← Chapters

အကြီးအကျယ် ဆူပူကြိမ်းမောင်းခြင်း

Vol. 12 Ch. 164

အကြီးအကျယ် ဆူပူကြိမ်းမောင်းခြင်း

Vol. 12 Ch. 164

"ဟား... ဟား..."

သူမ တစ်ခါမှမသိခဲ့ဖူးသော သွေး၏အရသာသည် ပါးစပ်ထဲတွင် ပြည့်နှက်နေ၏။ ထိုအရာက ဟုန်ယာရွှမ်းကို ပျို့အန်ချင်စိတ်များ ဖြစ်ပေါ်စေသည်။

သို့သော် ထိုအရာထက် ပို၍စက်ဆုပ်ရွံရှာဖွယ်ကောင်းသည်မှာ သူမထံသို့ ဖြည်းညင်းစွာ ချဉ်းကပ်လာသော ယုတ်မာရိုင်းစိုင်းသည့်အသွင်ရှိသော လူနှစ်ယောက်၏ မြင်ကွင်းပင်ဖြစ်သည်။

"မလာနဲ့... နောက်ဆုတ်နေ... ငါက ဟုန်ရှင်းယွမ်ရဲ့သမီးနော် ငါ့ကိုများ လက်တစ်ချောင်းနဲ့တို့ထိကြည့်လိုက် မင်းတို့အသက်ကို ငါ့အဖေက နုတ်လိမ့်မယ်"

ထိုလူနှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီးနောက် ဟားတိုက်ရယ်မောလိုက်ကြသည်။

"ဟားဟားဟား ဒါမှအဆင်ပြေသွားတာ ငါတို့က ဟုန်ရှင်းယွမ်ရဲ့သမီးကိုပဲ သီးသန့်ရှာနေတာကွ"

"မလေးမခန့်နဲ့ အဟွတ် အဟွတ်"

စိတ်လှုပ်ရှားလွန်းသဖြင့် ဟုန်ယာရွှမ်းသည် ချောင်းမထိန်းနိုင်ဘဲ ဆိုးမိကာ သူမ၏ရင်ဘတ်သည်လည်း အဆက်မပြတ် နိမ့်ချည်မြင့်ချည်ဖြစ်နေသည်။

လည်ချောင်းထဲမှ သွေးနံ့များက သူမကို ငိုချင်စိတ်ဖြစ်ပေါ်စေသည်။ သူမ၏အမေ၊ အဖေနှင့် အစ်ကိုများကို အော်ခေါ်ချင်သော်လည်း အချည်းနှီးဖြစ်မှန်း သူမသိနေ၏။ သူမလုပ်နိုင်သည်မှာ မျက်ရည်မကျမိစေရန် အားတင်းထားရုံသာဖြစ်သည်။

သူမ၏ သနားစရာကောင်းသောပုံစံကိုမြင်သော် ထိုနှစ်ယောက်ထဲမှ အကြီးဖြစ်သူ ဖုန်းရှင်းက သူ၏ညီငယ်ကို တံတောင်နှင့်တွတ်လိုက်ပြီး ပြောလိုက်သည်။

"ဒီ‌ခွေးကောင်၊ ငါမင်းကို ပြင်းပြင်းမရိုက်နဲ့လို့ ပြောသားပဲ ကြည့်စမ်း သခင်မလေးတောင် နာသွားပြီ"

ဖုန်းချင်းက ရိသဲ့သဲ့ရယ်မောလိုက်ပြီး တဏှာရူးသောအပြုံးဖြင့် ဆိုလိုက်သည်။

"အစ်ကိုကြီးပြောတာမှန်တယ် ငါ သူ့ကိုပြင်းပြင်းမရိုက်ခဲ့သင့်ဘူး"

ထိုသို့ပြောရင်း သူက လက်နှစ်ဖက်ကိုပွတ်သပ်ကာ ဟုန်ယာရွှမ်းကို ပြောလိုက်သည်။

"ကောင်မလေး မင်းရင်ဘတ်က နာနေတယ်မလား မကြောက်နဲ့နော် ဒီကအစ်ကိုကြီးက သက်သာအောင် ပွတ်သပ်ပေးမယ်"

သူက လက်လှမ်းလိုက်စဉ်မှာပင် ဖုန်းရှင်းက သူ့ကိုဆွဲလိုက်သည်။

"ငါပြောထားတယ်နော် ဒီတစ်ခါ ငါအရင်လို့ ဘယ်သူမှ သူ့ကိုမပွတ်ရဘူး ငါပဲပွတ်မှာ"

"ဟုတ်ပါပြီ ဟုတ်ပါပြီ အစ်ကိုကြီးအရင်ပေါ့ ငါ စောင့်မယ်"

ထိုတဏှာရူးနှစ်ယောက်၏ စကားများကို ကြားနေရပြီး သူတို့နောက်တွင်လည်း ပါးစပ်ပိတ်ခံထားရသော ကိုယ်လုံးတီးအမျိုးသမီးများ ချည်နှောင်ခံထားရသည်ကိုမြင်သော် ဟုန်ယာရွှမ်းတစ်ကိုယ်လုံး တုန်ရီလာတော့သည်။

