← Chapters

ရှုပ်ထွေးမူလနယ်ပယ် ပဉ္စမအဆင့်။ ချိုင့်ဝှမ်းမှ ထွက်ခွာရန်မျှော်လင့်ချက်။

Vol. 35 Ch. 487

ရှုပ်ထွေးမူလနယ်ပယ် ပဉ္စမအဆင့်။ ချိုင့်ဝှမ်းမှ ထွက်ခွာရန်မျှော်လင့်ချက်။

Vol. 35 Ch. 487

ဝဖိုင့်ပြီး အသားဖြူသော စတုတ္ထအစ်ကိုကြီးစုန့်က ရယ်မောရင်း မေးလိုက်သည်။

စုရှင်းသည် သူ၏စိတ်ကို လျင်မြန်စွာ ချိန်ညှိလိုက်ပြီးနောက် ပူပန်သောပုံစံ ဟန်ဆောင်ကာ ပြောလိုက်သည်-

"အစ်ကိုစုန့်၊ ကျွန်တော့်ရဲ့ ကျင့်ကြံမှုအဆင့်က အခု ရှုပ်ထွေးမူလနယ်ပယ် စတုတ္ထအဆင့်ရဲ့ အထွတ်အထိပ်မှာ ရပ်တန့်နေပြီး ထိုးဖောက်ဖို့ ခက်ခဲနေတယ်။ အာ့တာ ဘာနည်းလမ်းများ ရှိမလဲလို့ အစ်ကို့ကို မေးချင်လို့။"

"ဘာပဲဖြစ်ဖြစ်၊ ကျွန်တော်သာ ရှုပ်ထွေးမူလနယ်ပယ် ပဉ္စမအဆင့်ကို ထိုးဖောက်နိုင်ရင် သွေးမျိုးစေ့ ဖြစ်လာဖို့ အခွင့်အရေးက ပိုများလာမှာဆိုတော့လေ။"

စုရှင်း၏ စကားကို ကြားပြီးနောက် စတုတ္ထအစ်ကိုကြီး စုန့်သည် အံ့သြခြင်းမရှိဘဲ ခေါင်းအနည်းငယ် ညိတ်လိုက်သည်။

ချိုင့်ဝှမ်းအတွင်းတွင် အကျော်ကြားဆုံး ပစ္စည်းများမှာ ကျင့်ကြံမှုကို မြှင့်တင်ပေးသည့် ဆေးလုံးများ၊ နယ်ပယ်ဖြတ်ကျော် ဆေးလုံးများနှင့် တိုက်ခိုက်ရေး မှော်ပစ္စည်းများ ဖြစ်သည်။

မည်သို့ဖြစ်စေ သွေးမျိုးစေ့ ပြိုင်ပွဲတိုင်းတွင် ကျင့်ကြံသူ ကိုးဆယ့်ကိုးရာခိုင်နှုန်း သေဆုံးကြသည်... အသက်ရှင်သန်ရန် အတွက် မိမိတို့၏ ကျင့်ကြံမှုကို တတ်နိုင်သမျှ မြှင့်တင်မှရမည်။

သို့သော် စုရှင်း၏ စကားကို ကြားပြီးနောက် စတုတ္ထအစ်ကိုကြီး စုန့်သည် ချက်ချင်း သဘောမတူခဲ့ပေ။ အစားထိုးအနေဖြင့် သူက ပြောသည်-

"ညီလေးစု၊ မင်းသိတဲ့အတိုင်းပဲ ငါ့ဆီမှာ မင်းရဲ့ ကျင့်ကြံမှုအဆင့်ကို မြှင့်တင်ပေးနိုင်တဲ့ ဆေးလုံးက နှစ်မျိုး ရှိတယ်"

"ပထမတစ်ခုကတော့ ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူတွေကို ထိုးဖောက်ဖို့ ကူညီပေးနိုင်တဲ့ သတ္တမအဆင့် ရွှမ်ကူတန်ဆေးလုံး။"

