← Chapters

ဘဝဆိုတဲ့ဂိမ်းထဲက သူဌေးငယ်တစ်ဦးနဲ့ တိုက်ပွဲ

Vol. 12 Ch. 179

ဘဝဆိုတဲ့ဂိမ်းထဲက သူဌေးငယ်တစ်ဦးနဲ့ တိုက်ပွဲ

Vol. 12 Ch. 179

"ပြောစမ်း မင်းငါ့ကို ဘာကိစ္စနဲ့တွေ့ချင်တာလဲ ဒီတန်ဆောင်းအပြင်ဘက်မှာ ငါသန်းခေါင်ယံစောင့်ကြည့်အစီအရင်တစ်ခု ချထားပြီးပြီ... ငါတို့စကားပြောတာကို ဘယ်သူမှကြားမှာမဟုတ်ဘူး"

ဟုန်ယာရွှမ်းက ဒီတစ်ကြိမ် သူ့ကိုအထူးတလည်တွေ့ဆုံရန် တောင်းဆိုခဲ့ကြောင်း ကြားရသည့်အပြင် စနစ်က ဒါကို မြေကမ္ဘာအဆင့်ရွေးချယ်စရာအဖြစ် တံဆိပ်ကပ်ထားသောကြောင့် ကျန်းပေရန်သည် ဟုန်ယာရွှမ်းပြောချင်သည့်အရာသည် သာမန်ကိစ္စတစ်ခုမဟုတ်နိုင်ဟု ခန့်မှန်းပြီးဖြစ်သည်။

ဟုန်ယာရွှမ်းသည် သန်းခေါင်ယံစောင့်ကြည့်အစီအရင်ဆိုသည်မှာ ဘာမှန်းမသိသော်လည်း လင်ယွီ၏အစ်ကိုကြီးသည် အလွန်အစွမ်းထက်သည်ကိုမူ သူမသိသည်။

သူက ဘယ်သူမှမကြားနိုင်ဟု ပြောမှတော့ မည်သူမျှမကြားနိုင်သည်မှာ သေချာသည်။

‘အာ... ကြည့်ရတာ သူက ငါ့မှာ တကယ်အရေးကြီးတဲ့ကိစ္စတစ်ခုခု ပြောစရာရှိတယ်လို့ ထင်နေပုံပဲ’

ဟုန်ယာရွှမ်းသည် ရုတ်တရက် အနည်းငယ်ထိတ်လန့်သွားသည်။

သူမ တစ်စုံတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်မှန်သော်လည်း ၎င်းကို တကယ့်ကိစ္စကြီးတစ်ခုဟု အမှန်တကယ်မခေါ်ဆိုနိုင်ချေ။

အမှန်အတိုင်းပြောရလျှင် သူမက လင်ယွီ၏အစ်ကိုကြီးကို တွေ့ဆုံရန် အခိုင်အမာတောင်းဆိုရသည့် အဓိကအကြောင်းရင်းမှာ... သူ့ကို နောက်တစ်ကြိမ်တွေ့ချင်ရုံသက်သက်သာဖြစ်သည်။

"ကျွန်မ... ကျွန်မ..."

ဟုန်ယာရွှမ်းသည် စိုးရိမ်တကြီးဖြင့် သူမ၏လက်ချောင်းများကို ကစားနေပြီး အချိန်အတော်ကြာသည့်တိုင် စကားတစ်ခွန်းအပြည့်အစုံ မထွက်နိုင်ခဲ့ချေ။

ကျန်းပေရန်က သူမကို မဖိအားပေးခဲ့။ သူသည် သူ၏စစ်တုရင်ကျောက်တုံးများကို တစ်လုံးပြီးတစ်လုံး အေးဆေးတည်ငြိမ်စွာ ချသွားပြီး လော့ဝမ်ကျိုးက စားပွဲခုံပေါ်တွင် ချန်ထားခဲ့သော "နယ်မြေ" ကို တဖြည်းဖြည်းကျူးကျော်နေသည်။

