ဖူးဖူးမှုတ်အခံ သူဌေးသမီးလေးတွေ ကြောင်ခံတွင်းပျက်နဲ့ တွေ့တဲ့အခါ
Vol. 12 Ch. 163
"လင်သခင်လေး"
တန်ဆောင်းအတွင်းမှာ အေးဆေးထိုင်နေသော လော့ဝမ်ကျိုးကို အပြင်ဘက်မှ ချင်စွေးယုံက လှမ်းအော်ခေါ်လိုက်၏။
ထိုအသံချိုချိုလေးကို ကြားလိုက်ရသည်နှင့် လော့ဝမ်ကျိုး၏ နှုတ်ခမ်းထက်၌ ယဉ်ကျေးသော အပြုံးတစ်ပွင့် ဖြစ်တည်လာသည်။
သူသည် ဆရာပေးထားသော "အနှစ်ဓာတ်ပျိုးထောင်ခြင်းဆေးဖော်စပ်ကျမ်း" ကို ရင်ဘတ်ထဲထည့်လိုက်ပြီးနောက် နေရာမှထကာ လက်နှစ်ဖက်ကို ဆန့်တန်းပေးလိုက်၏။
ချင်စွေးယုံခမျာ အိမ်ပြန်လာသော ငှက်ငယ်လေးပမာ လော့ဝမ်ကျိုး၏ ရင်ခွင်ထဲသို့ တစ်ရှိန်ထိုးပြေးဝင်ကာ သူ့ခါးကို မြွေတစ်ကောင်လို ရစ်ပတ်ဖက်တွယ်ထားလိုက်တော့သည်။
"လင်သခင်လေး... ရုံရုံလေ သခင်လေးကို သေမလောက်လွမ်းနေတာ"
သို့သော် လော့ဝမ်ကျိုးထံမှ တုံ့ပြန်စကားကို ချက်ချင်းမကြားရသဖြင့် သူမ စိတ်ပျက်စွာ မော့ကြည့်လိုက်သောအခါ သူက သူမကို ကြည်နူးစွာ ပြုံးကြည့်နေသည်ကို တွေ့လိုက်ရသည်။
"လင်သခင်လေး... ဘာတွေပြုံးနေတာလဲလို့"
လော့ဝမ်ကျိုးက သူမ၏ နူးညံ့ပျော့ပျောင်းသော ဆံနွယ်လေးများကို ဖွဖွလေးပွတ်သပ်ပေးရင်း ပြန်ဖြေလိုက်၏။
"မင်းကိုမြင်လိုက်ရုံနဲ့ ပြုံးမိသွားတဲ့လူတစ်ယောက်ရဲ့အချစ်က ဘယ်လောက်နက်ရှိုင်းလဲဆိုတာ အချစ်ခံရတဲ့သူက ခန့်မှန်းမိမှာတောင်မဟုတ်ဘူး"
ကဲ ဘယ်လိုလဲ ဒီလောက်ဆို ကြွေလောက်ပြီမလား
လော့ဝမ်ကျိုး စိတ်ထဲမှ ကြိတ်ပြောလိုက်သည်။
ချင်စွေးရုံ၏ မျက်နှာလေးသည် ခရမ်းချဉ်သီးတစ်လုံးလို နီရဲသွားကာ သူ့ရင်ဘတ်ထဲသို့ မျက်နှာပြန်ဝှက်ရင်း ပြောလိုက်သည်။
"လင်သခင်လေး... ရုံရုံ... ရုံရုံလည်း..."
