နောက်ကလိုက်ခြင်း..
Vol. 42 Ch. 629
ဆန်နီရဲ့ အပေါ်ပိုင်း လက်တွေက လူသားတစ်ယောက်ထက်စာရင် ပိုပြီး ရှည်လျားပါတယ်..။သူ့က ခြေလက်လေးချောင်းစလုံးကို ချိန်းကြိုးတွေနဲ့ ထိထားခဲ့ပြီး..ရှေ့ကို မယုံနိုင်စရာ အမြန်နှုန်းနဲ့ ပြေးပါတော့တယ်..။တစ်ကြိမ်ခုန်လိုက်တိုင်းမှာလည်း သူ့ရဲ့အသက်ကို ကယ်တယ်ပေးနိုင်တဲ့ အမှောင်ထုက ပိုပိုပြီး နီးကပ်လာနေခဲ့တယ်..။သူ့ရဲ့နောက်ဘက်ကနေ အနက်ရောင် ကတ္တရာသားရဲက လိုလာနေခဲ့တာကြောင့် ကောင်းကင်ချိန်းကြိုး ရဲ့ သံကွင်းဆက်တွေက ဆက်တိုက်လှုပ်နေခဲ့ပါတယ်..။
ဆန်နီဟာ..အောက်ဘက်ကောင်းကင်ရဲ့ နက်ရှိုင်းတဲ့ အပိုင်းမှာ လုံခြုံတဲ့ နေရာကို ရှာဖွေဖို့ကြိုးစားနိုင်တယ်ဆိုပေမယ့် လေထဲကို ရောက်ပြီဆိုရင်..သူ့ရဲ့ အမြန်နှုန်းနဲ့ လှုပ်ရှားနိုင်စွမ်းတွေက သိသိသာသာကို လျော့နည်းသွားပါလိမ့်မယ်..။တကယ်လို့ သားရဲက အနက်ရောင် အရည်တွေပါဝင်တဲ့ နောက်ထပ် ပစ်ခတ်မူတစ်ခုကို ပြုလုပ်မယ်ဆိုရင်..သူက ဒီအရာရဲ့ စုပ်ယူခြင်းကို ခံစားပြီး အပိုင်းပိုင်းအစစ ဖြစ်သွားနိုင်ပါတယ်..။ဒါအပြင်..ဒီသတ္တဝါကိုယ်တိုင်က ချောက်နက်ထဲအထိ လိုက်မလာနိုင်ဘူးလို့ ဘယ်သူမှ မပြောနိုင်ပဲ..။
လွတ်မြောက်ဖို့အတွက် အကောင်းဆုံးနည်းလမ်းကတော့..အမှောင်ထု ကျရောက်နေတဲ့ ချိန်းကြိုးအပိုင်းကို အလျင်အမြန် ရောက်ပြီး..နောက်ထပ်တစ်ကျွန်းရှိတဲ့နေရာကို အရိပ်တစ်ခု အဖြစ် ထွက်ပြေး လွတ်မြောက်ဖို့ပါပဲ..။
သူ့ရဲ့အနောက်ဘက်မှာတော့..အနက်ရောင်အရည်တွေနဲ့ ပြည့်နေတဲ့ အမှောင်ထုကြီးတစ်ခုက မယုံနိုင်စရာ အရှိန်နဲ့နောက်ကနေ လိုက်လာနေခဲ့ပါတယ်..။သူ လှုပ်ရှားလိုက်တိုင်းမှာလည်း အနက်ရောင်အရည်တွေက လှိုင်းလုံးတွေလို ဖြစ်နေခဲ့တယ်..။သူတို့နှစ်ယောက် ကြားထဲက ကွာဟချက်က တစ်ဖြည်းဖြည်းနဲ့ နီးသထက် နီးကပ်လာခဲ့ပါပြီ..။
‘အိုး..နတ်ဘုရားတို့..’
