← Chapters

အခန်း (၄)

Vol. 1 Ch. 4

အခန်း (၄)

Vol. 1 Ch. 4

ကျင်းယန်သည် အိပ်မက်ဆိုးတစ်ခုထဲတွင် ပိတ်မိနေသည်ဟုထင်မိလေသည်။

သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည်က ချော်ရည်ပူထဲ နှစ်မြုပ်နေသကဲ့သို့ခံစားရသည်။

သူ့ခန္ဓာကိုယ်အတွင်းဘက်တွင် မီးလောင်နေပြီး သူ့၏အသားအရေပါ တောက်လောက်နေသကဲ့သို့ ခံစားရ၏။ အိပ်မက်ဆိုးထဲတွင် သူသည်ကအသက်ရှူရန်ကြိုးစားသော်လည်း ကန္တာရတစ်ခုထဲတွင် လေပူများအား အသက်ရှူနေရသကဲ့သိုပင်။

သူ၏ခန္ဓာကိုယ်ရှိကြွက်သားတိုင်း နာကျင်နေသည့်ခံစားချက်မှလွဲ၍ သူခံစားမိသည့် အခြားအရာမှာ လောင်မြိုက်နေသည့် အပူဒဏ်ပင်ဖြစ်သည်။

သူ ထိုအရာအား တောင့်မခံနိုင်တော့သည့် အချိန်တွင် ရုတ်တရက် အေးမြပြီး လတ်ဆတ်သည့်အထိအတွေ့တစ်ခုကို သူ့ပါးပေါ်တွင်ခံစားလိုက်ရသည်။

ထို့နောက် လိုက်ပါလာသည်မှာ သူ၏နဖူးနှင့်လည်ပင်းမှာလည်း အေးစက်မှုတစ်လွှာဖြင့် ရစ်ပတ်ခံထားရသည်။ သူ၏ ကသုတ်ကရက်ဖြစ်နေသော နှလုံးသားပေါ်သို့ ရေတစ်ဖလား လောင်းချလိုက်သလိုပင်ဖြစ်နေခဲ့လေ၏။

ကျင်းယန် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းတစ်ချက်ချနိုင်သွားလေသည်။ သိပ်မကြာခင်မှာပင် လုံးဝန်းနူးညံ့သည့်အရာတစ်ခုသည်က သူ့၏နှုတ်ခမ်းကို ဖိလာသည်ကိုခံစားလိုက်ရသည်။

ထို့နောက် ရေအရသာကို ခံစားလိုက်ရပြန်သည်။

သူ့ခန္ဓာကိုယ်ထဲမှ အလွန်ပူပြင်းသည့် အပူသည်က တဖြည်းဖြည်း လွင့်ပျယ်လာသော်လည်း နာကျင်မှုက သူ့အား မရပ်မနားဆက်လက်

နှိမ့်စက်နေလေသည်။

သူ အသိစိတ် ဝင်တစ်ချက် မဝင်တစ်ချက်အချိန်တွင် သူ့ ဘေးတွင်ကွေးနေသော အဖြူရောင်အမွှေးလုံးတစ်ခုကို တွေ့လိုက်ရသည်။

ထိုအရာ၏သေးငယ်သော ခန္ဓာကိုယ်သည်က အသက်ရှူနေသကဲ့သို့ အထက်အောက်ရွေ့လျားနေပြီး ၎င်း၏ မျက်နှာအား ပန်းရောင်သန်းနေသာအဖြူရောင် နားရွက်ဖြင့်ဖုန်းအုပ်နေကာ ယုန်ပါးစပ်သေးသေးလေးကိုသာ ဖော်ပြထားသည်။

၎င်းသည်ကား သူပျိုးထောင်ထားသော အရာလေးဖြစ်သည်။

ကျင်းယန်သည် အိပ်မက်မက်နေသည်ဟု ထင်

နေမိသည်။

ယုန်သေးသေးလေးက သူကိုပြုစုစောင့်ရှောက်နေသည်ဟု အိပ်မက်မက်ခဲ့သည်။ သတိပြန်မလစ်ခင် သူ လက်ဆန့်လိုက်ကာ သူဘေးရှိယုန်မြီးလေးကို ဆုပ်ကိုင်လိုက်သည်။