နောက်ဆုံးတွင် သူမ၏အတွေးများကို စုစည်းပြီးနောက် ဟုန်ယာရွှမ်းက စကားစလိုက်သည်။

"ကျွန်မ တကယ်ပဲ ရှင့်ရဲ့အကူအညီတောင်းခံချင်တဲ့ ကိစ္စတစ်ခုရှိပါတယ်"

ဂျောက်။

အနက်ရောင်ကျောက်တုံးတစ်တုံးကို ချလိုက်ရင်း ကျန်းပေရန်က မော့ကြည့်ကာ ပြောလိုက်သည်။

"မင်းတစ်ယောက်ယောက်ရဲ့အကူအညီကို လိုချင်တယ်ဆိုရင် သင့်တော်တဲ့အမူအရာကိုပြ သေသေချာချာတောင်းဆို နားလည်လား"

သူမကဲ့သို့သော အလိုလိုက်ခံထားရသည့် သူဌေးသမီးများနှင့် ဆက်ဆံရာတွင် သင်သာ အနည်းငယ်ပို၍ ကြင်နာပြလိုက်လျှင် သူတို့သည် ကောင်းကင်သို့ ပျံတက်နိုင်သည်ဟု ထင်သွားလိမ့်မည်။

အကယ်၍ မည်သည့်ပါဝင်ပတ်သက်မှုမျှမရှိပါက ကျန်းပေရန်သည် ဂရုစိုက်မည်မဟုတ်ချေ။

ကြိုက်သလောက် စိတ်ကောက်နိုင်သည်... သူက လျစ်လျူရှုလိုက်ရုံသာဖြစ်သည်။

သို့သော် ယခုအခါ ဤသခင်မလေးသည် မြေကမ္ဘာအဆင့်ရွေးချယ်စရာတစ်ခုနှင့် ဆက်စပ်နေသောကြောင့် ကျန်းပေရန်သည် သူမကို စောစောစီးစီး သေသေချာချာလေ့ကျင့်ပေးရန် သဘာဝအတိုင်းပင် လိုအပ်သည်... အရေးကြီးသည့်အခိုက်အတန့်တွင် သူမပြိုလဲမသွားစေရန် ဖြစ်၏။

ကျန်းပေရန်၏အသံသည် မကြမ်းတမ်းသော်လည်း ဟုန်ယာရွှမ်းသည် သူ၏အသံက သူမ၏စိတ်ဝိညာဉ်ထဲသို့ ထိုးဖောက်ဝင်ရောက်လာသည်ဟု ခံစားလိုက်ရပြီး သူမကို မရည်ရွယ်ဘဲ တုန်ရီသွားစေသည်။

သူမသည် ထိုနေ့က တောင်ပေါ်ခံတပ်တွင် ကျန်းပေရန်၏ ကြောက်မက်ဖွယ်ကောင်းသောပုံရိပ်ကိုလည်း ပြန်လည်သတိရလိုက်သည်။

စိုးရိမ်တကြီးဖြင့် တံတွေးကိုမြိုချရင်း ဟုန်ယာရွှမ်းက ဦးညွှတ်ကာ ပြောလိုက်သည်။

"ဒီသခင်မလေးမှာ သခင်လေးရဲ့အကူအညီကို ရိုသေစွာတောင်းခံလိုတဲ့ ကိစ္စတစ်ခုရှိပါတယ်"

"အင်း ဆက်ပြော"

တန်ဆောင်းအပြင်ဘက်တွင် ဤမြင်ကွင်းကိုကြည့်ရင်း ချင်စွေးရုံသည် အံ့အားသင့်မှုကြောင့် မှင်တက်သွားသည်။

လင်လန်ခေါ်ဆောင်လာသော လူက ဘယ်သူလဲ…… ကောင်းကင်ရောမြေကြီးပါ မကြောက်သော သခင်မလေးသည် သူ့ရှေ့တွင် ဤမျှလောက်ယဉ်ကျေးနေပါသလား။