အမှောင်ထုကြီးက သူ့အပေါ်ကို ခုန်အုပ်လာဖို့အတွက် စက္ကန့်အနည်းငယ် အကြာမှာပဲ..ဆန်နီဟာ..နောက်ဆုံးမှာ အရိပ်တွေထဲကို ခုန်ဝင်သွားနိုင်ခဲ့တယ်..။သူက အရိပ်တွေထဲက တစ်ခုအဖြစ် ပြောင်းလဲလိုက်ပြီး ရှေ့ကို ဆက်ပြေးသွားခဲ့ပါတယ်..။သူ အစောက ရှိနေခဲ့တဲ့ နေရာကိုတော့ မွန်းစတားကြီးရဲ့ အသွေးအသားတွေက ဖုံးအုပ်ထားခဲ့ပြီဖြစ်ပြီး သူ့နောက်ကို ဆက်လက်လိုက်လာနေခဲ့တယ်..။သားရဲကြီးကတော့ တစ်နည်းနည်းနဲ့ ပိုမိုမြန်ဆန်စွာ ရွေ့လျားနေတုန်းပါပဲ..။
သူ့ရဲ့ အမှောင်ထု အရည်တွေထဲကနေ..ထူးဆန်းတဲ့ အော်ဟစ်သံလိုမျိုးတွေ ထွက်ပေါ်လာခဲ့တာကြောင့်.ဆန်နီ ရဲ့ ခန္တာကိုယ် တစ်ခုလုံးမှာ နာကျင်မူတွေ ဖြစ်ပေါ်လာခဲ့တယ်..။ဒီအသံက အောက်ဘက်ကောင်းကင်နဲ့ အပေါ်ကောင်းကင် နှစ်လံဒးကို ဒီရေလှိုင်းအလား ပျံ့နှံ့သွားခဲ့ပါတယ်..။
ဆန်နီက..ကောင်းကင်နှစ်ခုကြားထဲက ချိန်းကြိုးမှာ အစွမ်းကုန်ပြေးနေပြီး..အမှောင်ထုထဲက ကြောက်မက်ဖွယ် သတ္တဝါကတော့ သူ့နောက်ကို ဆက်တိုက်လိုက်နေခဲ့တယ်..။
မကြာခင်မှာပဲ အရိပ်ထဲမှာ ရှိနေတဲ့ ကောင်းကင်ချိန်းကြိုးတွေရဲ့ အရှည်က..အဆုံးသတ်ကို ရောက်လုနီးလာခဲ့ပါပြီ..။သူက အရမ်းကို မြန်လွန်းတဲ့ အရှိန်နဲ့ အရိပ်ထဲကနေ ထွက်လာပြီး ချိန်းကြိုးတွေပေါ်ကို ခြေချလိုက်ရတာကြောင့် အောက်ကို ဟန်ချက်ပျက်ပြီး ပြုတ်ကျမသွားအောင် မနည်းထိန်းနေခဲ့ရတယ်..။
အနက်ရောင် လှိုင်းလုံးကြီးတွေက သူ့ရဲ့နောက်ကျောကို ချက်ချင်းဆိုသလို ရိုက်ခတ်ဖို့လုပ်လိုက်ပေမယ့်..ရှေးဟောင်း သံကြိုးကိုသာ ထိမှန်သွားခဲ့ပါတယ.်..။ဆန်နီဟာ..အရိပ်တွေကနေတဆင့် အရိပ်ခြေလှမ်းကို အသုံးပြုလိုက်တာကြောင့် ဆယ်မီတာလောက် အကွာကို ရောက်သွားခဲ့တယ်..။ပြီးတာနဲ့ နောက်တစ်ကြိမ် ဆက်တိုက်အသုံးပြုလိုက်တဲ့အချိန်မှာ သူ့ရဲ့ အထက်မှာ ရှိနေတဲ့ ကျွန်းပေါ်ကို ရောက်ရှိသွားခဲ့ပါတယ်..။
ဒါက သူ့ရဲ့ အရိပ်အဆီအနှစ်တွေကို အတော်လေး ကုန်ခမ်းစေတယ်ဆိုပေမယ့် သူ့မှာလည်း ရွေးချယ်စရာ ရှိတာ မဟုတ်ပါဘူး..။