သူမ တင်းတင်းကြပ်ကြပ်ဆုပ်ကိုင် ခံလိုက်ရသည်ကို ရုတ်တရက်ခံစားလိုက်ရချိန်တွင် ယင်ရိလျိုတစ်ယောက် ငြိမ်းချမ်းစွာ အိပ်ပျော်နေခဲ့ခြင်းဖြစ်သည်။

သူမ နာကျင်မှုကြောင့် ထိတ်လန့်ကာ နိုးလာခဲ့သည်။ ဆုပ်ကိုင်ခံလိုက်ရသည့်အတွက် သူမ၏တစ်ကိုယ်လုံး တုန်ရီစပြုလာကာ သူမ၏ခြေလေးဖက်ဖြင့် နောက်သို့ခုန်ဆုတ်လိုက်လေသည်။

နောက်လှည့်ကြည့်လိုက်သည့်အခါ သူမ သွေးလေခြောက်ခြားနေခြင်းမဟုတ်သည်ကို သိလိုက်ရသည်။

ကျင်းယန်သည်ကား မျက်ခုံးများ တွန့်နေကာ သတိမေ့နေဆဲဖြစ်သော်လည်း ထူးဆန်းစွာဖြင့် သူ၏ လက်တစ်ဖက်သည် သူမ၏ယုန်အမြီးကို ဆုတ်ကိုင်ထားခဲ့၏။

သူမ၏ယုန်လည်ပင်းမှာ အလွန်တိုသောကြောင့် ရှင်းလင်းစွာမမြင်နိုင်ပေ။ သို့သော်လည်း ထိုသည်ကသူမကို ခံပြင်းဒေါသထွက်ခြင်းမှ မရပ်တန့်နိုင်ချေ။

သူမ ကူးပြောင်းလာကတည်းက သူမသည်ကား ပင်ပန်းလှသည့် ဘဝကို ဦးဆောင်နေရသည်။ ယုန်သေးသေးလေးသည်က အရွယ်ရောက်သည့်လူတစ်ယောက်ကို ကြည့်ရှုစောင့်ရှောက်နေရပြီး ယခုအခါတွင် သူမ၏အမြီးကိုတောင်မှ ရုတ်တရက်ဖမ်းဆုပ်ခံလိုက်ရသည်။

လူတစ်ယောက်က နားတောင်မနားရနိုင်တော့ဘူးလား!

သူမ ဒေါသတစ်ကြီးဖြင့် ကျင်းယန်၏လက်ကို သူမ၏လက်ဖဝါးလေးများဖြင့် ဆွဲခွာလိုက်ပြီး သူမ၏ သနားစရာယုန်အမြီးကို ဤဆိုးရွားသည့်အခြေအနေမှ လွတ်မြောက်ရန် ကယ်တင်လိုက်သည်။

သို့ရာတွင် သူမ မလွတ်မြောက်နိုင်သေးမီ သတိလစ်နေသည့်လူသည်ကား သူ၏လက်ကို ရုတ်တရက်တင်းတင်းဆုပ်လိုက်မည်ကို မည်သူကသိလိမ့်မည်နည်း ။

သူမ၏ကျောရိုးကို ဖြတ်၍ရှော့ရစရာနာကျင်မှု တစ်ခုကို ခံစားလိုက်ရသည်။

ယင်ရိလျိုတစ်ယောက် သူမ၏အမြီးလွတ်မြောက်သည့်အခါ သတိလစ်နေသည့် ကျင်းယန်၏အဝေးကို ချက်ချင်း ခုန်ဆုတ်သွားလိုက်သည်။

သူမ နောက်သို့ လှည့်ကြည့်လိုက်သည့်အခါ ထိုလူ၏လက်ထဲတွင် နူးညံ့သည့်အဖြူရောင်အမွှေးတစ်စု ရှိနေခဲ့လေသည်။

သူမ၏အမြီးကို‌ရွေ့လိုက်ပြီး သူမနောက်ကျောနောက်ကို ခဲယဉ်းစွာကြည့်လိုက်သည့်အခါ သေးငယ်သည့် အပြောင်ကွက်တစ်ခုရှိနေခဲ့သည်……….