"လင်ယွီ မင်းဘယ်မှာလဲ မြန်မြန်လာကယ်ပါ"

နောက်ဆုံးတွင် ဟုန်ယာရွှမ်း၏ စိတ်ပိုင်းဆိုင်ရာကာကွယ်ရေးသည် ပြိုလဲသွားခဲ့သည်။ သူမသည် အော်ဟစ်လိုက်တော့၏။

"သူ့ကိုရှာနေတာလား"

သူမ၏အော်သံအပြီးတွင် မျက်နှာတစ်ခုလုံး သွေးများဖုံးလွှမ်းနေသော လင်ယွီသည် သူမ၏ရှေ့မှောက်သို့ ပစ်ချခံလိုက်ရသည်ကို မြင်လိုက်ရသည်။

နောက်ဆုံးမျှော်လင့်ချက်အလင်းတန်းလေးသည် သူမ၏မျက်စိရှေ့တွင်ပင် ကြေမွပျက်စီးသွားခဲ့သည်။

အေးစက်သောခံစားချက်တစ်ခုသည် ခြေဖဝါးမှတစ်ဆင့် ဦးခေါင်းထိပ်သို့တိုင် အလျင်အမြန် စီးဆင်းသွားပြီး သူမသည် စိတ်ပျက်အားငယ်မှုကြောင့် စကားတစ်ခွန်းမျှ မဆိုနိုင်တော့ချေ။

ဖုန်းရှင်း၏ဘေးတွင်ရပ်နေသော ခေါင်းပြောင်နှင့်လူက လင်ယွီကို လက်ညှိုးထိုးကာ ရယ်ကျဲကျဲဖြင့် ပြောလိုက်သည်။

"အစ်ကိုထူ ဒီကောင်မလေးကို တစ်ချက်ကြည့်လိုက်ပါဦး ဒီရုပ်ရည် ဒီကိုယ်လုံးကိုယ်ပေါက်..."

သို့သော် ဖုန်းရှင်းစကားမဆုံးမီ ထူကျန်းက သူ၏ခေါင်းကို ပြင်းစွာရိုက်ချလိုက်သည်။

"မင်းခေါင်းထဲမှာ မိန်းမကလွဲပြီး ဘာမှမရှိဘူးလား ဒီကောင်က မင်းတို့အားလုံးကို အပြင်မှာ မေ့ဆေးအမွှေးတိုင်သုံးပြီး လှဲချခဲ့တာ မင်းသိရဲ့လား ကလေကချေ နှာဘူးနှစ်ကောင်"

ဖုန်းရှင်းသည် ဒေါသထွက်သည့်ပုံမပေါ်ချေ။ သူက ခေါင်းကို အကြိမ်ကြိမ်ညိတ်ကာ ပြောလိုက်သည်။

"အစ်ကိုထူပြောတာ မှန်ပါတယ် ငါတို့ညီအစ်ကိုတွေက တကယ်အမှိုက်တွေပါ အစ်ကိုသာ မစောင့်ရှောက်ခဲ့ရင် ငါတို့ အကြိမ်တစ်ရာလောက် သေပြီးလောက်ပြီ"

"မင်းသိရင်ပြီးတာပဲ နောက်တစ်ခါ ပိုပြီးသတိထား"

"ဟုတ်ကဲ့ ဟုတ်ကဲ့ပါ အစ်ကိုထူ စိတ်မဆိုးပါနဲ့"

ဖုန်းရှင်း၏ ခွေးတစ်ကောင်လို ပုံစံကိုမြင်သော် ထူကျန်းက လေပုပ်တစ်ချက်ကို မှုတ်ထုတ်လိုက်ပြီး ကျိန်ဆဲလိုက်သည်။

"ဟူး စိတ်ညစ်ဖို့ကောင်းလိုက်တာ"

ထို့နောက် သူက ဟုန်ယာရွှမ်းဘက်သို့ တစ်ချက်ကြည့်လိုက်သည်။

"ဒါပေမဲ့ ဒီကောင်မလေးကတော့ ကြည့်လို့ကောင်းသားပဲ"

ဖုန်းညီအစ်ကိုသည် အစ်ကိုကြီးစိတ်မဆိုးတော့မှန်း ချက်ချင်းသိလိုက်ပြီး လိုက်ရယ်ကြသည်။

"ပြောမနေနဲ့တော့ ပြီးတော့ သူက တကယ်ဟုန်ရှင်းယွမ်ရဲ့သမီးဗျ အစ်ကိုကြီးက ဟုန်မိသားစုဝင်တချို့ကို လိုချင်နေတာမဟုတ်လား ဒီတစ်ခါတော့ ငါးကြီးတစ်ကောင် မိပြီ"

"ဟုန်ရှင်းယွမ်ရဲ့သမီး"

ထူကျန်းက ဟုန်ယာရွှမ်းကို အံ့အားသင့်စွာကြည့်လိုက်ပြီး ဖုန်းညီအစ်ကိုဘက်သို့ ပြန်လှည့်မေးလိုက်သည်။