ချင်စွေးရုံ သူမ၏တုန်လှုပ်မှုမှ ပြန်လည်သက်သာလာစဉ်မှာပင် ဟုန်ယာရွှမ်းသည် ဦးညွှတ်ပြီးနောက် ဆက်ပြောလိုက်သည်။

"ကျွန်မမေးခွင့်ရှိမလား သခင်လေး... ရှင် အရင်းအမြစ်စုစည်းမြို့က လျိုမိသားစုနဲ့ ရင်းနှီးပါသလား"

"ငါရင်းနှီးတယ်"

ကျန်းပေရန်သည် လျိုမိသားစုကို သေချာပေါက်မှတ်မိသည်... အရင်းအမြစ်စုစည်းမြို့၏ မျိုးနွယ်ကြီးလေးခုထဲတွင် အနိမ့်ဆုံးအဆင့်ရှိပြီး သူတို့၏အကြီးအကဲမှာ ဧကရာဇ်၏ ယောက္ခမဖြစ်သည်။

"ကျွန်မတို့မိသားစုက လျိုမိသားစုနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိပါတယ် ကျွန်မတို့ မကြာခဏ အပြန်အလှန်လည်ပတ်ကြတယ် ဒါပေမဲ့ လွန်ခဲ့တဲ့ရက်အနည်းငယ်က လျိုမိသားစုဝင်တချို့ ကျွန်မတို့ဆီလာလည်ပြီးနောက်မှာ ကျွန်မအဖေနဲ့အစ်ကိုကြီးတွေအားလုံး လွန်ခဲ့တဲ့နှစ်ရက်အတွင်း မျက်နှာတွေ တော်တော်ညှိုးနေကြတယ် ကျွန်မ... ကျွန်မစိုးရိမ်ပြီး သူတို့ကို ဘာဖြစ်တာလဲလို့မေးပေမဲ့ သူတို့အားလုံးက ဘာမှမဟုတ်ဘူး ကျွန်မစိတ်ကူးယဉ်မနေသင့်ဘူးလို့ ပြောကြတယ်"

‘လျိုမိသားစု...’

ကျန်းပေရန်သည် တစ်ခဏစဉ်းစားပြီးနောက် နောက်ထပ်ကျောက်တုံးတစ်တုံးကို ချလိုက်သည်။

"ကျွန်တော်အရှုံးပေးပါတယ်"

လော့ဝမ်ကျိုးက ခေါင်းငုံ့လိုက်သည်။

"မင်းရဲ့အလယ်ပိုင်းကစားကွက်တချို့ ကောင်းကောင်းကိုင်တွယ်နိုင်ခဲ့တယ် နောက်မှ စားပွဲခုံကို သေသေချာချာပြန်သုံးသပ်"

"ဟုတ်ကဲ့"

ကျောက်တုံးပန်းကန်ကို ဖုံးအုပ်ပြီးနောက် ကျန်းပေရန်က ဟုန်ယာရွှမ်းဘက်သို့ မော့ကြည့်ကာ မေးလိုက်သည်။

"ဒါဆို မင်းငါ့ကို အတိအကျဘာကူညီစေချင်တာလဲ"

ဟုန်ယာရွှမ်းသည် လော့ဝမ်ကျိုးကို တစ်ချက်ကြည့်ပြီးနောက် ကျန်းပေရန်ထံသို့ ပြန်လှည့်ကြည့်ကာ အနည်းငယ်တုံ့ဆိုင်းစွာဖြင့် ပြောလိုက်သည်။

"ရှင်က လင်ယွီရဲ့အစ်ကိုကြီးဆိုတော့ တာအိုအိမ်တော်ရဲ့ပိုင်ရှင် သူဌေးစွန်းကလည်း ရှင်နဲ့တစ်စုံတစ်ခု ဆက်စပ်မှုရှိမှာပဲလို့ ကျွန်မယူဆပါတယ်"

သူမတကယ် သံသယရှိသည်မှာ သူဌေးစွန်းသည် ဤလူ၏လက်အောက်ငယ်သားဖြစ်သည်... သို့သော် သူမအသံထွက်ပြောရန် မရဲခဲ့ချေ။

