← Chapters

စတုတ္ထညဉ့်ယံ

Vol. 26 Ch. 382

စတုတ္ထညဉ့်ယံ

Vol. 26 Ch. 382

နဂါးမျိုးနွယ်သားသည် သူတို့ ထာဝရတိုင်းပြည်ကို တိုက်ခိုက်မည်၊ မတိုက်ခိုက်မည်ကို မသိခဲ့ချေ။ ရှားလော့ခ်နှင့် လီလိုတို့ ဘာမှ မပြောခဲ့ကြသလို တရားဝင် ဝက်ဘ်ဆိုက်တွင်ပင် သတင်း အချက်အလက် တစ်စုံတစ်ရာ မရှိခဲ့ချေ။

ဒန်ဂျင်စစ်ပွဲတွင် သူတို့ မည်သို့သော အခန်းကဏ္ဍမှ ပါဝင်မည်ကို မည်သူမျှ မသိခဲ့ကြချေ။ သူတို့ သိရှိသည့် တစ်ခုတည်းသော အရာမှာ ထာဝရတိုင်းပြည် တိုက်ခိုက်မှု စတင်သည့်အခါ ဗစ်တိုးရီးယားမြို့မှ ဂိမ်းမာများသည် အလုပ်မလုပ်ဘဲ နေခွင့်ရကြမည် မဟုတ် ဟူသောအချက်ပင်။

ဗစ်တိုးရီးယားမြို့မှ ဂိမ်းမာများ စစ်ပွဲ အတွက် ပြင်ဆင်မှု စတင်သည့်အခါ ထာဝရတိုင်းပြည်မှ ဂိမ်းမာများ သတိပြုမိ ခဲ့ကြသည်။

လီလို စစ်ပွဲ အတွက် ပြင်ဆင်မှု ကြေညာခြင်း မပြုမီကပင် ဂိမ်းမာများသည် ဆွေးနွေးပွဲ ဖိုရမ်တွင် သတင်း အချက်အလက်များကို ဖြန့်ဝေခဲ့ကြပြီး ဖြစ်သည်။

ဆွေးနွေးပွဲ ဖိုရမ်တွင် နှုတ်ဖြင့် အငြင်းပွားမှုများ ဖြစ်ပွားခဲ့ပြီး ကီးဘုတ် စစ်သည်တော်များသည် သူတို့၏ ကိုယ်ပိုင်အဖွဲ့များကို ကာကွယ်ခဲ့ကြသည်။

ထာဝရတိုင်းပြည်မှ ဂိမ်းမာများသည် ဗစ်တိုးရီးယား မြို့သားများအား သူတို့၏ အကျပ်အတည်းကို အခွင့်ကောင်းယူခြင်းဖြင့် ယုတ်မာသည်ဟု စွပ်စွဲခဲ့ကြသည်။

ထိုအချိန်တွင်ပင် ဗစ်တိုးရီးယား မြို့သားများသည် ထာဝရတိုင်းပြည်မှ ဂိမ်းမာများအား ဂိမ်းမာအသစ်များကို အနိုင်ကျင့်သည်ဟု စွပ်စွဲ ခဲ့ကြသည်။

ဤသို့သော နှုတ်ဖြင့် အငြင်းပွားမှု မျိုးမှာ မလွှဲမရှောင်သာ ဖြစ်သည်။

ဂိမ်းမာများ အငြင်းပွား နေကြစဉ် စစ်ပွဲပြင်ဆင်မှု သုံးရက်တာ ကာလမှာ ကုန်လွန် သွားခဲ့သည်...

...

