုပ်ရှားလာခဲ့ပြီး အောက်ဘက်ကနေ ထူးဆန်းတဲ့ ပုံသဏ္ဍာန်တွေ ထွက်ပေါ်လာခဲ့တယ်..။တစ်ချို့တွေက တစ်ခုနဲ့တစ်ခု ဆင်တူပြီး တစ်ချို့တွေကတော့ တူညီခြင်း မရှိကြပါဘူး..။သို့ပေမယ့်..အားလုံးက..တူညီတဲ့ အစိမ်းရောင် ဖျော့ဖျော့ အရောင် ရှိနေခဲ့ကြတယ်..။ဒီ ပုံသဏ္ဍာန်တွေက အပေါါ်ကို မြင့်တက်လာပြီး တဖြည်းဖြည်းချင်း စုစည်းလာခဲ့ကြပါတယ်..။

ကြောက်စရာ အရိပ်ဟာ..ဒီလို မူမမှန်တဲ့ ဖြစ်ရပ်ကို ကျောက်ဆောင်ကြီးတစ်ခုရဲ့ အရိပ်ထဲမှာနေရင်း စောင့်ကြည့်နေခဲ့ပါတယ်..။ကျောက်ဆောင်က ရုတ်တရက် ပြိုလဲကျသွားပြီး..တစ်ခြားအစိတ်အပိုင်းတွေကို ပေါင်းစည်းလို့ ရအောင် လမ်းဖွင့်ပေးလိုက်တဲ့အချိန်ကြမှ အရိပ်က ဘာလို့ ဒီလောက်အထိ စိတ်လှုပ်ရှားနေရတာလဲ ဆိုတာကို ဆန်နီ နားလည်သွားခဲ့တယ်..။

ဒီအရာက..အရွယ်အစားကလွဲရင် လူသားတစ်ယောက်နဲ့ တူတဲ့ ဧရာမ မြစိမ်းရောင် မေးရိုးကြီးပါ..။

..ဒီ အရိပ်က အရင်ကတည်းက..သေဆုံးပြီးသား အရာတွေကိုဆိုရင် ထူးထူးဆန်းဆန်း စိတ်ဝင်စားတတ်ပါတယ်..။သူ့အနေနဲ့ ပျံသန်းနေတဲ့ အရိုးတွေကို စိတ်ဝင်စားနေတယ်ဆိုတာ မထူးဆန်းတော့ပေ.။

ဆန်နီ ကြည့်နေတုန်းမှာပဲ မြစိမ်းရောင် အရိုးတွေက..လူသားတစ်ဦးရဲ့ အရိုးစုတွေ အဖြစ်ဆင်တူလာခဲ့တယ်..။ဒါက ဆန်နီ အနီရောင်အဆောက်အဦးမှာ သတ်ဖြတ်ခဲ့တဲ့ သားရဲတစ်မျိုးနဲ့ အတော်လေးကို တူညီနေခဲ့တာပါ..။သို့ပေမယ့် ဒီတစ်ကောင်က တော့ အများကြီး ပိုကြီးမားပြီး ပိုကြောက်မက်ဖွယ်ကောင်းပါတယ်..။

မြစိမ်းရောင် အရိုးစုကြီးဟာ..မြောက်ဘက်ကို အတော်ကြာအောင် ကြည့်နေခဲ့တယ်..။ပြီးတဲ့နောက်မှာ..ကျွန်းရဲ့ အစွန်းကို ဦးတည်ပြီး ဖြည်းညှင်းစွာ လျောက်သွားလိုက်ပါတယ်..။သူ့ရဲ့ ခြေတစ်လှမ်းခြင်းစီကြောင့်..မြေကြီးတောင် တုန်ခါနေခဲ့တာပါ..။

တစ်ချိန်တည်းမှာပဲ..ကျယ်လောင်တဲ့ ကောင်းကင်ချိန်းကြိုးတွေရဲ့ အသံက..ကောင်းကင်နှစ်ခုကြားထဲမှာ ထွက်ပေါ်လာခဲ့တယ်..။ဆန်နီက ဒီအသံတွေကို ကြားနေကြဖြစ်တာကြောင့် အစမှာ သိပ်ပြီး.ဂရုမစိုက်ခဲ့ပေ..။သို့ပေမယ့်..သူက မျက်မှောင်ကျုတ်လိုက်တယ်..။