"အိုး မဆိုးဘူးပဲ မင်းလုံးဝမတုံးပါဘူး"

ကျန်းပေရန်က ရယ်ကျဲကျဲဖြင့် ပြောလိုက်သည်။

"ကျွန်မက အမြဲတမ်းတော်ပါတယ်"

ဟုန်ယာရွှမ်းက တိုးတိုးလေး သူ့ကိုယ်သူရေရွတ်လိုက်သည်။

အမှန်တကယ်တော့ လင်ယွီနှင့် ထိုသူဌေးစွန်းတို့ ရုတ်တရက် အရင်းအမြစ်စုစည်းမြို့တစ်ခွင်တွင် ကျော်ကြားလာသည့်အချိန်မှစ၍ သူမ၏ပထမဆုံးပင်ကိုအသိစိတ်မှာ လင်ယွီသည် ထိုလူ၏ ညီငယ်ဖြစ်ပြီး ဒီသူဌေးစွန်းသည် သူနှင့်အတူမြို့ထဲတွင်ပေါ်လာသောကြောင့် သူသည်လည်း ထိုလူ၏ အမိန့်အောက်တွင် ရှိရမည်ဟူ၍ ဖြစ်သည်။

နောက်ထပ်သက်ပြင်းရှည်ကြီးကိုချရင်း ဟုန်ယာရွှမ်းက ဆက်ပြောလိုက်သည်။

"ကျွန်မထင်တာတော့ ဒီတစ်ခါ ကျွန်မအဖေ ဒုက္ခရောက်နေပြီ ဒါပေမဲ့ သူကျွန်မကို ဘာမှမပြောဘူး ဒါကြောင့် ကျွန်မရှာချင်... မဟုတ်ဘူး ကျွန်မ ဘာဖြစ်ခဲ့လဲဆိုတာ စုံစမ်းစစ်ဆေးရာမှာ ရှင့်ရဲ့အကူအညီကို တရားဝင်တောင်းခံချင်ပါတယ်"

မင်းသိပြီးသားပဲ မင်းဘာလို့အကူအညီအတွက် ငါ့ဆီကိုလှည့်လာဖို့ စဉ်းစားခဲ့တာလဲ"

ကျန်းပေရန်က မေးလိုက်သည်။

ဟုန်ယာရွှမ်းသည် စစ်တုရင်ခုံကို ရှင်းလင်းနေသော လော့ဝမ်ကျိုးကို တစ်ဖန်ပြန် ချောင်းကြည့်ပြီးနောက် ပြောလိုက်သည်။

"လင်ယွီက မြို့ထဲက မျိုးနွယ်ကြီးတိုင်းရဲ့ အစေခံမလေးတွေနဲ့ ပတ်သက်ခဲ့တာကို ကျွန်မ သတိထားမိတယ် ပြီးတော့ သူဌေးစွန်းက အခုတော်တော်လေးနာမည်ကြီးနေပြီ ကျွန်မအဖေကိုယ်တိုင်တောင် လွန်ခဲ့တဲ့ရက်ပိုင်းအတွင်း တာအိုအိမ်တော်ကို မကြာခဏသွားနေတယ် ဒါကြောင့်..."

"ဒါကြောင့် မင်းက ငါမျိုးနွယ်ကြီးလေးခုရဲ့လျှို့ဝှက်ချက်တွေထဲကို နက်နက်ရှိုင်းရှိုင်း ထိုးဖောက် ဝင်ရောက်ထားတယ်လို့ ထင်နေတာပေါ့"

"အင်း..."