"ဒုတိယတစ်ခုကတော့ ရှုပ်ထွေးမူလနယ်ပယ် ကျင့်ကြံသူတွေကို ထိုးဖောက်ဖို့ ကူညီပေးနိုင်တဲ့ သတ္တမအဆင့် ရွှမ်ထိုက်ဆေးလုံး။"

"ဒါပေမယ့် ဒီ ဆေးလုံး နှစ်မျိုးလုံးမှာ ဘေးထွက်ဆိုးကျိုးတွေ ရှိတယ်၊ သောက်ပြီးရင် မင်းရဲ့ သက်တမ်းကို တိုစေလိမ့်မယ်။"

ခေတ္တရပ်နားပြီးနောက် စတုတ္ထအစ်ကိုကြီးစုန့်က ဆက်ပြောသည်-

"အခြား ကျင့်ကြံသူတစ်ဦး လာဝယ်ရင် ငါ ချက်ချင်း ရောင်းလိုက်မှာ..."

"ဒါပေမယ့် မင်းကကျ သွေးမျိုးစေ့ ဖြစ်လာနိုင်တဲ့ အလားအလာရှိတဲ့ ပါရမီရှင်‌လေ ညီလေးစုရဲ့။ နောက် သွေးမျိုးစေ့ ပြိုင်ပွဲအထိ မင်း နည်းနည်း သည်းခံနိုင်မယ်ဆိုရင် မင်း သေချာပေါက် သွေးမျိုးစေ့ တစ်ဦး ဖြစ်လာနိုင်တယ်။"

"မင်းရဲ့ အနာဂတ်ကို ဖျက်ဆီးမယ့် အရာတစ်ခုကို ဘာကြောင့် လုပ်ချင်ရတာလဲ။"

စုရှင်းသည် စတုတ္ထအစ်ကိုကြီးစုန့်၏ စကားကြောင့် အနည်းငယ် အံ့အားသင့်သွားသည်။

စတုတ္ထအစ်ကိုကြီးစုန့်သည် အမြတ်အစွန်းကို လိုက်စားနေသော ကုန်သည်တစ်ဦး ဖြစ်သော်လည်း သူ၏ ကောင်းကျိုး၊မကောင်းကျိုးများကို ရှင်းရှင်းလင်းလင်း ရှင်းပြနေသည်။ သူသည် စုရှင်း၏ အကျိုးကို စစ်မှန်စွာ ထည့်သွင်းစဉ်းစားပုံ ရသည်။

ဤသည်က သူ့အား နတ်ဆိုးကျင့်ကြံသူ တစ်ဦးနှင့် မတူဘဲ ကြင်နာသော စိတ်နှလုံး ရှိသူတစ်ဦးနှင့် ပိုတူစေသည်။

"ဒီဖက်တီးမှာ အကြောင်းပြချက် ရှိမှာပဲ... ငါ့ကို အခုလို ကူညီပေးပြီးတော့ နောင်တစ်ချိန် ငါ သွေးမျိုးစေ့ ဖြစ်လာတဲ့အခါကျရင် ငါနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို တည်ဆောက်ဖို့ သူ မျှော်လင့်နေတာ ဖြစ်နိုင်တယ်..."

စုရှင်းသည် စိတ်ထဲတွင် တွေးလိုက်သည်။

သို့သော် စုရှင်းသည် သတ္တမအဆင့် ရွှမ်ထိုက်ဆေးလုံးကို ရယူရန် ဆုံးဖြတ်ထားသည်။

ထို့ကြောင့် သူက ရယ်မောပြီး ပြောသည်-

"အစ်ကို၊ အနာဂတ်မှာ ဘာဖြစ်မလဲဆိုတာ ဘယ်သူက ပြောနိုင်မှာလဲ။"

"ကျွန်တော်ကတော့ ရှုပ်ထွေးမူလနယ်ပယ် ပဉ္စမအဆင့်ကို အမြန်ဆုံး ထိုးဖောက်နိုင်တာက ပိုပြီး လုံခြုံတယ်လို့ ထင်တယ်..."