မြေကြီးကို ကျသွားတဲ့ ဆန်နီဟာ..သူ့ရင်ဘတ်ကို မနည်းကိုင်ထားလိုက်ရတယ်..။ဆိုးဝါးလွန်းတဲ့ နာကျင်မူကြောင့် ညဉ်းညူသံက သူ့အလိုလို ထွက်လာခဲ့ပါတယ်..။ပြီးတာနဲ့ သူက မတ်တတ်ထရပ်ပြီး ဆက်ပြေးပါတော့တယ်..။
သူ့ရဲံနောက်မှာတော့..အနက်ရောင် ကတ္တရာကောင်က ကျွန်းရဲ့အစွန်းပေါ်ကို ရောက်နေခဲ့ပါပြီ..။
ဆန်နီဟာ..သူ့ကိုယ်သူ ရှေးဟောင်းတိုက်ပွဲကွင်းပြင်တွေရဲ့ အလယ်မှာရောက်နေတာကို တွေ့လိုက်ရတယ်..။ပျက်စီးနေတဲ့ သဘော်အုတ်ဂူတွေဟာ..မြေကြီးပေါ်မှာ လျစ်လျူရူခြင်း ခံထားရပါတယ်..။သူတို့ရဲ့ ကိုယ်ထည်တွေက..ခြစ်ရာတွေအများကြီးရှိနေခဲ့ကာ..အပေါက်တွေလည်းရှိနေခဲ့တယ်..။ဟိုနား ဒီနားမှာတော့ ပျက်ဆီးနေတဲ့ လက်နက်တွေ နဲ့ အကာအကွယ်တွေ ရှိနေခဲ့ပါတယ်..။မြေကြီးကိုယ်တိုင်က..ကြေမွပျက်ဆီးနေပြီး..နက်ရှိုင်းတဲ့ ချိုင့်ခွက်ကြီးတွေ ရှိနေခဲ့တယ်..။
ခြေထောက်နဲ့ပဲ ဆက်ပြေးနေမယ်ဆိုရင် ဒီ သတ္တဝါရဲ့ လက်ကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူးဆိုတာကို သဘောပေါက်လိုက်တာကြောင့်..ဆန်နီဟာ.အရိပ်တွေကနေ တဆင့်..တိုတောင်းတဲ့ အကွာအဝေးတွေကို ခုန်ခုန်ပြီးသွားနေခဲ့ရပါတယ်..။တစ်ခါတစ်လေမှာတော့..သူ ဒီလိုခုန်တာကို ဆက်တိုက်ဆိုသလို လုပ်နေခဲ့ရတယ်..။လတ်တလောမှာတော့ သူ့ရဲ့ နတ်ဆိုးခန္တာကိုယ်ပေါ်က ကြွက်သားတိုင်းကို အကန့်အသတ်အထိ ရောက်အောင် အသုံးချပြီး ရှေ့မှဦ ဦးဆောင်နေနိုင်တုန်းပါပဲ..။သို့ပေမယ့် ဒါကလည်း ရှေ့မှာ ရောက်နေတယ် ဆိုယုံလေးပါ..။
သူ့ရဲ့နောက်မှာတော့..မွန်းစတားကြီးဟာ..ပျက်ဆီးနေတဲ့သဘော်တွေကြားထဲမှာ..ပြေးလွှားရင်း..ကျယ်လောင်တဲ့အသံတွေနဲ့ အရာအားလုံးကို တစ်စစီဖြစ်စေခဲ့ပါတယ်..။သူ့ရဲ့ ခန္တာကိုယ်က သစ်သားကိုယ်ထည်တွေကို စက္ကူတစ်ခုလို ပိုင်းပြတ်သွားစေပြီး..ပြာမှုန့်တွေလို လေထဲမှာ လွင့်ပျံသွားစေခဲ့တယ်..။