ဟုန်ယာရွှမ်းက ခေါင်းညိတ်လိုက်သည်။

ကျန်းပေရန်က ပြုံးလိုက်သည်။

"မဆိုးဘူး မင်းရဲ့နောက်ဆုံးစွမ်းဆောင်ရည်က အတော်လေးမိုက်မဲခဲ့ပေမဲ့ အခုတော့ မင်းအတွက် မျှော်လင့်ချက်ရှိနိုင်သေးပုံပဲ"

သူမကို ရှင်းလင်းစွာ မိုက်မဲသည်ဟု တစ်ဖန်ပြန်အပြောခံရသည်ကိုကြားသော် ဟုန်ယာရွှမ်းသည် သူမ၏လက်သီးငယ်လေးများကို ဆုပ်လိုက်သော်လည်း ဒေါသထွက်ရန် မရဲခဲ့ချေ။

သူမသည် တစ်ဖန်ပြန်တောင်းပန်လိုက်ရုံသာဖြစ်သည်။

"ကျေးဇူးပြုပြီး သခင်လေး ကျွန်မကိုကူညီပါ"

သူမစကားဆုံးသည်နှင့်တစ်ပြိုင်နက် စနစ်ရွေးချယ်စရာသုံးခုသည် ကျန်းပေရန်၏မျက်စိရှေ့တွင် ပေါ်လာသည်။

[ရွေးချယ်စရာ တစ်- ကူညီရန် ငြင်းပယ်ပါ။ ပြီးမြောက်ခြင်းဆု- တဖျပ်ဖျပ်အလင်း ဓားကျမ်း (မြေကမ္ဘာအဆင့်၊ အဆင့်နိမ့်)]

[ရွေးချယ်စရာ နှစ်- ကိစ္စကို အခြားတစ်ယောက်အား ကိုင်တွယ်ရန် လွှဲအပ်ပါ။ ပြီးမြောက်ခြင်းဆု- ကြက်သွေးရောင်မြူခိုး လျှို့ဝှက်ကျမ်း (အနက်ရောင်အဆင့်၊ အလယ်အလတ်)]

[ရွေးချယ်စရာ သုံး- တောင်းဆိုမှုကို လက်ခံပါ။ ပြီးမြောက်ခြင်းဆု- +၁ ကျပန်းအခြေခံအရည်အသွေးအမှတ်]

‘ဘာလို့အမြဲတမ်း ငါဖြစ်နေရတာလဲ...’

ကျန်းပေရန်သည် စိတ်ထဲမှသက်ပြင်းချလိုက်သည်။

လျှို့ဝှက်လမင်းဂိုဏ်းဖြစ်စဉ်မှစ၍ စနစ်ရွေးချယ်စရာများသည် ရှောင်ရှားရန်လွယ်ကူခြင်းမရှိတော့ဘဲ အန္တရာယ်ကြားမှ ကံကောင်းခြင်းရှာဖွေသော ဂိမ်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။

အမှန်တကယ်တော့... အခုထိ အန္တရာယ်သိပ်မရှိသေးပေ။

သို့သော် အတိတ်နှင့်ယှဉ်လျှင်... သူဒီအတိုင်းနေရုံဖြင့် ဒုက္ခကင်းနိုင်ခဲ့သည့်အချိန်နှင့်ယှဉ်လျှင်... အရာရာသည် ရှင်းလင်းစွာပြောင်းလဲသွားသည်။

‘ကဲလေ... ငါမကြာသေးခင်က နည်းနည်းများ ထင်ပေါ်လွန်းနေလားမသိဘူး’

သို့သော် ထိုသို့ဖြစ်နေလျှင်ပင် ကျန်းပေရန်သည် မတရားခံရသလို ခံစားနေရဆဲဖြစ်သည်။

လျှို့ဝှက်လမင်းဂိုဏ်းနှင့်ပတ်သက်သော ရှုပ်ထွေးမှုတစ်ခုလုံးသည် သူပါဝင်ပတ်သက်ချင်သော အရာမဟုတ်... သူ့အပေါ် အတင်းအကျပ်ချမှတ်ခဲ့ခြင်းသာဖြစ်သည်။

သို့သော် သူစဉ်းစားလေလေ လျှို့ဝှက်လမင်းဂိုဏ်းနှင့်ပတ်သက်သော ဇာတ်လမ်းတစ်ခုလုံးသည် အလှည့်အပြောင်းတစ်ခုဖြစ်လာပုံရသည်။