"ဟား... ဒီကောင်မစုတ်လေး နေ့ခင်းကြောင်တောင် ဘယ်ပျောက်သွားလဲလို့ လိုက်ရှာနေတာ... ချစ်သူနဲ့ လာချိန်းတွေ့နေတာကိုး"
မိုးကြိုးပစ်ချလိုက်သလို အသံစူးစူးတစ်ခုက ထိုးဖောက်ဝင်ရောက်လာရာ ချင်စွေးရုံသည် လန့်ဖျပ်ပြီး လော့ဝမ်ကျိုးကို ချက်ချင်းလွှတ်ကာ နောက်သို့ ခြေလှမ်အနည်းငယ် ခုန်ဆုတ်လိုက်မိသည်။
သူမက နောက်သို့လှည့်ကာ အဝေးမှ အရိပ်ကိုမြင်သည်နှင့် မြေပေါ်ဒူးထောက်ချလိုက်ပြီး "သ... သခင်မလေး... ကျွန်မ မှားသွားပါတယ်"
သူမ စကားမဆုံးမီ လော့ဝမ်ကျိုးက ရှေ့သို့တက်ကာ သူမကို ဆွဲထူလိုက်သည်။
အကောင်းစားဝတ်စုံနှင့် ချဉ်းကပ်လာသော မိန်းမပျိုလေးကိုကြည့်ရင်း သူက အရိုအသေပေးလိုက်၏။
"ဟုန်သခင်မလေးကို နှုတ်ခွန်းဆက်သပါတယ် "
"အိုး"
ဟုန်ယာရွှမ်းက သူ့ကို မျက်မှောင်ကြုတ်ကာ အကဲခတ်သလိုကြည့်ရင်း "မင်းက ငါဘယ်သူလဲ သိတယ်ပေါ့လေ"
အနီးသို့ရောက်လာသော ဟုန်ယာရွှမ်း၏အလှသည် မျက်စိကျိန်းလောက်သည်။ နတ်သမီးလေးတစ်ပါး ကျလာသလိုပင်။
သူမကိုယ်သူမတော့ ဒီလိုပဲထင်နေလောက်သည်။
သူမ၏ ရုပ်သွင်က သိမ်မွေ့ပြီး ဆံနွယ်နက်နက်တို့က ရေတံခွန်တစ်ခုအလား စီးကျနေ၏။ ခပ်ဖွဖွစည်းထားသော ဆံထုံး၌ ငွေရောင်ကြယ်ကြွေပုံတန်ဆာများနှင့် ပုလဲတို့က လှပစွာနေရာယူထားသည်။
မေးစေ့လေးကို အနည်းငယ်မော့ထားပုံက သူမ၏ မာနကိုဖော်ပြနေပြီး တောက်ပသောမျက်ဝန်းတို့က လော့ဝမ်ကျိုးကို စပ်စုသလို ကြည့်နေလေသည်။
"ရုံရုံက ဟုန်အိမ်တော်က အစေခံဆိုတာ သိပါတယ်။ သူက ခင်ဗျားကို သခင်မလေးလို့ခေါ်မှတော့ ခင်ဗျားက အိမ်တော်ရဲ့သခင်မလေးဆိုတာ သေချာနေပြီပေါ့"
"အိုး"
ဟုန်ယာရွှမ်းက သူ့အနားသို့ ပိုတိုးကပ်လာ၏။
"သူက ငါတို့အိမ်က အစေခံဆိုတာ သိသိကြီးနဲ့ နေ့ခင်းကြောင်တောင်မှာ ချိုချိုသာသာ စကားတွေပြောပြီး ကြံနေရဲတယ်ဆိုတော့ မင်း သတ္တိတော်တော်ရှိတာပဲ။ ပြောစမ်း... မင်း ဘယ်ကကောင်လဲ"
"ဒီလူနာမည် လင်ယွီပါ ချန်ကျန့်ကပါ။ ဒီကရှုခင်းတွေကို ခံစားဖို့လာရင်း သခင်မလေး ချင်စွေးရုံနဲ့ မမျှော်လင့်ဘဲ ဆုံခဲ့တာပါ။ သူ့ရဲ့ချစ်စဖွယ်ပုံစံလေးတွေကို မလွန်ဆန်နိုင်တာနဲ့ သူ့အပေါ် သံယောဇဉ် ဖြစ်မိသွားတာပါ"
"သံယောဇဉ်ဖြစ်မိတယ်" ဟူသော စကားလုံးထွက်လာသည်နှင့် သူ့နောက်မှ ချင်စွေးယုံသည် ရှက်သွေးဖြာကာ မျက်နှာလေး ငုံ့ကျသွားသည်။
ထိုမြင်ကွင်းကိုတွေ့သော် ဟုန်ယာရွှမ်းက အော်လိုက်၏။
"အမယ်လေး... မျက်နှာပြောင်တဲ့ကောင် လက်ပူးလက်ကြပ်မိနေတာတောင် ဒီလောက်တောင် ရဲတင်းနေတုန်းလား"
"မဟုတ်ပါဘူး သခင်မလေး..."
ချင်စွေးယုံ ဒူးထောက်ရန်ပြင်စဉ် လော့ဝမ်ကျိုးက သူမကို ထိန်းထားလိုက်သည်။
သူက နောက်တစ်ကြိမ် ဟုန်ယာရွှမ်းကို ပြောလိုက်သည်။
"ဟုန်သခင်မလေး၊ကျွန်တော်နဲ့ ရုံရုံက နှစ်ဦးသဘောတူ ချစ်ခင်ကြတာပါ ဒါက ရာဇဝတ်မှုတစ်ခုမှ မဟုတ်တာ"
ဟုန်ယာရွှမ်းက ခါးထောက်လိုက်ပြီး မောက်မာစွာ ကြေညာလိုက်၏။
"ချစ်တာက မမှားဘူး၊ ဒါပေမဲ့ ငါတို့ဟုန်အိမ်တော်မှာ စည်းကမ်းရှိတယ်။ အစေခံတစ်ယောက်ရဲ့ အိမ်ထောင်ရေးကို အိမ်တော်သခင်ကပဲ ဆုံးဖြတ်ရတယ်။ သူက စည်းကမ်းဖောက်တာပဲ... သိရဲ့လား"
လော့ဝမ်ကျိုးက ချင်စွေးယုံကို လှည့်ကြည့်ရာ သူမက အမြန်ရှင်းပြသည်။
"တောင်းပန်ပါတယ် လင်သခင်လေး... ကျွန်မ တမင်ဖုံးကွယ်ထားတာ မဟုတ်ပါဘူး... ကျွန်မ..."