နောက်ထပ် ဆန့်ကျင်ဖက် ကျွန်းမှာတော့..ဆန်နီဟာ..မီးလောင်တိုက်သွင်းခံထားရတဲ့ နေရာရဲ့ အကြွင်းအကျန်တွေကို မြင်နေခဲ့ရပါပြီ..။ထောင်ပေါင်းများစွာသော လူသား အရိုးတွေက..ပိရပစ် အုပ်ဂူတွေကို ဖန်တီးထားခဲ့တယ်..။ဒီအရာတွေက..တစ်ချိန်တုန်းက ပျက်စီးသွားတဲ့ သဘော်ပျက်တွေနဲ့ အတူ..စစ်ပွဲတွေကို ဆင်နွဲခဲ့ကြတဲ့.စစ်သည်တော်တွေရဲ့ အကြွင်းအကျန်တွေ ဖြစ်နိုင်ပါတယ်..။
သူတို့က ဘာလို့ ဒီကျွန်းကို ရောက်လာတာလဲ..။ပြီးတော့ သူတို့က ဘာအတွက် တိုက်ခိုက်ခဲ့ကြတာလဲ..။ဒီဆိုးဝါးတဲ့ တိုက်ပွဲမှာ ဘယ်သူတွေက အနိုင်ရခဲ့ပြီး ဘာတွေကို ပေးဆပ်လိုက်ရလဲ..။ဒီ မီးလာင်စင်ကြီးတွေက..ကျရှုံးသွားတဲ့ သူရဲကောင်းတွေကို ဂုဏ်ပြုဖို့အတွက်လား..ဒါမှမဟုတ်..ရန်သူတွေကို နေရာချထားပေးတာလား..ဒါမှမဟုတ် အကျဉ်းသားတွေတောင် ဖြစ်နိုင်ပါတယ်..။
သူ ဒီမေးခွန်းတွေကို ထပ်ပြီး စဉ်းစားမနေတော့ပဲ ကျွန်းရဲ့ အစွန်းကနေ လေထဲကို ခုန်ဆင်းလိုက်ပြီး နောက်ထပ် ကျွန်းဆီကိုသွားတဲ့ ချိန်းကြိုးတစ်ခုစီကို ထပ်ရောက်သွားခဲ့ပါတယ်..။သူက ဒီကနေ တဆင့် တောင်ဘက်ကို ဆက်သွားတော့မှာပါ..။ခနအကြာမှာတော့..ပျက်ပြားခြင်းအဆင့် သားရဲကလည်း အစွန်းကနေ လိုက်လာခဲ့တယ်..။သူကလည်း နားကျိန်းလောက်တဲ့ အသံနဲ့အတူ ကောင်းကင် ချိန်းကြိုးပေါ်ကို ရောက်လာခဲ့ပါတယ်..။
ဆန်နီက ရှေ့မှာရောက်နေတုန်းပါပဲ..။သားရဲကတော့..သူ့ကို မမှီနိုင်ဖြစ်နေခဲ့တယ်..။လတ်တလော အချိန်မှာတော့ အဲ့အတိုင်းဖြစ်နေခဲ့တာပါ..။
ပြသနာကတော့ ဆန်နီ အနေနဲ့ ပင်ပန်းလာခဲ့ပြီဖြစ်ပြီး..သူ့ရဲ့ အရိပ်အဆီအနှစ်တွေကလည်း တဖြည်းဖြည်းနဲ့နည်းပါးလာခဲ့ပါပြီ..။အနက်ရောင် ကတ္တရာသားရဲကို ကြည့်ရတာတော့ ဒီလိုတေွ ရှိပုံမရပေ..။
တောင်ဘက်..တောင်ဘက်..တောင်ဘက်…။နောက်ကနေ အမှောင်သားရဲ လိုက်လာနေတဲ့ ဆန်နီက ကျွန်းတွေ တစ်ကျွန်းပြီးတစ်ကျွန်း ဖြတ်သန်းရင်း ထွက်ပြေးနေခဲ့တယ်..။သို့ပေမယ့် သူ ဘယ်လောက်ပဲ မြန်မြန် ပြေးနေပါစေ..ဒီ သောက်ကျိုးနဲ မွန်းစတားက ပိုမြန်နေခဲ့ပါတယ်..။