တစ်ခုခုကတော့..မူမမှန်တော့ပါဘူး..။ချိန်းကြိုးတွေရဲ့ မြည်သံက တစ်နည်းနည်းနဲ့ ကွဲပြားနေခဲ့တာပါ..။

သူက တစ်ခနလောက်‌ေ တွဝေနေပြီးကာမှ..တိတ်တဆိတ်ပဲ အရိပ်တွေထဲကိုဝင်သွားကာ..ပျံသန်းနေတဲ့ ကျွန်းရဲ့ မြောက်ဘက်ကို ဦးတည်သွားလိုက်ပါတယ်..။

ဆန်နီဟာ..ကောင်းကင်ချိန်းကြိုးတွေကိုမြင်လိုက်ပြီ ဆိုတာနဲ့..သူ့ရဲ့ နှလုံးသားတွေ အေးစက်သွားခဲ့တယ်.။

ညစ်ပတ်တဲ့ ကတ္တရာစေးတွေနဲ ဆင်တူတဲ့ ကြောက်မက်ဖွယ် သတ္တဝါတစ်ကောင်က..အောက်ဘက်ကောင်းကင်ကို ကျောပေးပြီး သံကြုးအောက်ဘက်ကနေ တွားသွားနေခဲ့ပါတယ်..။တစ်စက္ကန့်တိုင်းစီမှာ နွယ်ပင်တွေလို အရည်တွေက..အမှောင်ထုထဲကနေ ထွက်ပေါ်လာနေပြီး..သံကြိုးတွေပေါ်ကို ကျကာ သတ္တဝါကြီးကိုဆွဲခေါ်နေခဲ့ပါတယ်..။

ဒီမွန်းစတားက အနည်းဆုံးတော့ မီတာ နှစ်ဆယ်လောက် ရှည်လျားမှာဖြစ်ပြီး..အရမ်းကို ကြီးမားလွန်းတာကြောင့်..သူ့ရဲ့ အလေးချိန်မှာ ကောင်းကင်ချိန်းကြိုးတောင် အသံတွေမြည်နေခဲ့ပါတယ်..။

‘..ဒါက ဘယ်လို အိပ်မက်ဆိုး ငရဲ မျိုးလဲ..’

ဆန်နီဟာ..အနက်ရောင် ကတ္တရာ သတ္တဝါရဲ အောက်ဘက်ကိုကြည့်လိုက်တယ်..။သတ္တဝါကြီးရဲ့သွေးပြန်ကျောတွေရဲ့ကြားထဲမှာ..ဖုံးကွယ်ထားခဲ့တဲ့ အနက်ရောင် ဝဲဂယက် အလုံးနှစ်လုံးကို မြင်တဲ့အချိန်မှာ သူ ထိပ်လန့်သွားခဲ့ပါတယ်..။ဒါက သူ့ရဲ့ အဆင့်ကို ဖော်ပြနေခဲ့တာပါ..။

‘ပျက်…ပျက်ပြားခြင်း အဆင့် မွန်းစတား..’

အစောတုန်းက..သူ လက်ရှိရောက်နေတဲ့ နေရာရဲ့ မြောက်ဘက်ကျွန်းတွေကို ဖြတ်လာတဲ့ အချိန်မှာ..သူက အားကောင်းတဲ့ သားရဲတစ်ကောင်ရဲ့ အရိပ်က..တစ်ခြားအရိပ်တွေ ထဲမှာ ပုန်းအောင်းနေတာကိုသူ ခံစားမိခဲ့ပါတယ်..။ပျံသန်းနေတဲ့ ကျွန်းတွေရဲ့ အနက်ရောင် ဘက်ခြမ်းမှာ ပုန်းအောင်းနေတဲ့ သားရဲက နွယ်ပိုးကောင် နဲ့ အဆင့်ခြင်းတူလောက်အောင် ကြောက်ဖို့ကောင်းနေမယ်လို့ ဘယ်သူထင်ထားမှာလဲ..။ပြီးတော့..ဒီအကောင်က..ဆန်နီလိုပဲ..တောင်ဘက် အရပ်ကို သွားချင်နေတာလား..။