စုရှင်း၏ စကားကို ကြားသောအခါ စတုတ္ထအစ်ကိုကြီးစုန့်သည် လူတိုင်းတွင် ကိုယ်ပိုင် ရွေးချယ်မှုများ ရှိသောကြောင့် ထပ်မံ ပြောမနေတော့ပေ။

ထို့နောက် စတုတ္ထအစ်ကိုကြီးစုန့်သည် သွေးနီရောင် ဆေးလုံးတစ်လုံးကို ထုတ်ယူပြီး ပြောလိုက်သည်-

"ထိပ်တန်းအရည်အသွေးရှိတဲ့ သတ္တမအဆင့် ရွှမ်ထိုက်ဆေးလုံး၊ ဒါက မင်းကို ရှုပ်ထွေးမူလနယ်ပယ် ပဉ္စမအဆင့်ကို ထိုးဖောက်ဖို့ ကူညီပေးနိုင်လိမ့်မယ်။"

"ဈေးနှုန်းကတော့... မင်းကို စျေးတန်တန်နဲ့ပဲ ပေးပါ့မယ်၊ ဝိညာဉ်ကျောက်တုံး သန်း ၅၀၀။"

ဤဈေးနှုန်းကို ကြားသောအခါ စုရှင်း တုန်လှုပ်သွားသည်။

ယခင်က သူ နဝအမြုတေဆေးလုံး ချက်နည်းကို ဝယ်တုန်းကပင် ယခုလောက် ဈေးမကြီးခဲ့ပေ။

ဤသတ္တမအဆင့် ရွှမ်ထိုက်ဆေးလုံးသည် အပြင်လောကတွင် အများဆုံးမှ ဝိညာဉ်ကျောက်တုံး တစ်သန်းသာ ကုန်ကျမည်ဟု စုရှင်း ခန့်မှန်းသည်။

သို့သော် ရွေးချယ်စရာ မရှိပေ။ ဤချိုင့်ဝှမ်းတွင် နယ်ပယ်ဖြတ်ကျော် ဆေးလုံးများသည် အလွန် ဈေးကြီးသည်။

ထို့ကြောင့် ခဏတာ စဉ်းစားပြီးနောက် စုရှင်းက ပြောသည်-

"ကျွန်တော့်မှာ ဝိညာဉ်ကျောက်တုံး လုံလုံလောက်လောက် မရှိဘူး... ဒါနဲ့ လဲလှယ်ရင်ရော ဘယ်လိုလဲ။"

သူသည် ထိုသို့ပြောပြီးနောက် ဝိညာဉ်စုဆောင်းပန်း အများအပြားကို ထုတ်ယူလိုက်သည်။

ဝိညာဉ်စုဆောင်းပန်းများကို မြင်သောအခါ စတုတ္ထအစ်ကိုကြီးစုန့်၏ တုံ့ပြန်မှုသည် ယခင်ကနှင့် အတူတူပင် ဖြစ်သည်။

ခဏတာ ထိတ်လန့်သွားပြီးနောက် စတုတ္ထအစ်ကိုကြီး စုန့်က အံ့အားသင့်စွာ မေးလိုက်သည်-

"ဘုရားရေ၊ ဝိညာဉ်စုဆောင်းပန်းတွေ၊ ညီလေး စု၊ ဒါတွေ ဘယ်က ရတာလဲ။ ဒါတွေကို အရောင်းအဝယ်လုပ်ရင် အရမ်း အကျိုးရှိမှာပဲ။"

ခဏတာ စဉ်းစားပြီးနောက် စတုတ္ထအစ်ကိုကြီးစုန့်က ပြောသည်-

"မင်းမှာ ဝိညာဉ်စုဆောင်းပန်း အပင် ရှစ်ဆယ် ရှိမယ်ဆိုရင် ငါ ဒီ ရွှမ်ထိုက်ဆေးလုံးကို မင်းကို ရောင်းပါ့မယ်။"