ထိုမတိုင်မီ ငါးနှစ်တာကာလအတွင်း သူသည် တိတ်တဆိတ်သူ့ကိုယ်သူ တည်ဆောက်နေခဲ့ပြီး ကောင်းကင်ဘုံ၏အလိုတော်သည် အဓိကအားဖြင့် သူ့ကိုတိုက်ရိုက်ပစ်မှတ်ထားခဲ့သည်။

ယခုအခါ သူတွင် ကောင်းမွန်သော ပစ္စည်းသုံးခုရှိနေပြီဖြစ်သောကြောင့် ကောင်းကင်ဘုံက သူ့ကိုကိုယ်တိုင်ပစ်မှတ်ထားခြင်းက အလုပ်မဖြစ်တော့ဟု တွက်ဆလိုက်ပုံရသည်။

ထို့ကြောင့် သူတို့နည်းဗျူဟာပြောင်းလိုက်သည်... ဧရိယာလိုက်ဗုံးကြဲခြင်း။

သူသွားရောက်လည်ပတ်သော မြို့တိုင်းသည် ယခုအခါ ဖြစ်ပေါ်လာနိုင်သောအဖြစ်အပျက်များ၏ မိုင်းကွင်းတစ်ခုဖြစ်နေသည်။

‘ငါ့ဦးနှောက်ကို လွှမ်းမိုးပြီး ငါ့ကို ခြေချော်အောင်လုပ်ဖို့ ကြိုးစားနေတာလား’

ဒါက အခုဂိမ်းဖြစ်ရမည်ဟု ခံစားရင်း ကျန်းပေရန်သည် သူ့ကိုယ်သူသက်ပြင်းချလိုက်သည်။

သူတွင် ပစ္စည်းသုံးခုသာရှိသည်၊ သူသည် ခြောက်ခုအပြည့်တည်ဆောက်ရန် အဝေးကြီးလိုသေးသည်။

သူသည် အဖွဲ့လိုက်တိုက်ခိုက်သော ကစားဟန်ကို ယခုလောလောဆယ် မကစားချင်သေးသည်မှာ သေချာသည်။

သို့သော် ခံစစ် ကစားပြီး ပုန်းလျှိုးကွယ်ဝှက်နေခြင်းသည် ပို၍ပို၍ခက်ခဲလာသည်မှာ အလွန်ရှင်းလင်းနေသည်။

စနစ်ရွေးချယ်စရာများ ပြောင်းလဲသွားရုံသာမက... ကျပန်းမြို့ငယ်လေးတစ်ခုသို့ သွားရောက်လည်ပတ်ရုံဖြင့်ပင် အဖြစ်အပျက်တစ်ဒါဇင် သို့မဟုတ် ထို့ထက်ပို၍ ဖြစ်ပေါ်စေနိုင်သည်။

‘ဟင်း... ကောင်းပြီလေ’

‘ငါတို့လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲပြီး တိုးတက်ပြောင်းလဲသွားရုံပဲ’

‘တည်ဆောက်မှုအစီအစဉ်ကို ပြောင်းလဲလိုက်မယ်’

‘ဒါက ကိစ္စကြီးတစ်ခုမဟုတ်ဘူး’

‘ငါဆက်ထိန်းထားနိုင်မှာပါ ပြီးတော့ ဒါက အဆင့်တစ်ခုရဲ့သူဌေးတစ်ယောက်ပဲ ဖြစ်နိုင်တယ်’

‘ဒီတစ်ယောက်ကို အနိုင်ယူပြီးရင် ငါနောက်ထပ် ငြိမ်သက်တိုးတက်မှုအဆင့်တစ်ခု ရလိမ့်မယ်’

ထိုအတွေးက သူ့ကိုအားတက်စေသဖြင့် ကျန်းပေရန်သည် ပျော်ရွှင်စွာဖြင့် ရွေးချယ်စရာသုံးကို ရွေးချယ်လိုက်သည်။