သူ ဖြတ်သန်းလာခဲ့တဲ့ ကျွန်းတွေမှာ..အိပ်မက်ဆိုးသားရဲတွေ အများကြီး ရှိကြပေမယ့် ဒီသတ္တဝါတွေက..မြစိမ်းရောင် အရိုးစု သားရဲလို မဟုတ်ကြပါဘူး..။သူတို့တွေထဲက တစ်ကောင်ကမှ..ပျက်ပြားခြင်းအဆင့်..သားရဲကို တိုက်ခိုက်လိုခြင်း မရှိကြပေ..။အဲဒီအစား သူတို့လည်း ကြောက်လန့်တကြားနဲ့ နီးစပ်ရာ ကျွန်းတွေကို ထွက်ပြေးသွားကြပါတယ်..။သူတို့က လုံလောက်အောင် မလျင်မြန်ကြရင်တော့..ဒီသတ္တဝါကြီးရဲ့ ဝါးမြိုခြင်းကို ခံရမှာ အမှန်ပါပဲ..။
တစ်နေရာအရောက်မှာတော့..ဆန်နီဟာ..သူ့ကိုယ်သူ တစ်ခြား အိပ်မက်ဆိုးသားရဲ မျိုးစုံနဲ့အတူ ဘေးချင်းယှဉ်ပြီး ပြေးနေတာကို တွေ့လိုက်ရတယ်..။ပုံမှန်ဆိုရင် ဒီသားရဲတွေက တွေဝေခြင်းမရှိ သူ့ကို တိုက်ခိုက်ကြမှာပါ..။သူတို့ပုံစံက တောမီးလောင်လို့ ထွက်ပြေးလာကြရတဲ့ သားရဲလေးတွေလိုပါပဲ..။တောမီးလောင်ကျွမ်းသလို ဖြစ်နေတဲ့မွန်းစတားကတော့..လမ်းမှာရှိသမျှအရာရာတိုင်းက ဝါးမြိုနေခဲ့တယ်..။ဒီ ကြောက်မက်ဖွယ်သတ္တဝါရဲ့ရှေ့မှာတော့..သားကောင်ပဲဖြစ်ဖြစ်..အမဲလိုက်သူ ပဲဖြစ်ဖြစ် အားလုံးက အတူတူပါပဲ..။
ဒါ့အပြင် သူ့ရဲ့ မွန်းစတား ခန္တာကိုယ် နဲ့ စိတ် က..အနီရောင် တိုက်ပွဲအဆောက်အဦးမှာရှိတဲ့ အိပ်မက်ဆိုးသားရဲ မျိုးစုံကို အကြိမ်များစွာ အတုခိုးထားခဲ့တာကြောင့်..ဆန်နီက အိပ်မက်ဆိုးသားရဲနဲ့တောင် ပိုတူလာနေခဲ့တယ်..။
သို့ပေမယ့် အနက်ရောင် ကတ္တရာ သားရဲကတော့ သူနဲ့ တစ်ခြား အိပ်မက်ဆိုးသားရဲတွေနဲ့ ရှင်းရှင်းလင်းလင်းကို ကွဲထွက်နေခဲ့ပါတယ်..။သူက သူ့ရဲ့ လမ်းကြောင်းမှာ တည့်တည့်ရှိနေတဲ့ ပန်းတိုင်ကိုပဲ အဓိကထား အာရုံစိုက်နေခဲ့တာပါ..။အဲ့အချိန်မှာတော့..သောက်ကျိုးနဲ အကြောင်းပြချက်တစ်ချို့ကြောင့်..သူ့ရဲ့ ပန်းတိုင်က..ဆန်နီကို ဖမ်းပြီး ဝါးမြိုဖို့ ဖြစ်နေခဲ့တယ်..။
‘ချီးတဲ့မှပဲ…ငါက ဘာတွေများ ထူးခြားနေလို့လဲ..’