မီးခိုးရောင်ချိုင့်ဝှမ်း တစ်ခုတွင် အော့ခ်များ စုရုံး နေကြသည်။ အခါအားလျော်စွာ အော့ခ်အချို့ ရန်ဖြစ်ကြပြီး သူတို့၏ လက်နက်များကို ဆွဲထုတ်ကြသည်။ ကံကောင်းစွာဖြင့် ဘေးရှိ အော့ခ်များက ဝင်ရောက်တားဆီး ခဲ့ကြသည်။

မရေမတွက်နိုင်သော အော့ခ်များ ဤနေရာတွင် စုရုံး နေကြပြီး သူတို့သည် အထက်တန်းစား နတ်ဆိုးတစ်ဦး— မော်ဂန် အမိန့်ကိုသာ နာခံကြသည်။

ပိန်လှီသော အော့ခ် တစ်ဦးသည် မြင့်မားသော နေရာ တစ်ခုတွင် ရပ်နေပြီး တံပိုး တစ်လုံးကို အားစိုက်ထုတ်မှု ကြီးစွာဖြင့် မှုတ်နေသည်။ အောက်ရှိ အော့ခ်များသည် သူတို့၏ ခေါင်းများ အထက်တွင် ဝိုင်ဗန်နဂါး တစ်ကောင် ဟိန်းဟောက်သွားစဉ် အောင်ပွဲခံကြသည်။ ဝိုင်ဗန်နဂါး၏ အမြင်အရ ထိုအရာမှာ တွားသွားနေသော ပုရွက်ဆိတ်များ ထူထပ်စွာ စုဝေးနေသကဲ့သို့ ထင်ရသည်။

မော်ဂန်သည် ချိုင့်ဝှမ်းအတွင်းရှိ အော့ခ်တပ်မတော်ကို အပေါ်စီးမှ ကြည့်ရှုနိုင်သော မြင့်မားသော မြေပြင်ပေါ်တွင် ရပ်နေပြီး ချိုင့်ဝှမ်းမှ ထွက်ခွာ ချီတက်နေသော အော့ခ်များကို ကြည့်ရှုနေသည်။

မော်ဂန်သည် အော့ခ် တပ်မတော်ကြောင့် စိတ်လှုပ်ရှား နေခဲ့သည်။ ဤရူးသွပ်ပြီး ရက်စက် ကြမ်းကြုတ်သော အော့ခ်များကို သူထိန်းချုပ် နိုင်လိမ့်မည်ဟု မည်သူက ထင်မြင်ခဲ့မည်နည်း။

သူ၏ ငတုံး ညီငယ်သည်လည်း အော့ခ်များကို အသုံးချခဲ့သော်လည်း သူသည် မျိုးနွယ်စု တစ်ခုတည်း၏ ခေါင်းဆောင်နှင့်သာ မဟာမိတ် ဖွဲ့ခဲ့သည်။ သူတို့သည် တစ်ယောက်နှင့် တစ်ယောက် အသုံးချ နေကြခြင်းသာ ဖြစ်သည်။

သူ၏ အခြေအနေတွင်မူ ကွဲပြားခြားနားသည်။ ဤအော့ခ်များတွင် မျိုးနွယ်စု ခေါင်းဆောင်များ မရှိကြချေ၊ အကြောင်းမှာ သူသည် သူတို့၏ ခေါင်းဆောင် ဖြစ်သောကြောင့်ပင်။ အော့ခ်သောင်းပေါင်း များစွာသည် သူ၏ အမိန့်အောက်တွင် ရှိနေကြပြီး မိုက်ကယ်အိန်ဂျယ်လို၏ ပျောက်ဆုံးနေသော စာအုပ်တွင် ဖော်ပြထားသည့် နည်းလမ်း တစ်ခုဖြင့် ထိန်းချုပ်ခြင်း ခံထားရသည်။