သူက ပြုံးပြီးပြောလိုက်သည်။

"ငါကူညီနိုင်တယ် ဒါပေမဲ့ ငါ့မှာ အခြေအနေနှစ်ခုရှိတယ်"

[ရွေးချယ်စရာတာဝန် ပြီးမြောက်သွားပါပြီ။ ဆု- လျင်မြန်မှု +၁]

"ပြောပါ"

ဟုန်ယာရွှမ်းက ခေါင်းငုံ့ကာ ပြောလိုက်သည်။

"ပထမအချက်က ခုကစပြီး မင်းငါ့ညွှန်ကြားချက်တွေကို လုံးဝလိုက်နာရမယ် ငါဘာပြောပြော မင်းလုပ်ရမယ် နှောင့်နှေးတာ ဒါမှမဟုတ် ညည်းညူတာမျိုး မရှိရဘူး"

ဟုန်ယာရွှမ်းသည် အကျင့်အရ "လူယုတ်မာကောင်" ဟု အော်ဟစ်လုနီးပါးဖြစ်သွားသော်လည်း သူ၏မျက်နှာကို တစ်ဖန်ပြန်မြင်သောအခါ သူမမျိုချလိုက်ပြီး နူးညံ့စွာပြန်ဖြေလိုက်သည်။

"ဟုတ်ကဲ့"

"ဒုတိယအချက်... မင်းက ငါ့ကိုအကူအညီတောင်းနေတာဆိုတော့ ဆုလာဒ်တစ်ခုခု ပြင်ဆင်ထားပြီးပြီလား"

သူမမျက်တောင်ခတ်လိုက်သည်။

"ဆုလာဒ်... ကျွန်မ... မပြင်ဆင်ထားပါဘူး"

"မင်းဒါကို အလကားရမယ်လို့ ထင်နေတာတော့ မဟုတ်ဘူးမလား"

"အာ ကျွန်... ကျွန်မ မဟုတ်ပါဘူး အလကားဆိုတာ ဘာကိုဆိုလိုတာလဲ ဘယ်လောက်ရိုင်းစိုင်းလိုက်တာ"

"ငါက ရိုင်းစိုင်းတယ် ဟုတ်လား မင်းက ဒီလောက်ကြီးတဲ့အကူအညီအတွက် ပေးဆပ်ဖို့တောင် မစဉ်းစားခဲ့တဲ့တစ်ယောက်ပဲ မင်းတော်တော်သတ္တိရှိတာပဲ ဟုတ်လား"

အမှန်တကယ်ပင်... သူမ မည်သည့်ဆုလာဒ်မျှ ယူဆောင်မလာခဲ့။

နောက်ဆုံးတော့ အိမ်တွင် သူမလိုချင်သမျှရခဲ့သည်။

အပြင်တွင်ပင် သူမ၏စကားတစ်ခွန်းဖြင့် မရေမတွက်နိုင်သော သူကောင်းမျိုးနွယ်များ၏ အမွေဆက်ခံသူလူငယ်များသည် သူမကိုအစေခံရန် ပြေးလာကြလိမ့်မည်။

သူမ၏ကမ္ဘာတွင် အကူအညီတောင်းခံခြင်းသည် ပေးဆပ်ရန်မလိုအပ်ချေ။

သူမသည် ကျန်းပေရန်၏ အေးစက်ပြီး လွှမ်းမိုးနိုင်သောအမူအရာကို မော့ကြည့်လိုက်ပြီးနောက် သူ၏ပထမဆုံးလိုအပ်ချက်ကို သတိရလိုက်သည်။

သူမ၏မျက်နှာသည် နီရဲသွားသည်။

သက်ပြင်းရှည်ကြီးကိုရှိုက်ရင်း သူမက ခေါင်းငုံ့ကာ တိုးတိုးလေးပြောလိုက်သည်။

"ရှင်တကယ်ပဲ ကျွန်မကို အမှန်တရားကိုရှာဖွေရာမှာ ကူညီနိုင်မယ်ဆိုရင် ဒီသခင်မလေးက ရှင့်ရဲ့ကျေနပ်မှုနဲ့ထိုက်တန်တဲ့ ဆုလာဒ်တစ်ခုကို သေချာပေါက်ပေးအပ်ပါ့မယ်"

