← Chapters

မတော်တဆ ဆုပ်ကိုင်မိခြင်း

Vol. 8 Ch. 100

မတော်တဆ ဆုပ်ကိုင်မိခြင်း

Vol. 8 Ch. 100

ချူမြစ် စီရင်စုအပိုင်း၏ သင်အန်းမြို့သို့ ရောက်ရှိသည့် အခါတွင် သူ့တို့အား မြေပြင်မှ ပေတစ်ရာခန့် မြင့်သည့် မြို့ရိုးကြီးက ဆီးကြို နှုတ်ဆက်နေလေသည်။

မြို့ရိုးအား မဟူရာ သံကျောက်များဖြင့် တည်ဆောက်ထားခြင်း ဖြစ်ကာ အလွန်မာကျောသည်။

သေချာစွာ ကြည့်မည်ဆိုလျှင် မြို့ရိုးသည် ဧရာမ နဂါးနက်ကြီးတစ်ကောင် မြို့ကို ရစ်ခွေနေသည်နှင့် တူညီပြီး ခမ်းနားကြီးကျယ်သည့် သွင်ပြင်ရှိသည်။

ကျောင်းသားများ ရောက်ရှိလာသည့် အခါတွင် သူတို့အားလုံး တို့သည် နံရံပေါ်သို့ မော့ကြည့်လိုက်ကြသည်။ သူတို့မှု အလွန်ပင်ပန်းနေပြီ ဖြစ်ကာ သူတို့ခြေထောက်များသည် ပျော့ခွေလျက် ရှိနေပြီး မျက်ကွင်းနက်များကိုပင် မြင်တွေ့နေရသည်။

မြို့စောင့် တပ်သားများသည် ပင်ပန်းနွမ်းနယ်ကာ အားအင် ချည့်နဲ့နေသည့် ကျောင်းသားတစ်ရာအား မြင်လိုက်ရသည့် အခါတွင် ထိတ်လန့် သွားကြတော့သည်။

ထိုအချိန်မှာပင် ဓားအင်မော်တယ် လင်းရှောင်သည် ဓားပေါ်မှ ပေါ့ပါးစွာ ဆင်းသက်လာပြီးနောက် စာရွက်စာတမ်း တစ်ခုအား ထုတ်ပေးလိုက်သည်။

တပ်သားများသည် စာတမ်းပါ အကြောင်းအရာများအား မြင်သည့်အခါတွင် ချက်ချင်းဆိုသလို လေးစားသမှု ပြုလာကြသည်။ မြို့ရိုး တံခါးပေါက်များအား ဖွင့်ပေးရုံ သာမက မြို့အရှင်အား အကြောင်းကြားခြင်းကိုပါ ပြုလုပ်လိုက်ကြသည်။

သင်အန်းမြို့၏ မြို့အရှင်ဖြစ်သူ ကျန်းချင်ချူသည် အဆိုပါသတင်းအား ရရှိသည့် အခါတွင် ကိုယ်တိုင်လာရောက် ဆီးကြို နှုတ်ဆက်လေသည်။ ထို့အပြင် သူတို့၏ ရောက်ရှိလာမှုအား ကြိုဆိုသည့် စားသောက်ပွဲကိုပါ ကျင်းပပေးသည်။

ကျောင်းသားများသည် မိုင်ထောင်နှင့် ချီကာ ခရီးနှင်လာရသည့် အတွက် အလွန်တရာ မောပန်းနွမ်းနယ်ကာ ဆာလောင်နေကြပြီ ဖြစ်သည်။

စားသောက်ပွဲတွင် ကျောင်းသားများသည် အငမ်းမရ စားသောက်ကြပြီး တစ်ယောက်လျှင် လူ လေး,ငါးယောက်စာ ပမာဏခန့် စားသောက်နိုင်ကြလေသည်။

ဟမ် ... ဘယ်လို အနေအထားမျိုး ဖြစ်သွားသနည်း။ ဆိုလိုသည်မှာ လူလေး,ငါးရာစာ စားသောက်ပွဲအား ကျင်းပသည်နှင့် တူညီနေပေသည်။

“ညီနောင် လင်းရှောင်ရေ ... မင်းရဲ့ ကျောင်းသားတွေက ကောင်းကောင်း စားနိုင်ကြတာပဲ ...”