"မင်းတို့ ဘယ်လိုသိလဲ"

"သူကိုယ်တိုင်ပြောတာလေ သူ့အဖေနာမည်သုံးပြီး ကျွန်တော်တို့ကို ခြောက်ဖို့ကြိုးစားသေးတာ ဟားဟားဟား"

"အဲ့ဒီလိုလား"

ထူကျန်းလည်း မရယ်ဘဲမနေနိုင်တော့ချေ။ သူသည် မူလက ဟုန်မိသားစုတပည့်အချို့ကို ဖမ်းဆီးပြီး သတင်းအချို့စုဆောင်းရန်သာ စီစဉ်ခဲ့သော်လည်း ယခုမူ ဟုန်မိသားစု၏ တန်ဖိုးထားရသော သမီးလေးကိုပင် ဖမ်းမိခဲ့သည်။

ကောင်းကင်မှ အသားတုံးများ ကျလာသလိုပင်ဖြစ်သည်။

ထိုအခိုက်တွင် ဖုန်းချင်းက ရုတ်တရက် မတ်မတ်ရပ်လိုက်ပြီး ထူကျန်းကို အလေးအနက်ပြောလိုက်သည်။

"ဒါပေမဲ့ အစ်ကိုကြီး သူလိမ်နေရင် ဘယ်လိုလုပ်မလဲ ကျွန်တော် သူ့ကိုအဝတ်အစားတွေချွတ်ပြီး အစ်ကိုကြီး သေသေချာချာစစ်ဆေးလို့ရအောင် လုပ်ပေးမယ်လေ သူက ဟုန်မိသားစုသမီး အစစ်ဟုတ်မဟုတ် သိရတာပေါ့"

ထူကျန်းက အားရပါးရရယ်မောလိုက်သည်။

"အခုမှ မင်းဦးနှောက်သုံးတော့တယ် အတွေးကောင်းပဲ ကဲ ဘာစောင့်နေသေးလဲ ချွတ်လိုက်"

ဖုန်းချင်းသည် ယုတ်မာသောအပြုံးဖြင့် သူမထံသို့ လျှောက်လာသည်ကိုမြင်သော် ဟုန်ယာရွှမ်းသည် ထွက်ပြေးချင်သော်လည်း မတ်တပ်ရပ်ရန်ပင် အားအင်မရှိတော့ချေ။

သူမ၏မျက်လုံးများသည် စိတ်ပျက်အားငယ်မှုနှင့် နောင်တတို့ဖြင့် ပြည့်နှက်နေသည်။

"ဖြန်း"

ဖုန်းချင်း၏လက်သည် သူမ၏အဝတ်အစားများဆီသို့ ရောက်ခါနီးတွင် မြေပေါ်တွင်လဲကျနေသော လင်ယွီသည် ရုတ်တရက်ထကာ သူ၏လက်ကို ပုတ်ထုတ်လိုက်သည်။

"သွားစမ်း..."

လင်ယွီ၏ သွေးများဖုံးလွှမ်းနေသော မျက်နှာကိုမြင်သော် ဖုန်းချင်းသည် တစ်ခဏမျှ ကြောင်သွားသည်။ သို့သော် သူ့နောက်တွင် အစ်ကိုထူတစ်ယောက်လုံး ရှိနေသည်ဖြစ်ရာ သူဘယ်သို့လျှင် နောက်ဆုတ်နိုင်မည်နည်း။ သူသည် ချက်ချင်းပင် သူ၏အတွင်းအားကို ဆင့်ခေါ်ကာ လင်ယွီထံသို့ လက်သီးတစ်ချက်ပစ်သွင်းလိုက်သည်။

လင်ယွီသည် နေရာမှ မရွေ့ချေ။ သူ၏ဘယ်လက်ဖြင့် လက်သီးကိုတားဆီးလိုက်ပြီး တိကျအားပြင်းသော "မိုးကြိုးချေမွလက်ဝါး" ဖြင့် ဖုန်းချင်း၏မျက်နှာကို ရိုက်ချလိုက်သည်။

"ဘုန်း"

ဖုန်းချင်းသည် လွင့်စင်ထွက်သွားသည်။ သူသည်လည်း အနက်ရောင်ကျင့်ကြံသူ အဆင့်ခုနစ်တစ်ယောက် ဖြစ်သော်လည်း လင်ယွီ၏ ဒဏ်ရာရနေသောပုံစံကြောင့် အထင်သေးမိခဲ့သည်။

"ဒီမအေလိုးကောင်"

သူ၏ညီငယ် အရိုက်ခံရသည်ကိုမြင်သော် ဖုန်းရှင်းသည် ချက်ချင်းပင်ရှေ့သို့ပြေးဝင်လာသော်လည်း ထူကျန်းက သူ့ကိုဆွဲထားလိုက်သည်။

"မဆိုးဘူးပဲ မင်းထနိုင်သေးတယ်လား မင်းလက်တွေခြေထောက်တွေကို ငါချိုးပြီးပြီလို့ ထင်နေတာ"