သူက ခေါင်းကို ဖြည်းညင်းစွာခါယမ်းလိုက်ပြီး ဟုန်ယာရွှမ်းဘက်သို့ ပြန်လှည့်ကာ ပြောလိုက်သည်။
"ဒါဆိုရင် ဒီလူကိုယ်တိုင်ပဲ ခင်ဗျားတို့အိမ်တော်ကို တရားဝင်လာရောက်စေ့စပ်ပါ့မယ်။ ရုံရုံကို ကျွန်တော့်အတွက် ပေးသနားဖို့ ခင်ဗျားရဲ့ဖခင်ကြီးဆီမှာ တောင်းဆိုပါ့မယ်"
"ဟား"
ဟုန်ယာရွှမ်းက သူ့ကို နောက်တစ်ခေါက် အကဲခတ်ပြီး ပြောလိုက်သည်။
"မင်းက တယ်ဟုတ်ပါလား ငါပြောထားမယ် ငါတို့အိမ်က အစေခံတွေတောင် ကျင့်ကြံသူကိုပဲ လက်ထပ်ရတာ မင်းက ကျင့်ကြံသူလား"
လော့ဝမ်ကျိုးက စကားအပိုမပြော လက်တွေ့သာပြလိုက်သည်။ သူ၏ကိုယ်မှ မိုးပြာရောင် အတွင်းအားလှိုင်းတစ်ခု ထုတ်လွှတ်လိုက်ရာ... ဟုန်ယာရွှမ်းခမျာ မျက်လုံးပြူးပြီး ပါးစပ်အဟောင်းသား ဖြစ်သွားရှာတော့သည်။
"မင်း... မင်းက တကယ်ကြီး ကျင့်ကြံသူလား"
ချင်စွေးယုံလည်း ပါးစပ်လေးဟောင်းသားဖြစ်နေ၏။ သူမက လော့ဝမ်ကျိုးကို စာပေသမားလေး တစ်ယောက်ဟုသာ အမြဲထင်ခဲ့သည်။ သူက ကျင့်ကြံသူဖြစ်လိမ့်မည်ဟု အိပ်မက်ထဲတောင် ထည့်မမက်ခဲ့ဖူးချေ။
"အခုဆိုရင် ကျွန်တော့်မှာ အရည်အချင်းရှိပြီလား" လော့ဝမ်ကျိုးက ပြုံးရင်းမေးလိုက်သည်။
"ဒါတောင် မလုံလောက်သေးဘူး ငါ့အမေက ပြောဖူးတယ် 'ရုပ်ချောတဲ့ယောက်ျားတွေကို ဘယ်တော့မှမယုံနဲ့ သူတို့က တစ်သက်တာအတွက် အားကိုးရတဲ့လူစားမျိုး မဟုတ်ဘူး' တဲ့"
ဟုန်ယာရွှမ်းက ချင်စွေးရုံကို သူမဘက်ဆွဲလိုက်ရင်း "ငါ့ရဲ့ တစ်ဦးတည်းသော ကိုယ်ပိုင်အစေခံမလေးကို မင်းလိုလူမျိုးလက်ထဲ ဘယ်လိုမှ စိတ်ချပြီး မထည့်နိုင်ဘူး"
လော့ဝမ်ကျိုးက အေးဆေးတည်ငြိမ်စွာပင် ပြန်မေးလိုက်သည်။
"ဒါဆိုရင် သခင်မလေးရဲ့ ယုံကြည်မှုကိုရဖို့ ကျွန်တော် ဘာလုပ်ပေးရမလဲဆိုတာ သိခွင့်ရှိမလား"
ဟုန်ယာရွှမ်း တစ်ခဏစဉ်းစားသွားသည်။ သူမ၏ မျက်လုံးများ ရုတ်တရက် တောက်ပလာပြီး၊
"မင်းသာ ငါ့စမ်းသပ်မှုကို အောင်မြင်ရင် ငါမင်းကို အခွင့်အရေးတစ်ခုပေးမယ်"
"သခင်မလေး..."