စုရှင်းသည် ခေါင်းအနည်းငယ် ညိတ်လိုက်သည်။ ယခင် လဲလှယ်နှုန်းအရ ဝိညာဉ်စုဆောင်းပန်း အပင် ရှစ်ဆယ်သည် ချိုင့်ဝှမ်းအတွင်းတွင် ဝိညာဉ်ကျောက်တုံး လေးသန်းခန့် တန်ဖိုးရှိသည်။ ထို့ကြောင့် စုရှင်းက စျေးကောင်းရသည်ဟု ထင်သည်။

သို့သော် စတုတ္ထအစ်ကိုကြီးစုန့်တွင် ဝိညာဉ်စုဆောင်းပန်းများကို ချိုင့်ဝှမ်းအပြင်သို့ သယ်ဆောင်ရန် နည်းလမ်းရှိပြီး သူ၏ အမြတ်ကို နှစ်ဆဖြစ်အောင် လုပ်နိုင်သည်။

ချက်ချင်းပင် သူသည် ၎င်းတို့ကို ဝိညာဉ်ကျောက်တုံး ရှစ်သန်းဖြင့် ရောင်းချနိုင်သည်။

ဤအရောင်းအဝယ်တွင် သူသည် ဤ ရွှမ်ထိုက်ဆေးလုံး တစ်လုံးတည်းကနေကို ဝိညာဉ်ကျောက်တုံး ခုနစ်သန်း အမြတ်ရလိမ့်မည်။

၎င်းသည် နောက်ပိုင်းအဆင့် ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦး၏ စုစုပေါင်း စည်းစိမ်ဥစ္စာနီးပါး ဖြစ်သည်။

သို့သော် စုရှင်းအတွက် လက်ရှိအချိန်တွင် ပိုမိုကောင်းမွန်သော ရွေးချယ်စရာများ မရှိပေ။

"ကျေးဇူးပါပဲ အစ်ကိုစုန့်..."

စုရှင်းသည် ပြုံးပြီး ဝိညာဉ်စုဆောင်းပန်း အပင်ရှစ်ဆယ်ကို စတုတ္ထအစ်ကိုကြီးစုန့်အား ပေးလိုက်သည်။

စုရှင်းက ဝိညာဉ်စုဆောင်းပန်းများစွာအား အလွယ်တကူ ထုတ်ယူနေသည်ကို မြင်သောအခါ စတုတ္ထအစ်ကိုကြီးစုန့်၏ နှလုံးခုန်နှုန်းသည် မြန်သွားသည်။

သူ အလျင်အမြန် မေးလိုက်သည်-

"ညီလေးစု၊ ဒီ ဝိညာဉ်စုဆောင်းပန်းတွေကို ဘယ်က ရတာလဲ၊ ရှေးဟောင်း အမွေအနှစ် ဒါမှမဟုတ် ကောင်းချီးမြေတွေကိုများ တွေ့ခဲ့တာလား။"

"ဟဲဟဲ၊ ဒီ အချက်အလက်ကို ရောင်းဖို့ ဆန္ဒရှိရင် ငါ ဈေးကြီးပေး ဝယ်ပါ့မယ်။"

စုရှင်းသည် ချင်းယွင်နယ်ပယ်၌ ဝိညာဉ်စုဆောင်းပန်းများသည် အလွန် တန်ဖိုးရှိကြောင်း တွေ့လိုက်သည်။

"အစ်ကို၊ နောက်နေတာလား၊ ဒီ ဝိညာဉ်စုဆောင်းပန်း မျိုးစေ့တွေက ကျွန်တော် မတော်တဆ တွေ့ခဲ့တာပါ။ ဆယ်စုနှစ်များစွာ ပင်ပန်းတကြီး စိုက်ပျိုးခဲ့မှ အပင် တစ်ရာ၊ နှစ်ရာ လောက်ပဲ ရတာ..."

