← Chapters

ဒန်ဂျင်ပေါ်သို့ မှော်အမြောက်များ ပစ်ခတ်ခြင်း

Vol. 26 Ch. 384

ဒန်ဂျင်ပေါ်သို့ မှော်အမြောက်များ ပစ်ခတ်ခြင်း

Vol. 26 Ch. 384

ကောင်းမွန်ပြီး ငြိမ်းချမ်းသော နေ့ရက်များသည် အမြဲတမ်း တိုတောင်းလှသည်။

ဒန်ဂျင်စစ်ပွဲ၏ ပဉ္စမမြောက် နေ့တွင် ပက်ထရစ်စတား ထာဝရတိုင်းပြည်တွင် နေထိုင်ရန် ငွေကုန်ခါနီး အချိန်၌ မော်ဂန်တပ်မတော် နောက်ဆုံးတွင် ရောက်ရှိ လာခဲ့သည်။

ထိုအရာမှာ သာမန်နံနက်ခင်း တစ်ခု ဖြစ်ပြီး ပက်ထရစ်စတားသည် သူ၏ သာမန်ရွှံ့စေးနှင့် မြေအောက်ရေကို သောက်သုံး နေခဲ့သည်။

မြေပြင်သည် ပြင်းထန်စွာ တုန်ခါသွားသည်။

အစပိုင်းတွင် ပက်ထရစ်စတားသည် ငလျင်လှုပ်သည်ဟု ထင်ခဲ့သည်။

သို့သော် နေရာတိုင်းတွင် အော်ဟစ်သံများ ထွက်ပေါ်လာပြီး သူသည် ငလျင် မဟုတ်ကြောင်း အလျင်အမြန် သိရှိသွားခဲ့သည်။

"ကြည့်စမ်းပါ။ အော့ခ် တပ်မတော်ပဲ။"

"သေစမ်းကွာ၊ မွန်းစတားတွေ နောက်ဆုံးတော့ ရောက်လာပြီလား။"

"တိုက်ခိုက်ကြ။ တိုက်ခိုက်ကြ။"

ထာဝရတိုင်းပြည်မှ မြို့သူမြို့သားများသည် အလွန် စိတ်လှုပ်ရှား နေကြပြီး သူတို့ထဲမှ မည်သူမျှ စိုးရိမ်ပူပန်ခြင်း သို့မဟုတ် ကြောက်ရွံ့ခြင်း မရှိကြချေ။

သတင်းထောက်များသည် ဒန်ဂျင်တိုက်ခိုက်ခြင်း မခံရမီ ထွက်ခွာရန် ကြည့်ရှုရင်း သူတို့၏ ပစ္စည်းများကို ထိတ်လန့်တုန်လှုပ်စွာ ထုပ်ပိုး နေကြသည်။

ပက်ထရစ်စတားသည် သတင်းထောက် အနည်းငယ်၏ စကားဝိုင်းများ ကြားတွင် သူ၏ ခရီးဆောင်အိတ်ကို ထုပ်ပိုး နေခဲ့သည်။

"ဒါက အကျိုးဖြစ်ထွန်းတဲ့ ခရီးစဉ် တစ်ခုပဲ။ ဒဏ္ဍာရီဆန်တဲ့ ဂနိုမ်း အာသာက မိုးလက်ဖက်ရည်လို့ ခေါ်တဲ့ ဂိုဘလင် တစ်ယောက်နဲ့ တွဲနေတယ်တဲ့ ။"

"ဘာလဲ။ ငါ ကြားတာက အာသာနဲ့ ဆယ်ဗားနပ်စ် ချစ်ကြိုက်နေကြတယ်ဆို။"

"ဆယ်ဗားနပ်စ်က ဘယ်သူလဲ။"

"ဘာကြီးကျယ်နေလို့လဲ။ တံခါးဝမှာ ပိုက်ဆံကောက်နေတဲ့ နဂါးနက်ကို မင်း သိလား။ သူက ဆယ်ရက် တစ်ခါပဲ လက်သည်း ညှပ်တယ်တဲ့ ။"

"ဘာရယ်။ ဆယ်ရက်တစ်ခါလား။ ဒါက သတင်းကြီးပဲ။"