ဆန်နီ တစ်ခနလောက် အေးခဲနေတုန်းမှာပဲ..ကြီးမားတဲ့ ကျောက်ဆောင်ကြီးက..ရုတ်တရက် ကျွန်းပေါ်ကနေ ပျံသန်းလာခဲ့ပြီး..အနက်ရောင် ကတ္တရာသားရဲ ရဲ့ ဧရာမ ခန္တာကိုယ်ကြီးကို ထိမှန်သွားခဲ့ပါတယ်..။ဒါကသူ့ရဲ့ အသွေးအသားတွေမှာ အက်ကွဲကြောင်းတစ်ခုဖြစ်သွားစေခဲ့တယ်..။သက်ရောက်လာခဲ့တဲ့ အားက အတော်လေးကို လှိုင်းထန်နေခဲ့တာကြောင့် ကောင်းကင်ချိန်းကြိုးရဲ့ မြည်သံတွေကိုတောင် ပိုပြီး ကျယ်လောင်သွားစေခဲ့ပါတယ်..။

ကျွန်းရဲ့ မျက်နှာပြင်ပေါ်မှာတော့..မြစိမ်းရောင် အရိုးကြီးဟာ..သူ့ရဲ့လက်ကို အောက်ချလိုက်ပြီး..ထိပ်လန့်ဖွယ် သတ္တဝါကို ကြည့်နေခဲ့တယ်..။သူ့ရဲ့ ဘာမှမရှိတဲ့ မျက်လုံးနေရာမှာတော့..အနက်ရောင် အလင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်..။

သူ ပစ်လိုက်တဲ့ ကျောက်ဆောင်ကြီးက..ပျက်ပြားခြင်းအဆင့်သားရဲကို ထိမှန်ပြီးတာနဲ့ ခန္တာကိုယ်ထဲကို ဝင်ရောက် ပျောက်ကွယ်သွားခဲ့တယ်..။ဒါက သားရဲအပေါ်ကို ဘာထိခိုက်မူမှ မဖြစ်စေခဲ့တဲ့ ပုံပါပဲ..။သားရဲကတော့ အနက်ရောင် လှိုင်းလုံးတွေ မြင့်တက်လာတဲ့အလား..ရိုးရှင်းစွာပဲ ရှေ့ကိုဆက်သွားနေခဲ့ပါတယ်..။

‘ငါ…ငါ ပြေးဖို့ လိုအပ်ပြီထင်တယ်..’

သို့ပေမယ့် သူတောင် ဘာမှ မလုပ်နိုင်ခင်မှာပဲ..ရှေ့ကိုတက်လာနေတဲ့ မွန်းစတားဟာ..ရုတ်တရက် တုန်ခါသွားပြီး နောက်ထပ်တစ်ခနအကြာမှာတော့..ဒါဇင်နဲ့ ချီတဲ့ ကျောက်တုံးအချွန်တွေက သူ့ရဲ့ ခန္တာကိုယ်ထဲကနေ ထွက်ပေါ်လာခဲ့တယ်..။တစ်ခုချင်းစီက အနက်ရောင် အရည်တွေနဲ့ ပေကျံနေခဲ့ပါတယ်..။တစ်ချို့က မြစိမ်းရောင် အရိုးစုပေါ်ကို ကျရောက်သွားခဲ့ပြီး..တစ်ချို့ကတော့ ကျွန်းပေါ်ကို ပြုတ်ကျသွားခဲ့တယ်..။ဒါက တစ်ချို့ကြီးမားတဲ့နောက်တုန်းတွေကိုတောင် အစိတ်စိတ်အမွှာမွှာဖြစ်စေခဲ့တာပါ..။