ချင်စွေးရုံက သူမ ဘယ်လိုစမ်းသပ်မှုမျိုးလုပ်မည်ကို စိုးရိမ်ကာ ဟုန်ယာရွှမ်း၏ စကတ်ကို ဆွဲထားလိုက်သည်။ သို့သော် ချင်စွေးရုံ၏ မျက်နှာပေါ်မှ ဆန္ဒပြင်းပြမှုကို တွေ့လိုက်ရသဖြင့် ဟုန်ယာရွှမ်းက လော့ဝမ်ကျိုးကို "ဒီမှာစောင့်" ဟုဆိုကာ ချင်စွေးရုံကို ဘေးသို့ဆွဲခေါ်သွားပြီး
"နင်ကတော့လေ တကယ့်ဒုက္ခပေးတဲ့ကောင်မလေးပဲ ငါက ဟိုလူက နင့်အပေါ် တကယ်စေတနာမှန်မမှန် စစ်ဆေးပေးမလို့"
"ရုံရုံ ဂရုမစိုက်ပါဘူး သခင်မလေး... လင်သခင်လေးကသာ ရုံရုံကို လက်ခံဖို့ဆန္ဒရှိရင် ရုံရုံ... ဘာမဆိုလုပ်ဖို့ အသင့်ပါပဲ"
"နင်... နင် တုံးလွန်းလို့ ငါတော့ ရူးတော့မှာပဲ"
ဘေးတွင် တိုးတိုးတိုးတိုးနှင့် စကားပြောနေသော နှစ်ယောက်ကိုကြည့်ရင်း လော့ဝမ်ကျိုးက တိတ်တဆိတ်ပြုံးလိုက်သည်။ ဟုန်ယာရွှမ်းပေါ်လာကတည်းက သူမသည် ခက်ထန်ကြမ်းတမ်းသော သူဌေးသမီးမျိုး မဟုတ်မှန်း သူသိသည်။ သူမသာ ထိုသို့သောသူဖြစ်ပါက ချင်စွေးရုံကို ချက်ချင်းပြန်ဆွဲခေါ်ကာ အပြစ်ပေးမည်ဖြစ်ပြီး သူ့ကို အချိန်ကုန်ခံကာ စကားပြောနေမည်မဟုတ်ချေ။
သူမသည် ချဉ်းကပ်ရလွယ်သူမှန်းသိသဖြင့် သူမနှင့် မိတ်ဆွေဖွဲ့ထားခြင်းက အကျိုးမရှိဟု လော့ဝမ်ကျိုး ဆုံးဖြတ်လိုက်သည်။ သူ့ဆရာ၏တာဝန်မှာ မျိုးနွယ်ကြီးလေးခုကို စနည်းနာရန်သက်သက်သာ ဖြစ်သည်။ အကယ်၍ သူက ဤမျိုးနွယ်များမှ သြဇာရှိသော သူဌေးသမီးအချို့နှင့် ရင်းနှီးမှုရထားပါက ထိုဆက်ဆံရေးက နောင်တစ်ချိန် အသုံးဝင်လာနိုင်သည် မဟုတ်ပါလား။
မကြာမီ ဟုန်ယာရွှမ်းသည် ချင်စွေးရုံကို ထားခဲ့ပြီး ပြန်ရောက်လာသည်။ သူမက လော့ဝမ်ကျိုးထံ လျှောက်လာကာ မေးလိုက်သည်။
"မင်းရဲ့ ကျင့်ကြံခြင်းအဆင့်က ဘယ်လောက်လဲ"
လော့ဝမ်ကျိုးက ရိုသေစွာ ပြန်ဖြေသည်၊
"အနက်ရောင်ကျင့်ကြံသူ အဆင့်ခုနစ်ပါ"
'အဆင့်ခုနစ်' ဟုန်ယာရွှမ်း တော်တော်လေး တုန်လှုပ်သွားသည်။ သူ့ရုပ်ရည်ကိုကြည့်ပြီး သူမက သူသည် ချီသန့်စင်ခြင်းအဆင့် ခြောက်လောက်သာရှိမည်။ သူမထက် အသက်နည်းနည်းကြီးမည်ဟု ထင်ခဲ့သည်။ သူက အနက်ရောင်ကျင့်ကြံသူဖြစ်နေပြီး အဆင့်ခုနစ်ပင် ရောက်နေပြီဟု သူမ အိပ်မက်ပင် မမက်ခဲ့ဖူးချေ။
သို့သော် သူမက တည်ငြိမ်ဟန်ဆောင်ကာ ဆက်ပြောသည်။
"အနက်ရောင်ကျင့်ကြံသူ အဆင့်ခုနစ်ဆိုတော့ မဆိုးပါဘူး ငါထပ်မေးမယ် ငါပေးတဲ့စမ်းသပ်မှုကို လက်ခံဖို့ ဆန္ဒရှိလား မင်းသာ အောင်မြင်ရင် မင်းနဲ့ စွေးရုံအကြောင်း ငါ့အဖေကို ပြန်မတိုင်ဘူး"
"ကျွန်တော် နားထောင်နေပါတယ်"