ပက်ထရစ်စတား နှေးကွေးသွားသည်။ သူ အဘယ်ကြောင့် သတင်းထောက်တစ်ဦး ဖြစ်လာခဲ့ပါသနည်း။ သူ အဘယ်ကြောင့် သတင်းများကြောင့် စိတ်မဝင်စားခဲ့ပါသနည်းဟု သူတွေးမိသည်။

သူ၏ မျက်လုံးများ အရောင်တောက်လာသည်။ သူသည် ဤဒန်ဂျင်စစ်ပွဲကို သတင်းပို့လိုခဲ့သည်။ ပထမလူအမြင်(လက်တွေ့ပါဝင်သူအမြင်)ဖြင့် ရေးသားထားသော သတင်းတစ်ပုဒ်ပေါ့။

သူ ဆုံးဖြတ်ချက်ချပြီး ဖြစ်သည်။

သူသည် သူ၏ ခရီးဆောင်အိတ်ကို ဘေးသို့ ပစ်ချလိုက်ပြီး သူ၏ အိပ်မက်ကို လိုက်ဖမ်းနေသကဲ့သို့ ဂူအပြင်ဘက်သို့ ပြေးထွက် သွားခဲ့သည်။

သို့သော် သူသည် တံခါးအပြင်ဘက်ရှိ အစောင့် အနည်းငယ်၏ မြေပြင်ပေါ်တွင် ချုပ်နှောင်ခြင်း ခံလိုက် ရသည်။ သူတို့သည် သတင်းထောက်များ လျှောက်ပြေးခြင်းမှ ကာကွယ်ရန် ချထားခြင်း ခံခဲ့ရသည်။ ပက်ထရစ်စတားက အော်ပြောလိုက်သည်။ "ငါ အရှင်ရှားလော့ခ်ကို တွေ့ချင်တယ်။ ငါ ရှေ့တန်း သတင်းထောက် တစ်ယောက် ဖြစ်ချင်တယ်။ ငါ စစ်ပွဲကို ပထမလူအမြင်နဲ့ သတင်းပို့ချင်တယ်။ ငါ့ကို အခွင့်အရေး ပေးပါ။"

အော့ခ်တစ်ဦး ပြေးလာပြီး သူ၏ မျက်နှာကို ပါးရိုက်ကာ အော်ပြောလိုက်သည်။ "ဒီလောက် မဆင်မခြင် လုပ်ရသလား။ မင်းက ရှားလီကို ကြိုက်သလို အချိန်မရွေး တွေ့နိုင်တယ်လို့ ထင်နေတာလား။"

အော့ခ်သည် ထို့နောက် သူ၏ ရဲဘော်ရဲဘက်များကို ပြုံးပြလိုက်ပြီး "အမလေး၊ အမ်ပီစီ တစ်ယောက်ကို ပါးရိုက်ပြီး ဒီလို ဖြောင့်မတ်တဲ့ စကားတွေ ပြောရတာ ကောင်းလိုက်တာ။ ငါ ဒီလို နေ့စဉ်မစ်ရှင်တွေ လုပ်ဆောင်လို့ ရမလား။"ဟု ပြောလိုက်သည်။

"ငါ့မှာ မှော်ကျောက်တုံးတွေရှိတယ်၊ ငါ မှော်ကျောက်တုံးတွေ ပေးနိုင်တယ်။" ပက်ထရစ်စတားက ချက်ချင်းပင် အော်ပြောလိုက်သည်။

အော့ခ်သည် သူ၏ လက်ဖဝါးကို မြှောက် လိုက်သော်လည်း ပက်ထရစ်စတားကို ပါးမရိုက်ခဲ့ချေ။ အော့ခ်၏ မျက်နှာထားမှာ အကြိမ်များစွာ ပြောင်းလဲသွားပြီး သူသည် ပက်ထရစ်စတားကို ထူမတ်ပေးလိုက်သည်။ ထို့နောက် သူသည် ပက်ထရစ်စတားအား ညင်သာစွာ ပြောလိုက်သည်။ "ချစ်ခင်ရသူလေး၊ ဖြည်းဖြည်း သတိထားလျှောက်ပါနော်။ ဟိုနားမှာ ကျောက်တုံး တစ်တုံး ရှိနေတယ်။ ရှားလီက ဒန်ဂျင်အရှင် ခန်းမဆောင်မှာ ရှိနေတယ်။ ငါတို့ သွားပြီး သူနဲ့ ဆွေးနွေးကြရအောင်။"

...