*

ယင်ရိလျို မြေအောက်ခန်းဝင်ပေါက် ဆောင့် ကန်၍ဖွင့်လိုက်လေသည်။ အပြင်ဘက်တွင် လင်းထိန်နေပြီးဖြစ်သည်။

နေ့အချိန်သည်က ရုတ်တရက် ပို၍ပူလာသည့်ပုံပေါ်လေသည်။ ယင်ရိလျိုသည်ကား သူမအပေါ်ရှိ နေက ပို၍တောက်ပလာသကဲ့သို့ ပို၍လည်း ကြီးလာသည်ကို သတိပြုမိလိုက်သည်။

သူမ အတွေးလွန်နေသည်ဟု ထင်လိုက်မိကာ ဗီလာကိုဦးတည်ကာ ခုန်လိုက်သည်။

မနေ့ညက သူမ၏လေ့လာထားမှုကြောင့် ဗီလာအတွင်းရှိ ပစ္စည်းကောင်း အများအပြားကို သူမသတိထားမိခဲ့သည်။

ထိုအရာများသည်က တခြားသူများ ပေးထားသည့် အစားအသောက်

ဘူးများ ဖြစ်ပုံပေါ်၏။

မည်သည့်အချိန်တွင်မဆို လူများဖောက်ထွင်းဝင်နိုင်သည့် ဗီလာထဲတွင် ပစ္စည်းများအားလုံးကိုထားပစ်ခဲ့ရသည်မှာ မလုံခြုံသောကြောင့် အရာအားလုံးကို မြေအောက်ခန်းဆီသို့ ရွေ့ပြောင်းရန် သူမစီစဥ်ထားခဲ့သည်။

ဝတ္ထုထဲတွင် ကမ္ဘာပျက်ကပ်အတောအတွင်း ဘီစကစ်တစ်ချပ်ကြောင့်ပင်လျှင် လူသားများတစ်ယောက် နှင့်တစ်ယောက် ခိုက်ရန် ဖြစ်ပွါးလာခဲ့ကြသည်။

ကမ္ဘာ ပျက်ကပ်နေ့ရက်များအတွင်း အစားအသောက်သည်က လူတစ်ယောက်၏ အခြေခံအုတ်မြစ်ဖြစ်သည်။ယင်ရိလျိုအနေဖြင့် အပြင်ဘက်လောကကြီးက မည်သည်နှင့်တူနေသည်ကို မသိသော်လည်း သူမကိုယ်တိုင်ကတော့ အလွန်ဗျာများနေခဲ့၏။

စားသောက်၍ရနိုင်သည့်မည်သည့်အရာကိုမဆို သူမ တွေ့သည်နှင့် မြေအောက်ခန်းထဲသို့ သူမ ရွေ့ချင်နေခဲ့သည်။

ကျင်းယန်၏ အိမ်ထဲတွင် သူမ ပြောခဲ့သည့်အတိုင်း အရည်သွေးကောင်းသည့် ပစ္စည်းတွေ အများ

အပြားပင်ရှိနေခဲ့သည်။

သိုလှောင်ခန်းထဲတွင်လည်း စနစ်တကျသိမ်းဆည်းထားသော ဂျင်ဆင်းနှင့် ငှက်သိုက်သေတ္တာများ တစ်ပုံးပြီးတစ်ပုံးရှိလေသည်။

၎င်းပစ္စည်းများသည်ကား ယင်ရိလျို၏မျက်လုံးထဲတွင် ရွှေနှင့်ငွေများ တောင်တစ်တောင်စုပြုံထားသည်နှင့် ဆင်တူပြီး အသက်များကို ကယ်ရန် အသုံးပြုနိုင်ပေသည်။

မူလက သူမအနေဖြင့် အားအင်ကုန်ခမ်းသကဲ့သို့ ခံစားရသော်လည်း ယခုအချိန်၌ သူမစိတ်အားထက်သန်မှုများနှင့် ပြည့်နှက်နေ၏။

တစ်ခုပြီးတစ်ခု ဝယ်ယူချင်စိတ်အပြည့်ရှိသည့် ခေတ်သစ်ဝိဉာဉ်လေးဖြစ်သော သူမအနေဖြင့် ပစ္စည်းစုဆောင်းနိုင်သည့် အပျော်ကိုထပ်မံ ရှာတွေ့သွားသည့်ပုံပင်။