ကျန်းချင်ချူသည် နဖူးရှိ ချွေးများအား လက်ဖြင့်သပ်ကာ တုန်လှုပ်စွာဖြင့် ပြောလေသည်။

ဓားအင်မော်တယ် လင်းရှောင်သည် ရယ်မောကာဖြင့် “သူတို့က ဒီနေ့ မိုင်ထောင်ချီပြီး ပြေးလွှားခဲ့ကြရတာလေ ... ဒီလောက်စားတာက ပုံမှန်ပါပဲ ...”

ကျန်းချင်ချူသည် အဆိုပါ စကားအား ကြားလိုက်ရသည့် အခါတွင် သူ့တစ်ကိုယ်လုံး ချွေးများ စို့လာတော့သည်။

ဒီကျောင်းသား အများစုက တာအိုခန္ဓာအဆင့် မဟုတ်ကြဘူးလား ...

တစ်နေ့တည်းနဲ့ မိုင်ထောင်ချီပြီး ပြေးတယ်တဲ့လား ... မြင်းတွေတောင်မှပဲ အဲလိုပြေးနေရရင် သေသွားကြလိမ့်မယ်ဗျ ...

ကနဦးတွင် သူတွေးထင်ခဲ့သည်မှာ ဤကျောင်းသားများသည် အတော်လေး ပုံမှန် မဟုတ်ဟူ၍ပင်။ ယခု ကြည့်ရသလောက် ဆိုလျှင် ပုံမှန် မဟုတ်သည်မှာ သူတို့၏ ဆရာသမားသာလျှင် ဖြစ်ပေသည်။

“အဲတော့ ဓားအင်မော်တယ် လင်းရှောင်ရေ ... မနက်ဖြန်ကျ ပုံမှန်အတိုင်းပဲ အမဲလိုက်ကြမှာလား ...” ကျန်းချင်ချူသည် မသေချာသည့်ပုံဖြင့် မေးလိုက်သည်။

“သေချာတော့ပေါ့ ... အရင်အတိုင်းပဲလေ ... မင်းက အရင်းအမြစ်တွေ များများလိုချင်ရင်တော့ နောက်ကနေလိုက်ဖို့ တပ်သားများများ လွှတ်လိုက်ပေါ့ ...” ဓားအင်မော်တယ် လင်းရှောင်သည် ရယ်မောကာ ပြောသည်။

“ကောင်းပြီ ... အခုပဲ သွားစီစဉ်လိုက်မယ် ...” ကျန်းချင်ချူသည် ပျော်ရွှင်စွာ ရယ်မောလိုက်သည်။

အမဲလိုက်ရန် အလို့ငှာ တောင်တန်းများအတွင်း ဝင်ရောက်သည့် အခါတွင် သူတို့သည် အဖွဲ့ငယ်လေးများအဖြစ် ခွဲသွားလေ့ ရှိသည်။ အကြောင်းမှာ အလွန်နိုးကြားနိုင်စွမ်း မြင့်မားသော သားရဲများသည် ကြီးမားသည့် အဖွဲ့များကြောင့် ရုတ်တရက် ထိတ်လန့် သွားနိုင်ပေသည်။

ဓားအင်မော်တယ် လင်းရှောင်သည် ကျောင်းသားများအား ၁၂ ဖွဲ့အထိ ခွဲလိုက်နိုင်သည်။ စိတ်ဝိညာဉ်သားရဲများနှင့် မတွေ့သ၍ သူ့တို့အား တားဆီးနိုင်မည်သူ မရှိချေ။