ပက်ထရစ်စတားသည် ထာဝရတိုင်းပြည်တွင် ရှေ့တန်း သတင်းထောက် တစ်ဦးအဖြစ် နေထိုင်ခွင့် ရရှိရန် မှော်ကျောက်တုံး ၅၀ သုံးစွဲခဲ့သည်။

အခြား သတင်းထောက်များသည် အခြေခံ သတင်းများ ရရှိပြီးနောက် ထာဝရတိုင်းပြည်မှ ထွက်ခွာ သွားကြသည်။ စစ်ပွဲသတင်း အတွက်မူ သူတို့သည် ထွက်ပြေးလာသော စစ်သားတစ်ဦးကို အင်တာဗျူး နိုင်ခဲ့လျှင် လုံလောက်မည် ဖြစ်သည်။

သူတို့သည် သူတို့၏ အသက်ကို စွန့်စားရန် မလိုအပ်ခဲ့ချေ။

ပက်ထရစ်စတား ထာဝရတိုင်းပြည်တွင် ကျန်နေ ခဲ့သော်လည်း မည်သူမျှ သူ့အား ဘာလုပ် ရမည်ကို မပြောခဲ့သလို ကူညီခြင်းလည်း မရှိခဲ့ချေ။ သူတို့သည် စစ်ပွဲဖြင့် အလုပ်များ နေကြသည်။

ထို့ကြောင့် သူသည် မိမိကိုယ်ကို အားကိုး ရမည် ဖြစ်သည်။

ပက်ထရစ်စတားသည် မှော်ကျောက်တုံး အချို့ကို ထုတ်ယူလိုက်ပြီး အဖွဲ့ဝင် ၅ ဦးပါ အဖွဲ့တစ်ဖွဲ့ကို တားဆီးလိုက်သည်။ သူတို့ထဲမှ တစ်ဦးမှာ ဂနိုမ်း အနက်ရောင် မြင်းစီးသူရဲ အာသာ ဖြစ်ကြောင်း သူသတိရမိသည်။

"ငါက ဒန်ဂျင်စစ်ပွဲအကြောင်း သတင်းပို့နေတဲ့ ဆောင်းတောင်ကုန်းမြို့ သတင်းစာတိုက်က သတင်းထောက် တစ်ယောက်ပါ။ မင်းတို့ ငါ့ကို ကာကွယ်ပေးလို့ ရမလား။ ငါ ပိုက်ဆံပေးမယ်။" သူက ပြောလိုက်သည်။

ပက်ထရစ်စတားတွင် မှော်ကျောက်တုံး ၁၀ တုံးသာ ရှိပြီး သူတို့ ငါးဦးလုံးကို ခန့်အပ်ရန် မလုံလောက်ဟု ခံစားမိသောကြောင့် သူအလျင်အမြန်ပင် ပြောလိုက်သည်။ "ငါ့မှာ ကိုယ်ရံတော် နှစ်ယောက်ပဲ လိုအပ်တယ်။ မင်းတို့ ထဲက နှစ်ယောက်ပဲ လုံလောက်တယ်။"

"ဘာလဲ။" အော့ခ်တစ်ဦး ဖြစ်သော ဆယ်ဗားနပ်စ်က ကျယ်လောင်စွာ အော်ဟစ်လိုက်ရာ ပက်ထရစ်စတား ထိတ်လန့်သွားသည်။

"မဟုတ်ဘူး၊ ကိုယ်ရံတော်တစ်ယောက်ပဲ လုံလောက်တယ်။ ငါ့ကို ကူညီချင်တဲ့ သူတစ်ယောက်ယောက် ရှိလား။" သူ လေသံ ပြောင်းလိုက်ပြီး ပြောလိုက်သည်။

"မင်းက ငါတို့ ငါးယောက်လုံးကို တောင်းဆိုခဲ့ပြီး အခုကျ ငါတို့ထဲက တစ်ယောက်ကို ပြောင်းနေတယ်။ ငါတို့ အတွက် ခက်ခဲတယ်။ မှော်ကျောက်တုံး ၁၀ တုံးကို ပေးလိုက်၊ ငါတို့ မင်းကို ကာကွယ်ပေးမယ်။" အော့ခ် ရင်မွှေးမီးလောင်က ပြောလိုက်သည်။