ထူကျန်းက လင်ယွီကို အံ့အားသင့်မှုနှင့် မလိုလားသောချီးကျူးမှုတို့ ရောယှက်နေသော အကြည့်ဖြင့် ကြည့်လိုက်သည်။

လင်ယွီသည် ပြန်မဖြေချေ။ သူသည် ထူကျန်းကိုသာ မျက်တောင်မခတ်စတမ်း စိုက်ကြည့်နေသည်။

" မင်းက သာမန်အနက်ရောင်ကျင့်ကြံသူတစ်ယောက်ပဲ ဘယ်လောက်ပဲကြိုးစားကြိုးစား မင်းက ငါ့ပြိုင်ဘက်မဟုတ်ဘူး"

ထိုသို့ပြောရင်း ထူကျန်း၏တစ်ကိုယ်လုံးမှ မီးခိုးရောင်အတွင်းအားများ လှိုင်းလုံးကြီးတစ်ခုပမာ ပေါက်ကွဲထွက်လာသည်။ ချီသန့်စင်ခြင်းအဆင့်သာရှိသော ဟုန်ယာရွှမ်းသည် ထိုဖိအားအောက်တွင် အသက်ရှူရန်ပင် ခက်ခဲနေသည်။

'သူက အနက်ရောင်သခင်ကြီးတစ်ယောက်ပဲ'

ဟုန်ယာရွှမ်းသည် အမှန်တရားကို ချက်ချင်းသဘောပေါက်လိုက်သည်။ သူမသည် ထိုသို့သော လွှမ်းမိုးနိုင်သည့်စွမ်းအင်ကို အကြီးအကဲကျန်းထံမှ ခံစားခဲ့ဖူးသည်။ ထူကျန်းသည် သူနှင့်အဆင့်တူဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိချေ။

လေးမျက်နှာဂိုဏ်းတွင်ပင် အနက်ရောင်သခင်ကြီးများသည် အင်အားတောင့်တင်းသော ကျောရိုးများအဖြစ် သတ်မှတ်ခံရသည်။ စုယွမ်ကဲ့သို့သော ဝေးလံခေါင်ဖျားသည့်ခရိုင်တွင် ထိုသို့သောကျင့်ကြံသူတစ်ဦးနှင့် တွေ့ဆုံရလိမ့်မည်ဟု သူမ အိပ်မက်ထဲတွင်ပင် မထင်ခဲ့မိချေ။

သို့သော် ထိုအရူးလင်ယွီသည် ထူကျန်း၏အဆင့်ကို သိနှင့်ပြီးသားဖြစ်သော်လည်း ရပ်တည်တိုက်ခိုက်ရန် စိတ်ပိုင်းဖြတ်ထားဆဲဖြစ်သည်။ သူသည် လက်နှစ်ဖက်ကိုမြှောက်ကာ တိုက်ခိုက်မည့်ဟန်ကို ပြင်လိုက်သည်။

"ကြိုးစားသားပဲ ဒါဆိုရင် မင်းနဲ့နောက်နည်းနည်းလောက် ကစားပေးမယ်"

ထူကျန်းက ရက်စက်စွာပြုံးလိုက်ပြီး သူ၏ညာလက်ကို အနက်ရောင်အငွေ့များက ရစ်ပတ်ထားလိုက်သည်။ ထို့နောက် ရုတ်တရက်လှုပ်ရှားမှုတစ်ခုနှင့်အတူ သူသည် လင်ယွီ၏ဘေးသို့ ချက်ချင်းရောက်ရှိလာသည်။

"မဖြစ်ဘူး"

ဟုန်ယာရွှမ်း အော်ဟစ်လိုက်သည်။ သူမသည် သာမန်အနက်ရောင်ကျင့်ကြံသူတစ်ဦးဖြစ်သော လင်ယွီသည် ထူကျန်းကို မယှဉ်နိုင်မှန်းသိသည်။

ထူကျန်း၏တိုက်ကွက်ကြောင့် သူလွင့်စင်သွားတော့မည်ဟု သူမထင်လိုက်စဉ်မှာပင်...

အရိပ်တစ်ခုသည် ကောင်းကင်မှကျဆင်းလာပြီး ထူကျန်းကို မြေကြီးထဲသို့ စောင့်ကန်ထည့်လိုက်သည်။

"ဟေ့ကောင် ငါတို့က ခဏပဲဆော့ကြမယ်လို့ သဘောတူထားတာမဟုတ်လား ဘာလို့ အသေသတ်ဖို့အထိ လုပ်နေတာလဲ မင်းတို့လို ကြွက်သူခိုးတွေက တကယ်စည်းကမ်းမရှိဘူး"

သူ၏ဆရာ နောက်ဆုံးတွင် ပေါ်လာသည်ကိုမြင်သော် လင်ယွီသည် သက်ပြင်းရှည်ကြီးကို ချလိုက်သည်။ သူသည် အားအင်ကုန်ခမ်းလုနီးပါးဖြစ်နေပြီး လဲကျတော့မည့်ဆဲဆဲတွင် ကြားလိုက်ရသည်။