မိုက်ကယ်အိန်ဂျယ်လို၏ နည်းလမ်းကို အသုံးပြု၍ သူသည် အော့ခ်များကို ထိန်းချုပ်ခဲ့သည်။

မော်ဂန်၏ ပန်းတိုင်မှာ စာအုပ်တစ်အုပ် တည်းသာ မဟုတ်ခဲ့ချေ။ သူသည် မိုက်ကယ်အိန်ဂျယ်လို၏ စည်းစိမ်ဥစ္စာ အားလုံးကို လုယူလိုခဲ့သည်။ ထာဝရတိုင်းပြည်ကို တိုက်ခိုက်ပြီး ရှားလော့ခ်ကို အရှင်ဖမ်းဆီးခြင်းမှာ သူ၏ ရည်မှန်းချက်၏ ပထမခြေလှမ်း ဖြစ်သည်။

ရှုံးနိမ့်မှု အတွက် စဉ်းစားခြင်းလား။ မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဟုတ်ဘူး။ သူ ထိုအရာကို စဉ်းစားပင် မစဉ်းစားခဲ့ချေ။ အော့ခ်သောင်းပေါင်း များစွာဖြင့် သူ မည်သို့ ရှုံးနိမ့် နိုင်မည်နည်း။ ထို့အပြင် သူ၌ နောက်ဆုံး ထိုးနှက်ချက် အတွက် အထူးကတ် တစ်ချပ်၊ လျှို့ဝှက် လက်နက် တစ်ခု ရှိနေသေးသည်။

မော်ဂန်သည် ရှားလော့ခ်ကို အနိုင်ယူပြီး မိုက်ကယ်အိန်ဂျယ်လို၏ အမွေအနှစ်ကို လုယူမည်ကို စိတ်ကူးယဉ်ရင်း မကောင်းဆိုးဝါးဆန်စွာ ရယ်မောလိုက်သည်။ ထို့နောက် သူသည် မဟာနတ်ဆိုး၏ စွမ်းအားကို ကျွမ်းကျင်အောင် သင်ယူရန် အချိန်အနည်းငယ် သုံးစွဲမည် ဖြစ်ပြီး သူ၏ ဖခင်၏ အသိအမှတ် ပြုမှုကို ရရှိပြီးနောက် သူ၏ မိုက်မဲသော အစ်ကိုကြီးကို အနိုင်ယူမည်။ သူသည် ထာဝရမီးလျှံ၏ ပထမဆက်ခံသူ ဖြစ်လာလိမ့်မည်။

ထို့နောက်... မော်ဂန်သည် သူ၏ စိတ်ထဲတွင် ခမ်းနားထည်ဝါသော ဇာတ်လမ်း တစ်ပုဒ်ဖြင့် ပြည့်နှက် နေခဲ့သည်။

ဇာတ်လမ်းမှာ သေချာပေါက် အကောင်အထည် ပေါ်လာလိမ့်မည်။

...

နတ်ဆိုးစီမံခန့်ခွဲရေး ကော်မတီ၏ စစ်ပွဲသတိပေးချက် လက်ခံ ရရှိပြီးနောက် စတုတ္ထမြောက် နေ့တွင်။

ရှားလော့ခ်သည် သူ၏ သူရဲကောင်းဆန်သော စစ်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဂိမ်းမာများအား ရဲစွမ်းသတ္တိ ရှိရှိ သတ်ဖြတ်ရန် စိတ်ဓာတ်မြှင့်တင်သည့် စစ်ပွဲမိန့်ခွန်း တစ်ခု ပြောကြားနေသည်။ သူတို့သည် သူတို့၏ အသက်ကို စွန့်လွှတ်ရလျှင်ပင် ကြောက်ရွံ့ခြင်း ကင်းမဲ့ ကြလိမ့်မည်။

သူသည် ဂိမ်းမာများကို သူတို့၏ ကာကွယ်ရေး နေရာများသို့ ဖြန့်ကျက် ချထားပြီး ချို့ယွင်းချက်များ မရှိစေရန် နောက်ဆုံး အကြိမ် စစ်ဆေးမှု ပြုလုပ်ခဲ့သည်။