သူက ပျက်ပြားခြင်း လမ်းကြောင်းအစား..တက်ရောက်ခြင်း လမ်းကြောင်းကို ရွေးချယ်ထားလို့လား..။သူက အရိပ်တစ်ခု ဖြစ်နေလို့လား..။ဒါမှမဟုတ်..သူ့ရဲ့ ဝိဉာဉ်ထဲမှာလောင်ကျွမ်းပြီး စီးဆင်းနေတဲ့ နတ်ဘုရား မီးတောက်ကြောင့်လား..။
အဲဒီမီးတောက်က ဒီလို သားရဲအတွက် မဆန့်ကျင်နိုင်လောက်တဲ့ ဆွဲဆောင်မူ ဖြစ်နေလို့လား..။
သူ့မှာအဖြေ မရှိပါဘူး..။ဆန်နီ လုပ်နိုင်တာကတော့..ပြေး…ပြေး..ပြေးဖို့ပါပဲ..။သူ့ရဲ့ ရင်ဘတ်တွေက နာကျင်နေပြီး..သူ့ရဲ့ ဝိဉာဉ်တွေက..ကန္တာရတစ်ခုလိုပဲ..အဆီအနှစ်တွေ ကုန်လုနီးပါး ဖြစ်နေခဲ့ပါပြီ..။
..အချိန်တစ်ချို့ကြာပြီးနောက်မှာတော့..သူက အရိပ်တွေထဲကနေ နောက်ဆုံးတစ်ကြိမ် ထပ်ထွက်လာခဲ့ကာ..ကျွန်းအသစ်တစ်ခုရဲ့ မျက်ခင်းပေါ်ကို ကျရောက်သွားခဲ့ပါတယ်..။သူ့ရဲ့ အဆီအနှစ်တွေ အားလုံး ကုန်ဆုံးသွားတဲ့ အချိန်မှာတော့..သူ့ရဲ့ သက်လုံကလည်းထိူးကျသွားခဲ့တယ်..။
သူတော့ အဆုံးသတ်ပါပြီ..။လုံးဝ အဆုံးသတ်ပြီ..။သူ့ရဲ့ တစ်ခုတည်းရှိတဲ့ နှလုံးကလည်း ရင်ဘတ်အောင်လာတဲ့ အထိ ခုန်နေခဲ့ပြီး..နှလုံးနှစ်ခုစာအတွက်ကို အလုပ်လုပ်နေခဲ့ရတယ်..။သူ့ရဲ့ အဆုတ်လေးခုကလည်း မီးတောက်လု မတတ် ဖြစ်နေခဲ့ပါပြီ..။
ဒါက..ဒါက သူသွားနိုင်တဲ့ အဝေးဆုံး အကွာအဝေးပဲ..။
ဆန်နီ အသက်ကို တရွီရွှီနဲ့ ပြင်းပြင်းထန်ထန် ရူသွင်းနေခဲ့တယ်..။ပြီးတာနဲ့ ဖြည်းညှင်းစွာ မတ်တတ်ထရပ်လိုက်ပါတယ်..။သူ့ရဲ့ မျက်လုံးတွေက အမှောင်ထုတွေနဲ့တော်ပနေခဲ့တယ်..။
‘ရှိပါစေတော့…ကောင်းတယ်..။လာ..ငါ့ဆီကိုလာလိုက်..သားရဲလေး..။ငါတို့နှစ်ယောက်မှာ ဘယ်သူက ပိုသန်မာလည်း ကြည့်ကြတာပေါ့..။ငါ..ငါက မင်းထက် သန်မာတဲ့ သတ္တဝါတွေကိုတောင် သတ်ခဲ့ဖူးတယ်..’