"မတ်တပ်ရပ်စမ်း"

ထိုဒေါသတကြီးအော်သံကြောင့် သူ၏ပင်ပန်းနေသောခန္ဓာကိုယ်သည် ချက်ချင်းပင် တောင့်တင်းသွားပြီး အပြည့်အဝသတိအနေအထားဖြင့် မတ်တပ်ရပ်လိုက်သည်။

လင်ယွီကို လက်ညှိုးထိုးကာ ကျန်းပေရန်က အော်ဟစ်လိုက်သည်။

"ငါမင်းကို အခုချက်ချင်းပြောမယ် ဒီတစ်ခါ မင်းရဲ့လုပ်ဆောင်မှုက ငါ့ကို လုံးဝစိတ်ပျက်စေတယ် ဟိုခေါင်းပြောင်လူမိုက်ကသာ လွန်လွန်ကျူးကျူးမလုပ်ခဲ့ရင် ငါကိုယ်တိုင် မင်းကို မှတ်မိအောင် ရိုက်မလို့"

"ဟုတ်ကဲ့ အစ်ကိုကြီး... ကျွန်တော်မှားသွားမှန်း သိပါတယ်"

လင်ယွီက ခေါင်းငုံ့ကာ သူ၏အမှားကို ဝန်ခံလိုက်သည်။

အံ့အားသင့်နေသော ဟုန်ယာရွှမ်းသည် အခြေအနေကို နားမလည်နိုင်သော်လည်း အားယူကာ ပြောလိုက်သည်။

"ဒီကအစ်ကိုကြီး လင်ယွီကို အပြစ်မတင်ပါနဲ့ သူ့ကြောင့်သာမဟုတ်ရင်..."

"ပါးစပ်ပိတ်ထား"

ကျန်းပေရန်က သူမကို စူးစိုက်ကြည့်လိုက်သည်။

"ဒါမင်းနဲ့ဘာမှမဆိုင်ဘူး အဲ့ဒီမှာ ငြိမ်ငြိမ်လေးလှဲနေ"

အခုထိထိန်းထားခဲ့သော မျက်ရည်များသည် မထိန်းနိုင်ဘဲ စီးကျလာသည်။ မျက်လုံးများနီရဲနေသော ဟုန်ယာရွှမ်းသည် ရှိုက်ကြီးတငင်ငိုကြွေးတော့သည်။

"ဘာလို့ငိုနေတာလဲ နင်က အငိုတိတ်ရမယ့်သူပဲ"

ကျန်းပေရန်က သူမကို ထပ်မံဆူပူလိုက်ပြီး သူမကို လက်ညှိုးထိုးကာ လင်ယွီကို ဆက်လက် ဆုံးမလိုက်သည်။

"သူမကတုံးတယ် မင်းကပါ သူနဲ့အတူလိုက်တုံးရလား ဒီထောင်ချောက်က အရူးတွေကို ဖမ်းဖို့ဆိုတာ ထင်ရှားနေတာကို မင်းက တည့်တည့်ဝင်သွားတယ် ပြောစမ်း ဒီဓားပြစခန်းကို မင်းဘယ်လိုစုံစမ်းခဲ့လဲ"

လင်ယွီက အမြန်ပြန်ဖြေလိုက်သည်။

"ကျွန်တော် ဒေသခံတရားရုံးမှာ မေးမြန်းခဲ့ပါတယ် ရဲမင်းကြီးတော်တော်များများက ဒီစခန်းက စုယွမ်မှာ အချိန်တော်တော်ကြာ လှုပ်ရှားနေတာလို့ပြောပါတယ် ခြိမ်းခြောက်မှုအသစ်မဟုတ်ပါဘူးတဲ့ သူတို့က ဟုန်မိသားစုယာဉ်တန်းကိုပဲ ပစ်မှတ်ထားတာမဟုတ်ဘူးလို့လည်း ပြောပါတယ် ဒေသခံရဲမင်းကြီးတွေက သူတို့ကို အကြိမ်ပေါင်းများစွာ ဝင်စီးဖို့ကြိုးစားခဲ့ပေမဲ့ ဓားပြတွေက အမြဲကြိုတင်လွတ်မြောက်သွားလို့ မအောင်မြင်ခဲ့ဘူးတဲ့"

"အိုး" ကျန်းပေရန်က ခေါင်းညိတ်လိုက်သည်။

"ဒါဆို မင်းက သာမန်ရဲမင်းကြီးတွေတောင် သူတို့ကို နှင်ထုတ်နိုင်မှတော့ သူတို့က သိပ်ပြီး ကြမ်းကောင်တွေ မဟုတ်ဘူးလို့ တွက်လိုက်တာပေါ့"