အချိန်ရောက်လာသည့် အခါတွင် တပ်သားအချို့အား ကျောင်းသားများနောက်တွင် လိုက်ပါစေလျက် သားရဲအလောင်းများကို ကောက်ယူစေသည်။ အတော်လေး များပြားလှသည့် ပမာဏဖြစ်သည်။ အရှေ့တွင် ရန်သူများနှင့် တိုက်ခိုက်နေချိန်တွင် ရတနာများအား သိမ်းဆည်းနေခြင်းနှင့် တူနေပေသည်။ သူ့အနေနှင့် သဘောမကျစရာ မရှိချေ။

သို့သော်လည်း သူသည် အပြုအမူများနှင့် ရင်းနှီးနေဆဲ ဖြစ်သည်။ ရရှိမည့် အကျိုးအမြတ်သည် ကောက်ယူရရှိမည့် ပစ္စည်းများအား ရောင်းချရာမှ ခွဲဝေယူရမည် ဖြစ်သည်။

နောက်တစ်နေ့တွင် အန်လင်းနှင့် အခြားသူများသည် သင်အန်းမြို့ကို စွန့်ခွာလာကြသည်။

ကျောင်းသားများအား ငါးယောက်ပါ အဖွဲ့ ၂၀ အဖြစ် ခွဲလိုက်သည်။

အန်လင်းသည် အဖွဲ့တစ်ဖွဲ့၏ ခေါင်းဆောင်ဖြစ်သည်။ အခြားသော အဖွဲ့ဝင် လေးဦးတို့မှာ လောင်ကျိပင်၊ မုန့်ထျန်း၊ ကျုံးရုံရန်နှင့် စွန်းရှန့်လျန်တို့ ဖြစ်ကြသည်။ ကျုံးရုံရန်မှအပ အခြားသော သုံးဦးသည် တာအိုခန္ဓာ အဆင့် ၁၀ များ ဖြစ်ကြသည်။

သူ၏ အဖွဲ့သား လေးဦးတို့သည် အန်လင်း၏ အဖွဲ့အတွင်းသို့ ဝင်ရောက်ခွင့်ရသဖြင့် အလွန်ပျော်ရွှင်လျက် ရှိကြသည်။

“ဟဟ ... ငါက အစ်ကိုကြီး အန်နဲ့ အဖွဲ့အတူတူ ဖြစ်ခွင့်ရခဲ့ပြီ ... နှစ်ကုန် စာမေးပွဲဆိုတာ အိတ်ထဲမှာပါကွာ ...” လောင်ကျိပင်သည် ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ သူသည် ကြီးထွားကာ အရပ်ရှည်သူ ဖြစ်သည်။

“အစ်ကိုကြီးအန်ရေ ... ဒီနေ့ သားရဲ ဘယ်လောက် သတ်မှာလဲ ...” မုန့်ထျန်းသည် စိတ်အားထက်သန်မှု အပြည့်ဖြင့် မေးလိုက်သည်။ သူမသည် ဆံပင်တိုနှင့် နှစ်လိုဖွယ်ကောင်းသော မိန်းမပျိုတစ်ဦး ဖြစ်သည်။ ယခုအခါတွင် အန်လင်းအား သူမ၏ ကြီးမားတောက်ပသည့် မျက်လုံးများဖြင့် ကြည့်နေလေသည်။

“ဟမ့် ... အစ်ကိုကြီးအန်က သန္ဓေပြောင်း သားရဲလောက်ကို စိတ်ဝင်စားမယ်လို့ ထင်နေတာလား ... သူက သေချာပေါက်ကို စိတ်ဝိညာဉ် သားရဲတွေဆီကို သွားမှာကွ ...” ကျုံးရုံရန်သည် လက်ထဲရှိ ယပ်တောင်အား ဝှေ့ယမ်းကာဖြင့် မနှေးမမြန်သည့် လေသံဖြင့် ပြောလာသည်။

“အစ်ကိုကြီးအန်က ဝိညာဉ်သားရဲတွေ အင်မော်တယ် သားရဲတွေကို သတ်ဖြတ်ဖို့ စဉ်းသားထားတယ်ဆိုရင် ကျွန်မတို့ကို မခေါ်ပါနဲ့နော် ... ကျွန်မတို့က အဲကောင်တွေ နှာမှုတ်ရုံနဲ့တင် မတော်တဆ သေသွားနိုင်တယ်ရှင့် ... ကြောက်လို့ပါရှင် ...” စွန်းရှန့်လျန်သည် စိုးရိမ်စွာဖြင့် ပြောလေသည်။