သို့ပေမယ့် နွယ်ပိုးကောင် တွေနဲ့ တိုက်ပွဲမှာ ..သူက လပေါင်းများစွာ ပြင်ဆင်ထားသလို မီးစောင့်ရှောက်သူတွေကလည်း သူ့ကို ကူညီပေးခဲ့ကြပါတယ်..။
ဆန်နီက သူ့ရဲ့ နောက်ဆုံးကျန်တဲ့ အဆီအနှစ်နဲ့ ရက်စက်သော မြင်ကွင်းကို ဖော်ထုတ်လိုက်တယ်..။ပြီးတာနဲ့ အနက်ရောင် သတ္တဝါကို ရင်ဆိုင်ဖို့ အသင့်ပြင်လိုက်ပါတယ်..။
သို့ပေမယ့် တစ်ခုခုက..မှားယွင်းနေခဲ့တယ်..။
‘ဟင်..’
ကောင်းကင်ချိန်းကြိုးတွေရဲ့ မြည်သံက တိတ်ဆိတ်သွားခဲ့ပါပြီ..။
သူက မျက်မှောင်ကျုတ်လိုက်ပြီး ကျွန်းရဲ့ အစွန်းနားကို ခြေလှမ်းအနည်းငယ် တိုးကာ..အောက်ကို ငုံ့ကြည့်လိုက်တယ်..။
အနက်ရောင် ကတ္တရာကောင်က..အကွာအဝေးတစ်ချို့မှာ ရှိနေခဲ့ပြီး သူ့ရဲ့ ကြီးမားတဲ့ ခန္တာကိုယ်ကြီးကတော့..ကောင်းကင်ချိန်းကြိုးကနေ လှုပ်ရှားမူမရှိပဲ ငြိမ်သက်နေခဲ့တယ်..။သူက ငြိမ်သက်နေပေမယ့် သူ့ရဲ့ အရည်တွေကတော့..ရွံစရာ ဟန်ချက်တစ်ခုနဲ့အတူပဲ ရွေ့လျားနေခဲ့ပါတယ်..။
သတ္တဝါကြီးက ဒီကျွန်းဆီကို လာဖို့အတွက် တွန့်ဆုတ်နေသလိုပါပဲ..။ဒါက အကြောင်းပြချက်တစ်ချို့ကြောင့် မမြင်ရတဲ့ အတားအဆီးက..သူ့ကို တားဆီးထားသလို ဖြစ်နေခဲ့တာပါ..။
ဆန်နီဟာ..ကြောက်မက်ဖွယ်သတ္တဝါကို တစ်ခနလောက် စိုက်ကြည့်နေခဲ့ပြီးမှ နှာခေါင်းရှုတ်လိုက်တယ်..။
သူက မဖြစ်နိုင်လောက်တဲ့ အခြေအနေကနေ နောက်ထပ်တစ်ကြိမ် လွတ်မြောက်ခဲ့ပြန်ပါပြီ..။သူက ကြောက်မက်ဖွယ်သားရဲ ရဲ့ လိုက်ဖမ််းမူကနေ အောင်မြင်စွာ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့တယ်..။ကြည့်ရတာတော့ အဆုံးသတ်မှာ ကံတရားက သူ့ဖက်မှာရှိနေခဲ့တဲ့ ပုံပါပဲ..။
ဒါပေမဲ့…
အဲတာက တကယ်ပဲလား..။
ဆန်နီ ကြက်သီးထသွားခဲ့တယ်..။
‘ဒီ ပျက်ပြားမူအဆင့် မွန်းစတားကို တောင် ကြောက်လန့်အောင် လုပ်နိုင်တဲ့အရာက ဘာများ ဖြစ်နေနိုင်မလဲ..’
အပိုင်း ( ၆၂၉ ) ပြီး၏။