"ဟုတ်ပါတယ်..." လင်ယွီက ခေါင်းညိတ်လိုက်သည်။

"တုံးလိုက်တာ မင်းက သူတို့လူတိုင်းကိုလုယက်တယ်ဆိုတာပဲ သိခဲ့တာ ဒါပေမဲ့ တခြားစခန်းတွေကို စုံစမ်းခဲ့လား လီတစ်ရာအတွင်းက စခန်းတိုင်းမှာ မပြောဘဲသိတဲ့စည်းကမ်းတစ်ခုရှိတယ် သူတို့က ဟုန်မိသားစုပိုင်ဆိုင်မှုကို မထိဘူး အခုပြောစမ်း ဒီစခန်းက ဘာလို့အဲ့စည်းကမ်းကို ချိုးဖောက်တယ်လို့ မင်းထင်လဲ"

လင်ယွီသည် တစ်ခဏမျှရပ်တန့်သွားပြီး ပြောလိုက်သည်။

"အဲ့ဒီရဲမင်းကြီးတွေက ကျွန်တော့်ကို အဲ့အကြောင်းမပြောခဲ့ဘူး..."

"ပြောမှာမဟုတ်ဘူး သူတို့က တစ်ယောက်ယောက်က သူတို့အတွက် ဒီစခန်းကို ရှင်းပေးဖို့ သေမလောက်လိုချင်နေတာ ဘာလို့သူတို့က မင်းကို အန္တရာယ်တွေအကြောင်း သတိပေးမှာလဲ"

"ကျွန်တော်မှားသွားပါတယ်..."

ကျန်းပေရန်က လင်ယွီကို ဆူပူနေစဉ် သူ့နောက်တွင်ရပ်နေသော ဖုန်းရှင်းသည် ဟုန်ယာရွှမ်းထက်ပင် ပို၍အံ့အားသင့်နေသည်။ သူတို့လေးစားရသော အစ်ကိုထူသည် သူတို့ နောက်ခံပင်မသိသော လူငယ်တစ်ဦး၏ လက်ချက်တစ်ချက်တည်းဖြင့် အလဲထိုးခံခဲ့ရသည်။

ထူကျန်း၏ မလှုပ်မယှက်ခန္ဓာကိုယ်ကို တစ်ဖန်ပြန်ကြည့်ရင်း ဖုန်းရှင်းသည် တံတွေးကိုမြိုချကာ နောက်သို့ခြေတစ်လှမ်းဆုတ်လိုက်သည်။

"မလှုပ်နဲ့"

ရိုးရှင်းသောစကားနှစ်ခွန်းကြောင့် ဖုန်းရှင်းသည် ချက်ချင်းပင် ဒူးထောက်ကျသွားသည်။

"ကယ်တော်မူပါ သူရဲကောင်းကြီး ကျွန်တော်က အတင်းအကျပ်ခိုင်းစေခံရတာပါ ကျွန်တော့်မှာ ရွေးချယ်စရာမရှိခဲ့ပါဘူး သူက..."

"ပါးစပ်ပိတ်ထား ငါမင်းကို ဘာမေးလို့လဲ နောက်တစ်ခွန်းထပ်ထွက်ရင် မင်းလည်း သူ့လိုဖြစ်သွားမယ်"

ကျန်းပေရန်က သူ၏ခြေထောက်အောက်မှ ခန္ဓာကိုယ်ကို ညွှန်ပြလိုက်သည်။

"ဟုတ်... ဟုတ်ကဲ့ ကျွန်တော်မပြောတော့ပါဘူး"

ဖုန်းရှင်းသည် အလန့်တကြားခေါင်းညိတ်လိုက်သည်။

လင်ယွီကို တစ်ဖန်ပြန်ရင်ဆိုင်ရင်း ကျန်းပေရန်က မေးလိုက်သည်။

"ဒါဆို မင်းက သေသေချာချာ မစုံစမ်းခဲ့ဘူး ကောင်းပြီ ဒါပေမဲ့ ဘာမှအတည်မပြုဘဲ ဒီစခန်းထဲကို တန်းဝင်လာတာကရော မင်းဘယ်ကသင်ခဲ့တဲ့နည်းလဲ"

"ကျွန်တော်..." လင်ယွီက သူ၏ဆရာကို မော့ကြည့်လိုက်သည်။

"ငါ့ကိုမကြည့်နဲ့ ဒီလိုအရူးမျိုးနဲ့ ငါအဆက်အစပ်မလုပ်ချင်ဘူး"

ထို့နောက် ကျန်းပေရန်က ဟုန်ယာရွှမ်းကို တစ်ဖန်ပြန်ညွှန်ပြလိုက်သည်။

"ဒါဆို မင်းက ဒီအရူးမလေးကို ကြိုက်လို့ စိတ်ပျော့သွားတာပေါ့ ငါမင်းကိုပြောမယ် မိန်းမတစ်ယောက်အတွက် သက်ညှာတာကို ငါဂရုမစိုက်ဘူး ဒါပေမဲ့ မင်းဒီလိုမျိုးဆက်ပြီး သောက်သုံးမကျနေဘူးဆိုရင် မင်းပြီးပြီ နားလည်လား"

"ဟုတ်ကဲ့ ကျွန်တော် နာကျင်စွာနဲ့ သင်ခန်းစာရပါပြီ"

ရှက်စိတ်ဖြင့်ပြည့်နှက်နေသော ဟုန်ယာရွှမ်းသည် ရုတ်တရက် ငိုရပ်သွားသည်။ သူမသည် နှုတ်ခမ်းကိုစူကာ ပြန်ပြောချင်သော်လည်း ပြောစရာစကားမရှိပေ။ နောက်ဆုံးတော့ ဒီတစ်ခါ သူမတကယ်တုံးခဲ့သည် မဟုတ်ပါလား...