ပက်ထရစ်စတားသည် မှော်ကျောက်တုံး ၁၀ တုံးဖြင့် ကိုယ်ရံတော် ငါးဦး ခန့်အပ် နိုင်မည်ဟု မျှော်လင့် မထားခဲ့ချေ၊ ပြီးတော့ သူတို့က အော့ခ်တွေ။ သူတို့မှာ အရည်အသွေးမြင့် ပစ္စည်းတွေတောင် ရှိနေသေး၏။ ပက်ထရစ်စတားရဲ့ ကံကောင်းမှုကို ဘယ်သူမှ ယုံမှာ မဟုတ်ချေ။

ပက်ထရစ်စတားသည် သူတို့ စိတ်ပြောင်းသွားမည်ကို ကြောက်ရွံ့သောကြောင့် မှော်ကျောက်တုံး ၁၀ တုံးကို ချက်ချင်းပင် ပေးဆောင်ခဲ့သည်။

သူ စစ်ပွဲသတင်း ပို့လိုပါက ပုန်းအောင်း၍ မရနိုင်သောကြောင့် အာသာ၏ အဖွဲ့နောက်သို့ လိုက်ပါကာ ဒန်ဂျင်မြို့ရိုးများသို့ သွားရောက်ခဲ့သည်။ လမ်းတစ်လျှောက်တွင် အော့ခ်များ၊ ခွေးခေါင်းလူသားများနှင့် ဂိုဘလင်များ အာသာထံသို့ ပိုမို လျှောက်လှမ်း လာကြသည်။

သူတို့သည် ရှေ့ဆောင်လမ်းပြ မဟာမိတ်အဖွဲ့၏ အစည်းအရုံးဝင်များ ဖြစ်ကြသည်။ သူတို့ အုပ်စုလိုက် တိုက်ခိုက်ခြင်းက ပိုမို လုံခြုံသည်။

ပက်ထရစ်စတားသည် စိတ်လှုပ်ရှားနေသော ဂိမ်းမာအုပ်စု တစ်စု၏ ဝိုင်းရံခြင်းကို ခံနေရစဉ် ဘောင်းဘီမဝတ်သူက ပက်ထရစ်စတားကို ကာကွယ်သည့် မစ်ရှင်အကြောင်း ရှင်းပြ နေခဲ့သည်။ အခြား ဂိမ်းမာများမှာ မနာလို ဖြစ်နေကြသည်။

ရှေ့ဆောင်လမ်းပြ မဟာမိတ်အဖွဲ့သည် ဒန်ဂျင်တံခါး၏ အစိတ်အပိုင်း တစ်ခုကို စောင့်ကြပ်ရန် တာဝန်ယူထားသည်။ သူတို့သည် မြင့်မားသော ဒန်ဂျင်မြို့ရိုးများ ပေါ်သို့ တက်ရောက် သွားကြပြီး ထူထပ်သော အော့ခ်အနက်ရောင် အစုအဝေးကြီး တစ်ခုကို မြင်တွေ့ လိုက်ရသည်။

အော့ခ်တပ်မတော်သည် ထာဝရမီးလျှံ တံဆိပ်ဖြစ်သော သွေးနီရောင် မီးလျှံ အလံကို ကိုင်ဆောင် ထားခဲ့သည်။

အော့ခ်တပ်မတော်၏ ရှေ့တွင် ဒိုင်းများ၊ တင်းပုတ်များ၊ လှံတံများနှင့် ပုဆိန်များကို ကိုင်ဆောင်ထားသော အော့ခ်များ ရှိနေကြသည်။ သူတို့သည် မျိုးနွယ်စု အမျိုးမျိုးမှ လာသောကြောင့် လက်နက်များနှင့် ဝတ်စားဆင်ယင်မှုများ ကွဲပြား ခြားနား ခဲ့သည်။

ဤမျှ များပြားသော အော့ခ်မျိုးနွယ်စုများကို စုရုံးနိုင်ခြင်းမှာ အံ့ဩဖွယ်ရာ တစ်ခု ဖြစ်သည်။

ပက်ထရစ်စတားသည် သောင်းပေါင်း များစွာသော အော့ခ်များကို မြင်တွေ့ရ၍ ချမ်းစိမ့်စိမ့် ခံစားလိုက် ရသည်။