စုရှင်းက ပြောသည်။

စတုတ္ထအစ်ကိုကြီးစုန့်သည် ဤစကားကို ကြားသောအခါ မျက်လုံးများ အရောင်တောက်သွားပြီး ချက်ချင်း ပြောလိုက်သည်-

"ညီလေး၊ မင်းမှာ ဝိညာဉ်စုဆောင်းပန်းတွေ နောက်ထပ် ကျန်သေးလား။ ငါစုန့်က ဈေးကြီးပေးပြီး ဝယ်ချင်ပါတယ်။"

စုရှင်းသည် ခေါင်းခါပြီး ပြောသည်-

"အစ်ကို... ကျွန်တော်က ဝိညာဉ်ကျောက်တုံး မလိုအပ်ဘူး။ ကျွန်တော် လိုချင်တာက အချက်အလက် အချို့ပါ..."

စတုတ္ထအစ်ကိုကြီးစုန့်က မျက်ခုံးပင့်ပြီး ပြောသည်-

"ဟဲဟဲ၊ ငါ့ရဲ့ စုန့်မိသားစုက ချင်းယွင်နယ်ပယ်မှာ အတော်လေး နာမည်ကြီးတယ်... မင်း ဘာသိချင်လဲ။ ငါ မင်းကို နည်းနည်းပါးပါးတော့ ပြောပြနိုင်လောက်ပါတယ်။"

စုရှင်း၏ နှုတ်ခမ်းများသည် အနည်းငယ် ကွေးညွတ်သွားသည်။ ထို့နောက် သူသည် အသံကို လျှော့ကာ မေးသည်-

"လောထျန်း ဒါမှမဟုတ် ရွှယ်ယွဲ့ ဆိုတာကို မင်း ကြားဖူးလား။"

စုရှင်းက သူ ထိုအကြောင်းကို ပြောလိုက်သောအခါ စတုတ္ထအစ်ကိုကြီး စုန့်၏ မျက်နှာက သိသိသာသာ ပြောင်းလဲသွားလိမ့်မည်ဟု မျှော်လင့်ခဲ့သည်။

မမျှော်လင့်ဘဲ စတုတ္ထအစ်ကိုကြီးစုန့်သည် ရှုပ်ထွေးသော အသွင်ဖြင့် ခေါင်းခါပြီး ပြောလိုက်သည်-

"ညီလေး မင်း ဘာကို ပြောချင်တာလဲ၊ ငါ ဒီအကြောင်းတွေ မကြားဖူးဘူး..."

စတုတ္ထအစ်ကိုကြီးစုန့် ဤသို့ပြောနေစဉ် စုရှင်းသည် သူ၏ မျက်နှာအမူအရာကို ဆက်လက် စောင့်ကြည့်နေခဲ့သည်။

သို့သော် စတုတ္ထအစ်ကိုကြီးစုန့်၏ တုံ့ပြန်မှုသည် ဟန်ဆောင်နေခြင်း မဟုတ်ဘဲ စစ်မှန်သည်ဟု ထင်ရသည်။

"ဟဲဟဲ၊ ရှေးဟောင်း ကျမ်းစာတွေထဲမှာ ဖတ်မိတဲ့ အကြောင်းအရာ တစ်ခုပါ... အစ်ကို မသိရင်လည်း ကိစ္စမရှိပါဘူး။"

စုရှင်းသည် ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

ထိုအခါ စတုတ္ထအစ်ကိုကြီးစုန့်က အလျင်အမြန် ဝင်ပြောသည်-

"ခဏလေး။ နောက်ကျရင် ငါ စုံစမ်းကြည့်ထားပါ့မယ်၊ အာ့တာနဲ့ ဆက်စပ်တဲ့ အချက်အလက်တွေ ရှာတွေ့နိုင်ကောင်း တွေ့နိုင်လိမ့်မယ်။"

"အဟမ်း၊ ဝိညာဉ်စုဆောင်းပန်းတွေနဲ့ ပတ်သက်လို့လေ…”

…

All Chapters