သူ့အဖွဲ့သားများ၏ မှတ်ချက်စကားများကို ကြားရသည့်အခါတွင် အန်လင်းမှာ အတော်လေး မွန်းကျပ်လာသည်ကို ခံစားရသည်။

သောက်ခွေးနဲ့မှ ... ဒီလူတွေက ငါ့ကို ပုံပြင်တွေထဲက ကြီးမြတ်တဲ့ နတ်ဘုရား အန် လို့များ တကယ်ကြီး ထင်နေကြတာလားကွာ ...

ငါလည်းပဲ တာအိုခန္ဓာ အဆင့် ၁၀ ပါနော် ... ဟုတ်ပလား ... စိတ်ဝိညာဉ် သားရဲတွေနဲ့ တွေ့လာရင် ငါလည်းပါ ထွက်ပြေးမှာပါနော် ... အိုခေလား ...

အန်လင်း၏ အစွမ်းကုန် ဖျောင်းဖျ ပြောဆိုမှု ပြီးသည့်နောက်တွင် သူ၏ အဖွဲ့ဝင် လေးဦးတို့သည် နှစ်အနည်းငယ် အတွင်း ကြီးမားသည့် အဖျက်စွမ်းအားကို ထုတ်ဖော်နိုင်ခြင်း မရှိဟူသည့် အချက်အား လက်ခံ သွားကြတော့သည်။

ယခုအချိန်တွင် သူသည် တာအိုခန္ဓာ အဆင့် ၁၀ ရှိသော အဖွဲ့ခေါင်းဆောင် တစ်ဦးမျှသာလျှင် ဖြစ်သည်။

ဤသို့ဖြင့် သူတို့ငါးဦးသည် အသင်္ချေတောင်တန်း နယ်မြေသို့ ဦးတည်ကာ ထွက်ခွာလိုက်ကြတော့သည်။

စိတ်ပျက်ဖွယ်ရာ တောင်တန်းများ အကြားတွင် သားရဲများသည် ဒေါသတကြီးဖြင့် လျှောက်ယမ်းလျက် ရှိနေသည်ကြောင့် ရှားပါးသည့် စိတ်ဝိညာဉ် သားရဲနှင့်ပင် ကြုံတွေ့နိုင်သည်။

သားရဲအမြုတေများ အကြောင်း စဉ်းစားမိသည့် အခါတွင် အန်လင်းသည် ရွှမ်ယွမ်ချန်နှင့် စုချန်းရန်တို့အား အကူအညီ တောင်းခံလိုက်သည်။

သားရဲအမြုတေများသည် စိတ်ဝိညာဉ် သားရဲများ၏ စွမ်းအင်စုစည်းရာ ဖြစ်သည်။ ယင်းသည် စွမ်းအင်များကို စုပ်ယူ ပြောင်းလဲနိုင်သည့် အင်္ဂါတစ်ခုနှင့် တူညီသည်။

လူသားကျင့်ကြံသူများ အတွက် သားရဲအမြုတေများသည် သိပ်အသုံးမဝင်ပေ။

ထိုကဲ့သို့သော အရာအား မည်သည့် အတွက်ကြောင့် အန်လင်းလိုအပ်သည်ကို မသိကြချေ။ သို့သော်လည်း အန်လင်း အကူအညီ တောင်းခံခြင်းကြောင့် သူတို့အနေဖြင့် ကူညီကြမည်သာ။

***

အသင်္ချေတောင်တန်း နယ်မြေအတွင်း_

“အစ်ကိုကြီးအန် လက်ထဲမှာ ကိုင်ထားတဲ့ ဓားနက်က အရမ်းကို လှပတာပဲ ... ကန့်သတ်မဲ့ ပြိုင်ပွဲတုန်းက သုံးတာကို မတွေ့မိဘူးနော် ...” မုန့်ထျန်းသည့် စူးစမ်းသည့်အနေဖြင့် မေးလိုက်သည်။