"မင်းတို့က နတ်ဆိုးစီမံခန့်ခွဲရေး ကော်မတီကို ဘာလို့ မတိုင်ကြားတာလဲ။ ဒီလောက် များပြားတဲ့ အော့ခ်တွေ ရှိနေတာက ထူးဆန်းတယ်။" ပက်ထရစ်စတားက ဘေးရှိ အော့ခ်များအား အသံတုန်တုန်ဖြင့် ပြောလိုက်သည်။

"တိုင်ကြားတာလား။ မင်းက ဖောက်သည်ဝန်ဆောင်မှုကို တိုင်ကြားနေတာလား။"

အော့ခ်တစ်ဦးက သူ၏ မျက်လုံး အကြီးကြီးများဖြင့် သူ့အား စိုက်ကြည့်လိုက်ရာ ဘေးရှိ အော့ခ်များ ရယ်မောကြသည်။

"မင်း ပိုပြီး နှစ်မြုပ်နေလို့ မရဘူးလား။ သူက နတ်ဆိုးစီမံခန့်ခွဲရေး ကော်မတီကို တိုင်ကြားဖို့ ပြောနေတာဟ... အမလေး၊ ဒါက ထူးဆန်းတဲ့ တွေ့ကြုံမှု မစ်ရှင် အတွက် သဲလွန်စ တစ်ခုလား။ ထာဝရတိုင်းပြည်က အော့ခ်တွေ ဝိုင်းရံခံထားရပြီး အကြီးအကျယ် အန္တရာယ် ကျရောက်နေတယ်။ သူရဲကောင်းဆန်တဲ့ ငါက အန္တရာယ် အားလုံးကို ကျော်လွှားပြီး နတ်ဆိုးစီမံခန့်ခွဲရေး ကော်မတီကို ရှာဖွေတွေ့ရှိမယ်။ ပြီးရင် မဟာနတ်ဆိုးအရှင် တစ်ပါးက ထာဝရတိုင်းပြည်ကို ကယ်တင်လိမ့်မယ်၊ ရှားလီကတော့ ဒန်ဂျင်ကို ကာကွယ်ရင်း သေဆုံးသွားလိမ့်မယ်။ ငါတို့ ဒန်ဂျင်အရှင်က အဲ့ဒီ အင်အားကြီးမားတဲ့ နတ်ဆိုးအရှင် ဖြစ်လာလိမ့်မယ်။" အော့ခ်က သူ၏ ရဲဘော်ရဲဘက်များကို ကြည့်ရင်း ပြောလိုက်သည်။

"ဘာလဲ။ ဒီဇာတ်လမ်းက မိုက်တယ်။"

"မင်းက ဂိမ်းဇာတ်လမ်းရဲ့ လျှို့ဝှက် သစ္စာဖောက် တစ်ယောက်လား။"

"အဲ့ဒါဘာလဲ။ ရှားလီက သေတော့မှာလား။ မျက်ရည်ကျအောင် လုပ်တဲ့ ကတ်ကို ကစားဖို့ ကြိုးစားနေတာလား။"

"ရှားလီသာ သေရင် ငါ ဂိမ်း မဆော့တော့ဘူး။ ငါ့ ခင်ပွန်း ရှားလီကြောင့် ငါ ဒီကို ရောက်လာတာ။"

"ငါ ရှားလီကို အခု သတ်ပစ်မယ်၊ ဂိမ်းထဲမှာ နေရာလွတ် တစ်ခု ဖန်တီးပေးဖို့လေ။ အပြင်က ဂိမ်းမာတွေက နေရာ တစ်ခု အတွက် တောင့်တနေကြတယ်။"

ဂိမ်းမာများသည် ရှားလော့ခ်၏ ဖြစ်နိုင်ခြေ ရှိသော သေဆုံးမှု အကြောင်း စိတ်အားထက်သန်စွာ ဆွေးနွေး နေကြသည်။

ပက်ထရစ်စတားသည် ထာဝရတိုင်းပြည်တွင် ရက်အနည်းငယ် နေထိုင်ခဲ့သောကြောင့် ရှားလီမှာ အရှင်ရှားလော့ခ် ဖြစ်ပြီး သူတို့သည် ထိုအမည်ကို သူတို့၏ ဒန်ဂျင်အရှင် အတွက် နာမည်ပြောင်အဖြစ် အသုံးပြုကြောင်း နားလည်ခဲ့သည်။