ထိုစကားလုံးများ သူမ၏ပါးစပ်မှ ထွက်သွားသည့်အခိုက်အတန့်တွင် ဟုန်ယာရွှမ်းသည် သူမ၏မျက်နှာ ပူလောင်နေသည်ကို ခံစားလိုက်ရသည်။

"အိုး မဆိုးဘူးပဲ အသိဉာဏ်ကောင်းတယ်"

ကျန်းပေရန်က သဘောတူစွာ ခေါင်းညိတ်လိုက်သည်။

ဟုန်ယာရွှမ်း၏တစ်ကိုယ်လုံး တုန်ရီသွားသော်လည်း သူမ၏အတွေးများ အလွန်အကျွံလွင့်ပါးမသွားမီ ပုံပြင်ပြောသူများ၏ဇာတ်လမ်းများထဲမှ ပုံရိပ်များ သူမ၏စိတ်ထဲသို့ ဖြတ်ပြေးသွားသည်။

ကယ်တင်ခြင်းခံရပြီးနောက် ကညာပျိုများက သူတို့၏လက်ကို ကျေးဇူးဆပ်သည့်အနေဖြင့် ကမ်းလှမ်းပုံ။

‘ဒါပေမဲ့ ငါသူ့နာမည်တောင် မသိသေးဘူး... ငါတို့ကြားမှာ တစ်ခုခု... ဖြစ်သွားရင်...’

‘ဒါတကယ်ပဲ အဆင်ပြေရဲ့လား...’

သူမ၏စိတ်သည် စိတ်ကူးယဉ်ထဲသို့ လွင့်ပါးသွားစဉ်မှာပင် ကျန်းပေရန်၏အသံက ထိုးဖောက်ဝင်ရောက်လာသည်-

"သခင်မလေးဟုန်က ဒီလောက်ပွင့်လင်းမှတော့ ငါလည်း တန်းတူတိုက်ရိုက်ပြောမယ် ငါမင်းကို ဒီကိစ္စရဲ့အမှန်တရားကို ဖော်ထုတ်ရာမှာကူညီရင် ငါမင်းတို့မိသားစုစီက အဲ့ဒီရနံ့ထွင်းကျောက်စိမ်းကို လိုချင်တယ် အားလုံးကို"

‘ဟင်’

ထိုအခိုက်အတန့်တွင် သူမ၏စိတ်ထဲသို့ ဖြတ်ပြေးသွားသောအတွေးမှာ "သူအဲ့ဒီကျောက်စိမ်းအကြောင်း ဘယ်လိုသိတာလဲ" မဟုတ်ဘဲ "ဒီကောင်က ငါ့ကို ကျောက်စိမ်းတစ်တုံးလောက်တောင် တန်ဖိုးမရှိဘူးလို့ တကယ်ထင်နေတာလား" ဟု ဖြစ်သည်။

တန်ဆောင်းအပြင်ဘက်တွင် ချင်စွေးရုံသည် ထိုစကားကိုကြားသောအခါ ခြေချော်သွားသည်။ ဒါဆိုရင် သူမကဲ့သို့သော ဝမ်းနည်းဖွယ်အချစ်ကြွေးတစ်ခု ဖြစ်လာမည်မဟုတ်... ဒါက... အရောင်းအဝယ်သက်သက်သာ ဖြစ်သည်။

ဒေါသထွက်ပြီး ရှက်သွေးဖြာကာ ဟုန်ယာရွှမ်းသည် သူမ၏ခြေကိုဆောင့်လိုက်သော်လည်း ငြင်းခုံရန်နည်းလမ်းမရှာတွေ့ခဲ့ပေ။ အံကြိတ်ကာ သူမ အော်လိုက်သည်။

"ကောင်းပြီလေ"

All Chapters