ဗီလာထဲတွင် နူးညံ့သည့်အဖြူရောင်ယုန်တစ်ကောင်ကိုသာလျှင် မြင်နိုင်၏။

ထိုယုန်သည်က သေတ္တာတစ်ပုံးပြီးတစ်ပုံးကို သူမ၏ပါးစပ်ဖြင့်

ကိုက်ချီကာ ဗီလာတစ်လျှောက် သုတ်သုတ်ပြာပြာ ပြေးလွှားနေခဲ့သည်။

နေ့အချိန်အတောအတွင်း စားသောက်ရန် ယင်ရိလျိုက အစားအသောက်များကို အရန်နေရာတွင် ထားခဲ့လေသည်။ မည်သို့ပင်ဖြစ်စေ အသင့်စားဘူးများအတွင်းရှိ အစားအသောက်အားလုံးသည် အလုံပိတ်များဖြစ်ကြသည်။

ထို့နောက် ညအချိန်တွင် ကျင်းယန်၏အပူချိန်ကို လျော့ချရန်ကူညီမည်ဖြစ်သည်။

ဤရက်ပိုင်းများအတွင်းတွင် ကျင်းယန်၏အပူချိန်သည် မြင့်မားနေဆဲဖြစ်သော်လည်း သူ၏အသားအရေသည်က ယခင်ကကဲ့သို့ သူမ၏ လက်ကို မလောင်စေတော့ပေ။

အနည်းဆုံးတော့ သူ၏ဦးနှောက် လောင်ကျွမ်းသွားကာ အရူးတစ်ယောက်ဖြစ်သွားမည်ကို သူမ ပူပန်နေစရာမလိုအပ်တော့ချေ။

တခါတစ်ရံ ယင်ရိလျိုသည်က သူမ၏လက်ကို သူ့၏ အသားအရေပေါ်သို့တင်သည့်အခါတွင် အောက်ဘက်မှ သူ၏ကြွက်သားများက လှုပ်ရှားနေသည့်ကို သူမ ခံစားနေရသည်။

အထူးသဖြင့် သူ၏ဒဏ်ရာရထားသည့်ခြေထောက်တွင် ဖြစ်သည်။

ကျင်းရန်၏ သန္ဓေပြောင်းမှုသည် မည်မျှကြာမည်ကို သူမ မသိပေ။

ဝတ္ထုထဲတွင် အဓိကဇာတ်လိုက်သည်က လေးရက်ကြာပြီးမှသာ နိုးလာခဲ့သည်။ သူမတွက်ချက်လိုက်သည် ကျင်းရန်သည်က ဝတ္ထု၏ OP အဖြစ်ဆုံး(စွမ်းအားအကြီးဆုံး) ဗီလိန်အနေနှင့် သူ့အတွက်ပို၍ ကြာကြာအချိန်ယူရုံမည်သာ။

လေးရက်မြောက်နေ့တွင် ယင်ရိလျှိုက ထုံးစံအတိုင်း ပစ္စည်းများပို ရွေ့ရန် အပြင်သို့ ထွက်သွားခဲ့သည်။

မြေအောက်ခန်းသည်ကား သူမစုဆောင်းထားသည့် အစားအစာ၊ပစ္စည်းများနှင့် ပြည့်နှက်နေသည်။

တစ်စုံတစ်ခုက သူမ၏မျက်စိကိုဖမ်းစားနေနိုင်သရွေ့ မြေအောက်ခန်းထဲသို့ ထည့်သွင်းလိုက်မည်ဖြစ်သည်။

ကျင်းရန်၏အမူအရာသည်လည်း ပို၍အင်အားပြည့်ဝလာခဲ့သည်။

သူမသည်ကား သူ့အတွက် လဲလျောင်းနိုင်ရန် ဖျာတစ်ခုကို ယူလာပေစထားခဲ့လေသည်။ ထို့အတွက် လက်ရှိအခိုက်အတန့်တွင် ထိုသူသည်ကား အိပ်နေခြင်းနှင့် ကွဲပြားခြင်းမရှိသည့်ပုံပင်။

သူမမထွက်ခွာခင် ကျင်းရန်၏နဖူးကိုထိကြည့် လိုက်သည်။ သူ၏အပူချိန်သည် အနည်းနှင့်အများ သာမန်လူ၏အပူချိန်နှင့်တူသည်ကို ခံစားရသည့်အခါ သူမ၏သေးငယ်သည့်ခေါင်းကို စိတ်ကျေနပ်မှုဖြင့်ငြိမ့်လိုက်လေ၏။ ယုန်နားရွက်လေးတစ်စုံသည်လည်း အထက်အောက်လှုပ်ရှားနေခဲ့သည်။