အန်လင်းသည် လေသံထဲတွင် စိတ်အလိုမကျသည့် အရိပ်အယောင်ဖြင့် ပြန်ဖြေလာသည်။ “ဒီဓားကို မဟူရာည ဧကရီနဲ့ တိုက်ခိုက်တုန်းက ရလာခဲ့တာ ... ဓားစိတ်ဝိညာဉ်ကတော့ ဖျက်ဆီး ပစ်လိုက်တာကြောင့် ရှက်ဖို့တော့ ကောင်းတယ် ... အခုတော့ အင်မော်တယ် တစ်ပိုင်း လက်နက်အနေနဲ့ပဲ ရှိတော့တယ် ...”

သူ၏ အဖွဲ့သား လေးဦးတို့သည် အန်လင်း၏ အဖြေကို ကြားသည့်အခါတွင် အသက်ရှူများ မြန်ဆန်လာပြီးနောက် တလက်လက် တောက်ပနေသည့် မျက်လုံးများဖြင့် အန်လင်းအား ကြည့်လာကြသည်။

‘အင်မော်တယ်တစ်ပိုင်း လက်နက် အနေနဲ့ပဲ’ ဟူသော စကားသည် သူတို့အား အသက်ရှူ မှားလောက်စေသည်။

သူက တကယ်ကို ကြီးမြတ်တဲ့ နတ်ဘုရား အန် ပါလား ...

အဲဒီ စကားက ... အတော်လေးကို ... လွှမ်းမိုး နိုင်လွန်းတယ် ...

အန်လင်းသည် သူတို့၏ အကြည့်များအား သတိပြု မိလိုက်သည့် အခါတွင် ချက်ချင်းဆိုသလို နားလည် သွားတော့သည်။

မရည်ရွယ်ဘဲ သူတို့ရဲ့ နှလုံးသားလေးတွေကို ဆွဲခါလိုက်မိတာ များလား။

ထိုသို့သာ ဆက်လက် ဖြစ်နေမည် ဆိုလျှင် သူ့အဖွဲ့သားများသည် သူ့အပေါ်တွင်သာ လုံးလုံးလျားလျား မှီခို သွားကြပေလိမ့်မည်။

ထိုအချိန်တွင် သူတို့သည် သားရဲများနှင့် တိုက်ခိုက်ရန် ဆန္ဒရှိကြတော့မည် မဟုတ်ချေ။ ထို့အစား ဘေးမှနေ သူ့အား အားပေးခြင်းကိုသာ ပြုလုပ် လာကြပေလိမ့်မည်။

ဤသို့ စဉ်းစားမိသဖြင့် ချက်ချင်းဆိုသလို မိစ္ဆာရှင်းဓားကို သိုလှောင်လက်စွပ် အတွင်း ထည့်လိုက်ပြီးနောက် ရွှေရောင် ဓားတစ်ချောင်းအား ထုတ်ယူလိုက်သည်။

“ငါက အင်မော်တယ် လက်နက်တွေကို ဘယ်လို သုံးရမယ်ဆိုတာ မသိဘူး ... ဒီအဆင့်မြင့် မှော်လက်နက်က ပိုပြီး သင့်တော်တယ်လို့ ခံစားရတယ် ... သုံးရလည်း လွယ်တယ် ...” အန်လင်းမှ မှတ်ချက်ပြုလိုက်သည်။

အန်လင်းသည် ခေါင်းညိတ်ကာဖြင့် လက်ထဲတွင် ကိုင်ထားသော ရွှေရောင်ဓားကို ကြည့်လိုက်သည်။

သူ၏လက်နက်သည် အဖွဲ့သားများနှင့် တူညီနေသမျှ သူ့အနေဖြင့် စိတ်ရှုပ်ခံစရာ မလိုအပ်ချေ။

“ရှင်းပြစရာ မလိုပါဘူး အစ်ကိုကြီးအန်ရ ... နားလည်ပါတယ်ဗျ ...” လောင်ကျိပင်သည် နားလည်စွာဖြင့် ရယ်မောလိုက်သည်။