သူတို့သည် တစ်နေ့လုံး စောင့်ဆိုင်းခဲ့ကြသော်လည်း မည်သူမျှ ရောက်မလာခဲ့ချေ။

ညအချိန်တွင် သတင်းထောက် ရာပေါင်းများစွာ ပါဝင်သော အုပ်စုတစ်စု ဒန်ဂျင်သို့ လာရောက် လည်ပတ်ခဲ့ပြီး သူတို့ တစ်ဦးစီတွင် သတင်းထောက် ဖြတ်သန်းခွင့် ကတ်များ ရှိနေကြသည်။ သူတို့ အများစုမှာ ကုန်သည်မဟာမိတ် အဖွဲ့၏ ဆောင်းတောင်ကုန်းမြို့ ဌာနခွဲမှ ဖြစ်ပြီး ကျန်သူများမှာ အခြား ဒန်ဂျင်များမှ ဖြစ်ကြသည်။ သူတို့သည် စစ်မြေပြင် သတင်းထောက်များ ဖြစ်လိုကြသည်။

လူတိုင်းသည် နှစ်တစ်ရာကြာ ငြိမ်းချမ်းရေးကို အဆုံးသတ်စေခဲ့သော ဒန်ဂျင်စစ်ပွဲကို စိတ်ဝင်စား နေကြသည်။

ရှားလော့ခ်သည် သတင်းထောက်များအပေါ် ကောင်းမွန်သော အထင်အမြင် မရှိခဲ့ချေ။ သူတို့သည် သူတို့၏ သတင်းစာများတွင် ကြော်ငြာများ ထည့်သွင်းခြင်းကို နှစ်သက်ကြပြီး ထိုအရာက သတင်းပမာဏကို လျော့နည်းစေခဲ့သည်။ ရှားလော့ခ်သည် ယခင်က သတင်းစာများ အတွက် ငွေတစ်ပြား တစ်ချပ်မျှ သုံးစွဲခြင်း မရှိခဲ့ချေ။ ထို့အပြင် သတင်းထောက်များသည် အဓိပ္ပာယ် မရှိသော အရာများကို ရေးသားခြင်းကို နှစ်သက်ကြသည်။ သူသာ သူတို့နှင့် ပေါင်းသင်းဆက်ဆံပါက သူသတိမထားမိလျှင် သူတို့၏ စကား ထောင်ချောက်များထဲသို့ ကျရောက် သွားလိမ့်မည်။

ရှားလော့ခ်သည် သူတို့ကို မောင်းထုတ်ရန် ဟန်ပြင်လိုက်စဉ် သတင်းထောက်များ အာသာကို အင်တာဗျူးရန် မှော်ကျောက်တုံးများ ပေးဆောင်နေသည်ကို မြင်တွေ့လိုက် ရသည်။

ရှားလော့ခ်သည် ကြက်ဥခေါင်းအား အရေးကြီးသော မစ်ရှင် တစ်ခု ပေးအပ်ခဲ့သည်...

"သတင်းထောက်အားလုံး ၊ မှတ်ပုံတင်ရန် ဒီကို လာကြပါ။ သတင်းထောက် တစ်ဦးစီက ဒန်ဂျင်သို့ ဝင်ရောက်ဖို့ ဖြတ်သန်းခွင့် ကတ်အတွက် မှော်ကျောက်တုံး ၁၀ တုံး ပေးဆောင် ရမယ်။ ဖြတ်သန်းခွင့်ကတ် မရှိတဲ့ သတင်းထောက်တွေကို ဝင်ခွင့် ငြင်းပယ်မယ်။"

ကြက်ဥခေါင်းသည် ဒန်ဂျင်ဝင်ပေါက်တွင် ရပ်နေပြီး သတင်းထောက်များအား အော်ပြောလိုက်သည်။

ဝင်ခွင့်ကြေးများ အပြင် ရှားလော့ခ်သည် အင်တာဗျူးများ အတွက် ဈေးနှုန်းစာရင်း တစ်ခု ပြင်ဆင် ထားခဲ့သည်။

ဆင်းဘကို အင်တာဗျူးခြင်း— မှော်ကျောက်တုံး ၅ တုံး။

မုဖာဆာကို အင်တာဗျူးခြင်း— မှော်ကျောက်တုံး ၅ တုံး။

မိုရိုးစ်ကို အင်တာဗျူးခြင်း— မှော်ကျောက်တုံး ၅ တုံး။

...