"အမလေး။ အဲ့ဒါဘာလဲ။ အဲ့ဒါက ချဲ့ကားလွန်းတာ မဟုတ်ဘူးလား။"

ပက်ထရစ်စတား သတင်းရယူရန် ကြိုးစားနေစဉ် ဂိုဘလင်တစ်ဦး အော်ဟစ်သံကို ကြားလိုက် ရသည်။

ပက်ထရစ်စတားသည် ဂိုဘလင်နှင့် တူညီသော ဦးတည်ရာသို့ ကြည့်လိုက်သည်။ အော့ခ်တပ်မတော် အလယ်တွင် ၁၀ မီတာ ရှည်သော အမြောက်ပြောင်း ငါးခုကို အော့ခ်ဆယ်ဂဏန်းမျှက ဒန်ဂျင်တံခါးသို့ သယ်ဆောင်လာ နေကြသည်။

"အဲ့ဒါဘာလဲ။ မြို့ရိုးဖျက်စက်လား။"

"သူတို့မှာ မြို့ရိုးဖျက်စက် ငါးခု မလိုအပ်ဘူးလို့ ငါ ထင်တယ်။"

"ဒန်ဂျင်မြို့ရိုးတွေ ဖျက်ဆီးဖို့လေ။ မင်း ငတုံး ဖြစ်နေတာလား။"

"မဟုတ်ဘူး၊ အဲ့ဒါတွေက အမြောက်တွေနဲ့ မတူဘူးလား။"

"မဖြစ်နိုင်ဘူး။ အမြောက်တွေက ဒီလောက် ရှည်ပြီး ထူထဲလို့လား။ အမြောက်ကြီးအဖြစ် အသုံးပြုနေတဲ့ ရေတပ် သေနတ်တွေလား။"

"ငါ ထင်တာတော့ ရေတပ်သေနတ်တွေပဲ။ ငါ အရမ်း ပျော်တယ်။"

ပက်ထရစ်စတားသည် ဖြူဖျော့သွားပြီး "မှော်အမြောက်တွေဟ။ မှော်အမြောက်ငါးလက်တောင်။"ဟု အော်ပြောလိုက်သည်။

ပက်ထရစ်စတားသည် သူ၏ အသက်ကို ကြောက်ရွံ့သောကြောင့် ဒန်ဂျင်မြို့ရိုးများမှ ပြေးဆင်းသွားရင်း အော်ဟစ် နေခဲ့သည်။

ဂိမ်းမာများသည် ပက်ထရစ်စတားကြောင့် အံ့အားသင့် သွားကြပြီး သူ ထွက်ပြေးသွားသည်ကို ကြည့်ရင်း ရယ်မောကြသည်။

အမ်ပီစီ၏ တုံ့ပြန်မှုမှာ အလွန် လက်တွေ့ကျသည်။

အော့ခ်များသည် မှော်အမြောက်များကို အကွာအဝေးအတွင်း ချထားပြီး ဖြစ်သည်။

သံချပ်ကာ အပြည့်အစုံ ဝတ်ဆင်ထားသော အထက်တန်းစား နတ်ဆိုး တစ်ဦးသည် မှော်အမြောက်များ နောက်တွင် ရပ်နေပြီး သူ၏ ခန္ဓာကိုယ်ပေါ်တွင် အပြာရောင် မာနာများ စုစည်းကာ မှော်အမြောက်များထဲသို့ ထည့်သွင်းနေသည်။

ထိုသူမှာ မော်ဂန်ပင်။

မော်ဂန်၏ မျက်နှာသည် မာနာ၏ အပြာရောင် အလင်းတန်းများဖြင့် ထွန်းလင်းနေသည်။ သူသည် မှော်အမြောက်များ ထဲတွင် မာနာများ တဖြည်းဖြည်း စုစည်းလာသည်ကို မြင်တွေ့ ရသောအခါ မကောင်းဆိုးဝါး ဆန်လာသည်။

"သေစမ်း ထာဝရတိုင်းပြည်။"

"ဘုန်း—။"

အပြာရောင် မှော်အမြောက်များသည် နားကွဲလုမတတ် ပေါက်ကွဲသံများဖြင့် ပေါက်ကွဲ ထွက်သွားသည်။

All Chapters