“စွမ်းအားအစစ်ကို ဖုံးကွယ်ပြီး ဝှက်ဖဲအနေနဲ့ ထားမယ် ... အစ်ကိုကြီးအန်ကတော့ ကျွန်တော်တို့ကျောင်းရဲ့ ထိပ်တန်းကျောင်းသားဆိုတဲ့ နေရာနဲ့ ထိုက်တန် လွန်းတယ်ဗျာ ...” ကျုံးရုံရန်သည် သူ၏ယပ်တောင်အား တဖျပ်ဖျပ် ခတ်ကာဖြင့် ခေါင်းညိတ်လိုက်သည်။

“အမှိုက်လို သားရဲတွေကို သတ်ဖို့အတွက် အစ်ကိုကြီးအန် အနေနဲ့ အဲဒီဓားကို အသုံးပြုဖို့ မထိုက်တန်ပါဘူးရှင် ...” စွန်းရှန့်လျန်သည် လေးစားစွာ ဆိုလာသည်။

“မျှော်လင့်ထားတဲ့ အတိုင်းပဲ ကြီးမြတ်တဲ့ နတ်ဘုရား အန် ပီသလွန်းတယ် ... အပြုအမူ တစ်ခုချင်းစီတိုင်းက ခန့်ညားမှုအပြည့် ဖြစ်နေတာ ...” မုန့်ထျန်း၏ မျက်လုံးများသည် တောက်ပလာလေသည်။

ထိုသို့ဖြင့် အန်လင်း၏ အဖွဲ့သားများသည် သူ့အား ပို၍ပင် လေးစားကြည်ညို လာကြသည်။

အန်လင်း : “ ...”

‘ကြီးမြတ်သည့် နတ်ဘုရားတစ်ပါး’ အဖြစ် အမွှမ်းတင်ခြင်း ခံရသည့်ကြောင့် သူ၏ အပြုအမူ တစ်ခုချင်းစီသည် လွန်စွာ ကြည့်ကောင်းလာပြီး အံ့အားသင့်ဖွယ် ဖြစ်လာပုံရသည်။

ဘွတ် ...

ထိုအချိန်မှာပင် အန်လင်းသည် မတော်တဆ လေလည် မိလိုက်သည်။

သူ၏ လေလည်သံမှာ အတော်လေး ကျယ်လောင်လွန်းသည်ကြောင့် သူ၏ အဖွဲ့သားများသည် ခေတ္တမျှ ကြောင်အ သွားကြလေသည်။

***

“သတိထား ...”

ရုတ်တရက် ဆိုသလို အန်လင်းသည် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီးနောက် စွန်းရှန့်လျန်အား ဘေးသို့ တွန်းထုတ်လိုက်သည်။

“ရှူး ...”

ပေသုံးဆယ်ခန့် ရှည်မည့် စပါးအုံးမြွေကြီးသည် သစ်ပင်အောက်မှ ပေါ်ထွက်လာသည်။ သူ၏ ကြီးမားကျယ်ပြန့်သည့် ပါးစပ်ကြီးကို ဖွင့်ဟကာဖြင့် စွန်းရှန့်လျန်အား ကိုက်ဖြတ်လိုက်သည်။

လောင်ကျိပင်၏ လက်သီးများသည် အနီရောင် တောက်ပလာပြီး စပါးအုံးမြွေကြီး၏ ဦးခေါင်းအား လက်သီးဖြင့် ထုခြေလိုက်သည်။

ဘုန်း

သူ၏ တိုက်ခိုက်မှုကြောင့် စပါးအုံးမြွေ၏ ဦးခေါင်းသည် ပြားသွားတော့သည်။ ထိုအချိန်မှာပင် မုန့်ထျန်း၏ လက်နက်ပြား တစ်ခုသည် လေကို ဖြတ်သန်းကာ မြေခေါင်းအား ထက်ခြမ်း ခွဲလိုက်သည်။

“ဝှီး ... အန္တရာယ် များလိုက်တာ ... အစ်ကိုကြီးအန်ကို ကျေးဇူးအများကြီး တင်ပါတယ် ...”