ဆန်နီတောင် ကျောက်တုံးတွေထဲက တစ်ခုကို မနည်းရှောင်တိမ်းလိုက်ရပါသေးတယ်..။ပြီးတာနဲ့ သူပုန်းနေတဲ့ နေရာမှာ ပေါ်လာတဲ့ သေးငယ်တဲ့ ကျောက်အပိုင်းအစလေးးကို နောင်တရစွာ ကြည့်နေခဲ့တယ်..။သူက အခုချိန်မှာ အရိပ်အခြေအနေကို ရောက်နေတယ်ဆိုပေမယ့်..ပျက်ပြားခြင်းအဆင့် မွန်းးစတားက သူ့ကို ထိခိုက်အောင် မလုပ်နိုင်ဘူးလို့တော ယူဆထားမှာမဟုတ်ပါဘူး..။

ဒီ ကြောက်မက်ဖွယ် သတ္တဝါက ဘာတွေ စွမ်းဆောင်နိုင်လဲဆိုတာကို ဘယ်သူက သိမှာလဲ..။

သူ ဒီလိုတွေးနေတုန်းမှာပဲ..ကျောက်တုံး အပိုင်းအစတွေ သက်ရောက်သွားတဲ့နေရာ ပတ်ဝန်းကျင်မှာ..ပါးလွှာတဲ့ အနက်ရောင်ကတ္တရာတွေအဖြစ် ပျံ့နှံ့လာခဲ့တယ်..။အနီးနားက တစ်ခြား ကျောက်တုံးတွေလည်း ဒီအတိုင်းပါပဲ..။သူကြည့်နေတုန်းမှာပဲ..ဒီအရည်တွေက..တဖြည်းဖြည်း လှုပ်ရှားလာကြပြီး သေးငယ်တဲ့ အနက်ရောင် အရည်အစုအဝေးဖြစ်ပေါ်လာခဲ့ကြပါတယ်..။ဒီထဲက တစ်ချို့ကတော့..မြစိမ်းရောင် အရိုးစုရဲ့ ကိုယ်ပေါ်ကို တက်သွားခဲ့ကြတယ်..။

သို့ပေမယ့် တစ်ချို့ကတော့..သူ ရှိနေတဲ့ နေရာကို အာရုံခံမိတဲ့အလား..သူ့ဆီကို ပျံသန်းလာနေခဲ့ပါတယ်..။

‘ချီးတဲ့မှပဲ..’

ဆန်နီဟာ..ကြောက်စရာ အရိပ်ကို ချက်ချင်းပြန်ခေါ်လိုက်ပြီး အရိပ်တွေထဲကနေတဆင့် မြန်နိုင်သမျှ မြန်မြန် ထွက်သွားလိုက်ပါတယ်..။သူက ကျွန်းရဲ့အောက်ခြေကို ရောက်သွားတဲ့အချိန်မှာတော့..အနက်ရောင် ကတ္တရာ မွန်းစတားက အရိုးစုရဲ့အပေါ်မှာရောက်နေခဲ့ပါပြီ..။

များပြားလှတဲ့ အနက်ရောင် အရည်တွေက ရှေ့ကိုပျံသန်းလာခဲ့ပြီး သတ္တဝါကြီးကို လွှမ်းခြုံထားခဲ့တယ်..။မြစိမ်းရောင် အရီုးကြီးက အတော်လေးကို ကြီးမားတယ်ဆိုပေမယ့်လည်း..ချက်ချင်းဆိုသလို ပိတ်လှောင်ခံလိုက်ရပြီး..များပြားလှတဲ့ အနက်ရောင် အရည်အမှောင်ထုထဲကို ဝင်ရောက်သွားခဲ့တယ်..။သူက ရုန်းကန်နေပေမယ့်လည်း အသုံးမဝင်ခဲ့ပါဘူး..။စက္ကန့်အနည်းငယ်ကြာပြီးတဲ့နောက်မှာတော့..ဒီဧရာမ ပုံရိပ်ကြီးက..ကတ္တရာ သားရဲရဲ့ အနက်ရောင် ဘက်ခြမ်းမှာ အရိပ်အယောင်တောင် မမြင်ရပဲ ပျောက်ကွယ်သွားခဲ့ပါပြီ..။

‘အခုတော့..ငါ့ကို မေ့ထားလိုက်ပါတော့..ငရဲလို သတ္တဝါရေ..။မင်းစားသောက်ဖို့ အတွက် ဆိုရင်တောင် ငါက အရမ်းသေးငယ်နေပါတယ်..’