"ဟူး..."

သူ၏ဆူပူကြိမ်းမောင်းခြင်းပြီးဆုံးသွားပြီးနောက် ကျန်းပေရန်သည် သက်ပြင်းရှည်ကြီးကို ချလိုက်သည်။

လွန်ခဲ့သောနှစ်ရက်က သူသည် လင်ယွီထံမှ ကျောက်စိမ်းငှက်ပျံတစ်ကောင်မှတစ်ဆင့် စာတစ်စောင်လက်ခံရရှိခဲ့ပြီး သူသည် ဟုန်မိသားစု၏အကြီးဆုံးသမီးကို အစောင့်အရှောက် လိုက်ပါနေကြောင်း ပြောကြားခဲ့သည်။

သူဖတ်ပြီးသည်နှင့်တစ်ပြိုင်နက် စနစ်မှအချက်ပြမှုတစ်ခု ပေါ်လာခဲ့သည်-

[ရွေးချယ်စရာ တစ်- ငြင်းပယ်ပါ။ ဆုလာဒ်- "အရှေ့ဝင်ရိုးစွန်း တားမြစ်ကျမ်း" (အနက်ရောင်အဆင့်၊ အလယ်အလတ်)]

[ရွေးချယ်စရာ နှစ်- လက်ခံပြီး လင်ယွီကို ဟုန်ယာရွှမ်းအား ကာကွယ်ရာတွင် ကူညီပါ။ ဆုလာဒ်- +၁ ကျပန်းအခြေခံကျွမ်းကျင်မှုအမှတ်]

သူမနှင့် ကြိုတင်ဆက်စပ်မှုမရှိသော်လည်း ဟုန်ယာရွှမ်းကို ကာကွယ်ရန် အတိအကျဖော်ပြထားသည်ကိုမြင်သော် ကျန်းပေရန်သည် သူသည် အနှေးနှင့်အမြန် ပါဝင်ပတ်သက်ရမည်ဟု မျှော်လင့်ခဲ့သည်။ ထို့ကြောင့် သူသည် ရွေးချယ်စရာနှစ်ကို ရွေးချယ်ပြီး သဘောတူကြောင်း စာပြန်ပို့ခဲ့သည်။

လင်ယွီ၏ အသုံးမကျသောပုံစံများကို လမ်းတစ်လျှောက်လုံး စောင့်ကြည့်နေရသည်မှာ သူ့ကို ဒေါသထွက်စေပြီး အကြိမ်ပေါင်းများစွာ ထွက်ရိုက်ချင်စိတ်ပေါက်ခဲ့သည်။ သို့သော် သူသည် ချုပ်တည်းခဲ့သည်။

လင်ယွီသည် သတင်းအချက်အလက်စုဆောင်းရာတွင် ထူးချွန်သည်ကို သူသိသော်လည်း ကူချင်းဟွမ်းကဲ့သို့သောသူနှင့်နှိုင်းယှဉ်လျှင် သူသည် ဆုံးဖြတ်ချက်ချနိုင်စွမ်းနှင့် အလိုက်သင့် ပြောင်းလဲနိုင်စွမ်းတွင် အားနည်းသည်။ ထို့ကြောင့် ကျန်းပေရန်သည် ဤအရာကို သူ့ကို ဆုံးမရန် အခွင့်အရေးကောင်းတစ်ခုအဖြစ် မြင်ခဲ့သည်။

သို့သော် သူသည် ဒီလောက်ဆိုးရွားစွာ ပျက်စီးစေလိမ့်မည်ဟု ဘယ်သူကထင်မည်နည်း။

ထို့ကြောင့် ကျန်းပေရန်သည် စိတ်မထိန်းနိုင်ဘဲ သူတို့တွေ့ဆုံသည်နှင့်တစ်ပြိုင်နက် သူ့ကို အပြည့်အဝ ဆူပူကြိမ်းမောင်းခဲ့ခြင်းဖြစ်သည်။

သူ၏စိတ်ကို ဖြေလျော့ပြီးနောက် ကျန်းပေရန်သည် သူ၏သိုလှောင်လက်စွပ်ထဲမှ ကျောက်စိမ်းတောက်ပ ဆေးလုံးတစ်လုံးကို ထုတ်ယူကာ လင်ယွီထံသို့ ပစ်ပေးလိုက်သည်။

"သောက်လိုက်"

"ကျေးဇူးတင်ပါတယ် အစ်ကိုကြီး"

လင်ယွီသည် ဆေးလုံးကို ချက်ချင်းမျိုချလိုက်ပြီး ပြောလိုက်သည်။

"ကျွန်တော် ပြန်ကောင်းလာအောင် တရားထိုင်ပါ့မယ်"

"လုပ်"

လင်ယွီသည် ခြေချင်းယှက်ထိုင်ကာ မျက်လုံးများကိုမှိတ်လိုက်သည်။

ထို့နောက် ကျန်းပေရန်သည် ထူကျန်းကို နှစ်ချက်သုံးချက်ကန်လိုက်သည်။

"ဟန်ဆောင်မနေနဲ့ အဲ့ဒီရိုက်ချက်က မင်းကိုမေ့လဲသွားစေမှာမဟုတ်ဘူး"

"..."