"ကောင်းတယ် ငါအဲ့ဒါကို သဘောကျတယ် တာဝန်က လွယ်ပါတယ် မကြာသေးခင်က စုယွမ်ခရိုင်မှာရှိတဲ့ ငါတို့ဆိုင်တွေ ဓားပြတွေရဲ့ ပစ်မှတ်ထားခြင်းခံနေရတယ် သူတို့ ငါတို့ကို နှစ်ခါတောင် ဝင်စီးသွားပြီ မင်းသာ သူတို့ကို ရှင်းလင်းပေးနိုင်ရင် မင်းအောင်မြင်ပြီ ငါ စွေးရုံကိုတောင် မင်းလက်ထဲထည့်ပေးမယ် ဒါပေမဲ့ ဓားပြတွေကို နှိမ်နင်းတဲ့ ဂုဏ်ကတော့ အကုန်လုံး ငါ့အတွက်ပဲ"
သူမ၏ မျက်နှာပြောင်တိုက်မှုကို မြင်သောအခါ လော့ဝမ်ကျိုး မရယ်မိဘဲ မနေနိုင်ခဲ့ချေ။ သို့သော် သူက ချက်ချင်းပင် ရိုသေဟန်ပြလိုက်ပြီး ပြောလိုက်သည်။
"ကျွန်တော် ပြင်ဆင်မှုတွေလုပ်ဖို့ အချိန်ခဏလောက် ယူခွင့်ပြုနိုင်မလား"
"ရတယ် ဒါပေမဲ့ ငါ့ကို အကြာကြီးတော့ မစောင့်ခိုင်းနဲ့"
"ကျေးဇူးတင်ပါတယ် ဟုန်သခင်မလေး"
လော့ဝမ်ကျိုးက ချင်စွေးရုံကို နူးညံ့စွာပြုံးပြပြီးနောက် ထွက်ခွာသွားသည်။ လဖက်ရည် တစ်ခွက်သောက်စာ အချိန်ကြာပြီးနောက် လော့ဝမ်ကျိုး ပြုံးရင်းပြန်ရောက်လာသည်။
"ဘယ်လိုလဲ စဉ်းစားပြီးပြီလား"
ဟုန်ယာရွှမ်းက မေးလိုက်သည်။
"ဟုန်သခင်မလေးရဲ့ ညွှန်ကြားချက်ကိုပဲ စောင့်နေပါတယ်"
"တော်လိုက်တာ"
သူမက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
"ကြည့်ရတာ ရုံရုံက လူတော်တစ်ယောက်ကို ရွေးထားတာပဲ မြန်မြန်လုပ်ပြီး မြန်မြန်လက်စ သတ်ကြရအောင် ဒီကောင်မလေး စိုးရိမ်လွန်းလို့ သေတော့မယ်"
"မဟုတ်ပါဘူး"
ချင်စွေးရုံ ရှက်သွေးဖြာသွားသည်။
ဟုန်ယာရွှမ်းက ရယ်ကာ သူမ၏နဖူးကို လက်ညှိုးနှင့်တို့လိုက်သည်။
"နင့်အကြောင်းကို ငါက နင့်ထက်ပိုသိတာပေါ့"
...
စုယွမ်ခရိုင်သို့ သွားရာလမ်းတွင် ဟုန်ယာရွှမ်းသည် ကိုယ့်ကိုယ်ကိုယ် အလွန်ကျေနပ်နေပုံရသည်။ အိမ်တော်၏ အငယ်ဆုံးသမီးဖြစ်သောကြောင့် အဖေက အလိုလိုက်သော်လည်း အိမ်တော်ကိစ္စများတွင် တစ်ခါမျှ ဝင်ကူခွင့်မပေးခဲ့ချေ။
သူမ၏ တတိယအစ်ကိုကို လေးမျက်နှာဂိုဏ်းသို့ ပို့ထားပြီး အိမ်တော်၏ အနာဂတ်ကျောရိုးဖြစ်လာရန် ရည်မှန်းထားသည်။ စီးပွားရေးကိစ္စ အကြီးအသေးအားလုံးကို ဒုတိယအစ်ကိုလက်ထဲ အပ်ထားသည်။ အဖေကိုယ်တိုင်ပင် အစည်းအဝေးများ မတက်တော့ဘဲ သူ့လက်ထဲ လွှဲထားခဲ့ပြီ။ အကြီးဆုံးအစ်ကိုက မျိုးနွယ်၏ မျိုးဆက်သစ်များကို လေ့ကျင့်ပေးရပြီး အိမ်တော်တွင် သြဇာအာဏာရှိသော နေရာတစ်ခု ရနေပြီဖြစ်သည်။
သို့သော် တန်ဖိုးထားရသော သမီးလေးဖြစ်သော သူမကမူ ကူညီပါရစေဟု တောင်းဆိုတိုင်း အဖေက ခေါင်းလေးပွတ်ကာ "အိမ်တော်ကိစ္စတွေက မင်းအစ်ကိုတွေအတွက်ပဲ သမီးက အိမ်မှာနေပြီး စောင်းတီး စစ်တုရင်ထိုး လက်ရေးလှရေး ပန်းချီဆွဲတာတွေပဲ သင်နေ" ဟုသာ ပြောတတ်သည်။ အဖေထံမှ ခွင့်ပြုချက်မရသောအခါ ဒုတိယအစ်ကိုထံ သွားသော်လည်း အဖြေက အတူတူပင် ဖြစ်သည်။