ထို့နောက် သူမက အပြင်ဘက်သို့ ခုန်ဆွခုန်ဆွဖြင့် သွားလိုက်တော့သည်။

ဗီလာထဲမှ အစားအစာများအတွက်မုူ ထိုအရာများကလွယ်ကူစွာ မပုပ်သရွေ့ ပါးစပ်အပြည့်တစ်လုပ်စာ အစားအစာတောင်မှ သူမဆီမှ ချန်ထားခံရမည်မဟုတ်ပေ။

ယင်ရိလျိုတစ်ယောက် အလွန်ကောင်းမွန်သည့် စိတ်အခြေနေတွင်ရှိနေခဲ့၏။ ဗီလာသို့ ဦးမတည်ခင် သူမသည်က တံတားပေါ်သို့ ခုန်တက်ခဲ့ပြီး ရေကန်ဆီသို့ ဟစ်ကြွေးလိုက်သည်။

ချက်ချင်းပင် မီတာဝက်ခန့် ရှည်သော ရွှေရောင်ကြေးခွံဖြင့် ငါးတစ်ကောင်င ရေထဲမှခုန်ထွက်လာသည်။ ထိုငါး၏ ကြီးမားသည့် ပါးစပ်ထဲတွင် တံတားပေါ်မှ အဖြူရောင်အမွှေးလုံးကို ဆွဲဖြဲရန်အလို့ငှါ ချွန်ထက်သည့်သွားနှစ်တန်းရှိနေသည်။

သနားစရာကောင်းစွာဖြင့် ၎င်း၏ခန္ဓာကိုယ်သည်က အလွန်လေးလံ၏။

ထိုငါးသည်ကား သူ၏ပစ်မှတ်ဆီမရောက်မှီ လမ်းတစ်ဝက်တွင် ရေထဲသို့ပြန်ကျသွားကာ ကြီးမားသည့်ရေပွက်ကို ဖြစ်ပွားစေခဲ့သည်။

အဖြူရောင်အမွှေးလုံးသည် ဗီလာသို့ဦးတည်ကာ ခုန်မသွားခင် နှစ်ကြိမ်မျှအော်လိုက်သေးသည်။

ရေကန်ထဲမှငါးများသည်လည်း ကြောက်စရာကောင်းလောက်အောင် ကြမ်းကြုတ်ရက်စက်သည့် သတ္တဝါများအဖြစ် သန္ဓေအဖြစ်ပြောင်းသွားခဲ့သည်။

သို့သော်လည်း သူတို့တွင် သူမကိုကိုက်ရရန် နည်းလမ်းမရှိသည်ကို ရှာဖွေတွေ့ရှိပြီးကတည်းက ငါးများကိုနေ့တိုင်းစရခြင်းသည်ကား သူမအတွက် ပျော်ရွှင်မှုအရင်းအမြစ်တစ်ခု ဖြစ်လာခဲ့သည်။

သူမသည်‌ ဗီလာထဲသို့ ဝင်လာချိန်တွင် သတိလစ်လုနီးပါး အညှီနံ့တစ်ခုရှိနေသည်ကို သတိပြုမိလိုက်သည်။ ချက်ချင်းဆိုသလို သူမ၏သတိကိုမြှင့်တင်လိုက်သည်။

ယင်ရိလျိုမှာ သ‌န္ဓေပြောင်းပြီးနောက် သူမ၏အနံ့ခံအာရုံသည် အဆတစ်ရာနီးပါး တိုးပွားလာခဲ့သည်။

ထိုကြောင့်သာ အစားအစာများကို သိုလှောင်ထားသည့် နေရာများကို မလွတ်တမ်း ဖော်ထုတ်နိုင်ခြင်းဖြစ်သည်။ဤအခိုက်အတန့်

တွင် လေထုထဲ၌ ရွှံ့နှင့်သွေးတို့၏ အနံ့ဖြင့် ရောနှောနေ၏။

ထို့ကြောင့် မဖိတ်ခေါ်သည့်

ဧည့်သည်က ဗီလာထဲသို့ ဖောက်ထွင်းဝင်ရောက်နေသည်ကို သူမ သိနိုင်သည်။

သူမရဲ့ ပူပန်မှုတွေက ဒီလောက်တောင်မှ စောစီးစွာနှင့် အမှန်ဖြစ်လာတာလား?

ဒီနေရာကို လူတွေ ရောက်လာပြီလား?

All Chapters