မလှုပ်မယှက်ရှိနေဆဲဖြစ်သော ထူကျန်းသည် သူ၏ဦးခေါင်းခွံအနီးသို့ လက်သီးတစ်ချက် အထိုးခံလိုက်ရသည်။

"နောက်တစ်ချက်က မင်းမပြောရင် တကယ်ခေါင်းပေါ်ကျမယ်"

ထိုအရာက အလုပ်ဖြစ်သွားသည်။ ထူကျန်းသည် ချက်ချင်းပင် ထကာဒူးထောက်လိုက်သည်။

"တောင်းပန်ပါတယ် အကြီးအကဲ ကျွန်တော် စော်ကားဖို့မရည်ရွယ်ပါဘူး ဒီခန့်ညားတဲ့လူငယ်လေးက အကြီးအကဲရဲ့ညီမှန်း ကျွန်တော်မသိခဲ့လို့ပါ သိခဲ့ရင်..."

"အပိုတွေပြောမနေနဲ့ မေးခွန်းတချို့ဖြေ"

သူသည် ပါဝင်ပတ်သက်ပြီးသားဖြစ်ပြီး အနာဂတ်တွင် ဟုန်မိသားစုကို အသုံးချနိုင်ဖွယ်ရှိသောကြောင့် ကျန်းပေရန်သည် သတင်းအချက်အလက်အချို့စုဆောင်းခြင်းက အရှုံးမရှိဟု တွက်ဆလိုက်သည်။

"ဘာမဆိုမေးပါ အကြီးအကဲ ကျွန်တော်သိသမျှအကုန်ပြောပြပါ့မယ်"

"မင်းတို့ဘာလို့ ဟုန်မိသားစုတွေကို ဒီကိုဆွဲဆောင်ခဲ့တာလဲ"

"ကျွန်တော့်အထက်လူကြီးရဲ့အမိန့်ကို နာခံဖို့ပါ အကြီးအကဲ ကျွန်တော်က အမိန့်အတိုင်းလိုက်နာရုံပါ"

ကျန်းပေရန်သည် ထူကျန်း၏ဘယ်ဘက်လက်မောင်းကို ဆွဲကိုင်လိုက်သည်...

ဖြောင်း...

"အား..."

"နောက်တစ်ခါ အဲ့လိုအမှိုက်စကားမျိုးထပ်ပြောရင် မင်းရဲ့နောက်လက်တစ်ဖက်ကိုပါ ငါချိုးမယ်"

"တောင်းပန်ပါတယ် တောင်းပန်ပါတယ် ကျွန်တော်က မီးလျှံပြာဂိုဏ်းက မီးလျှံပြာသံတမန်ပါ ကျွန်တော့်ခန်းမသခင်က ကျွန်တော့်ကိုဒီကိုလွှတ်တာပါ သူက ကျွန်တော့်ကို ဟုန်မိသားစုဝင် တချို့ဖမ်းခိုင်းခဲ့ပေမဲ့ ဘာလို့လဲဆိုတာမပြောခဲ့ပါဘူး ကျွန်တော်ကျိန်ဆိုပါတယ် ဒါပဲကျွန်တော်သိတာပါ"

နာကျင်မှုကို ကြံ့ကြံ့ခံရင်း ထူကျန်းသည် အကုန်လုံးကိုဖွင့်ထုတ်လိုက်သည်။

ထို့နောက် ကျန်းပေရန်သည် ဖုန်းရှင်းကို ကန်လိုက်သည်။

"သူပြောတာအမှန်ပဲလား"

"ဟုတ်ကဲ့ ဟုတ်ကဲ့"

ဖုန်းရှင်းသည် ခေါင်းကိုဆက်တိုက်ညိတ်လိုက်သည်။ သူသည် တန်ခိုးကြီးသော အစ်ကိုထူသည် ပိုးကောင်တစ်ကောင်လို တွားသွားနေသည်ကို ပထမဆုံးအကြိမ်မြင်ဖူးခြင်းဖြစ်သည်။

ထိုအခါမှ သူတို့ရှေ့မှ လူငယ်လေးသည် ဘယ်လောက်ကြောက်စရာကောင်းသည်ကို သူသဘောပေါက်လိုက်သည်။

'ငါ့ကံတရားကတော့... တွေ့ရမယ့်လူပေါင်းများစွာထဲက သေမင်းကိုယ်တိုင်နဲ့မှ လာတွေ့ရတယ်...'

All Chapters