ထိုအဖြစ်က မာနကြီးပြီး လွတ်လပ်မှုကိုမြတ်နိုးသော ဟုန်ယာရွှမ်းကို ဒေါသထွက်စေခဲ့သည်။ မနားတမ်း ပူဆာတောင်းဆိုပြီးနောက်ဆုံးတွင် အဖေက သူမကို ကျင့်ကြံခွင့်ပြုရန် သဘောတူခဲ့သည်။ သူမသည်လည်း ကြိုးစားကျင့်ကြံခဲ့ရာ ယခုအခါ ချီသန့်စင်ခြင်းအဆင့် ငါးသို့ ရောက်နေပြီဖြစ်သည်။
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နှင့် သူမက ကိုယ့်အရည်အချင်းကို သက်သေပြရန် အချိန်တန်ပြီဟု ဆုံးဖြတ်လိုက်သည်။ လွန်ခဲ့သောနှစ်ရက်က အစ်ကိုများ စုယွမ်ခရိုင်မှ ဓားပြပြဿနာအကြောင်း ဆွေးနွေးနေသည်ကို ကြားလိုက်ရသောအခါ ဒါသည် သူမအတွက် အခွင့်အရေးဟု သိလိုက်သည်။
သူမသာ ကိုယ့်အရည်အချင်းကို သက်သေပြလိုလျှင် အိမ်တော်၏ အရင်းအမြစ်များ အကြီးအကဲများကို အားကိုး၍မဖြစ်ချေ။ ထိုသို့လုပ်လျှင် မူလရည်ရွယ်ချက် ပျောက်သွားမည်။ သူမတစ်ယောက်တည်း အားလုံးကို ဖြေရှင်းနိုင်မည်ဟုလည်း ကိုယ့်ကိုယ်ကိုယ် အထင်မကြီးခဲ့ချေ။ သို့သော် ကံကောင်းချင်တော့ ကံကြမ္မာက သူမအတွက် လက်ဆောင်တစ်ခု ပို့ပေးခဲ့သည်။ သူမ၏ ကိုယ်ပိုင်အစေခံမလေး၏ ချစ်သူက အနက်ရောင်ကျင့်ကြံသူ အဆင့်ခုနစ်တစ်ယောက် ဖြစ်နေခဲ့သည်။
ကောင်းကင်ဘုံကပင် သူမကို ကူညီနေသည်မှာ ထင်ရှားနေပြီ။
'ငါ့ကိုများ ကလေးမှတ်နေလား စောင့်ကြည့်နေလိုက်စမ်းပါ အဖေရော အစ်ကိုတွေရော အားလုံးကို အံ့ဩမှင်သက်သွားစေရမယ်'
စိတ်ဓာတ်အပြည့်နှင့် သူမ စုယွမ်ခရိုင်သို့ ရောက်ရှိလာခဲ့သည်။ ရထားလုံးရပ်သည်နှင့် ဟုန်ယာရွှမ်းသည် တက်ကြွစွာ ခုန်ဆင်းလိုက်၏။
"ဟွန့် ဟုန်အိမ်တော်ပစ္စည်းကို လုရဲတယ်ဟုတ်လား မင်းတို့ကို ငါဘယ်လိုလက်စတုံးမလဲဆိုတာ စောင့်ကြည့်နေ"
သူမနောက်မှ ချင်စွေးရုံက လိုက်လာသည်။
"သခင်မလေး ဖြည်းဖြည်းသွားပါ"
တစ်ချက်တစ်ချက် လော့ဝမ်ကျိုးကို ခိုးကြည့်လိုက်သောအခါ သူမမျက်နှာလေးက ပျော်ရွှင်မှုများနှင့် ဝင်းပနေ၏။ လော့ဝမ်ကျိုးက သူမကို ပြန်ပြုံးပြလိုက်သော်လည်း စိတ်ထဲမှာတော့ သက်ပြင်းချလိုက်မိသည်။
'ဒီ ဟုန်အိမ်တော်က သခင်မလေးကို... သူတို့တွေ အရင်ဆုံး စုံစမ်းစစ်ဆေးရမယ်ဆိုတာ မသင်ပေးလိုက်ဘူးလားမသိဘူး'
ရထားလုံးစီးလာစဉ် သူက ဟုန်ယာရွှမ်းကို ဓားပြများအကြောင်း ဘာသတင်းအချက်အလက်များ ရထားသလဲဟု မေးခဲ့သည်။ သူမ၏အဖြေကား " ပေါက်စလေးတွေပါ ပြောပလောက်တာမရှိဘူး" တဲ့။ ဒီအဖြေနှင့် ကျေနပ်မှုမရှိသဖြင့် လော့ဝမ်ကျိုးက ထပ်မေးကြည့်ရာ သူမက "ငါတို့ပစ္စည်းတွေ အခိုးခံရတယ်ဆိုတာပဲ သိတယ် ဒါပဲ" ဟုသာ ပြောနိုင်ခဲ့သည်။
ဒီလောက်နည်းသော သတင်းအချက်အလက်နှင့် ဓားပြလိုက်ဖမ်းရဲသော သူမ၏သတ္တိကို အံ့ဩရင်း လော့ဝမ်ကျိုးကပင် တကယ့်အသေးစိတ်အချက်အလက်များကို တူးဖော်ရန် တာဝန်ယူလိုက်ရသည်။