ရှားလော့ခ် ကိုယ်တိုင် အပါအဝင် ဝန်ထမ်းတိုင်းတွင် အင်တာဗျူး ဈေးနှုန်း တံဆိပ် တစ်ခု ပေးအပ် ထားခဲ့သည်။

ရှားလော့ခ်၏ အင်တာဗျူး ဈေးနှုန်းမှာ ကျန်သူများထက် များစွာ မြင့်မားခဲ့သည်။

ထိုအရာမှာ မှော်ကျောက်တုံး ၄၀ တုံးပင်။ မှော်ကျောက်တုံး ၄၀ တုံး ပေးဆောင်ခြင်းဖြင့် သတင်းထောက် တစ်ဦးသည် ရှားလော့ခ်အား မည်သည့် မေးခွန်းမဆို မေးမြန်းနိုင်ပြီး သူ အဖြေပေးမည်ဟု အာမခံခဲ့သည်။

ငွေပေးဆောင်သော သတင်းထောက်များသည် ရှားလော့ခ်ကို အင်တာဗျူးရန် တန်းစီ နေကြပြီး မေးခွန်းများမှာ အလွန် အာရုံစိုက် ထားခဲ့သည်။

ဥပမာအားဖြင့် ရှားလော့ခ်နှင့် မော်ဂန် အဘယ်ကြောင့် တိုက်ခိုက် ကြသနည်း။

အရှင်ရှားလော့ခ်သည် ဂနိုမ်းများ၊ ဂိုဘလင်များနှင့် အော့ခ်များကို မည်သည့် အချိန်တွင် ဤမျှ များပြားစွာ ခန့်အပ်ခဲ့ပါသနည်း။

"ကျွန်တော်တို‌ေ အလုပ်သမားသမဂ္ဂ အလုပ်ခန့်အပ်မှု မှတ်တမ်းတွေကို စစ်ဆေးခဲ့ပါတယ်။ ဖိုးဉာဏ်ကျယ်ရဲ့ မှတ်တမ်းတွေက လွဲပြီး ထာဝရတိုင်းပြည် စာရင်းအောက်မှာ ဝန်ထမ်းမှတ်တမ်းတွေ မရှိခဲ့ပါဘူး။ ဘာကြောင့်လဲဗျ။"

ရှားလော့ခ်၏ အဖြေမှာ ရိုးရှင်းသည်၊ "ငါ မသိဘူး။"

"တောင်းပန်ပါတယ်။ ဒါက ကိုယ်ရေးကိုယ်တာကိစ္စနဲ့ သက်ဆိုင်ပါတယ်။"နှင့် အခြားအလားတူ အဖြေများ။

ထာဝရတိုင်းပြည်မှ လူများကို အင်တာဗျူးပြီးနောက် သတင်းထောက်များသည် ထွက်ခွာရန် ဆန္ဒမ ရှိကြတော့ချေ။

သူတို့သည် တဲများထိုးပြီး အစားအစာများ ပြင်ဆင်ရန် ချက်ပြုတ်သည့် အသုံးအဆောင်များကို တပ်ဆင်ကြသည်။ သတင်းထောက်များသည် ထိုနေရာတွင် အချိန် အတော်ကြာ စခန်းချ နေကြမည်ဟု ထင်ရသည်။ သူတို့သည် နှစ်တစ်ရာကြာ ငြိမ်းချမ်းရေး အပြီး ပထမဆုံး စစ်ပွဲကို မျက်မြင်တွေ့ရှိ လိုကြသည်။

All Chapters