ဆန်နီကတော့ ကျွန်းရဲ့ တောင်ဘက်ခြမ်းကို ရောက်နေပြီဖြစ်ပြီး..ဒီနေရာကနေ အဝေးကို ခေါ်သွားမယ့် ကောင်းကင်ချိန်းကြိုး ဆီကို ဦးတည်သွားနေခဲ့ပါတယ်..။

သူ့ရြ့ အပေါ်တစ်နေရာမှာတော့..ကြီးမားတဲ့ အမှောင်အရည်ထုကြီးဟာ..လှုပ်ခတ်နေခဲ့တယ်..။ဒါက ရှေးဟောင်း မြစိမ်းရောင် အရိုးတွေကို အမှုန့်ခြေပစ်နေတာ ဖြစ်နိုင်ပါတယ်..။

ပြီးတာနဲ့ ပျက်ပြားခြင်းအဆင့် သားရဲဟာ..ရုတ်တရက် မယုံနိုင်စရာ အမြန်နှုန်းနဲ့..သူသွားနေတဲ့ ချိန်းကြိုးရှိရာကို ပြေးထွက်လာခဲ့တယ်..။

ဒါမှမဟုတ်..ဒီသံကြိုးကို အသုံးပြုပြီး ထွက်ပြေးချင်နေတဲ့ တစ်စုံတစ်ယောက်ဆီကို လာနေခဲ့တာပါ..။

ကံကောင်းချင်တော့ ဆန်နီက ဒီနေရာကို အရင်ရောက်နှင့်နေခဲ့ပါပြီ..။

သူက အရိပ်ထဲကနေ ထွက်လိုက်ပြီး..လေပေါ်ကို ခုန်ကာ ကောင်းကင်ချိန်းကြိုးပေါ်ကို လှိမ့်ဆင်းသွားခဲ့တယ်..။ဆန်နီဟာ..တစ်ခနလောက်တောင် အချိန်ဆွဲခြင်း မရှိပဲ..သူ့ရဲ့ လက်လေးချောင်းလုံးနဲ့ သံကြိုးရဲ့ မျက်နှာပြင်ကို ထောက်ကာ..အရိပ်တွေကို ခန္တာကိုယ်ပေါ် ရစ်ပတ်ထားလိုက်ပါတယ်..။

သူ့ရင်ဘတ်မှာနာကျင်မူ တစ်ခု ပေါ်လာတဲ့အချိန်မှာတော့..မြေအောက်ကမ္ဘာရဲ့ ဝတ်ရုံတော်က..ငှက်တောင်မွှေးလေးတစ်ခုလို ပေါ့ပါးသွားခဲ့ပါပြီ..။

နောက်ထပ်စက္ကန့်အနည်းငယ်ကြာပြီးနောက်မှာတော့..သူ့ခြေထောက်အောက်မှာရှိတဲ့ သံကြိုးက လှုပ်ခါသွားခဲ့တယ်..။ဒါက အနက်ရောင် ကတ္တရာ မွန်းစတားလည်း ရောက်လာပြီ ဆိုတာကို ကြေညာလိုက်တာပါ..။

‘ချီးတဲ့မှပဲ..’

သူ့ရဲ့ရှေ့ဘက်မှာတော့..နေရောင်ခြည်နဲ့ ထိတွေ့နေတဲ့ ချိန်းကြိုးကွင်းတွေက မီတာရာနဲ့ချီအောင် ရှိနေသေးပြီး..အဲဒီနောက်ပိုင်းမှသာ..ချိန်းကြိုးက အောက်ဘက်ကောင်းကင်ထဲကို ဝင်ရောက်သွားပြီး အရိပ်တွေက ရစ်ပတ်ထားခဲ့တာပါ..။

‘ငါ လုပ်နိုင်ရမယ်..သေချာတယ်..ငါ လုပ်နိုင်လိမ့်မယ်..’

ဆန်နီ အစွယ်တွေပေါ်တဲ့ အထိ ဟိန်းဟောက်လိုက်ကာ..မနားတမ်း ထွက်ပြေးပါတော့တယ်..။

အပိုင်း ( ၆၂၈ ) ပြီး၏။

All Chapters