နှစ်ရက်ကြာပြီးနောက် ငြိမ်းချမ်းလယ်ကွင်းခရိုင်ထဲက လင်ဝူတောင်၏ တောအုပ်ထဲသို့ ရောက်ရှိလာသည်။
"မင်းသေချာလို့လား ဒီနေရာဟုတ်တယ်ဆိုတာ ငါတို့ ရှာနေတာ အတော်ကြာနေပြီ"
ဟုန်ယာရွှမ်းက နောက်မှမေးလိုက်သည်။
"သေချာပေါက် ဒီနေရာပဲ"
လော့ဝမ်ကျိုးက ခေါင်းညိတ်လိုက်၏။ သေသေချာချာ စုံစမ်းပြီးသည့်နောက် လော့ဝမ်ကျိုးသည် ယုံကြည်မှုအပြည့်ရှိနေသည်။ ဟုန်အိမ်တော်ဆိုင်များမှ အခိုးခံရသော ပစ္စည်းများမှာ ကောက်နှံနှင့် အထည်အလိပ်များသာ ဖြစ်၏။ ဖြစ်နိုင်သည်မှာ ဒေသခံဓားပြများ၏ လက်ချက်ပင် ဖြစ်နိုင်ပြီး အများဆုံးရှိလှ လေ့ကျင့်မှုမရှိသော လူမိုက်တစ်စုလောက်သာ ဖြစ်လိမ့်မည်။ ဟုန်ယာရွှမ်းတစ်ယောက်တည်းပင် သူတို့ကို အလွယ်တကူ ဖြိုလှဲနိုင်လောက်သည်။
နောက်ထပ် သုံးလီခန့် လျှောက်ပြီးသောအခါ ဟုန်ယာရွှမ်းက ရုတ်တရက် အော်ကာ တောင်ပေါ်သို့ လက်ညှိုးထိုးပြလိုက်သည်။
"ကြည့်စမ်း ငါတို့တွေ့ပြီ အဲ့ဒါ ဓားပြစခန်းပဲဖြစ်ရမယ် မဆိုးဘူးပဲ မင်းတကယ်ရှာတွေ့တာပဲ"
"ဟုန်သခင်မလေး ဒီမှာပဲ ခဏစောင့်နေပါ ကျွန်တော် သွားကြည့်လိုက်မယ်"
"အပိုတွေလုပ်မနေနဲ့ ဒီလိုညစ်ပတ်စုတ်ပြတ်နေတဲ့နေရာမှာ ဘယ်လိုအန္တရာယ်ရှိတဲ့လူက ပုန်းနေမှာလဲ တန်းဝင်သွားလိုက်ရုံပဲ"
ဤသို့ဆိုကာ သူမသည် တောင်စောင်းပေါ်သို့ ပြေးတက်သွားသည်။ သူမကို မတားနိုင်တော့သော လော့ဝမ်ကျိုးက ခေါင်းခါကာ နောက်မှလိုက်သွားရုံသာ ရှိတော့သည်။
"ဘယ်သူလဲ"
စုတ်စုတ်ပြတ်ပြတ်လူနှစ်ယောက်က ဂိတ်ဝမှ အော်လိုက်၏။
"ဟွန့်"
စူးရှသောအော်သံတစ်ခုနှင့်အတူ ဟုန်ယာရွှမ်းက အားပြင်းသော လက်ဝါးချက်တစ်ချက်ကို ထုတ်လွှတ်လိုက်ရာ လူနှစ်ယောက်လုံး လွင့်စင်သွားသည်။ လက်ကိုဖုန်ခါလိုက်ရင်း သူမက မထီမဲ့မြင်ပြောလိုက်၏။
"ဒီလောက်အားနည်းတဲ့ကောင်တွေကများ ငါတို့အိမ်တော်ပစ္စည်းကို လုရဲတယ်တဲ့လား တကယ့်ကို ရယ်စရာပဲ"
ထို့နောက် သူမက လှည့်ကာ၊
"လာကြ... သူတို့ကို ကြိုးတုပ်လိုက်"
"ဟုန်သခင်မလေး ဖြည်းဖြည်းသွားပါ ပရိယာယ်တွေ သတိထားပါ"
"ဒါက သာမန်စုတ်ပြတ်နေတဲ့ ဓားပြစခန်းတစ်ခုပဲဟာ ဘာပရိယာယ်ရှိမှာလဲ"
ပြောပြောဆိုဆိုနှင့် သူမက အတွင်းသို့ ပြေးဝင်သွားသည်။ ဒါက သူမလေ့ကျင့်ပြီးနောက် ပထမဆုံးအကြိမ် တကယ့်တိုက်ပွဲဖြစ်ရာ လူနှစ်ယောက်ကို ဖြိုလှဲလိုက်ရသည်မှာ အရသာရှိလှသည်။ သူမ၏ နောက်ပြိုင်ဘက်ကို တွေ့ချင်လှပြီ။ ဖြစ်နိုင်လျှင် သူမလောက်အားရှိသောလူမျိုးဆို ပိုကောင်းမည်။ သို့မှ သူတို့နှစ်ယောက် အကြိမ်သုံးရာခန့် အပြန်အလှန်တိုက်ခိုက်ပြီးမှ သူမက အနိုင်ယူလိုက်ရလျှင်...