စွန်းရှန့်လျန်သည် သူမ၏ ရင်ဘတ်အား လက်ဖြင့် အသာဖိကာဖြင့် သူမနှလုံးသားထဲတွင် ကြောက်ရွံ့မှုများ ရှိနေဆဲပင် ဖြစ်သည်။

မြွေကဲ့သို့သော သားရဲများသည် အလွန်လျှို့ဝှက်စွာ လှုပ်ရှား တတ်ကြသည်။ သတိမထား မိလိုက်သည်နှင့် သတ်ဖြတ် ခံရပေလိမ့်မည်။

ထိုခဏမှာပင် မုန့်ထျန်းသည် လျှောက်လှမ်းလာခဲ့ပြီး သူမ၏ မျက်နှာတွင် အံ့ဩ ဆန်းကြယ်သည့် အကြည့်နှင့် ဖြစ်သည်။ “အစ်ကိုကြီးအန်က တကယ်ကို မျှော်လင့်ထားတဲ့ အတိုင်းပဲ ... ဒါက ကျွန်မရဲ့ အမှားပါ ... ကျွန်မက အရမ်းကို သတိမမူမိဘဲ ဖြစ်သွားခဲ့တယ် ...”

အန်လင်း : “…”

“ကျွန်တော်ကောပဲ ...” လောင်ကျိပင်သည်လည်း ထောက်ခံလိုက်သည်။ “နောက်ဆိုရင် လေလည်တာကို မသိချင်ယောင် ဆောင်နေပါ့မယ် ... အစ်ကိုကြီးအန်ရဲ့ လေလည်မှုက ကျွန်တော်တို့ကို ဂရုစိုက်ဖို့ သတိပေးလိုက် သလိုပါပဲ ...”

ကျုံးရုံရန်သည်လည်း ယပ်တောင်ကို ဝှေ့ယမ်းလျက် “သူက စကားနဲ့ သတိပေးလိုက်မယ် ဆိုရင် ရန်သူကို သတိချပ် မိစေမှာပဲ ... ဒါပေမဲ့လည်း လူသားတစ်ယောက်ရဲ့ သဘာဝ လုပ်ဆောင်ချက်ဖြစ်တဲ့ ‘လေလည်ခြင်း’ နဲ့ သတိပေးလိုက်တော့ စပါးအုံးမြွေလည်း မသိနိုင်တော့ဘူး ... အစ်ကိုကြီးအန်ကတော့ အပြုအမူ တစ်ခုချင်းစီကနေ အတွေး နက်နက်တွေကို ပေးစွမ်းနိုင်တယ်ဗျာ ...” ထိုစကားအား ပြောနေရင်းနှင့် သူ့မျက်နှာ အမူအရာမှာ အရာအားလုံးအား နားလည် သဘောပေါက်သွားဟန် ရှိနေပေသည်။

“သနားဖို့ကောင်းတဲ့ ကျွန်မတို့ကတော့ အဲဒီလို နားမလည် နိုင်ခဲ့ကြဘူး ...” စွန်းရှန့်လျန်၏ လှပသည့် မျက်နှာလေးတွင် သူမကိုသူမ ကဲ့ရဲ့ပြစ်တင်သည့် အမူအရာများ ရှိနေလေသည်။

အန်လင်းသည် နေရာတွင်ပင် ဆွံ့အကာ ကြက်သေသေလျက် ရှိနေလေသည်။

သောက်ကျိုးနည်းဟေ့ ...

ငါက ရုတ်တရက်ကြီး လေလည် မိခဲ့တာပါ ... အခုတော့ လေလည်တာက အရမ်းကို နက်နဲပြီး ထူးခြားတဲ့အရာ ဖြစ်လာပါရောလား ...

မင်းတို့ စူပါဖန်တွေကိုတော့ အရှုံးပေးပါတယ်ကွာ ...

***

All Chapters