'အဲ့ဒါမှ အကောင်းဆုံးပဲ'
ထိုသို့သော အတွေးများဖြင့် သူမသည် ပင်မခန်းမဆီသို့ တန်းတန်းမတ်မတ် ချီတက်သွားသည်။ နောက်ထပ် အစောင့်နှစ်ယောက်ကို ထပ်ရိုက်ချပြီးနောက် သူမက ယုံကြည်မှုအပြည့်နှင့် တံခါးများမှ ဝင်သွားလိုက်သည်။
နံရံတွင်ရေးထားသည့် "仁" (စာနာခြင်း) ဟူသော စကားလုံးကိုမြင်သော် သူမက တံတွေးကိုထွေးလိုက်ရင်း ပြောဆိုလိုက်သည်။
"ဓားပြတွေကများ 'စာနာခြင်း' တဲ့လား မျက်နှာပြောင်လိုက်တာ"
သူမက ထိုစာလွှာကို ဆုတ်ဖြဲရန် ရှေ့သို့တိုးလိုက်စဉ်မှာပင်...
"အာ့"
နောက်ဘက်မှ အမျိုးသမီးတစ်ဦး၏ စူးရှသောအော်သံ ထွက်ပေါ်လာလေသည်။ နောက်ခန်းမဆောင်ထဲသို့ ပြေးဝင်သွားသောအခါ ဟုန်ယာရွှမ်း၏ မျက်လုံးများ ထိတ်လန့်တကြား ပြူးကျယ်သွားတော့သည်။
ထိုနေရာတွင် ကိုယ်လုံးတီးအမျိုးသမီး ဆယ်ဦးထက်မနည်း တိုင်များ၌ တိရစ္ဆာန်များသဖွယ် သံကြိုးဖြင့် ချည်နှောင်ခံထားရပြီး သူတို့၏ကိုယ်ပေါ်တွင် ဒဏ်ရာဒဏ်ချက်များ ပြည့်နှက်နေသည်။ အော်ဟစ်လိုက်သော အမျိုးသမီးက သူမကိုမြင်သော် ငိုယိုကာ ပြောဆိုလိုက်၏။
"ကယ်ပါဦး... ကျွန်မတို့ကို ကယ်ကြပါဦး"
ဟုန်ယာရွှမ်းက ရှေ့သို့ ပြေးဝင်သွားစဉ် အားလှိုင်းတစ်ခုက သူမကို ဝင်တိုက်လေသည်။
ဘန်း...
သူမ ဘာမှမတုံ့ပြန်နိုင်ခင်မှာပင် နံရံဆီသို့ လွင့်စင်သွားခဲ့သည်။
ဖွီး...
သွေးများအန်ထွက်လာခြင်းနှင့်အတူ ခေါင်းမူးဝေခြင်းနှင့် ကြောက်မက်ဖွယ်ခံစားချက်တို့က သူမထံသို့ တစ်ပြိုင်နက် ဝင်ရောက်လာခဲ့သည်။
'ဘာ... ဘာဖြစ်သွားတာလဲ... ဘယ်သူ ငါ့ကို တိုက်ခိုက်တာလဲ'
"ဟား ဟား ဟား... ငါတို့လက်ထဲကို လတ်လတ်ဆတ်ဆတ် ကောင်မလေးတစ်ယောက် အလိုလိုရောက်လာပြန်ပြီဟေ့ ညီနှစ် ဒီတစ်ယောက်ကတော့ တကယ့် အချောစားလေးပဲ ဒီတစ်ခါတော့ မင်းကို လုံးဝအလုမခံနိုင်ဘူး"